← Chapters

အခန်း ၁၆၄၈

Vol. 110 Ch. 1648

အခန်း ၁၆၄၈

Vol. 110 Ch. 1648

အပိုင်း ( 1648 ) သူတော်စင်အဆင့် သားရဲကို သတ်ခြင်း။

မျိုးနွယ်စုတစ်ရာစစ်မြေပြင်သို့ လေ့ကျင့်ရန် ဝင်ရောက်နိုင်သူတိုင်းက ပါရမီရှင်များဖြစ်ပြီး အများစုတွင် အဆင့်မြင့်‌ မြေကမ္ဘာဝိညာဉ်ခန္ဓာများ ရှိကြသည်။ အကယ်၍ သူတို့အားလုံး ဤနေရာတွင် သေဆုံးခဲ့ပါက၊ ဖီးနစ်နန်းတော်အတွက် ကြီးမားသော ဆုံးရှုံးမှုတစ်ခု ဖြစ်လိမ့်မည်။

ဖီးနစ်နန်းတော်၏ သူတော်စင်ငယ်အနေဖြင့် သူမ ကယ်တင်နိုင်ရန် ကြိုးစားရမည် ဖြစ်သည်။

"ငါ မင်းနဲ့လိုက်ခဲ့မယ်"

လုမင် ပြုံးလိုက်သည်။

"နင် ငါနဲ့လိုက်မလို့လား"

ဟွမ်လင် အံ့အားသင့်သွား၏။

"ရန်သူတွေက ပိုများတာကြောင့် အကူအညီပိုလိုအပ်မှာပေါ့၊ မဟုတ်ဘူးလား။ ဘာလဲ... ရင်ထဲထိသွားပြီလား"

လုမင်က ပြုံးလိုက်သည်။

"ကျေးဇူးတင်ပါတယ်"

ဟွမ်လင်က လက်ယှက်ပြပြီး လေးလေးနက်နက် ပြောလိုက်သည်။

"ကဲ၊ ဒါဆိုရင် မဟာမိတ်တောင်ကို သွားကြရအောင်။ ဒါကလည်း လေ့ကျင့်ရေး အတွေ့အကြုံတစ်ခုပဲ၊ ဒါပေမဲ့ ဒီတစ်ခါတော့ ငါတို့ရဲ့ ပြိုင်ဘက်တွေက သူတော်စင်တွေ ဖြစ်သွားပြီ"

လုမင်က ပြုံးပြပြီး ဒေသခံ သူတော်စင်တစ်ပိုင်း ပညာရှင်ကို သတ်လိုက်၏။ ထို့နောက်‌မှာတော့ လုမင်၊ ဟွမ်လင်နှင့် ဟွမ်ရွှမ်တို့လည်း မဟာမိတ်တောင်သို့ ခရီးဆက်ခဲ့ကြတော့သည်။

ဟွမ်လင်သည် မျိုးနွယ်စုတစ်ရာစစ်မြေပြင်တွင် အချိန်အတော်ကြာနေခဲ့ပြီး မဟာမိတ်တောင်၏ တည်‌နေရာကို သဘာဝအတိုင်း သိခဲ့သည်။

မဟာမိတ်တောင်က မျိုးနွယ်စုတစ်ရာစစ်မြေပြင်မှ မျိုးနွယ်စုပေါင်းစုံ တွေ့ဆုံရာ နေရာ ဖြစ်၏။

ရံဖန်ရံခါ၊ မျိုးနွယ်စုတစ်ရာစစ်မြေပြင်ရှိ မျိုးနွယ်စုအသီးသီးတို့တို့က ကိစ္စရပ်များကို ဆွေးနွေးရန် မဟာမိတ်တောင်တွင် တွေ့ဆုံတတ်သည်။

နောက်တစ်ရက်ကြာတွင် သူတို့ သုံးယောက်က ခရီးအဝေးကြီးကို ခရီးနှင်ခဲ့ကြသည်။

"ဝုန်း... ဝုန်း"

ရုတ်​တရက်​၊ သူတို့​ရှေ့မှ​ ပြင်းထန်​စွာ ပေါက်ကွဲသံတစ်​ခု​ ပေါ်လာသည်​။

"ဝမ်"

ထို့နောက် ဓားအလင်းတစ်ခုက ကောင်းကင်ကို ထိုးဖောက်သွား၏။

ထိုနေရာတွင် ပြင်းထန်သော တိုက်ပွဲတစ်ခု ဖြစ်နေသည်။

"သွားကြည့်ရအောင်"

