အခန်း (၅၇-၅၈)
Vol. 6 Ch. 57-58
အခန်း (၅၇)
အမှားကို အခွင့်အရေးအဖြစ် ပြောင်းလဲခြင်း
"အို... ဘုရားသခင်... ဒါအရာက နောက်ပြောင်မှုတစ်ခု သက်သက်ပဲလား..."
"မင်းက ဘယ်သူလဲ... ငါတို့ရဲ့ သမ္မတကြီးက ဘယ်မှာလဲ..."
"ငါတော့ ရူးသွားပြီ ထင်တယ်... သမ္မတကြီးက ဘာလို့ ဒီမှာ ရပ်နေနိုင်ရတာလဲ... သူက အခုချိန်မှာ လဲလျောင်းနေရမှာ မဟုတ်လား..."
အမေရိကန်သမ္မတသည် အစောင့်အရှောက်များစွာ၏ အလယ်၌ ရှေ့သို့ ထွက်လာခဲ့လေသည်...။
"လူကြီးမင်းတို့... စိတ်အေးအေးထားကြပါ..."
"အင်တာနက်ပေါ်မှာ ပျံ့နှံ့နေတဲ့ ကောလဟာလတွေနဲ့ ပတ်သက်ပြီး ကျွန်တော် ပြောနိုင်တာကတော့... ကံမကောင်းစွာနဲ့ပဲ ကျွန်တော် အသက်ရှင်နေဆဲပါပဲ... အဲဒီ ကောလဟာလတွေ ဘယ်က ရောက်လာသ လဲဆိုတာ ကျွန်တော် မသိပေမဲ့ ကျွန်တော် အသက်ရှင်နေတယ်ဆိုတာကိုတော့ ခင်ဗျားတို့ကို ပြောနိုင်ပါ တယ်... ဟုတ်ပါတယ်... ကျွန်တော် အသက်ရှင်နေဆဲပါ..."
သူ့အား လာရောက် နှုတ်ဆက်ကြသူများမှာမူ အမျက်ချောင်းချောင်း ထွက်သွားကြရလေသည်...။
"လူလိမ်တွေ... ငါ ဗီဒီယိုထဲမှာ သေချာ မြင်လိုက်ရတာ... မင်း လဲလျောင်းနေတာတင် မကဘူး ၊ ဒုတိယ သမ္မတနဲ့ ဝန်ကြီးတွေ အကုန်လုံး ဝမ်းနည်းပူဆွေးနေကြတာလေ... အခုတော့ ခင်ဗျားက အသက်ရှင်နေ သေးတယ် ဟုတ်လား..."
"လူလိမ်ကြီး... ဒီကိစ္စအတွက် ဘယ်သူက တာဝန်ယူမှာလဲ..."
"စင်ပေါ်က ဆင်းသွားစမ်း... ငါတို့က ပြန်လည် ရှင်သန်လာတဲ့သူတစ်ယောက်ရဲ့ ဦးဆောင်မှုကို မလိုချင် ဘူး..."
အမေရိကန်သမ္မတမှာမူ မတရားသဖြင့် အစွပ်စွဲခံရသကဲ့သို့ ခံစားနေရ၏...။
"လိမ်လည်မှု ဟုတ်လား... "
*ငါကိုယ်တိုင်လည်း ဘာတွေ ဖြစ်နေသလဲဆိုတာ သိချင်နေတာပါ...။ ဒါပေမဲ့... ဗီဒီယိုထဲက ငါ ဆိုတဲ့ သူက ငါ မဟုတ်ဘူးဆိုတာ ငါ သိတယ်... ပြီးတော့ ဗီဒီယိုထဲက အရာရှိကြီးတွေကလည်း တကယ့် အရာရှိတွေ မဟုတ်ဘဲ သရုပ်ဆောင်တွေ ဖြစ်နိုင်တယ်...။ ဒါပေမဲ့ သူတို့က သရုပ်ဆောင်တွေဆိုရင် ဘယ်လိုလုပ်ပြီး ရုပ်သံဌာနတွေ ၊ ငါ့ရဲ့ ရုံးခန်းတွေနဲ့ အမျိုးသား ညီလာခံ ခန်းမတွေထဲမှာ ရောက်နေနိုင်ရ တာလဲ...*
သူသည် စိတ်မကောင်း ဖြစ်နေသော်လည်း ရှင်းပြရန် ကြိုးစားရပေတော့မည်...။
ထိုအချိန်တွင် ဒုတိယ သမ္မတ ရောက်ရှိလာခဲ့လေသည်...။ သူမသည် အစပိုင်းတွင် ဗီဒီယိုထဲက ကောလ ဟာလများကို မြင်ပြီး ဒေါသထွက်ခဲ့သော်လည်း နောက်ပိုင်းတွင်မူ သူမကိုယ်တိုင် မဟုတ်မှန်း သိသဖြင့် ထိတ်လန့်သွားခဲ့ရလေတော့၏...။
သို့သော် ယခုအခါ တစ်ကမ္ဘာလုံးက သူမအား ရာထူးတက်ရန် လောနေသူတစ်ဦးအဖြစ် သတ်မှတ်နေကြ ပြီ ဖြစ်ချေသည်...။
ထို့ကြောင့် သူမသည် ရှင်းပြရန်အတွက် သမ္မတကြီး၏ နေအိမ်ဆီသို့ အပြေးအလွှား ရောက်ရှိလာခဲ့ခြင်း ဖြစ်ပေ၏...။
သို့သော် သူမ ရောက်ရှိသွားသည့် အခါတွင်မူ သမ္မတကြီးသည် ပြည်သူများ၏ တံတွေးဖြင့် ထွေးခြင်း ၊ ကျိန်ဆဲခြင်း ခံနေရသည်ကို မြင်တွေ့လိုက်ရလေတော့သည်...။
နှုတ်ဆက်ရန် လာရောက်သူများသည် မိမိတို့ ကိုင်ဆောင်ထားသော ပန်းစည်းများနှင့် နိုင်ငံတော် အလံ များကို သမ္မတ၏ ရှေ့သို့ ပစ်ပေါက်နေကြပြီး အချို့မှာမူ ဖိနပ်များဖြင့်ပင် စင်ပေါ်သို့ လှမ်းပေါက်နေ ကြလေသည်...။
တစ်စုံတစ်ယောက်က အော်ဟစ်လိုက်၏...။
"ရာထူးက ဆင်းပေး... ရာထူးက ဆင်းပေး..."
