← Chapters

အခန်း (၁၀၄၁-၁၀၄၄)

Vol. 54 Ch. 1041-1044

အခန်း (၁၀၄၁-၁၀၄၄)

Vol. 54 Ch. 1041-1044

အခန်း ၁၀၄၁။ ထူးဆန်းသောစကားများ

ရှောင်းယွိရုန်သည် ရှဲ့ဖင်းဟွိုက်ကို အံ့သြစွာ ကြည့်လိုက်၏။ ဒီကလေးသည် သူ၏ဆရာတူအစ်မစကားကို ဤကဲ့သို့ နားထောင်လိမ့်မည်ကို သူ မထင်ထားခဲ့ပေ…

ရှဲ့ချောင်သည် ပုံမှန်အတိုင်းတည်ငြိမ်နေဆဲပင်ဖြစ်၏ ။“ဆရာ့ကို မလေးမစားလုပ်တာ ထပ်တွေ့ရင် မင်းအစ်ကိုကြီးကို ပြောပြီးတော့ ရေကန်ထဲ ပစ်ချပြီး မင်းရဲ့ဦးနှောက်ကိုဆေးပေးမယ်”

ရှဲ့ဖင်းဟွိုက်သည် ပြန်မပြောဝံ့ဘဲဖြစ်‌နေ၏။ ရှဲ့ချောင်ကို တစ်ချက်ကြည့်ကာ တီးတိုးပြောလိုက်၏။“သိပါပြီ...”

“ကောင်းပြီ၊ အသိတရားရှိစမ်းပါ။ မင်းအစ်မက မင်းကို နောက်တံခါးကနေ ကူညီပေးခဲ့ရတာ လွယ်ကူနေတာ မဟုတ်ဘူး”

ရှဲ့ဖင်းဟွိုက်သည် မျက်မှောင်ကြုတ်ကာ ခေါင်းကုတ်လိုက်ပြီး မေးလိုက်၏။ “ဆရာတူအ‌ဒေါ်၊ ဘာလို့ ကျွန်တော် ခံစားမိတာက... ဆရာတူအဒေါ်က ကျွန်တော့်အစ်မနဲ့ တအားတူနေတာလဲ”

ရှဲ့ချောင်သည် တုန်လှုပ်သွား၏ ။

သူမသည် သူ့ကို စိုက်ကြည့်လိုက်သည်။

လူအများရှေ့တွင် နေ့ခင်းကြောင်တောင်၌ ဤကလေး အဘယ်ကြောင့်အဓိပ္ပာယ်မရှိသောအရာများ လျှောက်ပြောနေပါသနည်း။

“ကြည့်ပါလား၊ ဆရာတူအဒေါ်က ကျွန်တော့်အစ်မနဲ့ အတူတူပဲ။ ကျွန်တော့်ကို ခြိမ်းခြောက်ဖို့ ရှဲ့ဖင်းကန်းနာမည်ကို ထုတ်ပြောလိုက်တယ်။ အစ်မတို့က အတူတူပဲ” ရှဲ့ဖင်းဟွိုက်သည် ရိုးသားစွာ ပြောလိုက်၏ ။ “ပြီးတော့ ခုနက ဆရာတူအဒေါ် ကျွန်တော့်ကို ကြည့်လိုက်တဲ့ပုံစံက ကျွန်တော့်အစ်မ ကျွန်တော့်ကို မျက်စောင်းထိုးတဲ့ပုံစံအတိုင်းပဲ။ မယုံရင် မှန် ယူလာပြီး ကြည့်ကြည့်ပါ။ ဆရာတူအဒေါ်ရဲ့ မျက်လုံးတွေက သူမရဲ့မျက်လုံးတွေနဲ့ တကယ်ကိုပဲ ဆင်တူတယ်။ ကျွန်တော့် မိထွေးက ကျွန်တော့်အစ်မကို မွေးတာ မဟုတ်ဘဲ ဆရာတူအဒေါ်က မွေးတာများလားလို့ သံသယတောင်ဖြစ်လာပြီ”

ရှဲ့ချောင် နင်သွားရ၏ ။

သူမသည် ချောင်းဆိုးနေပြီး အနည်းငယ် စိတ်မလုံမလဲ ဖြစ်နေသည်။

ရှောင်းယွိရုန်သည် သခင်မလေးရှဲ့၏ ပုံပန်းသဏ္ဌာန်ကို ဂရုတစိုက် ပြန်လည်စဥ်းစားပြီးနောက် သူ၏ရှေ့မှ ဆရာတူအစ်မ အကြီးဆုံးကို အလေးအနက် ကြည့်လိုက်၏။ “သူတို့က နည်းနည်းတော့ တူသား...”

စန်းယောင် နှင့် ကျန်းကျင်လု တို့သည် ရှဲ့ချောင်ကို တစ်ခါမျှ မတွေ့ဖူးသော်လည်း သခင်မလေးရှဲ့

သည် အိမ်ရှေ့စံမင်းသား၏ အနာဂတ်ကြင်ရာတော်ဖြစ်ကြောင်း သိကြ၏။

ထို့ကြောင့် သူတို့သည် အိမ်ရှေ့စံမင်းသားကို မကြည့်ဘဲ မနေနိုင်ကြပေ။

“ဆရာတူအ‌ဒေါ်၊ ဆရာတူအဒေါ်က ကျွန်တော့်မိထွေးရဲ့ ညီမလား” ရှဲ့ဖင်းဟွိုက်သည် ထပ်မေးလိုက်၏ ။

ရှဲ့ချောင်၏ မျက်နှာမှာ နည်းနည်း နီရဲနေသည်။ မျက်နှာ‌ချေလိမ်းထားသော်လည်း သူမ၏ မျက်နှာအမူအရာမှာ တစ်ခုခု ဖြစ်နေသည်ကို မြင်နိုင်၏။

“အရှင့်သား၊ သခင်မလေးရှဲ့နဲ့ ဆရာတူအစ်မ အကြီးဆုံးတို့က တကယ်ပဲ ဒီလောက် တူတာလား” စန်းယောင်သည် အတော်လေး စူးစမ်းချင်နေ၏။ “ကျွန်တော် ပြန်ရောက်တာ ကြာလှပြီ၊ ဒါပေမယ့် သခင်မလေးရှဲ့က အံ့မခန်းကိုပဲလှပတယ်လို့ လူတွေ ပြောတာ ကြားဖူးတယ်...”

