← Chapters

အခန်း (၁၀၅၇-၁၀၆၀)

Vol. 54 Ch. 1057-1060

အခန်း (၁၀၅၇-၁၀၆၀)

Vol. 54 Ch. 1057-1060

အခန်း ၁၀၅၇။ လောကကြီး၌ စည်းမျဥ်းမျာစွာရှိ

ဤအခိုက်အတန့်၌ ရေဝိဥာဥ်သည် သူ၏အစားထိုးအပေါ် ကရုဏာသက်မိနေပုံရကာ သက်ပြင်းရှည်တစ်ချက်ပင် ချနေလေသည်။

“မိန်းမတွေအကုန် လူလိမ်တွေ!” ရေဝိဥာဥ်သည် ဖန်ကျောင်းရှိရာဘက်သို့ တံတွေးထွေးပစ်ဖို့လည်း မမေ့ခဲ့။

“ဘယ်သူမှမရှိတုန်းက ဖူဟန်ဝမ့်က သူ့ကို ဘာလို့ ဆံထိုးမထိုးထားတာလဲဆိုပြီးမေးသေးတယ်။ သူက ပျောက်သွားမှာစိုးလို့တဲ့လေ! ပျောက်သွားမှာကြောက်လို့မဟုတ်ဘဲနဲ့ သူ့အချစ်တွေကို ပြချင်လို့ တခြားတစ်‌ယောက်ကို ပေးထားတာကိုများ!”

“သူက ဖူဟန်ဝမ့်နဲ့ရှိနေတဲ့အချိန်ဆို ရွှန်းရွှန်းဝေအောင်ပြုံးနေလို့ သူမကြိုက်တော့ဘူးဆိုတာ ပြောဖို့ခက်တယ်လေ! ဟမ့်!”

ရေဝိဥာဥ်က မျက်လုံးလှိမ့်လိုက်လေသည်။

ထိုစကားကြောင့် ရှဲ့ချောင်ခမျာ ကူကယ်ရာမဲ့စွာဖြင့် ခေါင်းခါလေသည်။

“လူသတ်သမားပြောတဲ့စကားက အမှန်ပဲလား။ ဘာပဲဖြစ်ဖြစ်ပါ အဲဒီသခင်မလေးကို သူ့ကိုယ်သူပြန်ချေပခွင့်တော့ ပေးသင့်တယ်လေ ဟုတ်တယ်မလား”

ရှဲ့ချောင်သည် သူမအစောပိုင်းက မြင်ခဲ့သည်က အတုအယောင်မဖြစ်နိုင်လောက်ဟု ခံစားနေရ၏။

သူတို့သည် အလှမ်းဝေးနေကြသော်လည်း ဖန်ကျောင်း၏ အပြုံးက ကူးစက်နိုင်စွမ်းရှိလွန်းလှသည်။ ထိုအခိုက်အတန့်၌ သူတို့နှစ်ဦးနေနေကြသည့်နေရာသည် နေရောင်ခြည်ဖြာကျနေသည့်အလား နွေးထွေးနေသည်ဟုသာ သူမခံစားမိ၏။

နွေးထွေးလွန်းသဖြင့် အတုအယောင်ပုံမပေါ်ပေ။

ထို့အပြင် သူမသည် ဖန်ကျောင်းအား အနီးကပ်မကြည့်ခဲ့သော်လည်း အနှီသခင်မလေး၌ ယုတ်မာသည့် ရည်ရွယ်ချက်တစ်ခုမှမရှိမှန်း အကြမ်းဖျင်းပြောပြနိုင်သည်။

“သတိပေးတဲ့အတွက် ကျေးဇူးပါပဲ”

ရှဲ့ချောင်သည် ရေဝိဥာဥ်အား ကျေးဇူးတင်လိုက်၏.

“ဆရာမက ကြင်နာလွန်းနေပါပြီ”

ထိုသို့ပြောပြီးနောက် ရေဝိဥာဥ်သည် အဝေးသို့ လွင့်မြောပျောက်ကွယ်သွားခဲ့၏။ သူထွက်မသွားခင် သံစဥ်တစ်ခုကိုပဲ ခပ်တိုးတိုးညည်းနေသေး၏။ သူ၏လွတ်လပ်မှုအား ပြန်ရရှိလိုက်သည့်အတွက် မည်မျှပျော်နေသည်ကို မြင်နိုင်ပေသည်။

ဤကဲ့သို့သော ရေဝိဥာဥ်မျိုးသည် အချိန်ကြာမြင့်စွာ ပိတ်မိနေခဲ့ရသည်။ ထိုမျှအချိန်ကြာသွားသည့်အခါ ပုံမှန်အားဖြင့် နာကြည်းချက်တို့က ပို၍သိပ်သည်းလာတတ်သည်။ ခုနက ရေဝိဥာဥ်သည်လည်း အလားတူပင်။

သို့သော် အစားထိုးတစ်ခုရှိလာပြီးနောက် နာကြည်းချက်တို့က နောက်ထပ်ရေဝိဥာဥ်ဆီသို့ အနည်းနှင့်အများတော့ကူးပြောင်းသွားမည်ပေ….

