← Chapters

အခန်း ၁၃၇

Vol. 13 Ch. 137

အခန်း ၁၃၇

Vol. 13 Ch. 137

အခန်း၁၃၇ - ဒုတိယအဆင့် ကြေးအရေပြားသံမဏိအရိုး

ဒုန်း...

စွန့်ပစ်ကားတစ်စီးသည် ကောင်းကင်ယံမှ ရုတ်တရက် ပြုတ်ကျလာပြီး ယာဉ်တန်း၏ ပထမဆုံးကားရှေ့တည့်တည့်သို့ ပြင်းထန်စွာ ဆောင့်မိသွား၏။

ကျိ...ကျွီ...ကျွီ

စူးရှသည့် ကားဘရိတ်အုပ်သံများ ဆက်တိုက် ထွက်ပေါ်လာပြီး သူတို့သည် ထိုစွန့်ပစ်ကားနှင့် တိုက်မိလုနီးပါး ဖြစ်သွားခဲ့သည်။

ရှန့်ဟုန်ပင်းသည် သူ၏ကားကို နောက်သို့ လျင်မြန်စွာ ဆုတ်လိုက်ပြီး ထိုအတားအဆီးကို ရှောင်ကွင်းရန် ကားစတီယာရင်ကို အရှိန်အဟုန်ဖြင့် လှည့်လိုက်၏။

သို့သော် ကံဆိုးစွာပင် စွန့်ပစ်ကားများ၊ ကွန်ကရစ်တုံးများနှင့် ဇွန်ဘီများပါမကျန်ယာဉ်တန်းထံသို့ တရစပ် လွင့်ပျံလာတော့သည်။

"တောက်..."

ဂေါ်ရီလာဇွန်ဘီက တွေ့ရာပစ္စည်းများသာမက ရူးသွပ်ဇွန်ဘီများကိုပါ ဖမ်းယူပြီး လေထဲသို့ပစ်နေ၏။ ၄င်းတို့ ယာဉ်တန်းအနီးသို့ ကျရောက်လာသည်ကို နောက်ကြည့်မှန်မှတစ်ဆင့် မြင်တွေ့ရသောအခါ ဝမ်ထောင်သည် သက်ပြင်းချရင်း ဆဲဆိုလိုက်မိ၏။

ဂေါ်ရီလာဇွန်ဘီသည် တမင်တကာ လုပ်ဆောင်နေခြင်းလား သို့မဟုတ် မတော်တဆလားတော့ မသိပါ။

မိမိတို့ပတ်ဝန်းကျင်၌ အတားအဆီးများ ပိုမို များပြားလာပြီး ကားများ ဆက်လက် ရွေ့လျားနိုင်ခြင်း မရှိတော့သည်ကို မြင်လျှင် ဝမ်ထောင်က ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

"ကားကို ဆက်မောင်း။ အဘိုးကြီးဝေ၊ ဟန်ရွှေ... ငါနဲ့အတူ အောက်ဆင်းပြီး အတားအဆီးတွေကို ရှင်းမယ်"

ဝမ်ထောင်သည် ပထမဦးစွာ မိမိကိုယ်ကိုယ် ခုခံဆေးရည်တစ်လုံး ထိုးလိုက်၏။ သူသည် ခေါင်းစွပ်ဇွန်ဘီကို နှိမ်နင်းစဥ်က ဤဆေးရည်ကို မသုံးခဲ့သဖြင့် ယခုအသုံးပြုနိုင်သည် ။

ထို့နောက် သူသည် ကားတံခါးကို ချက်ချင်း ဖွင့်၍ ခုန်ဆင်းလိုက်ပြီး ဝေကျန့်ကော်နှင့် ဟန်ရွှေတို့ကလည်း နောက်မှ လိုက်လာကြသည်။

ဝမ်ထောင်သည် ပုဆိန်ကို ကိုင်ကာ လေထဲသို့ ခုတ်ပိုင်းလိုက်ပြီး ရှေ့တည့်တည့်သို့ တုန်ခါမှုလှိုင်းတစ်ခု ထုတ်လွှတ်လိုက်၏။

【-၁၅၄၃】

【-၁၃၀၄】

【-၁၄၆၇】

【...】

ဂေါ်ရီလာဇွန်ဘီ လွှဲပေါက်လိုက်သဖြင့် သွေးနည်းနေသော ရူးသွပ်ဇွန်ဘီများသည် ချက်ချင်း ပေါက်ကွဲသွားကြပြီး ၄င်းတို့၏ ပြတ်တောက်သွားသော လက်ခြေများ က မြေပြင်အနှံ့ ကျရောက်သွားကာ လမ်းကြောင်းကို ချက်ချင်း ပွင့်လင်းသွားစေသည်။

ဝေကျန့်ကော်သည်လည်း ဇွန်ဘီအချို့ကို သတ်ဖြတ်ရန် တုန်ခါမှုလှိုင်းကို အသုံးပြုလိုက်၏။ ဟန်ရွှေကမူ လမ်းကြောင်းလွတ်စေရန် အပျက်အစီးများကို ဖယ်ရှားပေးသည်။

မကြာမီ အတားအဆီး အစိတ်အပိုင်းအချို့ ရှင်းလင်းသွားခဲ့ပြီ ဖြစ်၏။

"ကားတွေ အရင်သွား၊ တို့တွေ နောက်ကနေ ကာကွယ်မယ်"

ကားလေးစီးသည် ရှင်းထားသော လမ်းကြောင်းလွတ်မှ သီသီလေး ဖြတ်ကျော်သွားစဥ်မှာပင် အခြား စွန့်ပစ်ယာဉ်တစ်စီး ကောင်းကင်မှ ထပ်မံ ပြုတ်ကျလာပြီး လမ်းကို တစ်ဖန် ပိတ်ဆို့သွားပြန်သည်။

ဂေါ်ရီလာဇွန်ဘီနှင့် ရူးသွပ်ဇွန်ဘီ အမြောက်အမြားသည်လည်း ထပ်ချပ်မကွာ လိုက်ပါလာကြပြီ ဖြစ်၏။

"အူး........"

ဂေါ်ရီလာဇွန်ဘီကြီးက ကျယ်လောင်စွာအော်ဟစ်လိုက်ပြီး သူနှင့် အနီးဆုံးတွင် ရှိနေသော ဝမ်ထောင်ထံသို့ လက်သီးဖြင့် ထိုးလိုက်တော့သည်။

ဂေါ်ရီလာဇွန်ဘီသည် ထွားကျိုင်းပုံရသော်လည်း ၄င်း၏ အရှိန်မှာ လုံးဝ မနှေးကွေးပေ။ ဆွေးမြည့်နေသော လက်သီးကြီးသည် မျက်စိတစ်မှိတ်အတွင်း ဝမ်ထောင်၏ မျက်နှာရှေ့သို့ ရောက်ရှိလာ၏။

ဤအခြေအနေတွင် ဝမ်ထောင်သည် ရှောင်တိမ်းရန် အရှိန်ပြင်းဝင်တိုက်စွမ်းရည်ကို အသုံးပြုနိုင်သော်လည်း မိမိ၏ နောက်ကွယ်၌ အတားအဆီးများ ရှိနေသဖြင့် သုံး မရပေ။ ဝမ်ထောင်သည် ထိုလက်သီးချက်ကို ထိပ်တိုက်ရင်ဆိုင်ရန် လက်မောင်းနှစ်ဖက်ကို ကြက်ခြေခတ်ပုံစံ ကာကွယ်ထားလိုက်ရုံသာ တတ်နိုင်တော့သည်။

ဒုန်း...

【-၂၁၅၆】

【၂၄၀၂/၄၉၉၉】

ဝမ်ထောင်သည် မြေသယ်ကားကြီးတစ်စီးနှင့် တိုက်မိသွားသလို ခံစားလိုက်ရ၏။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံး အပိုင်းပိုင်းအစစ ကြေမွသွားသကဲ့သို့ စူးရှသော နာကျင်မှုကို ခံစားလိုက်ရသည်။

ဒုန်း...