တစ်ဖက်ရှိ ဆရာတူအစ်မ အကြီးဆုံးသည်တော့... အနည်းငယ် ပို၍ သာမာန်ပုံစံပေါက်၏။

“ဟုတ်ကဲ့ သူတို့ တကယ်ကို တူတယ် ကျွန်တော့်အစ်မထက် နည်းနည်းပဲ အသက်ကြီးတာ” ရှဲ့ဖင်းဟွိုက်သည် အမိအရ ပြောလိုက်၏။

ရှဲ့ချောင်သည် သူ့ကို တူဖြင့်ထုပြီး စကားမပြောနိုင် အောင်လုပ်ချင်‌နေ၏။

လီရှီးယန်သည် ရှဲ့ချောင်ကို ပြုံးပြီး ကြည့်လိုက်၏။ရှဲ့ချောင်၏ မျက်လုံးများတွင် စိတ်ရှုပ်ထွေးမှုများနှင့် ဒေါသတို့ ရှိနေသည်ကို သူ တွေ့လိုက်ရသည်။ သူ၏တပည့်အကြီးဆုံးသည် တကယ်ပင် နှစ်လိုဖွယ်ကောင်းသည်ကို သူ ခံစားရသည်။

“လူတွေကြားမှာ ဆင်တူတယ်ဆိုတာတွေ ရှိပါတယ်။ ရှဲ့ချောင် ဆိုတဲ့ ကလေးကို ကျွန်မ မွေးစားထားတာ။ မွေးစားထားတဲ့ ကလေးက မွေးစားတဲ့သူနဲ့ တူတာက ပုံမှန်ပဲ”ရှဲ့ချောင်သည် အလေးအနက် ပြောလိုက်သည်။

ကျန်းကျင်လုသည် ထိုစကားကို ကြားသောအခါ ရယ်မောလိုက်မိ၏။ “သူတို့ရဲ့ အပြုအမူတွေက ဆင်တူတာတွေ ရှိရင် ပုံမှန်ပါပဲ။ ဒါပေမယ့် သူတို့ရဲ့ ပုံစံတူတာကတော့ တကယ်ကိုပဲ တိုက်ဆိုင်လွန်းပါတယ်။ ဆရာတူအစ်မက ရှဲ့မိသားစုနဲ့ပက်သက်ပြီး အမြဲတမ်း စိုးရိမ်တကြီးရှိတယ်လို့ ကြားဖူးတယ်။ ဒုတိယသခင်လေးရှဲ့တောင် ဆရာတူအစ်မက သူမနဲ့တူတယ်လို့ ထင်နေတာဆိုတော့ အစ်မတို့ ဆွေမျိုး မတော်စပ်ရင်တောင် ဘိုးဘွားတွေကတော့ တော်စပ်နေလောက်တယ်”

ရှဲ့ချောင်သည် ရယ်မောလိုက်၏။ “ဘိုးဘွားတွေရဲ့ ကိစ္စတွေကို ဘယ်သူက ရှင်းပြနိုင်မှာလဲ။ ဘိုးဘွားတွေကို ဆင့်ခေါ်ပြီး ကိုယ်တိုင်ရှင်းပြခိုင်းတာလည်း မသင့်‌တော်ဘူးလေ၊ ဟုတ်တယ်မလား”

ကျန်းကျင်လုသည် သူ၏ဆရာတူအစ်မ အကြီးဆုံး၏ မျက်နှာအမူအရာသည် နည်းနည်း ထူးဆန်းနေသည်ကို ခံစားရ၏။

ယုတ္တိရှိစွာ စဉ်းစားလျှင် လူငယ်တစ်ယောက်နှင့် အနည်းငယ်တူနေလျှင်တောင် ယခုလောက် စိတ်ပူရန် မလိုပေ။

ယခုအချိန်တွင် ဆရာရှောင်းသည်လည်း စိတ်ထဲတွင် သံသယများ ရှိနေ၏ ။

သူသည် အိမ်ရှေ့စံမင်းသားနှင့် နီးနီးကပ်ကပ်ရှိသောကြောင့် အိမ်ရှေ့စံမင်းသားသည်လည်း သူတို့၏ ဆရာတူအစ်မအကြီးဆုံးကိုရော သခင်မလေးရှဲ့ကိုပါ အင်မတန် ချစ်ခင်ကြင်နာကြောင်း သူသိ၏။ မြို့တော်တွင် အိမ်ရှေ့စံမင်းသားနှင့် သူတို့၏ဆရာတူအစ်မ အကြီးဆုံးအကြောင်းနှင့်ပက်သက်၍ ကောလာဟလများ အများကြီး ရှိခဲ့သည်။ ၎င်းတို့အားလုံးသည် အစွန်းရောက်လွန်း၏၊ သို့သော် သူတို့သုံးယောက်သည် မည်သည်ကိုမျှ ငြင်းဆန်ခြင်း၊ မကျေနပ်ခြင်းမျိုး မတွေ့ခဲ့ရပေ…

ထို့ပြင် ဆရာ…

သူတို့၏ ဆရာတူအစ်မ အကြီးဆုံးအတွက် ပြင်ဆင်ထားသော လက်ဆောင်များသည် အလွန် ထူးဆန်း၏။

တစ်ချို့သည် စုတ်တံများ၊ မှင်များ၊ စက္ကူများ၊ မှင်တုံးများ ဖြစ်ကြပြီး၊ အချို့ကတော့ ဆံပင်အဆင်တန်ဆာတွေ ဖြစ်ကြသည်။ ထို့အပြင် တန်ဖိုးရှိပြီး လှပကာ ငယ်ရွယ်ပုံပေါက်‌စေ၏။ အစောပိုင်းတွင်... သူ၏ဆရာသည် တစ်စုံတစ်ရာကို ပြောခဲ့သေး၏၊ သို့သော် ယခု စဉ်းစားကြည့်စဉ် ပို၍ပင် ထူးဆန်းနေသလိုပင်…