လုမင် ပြောလိုက်သည်။

သူတို့ သုံးယောက်က သူတို့၏ အရှိန်အဝါများကို ထိန်းချုပ်ပြီး ကောင်းကင်သို့ ပျံတက်သွားကြ၏။

သူတို့ရှေ့မှ အတက်အကျများက ကြောက်စရာကောင်းလွန်းသည်။ ပုံရိပ်တချို့က ကောင်းကင်တွင် ပြင်းပြင်းထန်ထန် တိုက်ခိုက်နေသည်။

"သူက ယဲ့တုန်ဖန့်ပဲ"

မကြာမီ၊ လုမင်က လူတစ်ယောက်ကို မှတ်မိသွား၏။

၎င်းတို့ထဲမှ တစ်ဦးမှာ မိုးကြိုးရိုင်း ယဲ့တုန်ဖန့် ဖြစ်သည်။

ထို့ပြင်၊ ယဲ့တုန်ဖန့်ကို ဝိုင်းရံထားသည့် အင်အားကြီး ပုဂ္ဂိုလ်နှစ်ဦးလည်း ရှိသေးသည်။ ၎င်းတို့ထဲမှ တစ်ခုမှာ ခန္ဓာကိုယ်အနှံ့တွင် အရိုးအချွန်အတက်များရှိသည့် အိမ်မြှောင်ကဲ့သို့ သားရဲကြီး ဖြစ်သည်။ ဆမ်ဆာရာဧကရာဇ်၏ သင်္ချိုင်း အပြင်ဘက်တွင် လုမင်ကို တိုက်ခိုက်ခဲ့သော သားရဲကြီး ဖြစ်၏

နောက်တစ်ယောက်ကတော့ သူတော်စင်နယ်ပယ် လူသားပညာရှင် ဖြစ်သည်။

သူက တောက်ပသော သူတော်စင်နယ်ပယ် သေးငယ်သော အောင်မြင်ခြင်းအဆင့်လည်း ဖြစ်ချေသည်။

စင်စစ်တွင်၊ မျိုးနွယ်စုတစ်ရာစစ်မြေပြင်မှ သူတော်စင်များအတွက် အဆင့်တက်နိုင်ရန်မှာ ခက်ခဲလွန်းသည်။ ထို့ကြောင့်၊ မျိုးနွယ်စုတစ်ရာစစ်မြေပြင်ရှိ သူတော်စင်အများစုက တောက်ပသော သူတော်စင်များသာ ဖြစ်ပေသည်။

"မင်း လွတ်မြောက်နိုင်မှာ မဟုတ်ဘူး၊ ဒီနေ့ မင်း သေရမယ်"

ဧရာမ အိမ်မြှောင်သားရဲကြီးက ဟိန်းဟောက်ပြီး တောင်လုံးတမျှ ကြီးမားသော လက်သည်းကြီးများဖြင့် ယဲ့တုန်ဖန့်ကို ကုပ်ဆွဲလိုက်သည်။

တစ်ဖက်တွင်မူ လူသားမျိုးနွယ်ဝင် သူတော်စင်က ဓားအလင်းများ ထုတ်ဖော်လိုက်၏။ ကြောက်စရာကောင်းသော ဓားအလင်းများက ယဲ့တုန်ဖန့်ဆီသို့ အဆက်မပြတ် တိုးဝင်သွားတော့သည်။

ယဲ့တုန်ဖန့်က သန်မာသော်လည်း သူတော်စင်နှစ်ပါး၏ ပြိုင်ဘက်မဟုတ်ပေ။ ဤအခိုက်တွင် သူ အရေးနိမ့်နေသည်။ သူ့ဆံပင်များက ရှုပ်ပွပြီး သူ့ခန္ဓာကိုယ်က သွေးများရွှဲနေကာ အရှိန်အဝါများပင် အားနည်းနေတော့သည်။

သူက မိုးကြိုးနတ်ဘုရားအဖြစ် အသွင်ပြောင်းသွားတော့မည်ကဲ့သို့ သံရှည်ဆွဲ၍ ဟိန်းဟောက်လိုက်သည်။ မိုးကြိုးနိယာမက ပေါက်ကွဲထွက်လာပြီး ကြောက်မက်ဖွယ်ကောင်းသော မိုးကြိုးလျှပ်စီးတို့ဖြင့် သူတော်စင်နှစ်ပါးကို ဆန့်ကျင်တိုက်ခိုက်လိုက်၏။

ရံဖန်ရံခါ၊ မိုးကြိုးများ ကျရောက်လာသော တောင်ကြီးများမှာ ချက်ချင်း ပြိုကျသွားတော့သည်။

