အခန်း ၁၆၅၀
Vol. 110 Ch. 1650
အပိုင်း ( 1650 ) လူများကို ကယ်တင်ခြင်း။
ထိုကဲ့သို့ဖြင့် လုမင်တို့၏ အဖွဲ့တွင် နောက်ထပ် လူလေးယောက် တိုးလာသည်။
နောက်နှစ်ရက်အတွင်း လုမင်တို့ဟာ လှည့်ပတ်သွားလာရင်း နောက်ထပ် လူအနည်းငယ်ကို ဖိတ်ခေါ်နိုင်ခဲ့သည်။
ဥပမာအားဖြင့်၊ ဝတ်စုံဝါဝတ် လူငယ်နှင့် ယဲ့တုန်ဖန့်ထက် အားမနည်းသော အခြား ပါရမီရှင်များ ဖြစ်၏။ ထို့ပြင်၊ အားနည်းသော ပါရမီရှင် အနည်းငယ်လည်း ရှိသေးသည်။
ဤနည်းဖြင့် စုစုပေါင်း လူတစ်ဒါဇင်ကျော် ရှိလာသည်။
အထူးသဖြင့် ယဲ့တုန်ဖန့်၊ ဟွမ်လင်တို့အဆင့် ပါရမီရှင် အနည်းငယ် ပါဝင်လာခြင်းပင်။
"လုမင်၊ နင့်မှာ ဘာအစီအစဉ်ရှိလဲ"
ဟွမ်လင်က နောက်ဆုံးတွင် လုမင်ကို မေးလိုက်သည်။
"ငါ့မှာ လူတစ်ယောက်ရဲ့ အငွေ့အသက်ကို ပြောင်းလဲနိုင်တဲ့ နည်းလမ်းရှိတယ်လေ။ ဒါက ငါ့ရဲ့ကိုယ်ပိုင်အရှိန်အဝါကို ပြောင်းလဲနိုင်တယ်။ ပထမဆုံး ငါ့ရဲ့ ပုံစံကိုပြောင်းပြီး တောင်ထိပ်ကို ချဉ်းကပ်သွားမယ်။ အဲဒီအခါကျရင် မင်းတို့က အခြား ပညာရှင်တွေကို ဟန်ပြတိုက်ခိုက်ကြချေ။ အဲဒီအချိန်မှာ ငါက အမြန်ဝင်ပြီး လူကယ်မယ်"
လုမင်က ပြောလိုက်သည်။
"မင်းရဲ့ အရှိန်အဝါ ပြောင်းလဲတဲ့နည်းလမ်းကို တခြားသူတွေက မှတ်မိမှာတော့ မဟုတ်ဘူးမို့လား"
လူတချို့က သံသယဖြင့် ပြောကြသည်။
လုမင် ပြုံးလိုက်သည်။ သူက အရှိန်အဝါပြောင်းလဲခြင်း ပညာရပ်ဖြင့် သူ့ပုံစံနှင့် အရှိန်အဝါကို ပြောင်းလဲလိုက်၏။
လူတိုင်း၏ အမူအရာများ သိသိသာသာ ပြောင်းလဲသွားကြသည်။
ဤမျှ လျှို့ဝှက်ဆန်းကျယ်သော လျှို့ဝှက်နည်းလမ်းမျိုး အမှန်တကယ် ရှိနေလေသည်။
လုမင် ပြုံးလိုက်သည်။ ရှန်းရွှီတိုက်အဖွဲ့အစည်းတွင် ရရှိခဲ့သော ပန်တုန်အရှိန်အဝါပြောင်းလဲခြင်း စွမ်းရည်က အမှန်တကယ် နက်နဲလှ၏။ ယခုအချိန်ထိလည်း အလွန်အသုံးဝင်နေသေးသည်။
"မင်းတို့ရဲ့ ကျင့်ကြံခြင်းအခြေခံက ငါ့ထက် အများကြီးမသန်မာသရွေ့ နားလည်နိုင်မှာ မဟုတ်ဘူး။ တောက်ပသော သူတော်စင်နည်းနည်းကို အချိန်တိုအတွင်း လှည့်စားဖို့က ငါ့အတွက် ပြဿနာရှိမှာ မဟုတ်ဘူး"
လုမင် ပြောလိုက်သည်။
