← Chapters

အခန်း (၃၇၇-၃၇၈)

Vol. 38 Ch. 377-378

အခန်း (၃၇၇-၃၇၈)

Vol. 38 Ch. 377-378

အခန်း (၃၇၇) နိုင်ငံစစ်ပွဲ၏ အလှည့်အပြောင်း ရောက်ရှိလာခြင်း

"ဟုတ်တယ်... ငါက ဆေးလိပ်ဆိုင်တစ်ဆိုင်လည်း ဖွင့်ထားတယ်... ပထမဆုံး ထုတ်တဲ့ ဆေးလိပ်နာမည်ကတော့ ရွှေသစ်ရွက်လို့ ခေါ်တယ်..."

ကျောက်လင်သည် ကောင်းနျန်ရှု၏ မေးခွန်းကို စောင့်ဆိုင်းနေခဲ့ခြင်းဖြစ်ပြီး ဤအခိုက်အတန့်တွင် ဆေးလိပ်လုပ်ငန်းအကြောင်းကို အံကိုက် ထည့်သွင်းပြောဆိုလိုက်၏။

ယနေ့ ဤနေရာတွင် ရောက်ရှိနေသူတိုင်းသည် မဟာချင်မင်းဆက်၏ ထင်ရှားကျော်ကြားသော ပုဂ္ဂိုလ်များဖြစ်ကြပြီး အထက်တန်းလွှာ စစ်စစ်များပင် ဖြစ်ပေသည်။

ကျောက်လင်၏ အရက်ချက်စက်ရုံနှင့် ဆေးလိပ်လုပ်ငန်းတို့သည် အစပိုင်းတွင် ထုတ်လုပ်မှုပမာဏ အများအပြား ရှိမည်မဟုတ်ဘဲ အမှတ်တံဆိပ် လူသိများလာစေရန်အတွက်သာ အဓိကရည်ရွယ်ထားခြင်း ဖြစ်၏။

ထို့ကြောင့် မောင်းထိုက်အရက်နှင့် ရွှေသစ်ရွက်ဆေးလိပ် နှစ်မျိုးစလုံး၏ ဈေးနှုန်းမှာ အတော်လေး မြင့်မားနေမည်ကို ကျောက်လင် ကြိုတင်စဉ်းစားထားပြီး ဖြစ်သည်။

ဤလူများသာလျှင် ဝယ်ယူသုံးစွဲနိုင်စွမ်း ရှိပေမည်။

နောင်တစ်ချိန်တွင် ဤပုဂ္ဂိုလ်များ၏ တစ်ဆင့်စကားနှင့် လက်တွေ့အသုံးပြုမှုများမှတစ်ဆင့် မောင်းထိုက်အရက်နှင့် ရွှေသစ်ရွက်ဆေးလိပ်တို့သည် မဟာချင်မင်းဆက် တစ်ခွင်လုံးတွင် ဟိုးလေးတကျော် ဖြစ်လာနိုင်ပေသည်။

"အစ်ကိုကျောက်လင်... မင်းက ကွမ်းရှန်းစီရင်စုကလို့ ပြောခဲ့တာမလား..."

"ဒီနိုင်ငံစစ်ပွဲ ပြီးသွားရင် မင်းရဲ့ နယ်စပ်စခန်းဆီ အလည်အပတ်လာပြီး အရက်ချက်စက်ရုံနဲ့ ဆေးလိပ်အလုပ်ရုံတွေကို ကြည့်ချင်သေးတယ်..."

ဆေးလိပ်ကို ခပ်ပြင်းပြင်း နှစ်ဖွာသုံးဖွာလောက် ဖွာလိုက်ပြီးနောက် ရှီတာ့ဖုန်း၏ မျက်လုံးများက ပို၍ပို၍ အရောင်လက်လာကာ သူ၏ ခေါင်းထဲတွင် အကြံတစ်ခု ရုတ်တရက် ပေါ်လာ၏။

ဤဒုတိယမျိုးဆက် စစ်သူကြီးများသည် နန်းတော်မှ ရက်ရောသော ဆုလာဘ်များ ရရှိထားပြီး စားဝတ်နေရေးအတွက် ပူပန်ရန်မလိုသော်လည်း သူတို့၏ စစ်သူကြီးရာထူးများကို နန်းတော်မှ ပေးအပ်သော လစာငွေ သက်သက်ဖြင့်သာ ထိန်းသိမ်းထားနိုင်မည် မဟုတ်ပေ။

ထို့ကြောင့် စစ်ပွဲများကို ရူးသွပ်သူများ ဖြစ်ကြသော်လည်း ဤဒုတိယမျိုးဆက် စစ်သူကြီးများသည် စီးပွားရေးလုပ်ငန်း လုပ်ကိုင်ရန်လည်း ဝန်လေးနေမည် မဟုတ်ချေ။

ရှီတာ့ဖုန်းသည် မောင်းထိုက်အရက်နှင့် ရွှေသစ်ရွက်ဆေးလိပ်တို့၏ တန်ဖိုးကို သေချာပေါက် မြင်တွေ့သွားခဲ့ပြီ ဖြစ်သည်။ သူက ကျောက်လင်နှင့် ပူးပေါင်းလုပ်ဆောင်ရန် မဆွေးနွေးမီ ကိုယ်တိုင်ကိုယ်ကျ လေ့လာစုံစမ်းချင်နေခြင်း ဖြစ်၏။

"အစ်ကိုကျောက်လင်... ကျုပ်လည်း မင်းဆီ လာပြီး ဒုက္ခပေးရဦးမယ်ထင်တယ်..."

"ဒီအရက်နဲ့ ဆေးလိပ်က မဟာချင်မင်းဆက်မှာ တော်တော်လေးကို ရေပန်းစားလာလိမ့်မယ်လို့ ကျုပ် ခံစားမိနေတယ်..."

ကောင်းနျန်ရှုကလည်း သူ၏ ခံစားချက်များကို ပွင့်ပွင့်လင်းလင်းပင် ထုတ်ဖော်ပြောဆိုလိုက်၏။

ချက်ချင်းပင် အခြားသော ဒုတိယမျိုးဆက် စစ်သူကြီးများကလည်း ကျောက်လင်၏ နယ်မြေသို့ သွားရောက်လိုကြောင်း အသီးသီး ပြောဆိုလာကြသည်။

"ကျောက်လင်... ငါ မင်းသမီးလည်း လာကြည့်ချင်တယ်... မင်း ကြိုဆိုမှာလား..."