ဒုသမ္မတသည် ရှင်းပြရန်အတွက် ရှေ့သို့ ထွက်ရန် စိတ်ကူးမရှိတော့ပေ...။
အခြေအနေက ဤသို့ ဖြစ်လာပြီဖြစ်ရာ အမှားကို အခွင့်အရေးအဖြစ် အသုံးချလိုက်လျှင် မကောင်းပေ ဘူးလား...။
အကယ်၍ ယခုအချိန်တွင် သမ္မတမှာ တကယ်တော့ 'သရုပ်ဆောင်' တစ်ယောက် သို့မဟုတ် 'လူ စားထိုး' တစ်ယောက်သာ ဖြစ်ကြောင်း ပြောလိုက်မည်ဆိုလျှင် လူအချို့က ယုံကြည်ကြလိမ့်မည်ဟု သူမ ထင်မိလေသည်...။
မည်သို့ပင်ဖြစ်စေ လက်ရှိ ခေါင်းဆောင်အပေါ် ထောက်ခံမှုနှုန်းက မများလှသဖြင့် ဤအမှားကို အခွင့် အရေးအဖြစ် ပြောင်းလဲကာ အာဏာသိမ်းလိုက်ခြင်းကသာ အကောင်းဆုံး ဖြစ်ပေလိမ့်မည်...။
ဤအတွေး ပေါ်ပေါက်လာသည်နှင့် သူမသည် ထိုအတွေးကို ထပ်မံ၍ မထိန်းချုပ်နိုင်တော့ပေ...။
သူမသည် ဗီဒီယိုထဲ၌ ပါဝင်သော ဝန်ကြီးအချို့ကို အရေးပေါ် ဆက်သွယ်ကာ စကားချင်း ညှိနှိုင်းလိုက် လေသည်...။
ဤသည်မှာ အထွေထွေ ရွေးကောက်ပွဲတွင် အနိုင်ရရန် ကြိုးစားရသည်ထက် များစွာ ပိုမို လွယ်ကူလှ ပေသည်...။
အကျိုးအမြတ် ခွဲဝေခြင်းနှင့် အာဏာ ခွဲဝေခြင်းတို့ပင် ဖြစ်၏...။
သမ္မတသည် ရှင်းပြရန် ကြိုးစားနေစဉ်မှာပင် စစ်သားတစ်ဖွဲ့ ရုတ်တရက် ရောက်ရှိလာခဲ့လေ သည်...။ ၎င်းတို့ကို သမ္မတကိုယ်တိုင် ရာထူးတိုးမြှင့်ပေးထားသော ကြယ်ငါးပွင့်အဆင့် ဗိုလ်ချုပ် ကြီး ချားလ်စ်က ဦးဆောင်လာခြင်း ဖြစ်လေ၏...။
ချားလ်စ်သည် ခန့်ညားထည်ဝါသော အသွင်ဖြင့် သမ္မတကို ညွှန်ပြကာ အမိန့်ပေးလိုက်လေသည်...။
"သူ့ကို ဖမ်းလိုက်ကြ..."
သမ္မတသည် သူ ရာထူးတိုးပေးထားသော လက်အောက်ငယ်သားမှာ မိမိအား ကူညီရန် ရောက်လာ သည်ဟု ထင်မှတ်ထားခဲ့သော်လည်း...၊
နောက်တစ်ခဏတွင်မူ ထိုလူများက မိမိ၏ အစောင့်အရှောက်များကို တုပ်နှောင်ကာ မိမိဆီသို့ လျှောက် လာသည်ကို မြင်တွေ့လိုက်ရသည့် အခါတွင်မူ မှင်သက်သွားရလေတော့သည်...။
"တောက်... မင်းတို့ ဘာလုပ်နေကြတာလဲ... ငါက သမ္မတလေ..."
ချားလ်စ်က လှောင်ပြုံး ပြုံးလိုက်၏...၊
"မင်းရဲ့ သရုပ်ဆောင်မှုက အတော်လေးကို လွန်သွားပြီ... သမ္မတကြီးက မနေ့ညက ကွယ်လွန်သွားပြီ ဖြစ်သလို မင်းက သူနဲ့ ရုပ်ချင်းတူတဲ့ သရုပ်ဆောင်တစ်ယောက်ပဲ... မင်းက သမ္မတကြီး အစစ်အဖြစ် ဟန်ဆောင်ဖို့ ကြိုးစားနေတာလား... သရုပ်ဆောင်ကြီး... မင်းကို ဖမ်းဆီးလိုက်ပြီ..."
"တောက်... တောက်... ငါ သိပြီ... ဒါ ဒုသမ္မတရဲ့ လက်ချက် မဟုတ်လား... ငါ သိနေခဲ့တာ... ဒါ သူမရဲ့ လက်ချက်ပဲ မဟုတ်လား..."
"သူ့ကို စကားပေးမပြောနဲ့..." ဟု ချားလ်စ်က အော်ဟစ်လိုက်လေသည်...။
မြင်ကွင်းတစ်ခုလုံးမှာ ချက်ချင်းပင် တိတ်ဆိတ်သွားခဲ့ရ၏...။ လူများက ဘာတွေ ဖြစ်ပျက်နေသနည်း ဆိုသည်ကို သိရှိသွားကြသော်လည်း ဤမြင်ကွင်းမှာ တကယ်ပင် အဓိပ္ပာယ် မရှိလှပေ...။
*သရုပ်ဆောင်တစ်ယောက်က ငါတို့ သမ္မတ ရဲ့ နေအိမ်ထဲကို ဘယ်လိုများ ပေါ်ပေါ်တင်တင်ရောက် နေနိုင်ရတာလဲ... ပြီးတော့ အစောင့်တွေကလည်း သူ့ကို ဘာလို့ ယုံကြည်နေခဲ့ကြတာလဲ...*
ထိုအချိန်တွင် ဒုသမ္မတနှင့် ဝန်ကြီးအချို့မှာ တည်ငြိမ်သော အမူအရာဖြင့် ရှေ့သို့ ထွက်လာ ခဲ့ကြလေသည်...။
"ကျွန်မအနေနဲ့ ဝမ်းနည်းစွာနဲ့ပဲ အသိပေးရမှာကတော့... ရှင်တို့ အခုလေးတင် မြင်တွေ့ခဲ့ရတာဟာ နောကပြောင်မှုတစ်ခုသာ ဖြစ်ပါတယ်... ဒါပေမဲ့ ကျွန်မတို့ ပြောပြရမှာကတော့ မနေ့ညက... ကျွန်မတို့ အလေးထားရတဲ့ ၊ ထက်မြက်လှတဲ့ ခေါင်းဆောင်ကြီးဟာ သူရရှိထားတဲ့ ဒဏ်ရာတွေကြောင့် ကွယ်လွန် သွားခဲ့ရပါပြီ..."