•••••

အခန်း ၁၀၄၂ သူမ၏ ပန်းချီလက်ရာအပေါ် ရှုမြင်သုံးသပ်ချက်

ရှောင်းယွိရုန်၏ ဆရာသည် သူ၏ဆရာတူအစ်မ အကြီးဆုံးအား အလွန်ချစ်ခင်ပြီး အကောင်းဆုံးသောလက်ဆောင်များကို သူမအတွက်ပြင်ဆင်ပေးခဲ့၏။ သူသည် မြို့တော်သို့ ပထမဆုံးအကြိမ် ပြန်လာသောအခါ ပစ္စည်းများကို စစ်ဆေးကြည့်ရှုခဲ့သည်။ဆရာ ခရီးသွားစဉ်က ဝယ်ခဲ့သော ပိုးထည်အချို့ကို သူမြင်ခဲ့၏။ ၎င်းတို့သည် အလွန်လှပပြီး ထူးခြား၏။ လှပသော်လည်း သူ၏ဆရာတူအစ်မအတွက် မသင့်လျော်ပေ။

သို့သော် ထိုအချိန်က သူ၏ဆရာမှ ဤပစ္စည်းများသည် သူ၏ဆရာတူအစ်မ အကြီးဆုံး၏ မင်္ဂလာပစ္စည်းအဖြစ် သင့်တော်ကြောင်း ပြောကြားခဲ့သည်…

သူသည် နားကြားမမှားသည်မှာ လုံးဝပင်သေချာ၏ ။

နောက်ပိုင်းတွင် သူသည် ဆရာအား ဇဝေဇဝါနှင့် မေးမြန်းခဲ့သော်လည်း ဆရာသည် ထိုစကားကို ပြောခဲ့ကြောင်း ဝန်မခံခဲ့ပေ…

ထူးဆန်း၏။ အလွန်ပင်ထူးဆန်း၏ ။

သူ၏ဆရာသည် စိတ်သက်သာရာရ‌၍ ရယ်မောနေသော အမူအရာသည် ပို၍ပင် ထူးဆန်းနေသေး၏။

သူတို့တွင် လျှို့ဝှက်ချက်တစ်ခုရှိပေမည်…

ရှောင်းယွိရုန်သည် နှလုံးခုန်မြန်နေပြီး အဓိကအချက်များကို စဉ်းစားရန် ကြိုးစားနေ၏။ ထိုအချိန်တွင် အပြင်ဘက်ရှိ ကျောင်းသားများသည်လည်း မငြိမ်မသက်ဖြစ်နေကြသည်။ သူတို့သည် အကြီးဆုံးတပည့် မော့ချူးရှန်း အကြောင်းကို အလွန်ပင် သိချင်စိတ်ပြင်းပြနေကြ၏ ။

နောက်တစ်ယောက်သည် ချက်ချင်းထရပ်ကာ ရှဲ့ချောင်နှင့် လက်ရေးအလှရေးခြင်း၊ ပန်းချီဆွဲခြင်းတို့ကို ပြိုင်ဆိုင်လိုကြောင်း ပြောကြားခဲ့သည်။

လူတိုင်းသည် ရှဲ့ချောင်နှင့် ယှဉ်ပြိုင်ရန် အရည်အချင်းမရှိကြပေ။ မကြာသေးမီက သူမနှင့်ပြိုင်ခဲ့သောသူသည် ကုလန်ကျောင်းတော်မှ ဆရာငယ်လေးတစ်ယောက်ဖြစ်ပြီး၊ အခုပေါ်လာသောသူသည်လည်း မြို့တော်တွင် အတော်လေး နာမည်ကြီးပေ၏။ သူသည်အသက် ၄၀ ဝန်းကျင်ခန့်ရှိမည့်ပုံပေါ်၏ ။

ရှဲ့ချောင်သည် ပြိုင်ပွဲကို သဘောတူခဲ့သည် ။

သို့သော် သူမ၏ လုပ်ဆောင်နိုင်သောအင်အားသည် အကန့်အသတ်ရှိသဖြင့် ဤသည်မှာ နောက်ဆုံးပြိုင်ပွဲဖြစ်ကြောင်း လူအများအား ရှင်းရှင်းလင်းလင်း ပြောကြားခဲ့သည်။ အကယ်၍ အခြားသူများ သင်ယူလိုစိတ် ပြင်းပြပါက အတူတကွ ပါဝင်နိုင်ကြောင်း ပြောကြားခဲ့သည်။

သူမရှေ့ရှိ ရေကန်ရှုခင်းအား ကြည့်ရင်းပန်းချီဆွဲနေ၏ ။

ရှဲ့ချောင်သည် အနည်းငယ် စိုးရိမ်နေဆဲပင်။ ဤနေရာမှလူများသည် အကဲဖြတ်နိုင်စွမ်း ကောင်းမွန်ပြီး သူမနှင့် ယွင်ဝေ့၏ ပန်းချီကားများအကြား တူညီမှုများအား မြင်နိုင်မည်ကို သူမ စိုးရိမ်ခဲ့၏။

မည်သို့ပင်ဆိုစေကာမူ ဤပန်းချီကား၏ ဟန်ပန်ကို လုံးဝပြောင်းလဲရန် အလွန်ခက်ခဲသည်။ သူမ လက်ပြောင်းဆွဲလျှင်ပင် ဟန်ပန်သည် ပန်းချီကားထဲတွင်ပေါ်လွင်နေမည်ဖြစ်ပြီး လူများကို သံသယဝင်စေလိမ့်မည်။

ကံကောင်းစွာဖြင့်…

မော့ချူးရှန်းအနေဖြင့် သူမသည် မငယ်တော့ပေ။ တစ်စုံတစ်ဦးသည် သူမနှင့် ယွင်ဝေ့သည် တစ်ယောက်တည်းပင်ဖြစ်သည်ကို သိခဲ့လျှင်ပင် ဒီပန်းချီကား၏ တန်ဖိုးသည် အများကြီးမကွာခြားနိုင်ပေ…

