အခန်း ၁၄၀
Vol. 13 Ch. 140
အခန်း၁၄၀ - မျက်လုံးစိမ်းဇွန်ဘီ
ဝမ်ထောင်သည် ပထမဆေးရုံသို့ နောက်တစ်ကြိမ် ထပ်မံရောက်ရှိလာခဲ့၏။
ယခုအကြိမ်တွင်မူ သူနှင့် ဟန်ရွှေ နှစ်ဦးတည်းသာ ဖြစ်သည်။
ဝမ်ထောင်သည် ဆေးရုံအောက်မှ ဇွန်ဘီ၏ ခွန်အားကို စမ်းသပ်ကြည့်ချင်ခြင်းဖြစ်ပြီး ၎င်းနှင့် ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်ရန်
တော့ အစီအစဉ်မရှိပေ။ အကယ်၍ ထွက်ပြေးရန် လိုအပ်လာပါက လူနည်းခြင်းက ပိုမိုအဆင်ပြေစေလိမ့်မည်။
"ကျွန်မတို့ တကယ်ပဲ ဝင်သွားကြမှာလား..."
ဆေးရုံအပြင်ဘက်တွင် ဟန်ရွှေသည် အနည်းငယ် စိုးရိမ်နေမိ၏။
အဓိကအချက်မှာ ဝမ်ထောင်က ထိုနေရာအတွင်း၌ ဂေါ်ရီလာဇွန်ဘီထက်ပင် ပို
၍အစွမ်းထက်သော ဇွန်ဘီတစ်ကောင် ရှိနေသည်ဟု ပြောခဲ့သောကြောင့် ဖြစ်သည်။
သူမသည် ဂေါ်ရီလာဇွန်ဘီတစ်ကောင် မည်မျှအစွမ်းထက်ကြောင်း မြင်တွေ့ခဲ့ပြီးပြီ ဖြစ်၏။ ဂေါ်ရီလာတစ်ကောင်ထက်ပင် ပိုမိုသန်မာနိုင်သော တည်ရှိမှုမျိုးက မည်သို့သော အရာဖြစ်မည်ကို သူမ စိတ်ကူးပင် မယဉ်နိုင်ပါ။
ထို့ကြောင့် သူမသည် အတိုင်းအတာတစ်ခုအထိ ထိတ်လန့်မှုကို ခံစားနေရဆဲ ဖြစ်သည်။
သို့သော် ထိုအချိန်က အမြန်ဆုံး ထွက်ပြေးခဲ့သော ဝမ်ထောင်ကတော့ ယခုအခါ စမ်းသပ်ကြည့်ရန် အလွန်စိတ်အားထက်သန်နေ၏။
"မကြောက်ပါနဲ့၊ ငါ ရှိတယ်"
ဝမ်ထောင်သည် ဟန်ရွှေ၏ လက်ကလေးကို ဆုပ်ကိုင်လိုက်ပြီးနောက် ဇွန်ဘီများ ကင်းစင်နေသော ဆေးရုံကို ကြည့်ကာ လေးနက်
စွာပြောလိုက်သည်။
"သွားကြစို့"
သူတို့ ဆေးရုံအတွင်းသို့ ဝင်ရောက်လာ
သော်လည်း ရင်ပြင်တွင် ဇွန်ဘီများ ရှိမနေပါ။
သူတို့နှစ်ဦးသည် ပထမမြေအောက်ထပ်သို့ ဖြည်းည်းချင်း ဆင်းလာခဲ့ကြရာ ထိုအေးစက်
သော ခံစားချက်ကြီးက ပြန်လည်ရောက်ရှိလာ၏။
ဟန်ရွှေသည် ရှေ့မှနေ၍ လမ်းပြကာ အခြေအနေကို ဆက်တိုက်အာရုံခံနေသည်။
"ဇွန်ဘီတွေ မရှိဘူး..."
ဝမ်ထောင် ရှင်းလင်းခဲ့သော လှေကားခွင်နှစ်ခုစလုံးသည် ဤအကြိမ်တွင် လုံးဝ လွတ်လပ်နေ၏။
သို့သော် တတိယမြေအောက်လှေကားတွင်မူ မြေပြင်ထက်၌ တောက်ပနေသော အမြုတေများ ပြန့်ကျဲနေဆဲ ဖြစ်သည်။
ဝမ်ထောင်သည် ထိုအမြုတေများကို ကောက်ယူရန် အပြေးအလွှား သွားလိုက်၏။ ၎င်းတို့ကို ဖြုန်းတီးပစ်၍မရပေ။
ဇွန်ဘီများသည် အမြုတေများကို လိုအပ်ပုံမရချေ။ သူသိရသမျှ လူသားများသာလျှင် ၎င်းတို့ကို ပေါင်းစပ်နိုင်ခြင်း ဖြစ်သည်။
"ကျွန်မတို့ အောက်ကို ဆင်းကြမှာလား"
ဟန်ရွှေသည် ဒုတိယမြေအောက်ထပ်သို့ ဦးတည်နေသော မှောင်မည်းနေသည့် လှေကားကို ကြည့်ကာ မေးလိုက်၏။
"မဟုတ်ဘူး၊ ငါတို့ အဲကောင်ကို အပေါ်ရောက်အောင် မျှားခေါ်မယ်"
ဝမ်ထောင်က ခေါင်းခါပြလိုက်သည်။
သူတို့၏ ယခုအကြိမ် ရည်ရွယ်ချက်မှာ ဇွန်ဘီ၏ ခွန်အားကို စမ်းသပ်ရန်သာ ဖြစ်၏။ အောက်ခြေတွင် မည်သို့သော အခြေအနေမျိုး ရှိနေသည်ကို မသိနိုင်သဖြင့် အကယ်၍ အန္တရာယ်ရှိပါက မျက်စိမှိတ် ဆင်းသွားခြင်းသည် ဒုက္ခရှာရာရောက်ပေလိမ့်
မည်။ အပေါ်ထပ်တွင်သာ နေခြင်းက ပိုမိုကောင်းမွန်၏။
"ဒီအထပ်မှာ ဇွန်ဘီတွေ ကျန်သေးလား ကြည့်ရအောင်၊ ရှိရင် ငါတို့ ဆက်သတ်ပြီး အဲကောင် ဒီကို ရောက်လာအောင် တတ်နိုင်သမျှ မျှားခေါ်မယ်..."
"ကောင်းပြီလေ"
ဝမ်ထောင်နှင့် ဟန်ရွှေတို့သည် ထိုနေရာတဝိုက်ကို အတူတကွ ရှာလိုက်ခဲ့ကြရာ မကြာမီ ဇွန်ဘီအုပ်စုတစ်စုကို တွေ့ခဲ့ကြသည်။
ယခင်ကကဲ့သို့ပင် ဇွန်ဘီအုပ်စုသည် အိပ်ပျော်နေကြသကဲ့သို့ လှေကားထိပ်တွင် ယိမ်းထိုးလျက် မတ်တပ်ရပ်နေကြ၏။
ဝမ်ထောင်သည် ထိုနေရာသို့ တိုက်ရိုက်သွားကာ တုန်ခါလှိုင်း နှစ်ချက်ကို ထုတ်လွှတ်လိုက်သည်။
ဝုန်း—
ဇွန်ဘီအားလုံးသည် အသားစများအဖြစ်သို့ ပြောင်းလဲသွားပြီး အမြုတေများ မြေပြင်ပေါ်သို့ ပြန့်ကျဲသွားတော့သည်။
ဝမ်ထောင်သည် စိတ်အာရုံဖြင့် ပတ်ဝန်းကျင်ရှိ ပစ္စည်းအိတ်များကို သိမ်းဆည်းလိုက်၏။ သို့သော် အမြုတေများကို သွားကောက်ရန် မလောဘဲ ဟန်ရွှေအား အာရုံခံနိုင်စွမ်းကို အသုံးပြုခိုင်းလိုက်သည်။ ဇွန်ဘီ ရောက်မလာသည်ကို သေချာမှသာ သူနှင့် ဟန်ရွှေသည် အမြုတေများကို အတူတကွ ကောက်ယူလိုက်ကြ၏။
"လောလောဆယ် အန္တရာယ်မရှိသေးဘူး၊ နောက်ထပ် လှေကားတစ်ခုကို သွားကြစို့..."