အစားထိုးတစ်ယောက်ဖြစ်သည့် ဖူဟန်ဝမ့်အတွက် ထွက်သွားရန်မလွယ်ကူလှပေ။

တာအိုဆရာတစ်ယောက်နေဖြင့် သူမသည် ဖူဟန်ဝမ့်အား ခေါ်ထုတ်သွားသင့်သော်လည်း သူမသည် သာမန်မကောင်းဆိုးဝါးဝိဥာဥ်တစ်ကောင်ထက် ပိုကြီးမားသည့် တန်ကြေးတစ်ခု ပေးဆပ်ရလိမ့်မည်ပေ။

ယခုအခါ ဖူဟန်ဝမ့်ပေါ်မလာ၍ ရှဲ့ချောင်လည်း လှည့်ထွက်သွားခဲ့၏။

ရေကန်ဘေး၌ ခဏကြာနေလိုက်ရသဖြင့် သူမ၏မျက်နှာသည် လေအေးကြောင့် အေးစက်နေသည့်အပြင် ကိုယ်ပေါ်တွင်ခြုံထားသည့် အပေါ်ရုံသည်လည်း ပိုပြီးတင်းကျပ်လာ၏.

ကျောက်ရွှမ်ကျင်း၊ ရှဲ့ဖင်းကန်းနှင့် အခြားသူများကမူ အသားကျနေကြပြီဖြစ်သော်လည်း သူတို့သည် သူမ၏ ကျန်းမာရေးမကောင်းမှန်းသိကြသည်။ သူမ ကြိုးစားပမ်းစားလုပ်နေသည်ကိုမြင်သည့်အခါ တစ်ယောက်က သူမအတွက် စိတ်မကောင်းဖြစ်နေမိပြိး အခြားတစ်ယောက်ကမူ သူမကိုပို၍ အထင်ကြီးနေလေသည်။

“ဆရာမ ဒီလောက်အေးနေတာတောင် အပြင်သွားနေရတယ်နော်။ တာအိုဆရာမတစ်ယောက်လုပ်ရတာလည်း မလွယ်ဘူးထင်ပါတယ်လေ!

ရှဲ့ဖင်းကန်းသည် ဘဝကြီးက ခက်ခဲသည်ဟု တွေးနေလေ၏။

ဤဆရာမကိုကြည့်ပါဦး။ သူမသည် ဆရာတစ်ယောက်တင်မြှောက်ထားရပြီး ပညာတချို့သင်ရန်အတွက် သူ့နောက်ကိုလိုက်နေရသည်။ သို့မဟုတ်ပါက သူမသည် လူတစ်ယောက်၏အရည်အချင်းအား ဖြုန်းတီးဖြစ်နေသည်ဟု အခြားသူများက ထင်ကြလိမ့်မည်။

ဤလောကကြီးထဲ၌ စည်းမျဥ်းများက များလှသည်!

ရှဲ့ဖင်းကန်း ထိုသို့တွေးရသည်က သူ့အရှေ့ရှိလူမှာ သူလေးစားရသော ဆရာမော့ဖြစ်နေ၍သာ…

ရှဲ့ဖင်းဟွိုက်သာဆိုပါက…

ထို‌ကောင်စုတ်လေးသည်လည်း ထိုကဲ့သို့သော အစွမ်းထက်သည့်ဆရာတစ်ယောက်နောက်လိုက်နေသည့်တိုင် မည်သည့်တိုးတက်မှုမှာရှိမလာသေး။ ဆရာရှောင်း၏ ဂုဏ်သတင်းအား မဖျက်ဆီးမိစေရန် သူ့အား အသေရိုက်မှဖြစ်ပေမည်။

ရာသီဥတုကမူ…

ဟမ့် သူ အေးခဲပြီးတော့ မသေလောက်ပေ!

“ရှဲ့သခင်‌လေး ကျွန်မခုနကပဲမေးခွန်းနည်းနည်းးပးပါးမေးကြည့်လာတယ်။ နားထောင်ချင်လား”

ရှဲ့ချောင်သည် ခေါင်းမော့၍ သူ့အားကြည့်လိုက်သည်။ အတော်လေးပင်ပန်းသည်ဟု သူမခံစားရသည်။

စန်းယောင် အလုပ်ရှုပ်ခံပြီး သူ့အား မော့မကြည့်သည်မှာ မထူးဆန်းတော့ပေ။

“ဒါပေါ့ နားထောင်ကြည့်ချင်တယ်”