ရှဲ့ချောင်သည်လည်း အားကိုးရာမဲ့ဖြစ်နေ၏။ အခြားအချိန်များတွင်ဆိုလျှင် သူမကိုယ်သူမ ထိန်းချုပ်ထားနိုင်လိမ့်မည်ဖြစ်သည်။သို့သော် သူမ၏ဆရာသည် ဤနေရာတွင် ရှိနေပြီး သူမ၏ အရည်အချင်းများသည် နှစ်ပေါင်းများစွာ‌ကြာအောငါ စမ်းသပ်စစ်‌ဆေးခံရခြင်း မရှိသေး။ သူမသည် ဆရာ့အား မျက်နှာပျက်စေလိုခြင်း မရှိပေ။

သူမသည် သက်ပြင်းချလိုက်၏။ အခြားသူများသည် သူမကို ကြည့်သောအခါ အခက်အခဲနှင့် ရင်ဆိုင်နေရသကဲ့သို့ ဖြစ်နေ၏။

ရှဲ့ချောင်သည် ရေကန်ရှုခင်းကို ကြည့်လိုက်သည်။ သူမ ခေတ္တမျှ စဉ်းစားပြီးနောက် ပန်းချီဆွဲခြင်းကို စတင်ခဲ့သည်။

ရှဲ့ဖင်းဟွိုက်သည် အလွန်လိမ္မာယဉ်ကျေးနေ၏။ သူသည် ရှဲ့ချောင်အား မှင်‌သွေးရန်ပင် ကူညီပေးခဲ့သည်။ သူသည် ရှောင်းယွိရုန်ဘေးတွင် မှင်သွေးရန်ကူညီသူအဖြစ် အချိန်ကြာမြင့်စွာ လုပ်ခဲ့ရပြီး သူ၏ မှင်သွေးနိုင်စွမ်းသည် အလွန်ကောင်းမွန်လှသည်။

သူသည် အဝေးကနေပင် လွတ်လပ်စွာ လှုပ်ရှားနိုင်စွမ်းရှိ၏။

ကျောက်ရွှမ်ကျင်းသည် ရှဲ့ချောင် ပန်းချီဆွဲနေသည်ကို မြင်သောအခါ စိတ်အေးလက်အေး ဖြစ်သွား၏။

သူမတွင် လူများအား ငြိမ်သက်အေးချမ်းစေသည့် ဆွဲဆောင်မှုမျိုး ရှိသည်။

ရှဲ့ချောင် ပန်းချီရေးဆွဲနေသည်မှာ အပြင်နှင့် တစ်ထပ်တည်းကျပေ၏ ။သူတို့သည်ရေကန်ရှုခင်းကို လိုချင်သဖြင့် ရေကန်ရှုခင်းကို ပုံဖော်လေသည်။ သူမသည် စုတ်တံဖြင့် ပန်းများကို ဆွဲကာ လျင်မြန်

စွာ အပြီးသတ်ခဲ့သည်။

သူမသည် ပြီးစီးသောအခါ နောက်ထပ် ၁၅ မိနစ် စောင့်ဆိုင်း၍ ပန်းများကို ပြသပြီး အချင်းချင်း နှိုင်းယှဉ်ခဲ့သည်။ အဌဂံခြံဝန်းတွင် သူတို့၏ ကျွမ်းကျင်မှုများကို ပြသရဲသူတိုင်းသည် ထူးချွန်သူများ ဖြစ်သည်ဟူ၍ ပြောရပေမည်။ ပန်းချီကားများကို ကြည့်ရုံဖြင့် အချို့မှာ ခမ်းနားထည်ဝါပြီး အချို့မှာ သေသပ်လှပကာ အချို့မှာ စိတ်ဝင်စားဖွယ်ရာများ ဖြစ်ပေ၏ ။

သို့သော် လူတိုင်းနီးပါးသည် ရှဲ့ချောင်၏ ပန်းချီကားကို ဦးစွာကြည့်လိုက်ကြသည်။

လူတိုင်းသည် သူမ၏ အရည်အချင်းကို စပ်စုနေကြပြီး သူတို့နှင့် လီရှီးယန်၏ တပည့်တို့ကြား ကွာခြားချက်ကို သိလိုကြသည်။

သို့သော် သူတို့ကြည့်လိုက်သောအခါ အံ့အားသင့်သွားကြ၏။

ဤပန်းချီကားအား… ပထမတစ်ချက်ကြည့်စဉ် ရိုးရှင်း‌ပေသည်။

ရှုခင်းများသည် ထူးထူးခြားခြားမရှိဘဲ ရိုးရှင်းနေ၏။ သို့သော် သေချာကြည့်လိုက်လျှင် ပန်းချီဖွဲ့စည်းပုံသည် အရမ်းပင် အနုပညာမြောက်လှ၏ ။ အသေးစိတ်တိုင်းတွင် အပြစ်ရှာလို့ပင် မရနိုင်ပေ။

ရေကန်တစ်ဖက်တွင် သက်ပြင်းချကာ သစ်ရွက်များကို လှည်းနေသော အဘိုးအိုတစ်ယောက်ရှိပေသည်။ အဘိုးအိုသည် ခါးကိုင်း၍ စိုးရိမ်ပူပန်နေသော သူ၏မျက်နှာအမူအရာအား ရှင်းရှင်းလင်းလင်း မြင်နိုင်လေသည်။ အဘိုးအိုနှင့် မလှမ်းမကမ်းနေရာတွင် လေပြင်းတိုက်ခတ်၍ သစ်ရွက်များတလွင့်လွင့်ကြွေနေ၏ ။ အဘိုးအိုအား မသနားဘဲပင် မနေနိုင်တော့ချေ။