ဟန်ရွှေ၏ အာရုံခံနိုင်စွမ်းကြောင့် သူတို့နှစ်ဦးသည် မကြာမီ အခြားဇွန်ဘီတစ်စုကို
ထပ်တွေ့ခဲ့သည်။
ဝမ်ထောင်သည် ဇွန်ဘီအုပ်စု၏ နောက်ကျောဘက်သို့ သတိကြီးစွာဖြင့် ရွှေ့လျားသွားပြီး တုန်ခါလှိုင်းတစ်ခုကို ချက်ချင်း အသုံးပြုလိုက်၏။
"ဝှစ်.."
ဇွန်ဘီများအားလုံး လဲကျသေဆုံးသွားကြသည်။
ထိုအချိန်၌ ဟန်ရွှေသည် ရုတ်တရက် အော်ဟစ်လိုက်၏။
"အဲဒါ လာနေပြီ"
ဝမ်ထောင်သည် လုံးဝတုန့်ဆိုင်းမနေခဲ့ပါ။သူက နောက်သို့ ချက်ချင်း ပြန်ပြေးတော့သည်။
သူသည် နောက်သို့ တစ်ချက်လှမ်းကြည့်
လိုက်ရာ အမှောင်ထုအတွင်း၌ စိမ်းဖန်ဖန် တောက်ပနေသော မျက်လုံးတစ်စုံကို မြင်လိုက်ရ၏။ ထို့ပြင် ၎င်း၏ ဦးခေါင်းထက်တွင် ၁၅,၀၀၀ ရှိသော အနီရောင် သွေးဘားတန်းကြီး ရှိနေသည်။
ရောက်လာပြီ ။
ဝမ်ထောင် ပြေးနေစဉ်အတွင်း ဇွန်ဘီ၏ တိုက်ခိုက်ခြင်းကို ခုခံရန် ပြင်ဆင်ထားသော်လည်း အံ့ဩစရာကောင်းသည်မှာ ထိုမျက်လုံးစိမ်းများသည် ပေါ်လာပြီးနောက် သူ့ကို စိုက်ကြည့်နေသော်လည်း အနားသို့ ချဉ်းကပ်လာမည့် အရိပ်အယောင်မျိုး မရှိချေ။
"သူ ငါ့နောက်ကို လိုက်မလာတဲ့ပုံပဲ"
ဝမ်ထောင် အနည်းငယ် ထူးဆန်းသလို ခံစားလိုက်ရသည်။
သူနှင့် ဟန်ရွှေသည် ဂေါ်ရီလာဇွန်ဘီ ဖောက်ထွင်းထားခဲ့သော အပေါက်ကြီးအထိ အရောက်ပြေးခဲ့ကြပြီး သတိကြီးစွာဖြင့် ခဏမျှ စောင့်ဆိုင်းနေခဲ့သော်လည်း ထိုဇွန်ဘီသည် အမှန်တကယ်ပင် လိုက်မလာခဲ့ပေ။
"ကျွန်မ အဲဒါကို လုံးဝ အာရုံမရတော့ဘူး... အခု ဘာဆက်လုပ်ကြမလဲ"
ဟန်ရွှေက ဝမ်ထောင်ကို ကြည့်လိုက်သည်။
ဝမ်ထောင်သည် မေးစေ့ကို ပွတ်သပ်ရင်း တွေးနေ၏။
ဤဇွန်ဘီသည် အလွန် ထူးဆန်းလှသည်။ သူ ယခင်က မြင်တွေ့ခဲ့ဖူးသော ဇွန်ဘီတိုင်းသည် လူသားတစ်ဦးကို မြင်သည်နှင့် သေချာပေါက် လိုက်လံဖမ်းဆီးကြမည်သာ။ မှီအောင် လိုက်နိုင်၊ မလိုက်နိုင်က အခြားကိစ္စဖြစ်သော်လည်း သူတို့ သေချာပေါက် ကြိုးစားကြမည် ဖြစ်သည်။
"ဒီဇွန်ဘီက အသိဉာဏ်ရှိသွားတာ ဖြစ်နိုင်မလား"
ဝမ်ထောင်သည် ဇွန်ဘီက သူ့ကို ပေးစွမ်းခဲ့သော ခံစားချက်ကို သေချာစွာ ပြန်လည်တွေးတောကြည့်သည်။ သူသည် ၎င်း၏ ခန္ဓာကိုယ်အပြည့်အစုံကို မမြင်ခဲ့ရသော်လည်း ကြီးမားသော ဖိအားမျိုးကိုမူ မခံစားခဲ့ရပေ။
၎င်းသည် ဂေါ်ရီလာဇွန်ဘီ သို့မဟုတ် ယခင်က တောရိုင်းမြေ၌ တွေ့ခဲ့သော အရိပ်မည်းကြီးနှင့် လုံးဝ နှိုင်းယှဉ်၍မရချေ။
"သွားကြစို့၊ နောက်တစ်ခေါက် ထပ်ကြည့်ရအောင်"
ဝမ်ထောင်သည် နောက်ထပ်တစ်ကြိမ် စွန့်စားရန် ဆုံးဖြတ်လိုက်သည်။
"အင်း"
ဟန်ရွှေကလည်း ငြင်းဆန်ခြင်း မရှိပေ။
သူတို့နှစ်ဦးသည် မျက်လုံးစိမ်းဇွန်ဘီ ပေါ်လာခဲ့သော လှေကားသို့ သတိကြီးစွာဖြင့် ပြန်လာခဲ့ကြသော်လည်း ၎င်းသည် ထိုနေရာတွင် ရှိမနေတော့ပေ။
ဝမ်ထောင်သည် ယခင်က ကောက်ယူရန် အချိန်မရခဲ့သော အမြုတေများကို အရင်သိမ်းဆည်းလိုက်ပြီးနောက် ခွဲစိတ်ဓားတစ်လက်ကို ထုတ်ယူကာ လှေကားခွင်အတွင်းသို့ တိုက်ရိုက် လှမ်းပစ်လိုက်၏။
ဝှစ်
ဒေါင်—
ခွဲစိတ်ဓားသည် သတ္တုသံပြတ်ပြတ်ဖြင့် မြေပြင်ပေါ်သို့ ကျရောက်သွားသည်။
ခဏအကြာတွင် ဟန်ရွှေက စိုးရိမ်တကြီး ပြောလိုက်၏။
"အဲဒါ ပြန်လာပြီ"
ဤအကြိမ်တွင် ဝမ်ထောင်သည် နောက်ပြန်အရှိန်ပြင်းဝင်တိုက်ကို အသုံးပြုရန် ပြင်ဆင်ထားသော်လည်း ထွက်မပြေးခဲ့ပေ။