အံ့ဩတကြီး ရေရွတ်သံများ ထွက်ပေါ်လာခဲ့လေသည်...။
အချို့က ဝမ်းနည်းပူဆွေးမှုကို စတင် ပြသခဲ့ကြသော်လည်း... လူအများစုကမူ သက်ပြင်းချလိုက်ကြ၏။
"ငါ ထင်ပါတယ် ၊ သမ္မတက သေချာပေါက် သေသွားခဲ့ပြီဆိုတာကို... "
...
ကောင်းယွမ်သည် 'ကမ္ဘာမြေကို ကယ်တင်ခြင်း' ရုပ်ရှင်အပေါ် ဝေဖန်ချက်များနှင့် မှတ်ချက်များကို ဖတ်နေစဉ်မှာပင်...၊ သတင်းတစ်ခု ရုတ်တရက် တက်လာခဲ့လေသည်...။
"အမေရိကန်သမ္မတရုံး၏ ပြောရေးဆိုခွင့်ရှိသူက သမ္မတကြီးသည် မနေ့ညက ကွယ်လွန်သွားပြီဖြစ် ကြောင်း အတည်ပြုလိုက်ပြီ ဖြစ်သည်...။ ဒုတိယ သမ္မတသည်လည်း ရင်ပြင်၌ ပြည်သူများကို နှစ်သိမ့် ပေးနေခဲ့သည်..."
ကောင်းယွမ်သည် အစပိုင်းတွင် 'ကောလဟာလ' ဟု ထင်မှတ်ထားခဲ့သော်လည်း တရားဝင် မီဒီယာတစ် ခုက တင်ထားသော သတင်းဖြစ်သည်ကို မြင်လိုက်ရသည့် အခါတွင်မူ သူသည် မှင်သက်သွားရလေ တော့သည်...။
*အမေရိကန်သမ္မတက တကယ်ပဲ သေသွားတာလား...*
*ဒီလောက်အထိ တိုက်ဆိုင်နိုင်ပါ့မလား...*
*ဘာတွေ ဖြစ်ပျက်နေလဲဆိုတာကို ငါ နားမလည်နိုင်တော့ဘူး...*
ထိုအချိန်တွင် ဖုန်းမြည်လာခဲ့လေသည်...။
သိပ္ပံနှင့် နည်းပညာဇုန်မှ ရှလင်က ဖုန်းဆက်လာခြင်း ဖြစ်၏...။ သူမက ကမ္ဘာတစ်ဝှမ်းရှိ ထုတ်လုပ်သူ များထံမှ ချစ်ပ်ပြား အော်ဒါများ အမြောက်အမြား ရရှိနေကြောင်း ပြောကြားခဲ့လေသည်...။
လက်ရှိတွင် ရရှိထားသော အော်ဒါများမှာ နောက်လာမည့် သုံးနှစ်အတွင်း ထုတ်လုပ်နိုင်သည့် ပမာဏ ဖြစ်သော ချစ်ပ်ပြား သိန်းပေါင်း တစ်သောင်း (၁၀ ဘီလီယံ) အထိ ရှိနေခဲ့ပြီ ဖြစ်သည်...။ စရန်ငွေကတင် ယွမ် တစ်ထရီလီယံ ကျော်နေပြီဖြစ်ပြီး ၎င်းသည် ယွမ် ငါးထရီလီယံ တန်ဖိုးရှိသော ဈေးကွက်ကြီးပင် ဖြစ်ပေတော့သည်...။
ကောင်းယွမ်မှာ အံ့အားသင့်သွားရလေသည်...။
"ရှောင်ရှ... ငါတို့က ပိတ်ဆို့အရေးယူခံထားရတာ မဟုတ်လား... အဲဒီ ကုမ္ပဏီတွေက ရူးကုန်ကြပြီ လား..."
"ဥက္ကဋ္ဌကောင်း... ရှင် သတင်းတွေ မကြည့်ဘူးလား... အမေရိကန်သမ္မတ သေသွားပြီလေ... အခု ဒုတိယ သမ္မတက အာဏာရနေတာ... သူမက ကျွန်မတို့အပေါ် ပိတ်ဆို့ထားမှုတွေကို ရုပ်သိမ်းလိုက်ကြောင်း ဗီဒီယို ထုတ်ပြန်ခဲ့တယ်လေ... လုပ်ထုံးလုပ်နည်းတွေ မပြီးသေးပေမဲ့ ထုတ်လုပ်သူတွေကတော့ မစောင့် နိုင်ကြတော့ဘူးလေ..."
"ဟူး..."
ကောင်းယွမ်သည် ဖုန်းချလိုက်ပြီးနောက် မျက်စိပျက်မျက်နှာပျက်ဖြင့် ကျန်းပိုင်ရီကို ကြည့်လိုက်လေ သည်...။
"ဒီကမ္ဘာကြီးက ရူးသွားပြီလို့ မင်း ထင်လား..."
ကျန်းပိုင်ရီက ခေတ္တမျှ တွေဝေသွားပြီးမှ ပြန်လည် ဖြေခဲ့လေသည်...။
"ဖြစ်နိုင်တာပဲ..."
"တကယ့်ကို စိတ်လှုပ်ရှားဖို့ ကောင်းတာပဲ... မနေ့ညက ငါတို့ ဘာတွေ လုပ်ခဲ့ကြတာလဲ... ကမ္ဘာ့အခြေ အနေကို ပြောင်းလဲပစ်လိုက်တာလား..."
"ဟုတ်တယ်... ငါတို့က... အမေရိကန်ကို အောင်အောင်မြင်မြင်နဲ့ ဝင်ရောက် စွက်ဖက်နိုင်ခဲ့တာပဲ..."
ကျန်းပိုင်ရီသည်လည်း ပိတ်ဆို့မှုများမှာ ဤကဲ့သို့ လွယ်လင့်တကူ ပြေလည်သွားလိမ့်မည်ဟု မယုံကြည် နိုင်ဘဲ ရှိနေခဲ့၏...။
*အမေရိကန် ဒုသမ္မတကတော့ တကယ့်ကို တစ်မျိုးပဲနော်... အမှားကို အခွင့်အရေးအဖြစ် ပြောင်းလဲပစ် လိုက်နိုင်တာလား...။ ဒါဆိုရင် နောက်ပိုင်းမှာ သူမကို ဒုက္ခပေးချင်တဲ့သူတွေ ရှိလာရင် ဗီဒီယို တစ်ခု လောက် ပို့ပေးလိုက်ရုံပဲပေါ့...*
*ဒါ့ပြင် ဒီ ဒုသမ္မတက သူမရဲ့ အနောက်ကွယ်မှာရှိတဲ့ အကျိုးစီးပွား အုပ်စုတွေကို ဒီလောက်တိုတောင်း တဲ့ အချိန်အတွင်းမှာ ဘယ်လိုများ ကိုင်တွယ်နိုင်ခဲ့တာလဲ...။ သမ္မတ၏ မိသားစုတွေ ၊ အမှုထမ်းတွေ နဲ့ ဆေးရုံက လူတွေကော...။ တကယ့်ကို အံ့ဩစရာပဲ...*
ကျန်းပိုင်ရီသည် မျက်လုံးကို မှေးလိုက်ပြီး ပြောလိုက်လေသည်...။
"လောင်ကောင်း... ငါ့မှာ ရဲတင်းတဲ့ အတွေးတစ်ခု ရှိတယ်..."