မင်းသမီး ယွီကျောက်ကလည်း ပြုံး၍ မေးလိုက်၏။

မင်းသမီးတစ်ပါးအနေဖြင့် ဟုန်ယွီကျောက်သည် စီးပွားရေးလုပ်ရန် စိတ်ဝင်စားနေခြင်း မဟုတ်ပေ။ သူမသည် ကျောက်လင်က နယ်ခြားစောင့်တပ်မှ စစ်သားတစ်ရာကို ဦးဆောင်ကာ ဝမ့်ရှန်းတောင်တန်းတွင် ထောက်ပံ့ရေးတပ်သား တစ်သောင်းကို ရဲရဲဝံ့ဝံ့ ပိတ်ဆို့တိုက်ခိုက်ခဲ့ပုံကို ပြန်လည်အမှတ်ရနေခြင်းဖြစ်သည်။

ထို့အပြင် ရှန့်ယွင်ချွမ်း၊ ယောင်းဟွိုင်တောက်နှင့် အခြားသူ ခုနစ်ယောက်တို့၏ ကျင့်ကြံခြင်းအဆင့်များမှာလည်း ကျောက်စိမ်းနယ်ပယ်နှင့် ညီမျှနေသည် မဟုတ်ပါလော။

ထို့ထက်ပို၍ ကျောက်လင်ကိုယ်တိုင်ကလည်း ပေါင်းစည်းခြင်းနယ်ပယ်အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်၏။

အတိုချုပ်ပြောရလျှင် ကျောက်လင်ထံမှ ထွက်ပေါ်နေသော နက်နဲဆန်းကြယ်သည့် အငွေ့အသက်များက ဟုန်ယွီကျောက်၏ စိတ်ဝင်စားမှုကို အလွန်အမင်း ဆွဲဆောင်နေပြီး ကိုယ်တိုင်ကိုယ်ကျ စုံစမ်းလေ့လာချင်စိတ်များ ဖြစ်ပေါ်နေစေသည်။ ကျောက်လင်တစ်ယောက် ပေါင်းစည်းခြင်းနယ်ပယ်သို့ မည်သို့မည်ပုံ ဖောက်ထွက်နိုင်ခဲ့သည်ဆိုသည့် အကြောင်းရင်းကိုလည်း သူမ သိချင်နေ၏။

"မင်းသမီးသာ လာချင်တယ်ဆိုရင် ကျွန်တော်မျိုး သေချာပေါက် နွေးနွေးထွေးထွေး ကြိုဆိုပေးမှာပါ..."

ကျောက်လင်က ချက်ချင်းပင် ပြန်လည်ဖြေကြားလိုက်သည်။

ဤဒုတိယမျိုးဆက် စစ်သူကြီးများသည် စီးပွားရေးလုပ်ရန် လာမည်ဖြစ်စေ သို့မဟုတ် အခြားရည်ရွယ်ချက် ရှိနေသည်ဖြစ်စေ ကျောက်လင် ဂရုမစိုက်ပေ။

ထင်းရှူးနက်ကျေးရွာသို့ ရောက်ရှိလာသည်နှင့်တစ်ပြိုင်နက် သူတို့၏ အမြင်များကို အံ့သြမှင်တက်သွားစေမည်ဟု ကျောက်လင် ယုံကြည်ထားပြီး သူ၏ စီးပွားရေးလုပ်ငန်းများအားလုံး သူတို့၏ အဆက်အသွယ်လမ်းကြောင်းများမှတစ်ဆင့် ဝင်ရောက်ကာ အောင်မြင်ဖြစ်ထွန်းလာစေမည် ဖြစ်၏။

ထို့နောက် လူတိုင်းက စိတ်ဝင်စားစရာကောင်းသော အကြောင်းအရာအမျိုးမျိုးကို ရယ်ရယ်မောမောဖြင့် စကားစမြည် ပြောဆိုနေကြသည်။

သေချာပေါက်ပင် ပြောဆိုနေသည့် အကြောင်းအရာအများစုမှာ မဟာချင်စစ်တပ်က မဟာလီမင်းဆက်အား ဖြုတ်ချခဲ့စဉ်က ဖြစ်ပွားခဲ့သော စစ်ပွဲများနှင့် စွမ်းဆောင်ရည်များအကြောင်းပင် ဖြစ်ပေသည်။

တစ်ချိန်တွင် ကောင်းနျန်ရှုက ရုတ်တရက် မေးလိုက်၏။

"အစ်ကိုကျောက်လင်... မင်း ဦးဆောင်သွားတဲ့ နယ်ခြားစောင့်တပ်က စစ်သားတစ်ရာက ဘာလို့ မင်းနဲ့အတူ ပြန်မလာကြတာလဲ..."

ရုတ်တရက် စားပွဲဝိုင်းရှိ လူတိုင်းမှာ တိတ်ဆိတ်သွားကြသည်။

ဤသည်မှာ အခြားသူများလည်း သိချင်နေကြသော ကိစ္စဖြစ်သော်လည်း အားလုံးက မေးရမည်ကို အားနာနေခဲ့ကြခြင်း ဖြစ်၏။

"သူတို့က ကောင်းဖန်တိုင်းပြည်ကို ရောက်နေကြပြီလေ..."

"ကောင်းဖန်တိုင်းပြည်ရဲ့ စစ်တပ်တွေအကုန်လုံးက ရှီးလန်စီရင်စုကို ရောက်နေကြတော့ သူတို့တိုင်းပြည်မှာ အင်အားနည်းနေပြီပေါ့... အခြေအနေက ကောင်းဖန်တိုင်းပြည်ကို တိုက်ခိုက်ဖို့ အကောင်းဆုံး အခွင့်အရေး မဟုတ်ဘူးလား..."