•••••

အခန်း ၁၀၄၃ အားသာချက်များ

အဝေးတစ်နေရာရှိ တောအုပ်ထဲ၌ မြူများဆိုင်းလျက်ရှိ၏။ အဝေးမှကြည့်လျှင် ရှုခင်းသည် လှပဆန်းကြယ်၍ အမြင်တင့်တယ်လှသည်။ အလယ်တွင် ရေခဲပြင်ရေကန်တစ်ခုနှင့် တိမ်များရှိပြီး နေရောင်ခြည်ကပင် အနည်းငယ်အေးစိမ့်သောခံစားမှုကိုပေးနေသည်။ သစ်ပင်အောက်တွင် ဇီးပန်းများ ခဲနေ၏။ ၎င်းသည် တိတ်ဆိတ်အထီးကျန်သော မြင်ကွင်းတစ်ခုပင်။ ပန်းချီကားအား ပိုမိုနီးကပ်စွာ ကြည့်လိုက်သောအခါ ကျီးကန်းတို့၏ လှပသောမျက်နှာကို မြင်နိုင်သည်။ ၎င်းသည် ဆွဲဆောင်မှုရှိပြီး ပန်းချီကားထဲတွင် နွေးထွေးမှုကို ခံစားနိုင်ပေသည်။ ပန်းချီကားတစ်ခုလုံးသည် ချက်ချင်းဆိုသလို ပြောင်းလဲသွားပြီး လူများကိုမျက်စိမခွာနိုင်အောင် ဖြစ်သွားစေ၏။

မိမိတို့၏ ရင်းနှီးသောမိတ်ဆွေများကို ခေါ်ဆောင်လာကြသည့် ပညာရှင်အချို့သည် စိတ်လှုပ်ရှားမှုကြောင့် မျက်နှာများ နီမြန်းလာကြ၏ ။

ဤပန်းချီကားကို ကြည့်လျှင်။ ၎င်းတွင် သူတို့၏ပတ်ဝန်းကျင်မှ အမျိုးသမီးများ၏ မတူညီသော ကိုယ်ဟန်အမျိုးမျိုးကို ရှင်းလင်းစွာ ထည့်သွင်းထားသည်။ တစ်ယောက်ချင်းစီသည် မတူညီကြပေ။ အချို့က ဆွဲဆောင်မှုရှိပြီး အချို့က နူးညံ့သိမ်မွေ့ကြသည်။ သူတို့အားလုံးသည် အလွန်ကိုပင် လှပကြ၏ ။

“ဟိုမှာ ကျူပလွေမှုတ်နေတဲ့သူက ဘယ်တုန်းက ပေါ်လာပါလိမ့်။ သူက ဒီပန်းချီကားကို အသက်ဝင်အောင် လုပ်ပေးလိုက်တာပဲ” တစ်စုံတစ်ဦးသည် အနီးကပ် စစ်ဆေးကြည့်ရှုလိုက်၏ ။ အဝေးတစ်နေရာရှိ ဇီးပန်းပင်ပေါ်တွင် လူတစ်ယောက် ထိုင်နေ၏။သူသည် ကျူပလွေမှုတ်ကာ သစ်ပင်အောက်ရှိ အမျိုးသမီးငယ်အား ငေးကြည့်နေလေသည်။ ပန်းချီကားသည် နွေးထွေးမှုများဖြင့် ပြည့်နှက်နေ၏ ။

ဤပန်းချီကားသည် လူတို့အား သက်ပြင်းချစေပြီး လွမ်းဆွတ်တောင့်တမှုနှင့် နွေးထွေးမှုကို ခံစားရစေသည့် အရာတစ်ခုရှိသည်။ ၎င်းသည် ထူးခြားလှပေသည် ။

ဆရာမမော့၏ လေ့လာဆန်းသစ်နိုင်စွမ်းသည် သာမန်လူများ မနှိုင်းယှဉ်နိုင်သော အရာပင် ။

“ကျွန်တော်က ပန်းချီကားကိုပဲ တွေးနေခဲ့မိတာ၊ ဒါ့ကြောင့် ရှုခင်းထဲမှာ နစ်မြောပြီး လူတွေကို လျစ်လျူရှုမိခဲ့တယ်။ လူတွေက ရှုခင်းကို ဖုံးလွှမ်းသွားမှာကို စိုးရိမ်ခဲ့တာ။ ဒါပေမယ့် ဆရာမမော့ရဲ့ ပန်းချီကားက လူနဲ့ရှုခင်းကိုပေါင်းစပ်ထားပြီး တစ်ခုနဲ့တစ်ခု အပြန်အလှန် အထောက်အကူဖြစ်နေလိမ့်မယ်လို့ မမျှော်လင့်ခဲ့ဘူး။ ဆရာမရဲ့စွမ်းရည်ကို လေးစားပါတယ်” တစ်ယောက်ကဆိုသည်။

“ဒီပန်းချီကား... ပန်းချီကားက သူ့ဘာသာသူကိုပဲ ကဗျာဆန်နေပြီ။ ကဗျာတစ်ပုဒ် ထည့်ရေးလိုက်ရင်တော့ အကြည့်ရဆိုးပြီး လှတော့မှာမဟုတ်ဘူး။အခုတိုင်း‌လေးက အသင့်တော်ဆုံးပါပဲ...”

“ဝါရင့်ဆရာကြီးလီရဲ့ အကြီးဆုံး တပည့်ဖြစ်ထိုက်ပါပေတယ်။ ကျွန်တော် လက်ခံပါတယ်...”

“ကျွန်တော်လည်းအတူတူပါပဲ။ ဆရာမနဲ့ယှဉ်ပြိုင်လိုက်မိတာ အရှက်ရစေမိပါတယ်...”