"ဘာတွေ တွေးနေတာလဲ..."
"ငါ့ကို အဲဒီ ဦးနှောက်လှိုင်းပုံရိပ်ဖော်ကိရိယာလေး ခဏလောက် ငှားပါလား... ငါ ဂိမ်းတစ်ခုလောက် ဆော့ချင်လို့..."
"မရဘူး... မင်း ဘာတွေ တွေးနေသလဲဆိုတာ ငါ သိတယ်... မင်းက အဲဒီ 'ဟာမိုင်ယွန်နီ' အမ်မာဝပ်ဆင် ကို စိတ်ကူးယဉ်နေတာ မဟုတ်လား..."
"ဟဲဟဲ... မင်းဆီက ဖုံးကွယ်လို့ မရတော့ဘူးပဲ... ငါက သူမ ငါ့ကို လက်ထပ်တော့မယ့်အကြောင်း တရားဝင် ကြေညာချင်လို့ပါ... အဲဒီနောက်မှာ ဘာတွေ ဆက်ဖြစ်မလဲဆိုတာ ကြည့်ရတာပေါ့..."
ကောင်းယွမ်သည် ခဏမျှ တွေဝေသွားသော်လည်း သူ၏ အတွင်းစိတ်ထဲက အတင်းအဖျင်း သိချင် စိတ်ကို မထိန်းချုပ်နိုင်ခဲ့ပေ...။
"လောင်ကျန်း... ငါ မင်းကို ငှားပေးမယ် ၊ ဒါပေမဲ့ အခြေအနေတစ်ခုတော့ ရှိတယ်... သူမကို ငါတို့ရဲ့ ရုပ်ရှင်အတွက် ကြော်ငြာပေးဖို့ မင်း ပြောရမယ်နော်..."
"ပြဿနာ မရှိပါဘူး... ငါတို့က တစ်မိသားစုတည်းတွေ ဖြစ်သွားတော့မှာပဲဥစ္စာ... ဟဲဟဲဟဲ..."
...
မကြာမီမှာပင် ပြည်ပ လူမှုကွန်ရက် စာမျက်နှာပေါ်၌ အမ်မာဝပ်ဆင် ၏ အကောင့်အသစ်ဟု ဆိုသော အကောင့်တစ်ခုမှ ဗီဒီယိုတစ်ခု တက်လာခဲ့လေသည်...။
ဗီဒီယိုထဲ၌ ဆွဲဆောင်မှုရှိပြီး ကျော့ရှင်းလှပသော အမ်မာဝပ်ဆင် သည် ဟိုတယ် အခန်းတစ်ခုအတွင်း၌ အိမ်နေရင်းဝတ်စုံကို ဝတ်ဆင်ထားပြီး သူမ၏ဘေး၌ အမျိုးသားတစ်ဦး ရှိနေခဲ့လေသည်...။
ထိုအမျိုးသားက သူမ၏ ပခုံးကို ရင်းနှီးစွာ ဖက်ထားပြီး အမ်မာဝပ်ဆင် က ကင်မရာကို ကြည့်ကာ ပျော်ရွှင်စွာ ပြုံးလျက် ပြောကြားနေသည်မှာ ...၊
"ကျွန်မ အခု တရားဝင် ကြေညာချင်တာရှိပါတယ်... ကျွန်မ ရှနိုင်ငံက ကျန်းနဲ့ ချစ်သူတွေ ဖြစ်နေကြပါ ပြီ... တစ်ကမ္ဘာလုံးက ပရိသတ်တွေ ကျွန်မကို ဂုဏ်ပြုပေးကြပါဦးရှင်... အော်... နောက်တစ်ခုကတော့ ကျန်းရဲ့ ကုမ္ပဏီက ထွက်ထားတဲ့ 'ကမ္ဘာမြေကို ကယ်တင်ခြင်း' ဆိုတဲ့ သိပ္ပံရုပ်ရှင်က တကယ်ကို ကောင်း ပါတယ်... အားလုံးပဲ ရုပ်ရှင်ရုံတွေမှာ သွားကြည့်လိုက်ကြပါဦးနော်..."
အခန်း (၅၈)
ဗီဒီယိုမှာ အတုဖြစ်ကြောင်း
အမ်မာဝပ်ဆင်၏ ပရိသတ်အင်အားစုမှာ အလွန်ပင် ကြီးမားလှပေသည် ။
ထိုဗီဒီယိုမှာ အချိန်တိုအတွင်း၌ အနှံ့အပြားသို့ ပျံ့နှံ့သွားခဲ့ရာ အချို့သူများမှာ ဝမ်းနည်းပူဆွေးစွာ ငိုကြွေး ကြပြီး ၊ အချို့ကမူ လှောင်ပြောင် သရော်ကြလေသည် ။ အချို့သောသူများမှာမူ ကျန်းပိုင်ရီအား အသေ အလဲ စိန်ခေါ်ရန်ပင် ပြင်ဆင်နေကြတော့သည် ။
[ကျွန်တော့်ရဲ့ နတ်ဘုရားမလေးရယ် ... ဘာလို့ ဒီလောက်တောင် အချစ်မြန်ရတာလဲ ...]
[ဒါဟာ သေချာပေါက် အတုပဲ ဖြစ်ရမယ် ...]
[သူမက မင်းသားကိုတောင် ငြင်းပယ်ခဲ့တာလေ ... ငါ့အတွက်တော့ သူမက တစ်ဘဝလုံးစာ အဖော်မွန် လို့ ထင်ထားခဲ့တာ ၊ ဘာဖြစ်လို့ ရှနိုင်ငံက အမျိုးသားတစ်ယောက်ကိုမှ ရွေးချယ်ခဲ့ရတာလဲ ... အဲဒီလူက ဘယ်သူလဲ ... ငါ သူ့ကို သတ်ပစ်မယ် ...]
