← Chapters

အခန်း ၁၄၆

Vol. 13 Ch. 146

အခန်း ၁၄၆

Vol. 13 Ch. 146

အခန်း(၁၄၆) အကျအဆုံး များပြားခြင်း

"ဟူး..."

သက်ပြင်းရှည်ကြီးတစ်ခုနှင့်အတူ ဝမ်ထောင်သည် မြေပြင်ပေါ်၌ အရုပ်ကြိုးပြတ် လှဲချလိုက်၏။

သူ၏တစ်ကိုယ်လုံး နာကျင်ကိုက်ခဲနေပြီး အဆုတ်ထဲတွင်လည်း မီးလောင်နေသကဲ့သို့ ခံစားနေရကာ ခေါင်းတစ်ခုလုံးလည်း ကွဲအက်မတတ် ကိုက်ခဲနေသည်။ သူ အလွန် အိပ်ပျော်ချင်နေသော်လည်း ယခုအချိန်တွင် အိပ်ပျော်သွား၍ မဖြစ်မှန်း သူသိ၏။ အဆီးအတားမဲ့နေချိန်ဖြစ်သောကြောင့် လမ်းကြုံဇွန်ဘီတစ်ကောင်ကပင် သူ့ကို သတ်သွားနိုင်ပေသည်။

ခေတ္တမျှကြာသည့်အထိ လဲနေပြီးနောက် ဝမ်ထောင်သည် အသက်ရှူအနည်းငယ်မှန်သွားပြီး ရုန်းကန်ကာ ထရပ်လိုက်၏။ သူသည် ပထမဆုံးအနေဖြင့် ဂေါ်ရီလာဇွန်ဘီထံမှ တိုက်ပွဲရပစ္စည်းအားလုံးကို သိမ်းဆည်းလိုက်ပြီးနောက် ဇွန်ဘီဖြစ်သွားသော ဝူဖေး၏ ရုပ်အလောင်းကို လှမ်းကြည့်လိုက်သည်။

"ဟူး..."

ဝမ်ထောင်တွင် သန့်စင်ဆေးရည်တစ်ပုလင်း ရှိနေသည်။ ၎င်းဆေးရည်သည် လတ်တလော ဇွန်ဘီအဖြစ် ပြောင်းလဲသွားသူကို လူသားအဖြစ် ပြန်လည်ပြောင်းလဲပေးနိုင်သည့် အခွင့်အရေး အတိုင်းအတာတစ်ခုအထိ ရှိသော်လည်း ပစ်မှတ်သည် သေဆုံးခြင်းမရှိသေးမှသာ အာနိသင်ရှိမည် ဖြစ်၏။

သို့သော် ဇွန်ဘီဝူဖေးသည် လုံးဝ သေဆုံးသွားခဲ့ပြီဖြစ်သည်။ သူ၏ ဦးခေါင်းခွံတစ်ခုလုံးသည် ဝမ်ထောင်၏ ပုဆိန်ဖြင့် ထုရိုက်ခြင်းခံရသဖြင့် ကြေမွနေပြီး အမြုတေသည်လည်း ထွက်ကျနေကာ သူ၏ မျက်နှာအောက်ပိုင်းသာ ကျန်ရှိတော့သည်။ သူ၏ နှုတ်ခမ်းထောင့်စွန်းများသည် အနည်းငယ် ကော့ညွတ်နေပြီး ကျေနပ်စွာပြုံးနေသကဲ့သို့ပင်။

ဝမ်ထောင်သည် လမ်းဆုံးသို့ ရောက်နေချိန်တွင် အသိစိတ်မဲ့နေသော ဝူဖေးသည် သူ့ထံသို့ တိုက်ရိုက် ပြေးဝင်လာခဲ့ခြင်းဖြစ်သဖြင့် သူလည်း ပြန်မတိုက်ခိုက်ဘဲ နေ၍မရခဲ့ပေ။ ဝမ်ထောင်သည် ဝူဖေးတွင် သွေးပမာဏ ၁ မှတ်သာ ကျန်ရှိတော့ပြီး တစ်ချက်ထိရုံဖြင့် သေဆုံးသွားနိုင်သည်ကို သတိမပြုမိခဲ့ပါ။

"သူငယ်ချင်း... ကျေးဇူးပဲ"

ဝမ်ထောင်သည် ဇွန်ဘီဝူဖေး၏ ပုခုံးကို ပုတ်ကာ စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်၏။

ထိုအချိန်က သူသည် ဝူဖေးကို ကယ်တင်ခဲ့ခြင်းမှာ တစ်ဖက်တွင် သူ့ကို သနားမိခြင်းနှင့် သူ မသေသေးခြင်းကြောင့်ဖြစ်ပြီး အခြားတစ်ဖက်တွင်မူ ဗိုင်းရပ်တားဆီးဆေး၏ အာနိသင်ကို စမ်းသပ်လိုခြင်းကြောင့် သာဖြစ်သည်။

ဝမ်ထောင်သည် ဝူဖေးက သူ့ကို ကျေးဇူးပြန်ဆပ်လိမ့်မည်ဟု မမျှော်လင့်ခဲ့ပါ။

မည်သို့ပင်ဆိုစေကာမူ ဤသည်မှာ ကမ္ဘာပျက်ကပ်ကာလဖြစ်သဖြင့် ၎င်းတို့နှစ်ဦး ဆုံတွေ့ခြင်းသည် ပထမဆုံးနှင့် နောက်ဆုံးအကြိမ်လည်း ဖြစ်သွားနိုင်သည် မဟုတ်ပါလား။

ထို့အပြင် ထိုအချိန်က ဝမ်ထောင်သည် ဝူဖေးထက် များစွာ ပိုမိုသန်မာခဲ့သည်။ ဝူဖေးက ဝမ်ထောင်ကို ကျေးဇူးဆပ်မည်ဟု ပြောသောအခါ ဝမ်ထောင်သည် ဟာသတစ်ခုအဖြစ်သာ သဘောထားခဲ့၏။

နောက်ပိုင်းတွင် ဝမ်ထောင်သည် ဝူဖေးကို မထင်မှတ်ဘဲ ပြန်လည်တွေ့ရှိခဲ့ပြီး ဝူဖေး၏ ခန္ဓာကိုယ်ထဲတွင် ကိုယ်တွင်းအညစ်အကြေးများ ၃၀ ရာခိုင်နှုန်းအထိ စုပုံနေခဲ့ပြီဖြစ်သည်။

ဝူဖေးသည် မိမိကိုယ်ကိုယ် ကယ်တင်၍မရတော့မှန်း သိသော်လည်း သူ့ကို ထောင်ချောက်ဆင်ခဲ့သည့် အမျိုးသမီးဖြစ်သော အိုရင်းရင်းမှတစ်ပါး အခြားအရာများအပေါ် စိတ်ထဲတွင် ပွင့်လင်းစွာ ခံယူထားခဲ့၏။

ဝူဖေးက ဝမ်ထောင်ကို ကျေးဇူးဆပ်မည်ဟု ထပ်မံပြောကြားခဲ့သော်လည်း ဝမ်ထောင်သည် အာရုံစိုက်ခြင်း မရှိခဲ့သေးပါ။

နောက်ပိုင်းတွင် အိုရင်းရင်း သေဆုံးသွားခဲ့သည်။ ဝမ်ထောင်သည် ဝူဖေးကို နောက်တစ်ကြိမ် ထပ်မံတွေ့ရပြန်၏။ ထိုအချိန်တွင် ဝူဖေးသည် ကြီးမားစွာ ပြောင်းလဲသွားခဲ့ပြီး ကိုယ်တွင်းအညစ်အကြေး ၉၀ ရာခိုင်နှုန်းကျော် ရှိနေကာ အချိန်မရွေး ဇွန်ဘီအဖြစ် ပြောင်းလဲသွားနိုင်သည့် အခြေအနေသို့ ရောက်ရှိနေပြီဖြစ်သည်။ သူသည် အလွန်အမင်း အေးစက်နေပြီး ဝမ်ထောင်ကို သူစိမ်းတစ်ယောက်ကဲ့သို့ ကြည့်ခဲ့၏။