ကျောက်လင်က တည်ငြိမ်စွာပင် ပြောလိုက်သည်။

ချက်ချင်းပင် စားပွဲဝိုင်းရှိ လူများက အံ့အားသင့်စွာဖြင့် မတ်တတ်ရပ်လိုက်ကြ၏။

လူတိုင်းက ကျောက်လင်အား မိစ္ဆာကောင်တစ်ကောင်ကို ကြည့်နေသည့်အလား အမူအရာများဖြင့် ကြည့်လိုက်ကြသည်။

ရှန့်ယွင်ချွမ်း၏ လူတစ်ရာသည် တကယ့်ကို အင်အားတောင့်တင်းလှပေသည်။ မည်သို့ပင်ဆိုစေ သူတို့အထဲတွင် ကျောက်စိမ်းခန္ဓာနယ်ပယ် ခုနစ်ယောက်တောင် ပါဝင်နေသည် မဟုတ်ပါလော။

သို့သော် ထိုမျှလောက် အင်အားလေးဖြင့် ကောင်းဖန်တိုင်းပြည်အတွင်းသို့ ခိုးဝင်ကာ ဓားပြတိုက်ရဲကြမည်လော။

ကောင်းဖန်တိုင်းပြည်၏ စစ်အင်အား အများစုသည် ရှီးလန်စီရင်စုသို့ ရောက်ရှိနေကြပြီ ဖြစ်သော်လည်း တိုင်းပြည်အတွင်း၌ တပ်ဖွဲ့အချို့နှင့် ရေခဲစစ်သည် အများအပြား ကျန်ရှိနေသေးသည်။ ရှန့်ယွင်ချွမ်း၏ လူတစ်ရာက ထိုသူများကို မည်သို့လုပ်၍ ရင်ဆိုင်နိုင်မည်နည်း။

ဤသည်က မိမိကိုယ်ကို သတ်သေခြင်းနှင့် အတူတူပင် ဖြစ်ပေသည်။

သူ၏ ယုံကြည်မှုက ဘယ်ကနေ ရောက်လာသနည်း။

"ဒီလူတွေအားလုံး ကောင်းဖန်တိုင်းပြည်က ရေခဲစစ်သည်တွေရဲ့ လက်ချက်နဲ့ သေကုန်မှာကို မင်း မကြောက်ဘူးလား..."

မင်းသမီး ယွီကျောက်သည် ရှန့်ယွင်ချွမ်းနှင့် အခြားသူများအတွက် ကြိုတင်၍ပင် စိတ်မကောင်း ဖြစ်နေမိ၏။

အခြားသူများကလည်း ကျောက်လင်ကို လေးနက်သောအမူအရာဖြင့် ကြည့်လိုက်ကြသည်။

"အဲ့အကြောင်းကို ခင်ဗျားတို့ မသိကြသေးဘူး မလား... ဟိုရှေးဟောင်းသိုင်းပညာရှင် မိသားစုတွေ၊ လှည့်လည်သွားလာသူတွေနဲ့ လွတ်လပ်သော ကျင့်ကြံသူတွေက ကောင်းဖန်စစ်တပ်ရဲ့ ထောက်ပံ့ရေးတပ်ဖွဲ့ကို ဖျက်ဆီးပစ်လိုက်ကြပြီလေ..."

"သူတို့က ကောင်းဖန်တိုင်းပြည်ရဲ့ အဆင့်မြင့် ရေခဲစစ်သည် တစ်ဝက်လောက်ကိုလည်း သတ်ပစ်ခဲ့ကြတယ်..."

"စဉ်းစားကြည့်ကြလေ... ရိက္ခာပြတ်လပ်သွားပြီးတဲ့နောက် ကောင်းဖန်စစ်တပ်ရဲ့ ပင်မအင်အားစုက ဘယ်လောက်ကြာကြာ တောင့်ခံနိုင်မှာလဲ... ကျွန်တော်တို့ရဲ့ မဟာချင်မင်းဆက်ကို တိုက်ခိုက်ဖို့ သူတို့မှာ ခွန်အားတွေ ကျန်နေဦးမှာလား..."

"ကျွန်တော့်ရဲ့ ညီအစ်ကိုတစ်ရာက လူနည်းပေမဲ့ အင်အားတောင့်တင်းကြတယ်... သူတို့က ကောင်းဖန်တိုင်းပြည်ရဲ့ နန်းတော်တည်ရှိရာ မြို့တော်ဆီ မသွားသရွေ့တော့ အခြားနေရာတွေကနေ ကျင့်ကြံခြင်း အရင်းအမြစ်တွေကို လုယက်ဖို့ဆိုတာ အလွန်လွယ်ကူတဲ့ကိစ္စပဲ..."

ကျောက်လင်က ပြုံး၍ ပြောလိုက်၏။

ဤစကားကို ကြားလိုက်ရသောအခါ စားပွဲဝိုင်းရှိ လူတိုင်းက ကျောက်လင်ကို မှင်တက်အံ့သြစွာဖြင့် စိုက်ကြည့်လိုက်ကြသည်။

သူပြောနေသည်မှာ အမှန်တကယ်ပင်လော။

"ကောင်းဖန်စစ်တပ်ရဲ့ ရိက္ခာပို့ဆောင်ရေးတပ်ဖွဲ့က တကယ်ပဲ အဖျက်ဆီးခံလိုက်ရတာလား..."

"အဆင့်မြင့် ရေခဲစစ်သည် တစ်ဝက်လောက် သေကုန်ပြီတဲ့လား..."

မင်းသမီး ယွီကျောက်သည် သူမ၏ ပုံမှန် တည်ငြိမ်မှုများ ပျောက်ဆုံးသွားကာ အလျင်စလို မေးလိုက်၏။

ဤသတင်းက တကယ့်ကို ပေါက်ကွဲထွက်စေလောက်သည့် သတင်းကြီးပင်ဖြစ်သည်။

မင်းသမီး ယွီကျောက်သည် နာမည်ခံအားဖြင့် နယ်ခြားစောင့်တပ်မှ စစ်သားတစ်သောင်းကို စုစည်းထားခဲ့သည်။ ကျောက်လင်၏ သတင်းသာ မှန်ကန်ပါက ကောင်းဖန်စစ်တပ်၏ ပင်မအင်အားစုသည် အချိန်ကြာကြာ တောင့်ခံနိုင်မည်မဟုတ်ဘဲ သင့်တော်သော အချိန်တစ်ခုတွင် ဆုတ်ခွာရဖွယ် ရှိနေသည်ဟု ဆိုလိုခြင်း ဖြစ်၏။

ဤအခွင့်အရေးကို အသုံးချကာ ကောင်းဖန်စစ်တပ်၏ ပင်မအင်အားစုကို အခက်အခဲအချို့ ဖြစ်စေမည်ဆိုပါက ကောင်းဖန်စစ်တပ်မှ စစ်သား အမြောက်အများကို သုတ်သင်ပစ်နိုင်မည် ဖြစ်ပေသည်။

"သေချာပေါက် မှန်တာပေါ့..."