ရှဲ့ဖင်းကန်းသည် တုံ့ဆိုင်းမနေချေ။

“ဒီအမှုက ကျွန်တော်တို့ မှုခင်းစီရင်ရေးဌာနရဲ့ တာဝန်ဆိုပေမယ့် ဒီသေသွားတဲ့သူကို သူ့မိဘတွေ ပျိုးထောင်ပေးထားတာ၊ လူသတ်သမားကိုသာ စောစောဖမ်းနိုင်ရင် သူ့မိဘတွေရဲ့ အပူတွေလည်းကျသွားမှာဆိုတော့ လုပ်ချင်တယ်”

“ကောင်းပြီလေ ဒါဆိုလည်း ဖန်သခင်မလေးရဲ့ဝမ်းကွဲကိုသွားဖမ်းလိုက်။ သူ ဥယျာဥ်ထဲမှာ ရှိနေလောက်တယ်။ ဒါပေမဲ့ မကောင်းဆိုးဝါးဝိဥာဥ်ရဲ့စကားတွေက သက်သေအဖြစ်နဲ့သုံးလို့မရဘူး။ အမှန်တရားပေါ်လာဖို့တော့ အားထုတ်ရလိမ့်မယ်” ရှဲ့ချောင်က ဆိုလေသည်။

“ဆရာမ အဲဒီသူက သံသယရှိတဲ့သူလား… ဒါမှမဟုတ် သူကလုပ်ခဲ့တဲ့သူပါလို့ အတည်ပြုပြီးသွားပြီလား”

ရှဲ့ဖင်းကန်းက ထပ်၍ အတည်ပြုကြည့်လေသည်။

•••••

အခန်း ၁၀၅၈။ ပုန်းလျှိုးကွယ်လျှိုးပြုမူ

သံသယရှိသူတစ်ယောက်ရှိပါက သူတို့ကိုယ်သူတို့ စုံစမ်းစစ်ဆေးစဉ်ကာလအတွင်း ထိန်းချုပ်သင့်ပြီး အပြစ်မရှိသည့်သူအား မထိခိုက်စေရန်အတွက် ညှင်းပန်းနှိပ်စက်ခြင်းမျိူး မပြုသင့်ပေ။

သို့သော်လည်း သူသည် လူသတ်သမားမှန်းသေချာသည်ဆိုလျှင်မူ အခြေနေက ကွာခြားသွားပေသည်..

မှုခင်းစီရင်ရေးဌာနမှ အရာရှိများသည် တိုက်ခိုက်သည့်အခါ ကြင်နာတတ်သူများမဟုတ်ကြပေ။

“သူ့ကို အရင်ဆုံးခေါ်လာလိုက်၊ ဆုံးဖြတ်ချက်မချခင် သူ့မျက်နှာကို အရင်ကြည့်ချင်တယ်”

သေချာစေရန်အတွက် ရှဲ့ချောင်သည် မလျှော့တမ်းပြောဆိုခြင်းမျိုး မပြုခဲ့ချေ။

ရေဝိဉာဉ်၏ စကားများသည် အင်မတန်ယုံကြည်စရာကောင်းသော်ငြား မည်သို့ပင်ဖြစ်စေ ဤကိစ္စက လူတစ်ယောက်၏ အသက်ပါဝင်နေသည်။ ယခုအခါ သူမသည် ထိုလူ၏ မျက်နှာအားမမြင်ရသေးသဖြင့် တစ်ဖက်လူက အမှားလုပ်ထားကြောင်း အတင်းကာရော ပြောဆိုနေရန်မသင့်တော်ပေ။

ရှဲ့ဖင်းကန်း ခေါင်းညိတ်ကာ ထိုလူအားသွားရှာရန် လူတစ်ယောက်လွှတ်လိုက်သည်။

သူမ၏ အထင်အရ ထိုဝမ်းကွဲဆိုသူနှင့် ပတ်သက်ပြီး တစ်စုံတစ်ရာ မှားယွင်းနေပေသည်။

ညည့်နက်နေပြီဖြစ်သည့်အပြင် အမှုစတင်ဖြစ်ချိန်၌ ခြောက်နာရီ ရှစ်နာရီကြားပင် ရှိ‌နေလေပြီ။ အမှုစတင်ဖြစ်ဖြစ်ချင်းကတည်းက သေဆုံးသူကိုသိသော အဌဂံဥယျာဉ်ထဲရှိ လူတိုင်းအား ခေါ်မေးခဲ့သည်။ အရာရှိများ၏ စစ်မေးခြင်းကိုခံရသော အတန်းဖော်တချို့ရှိသော်လည်း ဝမ်းကွဲဟုဆိုသူက လူအုပ်ကြီးထဲတွင်ရှိနေလေကာ ပေါ်မလာသေးပေ။

အနှီလူက သူ့၏ သရုပ်မှန်အား အစကတည်းက ဖုံးကွယ်ထားပြီး ပွဲကိုစောင့်ကြည့်ရန်အတွက် ပုန်းကွယ်နေခြင်းဟု.. ဆိုလိုနေခြင်းမဟုတ်ပေလော။