ရှဲ့ချောင်သည် သူမ၏ လက်ကောက်ဝတ်ကို ပွတ်သပ်ရင်း ရိုကျိုးဟန်ဖြင့် ကြည့်နေ၏။

ဤဆရာတူအဒေါ်သည် အမျိုးသမီးတစ်ဦး မဟုတ်ခဲ့လျှင် ရှဲ့ဖင်းဟွိုက်သည် သူမ၏ လက်ကောက်ဝတ်ကို ပွတ်သပ်ပေးလိမ့်ပေမည်။

“ဆရာမက တကယ်ကို အံ့မခန်းပဲ... ကျွန်တော်တို့အားလုံးလည်း စုတ်တံတွေ သုံးကြတာပဲ၊ ဒါဆို ဘာလို့ ကျွန်တော်တို့ဆွဲတဲ့ ပုံတွေက ဒီလောက်တောင် ကွာခြားရတာလဲ။”ရှဲ့ဖင်းဟွိုက်သည် သက်ပြင်းချလိုက်၏။ သူသည် အရေးမပါသောသူတစ်ယောက်အဖြစ် မွေးဖွားလာသလိုပင်။

သူသည် အထူးသဖြင့် ရှုခင်းပန်းချီများတွင် အရည်အသွေးကောင်းသည် ဆိုးသည်ကို မခွဲခြားတတ်‌ပေ၊ ရှုခင်းနဲ့ သစ်ပင်များအားလုံးသည် အတူတူပင်ဖြစ်၏။ထူးခြားခြင်း မည်သည်မျှမရှိ‌ပေ။

သို့သော် ဆရာမ‌မော့၏ ပန်းချီတွေများသည် မတူပေ။ သူသည် ကြည့်ပြီးသည့်နောက်ပင် နောက်ထပ်ပင် အနည်းငယ် ကြည့်ချင်နေသေးသည်။ ၎င်းသည် သူ့အတွက် ပစ္စည်းကောင်းတစ်ခုပင်ဖြစ်သည်။

“ကျွန်တော့် တပည့်လေးက... နည်းနည်း မိုက်ရူးရဲဆန်ပေမယ့် သူ့မှာ ကောင်းတဲ့ အချက်တစ်ခုတော့ ရှိတယ်။”ရှောင်းယွိရုန်သည် ရှဲ့ဖင်းဟွိုက်၏ သဘောထားကို ကျေနပ်နေ၏။ “သူက သူ့ရဲ့ အခြေအနေကို သိတယ်။ သူက နောက်ဆုတ်တဲ့အခါလည်း ရှက်ရွံ့ခြင်း မရှိဘူး။ သူက စိတ်သဘောထားမြင့်မြတ်တယ်”

“သူက ရှေ့တိုးနိုင်သလို နောက်လည်းဆုတ်နိုင်တယ်။ သူက စိတ်မတည်မငြိမ် မဖြစ်သလို ဟန်ဆောင်တာလည်း မရှိဘူး။ ဒါက သူ့ရဲ့ အားသာချက်တစ်ခုပဲ” စန်းယောင်သည် ခေါင်းညိတ်လိုက်၏ ။

ကျန်းကျင်လုလည်း ရှဲ့ဖင်းဟွိုက်သည် လုံးဝမဆိုးကြီးမဟုတ်ကြောင်း ဝန်ခံခဲ့သည်။

ဥပမာအနေဖြင့် အခြားသူများက သူ့ကို ကဗျာရွတ်ခိုင်းသည့် ကိစ္စကို ကြည့်နိုင်၏။

သူသည်သိလျှင် သိကြောင်း မသိလျှင်မသိကြောင်းပြော၏ ။ သူသည် သူ၏ဂုဏ်သိက္ခာကိုပင် နင်းခြေနိုင်ပြီး တခြားသူများ၏ ထင်မြင်ချက်ကို ဂရုမစိုက်‌ပေ။ ၎င်းသည် မျက်နှာပြောင်တိုက်သည်ဟု ဆိုနိုင်သော်လည်း ပွင့်လင်းသည် ဟူ၍လည်း ပြောနိုင်၏။

ထို့အပြင် ရှဲ့ဖင်းဟွိုက်သည် သူတို့၏ ဆရာတူအစ်မ အကြီးဆုံး၏ စွမ်းရည်များကို သိသောအခါ ချီးမွမ်းရန် ဝန်မလေးခဲ့ပေ။ သူ၏မျက်လုံးများတွင် ချီးကျူးလေးစားမှုများဖြင့် ပြည့်နေ၏။ သူသည် သင်ယူရန် ရည်ရွယ်ချက်ရှိကြောင်းယူဆနိုင်သည်။ သူ၏ စိတ်သဘောထားသည် ရိုသေကိုင်းရှိုင်းမှုရှိပြီး စရိုက်လည်း ကောင်းမွန်၏ ။ ထိုဟန်ဆောင်သူများထက် ပို၍သာပေသည်။

ဤကလေးတွင် ပြဿနာရှိသော်လည်း သူသည် ရိုးသားဖြောင့်မတ်၍ ဖြူစင်သောနှလုံးသား ရှိခြင်း

သည် တန်ဖိုးရှိ‌ပေ၏။ သူတို့တွင်လည်း အခက်တွေ့စရာများရှိနေ၏ ။

သူတို့၏ ဆရာသည် ရှဲ့ဖင်းဟွိုက်၏ အားသာချက်များကို ရှာဖွေခိုင်းသည့်အတွက်... သူတို့သည် တခြားသောရှုထောင့်ကပင် ဆုံးဖြတ်ရတော့ပေမည်... သူတို့တွင် ရွေးချယ်စရာမရှိပေ။

“ဒီပန်းချီကား...” ဆုံးဖြတ်ပြီးနောက် ပန်းချီကားကို ပြန်ယူသွားကြ၏ ။ ကျောက်ရွှမ်ကျင်းသည် ကြည့်လိုက်ပြီး တအံ့တဩဖြစ်သွားသည်။

ရှဲ့ချောင်၏ ရင်ထဲတွင် တုန်လှုပ်သွားလေသည်။

ကျောက်ရွှမ်ကျင်းသည် အချိန်မှီ ပါးစပ် ပိတ်လိုက်ပြီး ဘာမှ မပြောတော့ပေ။

ရှောင်းယွိရုန်သည် ထပ်ခါတလဲလဲ စိုက်ကြည့်နေပြီး ရုတ်တရက် မေးလိုက်၏။ “ဆရာတူအစ်မ... ဆရာကြီးယွင်ဝေ့နဲ့ တွေ့ဖူးလား”