သူသည် နောက်ရှိ စွန့်ပစ်ကားပေါ်သို့ ပြင်းထန်စွာ ဆောင့်မိသွားရာ ကားပင် ​အနည်းငယ်ရွေ့လျားသွားပြီး ဝမ်ထောင်မှာ လည်း ထိုကားအတွင်းသို့ တိုက်ရိုက် နစ်ဝင်သွားခဲ့၏။

【-၃၂၅】

【၂၀၇၇/၄၉၉၉】

ဝမ်ထောင်သည် ခန္ဓာကိုယ်ပေါ်က နာကျင်မှုကို မခံစားရတော့ဘဲ မူးဝေနောက်ကျိမှုကိုသာ ခံစားနေရတော့သည်။

သူသည် ကားအတွင်းမှ တွားသွားကာထွက်လာပြီး သူဆောင့်မိသွားသော ကားမှာ ရွေ့လျားသွားသဖြင့် လမ်းကြောင်းကို အပြည့်အဝ ပွင့်လင်းသွားစေကြောင်း တွေ့လိုက်ရ၏။

ဂေါ်ရီလာဇွန်ဘီက ဝေကျန့်ကော်နှင့် ဟန်ရွှေထံသို့ အကြည့်လွှဲလိုက်သည်ကို မြင်လျှင် ဝမ်ထောင်က ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

"နောက်ပြန် အတင်းဝင်တိုက်"

ဝေကျန့်ကော်နှင့် ဟန်ရွှေတို့သည် ချက်ချင်း ပင် နောက်သို့လှည့်ကြည့်လိုက်ရာ သူတို့နောက်ရှိ အတားအဆီးများ ရှင်းလင်းသွားသည်ကို မြင်သဖြင့် အတင်းဝင်တိုက်စွမ်းရည်ကို အသက်သွင်းလိုက်ကြ၏။

ရုတ်တရက် တိုးညှင်းသော အလင်းဖြူတန်း သုံးခုသည် ဂေါ်ရီလာဇွန်ဘီနှင့် မီတာသုံးဆယ်ကျော် အကွာအဝေးသို့ ချက်ချင်း ရွေ့လျားသွားကြပြီး ၄င်း၏ တိုက်ခိုက်မှုအကွာအဝေးမှ ယာယီ ထွက်ပြေး လွတ်မြောက်သွားခဲ့သည်။

ခုနက ထွက်ခွာသွားသော ကားလေးစီးသည် တံခါးများကို ဖွင့်လျက် ၄င်းတို့အား အဆင်သင့် စောင့်ဆိုင်းနေကြ၏။

"တက်ကြ"

သူတို့ သုံးဦးစလုံး ကားပေါ်သို့ လျင်မြန်စွာ ခုန်တက်လိုက်ကြသည်။

ဝူး...

အင်ဂျင်သံများ ဟိန်းထွက်သွားပြီး ကားများသည် ချက်ချင်း အရှိန်မြှင့်လိုက်ကြ၏။

တောင်တက်ကား လေးစီးသည် ရှေ့သို့ အပြင်းမောင်းနှင်သွားကြပြီး ၄င်းတို့၏ နောက်ကွယ်တွင်မူ နှစ်ထပ်တိုက်မျှ မြင့်မားသော ဇွန်ဘီကြီးက အသည်းအသန် လိုက်လံ အမဲလိုက်နေသည်။ ထိုဇွန်ဘီကြီး၏ နောက်ကွယ်တွင်မူ ရူးသွပ်ဇွန်ဘီ အုပ်ကြီး ရှိနေကာ... ရွှေကျဲခရိုင်တစ်ခုလုံး တုန်ခါနေသကဲ့သို့ ခံစားရ၏။

"ဝမ်ထောင်... အဆင်ပြေရဲ့လား"

ပထမဆုံး တောင်တက်ကားအတွင်း၌ ရှန့်ဟုန်ပင်းနှင့် ဟန်ရွှေတို့သည် ဝမ်ထောင်ကို စိုးရိမ်တကြီး ကြည့်လိုက်ကြသည်။ သူတို့သည် ဝမ်ထောင်က ဂေါ်ရီလာဇွန်ဘီ၏ လက်သီးချက်ကို တိုက်ရိုက် ခံလိုက်ရသည်ကို မြင်တွေ့ခဲ့ရသည် မဟုတ်ပါလော။

"ငါ အဆင်ပြေပါတယ်..."

ဝမ်ထောင်သည် ဆေးရုံသုံးဆေးသေတ္တာတစ်လုံး အသုံးပြုလိုက်၏။ နာကျင်လှသော်လည်း အသက်အန္တရာယ် မရှိပေ။

ဝမ်ထောင် အဆင်ပြေပုံရသည်ကို မြင်မှသာ ထိုနှစ်ဦးစလုံး သက်ပြင်းချနိုင်ကြတော့သည်။

ရှန့်ဟုန်ပင်းသည် နောက်ကြည့်မှန်ကို လျင်မြန်စွာ လှမ်းကြည့်ပြီး ကျယ်လောင်စွာ ဆဲဆိုလိုက်၏။

"တောက်... တို့တွေ သူတို့ကို မျက်ချည်မဖြတ်နိုင်သေးဘူး"

မူလအစီအစဉ်အရ သူတို့သည် ယခုအချိန်တွင် ထွက်ပြေးလွတ်မြောက်ပြီး ဖြစ်ရမည်။ ဆုတ်ခွာသည့်လမ်းကြောင်းကိုပင် သေချာစွာ ရွေးချယ်ထားခြင်း ဖြစ်ပြီး ယာဉ်များ အပြည့်အဝအရှိန်နှုန်းဖြင့် မောင်းနှင်နိုင်စေရန် လမ်းကိုလည်း တမင်တကာ ရှင်းလင်းထားခဲ့သည်။ ရူးသွပ်ဇွန်ဘီတစ်ကောင်က မည်မျှပင် မြန်ဆန်ပါစေဦး အရှိန်အပြင်း မောင်းနှင်နေသော ကားများကိုမူ မကျော်လွန်နိုင်ပေ။

သို့သော် ဂေါ်ရီလာဇွန်ဘီကိုပါ ဤနေရာသို့ ဆွဲဆောင်ခြင်း ခံရလိမ့်မည်ဟု မည်သူက ထင်မှတ်ထားမည်နည်း။

၄င်းသည် ထွားကျိုင်းသော်လည်း အရှိန်က လုံးဝ မနှေးကွေးပေ။ အထူးသဖြင့် ၄င်းသည် ရံဖန်ရံခါတွင် စွန့်ပစ်ကားများ၊ လမ်းဘေးရှိ ကျောက်တုံးများနှင့် သူ၏ခြေရင်းရှိ ဇွန်ဘီများကို ကောက်ယူကာ ဝမ်ထောင်တို့အဖွဲ့ထံသို့ လွှဲပေါက်နေသေး၏။

ဤအခြေအနေသည် ယာဉ်တန်း၏ အရှိန်ကို အလွန် ထိခိုက်စေသဖြင့် ၄င်းတို့ကို မျက်ချေဖြတ်ရန် မတတ်နိုင်တော့ဘဲ နောက်မှ လိုက်လံ အမဲလိုက်နေသော ဇွန်ဘီအရေအတွက်မှာလည်း ပိုမို များပြားလာခဲ့သည်။

ခရိုင်တစ်ခုလုံးရှိ ရူးသွပ်ဇွန်ဘီအားလုံး မိမိတို့ကို လိုက်လံ အမဲလိုက်နေသည်ဟုပင် ဝမ်ထောင် သံသယဝင်မိ၏။

"တို့တွေ ဘာလုပ်ကြမလဲ။ ဇွန်ဘီတွေက ပိုပြီး နီးလာပြီ"