"ကျွန်တော်တို့ရဲ့ မဟာချင်မင်းဆက်ဘက်မှာလည်း နဝမအဆင့်ပုဂ္ဂိုလ်တစ်ယောက် ရှိနေတယ်လို့ ထင်တယ်... သူ့ရဲ့ စွမ်းရည်တွေနဲ့ဆိုရင် တစ်ခုခုကို သေချာပေါက် ရှာဖွေတွေ့ရှိထားလောက်ပြီ..."

"မင်းသမီးတစ်ပါးအနေနဲ့ မေးခွန်းအနည်းငယ်လောက် မေးလိုက်ရုံနဲ့ အမှန်တရားကို အလွယ်တကူ သိနိုင်မှာပါ..."

ကျောက်လင်က တည်ငြိမ်စွာဖြင့် ပြန်ပြောလိုက်သည်။

ဒုတိယမျိုးဆက် စစ်သူကြီးများအဖွဲ့သည် တည်ငြိမ်စွာဖြင့် ပြန်ထိုင်လိုက်ကြ၏။

ကျောက်လင်သည် ဤကဲ့သို့သော သတင်းအချက်အလက်များကို အသုံးပြုကာ အားလုံးကို မည်သည့်အခါမျှ လှည့်စားမည် မဟုတ်ပေ။

ထိုသို့ဆိုလျှင် ဤသတင်းက မှန်ကန်နေခြင်းပင်ဖြစ်သည်။

၎င်းက လာမည့် ရက်အနည်းငယ်အတွင်း ကောင်းဖန်စစ်တပ်သည် ရှီးလန်စီရင်စုမှ သေချာပေါက် ဆုတ်ခွာသွားလိမ့်မည်ဟု ဆိုလိုခြင်းဖြစ်၏။

အကယ်၍ ဤ‌ကောင်းဖန်စစ်တပ်မှ စစ်သား နှစ်သိန်းတစ်သောင်းကို သုတ်သင်ပစ်ရန် နည်းလမ်းရှာနိုင်ပါက ကောင်းဖန်တိုင်းပြည်၏ အမျိုးသားအင်အားသည် အလွန်အမင်း ကျဆင်းသွားမည်ဖြစ်ပြီး နောက်ထပ် ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာတော့မည် မဟုတ်ချေ။

"ဒါနဲ့... ဟိုရှေးဟောင်းသိုင်းပညာရှင် မိသားစုတွေ၊ လှည့်လည်သွားလာသူတွေနဲ့ လွတ်လပ်သော ကျင့်ကြံသူတွေ ပြန်ရောက်လာကြပြီလား..."

ရုတ်တရက် မင်းသမီး ယွီကျောက်က ကောင်းနျန်ရှုအား ကြည့်လိုက်၏။

"ဟင့်အင်း... သူတို့ ဖုန်းလန်မြို့ကနေ ထွက်သွားကတည်းက ပြန်မလာကြသေးဘူး..."

ကောင်းနျန်ရှုက ချက်ချင်း ပြန်ဖြေလိုက်သည်။

ကျောက်လင်က လက်ကိုမြှောက်ကာ ရယ်မော၍ ပြောလိုက်၏။

"အဆင့်မြင့် ရေခဲစစ်သည် ငါးရာကို ရှင်းလင်းပြီးတဲ့နောက် သူတို့လည်း ခုလိုရှားပါးတဲ့ အခွင့်အရေးကို အသုံးချပြီး ကောင်းဖန်တိုင်းပြည်ရဲ့ ကျင့်ကြံခြင်း အရင်းအမြစ်တွေကို လုယက်ဖို့ မျှော်လင့်ချက်နဲ့ ကောင်းဖန်တိုင်းပြည်ဆီ ပျံသန်းသွားကြပြီလေ..."

ဤစကားကို ကြားလိုက်ရသောအခါ ဒုတိယမျိုးဆက် စစ်သူကြီးများအားလုံး ရုတ်တရက် ထပ်မံ၍ မတ်တတ်ရပ်လိုက်ကြပြန်သည်။

"တကယ်လား..."

မင်းသမီး ယွီကျောက်က ကျောက်လင်အား ကြည့်လိုက်၏။

"သေချာပေါက် တကယ်ပေါ့... စစ်ဘက်ဆိုင်ရာ သတင်းအချက်အလက်တွေကို ကျွန်တော် မလိမ်ရဲပါဘူး..."

ကျောက်လင်သည် မင်းသမီး ယွီကျောက်အား ကြည့်ကာ ပြုံးလိုက်သည်။

မင်းသမီး ယွီကျောက်က တည်ငြိမ်စွာ ခေါင်းညိတ်ပြလိုက်၏။ သူမ၌ အရက်သောက်ရန်နှင့် အသားစားရန် ခံတွင်းတွေ့ခြင်း မရှိတော့ပေ။ သူမသည် နိုင်ငံစစ်ပွဲက ပိုမိုကောင်းမွန်သော အခြေအနေသို့ အလှည့်အပြောင်း ရောက်ရှိသွားပြီဖြစ်ကြောင်း သိလိုက်သည်။

"ငါ စစ်သူကြီးချုပ်ကြီးဆီ သွားပြီး အစီရင်ခံလိုက်ဦးမယ်..."

"ကျောက်လင်... ဒီသတင်းအချက်အလက်တွေကို ယူဆောင်လာပေးတဲ့အတွက် မင်းကို တကယ် ကျေးဇူးတင်ရမယ်... မင်းက နိုင်ငံစစ်ပွဲ အောင်ပွဲအတွက် ကြီးမားတဲ့ စွမ်းဆောင်ရည်ကို ပြုလုပ်ပေးခဲ့တာပဲ... ငါ စစ်သူကြီးချုပ်ကြီးဆီ သေချာပေါက် အစီရင်ခံပေးပါ့မယ်..."