•••••

အခန်း ၁၀၄၄ ဒါက သူမရဲ့လက်ရာပဲ

သူ နားလည်သွားပြီဖြစ်၏ ။

ကျောက်ရွှမ်ကျင်းသည် ရှောင်းယွိရုန် ဤမျှအမြင်စူးရှသော မျက်စိမျိုးရှိလိမ့်မည်ကို မမျှော်လင့်ထားခဲ့ပေ။ သူသည် အနည်းငယ်မျှ ကြည့်လိုက်ရုံဖြင့် သတိထားမိခဲ့ခြင်းဖြစ်၏ ။

ရှဲ့ချောင်သည် မိမိကိုယ်ကို အစွမ်းကုန် ထိန်းချုပ်ထားခဲ့၏ ။

ယခင်က သူမသည် ကျောင်းတော်တွင် ပန်းချီဆွဲသည့်အခါ ဆွဲပုံဆွဲနည်းသည် အနည်းငယ် ရိုးရှင်းသည်။ ပန်းချီကားသည် အရမ်းမကြီးသလို ဤပန်းချီကားလောက် အသေးစိတ်လည်း မကျပေ။ ထို့ကြောင့် ရေးဆွဲနည်းကို ဖုံးကွယ်ထားနိုင်သေး၏ ။

သို့သော် ဤပန်းချီကားမှာ မတူပေ။ အသေးစိတ်များ အလွန်များပြားပြီး ဖုံးကွယ်ထား၍ မရနိုင်ခဲ့ပေ။

ရှဲ့ချောင်သည် မျက်နှာပြောင်တိုက်ပြီး ငြင်းဆိုချင်ခဲ့သော်လည်း လီရှီးယန်သည် စကားစပြီးသား ဖြစ်နေ၏။ “ဒီကလေးမက အရမ်းနှိမ့်ချတာ။ သူ့ပန်းချီကားတွေက နာမည်ကြီးတာကြာပြီ၊ ဒါပေမဲ့ သူက ပုံမှန်အားဖြင့် ဖုံးကွယ်ထားပြီး သူ့အရည်အချင်းကို ဘယ်တော့မှ မထုတ်ပြဘူးလေ။”

“ဆရာ ပြောနေတာက...” ရှောင်းယွိရုန်သည် တုန်လှုပ်သွားပြီး ချက်ချင်း မတ်မတ်ထိုင်လိုက်သည်။

“ဆရာတူအစ်မ အကြီးဆုံးက ဆရာကြီးယွင်ဝေ့လား။”

“ဖြစ်နိုင်တယ်... ဟုတ်မယ်ထင်တာပဲ...” ရှဲ့ချောင်သည် ခေါင်းကို ငုံ့ထားလိုက်၏ ။

“တကယ်ပဲ ဆရာကြီးယွင်ဝေ့လား။” ရှောင်းယွိရုန်သည် ရုတ်တရက် သူ့ကိုယ်သူ ထိန်းမနိုင်တော့ဘဲ သူမအား ခေါ်ဝေါ်ပုံ ပြောင်းလဲသွား၏။ သူအံ့အားသင့်ပြီးနောက်ပိုင်းတွင် သူသည် ရှဲ့ချောင်ကို နောက်ထပ်အကြိမ်အနည်းငယ် ကြည့်ရှုရန် မမေ့ခဲ့ပေ။

“မဖြစ်နိုင်ပါဘူး။ ဆရာကြီးယွင်ဝေ့က အသက် ၆၀ ကျော်နေပြီလို့ ကျွန်တော်ကြားဖူးတယ်။”

ရှဲ့ချောင်သည် သူ့ကို မျက်စောင်းထိုးကာကြည့်လိုက်သည်။

အဘယ်ကြောင့်ဆိုသော် အသက် ၆၀ ကျော်အရွယ် ဆရာတစ်ဦး၏ ပန်းချီကားများသည် ပို၍ တန်ဖိုးရှိသောကြောင့်ဖြစ်၏။ လီရှီးယန်သည် သူ၏အကြီးဆုံးတပည့် နာမည်ကျော်ကြားစေရန် မျှော်လင့်ခဲ့သော်လည်း သူသည် ငွေနှင့်ပက်သက်၍ ဂရုမစိုက်ခဲ့ပေ။

မည်သို့ပင်ဆိုစေကာမူ ကမ္ဘာပေါ်တွင် နံပါတ်တစ်ပညာရှင်အနေဖြင့် သူသည်... တကယ်ကိုပင် ငွေကြေးမပြည့်စုံခဲ့ပေ။

သူသည် သူ၏အကြီးဆုံးတပည့်၏ နှမြောတွန့်တိုသောအပြုအမူကို နားမလည်နိုင်ခဲ့သည်မှာ သဘာဝကျပေသည်။

သူ၏အမြင်တွင် သူ၌ သားသမီးမရှိ၊ ဤတပည့်အနည်းငယ်သာ ရှိသည်။ သူ ကွယ်လွန်ပြီးနောက် သူ၏ပိုင်ဆိုင်မှုအားလုံးသည် သူ၏အကြီးဆုံးတပည့်အပိုင်ဖြစ်လာမည်ဖြစ်ပြီး သူမလက်ထဲတွင် ရွှေငွေများ တောင်ပုံရာပုံ ဖြစ်လာမည်ဖြစ်၏။ ပန်းချီကားများရောင်းခြင်းမှ ရရှိသော မပြောပလောက်သည့်ငွေလေးသည် ဘာမျှမဟုတ်ခဲ့ပေ။

“ဒါက နာမည်လေးတစ်ခုသက်သက်ပါပဲ၊ ဆရာတူမောင်လေးရှောင်း။ ဒီလောက်ထိ တင်းမာမနေပါနဲ့...”