ဟန်ရွှေက စိုးရိမ်တကြီး ပြောလိုက်သည်။

ဝမ်ထောင်သည် သူတို့နောက်မှ ဇွန်ဘီများကို တစ်ချက်ကြည့်ပြီးနောက် လက်ထဲက မြေပုံကို ကြည့်ကာ ခက်ခဲသော ဆုံးဖြတ်ချက်တစ်ခုကို ချမှတ်လိုက်၏။

"အပြင်ပတ်လမ်းကို သွားမယ်"

ဝမ်ထောင်သည် ရွှေကျဲခရိုင် မြို့ပြဧရိယာအပြင်ဘက်တွင် သားရဲကောင်တစ်ကောင် ရှိနေကြောင်း ဝေကျန့်ကော်နှင့် အခြားသူများကို ကြိုတင် အသိပေးထားခဲ့ဖူးသဖြင့် ၄င်းတို့ ရိက္ခာရှာဖွေခြင်း ပြုလုပ်သည့်အခါ ထိုမြို့ပြင်ဧရိယာကို ပြတ်ပြတ်သားသား ရှောင်ကွင်းခဲ့ကြသည်။ အဆုံးသတ်တွင် ထိုအရာသည် ဂေါ်ရီလာဇွန်ဘီထက်ပင် ပိုမို ကြောက်မက်ဖွယ် ကောင်းနိုင်သည်ဟု ဝမ်ထောင် ပြောကြားခဲ့ဖူးသည် မဟုတ်ပါလား။

သို့သော် ယခုအခါတွင်မူ အခြား ရွေးချယ်စရာ လုံးဝ မရှိတော့ပေ။ အကယ်၍ ဇွန်ဘီများ၏ ဖမ်းဆီး ခြင်းကို ခံရပါက အားလုံး သေဆုံးသွားနိုင်ပြီး... ဂေါ်ရီလာဇွန်ဘီ မပါလျှင်ပင် ဤမျှများပြားသော ရူးသွပ်ဇွန်ဘီများကိုပင် သူတို့ ရင်ဆိုင်နိုင်မည် မဟုတ်ချေ။

ထို့ကြောင့် စွန့်စားရပေတော့မည် ။

"အားလုံး အပြင်ပတ်လမ်းကို ဦးတည်မယ်"

ရှန့်ဟုန်ပင်းသည် ကားစတီယာရင်ကို ချက်ချင်း လှည့်ကာ အပြင်ပတ်လမ်းသို့ မောင်းနှင်သွားတော့သည်။ နောက်ကွယ်က ကားသုံးစီးသည်လည်း ထပ်ချပ်မကွာ လိုက်ပါလာကြ၏။

နောက်မှပါလာသော ဇွန်ဘီများ ပိုမို နီးကပ်လာပြီး နောက်ဆုံးကားကို ဖမ်းမိလုနီးပါး ဖြစ်ပွားစဥ်မှာပင် ယာဉ်တန်းသည် နောက်ဆုံး၌ အပြင်ပတ်လမ်းသို့ ရောက်ရှိသွားခဲ့သည်။

အပြင်ပတ်လမ်းတွင် ကားများ လုံးဝ မရှိဘဲ အတားအဆီး ကင်းစင်နေသဖြင့် ယာဉ်လေးစီးစလုံး အရှိန်မြှင့်တင် မောင်းနှင်ကြတော့၏။

ဝူး...ဝူး

မကြာမီ ယာဉ်တန်းသည် နောက်မှပါလာသော ဇွန်ဘီများကို ဖြတ်ထုတ်နိုင်ခဲ့သည်။

၄င်းမှာ ကားများ ပိုမို မြန်ဆန်သွားခြင်းကြောင့်သာမက ဇွန်ဘီများကလည်း လိုက်လံ အမဲလိုက်ခြင်းကို ရပ်တန့်သွားခဲ့သောကြောင့် ဖြစ်၏။

ဂေါ်ရီလာဇွန်ဘီကြီးပင် လမ်းဝ၌ ရပ်တန့်သွားပြီး ရူးသွပ်ဇွန်ဘီများပါ တဖြည်းဖြည်း ရပ်တန့်သွားသည်ကို မြင်ရသော်လည်း ဝမ်ထောင်သည် စိတ်အေးမသွားဘဲ ပိုမို၍ သတိရှိလာခဲ့သည်။

"မြန်မြန်... မြန်မြန်... အရှိန်မြှင့်။ အပြင်ပတ်လမ်းကို အမြန်ဆုံး ဖြတ်ကျော်ပြီး နောက်လမ်းဆုံမှာ ခရိုင်ထဲကို ပြန်ကွေ့မယ်"

ကားလေးစီး၏ အရှိန်မှာ တစ်နာရီလျှင် ကီလိုမီတာ ၁၂၀ ကို ကျော်လွန်သွားခဲ့၏။

ဝမ်ထောင်သည် သွေးပမာဏ တစ်သောင်းရှိသော အရိပ်မည်းကြီး ရှိနေဆဲ ဖြစ်မည်ကို အလွန်စိုးရိမ်နေမိသည်။

ကံကောင်းထောက်မစွာဖြင့် ကံကြမ္မာသည် တစ်ချိန်လုံး ဆိုးရွားမနေခဲ့ဘဲ ယာဉ်တန်းသည် အပြင်ပတ်လမ်း၌ မည်သည့်အရာနှင့်မျှ ဆုံတွေ့ခြင်း မရှိခဲ့ချေ။

ရှေ့တွင် လမ်းဆုံ ပေါ်လာသောအခါ ကားလေးစီးသည် တဖြည်းဖြည်း အရှိန်လျှော့လိုက်ကြပြီး ကားဒရစ်ဆွဲခြင်း ပြုလုပ်ကာ မြို့ပြဧရိယာသို့ ပြန်လည်ဝင်ရောက်သည့် လမ်းပေါ်သို့ အောင်မြင်စွာ ရောက်ရှိသွားခဲ့သည်။

ဂေါ်ရီလာဇွန်ဘီနှင့် ရူးသွပ်ဇွန်ဘီ အများစုမှာ ယခင်လမ်းဆုံ၌ ရှိနေဆဲ ဖြစ်ပုံရပြီး ကားအင်ဂျင်များ၏ အသံကြောင့် ရူးသွပ်ဇွန်ဘီ တစ်ဆယ်ကျော်ခန့်သာ ဆွဲဆောင်ခြင်း ခံလိုက်ရ၏။

ပတ်ဝန်းကျင်သည် ယာယီ ဘေးကင်းသွားကြောင်း အတည်ပြုပြီးနောက် ဝမ်ထောင်သည် ကားပေါ်မှ ချက်ချင်း ဆင်း၍ ထိုရူးသွပ်ဇွန်ဘီ တစ်ဆယ်ကျော်ကို အပြတ်ရှင်းပစ်လိုက်သည်။

"သွားကြစို့။ စခန်းကို ပြန်မယ်"

...ကားလေးစီးသည် စခန်းဂိတ်တံခါးများသို့ ရောက်ရှိသွားချိန်တွင် မိုးချုပ်နေပြီ ဖြစ်၏။

ထိုအခါမှ သူတို့အဖွဲ့ သက်ပြင်းချနိုင်ကြတော့သည်။

"လုကန်း အဆင်ပြေရဲ့လား"

ဝမ်ထောင်သည် ဝေါကီတော်ကီကို ကောက်ကိုင်ကာ မေးမြန်းလိုက်၏။

"သူ အဆင်ပြေပါတယ်။ အိပ်ပျော်သွားရုံတင်ပါ"

ဝေကျန့်ကော်၏ အသံ ဝေါကီတော်ကီမှတစ်ဆင့် ထွက်ပေါ်လာသည်။ ၄င်းတို့သည် အခြားကားတစ်စီးအတွင်း၌ ရှိနေကြခြင်း ဖြစ်၏။