ဝမ်ထောင်သည် မကျေနပ်မှုတစ်စုံတစ်ရာ မရှိခဲ့ဘဲ ဝူဖေး၏ အသက်ရှင်ရန် အချိန်သည် နောက်ဆုံး စက္ကန့်အနည်းငယ်သို့ ရောက်ရှိနေပြီဖြစ်မှန်း သိသဖြင့် ဝူဖေးကို သနားရုံသာ သနားမိသည်။ နောက်တစ်ကြိမ် သူ အပြင်ထွက်သည့်အခါ ဝူဖေး ပြောင်းလဲသွားမည့် ဇွန်ဘီကိုပင် မြင်တွေ့ရနိုင်သည်ဟု သူ ထင်မှတ်ခဲ့၏။ ယခုမှာတော့ ဝမ်ထောင်သည် ဝူဖေးကို နောက်ဆုံးအကြိမ်အဖြစ် မြင်တွေ့နေရပြီ ဖြစ်သည်။

ဝူဖေး၏ ခန္ဓာကိုယ်ထဲမှ ကိုယ်တွင်းအညစ်အကြေးများသည် ၁၀၀ ရာခိုင်နှုန်းသို့ ရောက်ရှိသွားခဲ့ပြီး သူသည် ဝမ်ထောင်ကို နောက်ဆုံးစကားအဖြစ် ထစ်ငေါ့စွာပြောခဲ့၏။

"ငါ မင်းကို ကျေးဇူးဆပ်မယ်လို့ ပြောခဲ့တယ်မလား"

ထိုသို့ပြောပြီးနောက် သူသည် ဇွန်ဘီအဖြစ်သို့ ပြောင်းလဲသွားကာ ဂေါ်ရီလာဇွန်ဘီထံသို့ ပြေးဝင်သွားခဲ့၏။ သူ၏ ထိုလှုပ်ရှားမှုသည် စွမ်းရည်တစ်ခု ဖြစ်ရမည်ဖြစ်ပြီး ၎င်းသည် ဂေါ်ရီလာဇွန်ဘီ၏ သွေးဘားတန်းကို အမြောက်အမြား တိုက်ရိုက် လျှော့ချပစ်လိုက်ကာ ၎င်းကို ချုပ်နှောင်ထားလိုက်သဖြင့် ဂေါ်ရီလာဇွန်ဘီကို လှုပ်ရှား၍မရအောင် ပြုလုပ်လိုက်သည်။

ဤစွမ်းရည်အတွက် ပေးဆပ်ရသည့် တန်ဖိုးသည် သေးငယ်မည်မဟုတ်ပေ။ ဝူဖေးသည် ဂေါ်ရီလာဇွန်ဘီထံမှ သွေးပမာဏ ၅၀၀၀ ကို ဖယ်ရှားပစ်ခဲ့သော်လည်း သူကိုယ်တိုင်လည်း သွေးပမာဏ ၄၉၉၉ လျော့နည်းသွားခဲ့၏။

ထို့နောက် ဝမ်ထောင်သည် အခွင့်အရေးကို အသုံးချကာ ဂေါ်ရီလာဇွန်ဘီကို သတ်ပစ်ခဲ့ပြီး ဇွန်ဘီဖြစ်သွားသော ဝူဖေးကိုလည်း သတ်ပစ်ခဲ့သည်။

ဝမ်ထောင်သည် ဝူဖေးနှင့် သူ၏ ပတ်သက်မှုကို သူစိမ်းများ သို့မဟုတ် အနည်းငယ်ရင်းနှီးသောသူစိမ်းများအဖြစ်သာ အမြဲတမ်း ခံစားခဲ့ရ၏။ တစ်ဖက်လူက သူ့ကို ကျေးဇူးဆပ်သည်ဖြစ်စေ၊ မဆပ်သည်ဖြစ်စေ ဝမ်ထောင်သည် ဂရုမစိုက်ခဲ့ပါ။

သို့သော် ဝူဖေး၏ မျက်လုံးထဲတွင်မူ ဝမ်ထောင်သည် သူ၏ ကယ်တင်ရှင်ဖြစ်ပြီး သူ့ကို ကလဲ့စားချေရန် အခွင့်အရေး ပေးခဲ့သူဖြစ်သည်။ ဝူဖေးသည် စကားတည်သော လူတစ်ယောက်ဖြစ်၏။ သူ ကျေးဇူးဆပ်မည်ဟု ပြောခဲ့ကတည်းက မည်သည့်နည်းလမ်းဖြင့်ဖြစ်စေ သူ သေချာပေါက် လုပ်ဆောင်မည်သာ ဖြစ်သည်။

ဖြစ်နိုင်သည်မှာ ဝူဖေးသည် ဝမ်ထောင်၏ နောက်သို့ အမြဲတမ်း လိုက်ပါနေခဲ့ခြင်း သို့မဟုတ် ဂေါ်ရီလာဇွန်ဘီ၏ နောက်သို့ လိုက်နေခြင်း သို့မဟုတ် ဝမ်ထောင်နှင့် ဂေါ်ရီလာဇွန်ဘီတို့၏ တိုက်ပွဲကို မတော်တဆ ကြုံတွေ့ခဲ့ခြင်းလည်း ဖြစ်နိုင်ပေသည်။ သို့သော် မည်သို့ပင်ဆိုစေ ဝူဖေးသည် သူ၏ ကတိကို တည်ခဲ့သည်။ ဝမ်ထောင်သည် သူ၏ အသက်ကို ကယ်တင်ခဲ့ပြီး နောက်ထပ် သုံးလခန့် အသက်ရှင်ခွင့် ပေးခဲ့သဖြင့် သူသည် မိမိ၏ အသက်ကို အသုံးပြု၍ ဝမ်ထောင်၏ အသက်ကို ပြန်လည် ကယ်တင်ခဲ့ခြင်းပင်။

ဝမ်ထောင်သည် သူ့ကို ယောက်ျားစစ်စစ်တစ်ယောက်အဖြစ် လေးစားမိသည်။

"ဂါးဂါး..."

တိုက်ပွဲရပစ္စည်းအားလုံးကို သိမ်းဆည်းပြီးနောက် သာမန်ဇွန်ဘီအချို့ ချဉ်းကပ်လာကြ၏။ ဝမ်ထောင်သည် လှည့်ပင်မကြည့်ဘဲ ပုဆိန်ကို နှစ်ချက်ခုတ်ရိုက်ကာ ၄င်းတို့၏ ဦးခေါင်းခွံများကို တိုက်ရိုက် ကြေမွစေခဲ့သည်။

ထို့နောက် ဝမ်ထောင်သည် ဝေကျန့်ကော်နှင့် အခြားသူများ ရှိရာနေရာသို့ ယိုင်တိုင်တိုင်ဖြင့် လျှောက်လှမ်းခဲ့၏။

ဤနေရာတွင် ရွှံ့နွံများသာ ရှိနေသည်။ ဝမ်ထောင်သည် တော်တော်ကြာအောင် ရှာဖွေပြီးနောက် နောက်ဆုံးတွင် ၄င်းတို့ သုံးဦးကို တွေ့လိုက်ရသည်။

ဝေကျန့်ကော်၊ ရှန့်ဟုန်ပင်းနှင့် ဟန်ရွှေတို့သည် အားလုံး သတိလစ်နေကြပြီး သူတို့၏ သွေးပမာဏသည်လည်း အလွန်နည်းပါးနေခဲ့ပြီဖြစ်သည်။

ဝမ်ထောင်သည် သူတို့ကို သန့်ရှင်းသော နေရာတစ်ခုသို့ ဆွဲခေါ်သွားပြီး မျက်နှာပေါ်ရှိ ရွှံ့များကို သုတ်ပေးလိုက်သည်။ထို့နောက် ဆေးသေတ္တာများကို အသုံးပြုပေးလိုက်၏။

မကြာမီအချိန်တွင် သူတို့သည် တစ်ဦးပြီးတစ်ဦး နိုးလာကြသည်။

"ကျွန်မ.. သေသွားပြီလား... ဝမ်ထောင်လား... ရှင်တောင်မှ..မလွတ်ဘူးပေါ့."