မကြာမီ လှေကားအောက်ခြေရှိ အ
မှောင်အတွင်းမှ စိမ်းဖန်ဖန် မျက်လုံးတစ်စုံ ထွက်ပေါ်လာသည်။
ဤအရာများသည် လူသားမျက်လုံးများနှင့်သိပ်မ တူညီသော်လည်း သာမန်ဇွန်ဘီများကဲ့သို့ နို့နှစ်ရောင် သန်းမနေပေ။ နက်မှောင်သော သွေးကြောမျှင်များနှင့် အလွန်ပြင်းထန်သော ရန်လိုသည့်အရှိန်အဝါတို့သာ မရှိပါက ဤမျက်လုံးများသည် တစ်နည်းအားဖြင့် လှပသည်ဟုပင် ဆိုနိုင်၏။
ဝမ်ထောင်သည် ဇွန်ဘီကို စိုက်ကြည့်နေပြီး ဇွန်ဘီကလည်း သူ့ကို ပြန်လည်စိုက်ကြည့်နေကာ မည်သူမျှ လှုပ်ရှားမှု မပြုကြပေ။
၎င်းက ဝမ်ထောင်ကို ပိုမိုရဲတင်းလာစေသည်။ သူသည် လက်နှိပ်ဓာတ်မီးတစ်လက်ကို ထုတ်ယူကာ လှေကားခွင်အတွင်းသို့ တိုက်ရိုက် ထိုးကြည့်လိုက်၏။
စူးရှသော အဖြူရောင်အလင်းတန်းကြောင့် ဇွန်ဘီသည် ဗီဇအရပင် မျက်မှောင်ကုတ်သွားပြီး နောက်သို့ အနည်းငယ် ဆုတ်သွားခဲ့သည်။
ဝမ်ထောင်နှင့် ဟန်ရွှေတို့သည် အောက်ခြေရှိ အခြေအနေကို မြင်လိုက်ရသောအခါ နှစ်ဦးစလုံး အံ့အားသင့်စွာ ရေရွတ်မိကြတော့၏။
"ဒါက ဘာကြီးလဲ"
ဤဇွန်ဘီတွင် ကျဲပါးနေသော ဆံပင်တိုများ ရှိပြီး ၎င်း၏ ပိန်လှီခြောက်ကပ်နေသော ခန္ဓာကိုယ်အထက်ပိုင်းတွင် အဖြူရောင် ဓာတ်ခွဲခန်းဝတ်စုံကို ဝတ်ဆင်ထားသည်။ သို့သော် ၎င်း၏ အောက်ပိုင်းမှာမူ အလွန်အမင်း ဖောယောင်နေ၏။ ၎င်းတွင် ခြေထောက်များ မရှိဘဲ ရွံစရာကောင်းသော အကျိတ်အနာကြီးများသာ ရှိနေသည်။
၎င်းသည် ထိုအကျိတ်ကြီးများကြောင့် လှေကားတွင် ညပ်နေပုံရပြီး အပေါ်သို့ တက်မလာနိုင်ခြင်း ဖြစ်၏။
"ဒါက..."
ဇွန်ဘီ၏ အခြေအနေကို အကြမ်းဖျင်း သိရှိပြီးနောက် ဝမ်ထောင်၏ မျက်လုံးများ တောက်ပသွားသည်။
သူ၏ လက်ထဲတွင် အခြားခွဲစိတ်ဓားတစ်လက် ပေါ်လာပြန်၏။ သူသည် တိကျစွာပစ်ခတ်ခြင်း စွမ်းရည်ကို အသက်သွင်းကာ ၎င်းကို မျက်လုံးစိမ်းဇွန်ဘီထံသို့ လှမ်းပစ်လိုက်သည်။
ဝှစ်...
ဝမ်ထောင်သည် ဇွန်ဘီ၏ မျက်လုံးကို သမားတိုက်ရိုက်ချိန်ပစ်ခဲ့သော်လည်း ၎င်းသည် ဦးခေါင်းကို ပါးနပ်စွာ ရွှေ့ပြောင်းကာ တိုက်ခိုက်မှုကို ရှောင်တိမ်းသွားခဲ့၏။
"ဟင်"
ဝမ်ထောင် အံ့ဩသွားသည်။ ဇွန်ဘီတစ်ကောင်က သူ၏ တိုက်ခိုက်မှုကို ရှောင်တိမ်းသည်ကို သူ ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်၏။
သူသည် မယုံကြည်နိုင်သဖြင့် ခွဲစိတ်ဓားအချို့ကို ထပ်မံထုတ်ယူကာ ဇွန်ဘီထံသို့ မြန်ဆန်ပြီး တိကျစွာ ဆက်တိုက် လှမ်းပစ်လိုက်သည်။
သို့သော် ဤပေါက်ဓားများအနက် တစ်လက်သာလျှင် ပစ်မှတ်ကို ထိမှန်ခဲ့ပြီး အခြားဓားများမှာမူ ရှောင်တိမ်းခြင်းခံရကာ ၎င်း၏ အောက်ခြေရှိ အကျိတ်နာများအတွင်းသို့ စိုက်ဝင်သွားခဲ့၏။ အကျိတ်နာများအတွင်း စိုက်ဝင်သွားသော ဓားများသည် မည်သည့် ထိခိုက်မှုကိုမျှ မဖြစ်စေချေ။
ပစ်မှတ်ကို ထိမှန်ခဲ့သော ဓားတစ်လက်သည်လည်း ၎င်း၏ ဦးခေါင်းကို ထိမှန်ခဲ့သော်လည်း ထိခိုက်မှု ၉ သာ ဖြစ်စေခဲ့သည်။
ဤအနည်းငယ်မျှသော ထိခိုက်မှုပမာဏသည် ၎င်း၏ သွေးပမာဏ ၁၅,၀၀၀ နှင့် နှိုင်းယှဉ်ပါက လုံးဝ မရှိသလောက်ပင် ဖြစ်၏။ ဝမ်ထောင်က သူ၏ထိခိုက်မှုသည် အသုံးမဝင်နိုင်သည်ဟု တွေးလိုက်မိစဥ်မှာပင် ဇွန်ဘီ၏ ဦးခေါင်းထက်၌ +၉ ဟူသော စာသား ရုတ်တရက် ပေါ်လာသည်။
၎င်း၏ သွေးပမာဏ ပြန်ပြည့်သွားပြီ ဖြစ်၏။
"..."
"တောက်..."