"တော်သေးတာပေါ့"

ယာဉ်တန်း စခန်းအတွင်းသို့ ဝင်ရောက်လာသည်နှင့် တစ်ပြိုင်နက် အတွင်းရှိ လူအားလုံး၏ အာရုံစိုက်မှုကို ချက်ချင်း ရရှိခဲ့သည်။ အသက်ရှင်ကျန်ရစ်သူများသည် အပြင်ဘက်တွင် စိုးရိမ်တကြီး စောင့်ဆိုင်းနေကြပြီး တင်ယွီချင်နှင့် လီချို့ယွီတို့လည်း ထိုနေရာ၌ ရှိနေကြ၏။

ဝမ်ထောင်သည် ကားပေါ်မှ ဆင်းကာ အမျိုးသမီး နှစ်ဦးစလုံးကို အဆင်ပြေကြောင်း ခေါင်းငြိမ့်ပြလိုက်သည်။ ထို့နောက် တာဝန်ကျစစ်သားတစ်ယောက် ရောက်လာပြီး တိုးညှင်းသော အသံဖြင့် မေးမြန်း၏။

"ကော်မတီဝင်ဝမ်... အားလုံး ဘေးကင်းရဲ့လားခင်ဗျ ၊ ခုနက အပြင်ဘက်က ရုန်းရင်းဆန်ခတ်ဖြစ်မှုက အရမ်းကျယ်လောင်လွန်းလို့ အားလုံး စိုးရိမ်နေကြတာ..."

"အခု ဘေးကင်းသွားပါပြီ။ အားလုံးကို စိုးရိမ်စရာမလိုကြောင်း ပြောလိုက်ပါ"

ဝမ်ထောင်၏ စကားကို ကြားမှသာ ထိုစစ်သား သက်ပြင်းချနိုင်တော့သည်။ ထို့နောက် သူသည် အခြား အသက်ရှင်ကျန်ရစ်သူများကို ချက်ချင်း လှမ်းပြောလိုက်၏။

"အခု အဆင်ပြေသွားပါပြီ။ အားလုံး ဘေးကင်းကြပါတယ်။ အိမ်ပြန်နိုင်ကြပါပြီ"

ဟူး...

အဆင်ပြေသွားပြီ ဖြစ်ကြောင်း ကြားရပြီး ကော်မတီဝင်များ အားလုံး ဘေးကင်းစွာ ပြန်လည် ရောက်ရှိလာသည်ကို မြင်ရသဖြင့် အသက်ရှင်ကျန်ရစ်သူများ နောက်ဆုံး၌ စိတ်အေးသွားကြတော့သည်။

ရှန့်ဟုန်ပင်းသည် စစ်သားများနှင့်အတူ အခြေအနေကို စစ်ဆေးကြည့်ရှုရာ ၄င်းတို့ အပြင်ဘက်၌ တိုက်ခိုက်ခဲ့သော အသံများမှာ ကျယ်လောင်လွန်းသဖြင့် ပေါက်ကွဲမှုများကို စခန်းအတွင်းမှ ရှင်းလင်းစွာ ကြားခဲ့ရသည်ဟု ဆိုကြ၏။ အထူးသဖြင့် အပြင်ဘက်က ဇွန်ဘီများ သောင်းကျန်းခြင်းနေသည်ကို မြင်ရပြီးနောက် အသက်ရှင်ကျန်ရစ်သူများမှာ ငြိမ်သက်စွာ မနေနိုင်ကြတော့ပေ... တစ်ချိန်တည်းမှာပင် ဝေကျန့်ကော်နှင့် ဝမ်ထောင်တို့သည် လူနာထမ်းစင်တစ်ခုကို အတူတကွ မ ကာ လုကန်းကို ချန်ကျွမ်းထံသို့ ခေါ်ဆောင်လာခဲ့ကြသည်။

"သူ ဒဏ်ရာအကြီးကြီး ရထားတာပဲ"

ချန်ကျွမ်းနှင့် အခြား ဆရာဝန် နှစ်ဦးသည် ယနေ့တွင် မည်သည့်အလုပ်မျှ မလုပ်ဘဲ ဝမ်ထောင်နှင့် အခြားသူများကိုသာ စောင့်ဆိုင်းနေခဲ့ကြခြင်း ဖြစ်၏။ အဖွဲ့တွင် အန္တရာယ် တစ်စုံတစ်ရာ ဖြစ်ပွားမည်ကို မလိုလားသော်လည်း ကြိုတင် ပြင်ဆင်ထားရမည် မဟုတ်ပါလား။

"ငါ့ကို ကြည့်ခွင့်ပြုပါဦး... "

"အဆင်ပြေပါတယ်။ နံရိုးကျိုးတာ တစ်ခုပဲ ရှိတာမို့ အသက်အန္တရာယ် မရှိပါဘူး"

ဆရာဝန်၏ အတည်ပြုချက်ကို ကြားမှသာ အားလုံး လုံးဝ စိတ်အေးသွားကြတော့သည်။ သူတို့သည် သွေးဘားတန်းများကို မမြင်ရသဖြင့် လုကန်း၏ လက်ရှိအခြေအနေကို မသိရှိနိုင်ကြပေ။

လုကန်းကို ချန်ကျွမ်းနှင့် အခြားသူများထံ အပ်နှံပြီးနောက် ဒဏ်ရာရရှိထားသော အခြားအဖွဲ့ဝင်များသည်လည်း သူတို့၏ ဒဏ်ရာများကို အကျဥ်းရုံး ကုသပြီးနောက် ဘက်စုံသုံးအဆောက်အအုံရှိ အစည်းအဝေးခန်းမသို့ ဦးတည်လိုက်ကြ၏။

"အားလုံး အဆင်ပြေကြရဲ့လား"

ဝမ်ထောင်က လူအုပ်ကို ကြည့်လိုက်သည်။

တကယ်တော့ သူသည် ဒုတိယမြောက် အပြင်းအထန်ဆုံး ဒဏ်ရာရရှိထားသူ ဖြစ်သော်လည်း ကိုယ်တိုင်ပြန်လည်ကုသစွမ်းရည်နှင့် ဆေးသေတ္တာများ ရှိနေသဖြင့် လမ်းခရီးတွင် အစိတ်အပိုင်းအချို့ ပြန်လည် နာလန်ထူလာခဲ့ပြီး ဒဏ်ရာများ တည်ငြိမ်သွားခဲ့ပြီ ဖြစ်၏။

သို့သော် သွေးအပြည့် ဖြစ်လာရန်မူ မဖြစ်နိုင်သေးဘဲ တင်ယွီချင်၏ အကူအညီ လိုအပ်ဦးမည် ဖြစ်သည်။

အခြားသူများသည်လည်း အနည်းနှင့်အများ ဒဏ်ရာရရှိထားကြ၏။

" အဆင်ပြေပါတယ်။ ဒဏ်ရာအသေးစားတွေပါပဲ"

ရှန့်ဟုန်ပင်းက ခေါင်းခါလိုက်သည်။ ၄င်းတို့တွင် လက်ခြေများ ပြတ်တောက်သွားခြင်း သို့မဟုတ် ကူးစက်ခံရခြင်း မရှိသရွေ့ ဒဏ်ရာအသေးစားများသာ ဖြစ်၏။

အပြင်းအထန်ဆုံး ဒဏ်ရာရရှိသူမှာ လုကန်း ဖြစ်သည်။

အန္တရာယ်အကင်းဆုံး ဖြစ်သင့်သော လုကန်းက ဤမျှအထိ ပြင်းထန်စွာ ဒဏ်ရာရရှိလိမ့်မည်ဟု မည်သူမျှ မမျှော်လင့်ထားခဲ့ကြပေ။