ဟန်ရွှေသည် သူမ၏ ဘေးနားရှိ ဝမ်ထောင်ကို ကြည့်နေသော်လည်း သူမ၏ အကြည့်များသည် အနည်းငယ် ဝေဝါးနေ၏။

ဝမ်ထောင်သည် သူမ၏ မျက်နှာလေးကို အားမနာတမ်း ပုတ်လိုက်သည်။

"မင်း အသက်ရှင်သေးတယ်။ ဒါပေမဲ့ ငါတို့ အခုချက်ချင်း မထွက်သွားရင်တော့ မင်း တကယ် သေသွားနိုင်တယ်"

"ဟင်... ကျွန် မသေသေးဘူးပေါ့..."

ဟန်ရွှေသည် ခေတ္တမျှ ကြောင်အသွားပြီးမှ နောက်ဆုံးတွင် သဘောပေါက်သွားခဲ့၏။

"အဟွတ် အဟွတ် ဝမ်ထောင်... အခြေအနေက ဘယ်လိုလဲ"

ဝေကျန့်ကော်နှင့် ရှန့်ဟုန်ပင်းတို့ကတော့ သူမထက် အတော်အတန် ပိုမိုတည်ငြိမ်ကြသည်။ သူတို့သည် သရဲတစ္ဆေ သို့မဟုတ် နတ်ဘုရားများကို မယုံကြည်ကြပါ။ အသိစိတ်ရှိနေလျှင် အသက်ရှင်နေခြင်းဖြစ်ပြီး အသိစိတ်မရှိလျှင် သေဆုံးခြင်းပင်။

"ဂေါ်ရီလာဇွန်ဘီ သေသွားပြီ"

ဝမ်ထောင်၏ မျက်နှာတွင် အပြုံးတစ်ခု ပေါ်လာ၏။

"ဟေ...ဂေါ်ရီလာဇွန်ဘီ သေသွားပြီလား"

သူတို့ သုံးယောက်လုံး အလွန် ဝမ်းသာသွားကြပြီး ရှန့်ဟုန်ပင်းသည် သူ၏ ပေါင်ကိုပင် အားပြင်းပြင်းဖြင့် ဆွဲဆိတ်လိုက်သည်။ သူ အသက်ရှင်နေမှန်း သိသော်လည်း ဤသည်မှာ အိပ်မက်တစ်ခု ဖြစ်နေမည်ကို သူ စိုးရိမ်မိခြင်းကြောင့် ဖြစ်၏။

"အား... နာတယ်"

"ဝမ်ထောင်... ရှင်က တကယ်ကို အံ့ဩဖို့ကောင်းလွန်းတယ်"

ဟန်ရွှေသည် စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေသော မျက်နှာဖြင့် သူ့ကို ချီးမွမ်းလိုက်၏။

ဝေကျန့်ကော်နှင့် ရှန့်ဟုန်ပင်းတို့သည်လည်း လေးနက်သော လေးစားမှုများဖြင့် ကြည့်နေကြသည်။

ဂေါ်ရီလာဇွန်ဘီသည် ရွှေကျဲခရိုင်တွင် အသန်မာဆုံး ဇွန်ဘီ ဖြစ်ပုံရသည်။ ၄င်းကို ရှင်းလင်းနိုင်သရွေ့ ၎င်းတို့သည် နောက်ပိုင်းတွင် လုံးဝ ဘေးကင်းလိမ့်မည်ဟု မပြောနိုင်သော်လည်း အနည်းဆုံးတော့ နေ့စဉ်နေ့တိုင်း ဤကဲ့သို့ စိုးရိမ်ထိတ်လန့်မှုများဖြင့် နေထိုင်ရတော့မည် မဟုတ်ပေ။

သို့သော် ဝမ်ထောင်က ခေါင်းခါလိုက်၏။

"ဒါက ငါ့တစ်ယောက်တည်းရဲ့ အစွမ်းမဟုတ်ဘူး။ အားလုံးရဲ့ အစွမ်းပဲ။ ပြီးတော့ ငါ အသက်ဘေးနဲ့ ကြုံနေရတဲ့ အချိန်မှာ ဝူဖေး ပေါ်လာခဲ့တယ်။ သူက ငါ့အသက်ကို ကယ်ခဲ့ပြီး ဂေါ်ရီလာဇွန်ဘီကို သတ်ဖို့ ကူညီပေးခဲ့တာ"

"အာ... ဝူဖေးလား"

သူတို့ သုံးဦးလုံး အံ့အားသင့်စွာဖြင့် အော်ဟစ်လိုက်ကြသည်။

ဝမ်ထောင်သည် ယခင်က ဝူဖေး၏ အခြေအနေကို ၄င်းတို့ကို ပြောပြဖူးသည်။ ဝူဖေးသည် ဇွန်ဘီအဖြစ်သို့ ပြောင်းလဲတော့မည့် အခြေအနေ မဟုတ်ပါလား။ သူသည် ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိရန် တစ်စုံတစ်ရာသော အခွင့်အလမ်းကောင်းကို ကြုံတွေ့ခဲ့ရခြင်းလော။

"ဒါဆို သူ ဘယ်မှာလဲ"

ဟန်ရွှေက အလျင်အမြန် မေးမြန်းလိုက်၏။ သူမသည် ဝူဖေးနှင့် လီချန်တို့အပေါ် အပြစ်ရှိသကဲ့သို့ ခံစားနေရဆဲ ဖြစ်သည်။

"သူ သေသွားပြီ။ သူ ဇွန်ဘီအဖြစ် ပြောင်းသွားလို့ ငါပဲ သတ်ပစ်လိုက်တယ်"

"..."

လူစုသည် ပါးစပ်များ ဟလိုက်သော်လည်း ဘာပြောရမှန်း မသိတော့ပါ။

"အသေးစိတ်ကို ငါ နောက်မှ ပြောပြမယ်။ ငါတို့ ခဏအနားယူပြီးမှ အခြေစိုက်စခန်းကို ပြန်ကြတာပေါ့"

သူတို့သည် အခြေစိုက်စခန်း၏ အခြေအနေကို မသိကြသေးပါ ။ လူတိုင်း အသက်ရှင်နေနိုင်သကဲ့သို့ ရူးသွပ်ဇွန်ဘီ အမြောက်အမြားက အခြေစိုက်စခန်းကို ဖောက်ထွင်းဝင်ရောက်ပြီး အားလုံး သေဆုံးသွားခြင်းလည်း ဖြစ်နိုင်လေသည်။

"ကောင်းပြီ"

လေးဦးလုံး ပြင်းထန်စွာ ဒဏ်ရာရရှိထားကြပြီး ဝမ်ထောင်သည်လည်း သွေးပမာဏ ရာဂဏန်းလောက်သာ ကျန်ရှိတော့သည်။ တိုက်ခိုက်ရန် နေနေသာသာ သူ လမ်းပင် ကောင်းကောင်း မလျှောက်နိုင်တော့ပါ။

ကံကောင်းထောက်မစွာဖြင့် ဝမ်ထောင်တွင် သွေးပမာဏ ပြန်လည်ပြည့်ဝရန် ဆေးသေတ္တာများနှင့် သူ၏ ကိုယ်တိုင်ပြန်ကုသခြင်း စွမ်းရည် ရှိနေသည်။ သို့မဟုတ်ပါက သူတို့ လေးဦးလုံးသည် သာမန်ဇွန်ဘီများကို