ဝမ်ထောင် စိတ်ထဲမှ ကျိန်ဆဲလိုက်မိတော့သည်။
ခံစစ်စွမ်းအား မြင့်မားရုံမျှမက၊ သွေးပမာဏကိုပါ ပြန်လည်ကုသနိုင်နေသည် မဟုတ်ပါလား။ ၎င်းတွင် ကိုယ်တိုင်ကုသ စွမ်းရည် ရှိနေခြင်းဖြစ်နိုင်၏။
သတင်းကောင်းတစ်ခုမှာ ဤဇွန်ဘီတွင် မည်သည့် အဝေးပစ်တိုက်ခိုက်စွမ်းရည်များမှ
ရှိနေပုံမရခြင်း ဖြစ်သည်။ ဝမ်ထောင် သူ့ကို အကြိမ်ပေါင်းများစွာ တိုက်ခိုက်ခဲ့သော်လည်း ၎င်းသည် ဟိန်းဟောက်ခြင်းမှတစ်ပါး မည်သည့်အရာကိုမျှ မလုပ်ဆောင်နိုင်ချေ။
ဤအရာကို မြင်ရသောအခါ ဝမ်ထောင် ပိုမိုရဲတင်းလာသည်။
သူသည် မီးသတ်ပုဆိန်ကို ကိုင်ဆောင်ကာ ရှေ့သို့ ခြေလှမ်းအနည်းငယ် တိုးလိုက်ပြီး လေထုထဲသို့ လွှဲယမ်းလိုက်၏။
မျက်စိဖြင့်တွေ့နိုင်သော တုန်ခါလှိုင်းတစ်ခုသည် ဇွန်ဘီကို ချက်ချင်း ရိုက်ခတ်သွားတော့သည်။
【-၃၂၄】
【၁၄၆၇၆/၁၅၀၀၀】
ဤအကြိမ်တွင် ထိခိုက်မှု သုံးရာကျော် ဖြစ်စေခဲ့သည်။ မြင့်မားခြင်း မရှိသေးသော်လည်း ယခင်လို ဂဏန်းတစ်လုံးတည်းနှင့် နှိုင်းယှဉ်ပါက များစွာ ပိုကောင်း၏။
အကယ်၍ ဤဇွန်ဘီသည် ဤနေရာတွင်သာ မတ်တပ်ရပ်ပြီး အသတ်ခံနေမည်ဆိုပါက သူသည် တုန်ခါလှိုင်း အနည်းငယ်မျှဖြင့် သတ်ဖြတ်နိုင်မည် မဟုတ်ပါလား။
၎င်းသည် သွေးပမာဏ ပြန်လည်ကုသနိုင်လျှင်ပင် တစ်ကြိမ်တည်းနှင့် ရာဂဏန်းအထိ ပြန်မကုသနိုင်လောက်ပေ။
ထို့အချိန်မှာပင် ဝမ်ထောင်သည် ဇွန်ဘီ၏ ဦးခေါင်းထက်၌ +၃၂၄ ဟူသော စာသား ပေါ်လာသည်ကို မြင်လိုက်ရ၏။ ဇွန်ဘီသည် ချက်ချင်းပင် သွေးပြန်ပြည့်သွားခဲ့၏။
"မင်းအမေ....."
ဝမ်ထောင် အော်ဆဲချင်စိတ်ပင် ပေါက်သွားတော့သည်။
၎င်းက မည်သို့သော ရူးသွပ်ဖွယ် ပြန်လည်ကုသခြင်းမျိုးနည်း။
သွေးအားသုံးရာကျော်ကို ချက်ချင်း ကုသနိုင်ခြင်း ဖြစ်သည်။
ငါ ဒါကိုဘယ်လိုသတ်ရတော့မှာလဲ။
တုန်ခါလှိုင်းသည် လက်ရှိတွင် သူ ထုတ်လွှတ်နိုင်သော အမြင့်မားဆုံး ထိခိုက်မှု ဖြစ်၏။
"ဘာဖြစ်လို့လဲ"
ဟန်ရွှေက သူ၏ ဘေးမှနေ၍ စိုးရိမ်တကြီး မေးလိုက်သည်။
သူမသည် သွေးဘားတန်းများကို မမြင်ရသော်လည်း ဝမ်ထောင်၏ မျက်နှာအမူအရာ တင်းမာနေသည်ကိုမူ သိနိုင်၏။
"ဒီဇွန်ဘီမှာ ကုသ စွမ်းရည် ရှိနေတယ်၊ ငါ့ရဲ့ အသန်မာဆုံး တုန်ခါလှိုင်းတောင် သူ့အပေါ်မှာ အသုံးမဝင်ဘူး"
အကျဉ်းချုပ် ရှင်းပြပြီးနောက် ဝမ်ထောင်သည် ၎င်းထံသို့ တုန်ခါလှိုင်းအချို့ကို ဆက်တိုက် ထပ်မံထုတ်လွှတ်လိုက်သည်။
【-၃၄၁】ထိ၏။
【+၃၄၁】ပြန်ပြည့်၏။
【-၃၁၈】ထိသည်။
【+၃၁၈】ပြန်ဖြည့်သည်။
【-၃၃၇】
【+၃၁၈】
"..."
တော်လိုက်တော့...။
ဝမ်ထောင် မည်မျှပင် သွေးပမာဏ လျှော့ချပစ်သည်ဖြစ်စေ ၎င်းသည် ချက်ချင်း သွေးပြန်ပြည့်သွားနိုင်၏။
အခြေအနေကို ကြည့်ခြင်းအားဖြင့် ဝမ်ထောင် ၎င်းကို တစ်ချက်တည်းဖြင့် အပြတ်မသတ်နိုင်ပါက သတ်ရန် မဖြစ်နိုင်သည်မှာ ထင်ရှားလှသည်။
"ဂီး....ဂီး..."
ဇွန်ဘီသည်လည်း ဝမ်ထောင်ကို ဒေါသတကြီး စိုက်ကြည့်နေပုံရသည်။ ၎င်းသည် သူ့ထံသို့ ရွှေ့လျားလိုသော်လည်း ခန္ဓာကိုယ်မှာ ညပ်နေသဖြင့် အပေါ်သို့ လုံးဝ တက်မလာနိုင်ချေ။ ဝမ်ထောင်သည်လည်း စိတ်ပျက်လက်ပျက်ဖြင့် တုန်ခါလှိုင်းအချို့ကို ထပ်မံထုတ်လွှတ်ကာ ပြန်လည်စိုက်ကြည့်နေခဲ့သော်လည်း ၎င်းသည် ခဏချင်းပင် သွေးပြန်ပြည့်သွားခဲ့ပြန်သည်။
နှစ်ဦးစလုံးသည် တစ်ဖက်လူကို သတ်ဖြတ်လိုကြသော်လည်း မည်သူမျှ မတတ်နိုင်ကြပေ။
"တောက်... ငါ မယုံဘူး"
ဝမ်ထောင်သည် သူ၏ ကျောပိုးအိတ်ထဲမှ စစ်သုံးရိုင်ဖယ်တစ်လက်ကို ထုတ်ယူလိုက်၏။
ဤအရာသည် ယနေ့ အပြင်မထွက်မီက ဝေကျန့်ကော်ထံမှ သူ အထူးတောင်းဆိုထားခဲ့သော အရာ ဖြစ်သည်။
"ရှင် ဒါကို တကယ်ပဲ သုံးတော့မလို့လား"
ဟန်ရွှေ အနည်းငယ် စိုးရိမ်မိသွားသည်။
သူတို့သည် ပထမမြေအောက်ထပ်တွင် ရှိနေကြသော်လည်း ဤအရာက ရူးသွပ်ဇွန်ဘီများကို ဆွဲဆောင်မည် မဟုတ်ကြောင်း မည်သူမျှ အာမမခံနိုင်ချေ။
"ငါ ဂရုမစိုက်တော့ဘူး၊ အရင်ဆုံး ကျည်ကတ်တစ်ကတ် ကုန်အောင် ပစ်ကြည့်မယ်"
ဝမ်ထောင်သည် လုံခြုံရေးခလုတ်ကို ဖွင့်လိုက်ပြီး ရိုင်ဖယ်ကို ကျည်သွင်းကာ ဇွန်ဘီ၏ ဦးခေါင်းသို့ ချိန်ရွယ်လိုက်၏။
ထို့နောက် ဝမ်ထောင်သည် တိကျစွာပစ်ခတ်ခြင်း စွမ်းရည်ကို အသက်သွင်းကာ အသက်ကို ပြင်းပြင်းရှူလျက် မောင်းခလုတ်ကို ဆွဲလိုက်တော့သည်။
ဒိုင်း ဒိုင်း ဒိုင်း—
ဒိုင်း...