ထိုခေါင်းစွပ်ဇွန်ဘီ၏ အာရုံခံစွမ်းရည်မှာ အလွန် ထက်မြက်လှပေသည်။

၄င်းသည် လုကန်း၏ မြားချက် ထိမှန်သွားသည့် အခိုက်အတန့်တွင်ပင် သူ၏ တည်နေရာကို ချက်ချင်း ရှာဖွေတွေ့ရှိသွားခဲ့၏။ ထို့နောက် အမိုးပေါ်သို့တက်ပြေးကာ သူရှိရာသို့ တိုက်ရိုက် ခုန်အုပ်လိုက်ခြင်း ဖြစ်သည်။ အကယ်၍ လုကန်းသည် သံမဏိပြားများကို ဝတ်ဆင်မထားပါက၊ အကယ်၍ ဝမ်ထောင်က ၄င်းတို့အား ခုခံဆေးရည်များ ကြိုတင် ပေးမထားပါက... ထို့ပြင် ဝမ်ထောင်က အခ

အချိန်မီ ကယ်တင်ခြင်း မပြုခဲ့ပါက လုကန်း သေချာပေါက် သေဆုံးသွားနိုင်၏။

"ဒုတိယအဆင့်ဇွန်ဘီက တကယ်ပဲ စွမ်းအားကြီးတာပဲ"

ရှန့်ဟုန်ပင်းက သက်ပြင်းချလိုက်သည်။

သူသည် ဒုတိယအဆင့်ဇွန်ဘီကို

တော်တော်လေး အထင်ကြီးထားခဲ့သည်ဟု ခံစားရသော်လည်း တိုက်ပွဲ ဖြစ်ပွားပြီးနောက်တွင်မူ မိမိ ပေါ့ဆခဲ့သေးကြောင်း သဘောပေါက်လိုက်ရ၏။

ကံကောင်းထောက်မစွာဖြင့် ဝမ်ထောင်က သေချာစွာ ပြင်ဆင်ထားပြီး ဗုံးများကို ကြိုတင် အသုံးပြုခဲ့၏။ မဟုတ်လျှင် သူတို့၌ ထိခိုက်သေဆုံးမှုများ သေချာပေါက် ရှိလာနိုင်ပေသည်။

အကျိအချွဲကဲ့သို့သော အရာများကိုမူ လုံးဝ အသုံးမပြုလိုက်ရပေ။ ခေါင်းစွပ်ဇွန်ဘီသည် အလွန်အမင်း မြန်ဆန်လွန်းလှသည်။

"ဒါက အစွမ်းကုန် သန်မာတဲ့ ဒုတိယအဆင့်ဇွန်ဘီတစ်ကောင်ပဲ။ ပြီးတော့ အဲဒီ ဂေါ်ရီလာဇွန်ဘီလည်း ရှိသေးတယ်၊ ကြောက်စရာကောင်းလိုက်တာ"

ဝေကျန့်ကော်သည်လည်း သက်ပြင်းချ၏။

ခေါင်းစွပ်ဇွန်ဘီက သန်မာသော်လည်း ဂေါ်ရီလာဇွန်ဘီက ပိုမို သန်မာသည်။ ဝမ်ထောင်ဖြစ်နေ၍သာ ဂေါ်ရီလာဇွန်ဘီ၏

ရိုက်ချက်တ၀်ခုကို တောင့်ခံနိုင်ခြင်း ဖြစ်ပြီး အကယ်၍ သူတို့အနက် တစ်ဦးဦးသာ ရင်ဆိုင်ရပါက မျက်စိတစ်မှိတ်အတွင်း သေဆုံးသွားနိုင်ခြေ ရှိ၏။

"အားလုံးပဲ စိတ်မပျက်ကြပါနဲ့။ ဒါက တို့တွေ ဒုတိယအဆင့်ဇွန်ဘီတစ်ကောင်ကို ထိပ်တိုက် ရင်ဆိုင်ဖူးတဲ့ ပထမဆုံးအကြိမ်ပဲ မဟုတ်လား။ ဒီလောက်အထိ လုပ်ဆောင်နိုင်တာကိုက အတော်လေး ကောင်းမွန်နေပါပြီ။

ဒီတိုက်ပွဲရဲ့အတွေ့အကြုံကို ပြန်သုံးသပ်ကြ

တာပေါ့ ၊ ဒါဆို နောက်တစ်ကြိမ်မှာ ဒီလောက်အထိ အခြေအနေ ဆိုးမှာ မဟုတ်တော့ဘူး"

ဝမ်ထောင်က ပြုံးလျက် အားပေးလိုက်သည်။

အားလုံး အနည်းနှင့်အများ ဒဏ်ရာရရှိခဲ့ကြသော်လည်း သေဆုံးသူ မရှိခြင်းကပင် အောင်ပွဲကြီးတစ်ခုဟု သတ်မှတ်နိုင်၏။

အဖွဲ့သည် တိုက်ပွဲကို ပြန်လည် သုံးသပ်ကြပြီး မိမိတို့၏ အားနည်းချက်များနှင့် မည်သည့်နေရာတွင် ပိုမို ကောင်းမွန်အောင် ပြုလုပ်နိုင်မည်ကို ခွဲခြမ်းစိတ်ဖြာကြသည်။

ဝမ်ထောင်သည် နောက်တစ်ကြိမ် ရှိလာပါက ဒုတိယအဆင့်ဇွန်ဘီကို တစ်ချက်တည်းဖြင့် အပြတ်ရှင်းရန်အတွက် ဖောက်ခွဲဇွန်ဘီဗုံးများကို ပို၍ အသုံးပြုသင့်ကြောင်း၊ သို့မဟုတ် လျှင်တော့ ဂေါ်ရီလာဇွန်ဘီနှင့် ရူးသွပ်ဇွန်ဘီ အမြောက်အမြား ဆွဲဆောင်ခြင်း မဖြစ်စေရန် နည်းပါးစွာ သုံးစွဲသင့်ကြောင်း ခံစားလိုက်ရ၏။

သူသည် ယခုတစ်ကြိမ်တွင် ဗုံးများကို သေချာစွာ မစီမံနိုင်ခဲ့သဖြင့် ခေါင်းစွပ်ဇွန်ဘီကို သတ်ဖြတ်နိုင်ခြင်း မရှိခဲ့သလို ရူးသွပ်ဇွန်ဘီ အုပ်ကြီးနှင့် ဂေါ်ရီလာဇွန်ဘီကိုသာ ဆွဲဆောင်မိသွားခဲ့သည်။

ဤကဲ့သို့ ဖြစ်လာမည်ကို သိပါက သေနတ်များကို တိုက်ရိုက် အသုံးပြုခဲ့သည်က ပိုမို ကောင်းမွန်မည် ဖြစ်၏။ မည်သို့ပင်ဆိုစေ ဇွန်ဘီ အမြောက်အမြား ဆွဲဆောင်မိမည့်

အတူတူ ထိရောက်စွာသုံးသင့်သည် မဟုတ်ပါလား။ ဒုတိယအဆင့်ဇွန်ဘီသည် ကျည်ဆန် အမြောက်အမြားကိုတော့ တောင့်ခံနိုင်မည် မဟုတ်​ပေ။

အားလုံး သင်ခန်းစာများကို သုံးသပ်ပြီးနောက် ဝေကျန့်ကော်သည် ခေါင်းစွပ်ဇွန်ဘီ၏ အမြုတေကို ထုတ်ယူလိုက်၏။

"ဒါက အဲဒီဇွန်ဘီရဲ့ အမြုတေပဲ။ မင်း သုံးလို့ရ၊ မရ ကြည့်လိုက်ဦး"