သူသာ သရုပ်မှန်ကို ကောင်းကောင်းဖုံးကွယ်ထားခြင်းဆိုလျှင် မကောင်းသည့်အရာတစ်ခုခုလုပ်ထားခြင်းဖြစ်မည်ပေ။

အရာရှိများသည် ဖန်မိသားစု၏ မိဘများအားမေး၍ သူ၏အထောက်အထားအားဖော်ထုတ်ခဲ့ရသည်။

လင်မယားနှစ်ယောက်သည် အစပိုင်း၌ ပဟေဠိဖြစ်နေကြသေးသော်လည်း ဖန်ကျောင်း၏ ဝမ်းကွဲအား တွေ့သည့်အခါ အံ့အားသင့်သွားကြသည်။

သူတို့၏ ဆွေမျိုးကို ဘယ်လိုလုပ်ပြီး မမှတ်မိရတာလဲ?

ဤလူသည် လူအုပ်ထဲ၌ ပုန်းကွယ်နေကာ ပုံမှန်အချိန်နှင့် အနည်းငယ် မတူကွဲပြားအောင်ဝတ်ဆင်ထားသည် ဆိုသော်ငြား တစ်ချက်ကြည့်ရုံနှင့်တင်ပြောနိုင်လေရာ သူ့အား အလောင်းဆီဆွဲခေါ်သွားလေသည်။

“ဆရာ သူပါ၊ ဒီလူ့နာမည်က ယန်ခယ့်ပေါင်ပါ”

အမှုထမ်းတစ်ဦးက သူ့ကို

တွန်းချလိုက်၏။

ယန်ခယ့်ပေါင်သည်စာသင်သားတစ်ယောက်ဟုဆိုသော်ငြား သူသည် အင်မတန်သန်မာလွန်းသည်။

ဖူမိသားစုနှင့် ဖန်မိသားစုတို့သည် ပဟေဠိဖြစ်နေရကာ ဖူမိသားစုက ပိုဆိုး၏။ သူတို့သည် အက်ရှနေသော အသံများဖြင့်

“ဆရာ.. ဘာ-ဘာလုပ်တာပါလဲ”

“မင်းကို မေးမယ်! မင်းဘာလို့ လူအုပ်ထဲမှာပုန်းနေပြီး ထွက်မလာရတာလဲ၊လိပ်ပြာမလုံလို့လား”

ရှဲ့ဖင်းကန်းက ခက်ထန်စွာဆိုလေသည်

ယန်ခယ့်ပေါင်သည်အရပ်မပုသော်ငြား ရှဲ့ဖင်းကန်းကို မီဖို့ လိုသေး၏။ ခေါင်းတစ်လုံးစာ နိမ့်နေသဖြင့် သူ၏ အဟန့်ကောင်းသော အမူအရာက ဖိနှိပ်ခံလိုက်ရကာ သူ့တစ်ကိုယ်လုံး တုန်ယင်နေသည်။

“ဆရာတို့က အစ်ကိုဖူရဲ့ အတန်းဖော်ကို ရှာနေတယ်လို့ပဲကြားလို့… ကျွန်တော်ကသူ့အတန်းဖော်မဟုတ်တော့.. ဆရာတို့ရဲ့စစ်မေးတာကို နှောင့်နှေးစေမှာစိုးလို့ အရှေ့ကိုထွက်မလာရဲတာပါ”

ယန်ခယ့်ပေါင်၏အသံက အနည်းငယ်တုန်နေသည်။

ရှဲ့ဖင်းကန်းက လှောင်သံပြုလိုက်သည်။

“ဖူဟန်ဝမ့်ရေထဲကျသွားတုန်းက မင်းဘယ်ရောက်နေတာလဲ”

ယခုအခါ အဌဂံခြံဝန်းထဲ၌ ဤအမှုအား မသိသူမရှိတော့သဖြင့် သေဆုံးသူ ရေကန်ထဲသို့ကျသွားသောအချိန်သည် လျှို့ဝှက်ချက်တစ်ခုမဟုတ်တော့ပေ။

ယန်ခယ့်ပေါင်သည် သူ့ခေါင်းအားငုံ့လိုက်၏။

“ဆရာ ကျွန်တော် ဥယျာဉ်နားမှာရှိ…”

ဥယျာဉ်အနီး၌ လူပေါင်းများစွာရှိနေကာ သူတို့သည်တစ်ယောက်နှင့်တစ်ယောက် မရင်းနှီးကြပေ။

ယန်ခယ့်‌ပေါင်သည် ထိုနေရာတွင်ရှိခဲ့သည်ဟု ပြောပါက သူ့အတွက် သက်သေပြပေးနိုင်မည့်သူဘယ်သူမှမရှိ။

သို့သော် ရှိနေကြသည့်ကျောင်းသားများသည်လည်း သူ့လိုပင် တစ်ယောက်တည်းလာကြခြင်းဖြစ်၍ သူက ကျိုးကြောင်းမသင့်ဘူးဟုလည်း ပြောရခက်ပြန်သည်။