ချက်ချင်းပင် မီးလျှံတန်းတစ်ခုသည် ဇွန်ဘီထံသို့ ပန်းထွက်သွားခဲ့၏။
【-၄၃၁】
【+၄၃၁】
【-၄၂၂】
【+၄၂၂】
【-၄၅၈】
【+၄၅၈】
【-၄၇၁】
【+၄၇၁】
【...】
ရိုင်ဖယ်၏ ဆက်တိုက်ထိမှန်မှုမှ ထွက်ပေါ်လာသော ထိခိုက်မှုသည် ဝမ်ထောင်၏ အဆင့် ၂ တုန်ခါလှိုင်းထက်ပင် ပိုမိုမြင့်မားပြီး ၎င်း၏ တိုက်ခိုက်မှုအရှိန်မှာလည်း တုန်ခါလှိုင်းထက် များစွာ သာလွန်လှသည်။
တစ်စက္ကန့်ပင် မပြည့်မီအချိန်အတွင်း ကျည်ကတ်ထဲမှ ကျည်ဆန် အတောင့်သုံးဆယ်စလုံးသည် ဇွန်ဘီ၏ ဦးခေါင်းထဲသို့ တိုးဝင်သွားခဲ့သည်။ လွဲချော်သွားသော အနည်းငယ်ကို ဖယ်ထားလျှင် အခြားအချက် နှစ်ဆယ်ကျော်စလုံး ထိမှန်ခဲ့၏။
သို့သော် ဤကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော ပစ်ခတ်မှုနှုန်းရှိနေသော်လည်း ဇွန်ဘီ၏ ကုသ စွမ်းရည်မှာ လိုက်မှီနေဆဲ ဖြစ်သည်။
ကျည်ဆန်တစ်ချက် ထိခိုက်မှုဖြစ်စေတိုင်း ၎င်းသည် သွေးချက်ချင်း ပြန်ပြည့်နိုင်၏။ ဤကျည်အတောင့် သုံးဆယ် ပစ်ခတ်ပြီးနောက်တွင်လည်း ဇွန်ဘီသည် သွေးပြည့်နေဆဲ ဖြစ်သည်။
"အရင် ဆုတ်ကြစို့"
ဝမ်ထောင် စကားအများကြီး ပြောရန် အချိန်မရှိသဖြင့် ဟန်ရွှေကို ခေါ်ဆောင်ကာ လျင်မြန်စွာ ထွက်ခွာခဲ့တော့သည်။
ဘာပဲဖြစ်ဖြစ် ခုနက သေနတ်သံသည် အလွန် ကျယ်လောင်လှသဖြင့် ရူးသွပ်ဇွန်ဘီအများအပြား ရောက်လာနိုင်သောကြောင့် ဖြစ်သည်။
သူတို့နှစ်ဦးသည် လှေကားခွင်ဝမှတစ်ဆင့် ဆေးရုံအပြင်ဘက်သို့ လျင်မြန်စွာ ပြေးထွက်ခဲ့ကြ၏။ ဝမ်ထောင်သည် ဂေါ်ရီလာဇွန်ဘီ ဖောက်ထားခဲ့သော အပေါက်မှတစ်ဆင့် မြေအောက်ထပ်သို့ ဝင်ရောက်သွားသော ရူးသွပ်ဇွန်ဘီ ဆယ်ကောင်ခန့်ကို သတိပြုမိလိုက်သည်။
"မဆိုးပါဘူး၊ ငါတို့ ရူးသွပ်ဇွန်ဘီ ဆယ်ကောင်လောက်ပဲ ဆွဲဆောင်နိုင်ခဲ့တာ၊ မြေအောက်ထပ်ရဲ့ အသံလုံစနစ်က အတော်လေး ကောင်းတာပဲ..."
၎င်းကို သတင်းကောင်းတစ်ခုဟု သတ်မှတ်နိုင်၏။
သို့သော် ဝမ်ထောင် မပြုံးနိုင်ချေ။ ထိုဇွန်ဘီ၏ ပြန်လည်ကုသခြင်းမှာ လုံးဝ ပုံမှန်မဟုတ်လွန်းသောကြောင့် ဖြစ်သည်။
ဝမ်ထောင်သည် ယခင်က ဤဇွန်ဘီ၏ ပြန်လည်ကုသခြင်း စွမ်းရည်မှာ သန်မာသော်လည်း ၎င်းသည် ကိုယ်တိုင်ကုသခြင်း သဘောတရားအတိုင်း တစ်စက္ကန့်လျှင် ပမာဏအချို့ ပြန်လည်ပြည့်တင်းခြင်းမျိုး ဖြစ်လိမ့်မည်ဟု ထင်မှတ်ခဲ့သည်။
ထိုသို့ဆိုလျှင် သူ၏ တိုက်ခိုက်မှုအရှိန်သည် သွေးပမာဏ လျော့နည်းသွားမှုနှုန်းထက် ပိုမိုမြန်ဆန်နေသရွေ့ ၎င်းကို သတ်ဖြတ်နိုင်မည် မဟုတ်ပါလား။
ဝမ်ထောင်တစ်ဦးတည်း၏ ရိုင်ဖယ်အရှိန်က မမြန်ဆန်လျှင်ပင် သူသည် ဝေကျန့်ကော်နှင့် အခြားသူများကို ခေါ်ဆောင်ကာ ရိုင်ဖယ်တစ်ဒါဇင်ဖြင့် တစ်ပြိုင်နက်တည်း တိုက်ခိုက်ခိုင်းပါက တိုက်ခိုက်မှုအရှိန်မှာ သေချာပေါက် မြန်ဆန်လာမည် မဟုတ်ပါလား။
သို့သော် သူ မျှော်လင့်မထားခဲ့သောအချက်မှာ အခြေအနေများက သူ ထင်သလို ဖြစ်မလာခြင်းပင် ဖြစ်၏။ ဤမျက်လုံးစိမ်းဇွန်ဘီ၏ ပြန်လည်ကုသခြင်း စွမ်းရည်မှာ တစ်စက္ကန့်လျှင် ပုံသေပမာဏတစ်ခု မဟုတ်ပေ။ သူ၏ ရိုင်ဖယ်ပစ်ခတ်မှုနှုန်း မည်မျှပင် မြန်ဆန်စေကာမူ တစ်ဖက်လူသည် ၎င်း၏ သွေးပမာဏကို ချက်ချင်း အပြည့် ပြန်လည်ကုသနိုင်ခြင်း ဖြစ်သည်။
ဒါက ယုတ္တိမှမရှိတော့တာ။
မည်သို့သော စွမ်းရည်မျိုးမို့ ဤမျှအထိ အစွမ်းထက်နေရသနည်း။
၎င်းက ဝမ်ထောင်ကို ဤဇွန်ဘီ၏ ခန္ဓာကိုယ်ပေါ်တွင် ကြီးမားသော သွေးထုပ်ကြီးတစ်ခု ရှိနေသကဲ့သို့ ခံစားရစေ၏။ ၎င်း သွေးပမာဏ လျော့နည်းသွားသည်နှင့် ထိုသွေးထုပ်ကြီးက ချက်ချင်း ပြန်လည်ပြည့်တင်းပေးခြင်း ဖြစ်သည်။
အကယ်၍ အခြေအနေက ထိုသို့သာ အမှန်အကန် ဖြစ်နေပါက ကိုင်တွယ်ရန် ခက်ခဲပေလိမ့်မည်... ဝမ်ထောင်သည် မျက်လုံးစိမ်းဇွန်ဘီ၏ ခန္ဓာကိုယ်အောက်ရှိ အကျိတ်နာများကို သတိရမိသွားသည်။ ထိုအရာများသည် ဇွန်ဘီ၏ သွေးထုပ်များ ဖြစ်နိုင်၏။ သို့သော် သူ၏ ကျည်ဆန်များ ထိုအကျိတ်နာများကို ထိမှန်ခဲ့စဥ်ကမူ ၎င်းသည် သွေးတစ်စက်မျှ လျော့နည်းသွားခြင်း မရှိခဲ့ချေ...