ဝမ်ထောင်သည် ခုနက ခေါင်းစွပ်ဇွန်ဘီ၏ ဦးခေါင်းအတွင်းက အမြုတေကို စစ်ဆေးရန် အခွင့်အရေး မရှိခဲ့ပေ။ ယခုအခါ ဝေကျန့်ကော် ထုတ်ယူလာသော အမြုတေကို မြင်လျှင် သူ ချက်ချင်း အံ့အားသင့်သွားရသည်။ ၄င်းမှာ တကယ်တော့ မော်ကွန်းဝင်အဆင့် အမြုတေတစ်ခု ဖြစ်နေ၏။

【ဒုတိယအဆင့်အမြုတေ - အဆင့်မြှင့်တင်ခြင်း】

【အရည်အသွေး - မော်ကွန်းဝင်အဆင့် (၁၀၀%)】

【သန့်စင်မှု - ၄၅% (ဘေးထွက်ဆိုးကျိုး - မရှိ)】

ဤအရာသည် အဆင့်တက်အမြုတေတစ်ခု ဖြစ်၏။

ဝမ်ထောင် အလွန်အမင်း ဝမ်းမြောက်သွားခဲ့သည်။

"ဒါက ငါ့အတွက် အသုံးဝင်တယ်"

အားလုံး၏ မျက်နှာပေါ်တွင်လည်း ဝမ်းသာရိပ်များ ပေါ်လွင်လာကြ၏။

"အသုံးဝင်ရင်ပြီးတာပါပဲ။ မဟုတ်ရင် ဒီလောက် ကြိုးစားခဲ့ရတာ အလကား ဖြစ်သွားဦးမယ်"

ဝမ်ထောင်သည် ယခင်က မိမိ၏ ကံကြမ္မာသည် အဆင့်တက်အမြုတေတစ်ခု မကျလာလောက်အောင် ဆိုးရွားမနေနိုင်ဟု တွေးတောခဲ့ဖူးသည်။ ကျလာသော ပစ္စည်းအိတ်များကို စစ်ဆေးခဲ့စဥ်က ၄င်းအတွင်း၌ အဆင့်တက်အမြုတေ ပါဝင်ခြင်း မရှိခဲ့ချေ။

သို့သော် ထိုအဆင့်တက်အမြုတေက ဇွန်ဘီ၏ ဦးခေါင်းအတွင်း၌ ရှိနေလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့မိပေ။

"ငါ အမြုတေကို ယူလိုက်မယ်။ ဒီနေ့ပြီးရင် ငါ့ရဲ့ ခွန်အားက ပြန်ပြီးတော့ အများကြီး တိုးတက်လာမှာပါ"

ဝမ်ထောင်က ပြုံးလျက် မတ်တတ်ထရပ်လိုက်၏။

"တို့တွေ မျှော်လင့်နေပါတယ်"

အားလုံးက ရိုးသားစွာ ဆုမွန်ကောင်း တောင်းပေးကြသည်။ အဆုံးသတ်တွင် ဝမ်ထောင်၏ ခွန်အား တိုးတက်လာလေလေ မိမိတို့ စခန်း၏ ဘေးကင်းမှု ပိုမို မြင့်မားလာလေလေ မဟုတ်ပါလား။

ထို့နောက် ဝမ်ထောင်နှင့် ဟန်ရွှေတို့ အတူတကွ အိမ်သို့ ပြန်လာကြ၏။

တင်ယွီချင်က သူတို့ နှစ်ဦးစလုံးအား ဒဏ်ရာရရှိ၊ မရှိ မေးမြန်းသည်။ ဝမ်ထောင်သည် အနည်းငယ် မောပန်းနေသဖြင့် ရေချိုးရန် ချက်ချင်းပြင်၏။

ရေချိုးကန်အတွင်း သက်တောင့်သက်သာ လဲလျောင်းနေရသဖြင့် သူ၏ မောပန်းနွမ်းနယ်မှုများ ချက်ချင်း ပျောက်ကွယ်သွားခဲ့သည်။ ပြင်းထန်စွာ သက်ပြင်းချပြီးနောက် ဝမ်ထောင်သည် ဒုတိယအဆင့် ခေါင်းစွပ်ဇွန်ဘီကို သတ်ဖြတ်ခြင်းကြောင့် ကျလာသော ပစ္စည်းအိတ်များကို လှမ်းကြည့်လိုက်၏။

ဤဇွန်ဘီသည် စုစုပေါင်း အိတ်နှစ်အိတ် ချန်ထားခဲ့သည်။

ပထမအိတ်အတွင်း၌ အမြုတေ သုံးခု ပါဝင်၏။

【ပထမအဆင့်အမြုတေ - ဘက်စုံသုံး】

【အရည်အသွေး - ထူးချွန် (၆၀%)】

【သန့်စင်မှု - ၅၀% (ဘေးထွက်ဆိုးကျိုးမရှိ)】

【ဘက်စုံသုံးနိုင်မှု - ပေါင်းစပ်ပြီးနောက် ပေါင်းစပ်ပြီးသား စွမ်းရည်တစ်ခုကို +၁ ကျပန်း ပေးစွမ်းနိုင်သည်၊ ကန့်သတ်ချက် +၁၀】

ပထမတစ်ခုမှာ ဘက်စုံသုံးအမြုတေတစ်ခု ဖြစ်သော်လည်း စိတ်မကောင်းစရာမှာ ပထမအဆင့် ဖြစ်နေခြင်းပင်။

"ဒုတိယအဆင့်ဇွန်ဘီတွေက ပထမအဆင့် ဘက်စုံသုံးအမြုတေတွေကိုပဲ ချန်ထားနိုင်တာလားမသိဘူး"

အကယ်၍ ထိုသို့ ဖြစ်ပါက သတ်မှတ်ချက်များမှာ ပြင်းထန်လွန်းလှပေသည်... သို့သော် ဤအရာသည် ဘက်စုံသုံးအမြုတေတစ်ခု ဖြစ်၏။ အကယ်၍ တစ်စုံတစ်ယောက်က အလွန် ရှားပါးသော စွမ်းရည်တစ်ခုကို ပေါင်းစပ်ထားပါက ဤဘက်စုံသုံးအမြုတေ၏ အာနိသင်သည် အလွန် ထင်ရှားလာမည် ဖြစ်သည်။

ဒုတိယတစ်ခုမှာ ဒုတိယအဆင့် အမြုတေတစ်ခု ဖြစ်၏။

【ဒုတိယအဆင့်အမြုတေ - အားကစားသမား】

【အရည်အသွေး - ကောင်းမွန် (၈၀%)】

【ဘေးထွက်ဆိုးကျိုး - လှုပ်ရှားမှုများသည်ခန္ဓာကိုယ်ကြံ့ခိုင်မှုစွမ်းအင်ကို နှစ်ဆကုန်ဆုံးစေသည်】

【အားကစားသမား - ပင်ကိုစွမ်းရည်၊ အားကစားစွမ်းဆောင်ရည်များကို မြှင့်တင်ပေးသည်】

ဤအမြုတေသည် ပင်ကိုစွမ်းရည်တစ်ခု ဖြစ်ပြီး ၄င်း၏ ဖော်ပြချက်မှာ အလွန် ရိုးရှင်းလှ၏။ သို့သော် ခေါင်းစွပ်ဇွန်ဘီ၏ စွမ်းဆောင်ရည်ကို အခြေခံ၍ ဝမ်ထောင်သည် ဤစွမ်းရည်က အလွန် သန်မာကြောင်း ခံစားလိုက်ရသည်။

ခေါင်းစွပ်ဇွန်ဘီသည် လူသားများထက် မြန်ဆန်ရုံမျှမက ပိုမို၍လည်း ဖျတ်လတ်လှပေသည်။ ၄င်းသည် အမျိုးမျိုးသော လှုပ်ရှားမှုများကို အလွယ်တကူ ပြုလုပ်နိုင်ပြီး... အထူးသဖြင့် ခေါင်းမိုးများပေါ်တွင် ပြေးလွှားသည့်အခါ ထိုအတားအဆီးများက ၄င်းကို လုံးဝ မတားဆီးနိုင်ခဲ့ချေ။