"ကောင်းပြီလေ၊ ဒီလိုပဲ လုပ်ရအောင်"
ယဲ့တုန်ဖန့်၏ မျက်လုံးထဲတွင် တိုက်ခိုက်ချင်စိတ်တို့ ပေါ်လာသည်။
တခြားသူများကလည်း သဘောတူကြ၏။ ဤနည်းလမ်းက တိုက်ရိုက်တိုက်ခိုက်ခြင်းထက် ပိုကောင်းသည်။
"ငါ အချက်ပြတာကို စောင့်နေပါ။ ငါ တောင်ထိပ်ရောက်ရင် ဟွမ်လင်ကို မက်ဆေ့ခ်ျပို့လိုက်မယ်။ အဲဒီအခါက တိုက်ခိုက်ရမဲ့ အချိန်ပဲ"
လုမင် ပြောလိုက်သည်။
တခြားသူများက ခေါင်းညိတ်လိုက်၏။ ထို့နောက် လုမင်က မြေပေါ်သို့ ဆင်းသက်သွားပြီး ကစဉ့်ကလျားတာအိုနယ်မြေကို မြေတာအိုနယ်မြေအဖြစ်သို့ ပြောင်းလဲလိုက်သည်။ လုမင်၏ ခန္ဓာကိုယ်က မြေကြီးထဲသို့ တိုက်ရိုက် နစ်မြုပ်သွားပြီး ပျောက်ကွယ်သွားတော့သည်။
လုမင်က သူ့ပုံစံနှင့် အရှိန်အဝါကို ပြောင်းလဲပြီး မဟာမိတ်တောင်ဆီသို့ ဦးတည်သွားသည်။
လုမင်က မဟာမိတ်တောင်အနီးသို့ ရောက်သောအခါ တစ်ဦးတည်းသော နဝမအလွှာ သိုင်းအုပ်ချုပ်သူနယ်ပယ် ကျင့်ကြံသူကို ရွေးချယ်ကာ ချက်ခြင်း သတ်ပစ်လိုက်သည်။ ထို့နောက် လုမင်က သူ့အဝတ်အစားများကို ပြောင်းလဲလိုက်ပြီး သူ၏အသွင်အပြင်ကိုလည်း ပြောင်းလိုက်သည်။ အဆုံးမှာတော့ ထိုသူနှင့် တစ်ပုံစံတည်းတူသွားပြီး အငွေ့အသက်များပင် အတူတူ ဖြစ်သွားတော့သည်။
အလောင်းကို လှိုဏ်ဂူထဲသို့ ပစ်ထည့်ပြီးနောက် လုမင်က တောင်ထိပ်သို့ တက်သွားသည်။
လမ်းတစ်လျှောက်တွင်၊ လုမင်အတွက် သဘာဝအတိုင်း အတားအဆီးမရှိပေ။ မကြာမီ၊ တောင်ထိပ်သို့ သူ ရောက်လာသည်။
သူ့ရှေ့တွင် သွေးနီရောင်ကျားကြီးတစ်ကောင်ရှိပြီး သူ့မျက်လုံးများက ရုတ်တရက် ပွင့်လာ၏။ သူက လုမင်အား ထွင်းဖောက်မြင်လိုသကဲ့သို့ စူးရဲသော မျက်လုံးများဖြင့် စူးစိုက်ကြည့်လိုက်သည်။
ဤသွေးနီရောင်ကျားက တောင်ထိပ်ကို စောင့်ကြပ်နေသော သူတော်စင်အဆင့် ပညာရှင်လေးဦးထဲမှ တစ်ဦး ဖြစ်ချေသည်။
"မင်း ဒီကို ဘာလာလုပ်တာလဲ"
သွေးနီရောင်ကျားကြီးက မေးလိုက်သည်။ သူတော်စင်အဆင့် အရှိန်အဝါများ ပေါက်ကွဲထွက်ပေါ်လာ၏။
"အကြီးအကဲ၊ ကျုပ် ခင်ဗျားကို အရေးကြီးသတင်း လာပေးပို့တာပါ"
လုမင် ပြောလိုက်သည်။
"ဘာသတင်းလဲ"
သွေးနီရောင်ကျားကြီးက ပြောသည်။
"ဒါ..."