မင်းသမီး ယွီကျောက်က စိတ်လှုပ်ရှားစွာဖြင့် အာမေဍိတ်သံပြုလိုက်ပြီး မြို့တံခါးမျှော်စင်ပေါ်မှ ချက်ချင်းပင် ပျံသန်းထွက်ခွာသွား၏။

"အစ်ကိုကျောက်လင်... နောက်တစ်ကြိမ်ကျရင် မင်းနဲ့ အကြာကြီး စကားပြောပြီး အရက်သောက်ဖို့ ကျုပ် လာရှာလှည့်မယ်..."

ကောင်းနျန်ရှုသည် ဤကိစ္စရပ်က အလွန်အရေးကြီးကြောင်း သိထားသည်။ မင်းသမီး ထွက်သွားသည်ကို မြင်လိုက်ရသောအခါ သူက ဤနေရာတွင် ဆက်ထိုင်၍ အရက်သောက်ကာ အသားစားနေရန် မည်သို့ ဖြစ်နိုင်တော့မည်နည်း။

ရလဒ်အနေဖြင့် ဒုတိယမျိုးဆက် စစ်သူကြီးများလည်း ထွက်ခွာသွားကြတော့သည်။

အခန်း (၃၇၈) အနောက်ပိုင်းဒေသစစ်တပ်၏ ပြောင်းရွှေ့ခြင်း၊ သစ်ပင်ချုံနွယ်တိုင်းက စစ်သည်တော်များ

ညချမ်းအချိန်သို့ ရောက်ရှိလာ၏။

ကျောက်လင်သည် လျန်ရှီးမြို့ ဆင်ခြေဖုံးပေါ်မှ ပျံသန်းလာခဲ့သည်။

အောက်ဘက်တွင် အနောက်ပိုင်းဒေသစစ်တပ်မှ စစ်သည်နှစ်သိန်း၏ တပ်စခန်းရှိနေသည်။

ညမှောင်လာသည်နှင့်အမျှ တပ်စခန်းတစ်ခုလုံး၌ မီးတုတ် ထောင်ပေါင်းများစွာကို ထွန်းညှိလိုက်ကြ၏။

သို့သော်လည်း အလယ်ပိုင်းရှိ တပ်မှူး၏တဲအတွင်း၌ ယွီဝမ်ချန်၊ လုတုံဝေ့နှင့် ဖန်လျန်ရှန်း တို့အားလုံးသည် စိုးရိမ်ပူပန်နေသော မျက်နှာအမူအရာများ ရှိနေကြသည်။

"မင်းသမီး... ကောင်းဖန်စစ်တပ်ရဲ့ တပ်မှူးက မနက်ဖြန်မနက်အစောကြီး လျန်ရှီးမြို့ကို သိမ်းပိုက်ဖို့ တိုက်ခိုက်ရမယ်လို့ ကိုယ်တိုင်လာပြောသွားတယ်..."

"ဒါက ကျွန်တော်တို့ရဲ့ အနောက်ပိုင်းဒေသစစ်တပ်ကို အလုံးစုံ ပျက်စီးသွားစေလိမ့်မယ်..."

အနောက်ပိုင်းဒေသစစ်တပ်၏ တပ်မှူးဖြစ်သော လုတုံဝေ့က ဒေါသတကြီးဖြင့် ပြောလိုက်၏။

"မင်းသမီး... ကောင်းဖန်နိုင်ငံက နဝမအဆင့် သိုင်းပညာရှင်က ကျွန်တော်တို့ တပ်စခန်းအနီးမှာ ရှိနေတာကို ခံစားမိတယ်... သူက ကိုယ်ထင်မပြပေမဲ့ သူ့ရဲ့ ကမ္ဘာစွမ်းအားတွေက ကျွန်တော့်ခန္ဓာကိုယ်ပေါ်မှာ သော့ခတ်ထားသလို ရှိနေတယ်..."

ဖန်လျန်ရှန်းကလည်း စိုးရိမ်ပူပန်မှု အပြည့်ဖြင့် ပြောလိုက်သည်။

ဖန်လျန်ရှန်းသည် တစ်စုံတစ်ယောက်၏ တစ်ချက်တည်းသော တိုက်ခိုက်မှုဖြင့် အသတ်ခံရမည်ကို ကြောက်ရွံ့ကာ အလွန်အမင်း စိတ်ဆင်းရဲနေပြီး လုံခြုံမှု လုံးဝမရှိဟု ခံစားနေရ၏။

"ဝေ့မြို့စားနဲ့ အကြီးအကဲဖန်... မစိုးရိမ်ပါနဲ့... ကျွန်မရဲ့ သူငယ်ချင်းက ကျွန်မတို့ကို ကယ်တင်ဖို့ သေချာပေါက် လာပါလိမ့်မယ်..."

ယွီဝမ်ယန်အဖြစ် ရုပ်ဖျက်ထားပြီးဖြစ်သော ယွီဝမ်ချန်က တည်ငြိမ်ဟန်ဆောင်ရင်း ပြောလိုက်သည်။

ကောင်းကင်ယံထက်တွင် ရှိနေသော ကျောက်လင်သည် ကံကြမ္မာနတ်ဘုရားအဆင့်စာရင်း မှတစ်ဆင့် ယွီဝမ်ချန်၏ မြင်ကွင်းကို မျှဝေခံစားနေပြီး ထိုသူသုံးယောက်၏ စကားပြောဆိုမှု တစ်ခုလုံးကို ကြားနေရ၏။

"အနောက်ပိုင်းဒေသစစ်တပ် တစ်ခုလုံးကို ပြောင်းရွှေ့ဖို့ ကျွန်တော်တို့မှာ တစ်ညပဲ အချိန်ရတယ်..."

ကျောက်လင်က ပေါ့ပေါ့ပါးပါးပင် ရေရွတ်လိုက်သည်။

ထို့နောက် ချက်ချင်းပင် ကျောက်လင်သည် ကံကြမ္မာနတ်ဘုရားအဆင့်စာရင်း မှတစ်ဆင့် ယွီဝမ်ချန်ထံသို့ စာတစ်စောင် ပေးပို့လိုက်ပြီး ပျံသန်းထွက်ခွာသွား၏။

တဲအတွင်း၌ ယွီဝမ်ချန်သည် ကောင်းကင်မှ ကျဆင်းလာသော စာကို လှမ်းဖမ်းလိုက်ပြီး ယင်း၏ ပါဝင်သော အကြောင်းအရာများကို ကြည့်လိုက်သည်။

"ငါ့ကို စောင့်နေ... ဒီနေ့ည လာခေါ်မယ်..."