သူစကားပြောနေစဉ် ရှဲ့ချောင်သည် သူ၏ မျက်နှာအင်္ဂါရပ်များကို လေ့လာနေသည်။

ဤလူသည် ရုပ်မဆိုးဘဲ အတော်အတန်ကြည့်ကောင်းသည်။

သူ၏ မျက်နှာအင်္ဂါများသည် ဖြောင့်မတ်ကာ မျက်နှာပေါ်တွင် မည်သည့်အစက်အပြောက်မှမရှိ၊ သူ၏ ပုခုံးတို့က ကျယ်ပြန့်ကာ သူ့နောက်ကျောက ဖြောင့်မတ်သည်။ သူသည် အတော်လေးကြည့်ကောင်းသည်။

သို့သော် တခြားသော ချို့ယွင်းချက်များရှိနေ၏။

သူ၏ မျက်လုံးများသည် ကောင်းသော်လည်း သူ့မျက်လုံးထဲရှိ သွေးကြောများသည် သာမန်လူတစ်ယောက်ထက် မသိမသာပိုများနေသည်။

သူ့မျက်လုံးများက ရှေ့တည့်တည့်ကိုကြည့်နေသော်လည်း သူ၏ သူငယ်အိမ်များက အနည်းငယ် စွေဆောင်းနေကာ မသိမသာပေ။ သူ၏ မျက်လုံးများက ခက်ထန်နေပြီး ပြိုင်ဆိုင်လိုစိတ်ရှိကာ လောဘကြီးသည်။ ထိုအင်္ဂါရပ်သည် ပြဿနာကြီးကြီးမားမားမဟုတ်ပေ။

ရှဲ့ချောင်စိတ်ပူသည်က ဤနှစ်အတွင်းရှိ သူ၏ ကံကောင်းခြင်းပင်။

လူသားတစ်ယောက်၏ ဘဝတွင် အနိမ့်အမြင့် အတက်အကျ ကံအကောင်းအဆိုးတို့ ဒွန်တွဲပြီးရှိတတ်သည်။

မျက်နှာတစ်ခုသည် အစိတ်အပိုင်းရာကျော် ပိုင်းခြားထားကာ အပိုင်းတစ်ခုချင်းစီက နှစ်တစ်နှစ်စီကိုကိုယ်စားပြုသည်။ သက်ဆိုင်ရာ အစိတ်အပိုင်းများ၏ အရောင်ကိုကြည့်ပါက ကံကောင်းခြင်းကိုဖျက်ပစ်နိုင်ပေသည်။

••••••

အခန်း ၁၀၅၉။ ပိုကြည့်လေလေ ကံဆိုးလာလေ

ယန်ခယ့်ပေါင်သည် အသက်နှစ်ဝန်းကျင်လောက်သာရှိလောက်၏။

အသက် ၁၅ နှစ် ၁၆နှစ်ဝန်းကျင်တွင် သူ၏ နဖူးသည် ပြီးပြည့်စုံစွာဖွဲ့စည်းပြီးလောက်ပြီဖြစ်သည်။ ယန်ခယ့်ပေါင်၏လက်ရှိအခြေနေအရ ရှဲ့ချောင်သည် အရန်ဦးချို၏တည်နေရာကို ကြည့်နေခဲ့၏။

အရန်ဦးချိုဟုခေါ်‌သောအရာသည် တကယ်တမ်းတွင် သူ့နဖူး၏ ဘေးနှစ်ဖက်ခြမ်းရှိ မဆိုစယောင် လွဲနေသောနေရာဖြစ်သည်။

ဆိုးလှပေသည်။

လွန်ခဲ့သည့်နှစ်နှစ်အတွင်း သူသည် များစွာကြုံတွေ့ခဲ့ရလောက်၏။ သူ၏ နလုံးသားသည် ကြီးမားစွာပြောင်းလဲသွားခဲ့သည်။ သူ့နှုတ်ခမ်း၏ အထက်နားတွင် အစိမ်းရောင် ချီရှိနေ၏။ ငရဲသို့သွားရမည့် လက္ခဏာရှိသည်။ အိပ်မက်ခန်းမ ရှိ ချီတို့သည် ပြန့်ကျဲနေသည်။ ပုံပန်းသဏ္ဍာန်က ခက်ထန်၏။ ကောင်းကင်ရှိ အဖြူရောင်ချီသည် ကံဆိုးခြင်း၏ အဓိကအကြောင်းရင်းဖြစ်သည်။ သူ့မိဘများသည် ငရဲသို့ပို့ခြင်းခံခဲ့ရသည်။

ရှဲ့ချောင်သည် သူ၏မျက်နှာအား ဖတ်ရှုပြီးသွားသည့်နောက် သူမလည်း အနည်းငယ်ထိတ်လန့်သွားရသည်။