သို့ရာတွင်၊ သူတော်စင်နှစ်ဦးကလည်း ကြောက်စရာကောင်းလှသည်။ သူတို့၏ သူတော်စင်စွမ်းအားက တစ်ချက်တည်းဖြင့် မိုးကြိုးများကို ချေဖျက်နိုင်သည်။

"ယဲ့တုန်ဖန့်ကို ကယ်ကြမယ်"

လုမင် ပြောလိုက်သည်။

"ကောင်းပြီ"

ဟွမ်လင် ခေါင်းညိတ်လိုက်၏။

ယဲ့တုန်ဖန့်၏ စိတ်နေသဘောထားက မဆိုးပေ။ ထို့ပြင်၊ မဟာမိတ်တောင်သို့ သွားရန် သူတို့၏အင်အားက နည်းပါနေကြဆဲ ဖြစ်သည်။ ယဲ့တုန်ဖန့်နှင့်‌အတူ၊ သူတို့၏ အင်အားက ပို၍ ကြီးမားလာလိမ့်မည်။

"အဲဒီအိမ်မြှောင်ကို ငါ့အတွက် ထားလိုက်ပါ။ မင်းနဲ့ ယဲ့တုန်ဖန့်က အဲဒီ လူသားပညာရှင်ကို ရင်ဆိုင်လိုက်"

လုမင် ပြောလိုက်သည်။

ဟွမ်လင် ခေါင်းညိတ်လိုက်၏။ ဟွမ်ရွှမ်ကိုတော့ ဤနေရာတွင် နေခဲ့ခိုင်းရသည်။ ဟွမ်ရွှမ်၏ အင်အားဖြင့် ဤအဆင့်တိုက်ပွဲတွင် ဝင်ရောက်မစွက်ဖက်နိုင်ပေ။

"ဝှစ်... ဝှစ်"

လုမင်က လေမိုးကြိုးခြေလှမ်းကို အသုံးပြုလိုက်သည်။ သူ့ပုံရိပ်က လျှပ်စီးလက်သကဲ့သို့ ဧရာမ အိမ်မြှောင်ကြီးဆီသို့ ပျံသန်းသွားသည်။

လုမင်၏ လက်ထဲတွင် နဂါးနက်လှံ ပေါ်လာပြီး ရုတ်တရက် ပစ်လွှတ်လိုက်၏။ နဂါးနက်လှံက အနက်ရောင်လျှပ်စီးကဲ့သို့ လေထုကို ဆုပ်ဖြဲပြီး ဧရာမ အိမ်မြှောင်ကြီးထံသို့ ထိုးဖောက်ဝင်ရောက်သွားတော့သည်။

ယခုအခါ လုမင်၏ ဝိညာဉ်ခန္ဓာက အလွန်အားကောင်းနေပြီ ဖြစ်သည်။ လှံကို ပစ်လိုက်သောအခါတွင် ကစဉ့်ကလျား တာအိုနယ်မြေဖြင့် ဖုံးလွှမ်းထား၏။ ကြောက်မက်ဖွယ်ကောင်းသော လှံအလင်း၏ လေထုကို ဆုပ်ဖြဲလာနေပုံမှာ အိမ်မြှောင်ကြီးကိုပင် တုန်လှုပ်စေခဲ့သည်။

"ဂါး"

အိမ်မြှောင်ကြီးက အသံကျယ်ကျယ်ဖြင့် ဟိန်းဟောက်လိုက်သည်။ သူက ယဲ့တုန်ဖန့်ကို ဂရုမစိုက်နိုင်တော့ဘဲ နဂါးနက်လှံကို ရိုက်ချလိုက်၏။

"ဝုန်း"

နဂါးနက် လှံက ဘီလူးကြီး၏ လက်သည်းပေါ်ရှိ အကြေးခွံများမှတဆင့် တစ်ဖက်ကို ထိုးဖောက်ဝင်ရောက်သွားတော့သည်။

အိမ်မြှောင်ကြီး၏ လက်မှ သွေးများ ငေါက်ငေါက်ပန်းထွက်လာခဲ့သည်။ ထိုအချိန်တွင် လုမင် ရောက်လာသည်။

"မင်းပဲ"

အိမ်မြှောင်ကြီးက ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။ သူ့မျက်လုံးများမှာတော့ ကြောက်ရွံ့မှု အရိပ်အယောင်များ ပေါ်လာ၏။

လုမင်၏ တိုက်ခိုက်နိုင်စွမ်းကို သူ ကောင်းစွာသိရှိခဲ့သည်။

"ဒီတစ်​ခါတော့ ငါမင်းကိုသတ်​မယ်​"