ထိုဗီဒီယို၏ သက်ရောက်မှုမှာ အလွန်ပင် ကြီးမားလှပြီး လူမှုကွန်ရက် စာမျက်နှာများပေါ်၌ လူပြော အများဆုံး အကြောင်းအရာတစ်ခု ဖြစ်လာခဲ့လေသည် ။
"ဝပ်ဆင်က သူမ၏ ချစ်သူကို ထုတ်ဖော်ကြေညာလိုက်ခြင်း…"
"ကမ္ဘာမြေကို ကယ်တင်ခြင်း ရုပ်ရှင် ..."
အင်တာနက် အသုံးပြုသူ သန်းနှင့်ချီ၍ ထိုအကြောင်းအရာ နှစ်ခုအပေါ် အာရုံစိုက်နေကြလေသည်။
လူတိုင်းသည် မိမိတို့၏ နတ်ဘုရားမကို မည်သူက ခိုးယူသွားသနည်းဆိုသည်ကို သိချင်နေကြသလို ၊ ထိုရုပ်ရှင်မှာ မည်သည့်အကြောင်းအရာ ဖြစ်သနည်းဆိုသည်ကိုလည်း စူးစမ်းချင်နေကြ၏ ။
ရုပ်ရှင် ကုမ္ပဏီတစ်ခုမှာမူ ဤသည်မှာ ရှနိုင်ငံတွင် အခြေခံထားသော သိပ္ပံစိတ်ကူးယဉ် ရုပ်ရှင်ဖြစ်ပြီး ၊ ယခုမှပင် ရုံတင်ပြသနေခြင်း ဖြစ်ကြောင်း သိရှိသွားသည့်အခါ အလုအယက် လက်မှတ်များ ဖြတ်ကြ လေတော့သည် ။
"ငါတို့နိုင်ငံကို ဒီရုပ်ရှင် ရောက်လာအောင် သေချာပေါက် လုပ်ရမယ် ... "
...
မကြာမီမှာပင် ရုပ်ရှင်ရိုက်ကူးနေသော ဝပ်ဆင်သည် ထိုဗီဒီယိုကို မြင်တွေ့သွားခဲ့လေသည်။ သူမမှာမူ လုံးဝ မှင်သက်သွားရတော့၏ ။ ဗီဒီယိုထဲ၌ သူမအား ဖက်ထားသော အမျိုးသားမှာ မည်သူမှန်း သူမ လုံးဝ မသိရှိပေ ။
ထို့ပြင်၊ *ငါ ရှနိုင်ငံကို ဘယ်တုန်းက သွားခဲ့လို့လဲ ... *
ယခင်ကဆိုလျှင် သူမသည် ဤကဲ့သို့သော ကောလဟာလများကို လျစ်လျူရှုထားမည် ဖြစ်သော်လည်း ၊ ယခုအခါတွင်မူ ဗီဒီယို သက်သေအထောက်အထား ရှိနေသဖြင့် သက်ရောက်မှုမှာ အလွန်ပင် ကြီးမားလှ ပေသည် ။
ထို့ပြင် ဗီဒီယိုမှာ အလွန်ပင် လက်တွေ့ဆန်လှသဖြင့် ကျွမ်းကျင်သူများက စစ်ဆေးကြည့်သည့် အခါ၌ပင် ဖြတ်ညှပ်ကပ် လုပ်ထားခြင်း သို့မဟုတ် ပုံရိပ်ပြင်ဆင်ထားခြင်း အစအနမျှ မတွေ့ရကြောင်း အတည်ပြု ခဲ့ကြလေသည် ။
*ဒီကိစ္စက ငါကိုယ်တိုင် ရှင်းပြမှ ဖြစ်တော့မယ် ... *
ဝပ်ဆင်သည် ထိုဗီဒီယိုအား မည်သို့ ဖန်တီးထားမှန်း မသိသော်လည်း ၊ သူမသည် ရှနိုင်ငံသို့ တစ်ခါမျှ မရောက်ဖူးကြောင်းနှင့် ယခုအခါ၌လည်း ရုပ်ရှင်ရိုက်ကူးနေဆဲ ဖြစ်ကြောင်းကို ရိုက်ကူးရေး အဖွဲ့သား အားလုံးက သက်သေပြနိုင်ကြပေသည် ။
ထို့ကြောင့် သူမသည် ရိုက်ကူးရေး အဖွဲ့သားများနှင့်အတူ ရှင်းလင်းချက် တစ်စောင် ထုတ်ပြန်လိုက် လေသည် ။
"ကျွန်မက ဝပ်ဆင်ပါ ... အွန်လိုင်းမှာ ပျံ့နှံ့နေတဲ့ ကောလဟာလတွေနဲ့ ပတ်သက်ပြီး ကျွန်မ ရှနိုင်ငံကို တစ်ခါမှ မသွားဖူးသလို ၊ ရှနိုင်ငံသား အမျိုးသားတစ်ယောက်နဲ့လည်း ချစ်သူမဖြစ်ဖူးပါဘူး ... ဗီဒီယိုထဲ က လူကိုလည်း ကျွန်မ တစ်ခါမှ မတွေ့ဖူးပါဘူး ... အခုအချိန်မှာ ကျွန်မက ရုပ်ရှင်ရိုက်ကွင်းထဲမှာပဲ ရှိနေ တာဖြစ်ပြီး အချိန်အားလုံးကို အဖွဲ့သားတွေနဲ့ပဲ ကုန်ဆုံးနေတာပါ ..."
ဤဗီဒီယို ထွက်ပေါ်လာသည့် အခါတွင်မူ ... ဝပ်ဆင်၏ ပရိသတ်များမှာ ဝမ်းသာအားရ ငိုကြွေးကြလေ တော့သည် ။
[ငါ သိနေခဲ့တာပဲ ... ငါ သိနေခဲ့တာ ... ငါ့ရဲ့ နတ်ဘုရားမက ငါ့အပေါ် ဘယ်တော့မှ သစ္စာဖောက်မှာ မဟုတ်ဘူး ...]
[ဘုရားသခင်ကို ကျေးဇူးတင်ပါတယ် ... ဒါဟာ ကောလဟာလ တစ်ခုပဲ ဖြစ်နေလို့ပေါ့ ...]
[အဲဒီ ဗီဒီယိုကို ဖန်တီးတဲ့သူကတော့ တကယ့်ကို ယုတ်မာလွန်းတယ် ၊ သူ ဒါကို ဘယ်လိုများ လုပ်လိုက် တာလဲ ...]