"မဟုတ်ဘူး၊ ငါ နောက်တစ်ကြိမ် ထပ်စမ်းကြည့်ရမယ်"
ဝမ်ထောင်သည် သူ၏ ဆပ်ဖ်ကားထံသို့ ပြန်သွားကာ မီးလောင်ဗုံးအချို့ကို ထုတ်ယူလိုက်သည်။
သူ၏ ခွန်အား မြင့်တက်လာကတည်းက သူသည် မီးလောင်ဗုံးများကို သိပ်အသုံးမပြုဖြစ်တော့ပေ။ အဓိကအကြောင်းရင်းမှာ ၎င်းတို့သည် ရန်သူနှင့် မိတ်ဆွေကို ခွဲခြားနိုင်ခြင်းမရှိသလို မီးလောင်ဗုံးတစ်လုံး ပစ်လိုက်ပြီးနောက် ထိုနေရာသို့ သူကိုယ်တိုင် သွားရောက်နိုင်ခြင်း မရှိသောကြောင့် ဖြစ်သည်။ ၎င်းက အတော်လေး အဆင်မပြေလှသဖြင့် ဝမ်ထောင် ၎င်းတို့ကို အသုံးပြုမှု နည်းပါးလာခဲ့ခြင်း ဖြစ်၏။
ဤမီးလောင်ဗုံးများကို ထုတ်ယူပြီးနောက် ဝမ်ထောင်နှင့် ဟန်ရွှေတို့သည် မြေအောက်ပထမထပ်သို့ နောက်တစ်ကြိမ် ပြန်လည်ရောက်ရှိလာခဲ့ကြပြန်သည်။
အတွင်းရှိ ရူးသွပ်ဇွန်ဘီအနည်းငယ်သည် ဝမ်ထောင်ကို ချက်ချင်း မြင်တွေ့သွားကြသော်လည်း ၎င်းတို့သည် ဟန်ရွှေ၏ ဓားချက်အနည်းငယ်ဖြင့်ပင် အသတ်ခံလိုက်ရ၏။
သူတို့နှစ်ဦးသည် ယခင် လှေကားခွင်ဝသို့ ရောက်ရှိလာခဲ့ကြသော်လည်း မျက်လုံးစိမ်းဇွန်ဘီမှာ ရှိမနေတော့ပေ။
ဝမ်ထောင်သည် လှေကားခွင်ဝထံသို့ ကျောက်ခဲတစ်လုံး လှမ်းပစ်လိုက်ရာ မကြာမီမှာပင် မျက်လုံးစိမ်းဇွန်ဘီ ထပ်မံပေါ်လာခဲ့ပြန်သည်။
ဝမ်ထောင်သည် တစ်ခွန်းမှ မပြောဘဲ မီးလောင်ဗုံးတစ်လုံးကို တိုက်ရိုက် မီးညှိကာ ဇွန်ဘီထံသို့ လှမ်းပစ်လိုက်၏။
ခွမ်း—
မီးလောင်ဗုံးသည် တစ်ဖက်လူ၏ ခန္ဓာကိုယ်ပေါ်တွင် ကွဲအက်သွားပြီး တောက်လောင်နေသော မီးလျှံများသည် ဇွန်ဘီ၏ ခန္ဓာကိုယ်အထက်ပိုင်းကို ချက်ချင်း ဝါးမြိုသွားတော့သည်။
"ဂီး ဂီး..."
ဇွန်ဘီသည် ဒေါသတကြီး ဟိန်းဟောက်လိုက်၏။
【-၅၄】
【+၅၄】
【-၅၆】
【+၅၆】
【...】
ဤမျှလောက်သော သွေးပမာဏ လျော့နည်းမှုကို မြင်ရသောအခါ ဝမ်ထောင် ဆွံ့အသွားသည်။ ၎င်းက သူ၏ တုန်ခါလှိုင်းလောက်ပင် မကောင်းမွန်ချေ။
သို့သော် ဇွန်ဘီသည် မီးလောင်ကျွမ်းခြင်း ခံရပြီးနောက် အလွန်အမင်း နာကျင်နေပုံရပြီး ၎င်းသည် နောက်သို့ ဖြည်းည်းချင်း ဆုတ်ခွာသွားတော့သည်။
မီးတောက်လောင်နေသော ဇွန်ဘီ အ
မှောင်ထုအတွင်းသို့ ဆုတ်ခွာသွားသည်ကို ကြည့်ကာ ဝမ်ထောင်က ပြတ်သားစွာ ပြောလိုက်၏။
"သွားကြစို့၊ နောက်ကလိုက်ပြီး ကြည့်ရအောင်"
ဘာပဲဖြစ်ဖြစ် သူတို့နှစ်ဦးစလုံးတွင် အရှိန်ပြင်းဝင်တိုက် စွမ်းရည် ရှိကြသဖြင့် အကယ်၍ အန္တရာယ်ရှိလာပါက အချိန်မီ ထွက်ပြေးနိုင်ကြမည် ဖြစ်သည်။
"အိုကေ"
သူတို့သည် လှေကားအတိုင်း သတိကြီးစွာဖြင့် ဆင်းလာခဲ့၏။
"ဂါး ဂစ်ဂစ်..."
မနှစ်မြို့ဖွယ်ကောင်းသော ဟိန်းဟောက်သံများက ဇွန်ဘီ၏ ပါးစပ်မှ ထွက်ပေါ်လာပြီး ၎င်း၏ ခန္ဓာကိုယ်ပေါ်ရှိ မီးလျှံများသည် တဖြည်းည်း သေးငယ်သွားကာ မကြာမီ လုံးဝ ကွယ်ပျောက်သွားခဲ့သည်။
၎င်း၏ ခန္ဓာကိုယ်အထက်ပိုင်းရှိ အဝတ်အစားများနှင့် ကျဲပါးသော ဆံပင်များအားလုံး လောင်ကျွမ်းသွားခဲ့ပြီး ခြောက်ကပ်ပုပ်ပွနေသော အသားစများ ထွက်ပေါ်လာရာ ကြည့်ရသည်မှာ အနည်းငယ် ပျို့အန်ချင်စရာ ကောင်းလှ၏။
သို့သော် အစက်ဆုပ်ဆုံးအပိုင်းမှာ ၎င်း၏ ခန္ဓာကိုယ်အထက်ပိုင်း မဟုတ်ဘဲ အောက်ခြေရှိ အရာ ဖြစ်သည်။
"ဘုရားရေ..."