တွေ့လျှင်ပင် တိုက်ခိုက်ရေးစွမ်းရည် လုံးဝ ဆုံးရှုံးသွားမည် ဖြစ်၏။

ခေတ္တမျှ အနားယူပြီးနောက် သူတို့ ပို၍သက်သာလာသည်ဟု ခံစားရသည်။ သွေးပမာဏ နည်းနေသေးသော်လည်း အနည်းဆုံးတော့ လမ်းမလျှောက်နိုင်သည့် အခြေအနေမျိုး မဟုတ်တော့ပေ။

"သွားကြစို့"

ဝမ်ထောင်နှင့် အခြားသူများသည် တစ်ဦးကိုတစ်ဦး တွဲရင်း အခြေစိုက်စခန်းဆီသို့ ဖြည်း

ဖြည်းချင်း ပြန်ခဲ့ကြသည်။

လမ်းတစ်လျှောက်တွင် ဇွန်ဘီတစ်ကောင်မျှ ပေါ်မလာခဲ့ပါ။ သူတို့အားလုံး အခြေစိုက်စခန်းဆီသို့ ဆွဲဆောင်ခြင်း ခံလိုက်ရပုံရသည်။ သူတို့ထဲတွင် ဟန်ရွှေ၏ ဝေါ်ကီတော်ကီတစ်ခုသာ အလုပ်လုပ်နေဆဲ ဖြစ်သဖြင့် သူမသည် ဆက်သွယ်ရန် ကြိုးစားခဲ့သော်လည်း မည်သည့်သတင်းမျှ မရရှိခဲ့ပေ။ လူတိုင်း၏ မျက်နှာအမူအရာများသည် အလွန် ညှိုးငယ်နေကြသည်။

"လူတိုင်း အသက်ရှင်နေသေးဖို့ မျှော်လင့်ပါတယ်..."

ဟန်ရွှေသည် သူမ၏ နှလုံးသားထဲတွင် တိတ်တဆိတ် ဆုတောင်းနေမိ၏။

အချိန်အတန်ကြာပြီးနောက် သူတို့သည် အခြေစိုက်စခန်းနှင့် မလှမ်းမကမ်းရှိ သုံးထပ်အဆောက်အအုံငယ်တစ်ခု၏ ခေါင်မိုးပေါ်သို့ ရောက်ရှိလာခဲ့ကြသည်။

"အခြေစိုက်စခန်းထဲမှာ ဇွန်ဘီတွေ အများကြီး ရှိနေသေးတယ်။ ဒါပေမဲ့ ဘက်စုံသုံးအဆောက်အအုံရဲ့ ကာကွယ်ရေးစနစ်တွေ ဖောက်ထွင်းခံရပုံမပေါ်ဘူး။ ဂေါ်ရီလာဇွန်ဘီ မရှိဘဲနဲ့တော့ အဲဒီရူးသွပ်ဇွန်ဘီတွေ သံမဏိပြားတွေနဲ့ လုပ်ထားတဲ့ ကာကွယ်ရေးစနစ်ကို ဖောက်ထွင်းဖို့ ခက်ခဲလိမ့်မယ်..."

ဝေကျန့်ကော်သည် သူ၏ မှန်ပြောင်းကို ချလိုက်၏။

အဆောက်အအုံထဲမှ မည်သည့်လှုပ်ရှားမှုသံမျှ မကြားရသော်လည်း ဖောက်ထွင်းခြင်း မခံရသေးခြင်းကပင် သတင်းကောင်း ဖြစ်ပေသည်။

"အခု ဘာအစီအစဉ်ရှိလဲ။ တိုက်ရိုက် အရှိန်ပြင်းဝင်တိုက်ရမလား"

ရှန့်ဟုန်ပင်းသည် ဝမ်ထောင်ကို ကြည့်လိုက်၏။

ဝမ်ထောင်သည် ခေါင်းခါလိုက်သည်။

"မလုပ်နဲ့။ ငါတို့ရဲ့ လက်ရှိအခြေအနေနဲ့ဆိုရင် ရူးသွပ်ဇွန်ဘီတွေရဲ့ ဝိုင်းရံမှုကို ခံရရင် လွတ်နိုင်မှာ မဟုတ်ဘူး... ။ဘက်စုံသုံးအဆောက်အအုံကလည်း ဖောက်ထွင်းမခံရသေးတာမလို့ ငါတို့ရဲ့ အခြေအနေကို အရင်ဆုံး ပြန်ကောင်းအောင် လုပ်ပြီးမှ သွားကြတာပေါ့"

သူတို့လူနည်းစုသည် အခြေစိုက်စခန်း၏ နောက်ဆုံးကျန်ရှိသော တိုက်ခိုက်ရေးအင်အား ဖြစ်သည်။ သူတို့ အသက်ရှင်နေသရွေ့ အခြေစိုက်စခန်းအတွက် မျှော်လင့်ချက် ရှိနေဆဲ ဖြစ်၏။ထို့ကြောင့် သူတို့ သေဆုံးသွားခြင်း သို့မဟုတ် ပိတ်မိသွားခြင်း ဖြစ်ပါက အခြေစိုက်စခန်းသည် တကယ်ပင် မျှော်လင့်ချက် ကင်းမဲ့သွားနိုင်ပေသည်။

"အဓိပ္ပာယ်ရှိတယ်"

လူတိုင်း ခေါင်းညိတ်ကြပြီး လက်ရှိအဆောက်အအုံတွင် ယာယီ အခြေချလိုက်ကြ၏။

သူတို့၏ အခြေအနေများကို ပြန်လည်ကောင်းမွန်အောင် ပြုလုပ်နေစဉ်အတွင်း အခြေစိုက်စခန်းအတွင်းရှိ လှုပ်ရှားမှုများကို စောင့်ကြည့်ရန် မှန်ပြောင်းကို တစ်လှည့်စီ အသုံးပြုခဲ့ကြသည်။

ရူးသွပ်ဇွန်ဘီများသည် အသံကို အထူးထိခိုက်လွယ်သော ဇွန်ဘီအမျိုးအစား ဖြစ်ကြသည်။ မည်သည့်အသံမျှ မရှိပါက ၄င်းတို့သည် ခေတ္တမျှကြာလျှင် အာရုံပြောင်းကာ ထွက်ခွာသွားနိုင်ချေရှိသည်။

ယခုအခါ ဂေါ်ရီလာဇွန်ဘီကလည်း သေဆုံးသွားခဲ့ပြီဖြစ်သဖြင့် ရူးသွပ်ဇွန်ဘီများသည် ဘက်စုံသုံးအဆောက်အအုံကို မဖောက်ထွင်းနိုင်ကြတော့ဘဲ အတွင်းပိုင်း၌လည်း မည်သည့်လှုပ်ရှားမှုမျှ မရှိပါ။

ထို့ကြောင့် ဘက်စုံသုံးအဆောက်အအုံအတွင်းရှိ အမှန်တကယ် အခြေအနေသည် မည်သို့ပင်ဖြစ်စေ သူတို့သာ စိတ်ရှည်စွာ စောင့်ဆိုင်းနေသရွေ့ ဤရူးသွပ်ဇွန်ဘီများသည် တဖြည်းဖြည်းချင်း ထွက်ခွာသွားကြမည်သာ ။

၄င်းတို့ ထွက်မသွားလျှင်ပင် ဝမ်ထောင်နှင့် အခြားသူများ၏ အခြေအနေ ပြန်လည်ကောင်းမွန်လာပါက ၄င်းတို့ကို တိုက်ရိုက် ဝင်တိုက်ခိုက်နိုင်ပေလိမ့်မည်။