လုမင်က ခဏတုံ့ဆိုင်းသွားသည်။ သူက စိတ်မချဟန်ဖြင့် ပတ်ဝန်းကျင်ကို တစ်ချက် ဝေ့ကြည့်လိုက်သေး၏။ သူ့လက်ထဲမှာတော့ ကျောက်စိမ်းအဆောင်တစ်ခုပေါ်လာကာ ဟွမ်လင်ထံသို့ တိတ်တဆိတ် သတင်းပို့လိုက်တော့သည်။
အဝေးမှ တိမ်တိုက်များထဲတွင် ဟွမ်လင်က သတင်းစကားကို လက်ခံရရှိခဲ့သည်။
"လုမင် သတင်းပို့လာပြီ၊ တိုက်ခိုက်ကြစို့"
ဟွမ်လင်က ပြောလိုက်၏။
ရုတ်တရက်၊ လူဆယ်ဦးကျော်က မဟာမိတ်တောင်သို့ လျင်မြန်စွာ ပြေးသွားတော့သည်။ လေတိုးသံနှင့်အတူ သူတို့ထံမှ အားကောင်းသော အရှိန်အဝါများ ပေါက်ကွဲထွက်လာခဲ့ကြသည်။
"နောက်ဆုံးတော့ သူတို့ လှုပ်ရှားလာပြီပေါ့"
သွေးနီရောင်ကျားက လှောင်ပြောင်လိုက်သည်။ သူက ဟွမ်လင်နှင့် အခြားသူများ၏ ဦးတည်ရာဆီသို့ လှမ်းကြည့်လိုက်သော်လည်း မလှုပ်ရှားသေးပေ။
"ဝုန်း... ဝုန်း"
ထိုအချိန်တွင် မဟာမိတ်တောင်၌ ကြောက်မက်ဖွယ်ကောင်းသော ရောင်ဝါများက ကောင်းကင်သို့ ထိုးတက်သွားသည်။ သူတော်စင်အဆင့် အရှိန်အဝါများ ဖြစ်၏။ မတူညီသော ပုံရိပ်ဆယ်ခုက လျင်မြန်စွာ ထွက်လာကြတော့သည်။
ဤနေရာတွင် အစွမ်းထက် ကျွမ်းကျင်သူများ အမှန်တကယ်ပင် လျှို့ဝှက်စွာ တည်ရှိနေသည်။ သူတော်စင်နယ်ပယ် ပညာရှင်ဆယ်ဦးက ဟွမ်လင်နှင့် အခြားသူများဆီသို့ ပျံသန်းသွားတော့သည်။
"မကောင်းတော့ဘူး၊ ပညာရှင်တွေ အများကြီးရှိနေတယ်။ မြန်မြန်ဆုတ်ကြ"
ဟွမ်လင်က စိုးရိမ်ပူပန်ဟန်ဖြင့် အော်ဟစ်လိုက်သည်။ သူက လျင်မြန်စွာ ပြန်ဆုတ်သွား၏။
"သူတို့ကို မလွတ်စေနဲ့"
သူတော်စင်အဆင့် ပညာရှင်တစ်ဦးက အော်ဟစ်လိုက်သည်။ သူတော်စင်အဆင့် ပညာရှင်ဆယ်ဦးက ဟွမ်လင်နှင့် တခြားသူများနောက်ကို လိုက်သွားကြတော့သည်။
"ဟမ့်၊ ဒီတစ်ခါတော့ သူတို့အားလုံး မလွတ်တော့ဘူး"
သွေးနီရောင်ကျားက လှောင်ပြောင်လိုက်သည်။ ထို့နောက် လုမင်ကိုကြည့်ပြီး ပြောလိုက်၏။
"မင်းက ဘာသတင်းပေးချင်တာလဲ"
"အကြီးအကဲ၊ တခြား လူတစ်ယောက်က ခိုးဝင်လာတယ်လို့ ကျွန်တော်ပြောချင်တာပါ"
လုမင်က ပြောလိုက်သည်။
"ဘယ်သူလဲ"
သွေးနီရောင်ကျား၏ မျက်လုံးများက ရက်စက်ကြမ်းကြုတ်မှုတို့ ပေါ်လာသည်။
"အဲဒါက... ငါပဲ"
လုမင်က ရုတ်တရက် အော်လိုက်သည်။ သူက ခြေတစ်ချက်ဆောင့်လိုက်သောအခါ မြေပြင်က အက်ကွဲသွား၏။ လုမင်၏ပုံရိပ်က သွေးနီရောင်ကျားဆီသို့ ခဏချင်း ရောက်သွားပြီး လက်သီးနှင့် ထိုးချလိုက်တော့သည်။
ဤလက်သီးတွင် လုမင်က အင်အားအပြည့် ထည့်သွင်းထားခဲ့သည်။
"မင်း... မင်း..."