မည်သည့် အချိန်၌မဆို အားယားနေသော်လည်း အမှားအမှန်ကို ခွဲခြားနိုင်စွမ်း ရှိသူများမှာ အမြဲတမ်း ရှိနေတတ်ကြပေသည် ။
ဂျက်သည် ထိုကဲ့သို့သော လူမျိုးပင် ဖြစ်၏ ။ သူသည် အားယားနေရုံတင် မကဘဲ နည်းပညာပိုင်း၌လည်း ကျွမ်းကျင်သူတစ်ဦး ဖြစ်ပေသည် ။
ဝပ်ဆင်၏ ဗီဒီယိုမှာ ယခင်က သမ္မတ ကွယ်လွန်သွားပြီဖြစ်ကြောင်း ကြေညာခဲ့သည့် ဗီဒီယိုနှင့် အလွန်ပင် ဆင်တူနေကြောင်း သူ သတိပြုမိလိုက်လေသည် ။
အကြောင်းအရာပိုင်း မဟုတ်ဘဲ ရိုက်ကူးမှု ပုံစံ ၊ အရောင်အသွေးနှင့် ကင်မရာ လှုပ်ရှားမှုများမှာ တူညီ နေခြင်း ဖြစ်ပေ၏ ။
ထို့ကြောင့် လူအချို့က စတင်၍ ခွဲခြမ်းစိတ်ဖြာကြလေတော့သည် ။ အထူးသဖြင့် မူလ ဗီဒီယို တင်ထား သည့် အကောင့်၏ အိုင်ဒီ ကို စစ်ဆေးကြည့်သည့် အခါတွင်မူ ၎င်းတို့အားလုံးမှာ တူညီသော ပုံရိပ် ယောင် အိုင်ပီ လိပ်စာမှ လာခြင်း ဖြစ်ကြောင်း တွေ့ရှိခဲ့ရလေသည် ။
ဤတွေ့ရှိချက်မှာ ဂျက်အား အလွန် စိတ်လှုပ်ရှားသွားစေခဲ့၏ ။ သူသည် တုန်လှုပ်ဖွယ်ရာ လျှို့ဝှက်ချက် တစ်ခုကို ရှာဖွေတွေ့ရှိလိုက်သကဲ့သို့ပင် ဖြစ်သည် ။
ထို့ကြောင့် သူသည် ဆက်လက် စုံစမ်းစစ်ဆေးခဲ့ရာ ဒုသမ္မတ၏ ဗီဒီယိုမှာလည်း အဆိုပါ ဗီဒီယို နှစ်ခုနှင့် ထပ်တူကျနေကြောင်း တွေ့ရှိခဲ့ရပြန်လေသည်။ ၎င်းတို့ အားလုံးတွင် တူညီသော ကင်မရာ ရိုက်ချက် များကို အသုံးပြုထားခြင်း ဖြစ်၏။
သာမန်လူများ ဗီဒီယို ရိုက်ကူးသည့် အခါတွင် မှန်ဘီလူး၏ အလင်းဆိုင်ရာ ဝိသေသများကြောင့် အနည်း ငယ် ပုံပျက်ခြင်းများ ဖြစ်ပေါ်တတ်လေသည်။ ဤသည်မှာ မှန်ဘီလူး၏ ထူးခြားချက်ပင် ဖြစ်၏ ။
ဂျက်သည် နည်းပညာ ကျွမ်းကျင်သူတစ်ဦး ဖြစ်သည့်အတွက် ဈေးကွက်ထဲရှိ လက်ကိုင်ဖုန်းများနှင့် ကင်မရာ မှန်ဘီလူး အားလုံးနီးပါးကို ခွဲခြမ်းစိတ်ဖြာနိုင်သော်လည်း ၊ ဤဗီဒီယို သုံးခုမှာမူ (၁၀၀) ရာခိုင် နှုန်း တိကျနေခဲ့ပေသည် ။ ထို့ပြင် အာရုံစူးစိုက်မှု မရှိဘဲ ... ၎င်းမှာ တကယ့် လူတစ်ယောက်က သင်၏ ရှေ့တွင် ရပ်၍ စကားပြောနေသကဲ့သို့ပင် ဖြစ်နေခဲ့လေသည် ။
ထို့ပြင် ဗီဒီယိုများ အားလုံးမှာ တူညီသော အိုင်ပီ လိပ်စာမှ လာခြင်း ဖြစ်သောကြောင့် ဂျက်သည် ၎င်းတို့ မှာ အတုများသာ ဖြစ်ကြောင်း သေချာသွားခဲ့ရလေသည် ။
ထို့နောက် သူသည် ဝပ်ဆင်၏ ခရီးစဉ်များကို စတင် စစ်ဆေးခဲ့လေသည် ။ အမေရိကန် ဖယ်ဒရယ် လေကြောင်း စီမံခန့်ခွဲရေးဌာန၏ စနစ်ထဲသို့ပင် ဝင်ရောက် စစ်ဆေးခဲ့သော်လည်း ဝပ်ဆင် ရှနိုင်ငံသို့ သွားရောက်ခဲ့သည့် မှတ်တမ်းအစအနကိုပင် မတွေ့ရှိခဲ့ပေ ။
ဝပ်ဆင်အနေဖြင့် အခြား နေရာတစ်ခုမှတစ်ဆင့် သွားရောက်ခဲ့ခြင်း ဖြစ်နိုင်သော်လည်း ၊ ဂျက်သည် ဗီဒီယိုထဲရှိ ဝပ်ဆင်၏ ရုပ်သွင်ကို ခွဲခြမ်းစိတ်ဖြာကြည့်ရာ သူမ ပြီးခဲ့သည့် လက လူသိရှင်ကြား ပေါ်ထွက် လာခဲ့သည့် အသွင်နှင့် တူညီနေကြောင်း တွေ့ရှိခဲ့ရလေသည် ။
လူတိုင်းသည် အချိန်ကာလအလိုက် သိမ်မွေ့သော ပြောင်းလဲမှုများ ရှိတတ်ကြသော်လည်း ၊ ထို ဗီဒီယို ထဲမှ ဝပ်ဆင်မှာ လွန်ခဲ့သော နှစ်လခန့်က အသွင်အပြင်မျိုး ဖြစ်နေခဲ့ပေသည် ။ သို့သော် ဝပ်ဆင်မှာမူ လွန်ခဲ့သော နှစ်လအတွင်း၌ လူသိရှင်ကြား ပေါ်ထွက်လာခဲ့ခြင်း မရှိပေ။
ဤအချက်က ထိုဗီဒီယိုမှာ အတုဖြစ်ကြောင်းကို သိသာထင်ရှားစေခဲ့လေသည် ။