သူတို့သည် မွန်းတည့်ချိန်မှ မွန်းလွဲပိုင်းအထိ အနားယူခဲ့ကြသည်။ ဒဏ်ရာအချို့ကို ဆေးသေတ္တာများဖြင့် မကုသနိုင်သဖြင့် ၄င်းတို့၏ သွေးဘားတန်းများ လုံးဝ ပြန်မပြည့်သေးသော်လည်း သူတို့၏ စွမ်းအင်များမှာမူ အများစု ပြန်လည်ပြည့်ဝသွားခဲ့ပြီ ဖြစ်၏။

စွမ်းအင်ရှိသော စွမ်းရည်ရှင်တစ်ယောက်နှင့် စွမ်းအင်မရှိသော စွမ်းရည်ရှင်တစ်ယောက်သည် အခြေခံအားဖြင့် မျိုးစိတ်နှစ်ခုကဲ့သို့ ကွာခြားလေသည်။

"မင်းတို့ အဆင်သင့်ဖြစ်ရင် သွားကြစို့"

ဘက်စုံသုံးအဆောက်အအုံ၏ အောက်ခြေရှိ ရူးသွပ်ဇွန်ဘီအချို့ ထွက်ခွာသွားကြပြီဖြစ်သဖြင့် ယခုအနေအထားအရ သူတို့ သွားလိုက သွားနိုင်လေပြီ။

"သွားကြစို့"

လူစုသည် ရွှေကျဲအခြေစိုက်စခန်း၏ အဝင်ဝတွင် ပေါ်လာပြီးနောက် ရူးသွပ်ဇွန်ဘီအချို့၏ အာရုံစိုက်မှုကို ချက်ချင်း ရရှိသွား၏။

ဤရုပ်ဆိုးလှသော မွန်းစတာများ ၄င်းတို့ထံသို့ ပြေးဝင်လာသည်ကို ကြည့်ရင်း ဝမ်ထောင်နှင့် အခြားသူများကလည်း တိုက်ခိုက်ရန် အချိန်မဆွဲခဲ့ကြပါ။ အရှိန်ပြင်းဝင်တိုက်ချက်များကို ဆက်တိုက် အသုံးပြုပြီးနောက် သူတို့သည် စီမံခန့်ခွဲရေးအဆောက်အအုံသို့ အောင်မြင်စွာ ရောက်ရှိခဲ့ကြသည်။

ထို့နောက် ယခင်နည်းလမ်းအတိုင်း စီမံခန့်ခွဲရေးအဆောက်အအုံ၏ ခေါင်မိုးပေါ်ရှိ သံမဏိကြိုးမှတစ်ဆင့် ဘက်စုံသုံးအဆောက်အအုံ၏ ခေါင်မိုးပေါ်သို့ ကူးပြောင်းခဲ့ကြ၏။

သူတို့ ခေါင်မိုးပေါ်သို့ မရောက်မီမှာပင် လူကန်း လဲလျောင်းနေသည်ကို လှမ်းမြင်လိုက်ရသည်။ ဖုန်းမင်အန်သည်လည်း သူ၏ ဘေးနားတွင် လဲလျောင်းနေ၏။

ကြိုးပေါ်မှ ဆင်းသက်ပြီးနောက် ဝမ်ထောင်နှင့် အခြားသူများသည် သူတို့၏ ဘေးနားသို့ အမြန် ပြေးသွားကြသည်။

"လူကန်း... ဖုန်းမင်အန်... သတိရကြဦး"

ဝေကျန့်ကော်နှင့် ရှန့်ဟုန်ပင်းတို့သည် သူတို့၏ မျက်နှာများကို ရိုက်ကာ အရေးပေါ်အသက်ကယ်နေရာများကို နှိုးဆွလိုက်ကြ၏။

ဝမ်ထောင်ကတော့ သူတို့လောက် မစိုးရိမ်ခဲ့ခပါ။ လူကန်းနှင့် ဖုန်းမင်အန်တို့၏ သွေးဘားတန်းများသည် အလွန်နည်းပါးနေသော်လည်း သေဆုံးခြင်းမရှိသေးသည်ကို သူ တွေ့ရသောကြောင့်ပင် ။ သူသည် ဆေးသေတ္တာများကို ထုတ်ယူကာ ၄င်းတို့ နှစ်ဦးလုံးအပေါ် အသုံးပြုပေးလိုက်၏။

ခေတ္တမျှကြာပြီးနောက် လူကန်းသည် ပထမဆုံးအနေဖြင့် နိုးလာခဲ့သည်။

"ငါ..."

သူ့ရှေ့ရှိ လူရိပ်များကို ကြည့်ရင်း လူကန်းသည် အနည်းငယ် ကြောင်အသွား၏။

"မင်း နိုးလာတာ ကောင်းတယ်... မင်း နိုးလာတာ ကောင်းတာပေါ့"

လူတိုင်း အလွန် ဝမ်းသာသွားကြသည်။

ဖုန်းမင်အန်သည်လည်း ဤအချိန်တွင် နိုးလာခဲ့၏။

"မင်းတို့..."

"အဆင်ပြေတယ်... ငါတို့ ဘေးကင်းသွားပြီ"

ဝေကျန့်ကော်သည် နှစ်သိမ့်စကားအချို့ ပြောကြားလိုက်ပြီး နောက်ထပ်စကားများစွာ မပြောတော့ဘဲ လူကန်းနှင့် ဖုန်းမင်အန်တို့ကို အောက်ထပ်သို့ အလျင်အမြန် ကူညီတွဲခေါ်သွားခဲ့သည်။

အဆောက်အအုံအတွင်း၌ လူတိုင်းနီးပါး ကြမ်းပြင်ပေါ်တွင် လဲကျနေကြ၏။ ပါးနပ်သော လူအချို့များသည် သူတို့၏ နားများကို တစ်စုံတစ်ရာဖြင့် ပိတ်ဆို့ထားကြပြီး အချို့ လူများကတော့ သူတို့၏ ခေါင်းများကို အဝတ်အစားများ သို့မဟုတ် စောင်များဖြင့် အုပ်ထားရင်း နားများကို ပိတ်ထားကြသည်။

အသိဉာဏ်နည်းပါးသော လူများအတွက်မူ... ၄င်းတို့၏ သွေးဘားတန်းများမှာ ဆုံးရှုံးသွားခဲ့ပြီ ဖြစ်သည်။ ဝမ်ထောင်သည် လူအများအပြားတွင် သွေးဘားတန်းများ မရှိတော့သည်ကို တစ်ချက်ကြည့်ရုံဖြင့် တွေ့လိုက်ရ၏။

"ဟူး..."

ဝမ်ထောင် တိတ်တဆိတ် သက်ပြင်းချလိုက်မိသည်။

မဝင်လာမီကပင် သူ ဤအခြေအနေကို ကြိုတင်ခန့်မှန်းထားခဲ့ပြီး ဖြစ်၏။ အမှန်အတိုင်းပြောရလျှင် လက်ရှိအခြေအနေမှာ သူ မျှော်လင့်ထားသည်ထက် ပိုမိုကောင်းမွန်ပါသည်။ အနည်းဆုံးတော့ သူတို့ လုံးဝ ပျက်စီးသွားခြင်းမရှိဘဲ အသက်ရှင်ကျန်ရစ်သူ အနည်းငယ် ကျန်ရှိနေသေး၏။

ဝမ်ထောင်သည် ရန်ကျဲနှင့် လျိုဟဲတို့ကို ရှာတွေ့သွားသည်။

ထိုနှစ်ဦးသည် တိုက်ခိုက်ရေးတွင် အလွန်မသန်မာကြသော်လည်း စွမ်းရည်ရှင်များ ဖြစ်ကြသဖြင့် သူတို့၏ ခန္ဓာကိုယ်ကြံ့ခိုင်မှုသည် သာမန်လူများထက် များစွာ ပိုကောင်းလေသည်။ ထို့အပြင် ဝမ်ထောင်သည် ယခင်က ရန်ကျဲကို ဂေါ်ရီလာဇွန်ဘီ၏ အသံလှိုင်းတိုက်ခိုက်မှုကို သတိထားရန် သတိပေးခဲ့ဖူး၏။ ထို့ကြောင့် ၄င်းတို့သည် သွေးပမာဏနည်းပါးစွာဖြင့် သတိလစ်ရုံသာ လစ်သွားခဲ့ကြပြီး မည်သည့်အသက်အန္တရာယ်မျှ မရှိကြပါ။