ဤစကားလုံး အနည်းငယ်ကို မြင်လိုက်ရသောအခါ ယွီဝမ်ချန်မှာ ချက်ချင်းပင် စိတ်အေးသွားခဲ့၏။

"မင်းသမီး... ဘာဖြစ်လို့လဲ..."

ယွီဝမ်ချန်၏ မျက်နှာအမူအရာ ပြောင်းလဲသွားသည်ကို မြင်လိုက်ရသောအခါ လုတုံဝေ့က သိချင်စိတ်ဖြင့် မနေနိုင်ဘဲ မေးလိုက်သည်။

"ဝေ့မြို့စားနဲ့ အကြီးအကဲဖန်... မစိုးရိမ်ပါနဲ့... ကျွန်မသူငယ်ချင်းက စာပို့လိုက်တယ်... ကျွန်မတို့ ကယ်တင်ခံရပြီ..."

ယွီဝမ်ချန်က အပြုံးလေးဖြင့် ပြန်ဖြေလိုက်၏။

လုတုံဝေ့နှင့် ဖန်လျန်ရှန်းတို့သည် အချင်းချင်း ကြည့်လိုက်ကြပြီး ယွီဝမ်ချန်အား အနည်းငယ် နားမလည်နိုင်သော အမူအရာဖြင့် ကြည့်လိုက်ကြသည်။

နဝမအဆင့် သိုင်းပညာရှင်တစ်ယောက်၏ စောင့်ကြည့်မှုအောက်တွင် သူတို့ မည်သို့ ကယ်တင်ခံရမည်ကို နှစ်ယောက်စလုံး နားမလည်နိုင်ဖြစ်နေကြ၏။

ထိုအချိန်တွင် ကျောက်လင်သည် ဝမ့်ရှန်းတောင်တန်းရှိ တောင်ကြီးတစ်တောင်သို့ ရောက်ရှိသွားပြီး သဘာဝလှိုဏ်ဂူတစ်ခုကို ရှာတွေ့ခဲ့သည်။

"ပထမဆုံး... ဒီနေရာမှာ ဟင်းလင်းပြင်တံခါးကို တပ်ဆင်ရမယ်..."

ကျောက်လင်က ပြုံး၍ ပြောလိုက်ပြီးနောက် ဂူအတွင်းသို့ ချက်ချင်း ပျံသန်းဝင်ရောက်သွား၏။

ချက်ချင်းပင် ကျောက်လင်သည် ဝိညာဉ်သလင်းကျောက်တစ်ခုကို ထုတ်ယူကာ ၎င်းအတွင်းရှိ ဝိညာဉ်စွမ်းအင်အားလုံးကို စုပ်ယူလိုက်ပြီး ဟင်းလင်းပြင်ပုတီးစေ့အတွင်းသို့ ထည့်လိုက်ရာ ၎င်းက ဟင်းလင်းပြင်တံခါး အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

"ဟင်းလင်းပြင်တံခါး... တပ်ဆင်လိုက်စမ်း..."

ကျောက်လင်က စိတ်ဖြင့် အမိန့်ပေးလိုက်ရာ အသစ်ဖွဲ့စည်းလိုက်သော ဟင်းလင်းပြင်တံခါးသည် ကျောက်တံတိုင်းအတွင်းသို့ ပေါင်းစပ်သွား၏။

ဤနည်းဖြင့် ကျောက်လင်သည် ဤလှိုဏ်ဂူသို့ အချိန်မရွေး ချက်ချင်း နေရာရွှေ့ပြောင်းရန် ဟင်းလင်းပြင်ပုတီးစေ့၏ စွမ်းအားကို အသုံးပြုနိုင်မည် ဖြစ်သည်။

"ထျဲ့လင်တောင်ကို အရင်ပြန်မယ်... လုယက်ထားတဲ့ ပစ္စည်းတွေအကုန်လုံးကို ထုတ်ယူပြီးရင် ပြန်လာခဲ့မယ်..."

ကျောက်လင်က ပြုံး၍ ထပ်ပြောလိုက်၏။

ထောက်ပံ့ရေးလှည်းများကို သိမ်းပိုက်ပြီးနောက် ဟင်းလင်းပြင်ပုတီးစေ့အတွင်း၌ ပစ္စည်းကိရိယာများနှင့် ရိက္ခာအများအပြားကို သိမ်းဆည်းထားခဲ့ပြီး အထူးသဖြင့် သံမဏိခွာ စာမရီ ကောင်ရေ ရှစ်သောင်းကျော်ကို သူတို့၏ မွေးမြူရေးခြံသို့ ပြောင်းရွှေ့ရန် လိုအပ်နေသောကြောင့် ဖြစ်သည်။

ကျောက်လင်သည် ဟင်းလင်းပြင်ပုတီးစေ့ကို လက်ထဲတွင် ကိုင်ထားလိုက်သည်။ ၎င်း၏ ဝိညာဉ်စွမ်းအင်များကို ဟင်းလင်းပြင်ပုတီးစေ့အတွင်းသို့ ပို့လွှတ်လိုက်ပြီးနောက် အဖြူရောင် အလင်းတန်းတစ်ခုက ကျောက်လင်၏ ခန္ဓာကိုယ်ကို ဖုံးလွှမ်းသွား၏။ ရုတ်တရက် ဟင်းလင်းပြင်စွမ်းအားတစ်ခု ထွက်ပေါ်လာပြီး ကျောက်လင်၏ ခန္ဓာကိုယ်ကို သယ်ဆောင်သွားခဲ့သည်။

နောက်တစ်ခဏ၌ ကျောက်လင်၏ ပုံရိပ်သည် ထျဲ့လင်တောင် အောက်ခြေတွင် တပ်ဆင်ထားသော ဟင်းလင်းပြင်တံခါးထံတွင် လေဟာပြင်ထဲမှ ရုတ်တရက် ပေါ်လာခဲ့သည်။

ပစ္စည်းများအားလုံးကို ချယူလိုက်ပြီး ၎င်းတို့ဘေးရှိ မြေပြန့်ပေါ်တွင် စုပုံထားလိုက်၏။

ထို့နောက် ကျောက်လင်သည် ပျံသန်းသွားကာ မွေးမြူရေးခြံသို့ လျင်မြန်စွာ ရောက်ရှိသွားသည်။

သံမဏိခွာ စာမရီ အကောင်ရေ ရှစ်သောင်းကျော်ကို လွှတ်ပေးလိုက်၏။

ရုတ်တရက် ဟင်းလင်းပြင်ပုတီးစေ့သည် ထပ်မံ၍ အမှောင်ထုဖုံးလွှမ်းနေသော ဟင်းလင်းပြင်နယ်ပယ်တစ်ခု ဖြစ်သွားပြီး ၎င်းအတွင်း၌ မည်သည့်ပစ္စည်းမျှ မရှိတော့ချေ။

"အခု အနောက်ပိုင်းဒေသစစ်တပ်နဲ့ သွားတွေ့လို့ရပြီ..."