ဗီဒီယို သုံးခုလုံးမှာ တူညီသော လိပ်စာမှ လာခြင်းဖြစ်ပြီး ရိုက်ကူးမှု အတတ်ပညာနှင့် ကိရိယာများမှာ လည်း ထပ်တူကျနေခဲ့သည် ။ ဝပ်ဆင်၏ ဗီဒီယိုမှာ အတုဖြစ်နေလျှင် ကျန်ရှိသော ဗီဒီယို နှစ်ခုမှာလည်း အတုများသာ ဖြစ်ရပေလိမ့်မည် ...။
ထို့ကြောင့် သူသည် သူ၏ ကောက်ချက်များကို ဗီဒီယိုတစ်ခု ဖန်တီး၍ လူမှုကွန်ရက် စာမျက်နှာပေါ်သို့ တင်လိုက်လေသည် ။
ဂျက်၏ ဆင်ခြင်တုံတရားနှင့် ခွဲခြမ်းစိတ်ဖြာမှုမှာ အလွန်ပင် ယုတ္တိရှိလှသဖြင့် အင်တာနက် အသုံးပြု သူများမှာ သူ့အား ယုံကြည်သွားကြလေတော့သည် ။
ထိုအချိန်တွင် တစ်စုံတစ်ယောက်က သတင်းအချက်အလက်များကို ပေါက်ကြားစေခဲ့၏ ။
ယနေ့နံနက်က သမ္မတသည် ရုပ်မြင်သံကြားမှတစ်ဆင့် မိန့်ခွန်းပြောကြားခဲ့ရုံသာမက ၊ သမ္မတရုံး၏ အပြင်ဘက် ရင်ပြင်၌ပင် လူသိရှင်ကြား ထွက်ရပ်ပြခဲ့သော်လည်း ၊ ထို ထုတ်ပြန်ချက်များမှာ အချိန်တို အတွင်းမှာပင် ပျောက်ကွယ်သွားခဲ့ခြင်း ဖြစ်သည် ။
အချို့သောသူများမှာ သမ္မတသည် လုံးဝ ကွယ်လွန်သွားခြင်း မရှိဘဲ သတင်းမှာ အတုသာ ဖြစ်မည်ဟု သံသယ ဝင်လာခဲ့ကြလေသည် ။
ဒုသမ္မတမှာမူ တရားဝင် ရာထူးတက်ရန် လုပ်ထုံးလုပ်နည်းများကို ဆောင်ရွက်နေဆဲ ဖြစ်ပြီး ၊ သမ္မတကို မူ သူမက မြို့ပြင်ရှိ အိမ်တစ်လုံးအတွင်း၌ အကျယ်ချုပ် ခချုပ်နှောင်ထားခဲ့ခြင်း ဖြစ်ပေသည် ။
သူမသည် ရာထူးတက် မိန့်ခွန်းပြောကြားရန် စိတ်လှုပ်ရှားစွာ ပြင်ဆင်နေစဉ်မှာပင် ...၊
သူမ၏ အတွင်းရေးမှူး ရောက်ရှိလာပြီး နားနားသို့ ကပ်၍ စကားအချို့ ပြောကြားခဲ့လေသည် ။ သူမ၏ မျက်နှာမှာ ချက်ချင်းပင် ပျက်ယွင်းသွားခဲ့ရပြီး ၊ ရာထူးတက်ပွဲ အခမ်းအနားကို ခေတ္တ ဆိုင်းငံ့ထားရန် အချက်ပြလိုက်လေသည် ။
ရုံးခန်းအတွင်းသို့ ပြန်ရောက်သည့် အခါ၌မူ ဒုသမ္မတ၏ မျက်နှာမှာ တည်တင်းနေခဲ့ပေသည်။
"ဘာတွေ ဖြစ်ကုန်တာလဲ ..."
"ဗီဒီယိုက အတုဖြစ်ကြောင်း တစ်စုံတစ်ယောက်က ခွဲခြမ်းစိတ်ဖြာပြလိုက်ပါတယ် ... ။ သမ္မတကို ထောက်ခံသူ အများအပြားကလည်း အမှန်တရားကို ဖော်ထုတ်ပေးဖို့ တောင်းဆိုနေကြပါတယ် ... ။ ဗီဒီယိုထဲမှာ ဘာတွေ ဖြစ်ပျက်ခဲ့သလဲဆိုတာကို အာဏာပိုင်တွေဘက်က ရှင်းပြပေးဖို့ သူတို့က လိုလား နေကြတာပါ ..."
ဒုသမ္မတမှာမူ အကျပ်ရိုက်နေခဲ့လေသည် ။ အခြေအနေက ဤအဆင့်သို့ ရောက်ရှိနေပြီဖြစ်ရာ နောက်သို့ ပြန်ဆုတ်ရန်မှာမူ လုံးဝ မဖြစ်နိုင်တော့ပေ ။ ထိုလူများအနေဖြင့် ဤအချက်ကို စောစောစီးစီး သိရှိခဲ့ကြ လျှင် တကယ်ပင် ကောင်းခဲ့မည် ဖြစ်သည် ... ။
ဒုသမ္မတသည်ကား ဤကဲ့သို့သော အတွေးမျိုး ရှိလိမ့်မည် မဟုတ်ပေ ။
သို့သော် ယခုအခါတွင်မူ အာဏာပိုင်များက ကွယ်လွန်သွားပြီဖြစ်ကြောင်း လူသိရှင်ကြား ကြေညာထား ပြီး ဖြစ်လေသည် ။ သမ္မတမှာ "သေဆုံးသူ" သာ ဖြစ်ရတော့မည်ဖြစ်ပြီး ၊ ဒုသမ္မတသည်လည်း သူမ၏ အနောက်မှ အကျိုးစီးပွား အုပ်စုများနှင့် အစိုးရ အဖွဲ့ဝင် ဝန်ကြီးများကြား၌ သဘောတူညီချက် ရရှိထား ပြီး ဖြစ်လေ၏ ။
သမ္မတမှာ အသက်ကြီးလာပြီဖြစ်ရာ ထိန်းချုပ်ရ ခက်ခဲလှသလို ၊ တစ်ခါတစ်ရံ၌လည်း စိတ်လိုက်မာန်ပါ လုပ်ဆောင်တတ်ပြီး စဉ်းစားဆင်ခြင်မှု မရှိဘဲ စကားပြောတတ်သောကြောင့် အမှားအယွင်းများစွာ ဖြစ် ပေါ်စေခဲ့သည် မဟုတ်ပါလား ။ အချို့သူများမှာ မကျေနပ်မှုများ ရှိနေကြသော်လည်း ရာထူးသက်တမ်း မကုန်သေးသဖြင့် သည်းခံနေခဲ့ကြခြင်းသာ ဖြစ်ပေသည် ။