ရန်ကျဲနှင့် လျိုဟဲတို့ကို နှိုးပြီးနောက် ဝမ်ထောင်သည် တင်ယွီချင်ကို ဆက်ရှာ၏။

တင်ယွီချင် အသက်ရှင်နေသည်ကို မြင်ရလျှင် ဝမ်ထောင်မှာ ဝမ်းသာသွားသော်လည်း အံ့အားသင့်ခြင်းတော့မရှိပါ။ မည်သို့ပင်ဆိုစေ သူသည် သူမကို ခေါ်ဆောင်ကာ ဇွန်ဘီအမြောက်အမြားကို သတ်ဖြတ်ခိုင်းခဲ့သဖြင့် ယခုအခါ သူမတွင် သွေးပမာဏ လေးထောင်ကျော် ရှိနေခဲ့ပြီ ဖြစ်သည်။

ဝမ်ထောင်ကို အံ့အားသင့်စေခဲ့သည်မှာ လီချို့ယွီသည်လည်း အသက်ရှင်နေဆဲ ဖြစ်ခြင်း ပင်။ သူမတို့နှစ်ဦးသည် ထူထဲသော စောင်များအောက်တွင် တစ်ဦးကိုတစ်ဦး ဖက်ထားရင်း ပုန်းအောင်းနေကြသည်။

သို့သော် လီချို့ယွီ၏ ၁၀၀ ပမာဏရှိသော သွေးဘားတန်းတွင် ၁၀ သာ ကျန်ရှိတော့သည်။ သူသာ အနည်းငယ် နောက်ကျပြီးမှ ရောက်ရှိလာပါက သူမသည် ပြီးဆုံးသွားနိုင်ခြေရှိလေသည်။

ဝမ်ထောင်သည် သူတို့ကို နှိုးလိုက်ပြီး ဆေးသေတ္တာတစ်ခုစီ အသုံးပြုပေးလိုက်၏။

"ဝမ်ထောင်..."

တင်ယွီချင် နိုးလာပြီး ဝမ်ထောင်၏ ရင်ခွင်ထဲတွင် ရောက်နေသည်ကို မြင်သောအခါ သူမသည် အိပ်မက်မက်နေသည်ဟုပင် ထင်သွားသည်။သို့သော် အစစ်အမှန်ဖြစ်မှန်း သူမ သဘောပေါက်သွားသောအခါ သူမ၏ မျက်လုံးများတွင် မျက်ရည်များ ဝဲလာခဲ့ပြီး ဝမ်ထောင်၏ရင်ခွင်ထဲသို့ အတင်းဝင်တိုးကာ ဖတ်ထားရှာ၏။

"ငါ နငိ့ကို နောက်တစ်ခါ ပြန်မတွေ့ရတော့ဘူးလို့ ထင်နေတာ..."

"အခု ဘေးကင်းသွားပါပြီ... ငါတို့ အဆင်ပြေပါတယ်"

ဝမ်ထောင်သည် တင်ယွီချင်၏ ကျောကို ညင်သာစွာ ပုတ်ပေးလိုက်၏။

လီချို့ယွီ၏ မျက်နှာကတော့ ဖြူဖျော့နေပြီး သူမ၏ တစ်ကိုယ်လုံး တုန်ရီနေသည်။ သူမသည် ထိတ်လန့်မှုများမှ မလွတ်မြောက်သေးပုံရသည်။

ဟန်ရွှေက လီချို့ယွီကို ဖတ်ကာနှစ်သိမ့်ပေးလိုက်၏။

"အဆင်ပြေပါတယ်... ငါတို့ အခု ဘေးကင်းသွားပါပြီ..."

"အီးဟီးဟီး ဟီး..."

လီချို့ယွီသည် မထိန်းနိုင်တော့ ငိုကြွေးလိုက်တော့သည်။

ဝမ်ထောင်သည် အခြားသူများကိုလည်း ဆက်တိုက်လိုက်နှိုး၏။

"ကော်မတီဝင်ဝမ်..."

ဟော့ကျိယီနှင့် သူမ၏ သူငယ်ချင်းများသည် ကံကောင်းပုံရပြီး သေဆုံးခြင်းမရှိခဲ့ကြပါ။ ဝမ်ထောင်ကို မြင်သောအခါ သူမသည် အားရဝမ်းသာဖြစ်ကာ သတိလက်လွတ်ဖြင့် ရှေ့သို့ တိုးထွက်ကာ သူ့ကို ဖက်လိုက်၏။

ဝမ်ထောင်သည် သူမ၏ ကျောကို ပုတ်ပေးလိုက်သည်။

"အဆင်ပြေပါတယ်... လူတိုင်း အခု ဘေးကင်းသွားပါပြီ..."

"အီးဟီးဟီး...ဟီး..."

ဟော့ကျိယီသည် အားနည်းခြင်း၏ဝမ်းနည်းစရာကောင်းပုံကို နောက်တစ်ကြိမ် ထပ်မံခံစားလိုက်ရပြန်သည်။ သူမသည် တိုက်ခိုက်ရန် အပြင်သို့ ထွက်မသွားဘဲ အိမ်တွင်သာ နေခဲ့သော်လည်း သေလုနီးပါး ဖြစ်ခဲ့ရသည် မဟုတ်ပါလား။

သူမ၏ သူငယ်ချင်းတစ်ဦးကသာ ဂေါ်ရီလာဇွန်ဘီ၏ ပထမဆုံး ဟိန်းဟောက်သံအပြီးတွင် လျင်မြန်ဖြတ်လတ်စွာဖြင့် သူတို့၏ နားများကို ပိတ်ဆို့ရန် တစ်စုံတစ်ရာကို ရှာဖွေတွေ့ရှိခဲ့ခြင်းမရှိပါက သူတို့အားလုံး သေဆုံးသွားနိုင်ခြေ ရှိသည်။

"မကြောက်နဲ့တော့...အားလုံးဘေးကင်းသွားပြီ ၊ ကောင်းကောင်း အနားယူလိုက်ပါဦး"

ဝမ်ထောင်သည် ဟော့ကျိယီကို လွှတ်လိုက်ပြီး အခြား အသက်ရှင်ကျန်ရစ်သူများကို စစ်ဆေးရန် ထွက်သွား၏။ ကောဟွာနှင့် ချန်ကျွမ်းတို့သည်လည်း အသက်ရှင်နေကြသဖြင့် ထိုအရာသည် ဝမ်ထောင်အတွက် သတင်းကောင်းပင်။ အချိန်အတန်ကြာ ကုန်ဆုံးပြီးနောက် လူတိုင်းသည် ဘက်စုံသုံးအဆောက်အအုံအတွင်းရှိ နှိုး၍ရသော လူတိုင်းကို နှိုးနိုင်ခဲ့ကြသည်။

နှိုး၍မရသော လူများအတွက်မူ... သူတို့သည် မည်သည့်အခါမျှ ပြန်လည်နိုးထလာတော့မည် မဟုတ်ပါ။

အချက်အလက်ဇယားပေါ်ရှိ ကိန်းဂဏန်းများကို ကြည့်ရင်း ဝမ်ထောင်နှင့် အခြားကော်မတီဝင်များသည် အားလုံး သက်ပြင်းချလိုက်ကြ၏။

ဂေါ်ရီလာဇွန်ဘီ၏ ဟိန်းဟောက်သံသည် ဤမျှကြီးမားသော အတိုင်းအတာနှင့် ဖျက်ဆီးအား ရှိလိမ့်မည်ဟု မည်သူမျှ မမျှော်လင့်ထားမိခဲ့ပေ။