သူတို့နှစ်ဦးသည် နောက်ဆုံးတွင် မျက်လုံးစိမ်းဇွန်ဘီ၏ ပြည့်စုံသော ခန္ဓာကိုယ်အောက်ပိုင်းကို မြင်တွေ့လိုက်ရသဖြင့် ဟန်ရွှေ အံ့အားသင့်စွာ အော်ဟစ်မိသွားတော့၏။
မျက်လုံးစိမ်းဇွန်ဘီ၏ ခန္ဓာကိုယ်အောက်ပိုင်းသည် အကျိတ်နာတစ်ခုပြီးတစ်ခုဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်ပြီး အကျိတ်နာအားလုံး ပေါင်းစပ်မှုမှာ ဘတ်စကတ်ဘောကွင်းတစ်ဝက်ခန့် အရွယ်အစား ရှိနေသည်။ ၎င်းသည် လှေကားဝတွင် ညပ်နေပြီး အပေါ်သို့ တက်မလာနိုင်ခြင်းမှာ မဆန်းတော့ပေ။
ထို့အပြင် ဤအကျိတ်နာများသည် သာမန်အသားများမဟုတ်ဘဲ ဇွန်ဘီများဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်၏။ အနည်းဆုံး ရာနှင့်ချီ သို့မဟုတ် ထောင်နှင့်ချီသော ရုပ်ဆိုးလှသော လက်မောင်းများ၊ ခြေထောက်များနှင့် ဦးခေါင်းများ တွန့်လိမ်လှုပ်ရှားနေကြသည်။ ထိုပေါင်းစပ်ထားသောဇွန်ဘီများတွင်ပင် သီးခြား သွေးဘားတန်းများ ရှိနေကြ၏။
ဝမ်ထောင်ပင် ပျို့အန်ချင်စိတ် ဖြစ်ပေါ်လာခဲ့သည်။
ဤမြင်ကွင်းကြောင့် သူ၏ သွေးပမာဏ အနည်းငယ် လျော့နည်းသွားခဲ့ပြီး ဟန်ရွှေမှာမူ အချက်ပေါင်းများစွာ လျော့နည်းသွားခဲ့၏။
"ဂါး ဂါး.."
မျက်လုံးစိမ်းဇွန်ဘီပေါ်ရှိ မီးလျှံများ ငြိမ်းသတ်သွားပြီးနောက် ၎င်းသည် ဝမ်ထောင်ထံသို့ စတင်ရွှေ့လျားလာခဲ့သည်။
သို့သော် ဝမ်ထောင်သည် နောက်ထပ် မီးလောင်ဗုံးတစ်လုံးကို ပြတ်သားစွာ
ထပ်ပစ်ထည့်လိုက်၏။
ခွမ်း...
မီးလုံးကြီးသည် ဇွန်ဘီ၏ ခန္ဓာကိုယ်အထက်ပိုင်းကို ထပ်မံဖုံးလွှမ်းသွားခဲ့သဖြင့် ၎င်းအား နောက်တစ်ကြိမ် ဆုတ်ခွာသွားစေပြန်သည်။
"ငါ သူ့ကို ကြီးမားတဲ့ ထိခိုက်မှု မဖြစ်စေနိုင်ပေမဲ့ သူက မီးကို ကြောက်တယ်... ဒါကလည်း သတင်းကောင်းပဲ"
ဝမ်ထောင် ရုတ်တရက် တွေးမိသည်မှာ အကယ်၍ သူသည် ဆေးရုံတစ်ခုလုံးကို မီးရှို့ဖျက်ဆီးပစ်မည်ဆိုပါက ၎င်းကို မီးမြိုက်သတ်နိုင်မည် မဟုတ်ပါလား။
သို့သော် ဤအတွေးသည် ဝမ်ထောင်၏ စိတ်ထဲတွင် ခဏမျှသာ ဖြတ်ပြေးသွားခဲ့ပြီးနောက် သူ လျင်မြန်စွာ ဖျက်ဆီးပစ်လိုက်၏။
သူ ဆေးရုံကို မီးရှို့နိုင်၊ မရှို့နိုင်ကို ဘေးဖယ်ထားလျှင်ပင် အကယ်၍ ရှို့နိုင်ခဲ့ပါက မီးကို မည်သို့ ပြန်ငြိမ်းသတ်ရမည်နည်း။ အကယ်၍ ငြိမ်းသတ်၍မရသော မီးဘေးကြီးတစ်ခု ဖြစ်ပွားခဲ့ပါက စခန်းသည်လည်း အန္တရာယ်ရှိလာနိုင်ပေလိမ့်မည်။
သို့သော်လည်း သူ ၎င်းကို မီးမြိုက်မသတ်နိုင်လျှင်ပင် ၎င်း၏ မီးကြောက်တတ်သော သဘာဝကို အသုံးချ၍ အခြားနည်းလမ်းများကို တွေးတောနိုင်ပေသည်။
"အူး.."
ထိုအချိန်၌ မျက်လုံးစိမ်းဇွန်ဘီသည် ရုတ်တရက် ဟိန်းဟောက်လိုက်ပြီးနောက် ပါးစပ်ကို ကျယ်လောင်စွာ ဟက်လိုက်ရာ စိမ်းဖန်ဖန် အလင်းကွင်းတစ်ခုသည် ၎င်း၏ ခန္ဓာကိုယ်မှ ရုတ်တရက် ထွက်ပေါ်လာပြီး အရပ်မျက်နှာအနှံ့သို့ လျင်မြန်စွာ ပြန့်ကားသွားတော့သည်။
"ပြေး"
တုန်ခါလှိုင်းနှင့် အနည်းငယ် တူညီပုံရသော ဤစွမ်းရည်ကို မြင်ရသောအခါ ဝမ်ထောင်နှင့် ဟန်ရွှေတို့သည် တုန့်ဆိုင်းမနေဘဲ နောက်
သို့လှစ်ခနဲ ထွက်ပြေးခဲ့ကြ၏။
သို့သော် မည်သူသိနိုင်မည်နည်း၊
ဤအလင်းကွင်းသည် အလွန် မြန်ဆန်လှရာ တုန်ခါလှိုင်းထက် များစွာ ပိုမိုမြန်ဆန်သည်။ ဝမ်ထောင်နှင့် ဟန်ရွှေတို့သည် လုံးဝ ရှောင်တိမ်းနိုင်ခြင်း မရှိခဲ့ချေ။
ဝှစ်...
အင့်...
အလင်းကွင်းသည် ဝမ်ထောင်နှင့် ဟန်ရွှေတို့ကို တိုက်ရိုက် ရိုက်ခတ်သွားခဲ့သည်။
ထို့နောက် သူတို့နှစ်ဦး တွေ့ရှိရသည်မှာ...။
မည်သည့်အရာမျှ ဖြစ်ပျက်ပုံမရခြင်းပင်။
ဝမ်ထောင်သည် သူနှင့် ဟန်ရွှေ၏ သွေးဘားတန်းများကို လျင်မြန်စွာ ကြည့်လိုက်သည်။
သွေးပမာဏ လျော့နည်းမသွားပါ။ ထို့ပြင် မည်သည့် ဆိုးကျိုး အခြေအနေသက်ရောက်မှုများမှလည်း မရှိပေ။
ဝမ်ထောင် အနည်းငယ် ဝေခွဲမရ ဖြစ်သွားခဲ့၏။
သို့သော် သတိကြီးစွာထားခြင်းအားဖြင့် သူသည် ဟန်ရွှေနှင့်အတူ ခဏမျှ ဆက်ပြေးနေခဲ့သည်။ သူတို့သည် ဤအလင်းကွင်းအတွင်း၌ ရှိနေဆဲ ဖြစ်သော်လည်း မည်သည့် သွေးပမာဏ လျော့နည်းမှု သို့မဟုတ် ဆိုးကျိုးအခြေအနေမှ ရရှိခြင်း မရှိသေးပေ။
"ငါ ဘာမသက်မသာဖြစ်မှုမှ ခံစားရပုံမရဘူး..."