သွေးနီရောင်ကျားသည် လုမင်မှ ရုတ်တရက် တိုက်ခိုက်လာမည်ဟု မမျှော်လင့်ထားပေ။ သူ သတိဝင်လာမှ ရှောင်ချင်သော်လည်း များစွာ နောက်ကျသွားပြီ ဖြစ်သည်။
သူ့လက်သီး သွေးနီရောင်ကျား၏ ဦးခေါင်းကို တိုက်ရိုက် ထိမှန်သည်။ သွေးနီရောင်ကျားက သူတော်စင်နယ်ပယ်မှ စွမ်းအားကြီးမားသူဖြစ်သော်လည်း လုမင်၏ လက်သီးချက်ကို မခံနိုင်ပေ။ သူ့ဦးခေါင်းက ပေါက်ကွဲပြီး ခန္ဓာကိုယ်မှာလည်း လွင့်ထွက်သွားသည်။
"ဝှစ်"
လုမင်က ရှေ့ကို လျင်မြန်စွာ ပြေးထွက်သွားသည်။ သူ၏ မျက်ခုံးနှစ်ခုကြားမှ အလင်းရောင်တောက်ပပြီး တောင်နှင့်မြစ် ပန်းချီကား ပေါ်လာ၏။ အလင်းတန်းတစ်ခု လင်းလက်လာပြီး ဖီးနစ်နန်းတော်၏ တပည့်များကို ဖုံးအုပ်သွားတော့သည်။
ဖီးနစ်နန်းတော်၏ တပည့်များက တောင်နှင့်မြစ် ပန်းချီကားအတွင်းသို့ ရောက်သွားကြသည်။
ထို့နောက် တောင်နှင့်မြစ်ပန်းချီကားမှ တစ်ဖန် တောက်ပလာပြီး မိုးကြိုးနတ်ဘုရားဂိုဏ်း၏ တပည့်များထံ ကျရောက်သွားပြန်သည်။
"သေချင်နေတာပဲ"
"တိုက်ခိုက်ကြ"
ထိုအချိန်တွင်၊ အခြားလမ်းကြောင်းများကို စောင့်ကြပ်နေသော သူတော်စင်များက နောက်ဆုံးတွင် တုံ့ပြန်ခဲ့သည်။ သူတို့ ဒေါသပေါက်ကွဲသွားပြီး လုမင်ကို တိုက်ခိုက်လိုက်ကြ၏။
"လာခဲ့ကြစမ်း"
လုမင်က တောင်နှင့်မြစ် ပန်းချီကားကို ထိန်းချုပ်ပြီး ထိုလူငယ်များကို အစွမ်းကုန် ဆွဲယူလိုက်သည်။ တစ်ချိန်တည်းမှာပင် သူ့ဦးခေါင်းထက်မှာ မျှော်စင်ငယ်တစ်ခု ပေါ်လာသည်။ ပူဖောင်းလေးက အချိန်ဟင်းလင်းပြင် တာအိုနယ်မြေကို ဖြန့်ကျက်ပြီး ကြည်လင်သော ပူဖောင်းများဖြင့် သူတော်စင်သုံးဦးကို ဖုံးအုပ်လိုက်၏။ ထိုသုံးဦးမှာ ရပ်တန့်သွားပြီး ခဏချင်း မလွတ်မြောက်နိုင်တော့ပေ။
ပူဖောင်းလေးက သူတော်စင်တစ်ပိုင်းအဆင့်သို့ ရောက်ရှိပြီးနောက် ပိုအစွမ်းထက်လာသည်။ သူ၏ အချိန်ဟင်းလင်းပြင်တာအိုနယ်မြေက သာမန်သူတော်စင်များကိုပင် သက်ရောက်နိုင်ပေသည်။
သူတော်စင်သုံးဦးက အချိန်ဟင်းလင်းပြင် တာအိုနယ်မြေ၏ လွှမ်းမိုးမှုမှ လွတ်မြောက်လာသောအခါ၊ လုမင်က တောင်ထိပ်ရှိ လူငယ်တစ်ဝက်ကျော်ကို သိမ်းယူထားပြီး ဖြစ်သည်။
"သတ်"
မဟာမိတ်တောင်မှ ကျယ်လောင်သော အော်သံတစ်ခု ထွက်ပေါ်လာသည်။ နတ်ဆိုးအလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး ဝတ်နက်ဝတ် လူကြီးတစ်ဦး ရောက်လာ၏။ သူ့ထံမှ ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်များ ဖြာထွက်နေတော့သည်။
"ဒါက သူပဲ..."