ပထမတစ်ခါ ဖြတ်ခနဲကြည့်ရုံဖြင့် ဤလူသည် ထိုသို့မထင်ရ။ သေသေချာချာဂရုစိုက်ပြီးကြည့်ကြည့်မှသာ ကြည့်လေလေ… သူက ကံဆိုးလာလေပင်။

ငွေဆုံးရှုံးခြင်း၊ ဝမ်းနည်းပူဆွေးရခြင်း၊ နိမိတ်မကောင်းသော အိပ်မက်များနှင့် တရားစွဲဆိုမှုများ။ နှစ်နှစ်သုံးနှစ်ဟူသော အချိန်အတွင်း အရာအားလုံး သူ့ဆီမှာဖြစ်ပျက်ခဲ့သည်။

“သူပဲ”

ယခုအချိန်၌ ရှဲ့ချောင်သည် လုံးဝသေချာသွားခဲ့လေပြီ။

သူမက ခေါင်းညိတ်၍ ရှဲ့ဖင်းကန်းကို ပြောပြလိုက်သည်။

ရှဲ့ဖင်းကန်းသည် ထိုစကားအား ကြားသည်နှင့် ယန်ခယ့်ပေါင်အားပို၍ အေးစက်သောအကြည့်ဖြင့်

ကြည့်လိုက်လေသည်။ တစ်ဖက်လူ၏ လည်ပင်းထက်သို့ ဓားတင်ရန် ခြေတစ်လှမ်းအကွာသာလိုတော့သည်။။

“ပြောစမ်း၊ မင်းဘာလို့ ဖူဟန်ဝမ့်ကိုရေထဲတွန်းချလိုက်ရတာလဲ”

ရှဲ့ဖင်းကန်းက ခက်ထန်စွာမေးလိုက်၏။

သူထိုသို့မေးလိုက်သည်နှင့် ဖူနှင့်ဖန် မိသားစုတို့က ထိတ်လန့်စွာဖြင့် လှမ်းကြည့်လာကြကာ သူတို့၏မျက်နှာထက်၌ မယုံကြည်မှုများဖြင့် ပြည့်နေကြသည်။ ဖန်ကျောင်းသည် ပို၍ပင် ပြောစရာစကားပျောက်ဆုံးနေရှာ၏။

“ဘယ်-ဘယ်လိုလုပ်ပြီး ကျွန်မ ဝမ်းကွဲဖြစ်နိုင်မှာလဲ…”

ဖူဟန်ဝမ့်၏ ဖခင်ဖြစ်သူမှာ ကြီးစွာရန်စခံရလိုက်သည့်အလား။

“မဖြစ်နိုင်ဘူး… မဖြစ်နိုင်ဘူး၊ သူက ငါ့သူငယ်ချင်းကောင်းရဲ့သားတစ်ယောက်၊ ငါ့သူငယ်ချင်းဆုံးသွားပြီးနောက်ပိုင်း သူ့ကိုငါ့သားအရင်းတစ်ယောက်လို ဆက်ဆံပေးခဲ့တာ၊ သူက ဘယ်လိုလုပ်ပြီး ငါ့သားကိုသတ်မှာလဲ?!”

သူသည် တခြားသူများကို မေးနေခြင်းလား သူ့ကိုယ်သူမေးနေမိခြင်းလားမသိတော့ပေ။

ယန်ခယ့်ပေါင်၏မျက်နှာမှာ ဖြူဖျော့နေလျက်။

“ဆရာတို့ရဲ့ စကားကိုသက်သေပြနိုင်လို့လား”

ထိုသို့ပြောပြီးနောက် ရှဲ့ချောင်ကိုလှမ်းကြည့်လိုက်သည်။

“ဆရာမော့ ကျွန်တော်ဆရာ့ကို အကြီးတစ်ယောက်အနေနဲ့ လေးစားပါတယ်၊ ဒါပေမယ့် ဒီလိုမျိုးတော့ ပြောလို့မရဘူးလေ၊ ဒါက လူတစ်ယောက်ရဲ့အသက်၊ ဖူဟန်ဝမ့်နဲ့ ကျွန်တော်နဲ့က ညီအစ်ကိုတွေလိုပဲ၊ ကျွန်တော်က ဘာလို့ သူ့ကိုဒုက္ခပေးရမှာလဲ?!”