ကျောက်လင်က အနည်းငယ် ပြုံးလိုက်ပြီး ဟင်းလင်းပြင်ပုတီးစေ့ကို ထပ်မံဆုပ်ကိုင်ကာ နေရာရွှေ့ပြောင်းသွားခဲ့၏။

ဝမ့်ရှန်းတောင်တန်းရှိ လှိုဏ်ဂူထဲမှ ထွက်ပေါ်လာပြီးနောက် ကျောက်လင်သည် မဟာလီစစ်တပ်၏ တပ်စခန်းအထက် ကောင်းကင်ယံသို့ တိတ်ဆိတ်စွာ ပြန်လည်ပျံသန်းသွားခဲ့သည်။

ထို့နောက် ကျောက်လင်သည် တပ်စခန်းအစွန်သို့ ဆင်းသက်လိုက်ပြီး မြေကြီးကို လက်ဖြင့် ချက်ချင်း ထိလိုက်၏။

ကျောက်လင်သည် မြေအောက်မှနေ၍ ဥမင်လှိုဏ်ခေါင်းတစ်ခုကို တူးဖော်ကာ ယွီဝမ်ချန်၏ တဲအောက်သို့ ရောက်ရှိသွားသည်။

သို့သော်လည်း နဝမအဆင့် ကောင်းဖန်နိုင်ငံမှ သိုင်းပညာရှင်က တဲကို စောင့်ကြည့်နေသောကြောင့် ကျောက်လင်သည် ယခုအချိန်တွင် တဲအတွင်းသို့ မြေကြီးကို မတူးဖော်ခဲ့ဘဲ သူ၏ဆန္ဒအလျောက် ကိုယ်ထင်မပြနိုင်ခဲ့ပေ။

"အနောက်ပိုင်းဒေသစစ်တပ်က စစ်သည်နှစ်သိန်းလုံးကို ဟင်းလင်းပြင်ပုတီးစေ့ထဲ ပြောင်းရွှေ့ဖို့ ငါ ဟင်းလင်းပြင်ပုတီးစေ့ကို သုံးချင်တယ်... အဲ့ဒီ နဝမအဆင့် သိုင်းပညာရှင် မသိအောင် ငါ ဘယ်လို တိတ်တိတ်လေး လုပ်ရမလဲ..."

ထိုအချိန်တွင် ကျောက်လင်က တည်ငြိမ်စွာ ရေရွတ်လိုက်၏။

ကျောက်လင်သည် စနစ်မျက်နှာပြင်ပေါ်ရှိ စနစ်ဈေးဆိုင်သို့ ချက်ချင်း အာရုံစိုက်လိုက်သည်။

မကြာမီပင် ကျောက်လင်သည် သူလိုချင်သော ပစ္စည်းကို ရှာတွေ့သွားခဲ့၏။

[သစ်ပင်ချုံနွယ်တိုင်းက စစ်သည်တော်များ အစီအရင် - စနစ်အမှတ် ၂၅၀,၀၀၀,၀၀၀]

ဤအရာသည် နဝမအဆင့် အစီအရင်တစ်ခု ဖြစ်သည်။ အောင်မြင်စွာ တပ်ဆင်ပြီးသည်နှင့် ကျောက်လင်သည် အစီအရင်နေရာလွတ်အတွင်းရှိ ပေါင်းပင်များနှင့် သစ်ပင်များကို အသုံးပြု၍ စစ်သည်များ၏ တည်ရှိနေမှုကို ပုံဖော်ရန် ဤအစီအရင်ကို ခြယ်လှယ်နိုင်ပြီး တစ်ချိန်တည်းမှာပင် အစစ်အမှန် စစ်သည်များ၏ တည်ရှိနေမှုကို ဖုံးကွယ်ထားနိုင်သည်။

"လုံးဝကို ပြီးပြည့်စုံတယ်..."

သစ်ပင်ချုံနွယ်တိုင်းက စစ်သည်တော်များ အစီအရင်အတွက် အစီအရင်ပြားကို ရရှိပြီးနောက် ကျောက်လင်သည် မြေအောက်၌ ဆက်လက်တူးဖော်ကာ တပ်စခန်းအစွန်ရှိ နေရာကိုးခုသို့ ရောက်ရှိသွားပြီး ထိုနေရာများတွင် အစီအရင်ပြားကိုးခုကို ချထားလိုက်သည်။

ထို့နောက် ကျောက်လင်သည် ဝိညာဉ်သလင်းကျောက်ကိုးခုကို ထုတ်ယူကာ အစီအရင်ပြားကိုးခုစလုံးကို အသက်သွင်းလိုက်၏။

မျက်စိဖြင့်မမြင်နိုင်သော လောကစွမ်းအားတစ်ခု ပျံ့နှံ့သွားပြီး တပ်စခန်းတစ်ခုလုံးကို လျင်မြန်စွာ လွှမ်းခြုံသွားသည်။

ကျောက်လင်၏ အသိစိတ်သည် သစ်ပင်ချုံနွယ်တိုင်းက စစ်သည်တော်များ အစီအရင်နှင့် သဟဇာတဖြစ်နေသည်။ ဤအခိုက်အတန့်တွင် သူသည် မည်သည့်စစ်သည်၏ အငွေ့အသက်ကိုမျှ မပြောင်းလဲခဲ့ပေ။ သူသည် မြေကြီးထဲမှ ပျံသန်းထွက်လာပြီး သူ၏ အငွေ့အသက်ကို ပျံသန်းနေသော ခြင်တစ်ကောင်၏ အငွေ့အသက်အဖြစ်သို့ ပြောင်းလဲရန် အစီအရင်၏ စွမ်းအားကို ချက်ချင်း အသုံးပြုလိုက်၏။