အသက်ရှင်ကျန်ရစ်သူများသည် အဆောက်အအုံအတွင်း၌ ရှိနေကြဆဲ ဖြစ်သော်လည်း ကံမကောင်းသော လူအချို့မှာမူ အသံကြောင့် တိုက်ရိုက် တုန်ခါကာ သေဆုံးသွားခဲ့ကြပြီး မသေသော အခြားလူများမှာမူ အားလုံး သတိလစ်သွားခဲ့ကြသည်။

မနေ့က ရွှေကျဲအခြေစိုက်စခန်းတွင် စုစုပေါင်း လူ ၇၁၂ ဦး ရှိခဲ့၏။ မနေ့ညက ဂေါ်ရီလာဇွန်ဘီ ရောက်ရှိလာပြီးနောက် လူ ၁၀၀ ကျော် ချက်ချင်း သေဆုံးသွားခဲ့သဖြင့် ၆၀၀ အောက်သာ ကျန်ရှိတော့သည်။ ဤသည်မှာ လူတိုင်း ဂေါ်ရီလာဇွန်ဘီကို ကြိုတင်ကာကွယ်ထားကြပြီး ပြင်ဆင်မှုအချို့ ပြုလုပ်ထားခဲ့ကြခြင်းကြောင့်သာ ဖြစ်၏။ သို့မဟုတ်ပါက ပိုမိုများပြားသော လူများ သေဆုံးသွားနိုင်သည်။

ထိုအချိန်က ဝေကျန့်ကော်နှင့် အခြားသူများသည် ကျန်ရှိနေသော အသက်ရှင်ကျန်ရစ်သူများကို ဤဘက်စုံသုံးအဆောက်အအုံတွင် စုစည်းနိုင်ခဲ့ကြသလို ဝမ်ထောင်လည်း ပြန်ရောက်လာသဖြင့် ကျန်ရှိသော အသက်ရှင်ကျန်ရစ်သူများ၏ အသက်အန္တရာယ်သည် ဘေးကင်းသင့်သည်ဟု သူတို့ ထင်မှတ်ခဲ့ကြသည်။

သို့သော် ဂေါ်ရီလာဇွန်ဘီတွင် ဤမျှ ထိတ်လန့်ဖွယ်ကောင်းသော ဧရိယာသက်ရောက်စွမ်းရည်ကြီး ရှိနေလိမ့်မည်ဟု မည်သူက တွေးမိလိမ့်မည်နည်း။

ပထမဆုံး ဟစ်အော်သံသည် လူအများအပြားကို သတိလစ်သွားစေခဲ့ပြီး ဒုတိယမြောက် ဟစ်အော်သံသည် လူ ၂၀၀ ကျော်ကို တိုက်ရိုက် တုန်ခါကာ သေဆုံးသွားစေခဲ့သည်။

ယခုအခါ ဝမ်ထောင်၏ လက်ထဲရှိ ဇယားတွင် လူ ၃၀၃ ဦးသာ ကျန်ရှိတော့သည်။ တစ်နည်းအားဖြင့်ဆိုရသော် တိုတောင်းလှသော တစ်ရက်အတွင်းမှာပင် အသက်ရှင်ကျန်ရစ်သူ ၄၀၉ ဦး သေဆုံးသွားခဲ့ခြင်း ဖြစ်၏။

လွန်ခဲ့သော ရက်အနည်းငယ်ကပင် ရန်ကျဲက ရွှေကျဲအခြေစိုက်စခန်း၏ အင်အားသည် ပိုမိုသန်မာလာနေသည်ဟု ပြောကြားခဲ့သေးသည်။ သို့သော် ရက်အနည်းငယ်အတွင်းမှာပင် လူဦးရေသည် အခြေစိုက်စခန်း စတင်တည်ထောင်စဉ်က အခြေအနေသို့ ရုတ်တရက် ပြန်လည်ရောက်ရှိသွားခဲ့ရသည်။

"တောက်... ကောက်ကျစ်တဲ့ ဇွန်ဘီတွေ"

ဝေကျန့်ကော်သည် လဲကျနေသော စခန်းသားများကို ကြည့်ကာ သူ၏ မျက်ဝန်းထောင့်များကို သုတ်လိုက်၏။

ဗိုင်းရပ်စ် စတင်ဖြစ်ပွားပြီး ကမ္ဘာပျက်ကပ် ရောက်ရှိလာသောအခါတွင်ပင် သူ မျက်ရည်တစ်စက်မျှ မကျခဲ့ပါ။ ယောက်ျားတစ်ယောက်၏ မျက်ရည်သည် လွယ်လွယ်ဖြင့် မကျတတ်ပေ။ သို့သော် ယခုအခါ လူတိုင်း ကယ်တင်ရန် ခက်ခက်ခဲခဲ ကြိုးစားခဲ့ရသော အသက်ရှင်ကျန်ရစ်သူများမှာ ဤကဲ့သို့ အသက်ဆုံးရှုံးသွားရသည်ကို မြင်သောအခါ သူ ထိန်းချုပ်နိုင်ခြင်း မရှိတော့ပေ။

"မင်း ဒီလိုပဲ တွေးရမယ်... ဝမ်ထောင်က ဂေါ်ရီလာဇွန်ဘီကို သတ်လိုက်နိုင်တာ ကံကောင်းတာပဲ။ မဟုတ်ရင် ကျန်တဲ့ ငါတို့ သုံးရာလုံး ပါ သေချာပေါက် သေသွားမှာ..."

ရန်ကျဲသည် သက်ပြင်းချလိုက်၏။

ဂေါ်ရီလာဇွန်ဘီအကြောင်း ပြောရလျှင် လူတိုင်း ဝမ်ထောင်ကို ကြည့်လိုက်ကြသည်။ ၄င်းတို့အားလုံး သူ မည်သို့ သတ်လိုက်သည်ကို သိချင်နေကြသည်။

ဝမ်ထောင်သည် ဂေါ်ရီလာဇွန်ဘီက သူတို့နောက်သို့ ရွှံ့ညွန်အထိ လိုက်လာခြင်းမှသည် ၎င်းသေဆုံးသွားသည့်အထိ ဖြစ်စဉ်ကို ရိုးရှင်းစွာ ပြန်ပြောပြလိုက်၏။

သေလုနီးပါး ဖြစ်နေသော ဂေါ်ရီလာဇွန်ဘီတွင် အမှန်တကယ်၌ အခြားပုံစံတစ်ခု ရှိနေသေးပြီး အသက်နှင့်ခွမ်အားများ အားလုံး ပြန်လည်ပြည့်ဝသွားခဲ့သည်ကို ကြားရသောအခါ လူတိုင်း ထိတ်လန့်သွားကြသည်။

"မင်း သူ့ကို ဆွဲခေါ်သွားတာ ကံကောင်းတာပေါ့... မဟုတ်ရင် တိုက်ပွဲက အောက်ထပ်မှာ ဖြစ်ခဲ့ရင်... ငါတို့အားလုံး သေသွားမှာပဲ"

လျိုဟဲ၏ မျက်နှာသည် အနည်းငယ် ဖြူဖျော့နေ၏။

မည်သို့ပင်ဆိုစေ ဝမ်ထောင်သည် ဂေါ်ရီလာဇွန်ဘီ၏ ဒုတိယပုံစံမှ ဟိန်းဟောက်သံတစ်ချက်ဖြင့် ဝေကျန့်ကော်နှင့် အခြားသူများကဲ့သို့ စွမ်းရည်ရှင်များကိုပင် သေလုနီးပါး ဖြစ်စေခဲ့သည်ဟု ယခုလေးတင် ပြောခဲ့သည် မဟုတ်ပါလား။ အလွန်မြင့်မားသော ကာကွယ်ရေးစနစ်ရှိသည့် ဖတ်တီးညီအစ်ကိုနှစ်ဦးနှင့် ရွှံ့ညွန်စွမ်းရည်ရှင်အချို့၏ ဦးခေါင်းခွံများသည်ပင် တိုက်ရိုက် ကြေမွသွားခဲ့ရသည်။

၎င်းသည် ဘက်စုံသုံးအဆောက်အအုံ၏ အောက်တွင် တစ်ကြိမ်မျှ ဟိန်းဟောက်ခဲ့ပါက သူတို့၏ ခေါင်းများမှာလည်း ချက်ချင်း ပျက်စီးသွားနိုင်ပေသည်။

"အဟွတ်... ဒါဆို မင်း ဂေါ်ရီလာဇွန်ဘီကို ဘယ်လို သတ်လိုက်တာလဲ"

ဖုန်းမင်အန်သည် ချောင်းဆိုးရင်း မေးလိုက်၏။

"ငါ ဂေါ်ရီလာဇွန်ဘီသတ်တာကို ခံရတော့မယ့် အချိန်မှာ ဝူဖေးနဲ့ ကြုံခဲ့တာ..."