ယန်ခယ့်ပေါင်က မခံမရပ်နိုင်ဖြစ်စွာဖြင့် ဆိုလေသည်။

“မင်းရဲ့ မျက်နှာကိုလည်း ပြန်ကြည့်ဦး.. သခင်လေးယန်၊ မင်းက ဒီနှစ်နှစ်အတွင်းမှာ ဒုက္ခတွေအများကြီးခံခဲ့ရတယ်၊ အဲ့ဒါကြောင့်မလို့ မင်းက ခေါင်းမာပြီး အမှားလုပ်ခဲ့မိတာ”

ရှဲ့ချောင်က ပြောလိုက်သည်။

“ကျွန်တော့်မျက်နှာ…”

ယန်ခယ့်ပေါင် လှောင်ရယ်လိုက်၏။

“ဆရာ ကျွန်တော်တို့က လူတစ်ယောက်ရဲ့ မျက်နှာကိုကြည့်ပြီး အမှုတစ်ခုကိုဆုံးဖြတ်လို့ရလို့လား”

“ဘယ်ရမလဲ”

ရှဲ့ချောင် ဝန်ခံလိုက်သော်လည်း နောက်တစ်ခဏအတွင်း သူမ၏ မျက်လုံးသည် မီးတုတ်များအလား ယန်ခယ့်ပေါင်ကိုစူးစိုက်ကြည့်နေ၏။

သူမက စကားလုံးတစ်လုံးချင်းစီပြောပြသည်။

“သက်သေအနေနဲ့ သုံးလို့မရဘူးဆိုရင် ငါဘာပြောပြော အရေးမကြီးဘူးဟုတ်၊ ယန်သခင်လေးရဲ့ မိဘတွေက ရေကြောင်းနဲ့ဆက်စပ်တဲ့ စီးပွားရေးမျိုးလုပ်ခဲ့တာ ဟုတ်တယ်မလား”

“ဟုတ်တယ်..” သခင်ကြီးဖူက မတတ်သာဘဲခေါင်းညိတ်လိုက်သည်။

“သူ့အဖေနဲ့ကျုပ်နဲ့က စီးပွားရေးအတူတူလုပ်ခဲ့ကြတာ၊ ကျုပ်တို့က ရေကြောင်းကို အားကိုးပြီးလုပ်ရတာလေ၊ ဒါပေမယ့် လွန်ခဲ့တဲ့နှစ်နှစ်က ကျုပ်တို့တွေရေကြောင်းလမ်းမှာ စကားပြောနေကြတုန်း ရေဓားပြတွေက ဘယ်ကနေဘယ်လိုပေါ်လာမှန်မသိဘူး၊ ထိတ်လန့်တကြားဖြစ်နေကြတဲ့အချိန် သူ့အဖေက .. ရေထဲပြုတ်ကျပြီး ရေနစ်သွားတယ်..”

သခင်ကြီးဖူက ထိုသို့ပြောနေချိန် ယန်ခယ့်ပေါင်၏နှုတ်ခမ်းတို့ အနည်းငယ်စုဝိုင်းသွားသည်ကို ရှဲ့‌ချောင် တွေ့လိုက်ရသည်။

“ဆရာ.. ဒီကလေးရဲ့.. ဘဝကခက်ခဲပါတယ်၊ ပြောရရင် သူ့အမေရဲ့ ကျန်းမာရေးက ကောင်းတာမဟုတ်ဘူး၊ သူ့အဖေဆုံးသွားပြီးနောက်ပိုင်း သူ့အမေရဲ့ကျန်းမာရေးက ဆိုးလာပြီး မိသားစုကလည်း အကြွေးတွေပိလာတယ်၊ သူ့ခမျာ အကြွေးတွေဆပ်ဖို့အတွက် မိသားစုပိုင်ဆိုင်မှုတွေကို ရောင်းပစ်ခဲ့ရတယ်၊ ဒါပေမယ့် ဒီလိုမျိုး ပင်ပင်ပန်းပန်းနဲ့ဆိုတော့ လပိုင်းလောက်နေတော့ သူ့အမေဆုံးသွားပါလေရော”

သူဝမ်းနည်းပူဆွေးခဲ့ရသည့်အချိန်က နှစ်နှစ်နီးပါးရှိနေလေပြီ။ ယန်ခယ့်ပေါင်သည်ဤနေရာသို့ ရောက်လာခဲ့သော်လည်း သူသည် အ‌သောက်အစားမရှိ၊ ကာမလိုက်စားခြင်းမျိုးလည်းမရှိသည့်အတွက် ပြဿနာတစ်စုံတစ်ရာမရှိခဲ့ချေ။

သခင်ကြီးဖူက အတိတ်အကြောင်းပြောနေချိန်တွင် သူရဲ့မျက်နှာထက်၌ ဝမ်းနည်းသည့်အရိပ်အ‌ယောင်များပြလာခဲ့၏။

“ကျုပ်သားလေး… သေသွားရတာ မတရားဘူးဆိုပေမယ့်.. ဒီကလေးက ကျုပ်တို့မိသားစုနဲ့ဘာရန်ငြှိုးမှရှိတဲ့သူမဟုတ်ဘူး.. ဒီလိုလုပ်ရပ်မျိုး သူဘယ်တော့မှမလုပ်လောက်ဘူး..”