ယခုအခါ ဤအကြောင်းပြချက်ကို ရရှိထားပြီးဖြစ်ရာ ... ၎င်းတို့သာ လက်ခံလိုက်မည်ဆိုလျှင် သမ္မတ အား တရားဝင် လဲလှယ်ပစ်နိုင်မည် ဖြစ်ပေသည် ။
အရာအားလုံးမှာ အဆင်ပြေချောမွေ့နေစဉ်မှာပင် တစ်စုံတစ်ယောက်က ပြဿနာ လာရှာနေခဲ့လေသည် ။ဒုသမ္မတသည် ထိုဗီဒီယိုမှာ အတုဖြစ်ကြောင်း သိရှိထားသည်မှာ သေချာလှပေသည် ။
သို့သော် ၎င်းမှာ တကယ့်ကို လက်တွေ့ဆန်လွန်းလှသဖြင့် ကျွမ်းကျင်သူများပင် အမှားရှာမတွေ့နိုင်ခဲ့ ခြင်းသာ ဖြစ်၏ ။ ထို့ကြောင့်သာ သူမသည် "အာဏာသိမ်းရန်" ဝံ့ရဲခဲ့ပြီး မိမိ၏ ရာထူးကို အတည်ပြုနိုင်ခဲ့ ခြင်း ဖြစ်ပေသည် ။
သို့သော် အခြေအနေများမှာ ပြောင်းလဲလာနေခဲ့ပြီ ဖြစ်သည် ။
သမ္မတ၏ ပြိုင်ဘက်ဟောင်း ဖြစ်သော အရှေ့ပိုင်းဘုရင်ကပင် ရှေ့သို့ ထွက်လာပြီး သမ္မတ မည်သည့် နေရာသို့ ရောက်ရှိနေသနည်းဆိုသည်ကို ရှင်းပြရန် တောင်းဆိုလာခဲ့လေသည် ။
ဤသည်မှာ ခက်ခဲသော ပြဿနာတစ်ခုပင် ဖြစ်၏ ... ။
အရှေ့ပိုင်းဘုရင်မှာမူ အထက်တန်းလွှာ လူတန်းစား၏ စွန့်ပယ်ခြင်းကို ခံထားရသူ ဖြစ်သော်လည်း ၊ ဒုသမ္မတမှာမူ အထက်တန်းလွှာ တစ်ရပ်လုံး၏ ထောက်ခံမှုကို ရရှိထားသူ ဖြစ်သဖြင့် သူမသည် မည်သူ့ ကိုမျှ ကြောက်ရွံ့နေခြင်း မရှိပေ ။
"မင်းတို့ ဘာတွေ လုပ်နေကြတာလဲ ... အဲဒီ ကုမ္ပဏီကြီးတွေကို သွားရှာပြီး အဲဒီလူတွေရဲ့ အကောင့်တွေ ကို ပိတ်ပစ်ခိုင်းလိုက်စမ်းပါ ... အရေးကြီးတဲ့ အချိန်မျိုးမှာ မတော်တဆမှုတွေ ဖြစ်လာနိုင်တာပဲလေ ၊ အတိုချုပ် ပြောရရင် ဒီကိစ္စကို ဒီမှာတင် အဆုံးသတ်ရမယ် ၊ ဒီအကြောင်းအရာက အင်တာနက်ပေါ်မှာ နောက်ထပ် ပေါ်မလာစေနဲ့ ... နားလည်လား ..."
"နားလည်ပါပြီ ..."
...
ကောင်းယွမ်နှင့် ကျန်းပိုင်ရီတို့သည် ချင်ကျင်းမြို့၏ လမ်းမများပေါ်၌ အသားကင်များကို မြိန်ရှက်စွာ စားသောက်ရင်း အလွန်ပင် ပျော်ရွှင်နေကြလေသည် ... ။
'ကမ္ဘာမြေကို ကယ်တင်ခြင်း' ရုပ်ရှင်၏ လူကြိုက်များမှုမှာ အရှိန်အဟုန်ဖြင့် မြင့်တက်လာနေပြီး ယနေ့ တွင် ရုံတင်ပြသမှုတိုင်းမှာ (၁၀၀) ရာခိုင်နှုန်း ပြည့်နှက်နေခဲ့လေသည် ... ။ မနက်ဖြန်တွင် ပြသမည့်နှုန်းကို (၃၅) ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမည် ဖြစ်၏ ။
၎င်းမှာ ဝမ်နန်ရုပ်ရှင်ရုံများရှိ ပိတ်ကား သုံးပုံတစ်ပုံကျော်ကို သိမ်းပိုက်ထားခြင်း ဖြစ်သလို ၊ အခြားသော ရုပ်ရှင်ရုံ အဖွဲ့အစည်းများကလည်း ပူးပေါင်း ဖြန့်ချိရန်အတွက် ဆွေးနွေးမှုများ ပြုလုပ်နေကြပြီ ဖြစ် သည် ။
'ကမ္ဘာမြေကို ကယ်တင်ခြင်း' မှာ ပိုမို အောင်မြင်လေလေ ငါးရံ့နက် နည်းပညာကုမ္ပဏီ၏ အမည်မှာ လည်း ပိုမို ထင်ရှားလေလေ ဖြစ်၏ ။ ရုပ်ရှင်ထဲ၌ ပါဝင်သော အဆင့်မြင့် နည်းပညာ အမျိုးမျိုးမှာလည်း မီဒီယာများကြား၌ ရေပန်းစားသော အကြောင်းအရာများ ဖြစ်လာခဲ့လေသည် ... ။
ကောင်းယွမ်သည် ဤအရှိန်အဟုန် အမြင့်ဆုံး အခြေအနေကို စောင့်ဆိုင်းပြီးမှ ၊ အခွင့်အရေးကို အရ ယူ၍ သတင်းစာရှင်းလင်းပွဲတစ်ခု ပြုလုပ်ကာ 'လက်ပတ်ဖုန်း' ၏ အယူအဆကို ထုတ်ဖော်ပြသရန် စီစဉ်ထားခဲ့လေသည် ။ သို့သော် ၎င်းအား ရောင်းချပေးဦးမည် မဟုတ်ဘဲ ... စားသုံးသူများ၏ စိတ်ထဲ၌ ကြိုတင်၍ အမှတ်အသားတစ်ခု ထားရှိရန်သာ ဖြစ်ပေသည် ။
သိပ္ပံစိတ်ကူးယဉ် ရုပ်ရှင်ထဲက အရာများကို ငါးရံ့နက် နည်းပညာကုမ္ပဏီက နောက်ဆုံးတွင် အကောင် အထည် ဖော်နိုင်လိမ့်မည်ဆိုသည်ကို ၎င်းတို့အား သိရှိစေလိုခြင်းပင် ဖြစ်တော့သည် ... ။