ဝမ်ထောင်သည် သူတို့ကို ဝူဖေးအကြောင်း ထပ်မံပြောပြခဲ့ပြီး ယခုအကြိမ်တွင် ပိုမိုအသေးစိတ်ကျပေသည်။

ဝူဖေး၏ မူလရည်ရွယ်ချက်မှာ ဝမ်ထောင်ကို ကျေးဇူးဆပ်ရန်သာဖြစ်ပြီး အခြားသူများနှင့် မပတ်သက်သော်လည်း သူသည် ရွှေကျဲအခြေစိုက်စခန်းတစ်ခုလုံးကို သွယ်ဝိုက်သောနည်းဖြင့် ကယ်တင်ခဲ့ခြင်း ဖြစ်သည်။ ဝူဖေးသည်လည်း ရွှေကျဲအခြေစိုက်စခန်း၏ သူရဲကောင်းတစ်ဦးဖြစ်ပြီး သူ၏ နာမည်ကို လူတိုင်း မှတ်မိနေသင့်ပေသည်။

"ယောက်ျားစစ်စစ်ပဲ... သူ့ကို သိကျွမ်းခွင့် မရလိုက်တာ နှမြောဖို့ကောင်းတယ်..."

ရှန့်ဟုန်ပင်းသည် သူ၏ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ရင်း သူ၏ မျက်ဝန်းထဲတွင် နောင်တရရိပ်များ ပေါ်လာခဲ့၏။

"ဒါနဲ့ မင်းသတ်လိုက်တဲ့အခါ ဂေါ်ရီလာဇွန်ဘီက အဆင့်တက်အမြုတေ ထွက်လာလား"

ဝေကျန့်ကော်က အလျင်အမြန် မေးမြန်းလိုက်သည်။

ဝမ်ထောင်၏ မျက်နှာတွင် နောက်ဆုံး၌ အပြုံးဖျော့ဖျော့လေးတစ်ခု ပေါ်လာခဲ့၏။

"အဆင့်တက်အမြုတေ... သေချာပေါက် ရှိတာပေါ့။ ငါ့ရဲ့ အခြေအနေ ပြန်ကောင်းလာတာနဲ့ ငါ ဒုတိယအဆင့်စွမ်းရည်ရှင်အဖြစ် အဆင့်တက်နိုင်မယ်လို့ ခံစားရတယ်"

"ကောင်းတယ်... သိပ်ကောင်းတယ်...။ ဂေါ်ရီလာဇွန်ဘီ သေသွားပြီဖြစ်သလို မင်းလည်း ဒုတိယအဆင့်ကို အဆင့်တက်နိုင်တော့မှာဆိုတော့ ငါတို့ရဲ့ ရွှေကျဲအခြေစိုက်စခန်းက အခြေခံအားဖြင့် ဘေးကင်းသွားပြီ"

ထိုစကား ကြားရသောအခါ လူတိုင်း၏ မျက်နှာပေါ်ရှိ အမူအရာများသည် သောကများ အနည်းငယ်လျော့ပါးသွားခဲ့ကြသည်။

ဝမ်ထောင်ကတော့ ထိုမျှ စိတ်လှုပ်ရှားခြင်း မရှိပါ။ မည်သို့ပင်ဆိုစေ ဤဒုတိယအဆင့် အဆင့်တက်ခြင်းအတွက် ပေးဆပ်ရသည့် တန်ဖိုးသည်... ကြီးမားလွန်းလှသည် မဟုတ်ပါလား။

"အခု အရေးကြီးဆုံးက အခြေစိုက်စခန်းကို အမြန်ဆုံး ပြန်တည်ဆောက်ဖို့ပဲ။ တံတိုင်းတွေကိုလည်း ပိုပြီးခိုင်ခံ့အောင် လုပ်ရမယ်..."

ဝမ်ထောင်သည် လေးနက်သော မျက်နှာအမူအရာဖြင့် ပြောကြားလိုက်၏။

ပြောရလျှင် ယခုအကြိမ်တွင် သေဆုံးသွားသော လူအများစုမှာ အားနည်းသူများဖြစ်ကြပြီး အသက်ရှင်ကျန်ရစ်သူများမှာ သန်မာသူများ ဖြစ်ကြသည်။ ထို့ကြောင့် အခြေစိုက်စခန်းကို ပြန်လည်တည်ဆောက်ရာတွင် လူနည်းပါးသော်လည်း မြန်နှုန်းမှာမူ အရမ်းနှေးကွေးလိမ့်မည် မဟုတ်ပါ။

"မှန်တယ်။ မင်းက မင်းရဲ့ ဒုတိယအဆင့် အဆင့်တက်ဖို့အတွက်ပဲ အာရုံစိုက် ပြင်ဆင်လိုက်ပါ။ ပြန်လည်တည်ဆောက်ရေး လုပ်ငန်းတွေကို ငါတို့ဆီသာ လွှဲထားလိုက်"

ရန်ကျဲသည် ချက်ချင်းဝင်ပြောလိုက်၏။

"မှန်တယ်... မင်း စိတ်အေးလက်အေးနဲ့ အဆင့်တက်ဖို့ကိုပဲ အာရုံစိုက်.."

အခြားသူများကလည်း ဝိုင်းပြောကြသည်။

"ကောင်းပါပြီ... ဒါဆိုရင် မင်းတို့ဆီပဲ လွှဲခဲ့မယ်"

ဝမ်ထောင်သည် တည်ကြည်စွာဖြင့် ခေါင်းညိတ်လိုက်၏။ ထိုညအထိ အပြင်ဘက်ရှိ ရူးသွပ်ဇွန်ဘီများသည် ထွက်ခွာသွားခြင်း မရှိသေးပါ။

ရုံးခန်းတစ်ခုအတွင်း၌ ကြမ်းပြင်ပေါ်တွင် အိပ်ယာခင်းများနှင့် ဖျာများကို ခင်းကျင်းထားသည်။

ဟန်ရွှေသည် အိပ်ပျော်နေခဲ့လေပြီ ။ သူမသည် အလွန် ပင်ပန်းနွမ်းနယ်နေခဲ့သဖြင့် မြေပြင်ပေါ်သို့ လှဲချလိုက်သည်နှင့် ချက်ချင်း အိပ်ပျော်သွားခဲ့၏။

တင်ယွီချင်နှင့် လီချို့ယွီတို့သည် အတူတူ လှဲလျောင်းရင်း တစ်ဦးကိုတစ်ဦး စကားပြောနေကြသည်။

ဝမ်ထောင်သည် တစ်ဖက်တွင် ထိုင်ရင်း သူ သတ်ခဲ့သော ဒုတိယအဆင့်ဇွန်ဘီနှစ်ကောင်ထံမှ တိုက်ပွဲရပစ္စည်းများကို တိတ်တဆိတ် စစ်ဆေးလိုက်၏။

"ဘာတွေများ ရမလဲ မသိဘူး "

------------

All Chapters