မကြာမီပင် ကျောက်လင်သည် ယွီဝမ်ချန်ရှိနေသော တဲဆီသို့ ပျံသန်းသွားခဲ့သည်။

တစ်ချိန်တည်းမှာပင် ကျောက်လင်သည် တပ်စခန်းအတွင်း မြေကြီးပေါ်ရှိ တောရိုင်းမြက်သုံးပင်၏ သက်စောင့်စွမ်းအင်ကို ယွီဝမ်ချန်၊ လုတုံဝေ့နှင့် ဖန်လျန်ရှန်းတို့၏ သက်စောင့်စွမ်းအင်အဖြစ် ပုံဖော်ကာ အစီအရင်၏ စွမ်းအားကို ထိန်းချုပ်လိုက်ပြီး လူသုံးယောက်၏ အစစ်အမှန် သက်စောင့်စွမ်းအင်များကမူ တောရိုင်းမြက်များ၏ သက်စောင့်စွမ်းအင် ဖြစ်သွားခဲ့သည်။

"ခင်ပွန်း..."

ယွီဝမ်ချန်သည် ကျောက်လင် ရုတ်တရက် ပေါ်လာသည်ကို မြင်လိုက်ရသဖြင့် အံ့အားသင့်သွား၏။

မည်သို့ပင်ဆိုစေကာမူ ကောင်းဖန်နိုင်ငံမှ နဝမအဆင့် သိုင်းပညာရှင်က ဤတဲအတွင်းရှိ တစ်စုံတစ်ရာကို အချိန်တစ်လျှောက်လုံး အာရုံခံနေခဲ့သည် မဟုတ်ပါလား။

အကယ်၍ ကျောက်လင်သာ ထိုနဝမအဆင့် သိုင်းပညာရှင်၏ သတ်ဖြတ်ခြင်းကို ခံလိုက်ရပါက သူမသည် ဘဝတစ်သက်တာလုံး နောင်တရနေမည် ဖြစ်သည်။

"အခုက အချိန်အရမ်းအရေးကြီးတယ်... အတိတ်ကို ပြန်ပြောနေဖို့ အချိန်မဟုတ်ဘူး..."

"ချန်အာ... အနောက်ပိုင်းဒေသစစ်တပ်က တပ်ဖွဲ့တွေအားလုံးကို ဒီတဲဆီ ချက်ချင်း အမိန့်ပေးလိုက်ပါ... လူတိုင်းကို ဝိညာဉ်ရတနာ နေရာလွတ်ထဲ စုစည်းပြီးရင် ဒီနေရာကနေ ခေါ်သွားမယ်..."

ကျောက်လင်က ချက်ချင်းပင် ထိုသို့ ပြောလိုက်၏။

"အာ..."

ယွီဝမ်ချန်၊ လုတုံဝေ့ နှင့် ဖန်လျန်ရှန်းတို့က အံ့သြတကြီး ရေရွတ်လိုက်ကြသည်။

"လင်ပွမ်း... ကောင်းဖန်နိုင်ငံက နဝမအဆင့် သိုင်းပညာရှင်က ကျွန်မတို့ကို စောင့်ကြည့်နေတာ... ခင်ပွန်း အခု ချက်ချင်း ထွက်သွားမှရမယ်... မဟုတ်ရင် ဖမ်းဆီးခံရလိမ့်မယ်..."

ယွီဝမ်ချန်က ရုတ်တရက် အော်ပြောလိုက်၏။

"မစိုးရိမ်ပါနဲ့... ငါ့သူငယ်ချင်းက တပ်စခန်းတစ်ခုလုံးမှာ နဝမအဆင့် အစီအရင်တစ်ခုကို တပ်ဆင်ထားပြီးပြီ... အဲ့ဒါက နဝမအဆင့်သိုင်းပညာရှင်ကို တပ်စခန်းထဲက ပုံမှန်မဟုတ်တဲ့ အရာတွေကို အာရုံမခံနိုင်အောင် သေချာပေါက် လုပ်ပေးနိုင်တယ်..."

ကျောက်လင်က တည်ငြိမ်စွာ ပြောလိုက်သည်။

ထိုသူသုံးယောက်စလုံးသည် ကျောက်လင်အား အံ့သြမှုနှင့် သံသယများဖြင့် ထပ်မံကြည့်လိုက်ကြ၏။

သို့သော်လည်း ကျောက်လင် တဲအတွင်းသို့ ရောက်လာပြီးနောက် နဝမအဆင့် သိုင်းပညာရှင် ရောက်မလာသည်ကိုလည်း သူတို့သုံးယောက် သတိထားမိလိုက်ကြသည်။

ဆိုလိုသည်မှာ ကျောက်လင်က အမှန်တရားကို ပြောနေခြင်း ဖြစ်သည်။

"တကယ်ပဲ အဲ့လို အစီအရင်မျိုး ရှိနေတာလား..."

"ကောင်းလိုက်တာ... ကျွန်မတို့ရဲ့ အနောက်ပိုင်းဒေသစစ်တပ် ကယ်တင်ခံရပြီ..."

ယွီဝမ်ချန်သည် ဘာဖြစ်နေသည်ကို ချက်ချင်း သဘောပေါက်သွားပြီး ကျောက်လင်၏ အနီးသို့ စိတ်လှုပ်ရှားစွာ ပြေးသွားခဲ့၏။ အခြားနှစ်ယောက်၏ ရှေ့တွင် သူမသည် ကျောက်လင်အား မည်သည့် တွေဝေမှုမျှမရှိဘဲ နမ်းလိုက်သည်။

"ဝေ့မြို့စား... သွားပြီး စစ်သည်တွေအားလုံးကို စခန်းဆီ လာဖို့ အခုချက်ချင်း အမိန့်ပေးလိုက်ပါ..."

ချက်ချင်းပင် ယွီဝမ်ချန်သည် မည်သည့် တွေဝေမှုမျှမရှိဘဲ အမိန့်ပေးလိုက်၏။

All Chapters