လုမင်က အေးစက်စက် ပြောလိုက်သည်။ ကစဉ့်ကလျား ကောင်းကင်မှောက်လှန် တံဆိပ်တော်တစ်ခုက သူ့လက်ဖဝါးပေါ်တွင် ဖြစ်ပေါ်လာပြီး ဧရာမ အိမ်မြှောင်ကြီးအား ပစ်လွှတ်လိုက်၏။

အိမ်မြှောင်ကြီးက ဟိန်းဟောက်ပြီး အစွမ်းကုန် ပြန်လည်တိုက်ခိုက်လိုက်သည်။ သို့သော်လည်း ကစဉ့်ကလျား ကောင်းကင်မှောက်လှန် တံဆိပ်တော်နှင့် တိုက်မိပြီးနောက် ၎င်း၏ ကြီးမားသော ခန္ဓာကိုယ်ကြီးက တုန်ခါကာ ဆုတ်ခွာသွားရတော့သည်။

"သတ်"

လုမင် ဟိန်းဟောက်လိုက်သည်။ ကစဉ့်ကလျား ကောင်းကင်မှောက်လှန် တံဆိပ်တော်က သူ့လက်တစ်ဖက်စီတွင် ပေါ်လာပြီး အိမ်မြှောင်ကြီးဆီသို့ ဆက်တိုက် ပစ်လွှတ်လိုက်၏။

"ဝုန်း... ဝုန်း"

နှစ်ကြိမ်ဆက်တိုက် တိုက်ခိုက်မှုကြောင့် အိမ်မြှောင်ကြီးမှာ လေထဲတွင် ဆက်ရှိနေရန်ပင် ခက်ခဲလာသည်။ သူ့ခန္ဓာကိုယ်ကြီးက မြေပြင်ပေါ်သို့ ပြင်းပြင်းထန်ထနါ ပြုတ်ကျသွားပြီး အပျက်အစီးမျာက နေရာအနှံ့ လွင့်စဉ်သွားတော့သည်။

တစ်ဖက်တွင်၊ လုမင်၏ ရုတ်တရက် ဝင်ရောက်စွတ်ဖက်ခြင်းက ယဲ့တုန်ဖန့်အား တုန်လှုပ်ပြီး ဝမ်းသာသွားစေခဲ့သည်။ သူက အင်အားအပြည့်သုံးပြုပြီး လူသားမျိုးနွယ်ဝင် သူတော်စင်ကို တိုက်ခိုက်လိုက်၏။

ထိုအချိန်တွင်၊ ဟွမ်လင်လည်း ရောက်ရှိလာပြီး ယဲ့တုန်ဖန့်နှင့် ပူးပေါင်းလိုက်သည်။ လူသားမျိုးနွယ်ဝင် သူတော်စင်မှာ ချက်ချင်းဆိုသလို အားနည်းသည့်ဘက်ကို ရောက်သွားတော့သည်။

"ဒီ​နေ့ သေရမဲ့သူက မင်းပဲကွ"

ယဲ့တုန်ဖန့်က ဒေါသတကြီး ကြုံးဝါးလိုက်သည်။ သူက လူသားမျိုးနွယ်ဝင် သူတော်စင်ကို မုန်တိုင်းတိုက်ခတ်သကဲ့သို့ တိုက်ခိုက်လိုက်၏။ ဟွမ်လင်၏ အကူအညီဖြင့် မိုးကြိုးများက လူသားမျိုးနွယ်ဝင် သူတော်စင်ကို ထိမှန်သွားသည်။ သူ့ခန္ဓာကိုယ်ကို သူတော်စင်စွမ်းအားဖြင့် ကာကွယ်ထားသော်လည်း ထိုးဖောက်ခံပြီး သွေးများ အန်ထွက်လာတော့သည်။

"ချီးပဲ"

လူသားမျိုးနွယ်ဝင် သူတော်စင်က ဒေါသတကြီး အော်ဟစ်လိုက်သည်။ သူက ဆုတ်ခွာချင်သော်လည်း ဟွမ်လင်နှင့် ယဲ့တုန်ဖန့် တစ်ဦးစီက သူ့ထက် အားမနည်းပေ။ သူတို့ နှစ်ယောက် ပူးပေါင်းလိုက်သောအခါ ရှောင်ပြေးလို့ မရတော့ပါ။

တစ်ဖက်တွင်၊ လုမင်က အိမ်မြှောင်ကြီးအား အပြတ်အသတ် ဖိနှိနေသည်။ သူက အိမ်မြှောင်ကြီး၏ နောက်ကျောပေါ်သို့ ပြေးတက်သွားပြီး အတားအဆီးမဲ့သော ကောင်းကင်သိုင်းဖြင့် ထိုးကြိတ်လိုက်၏။ သူက လျိုယွမ်လက်အိတ်ကို ဝတ်ဆင်ထားပြီး အင်အားအပြည့်ဖြင့် အိမ်မြှောင်ကြီးကို အားပါးတရ ထိုးနှက်နေတော့သည်။