လုမင်၏ မျက်လုံးအိမ်များ ကျဉ်းမြောင်းသွားသည်။ ဤဝတ်စုံနက်ဝတ်လူကြီးက ဆမ်ဆာရာဧကရာဇ်၏သင်္ချိုင်း အပြင်ဘက်တွင် သူတို့ကို လိုက်လံဖမ်းဆီးခဲ့သူ ဖြစ်သည်။ သူက တောက်ပသော သူတော်စင်နယ်ပယ် ကြီးမားသော အောင်မြင်ခြင်းအဆင့် ပညာရှင်တစ်ဦး ဖြစ်၏။ လုမင်က သူ၏ပြိုင်ဘက် မဟုတ်ပေ။
"သွားကြစို့"
လုမင်က တောင်နှင့်မြစ်ပန်းချီကားကို သိမ်းဆည်းကာ အဝေးသို့ ပြေးသွားသည်။
"အား... ကယ်ပါ... ငါတို့ကို ကယ်ပါဦး"
ရွှေကျီးကန်းမျိုးနွယ်စုဝင်များ အပါအဝင် ကျန်လူငယ်များက အသည်းအသန် အော်ဟစ်လိုက်ကြသည်။
သို့သော်လည်း လုမင်၏ မျက်လုံးများက အေးစက်နေ၏။ သူက ထိုလူများကို ဂရုမစိုက်ပေ။
ထို့ပြင် ဤလူများ၏ အင်အားစုများမှ ထိပ်သီး ပါရမီရီရှင်များက ဆုတ်ခွာသွားခဲ့ပြီ ဖြစ်သည်။ ဥပမာအားဖြင့်၊ ရွှေကျီးကန်း ဒသမမင်းသားနှင့် ရွှေကျီးကန်းမျိုးနွယ်တို့ ဖြစ်၏။ လုမင်က သူတို့ကို ကယ်တင်ရန် စိတ်ကူးမရှိပေ။
လုမင်က သူတို့နှင့် ပူးပေါင်းခဲ့သော ပါရမီရှင်များ၏ အသိများကိုသာ ကယ်တင်ခဲ့သည်။
"ဒီမှာနေစမ်း"
ဝတ်စုံနက်ဝတ် လူကြီးက သတ်ဖြတ်ချင်စိတ်အပြည့်ဖြင့် အော်ဟစ်လိုက်သည်။ နတ်ဆိုးစွမ်းအင်များက ကောင်းကင်သို့ ထိုးတက်သွား၏။ ဧရာမ လက်ဝါးကြီးက လုမင်ဆီသို့ ရိုက်ချလာတော့သည်။
လုမင်က အချိန်ဟင်းလင်းပြင်လျှောက်လမ်းကိုဖွင့်ရန် ပူဖောင်းလေးကို တောင်းဆိုလိုက်သည်။ သူက အချိန်ဟင်းလင်းပြင် လျှောက်လမ်းထဲသို့ ပြေးဝင်သွား၏။ နောက်တစ်ကြိမ် ပြန်ပေါ်လာသောအခါ၊ သူက ဟွမ်လင်နှင့် အခြားလူများအနီးကို ရောက်နေပြီ။
"သွားကြရအောင်"
သူတို့လူအုပ်က စုရုံးပြီး အလွန်လျင်မြန်သော အရှိန်ဖြင့် ရှေ့သို့ ပြေးသွားကြသည်။
သို့သော်လည်း နောက်အခိုက်အတန့်တွင် လုမင်နှင့် အခြားသူများ၏ မျက်နှာအမူအရာ ပြောင်းလဲသွားကြသည်။
အကြောင်းမူ၊ သူတို့ရှေ့တွင် အလွန်ကြောက်စရာကောင်းတဲ့ အရှိန်အဝါ အများအပြား ရှိနေသောကြောင့်ပင်။