‘မပြောပါနဲ့တော့။ လူသိနည်းလေ နောင်လည်း ဆက်ပြီး လှည်းစားဖို့ အဆင်ပြေလေပဲ။’

သို့သော် ရှောင်းယွိရုန်သည် အရူးအမူးဖြစ်နေလေပြီ။

သူသည် ရှဲ့ချောင်၏စကားများကို လုံးဝမကြားနိုင်တော့ပေ။ သူသည် ပန်းချီကားကို သေချာကြည့်ရှု့ပြီး သူ၏ စိတ်ထဲရှိ ဆရာကြီးယွင်ဝေ့နှင့် နှိုင်းယှဉ်နေလေ၏။

ကျောက်ရွှမ်ကျင်း၏မျက်လုံးများတွင် ရှုပ်ထွေးသော အမူအရာရှိနေ၏။ သို့သော် သူသည် အိမ်ရှေ့စံမင်းသား ဖြစ်နေဆဲဖြစ်ရာ ဤအချိန်တွင် သူ့ကိုယ်သူ ထိန်းချုပ်နိုင်သေး၏ ။

အခြားတစ်ဖက်တွင် ကျန်းကျင်လုနှင့် စန်းယောင်တို့မှာ ရှောင်းယွိရုန်ကဲ့သို့ပင် အခြေအနေမျိုးဖြစ်နေ၏ ။

သူတို့သည် အမှန်ကိုပင် မယုံကြည်နိုင်ခဲ့ကြပေ။

သူတို့သုံးဦးသည် စုရုံးကာ ပန်းချီကားကို လေ့လာခဲ့ကြသည်။ သူတို့ ထိုသို့ဖြစ်နေသည်ကို မြင်သောအခါ ရှဲ့ချောင်သည် သူမဒုက္ခရောက်နေသည်ကို ခံစားရ၏။ သူမသည် သူမ၏ဆရာနှင့် စကားပြောရန် အခွင့်အရေးကို ရှာတွေ့ခဲ့သည်။ သူမသည် ရှဲ့ဖင်းဟွိုက်ကို သူမနှင့်အတူခေါ်ဆောင်ကာ ခြံဝန်းပတ်လည်တွင် လမ်းလျှောက်ခဲ့၏ ။

ကျောက်ရွှမ်ကျင်း၏ ဩဇာတိက္ကမသည်အလွန်ကြီးမား‌ပေ၏။ ဤနေရာတွင် လူများလွန်းလှသောကြောင့် သူ့အ‌နေဖြင့်သူတို့နောက်သို့ လိုက်ရန် ခက်ခဲခဲ့၏ ။

“ဒီဆွဲပုံဆွဲနည်းက တကယ်ပဲ ဆင်တူတယ်...”

“ဆင်တူရုံတင်မကဘူး၊ တိတိကျကျကိုပဲ တူတယ်...”

“မဟုတ်သေးဘူး... ကျွန်တော် မှတ်မိတယ်... အဲ့ဒီ ဆရာကြီးယွင်ဝေ့... သူ့ပန်းချီကားတွေက နာမည်ကြီးရုံတင်မကဘူး၊ သူက ထူးချွန်တဲ့ ပန်းပုဆရာတစ်ယောက်လည်း ဖြစ်တယ်။ ကျွန်တော်

တစ်ချိန်က တန်ဖိုးကြီးပေးပြီး တိမ်ပုံဆံထိုးတစ်ချောင်း ဝယ်ဖူးတယ်။ ဆရာကြီးယွင်ဝေ့ ကိုယ်တိုင် ရေးဆွဲထုလုပ်ခဲ့တာလို့ ကြားတယ်။” စန်း‌ယောင်သည် ရုတ်တရက် သတိပြန်ဝင်လာ၏။

ကျောက်ရွှမ်ကျင်းသည် ပြုံးလိုက်၏။ သူတို့သည် မတုံးအကြဘဲ အတော်လေး မြန်မြန်ဆန်ဆန် သဘောပေါက်ခဲ့ကြ၏။

ဆရာကြီးယွင်ဝေ့…

“ဟုတ်တယ်၊ ကျွန်တော် မေ့နေခဲ့တာပဲ၊ လွန်ခဲ့တဲ့နှစ်နှစ်က ရတနာဆိုင်မှာ၊ သူတို့ကရတနာရဲ့ ပုံစံကို ဆရာကြီးယွင်ဝေ့ကိုယ်တိုင် ဒီဇိုင်းထုတ်ထားတယ်လို့ ပြောလိုက်တာနဲ့ စျေးနှုန်းက နှစ်ဆတက်သွားတာပဲ”

“ဆရာ့ဆီမှာလည်း ကျောက်စိမ်းကန့်လန့်ကာတစ်ခု စုဆောင်းထားတာရှိတယ်။ အဲ့ဒီပုံစံက အရမ်းကိုရှုပ်ထွေးတယ်။”

တပည့်များသည် လီရှီးယန်ကို ကြည့်လိုက်ကြသည်။

လီရှီးယန်သည် ဂုဏ်ယူစွာ ကြည့်လိုက်၏။ “ဟုတ်တယ်။အဲ့ဒါကို မင်းတို့ရဲ့ ဆရာတူအစ်မ ရေးဆွဲခဲ့တာပဲ။ ကံမကောင်းစွာနဲ့ပဲ သူမက ကျန်းမာရေးမကောင်းဘူး။ ပုံမှန်အားဖြင့် သူမက သေးငယ်တဲ့အရာလေးတွေပဲ ထွင်းထုတယ်။ ဒီလိုကြီးမားတဲ့ မျက်နှာပြင်ကို ထွင်းထုဖို့ကျ ထိုင်ဖို့တောင် သူမှာ မခံနိုင်ဘူး။”

ထိုအချိန်တွင် ရှောင်းယွိရုန်သည် တစ်စုံတစ်ခုကို သဘောပေါက်သွားသလို ခံစားရ၏။

၎င်းသည် ထိုအရာကို သဘောမပေါက်ခြင်းပင်ဖြစ်၏။ သူ၏စိတ်ထဲတွင် ဗလာနတ္ထိ ဖြစ်နေပြီး တစ်စုံတစ်ခုကို လွတ်သွားခဲ့သလို ခံစားရ၏ ။

•••••

All Chapters