အကယ်၍ လူသားတစ်ယောက်က ဤစွမ်းရည်ကို ပေါင်းစပ်ပါက အနည်းဆုံးတော့ ၄င်းတို့၏ ထွက်ပြေးနိုင်စွမ်း အမြင့်ဆုံးသို့ ရောက်ရှိသွားမည် ဖြစ်သည်။

ဝမ်ထောင် အနည်းငယ် စိတ်ဝင်စားမိသော်လည်း စိတ်မကောင်းစရာမှာ သူသည် အမြုတေများကို ထပ်မံ ပေါင်းစပ်နိုင်ခြင်း မရှိတော့ပေ။

ဤအမြုတေ၏ ဘေးထွက်ဆိုးကျိုးမှာ ခန္ဓာကိုယ်ကြံ့ခိုင်မှု နှစ်ဆ ကုန်ဆုံးခြင်း ဖြစ်ပြီး ၄င်းမှာ တကယ်တော့ ဖုံးကွယ်ခြင်းအမြုတေ၏ ဘေးထွက်ဆိုးကျိုးနှင့် ဆင်တူလှ၏။

နောက်ဆုံးအမြုတေသည်လည်း ဒုတိယအဆင့် ဖြစ်၏။

【ဒုတိယအဆင့်အမြုတေ - ခုန်ပျံခြင်း】

【အရည်အသွေး - သင့်တင့် (၄၀%)】

【ဘေးထွက်ဆိုးကျိုး - ဆူညံသံကြောက်ခြင်း】

【ခုန်ပျံခြင်း - စွမ်းအင်ကို ကုန်ဆုံးစေပြီး ခုန်ကူးသည့် အမြင့်နှင့် အကွာအဝေးကို မြှင့်တင်ပေးသည်】

ဤစွမ်းရည်သည်လည်း အတော်လေး ကောင်းမွန်လှသည်။ အကယ်၍ ခေါင်းစွပ်ဇွန်ဘီကဲ့သို့ ဆယ်မီတာအကွာအဝေးကို ခုန်ကူးနိုင်ပါက တိုက်စစ်ရော ခံစစ်အတွက်ပါ အလွန် သန်မာသော စွမ်းရည်တစ်ခု ဖြစ်လာမည် ဖြစ်၏။ ထို့ပြင် အားကစားသမားစွမ်းရည်နှင့် တွဲဖက်လိုက်ပါက ခေါင်းစွပ်ဇွန်ဘီအတိုင်း ဖြစ်လာမည် ဖြစ်သည်။

ဤဘေးထွက်ဆိုးကျိုးနှင့် ပတ်သက်၍မူ... ထိုဇွန်ဘီသည် အသံကို ဤမျှ တုံ့ပြန်လွယ်ခြင်းမှာ မဆန်းတော့ပေ၊ ၄င်းက ဆူညံသံကို ကြောက်ရွံ့နေခြင်း ဖြစ်၏။

ဝမ်ထောင် ရုတ်တရက် တွေးမိသည်မှာ... သူသည် ဖောက်ခွဲဗုံး ငါးလုံးကို အသုံးပြု၍ ခေါင်းစွပ်ဇွန်ဘီ၏ သွေးပမာဏ ငါးထောင်နီးပါးကို လျော့နည်းစေခဲ့ခြင်း ဖြစ်သည်။ ထိုသွေးပမာဏ ငါးထောင် ဆုံးရှုံးသွားခြင်းမှာ ဗုံးများ၏ စွမ်းအားကြောင့်လော သို့မဟုတ် ကျယ်လောင်သော ဆူညံသံကြောင့်လော ဟု

မခွဲနိုင်ပေ။ လက်ရှိတွင် ဝမ်ထောင်သည် အမြုတေ သုံးခုစလုံးကို အသုံးမပြုနိုင်သေးဘဲ မေးခွန်းတစ်ခုကို တွေးမိပြန်၏။

အားကစားသမားနှင့် ခုန်ပျံခြင်းကဲ့သို့သော စွမ်းရည်များသည် အစကတည်းက ဒုတိယအဆင့်အနေဖြင့် ပေါ်လာခြင်း ဖြစ်ပြီး ပထမအဆင့် ဗားရှင်းကို သူ မမြင်ဖူးခဲ့ချေ။

ဒုတိယအဆင့်လူသားတစ်ယောက်သည် ဤကဲ့သို့သော အမြုတေကို တိုက်ရိုက် ပေါင်းစပ်နိုင်ပါသလော။ သို့မဟုတ် ဒုတိယအဆင့်လူသားတစ်ယောက်သည် ပထမဦးစွာ ပထမအဆင့်အမြုတေတစ်ခုကို ရှာဖွေရဦးမည်လော။

ဝမ်ထောင် အနည်းငယ် ဝေခွဲမရ

ဖြစ်နေသော်လည်း သူကိုယ်တိုင် ဒုတိယအဆင့်သို့ ရောက်ရှိမှသာ စစ်ဆေးနိုင်တော့မည် ဖြစ်၏။ ဒုတိယအဆင့် အခြေအနေနှင့် ပတ်သက်၍ သူ၏ နားလည်မှုများမှာ ခန့်မှန်းချက်များသာ ဖြစ်သည်...။

ဒုတိယအိတ်အတွင်း၌ အဝတ်အစားတစ်စုံ ပါဝင်၏။

【အနက်ရောင်ခေါင်းစွပ်အင်္ကျီ - တောင့်ခံနိုင်မှု +၅၊ စုတ်ပြဲမှုခံနိုင်ရည် +၅】

【အနက်ရောင်အားကစားဘောင်းဘီ - တောင့်ခံနိုင်မှု +၅၊ စုတ်ပြဲမှုခံနိုင်ရည် +၅】

ခေါင်းစွပ်ဇွန်ဘီ ဝတ်ထားတဲ့ အဝတ်အစားတစ်ခုလုံး ကျလာတာလား။

သူသည် ဇွန်ဘီများထံမှ အဝတ်အစား နှစ်စုံ ရရှိဖူး၏။ မိမိ ဝတ်ဆင်ထားသော လုံခြုံရေးယူနီဖောင်း၊ ဟင်းလင်းပြင်ကျောပိုးအိတ်အတွင်းရှိ သူနာပြုယူနီဖောင်းနှင့် ယခု ဤခေါင်းစွပ်အင်္ကျီနှင့် ဘောင်းဘီတစ်စုံတို့ ဖြစ်ကြသည်။

အဝတ်အစားများ အားလုံးတွင် တောင့်ခံနိုင်မှုနှင့် စုတ်ပြဲမှုခံနိုင်ရည် အရည်အသွေးများ ပါဝင်သော်လည်း လုံခြုံရေးနှင့် သူနာပြုယူနီဖောင်းများတွင် +၁ သာ ရှိပြီး ဤတစ်စုံတွင်မူ +၅ ရှိ၏။

ဝမ်ထောင်သည် ဤအရည်အသွေး နှစ်ခုစလုံး အလွန် အသုံးဝင်ကြောင်း ခံစားရသည်။ ဥပမာအားဖြင့် သူ၏ လုံခြုံရေးယူနီဖောင်းသည် +၁ အရည်အသွေးသာ ရှိသော်လည်း ဝတ်ဆင်ကတည်းက တစ်ကြိမ်မျှ ပျက်စီးခြင်း မရှိခဲ့ချေ။ ဤတစ်စုံမှာ +၅ ဖြစ်သဖြင့် သေချာပေါက် ပိုမို တောင့်ခံနိုင်မည် ဖြစ်သည်။

ယခုဇွန်ဘီက ဆေးရည်များ သို့မဟုတ် အသုံးအဆောင်ပုံကြမ်းများ ချန်မထားခဲ့ခြင်းကမူ အနည်းငယ် နှမြောစရာ ကောင်းလှ၏။