ဟန်ရွှေသည်လည်း အနည်းငယ် ဇဝေဇဝါ ဖြစ်နေမိသည်။
"ဒါက တိုက်ခိုက်ရေးစွမ်းရည် မဟုတ်ပုံပဲ"
ဝမ်ထောင် အကြိမ်ပေါင်းများစွာ ထပ်မံအတည်ပြုလိုက်၏။ ဤအလင်းကွင်းသည် သူ့ကို အမှန်တကယ်ပင် မည်သည့် ထိခိုက်မှုမျှ မဖြစ်စေချေ။
မျက်လုံးစိမ်းဇွန်ဘီသည်လည်း သူ၏ စွမ်းရည်မှာ အသုံးမဝင်ကြောင်း ရှာဖွေတွေ့ရှိသွားပုံရသဖြင့် ၎င်း၏ အလင်းကို ပြန်လည်ရုပ်သိမ်းလိုက်သည်။
ဤအရာကို မြင်ရသောအခါ ဝမ်ထောင်သည် မျက်လုံးစိမ်းဇွန်ဘီထံသို့ တုန်ခါလှိုင်းတစ်ခု အသုံးပြုလိုက်၏။
ဝှစ်.
ဘုန်း...
တုန်ခါလှိုင်းသည် ဇွန်ဘီ၏ ခန္ဓာကိုယ်အထက်ပိုင်းကို ထိမှန်ခြင်းမရှိဘဲ ၎င်း၏ အောက်ပိုင်းကို သွားရောက်ရိုက်ခတ်ခဲ့ခြင်း ဖြစ်သည်။
ချက်ချင်းပင် ၎င်း၏ အောက်ပိုင်းနှင့် ပေါင်းစပ်ထားသော်လည်း လုံးဝ တစ်သားတည်း မဖြစ်သေးသော ဇွန်ဘီအချို့သည် ရိုက်ခတ်မှုကြောင့် ကြေမွသွားခဲ့၏။
ဤဇွန်ဘီအနည်းငယ် သေဆုံးသွားသောအခါ မျက်လုံးစိမ်းဇွန်ဘီသည် သွေးတစ်စက်မျှ လျော့နည်းသွားခြင်း မရှိသော်လည်း ၎င်းသည် ပိုမိုဒေါသထွက်သွားပုံရသည်။
"ဝူး—"
၎င်းသည် ခန္ဓာကိုယ်ပေါ်ရှိ မီးလျှံများကို လျစ်လျူရှုကာ အောက်ခြေရှိ ရေတွက်၍မရသော လက်များနှင့် ခြေထောက်များကို တွန့်လိမ်လှုပ်ရှားစေလျက် ဝမ်ထောင်ထံသို့ တိုက်ရိုက် လျှောက်လှမ်းလာခဲ့တော့သည်။
" ပြေး"
ဝမ်ထောင်သည် ၎င်းနှင့် အနီးကပ်တိုက်ခိုက်မှု ပြုလုပ်ရန် ရည်ရွယ်ချက် လုံးဝမရှိသဖြင့် ဟန်ရွှေကို ဆွဲကာ ချက်ချင်း ထွက်ပြေးသည်။
ဤဇွန်ဘီတွင် လက်များနှင့် ခြေထောက်များစွာ ရှိနေသော်လည်း ၎င်း၏ ခန္ဓာကိုယ်မှာ အလွန်အမင်း ဖောယောင်နေသဖြင့် အရှိန်နှုန်းမှာ မမြန်ဆန်ချေ။ ၎င်းသည် ယခင်က ခေါင်းစွပ်ဇွန်ဘီနှင့် နှိုင်းယှဉ်ပါက များစွာ နိမ့်ကျလှသည်။
သူတို့နှစ်ဦးသည် မြေအောက်ပထမထပ်သို့ လွယ်ကူစွာ ပြန်လည်ပြေးတက်ခဲ့ကြ၏။
မျက်လုံးစိမ်းဇွန်ဘီသည် လှေကားဝတွင် နောက်တစ်ကြိမ် ထပ်မံညပ်သွားခဲ့ပြန်သည်။ ၎င်းသည် ပြင်းထန်သော ဟိန်းဟောက်သံ နှစ်ချက် ထုတ်လွှတ်ပြီးနောက် နောက်သို့ ဆုတ်ခွာသွား၏။ ၎င်း၏ ခန္ဓာကိုယ်ပေါ်ရှိ မီးလျှံများလည်း ငြိမ်းသတ်သွားခဲ့ပြီး မကြာမီ ဝမ်ထောင်၏ မြင်ကွင်းမှ လုံးဝ ကွယ်ပျောက်သွားခဲ့တော့သည်။
ဝမ်ထောင်သည် မှောင်မိုက်နေသော လှေကားခွင်ဝကို ကြည့်ကာ မျက်မှောင်ကုတ်လျက် လေးနက်စွာ တွေးတောနေမိ၏။
ခုနက သူ တုန်ခါလှိုင်းကို အသုံးပြု၍ ဇွန်ဘီ၏ ခန္ဓာကိုယ်အထက်ပိုင်းကို တိုက်ခိုက်ခဲ့စဥ်ကမူ ၎င်းသည် သွေးပမာဏ ရာဂဏန်းအထိ လျော့နည်းသွားခဲ့လျှင်ပင် ကြီးမားသော တုံ့ပြန်မှုမျိုး မရှိခဲ့ချေ။
သူ မီးလောင်ဗုံးကို အသုံးပြု၍ ၎င်း၏ အထက်ပိုင်းကို လောင်ကျွမ်းစေခဲ့စဥ်ကမူ သွေးပမာဏ လျော့နည်းမှု နည်းပါးသော်လည်း ၎င်းသည် အတိုင်းအတာတစ်ခုအထိ ဒေါသထွက်သွားပုံရသည်။
သို့သော် ဝမ်ထောင်သည် ၎င်း၏ အောက်ခြေတွင် ပေါင်းစပ်နေသော ဇွန်ဘီများကို တိုက်ခိုက်ခဲ့စဥ်ကမူ ၎င်းသည် သွေးတစ်စက်မျှ လျော့နည်းသွားခြင်း မရှိခဲ့သော်လည်း အလွန်ဒေါသတကြီး ဖြစ်သွားခဲ့၏... ။
ထိုအောက်ခြေရှိ ဇွန်ဘီများသည် ၎င်းအတွက် အလွန် အရေးကြီးနေခြင်း ဖြစ်နိုင်မလား။
ဝမ်ထောင်သည် သွေးထုပ်များကို ထပ်မံသတိရမိသွားသည်။
"ဒီအောက်က ဇွန်ဘီတွေက သူ့ရဲ့ သွေးထုပ်တွေ ဖြစ်နေနိုင်မလား"
........