လက်သီးတစ်ချက် ကျဆင်းလာတိုင်း အကြေးခွံများနှင့် ချပ်ဝတ်တန်ဆာများ ကွဲကြေသွားကြသည်။ အိမ်မြှောင်၏ နောက်ကျောတွင် အပေါက်ကြီးတစ်ခု ပေါ်လာပြီး အရိုးများပင် ကျိုးသွား၏။ သူ့ခန္ဓာကိုယ်က မြေပေါ်သို့ ပြင်းထန်စွာ ပြုတ်ကျသွားပြီး တွင်းပေါက်ကြီးတစ်ခု ပေါ်လာတော့သည်။

"ဂါး"

အိမ်မြှောင်ကြီးက နာကျင်စွာ အော်ဟစ်ပြီး သူတော်စင်စွမ်းအားများကို ဖောက်ခွဲထုတ်ကာ လုမင်အား ဖယ်ခွာချရန် ကြိုးစားလိုက်သည်။

ထိုအချိန်တွင် လုမင်၏ ခန္ဓာကိုယ်က အလင်းစက်များ ပေါ်လာပြီး သူတော်စင်လက်နက် တစ်ဒါဇင်ခန့် ပေါ်လာသည်။

အနက်ရောင် တောင်ပံများနှင့် သူတော်စင်ရတနာဒိုင်းကဲ့သို့ လက်နက်များက အိမ်မြှောင်ကြီး၏ တိုက်ခိုက်မှုကို တားဆီးလိုက်ကြသည်။ လုမင်က သူတော်စင်လက်နက်ဓားကို ဖမ်းကိုင်ပြီး အိမ်မြှောင်ကြီး၏ ဒဏ်ရာကို ထိုးစိုက်လိုက်၏။ ဓားစွမ်းအင်များ ပေါက်ကွဲထွက်လာပြီး အိမ်မြှောင်ကြီး၏ ခန္ဓာကိုယ်ထဲသို့ နက်နဲစွာ ထိုးဖောက်ဝင်ရောက်သွားသည်။ ထို့နောက် ဓားအလင်းများ ဖြာထွက်လာပြီး အလျားလိုက် ဖြတ်တောက်သွားတော့သည်။

"ဝုန်း"

ဧရာမ အိမ်မြှောင်ကြီး၏ ခန္ဓာကိုယ်က ထက်ခြမ်းကွဲလုနီးဖြစ်ကာ သွေးများ ဒရဟောစီးကျသွား‌သည်။

"ဂါး..."

အိမ်မြှောင်ကြီးက နာကျင်စွာ အော်ဟစ်လိုက်သည်။ ကြီးမားသော သူ့ခန္ဓာကိုယ်ကြီးက တဆတ်ဆတ်တုန်ပြီး မြေပြင်ပေါ်တွင် လူးလိမ့်သွား၏။

လုမင်က ကောင်းကင်သို့ ပျံတက်သွားသည်။ ကောင်းကင်တွင် ဧရာမ ကစဉ့်ကလျား ကောင်းကင်မှောက်လှန် တံဆိပ်တော်တံတစ်ခု ပေါ်လာတော့သည်။

ယင်းမှာ ကစဉ့်ကလျား ကောင်းကင်မှောက်လှန် တံဆိပ်တော်၏ စွမ်းအားအပြည့် ဖြစ်သည်။

"ဝုန်း..."

စွမ်းအားအပြည့်ဖြင့် ကစဉ့်ကလျား ကောင်းကင်မှောက်လှန် တံဆိပ်တော်က အိမ်မြှောင်ကြီးအပေါ်သို့ အင်အားကြီးမားစွာဖြင့် ကျရောက်သွားသည်။

အိမ်မြှောင်ကြီးက အင်အားအပြည့်ဖြင့် တွန်းလှန်တိုက်ခိုက်သော်လည်း အသုံးမဝင်ပေ။ သူခန္ဓာကိုယ်က ဒဏ်ရာပြင်းပြင်းထန်ထန် ရရှိနေပြီ ဖြစ်သည်။ သူက စွမ်းအားအပြည့်ဖြင့် ကစဉ့်ကလျား ကောင်းကင်မှောက်လှန် တံဆိပ်တော်ကို မည်သို့ တားဆီးနိုင်မည်နည်း။

All Chapters