သို့သော် ဝမ်ထောင် ကျေနပ်မိပါသည်၊ အဆုံးသတ်တွင် သူသည် အဆင့်တက်အမြုတေတစ်ခု ရရှိခဲ့သည် မဟုတ်ပါလား။

ယခုအဆင့်တက်အမြုတေသည် လိမ္မော်ရောင်ဖြစ်၏။ ဝမ်ထောင်သည် ၄င်းကို ပါးစပ်အတွင်းသို့ တိုက်ရိုက် ထည့်သွင်းလိုက်သည်။

ခဏအကြာတွင် ဝမ်ထောင်သည် ခန္ဓာကိုယ်တစ်ခုလုံး နွေးထွေးသော ခံစားမှုကို ရရှိလိုက်ပြီး ခြေလက်များတွင် ခွန်အားများ ပြည့်နှက်လာခဲ့၏။

သူသည် မိမိ၏ အရည်အသွေးများကို ကြည့်ရှုလိုက်သည်။

သူ၏ သွေးပမာဏမှာ ပြောင်းလဲခြင်း မရှိဘဲ ၄၉၉၉ ၌ ရှိနေဆဲ ဖြစ်၏။ သူ၏ စွမ်းအင်ပမာဏမှာမူ ၂၀၀ ထပ်မံ တိုးတက်လာပြီး ၄၄၀၀ သို့ ရောက်ရှိသွားခဲ့သည်။

ခန္ဓာကိုယ်ထဲက အညစ်အကြေးများလည်း မြင့်တက်လာခဲ့ပြီး ယခင်က ၀% ရှိသော်လည်း ယခုအခါ ၁% ပြသနေ၏။ ဝမ်ထောင်၏ တွက်ချက်မှုအရ ၄င်းမှာ ၁.၁% အတိအကျ ဖြစ်သင့်သည်... ထို့နောက် စွမ်းရည်များနှင့် ပတ်သက်၍မူ သူ၏ ကြေးအရေပြားသံမဏိအရိုးသည် ဒုတိယအဆင့်စွမ်းရည်တစ်ခု ဖြစ်လာခဲ့လေပြီ။

ဝမ်ထောင်အား အလွန်ဝမ်းသာသွားလေသည်။ ယနေ့ သွေးအပြည့်ရှိသော ဒုတိယအဆင့်ဇွန်ဘီ၏ တိုက်စစ်စွမ်းအားကို မြင်တွေ့ပြီးနောက် သူသည် ကြေးအရေပြားသံမဏိအရိုးကို ဒုတိယအဆင့်သို့ အမှန်တကယ် အမြန်ဆုံးမြှင့်တင်ချင်ခဲ့၏။

ယခုအခါ ဆန္ဒပြည့်ဝ သွားခဲ့လေပြီ ၊ တိုက်စစ်စွမ်းရည်တစ်ခု ဖြစ်သော တုန်ခါမှုလှိုင်းက ဒုတိယအဆင့် ဖြစ်ပြီး ခံစစ်စွမ်းရည်တစ်ခု ဖြစ်သော ကြေးအရေပြားသံမဏိအရိုးကလည်း ဒုတိယအဆင့် ဖြစ်သွားခဲ့ရာ တိုက်စစ်တစ်ခု၊ ခံစစ်တစ်ခု ဖြစ်၏။ အကယ်၍ ထိုခေါင်းစွပ်ဇွန်ဘီကို ထပ်မံ ရင်ဆိုင်ရပါက ၄င်း၏ ထိပ်တိုက်တိုက်ခိုက်မှုများကိုပင် သူ တောင့်ခံနိုင်ပေလိမ့်မည်။

ဝမ်ထောင်က ဒုတိယအဆင့် ကြေးအရေပြားသံမဏိအရိုးကို စမ်းသပ်ကြည့်လိုက်၏။ အသုံးပြုရသည့် ခံစားချက်မှာ ပထမအဆင့်နှင့် ကွာခြားခြင်း မရှိသော်လည်း စွမ်းအင်ကုန်ဆုံးမှု ပမာဏမှာမူ မြင့်တက်လာခဲ့သည်။

ပထမအဆင့် ကြေးအရေပြားသံမဏိအရိုးကို အသက်သွင်းစဥ်က တစ်စက္ကန့်လျှင် စွမ်းအင် ၁ ကုန်ဆုံးသော်လည်း ယခုအခါ တစ်စက္ကန့်လျှင် စွမ်းအင် ၅ ကုန်ဆုံး၏။ စွမ်းအင်ကုန်ဆုံးမှုမှာ ငါးဆအထိ မြင့်တက်လာခဲ့ခြင်းပင်။

၄င်း၏ ခုခံစွမ်းအားက မည်မျှအထိ မြင့်တက်သွားသည်ကိုတော့ အတိအကျ မသိရသေးပါ။ နောက်ပိုင်းမှ သေချာ စမ်းသပ်

ရမည် ဖြစ်၏။

ထိုညတွင်......

"မရီး.."

ဝမ်ထောင်၏ တိုးညင်းသောခေါ်သံနှင့်

အတူ ပုံမှန်မဟုန်သော အထိအတွေ့များကြောင့် တင်ယွီချင်က သူ့အားမော့ကြည့်၏။

ပြင်းထန်သောတိုက်ပွဲကြောင့် ယခုညလည်း သူအနားယူမည်ဟု သူမက ထင်ထားခြင်းပင်။သို့သော် သူမ၏ အတွေးများမှားသွားကြောင့် ဝမ်ထောင်၏လက်များက သက်သေပြလာ၏။

တင်ယွီချင်က မည်သို့ငြင်းပယ်နိုင်မည်နည်း။ အထူးသဖြင့် အိမ်ထဲတွင်ပြိုင်ဘက်တစ်ဦးကလည်း ရေက်နေသည်မဟုတ်ပါလား။

သူမ၏တုန့်ပြန်မှုက သူထင်ထားသည်ထက် ပြင်းထန်နေသဖြင့် ဝမ်ထောင်မျက်လုံးပြူးသွားလေ၏။

"အိုး...မရီးက ၊ တော်တော်ဆိုးလာ နေပါလား ၊ကြည့်ရတာ သေသေချာချာ ဆုံးမပေးဖို့လိုနေပြီ "

တင်ယွီချင်က ပါးစပ်ကပြန်မဖြေပါ ။ ဝမ်ထောင်အား စိန်ခေါ်သလ်ုကြည့်ကာ သူမ၏နုညံ့သော လက်ကလေးကို အားပိုစိုက်လိုက်၏။

"ဝိုး...ဟားဟားဟားဟား ၊ ဒါမျိုးမှ ကြိုက်တာ "

အခန်းထဲတွင် ပြင်းထန်သောတိုက်ပွဲတစ်ခု ဖြစ်ပေါ်လာတော့သည်။

ဝမ်ထောင်သည် တင်ယွီချင်၏ အကူအညီဖြင့် သူ၏ သွေးပမာဏကို ကောင် ဖြည့်တင်းခဲ့သည်။

သူ၏ မလျှော့သောဇွဲလုံ့လကြောင့် နောက်ဆုံး၌ သူ၏ သွေးပမာဏကို အမြင့်ဆုံးအထိ ဖြည့်သွင်းနိုင်ခဲ့၏။

ထို့အပြင် ဆေးရုံသုံးဆေးသေတ္တာ ရှိနေခြင်းကလည်း အဆင်ပြေလှသည်။

ဒဏ်ရာအပြင်းအထန် ရရှိထားသော လုကန်းမှာ ဆေးရုံကုတင်ပေါ်တွင် လဲလျောင်းနေရဆဲ ဖြစ်သော်လည်း ဝမ်ထောင်ကမူ ဇွန်ဘီများကို လိုက်လံ အမဲလိုက်ရန် အပြင်သို့ပင် ထွက်ခွာနိုင်နေပြီ မဟုတ်ပါလား။

---------

All Chapters