သခင်ကြီးဖူက စကားပြောနေစဉ် ငိုကြွေးမှုကြောင့် မေ့လဲတော့မည့်ဇနီးဖြစ်သူအား တွဲထားပေးရသည်။

ယန်ခယ့်ပေါင်သည်ထိုနေရာတွင်သာ ရပ်နေသည်။

“ခင်ဗျားက ကျုပ်မျက်နှာကို ကြည့်ရုံလေးပဲကြည့်တာ၊ အဲ့လောက်လေးနဲ့ အမှုကိုဖျက်ပစ်လို့ရမယ်ဆို ဒီလောကကြီးထဲမှာ တရားမျှတမှုရှိဦးမှာတဲ့လား”

ရှဲ့ချောင်သည် ထိုစကားကိုကြားပြီးနောက် တည်ငြိမ်နေဆဲပင်။

••••••

အခန်း ၁၀၆၀။ သနားစရာကောင်းတဲ့သမီးလေး

သူမသည် ယန်ခယ့်ပေါင်ကိုကြည့်၍

“ သခင်လေးယန် ရှင် ဆံထိုးကိုလွှတ်မပစ်လိုက်ဘူးမလား”

ယန်ခယ့်ပေါင်၏ မျက်နှာအမူအရာသည် ထိုစကားကိုကြားပြီးနောက် ပြောင်းလဲသွားသည်။

“သူ့ကိုရှာ!”

ရှဲ့ဖင်းကန်း အမိန့်ပေးလိုက်၏။

ယန်ခယ့်ပေါင်သည်စာသင်သားတစ်ယောက်ဖြစ်၏။

ထိုအရာရှိများကို သူ ဘယ်လိုများသည်းခံနိုင်မည်နည်း။

စက္ကန့်ပိုင်းလောက်အကြာ၌ သူ့အိတ်ထဲကနေ ဆံထိုးတစ်ချောင်း ယူထုတ်လိုက်ကြသည်။

ထိုအရာအားမြင်သည့်အခါ ဖန်ကျောင်းမှာ အနည်းငယ်အံ့ဩသွားသည်။

“ဝမ်းကွဲ၊ အဲ့ဒါ ကျွန်မဟာ…”

အစ်ကိုဟန်ဝမ့်သည် ထိုဆံထိုးကိုဝယ်ခဲ့ခြင်းဖြစ်၍ အံ့ဩစရာမဟုတ်။ သို့သော် အစ်ကိုဟန်ဝမ့်သည် ထိုဆံထိုးပေါ်၌ ပန်းရောင်ပုလဲတစ်လုံးချည်ပေးထား၏။ ၎င်းသည် မကြီးသော်လည်း သူမတကယ်သ‌ဘောကျသည့်တိုင် နှစ်ကြိမ်သာဝတ်ဆင်လိုက်ရပြီး ပျောက်သွားခဲ့သည်။

သူမသည် အစ်ကိုဟန်ဝမ့်ကိုလည်း မပြောရဲသဖြင့်…

“အမှတ်မထင် ကောက်တွေ့ထားတာ၊ ဝမ်းကွဲရဲ့ဟာမှန်း မသိဘူး”

ယန်ခယ့်ပေါင်၏မျက်နှာအမူအရာသည် အပြောင်းအလဲမရှိ။

ထိုသို့ဆိုရင်းနှင့် ဆံထိုးအား ဖန်ကျောင်းဆီကမ်းပေးလိုက်သည်။

ဖန်ကျောင်း၏ လက်တို့မှာ ဆံထိုးကိုကိုင်ရင်း တုန်လှုပ်လို့နေကာ အလွန်ဝမ်းနည်းနေရှာသည်။

ရှဲ့ချောင်သည် အိတ်ထဲမှ အဆောင်စာရွက်တစ်ရွက်ယူထုတ်၍ လေထဲသို့မြှောက်ကာ မန္တန်တချို့ရွတ်လိုက်ပြီး ရေကန်မျက်နှာပြင်ပေါ်သို့ တန်းပြီးလွှင့်ပစ်လိုက်၏။

တစ်အောင့်အကြာ၌ ဖူဟန်ဝမ့်၏ ဝိဉာဉ်သည် ရေကန်အောက်ခြေမှ အတင်းအကျပ်ဆွဲထုတ်ခံလိုက်ရကာ မလည်မဝယ်နှင့် ရှက်နေပုံရသည်။ ထို့အပြင် သူ့၏ ပထမဆုံးအကြိမ် မကောင်းဆိုးဝါးဝိဉာဉ်ဖြစ်ခြင်း ဖြစ်၍ အနည်းငယ်ပျာယာခတ်ကာ ဇဝေဇဝါဖြစ်နေဆဲ။

ရှဲ့ချောင်သည် သူ့အား ချုပ်နှောင်ထားခြင်းသာလုပ်ခဲ့ပြီး တန်းပြီး စကားမပြောခဲ့ပေ။

ထိုအစား သူမက ယန်ခယ့်ပေါင်ကိုမေးလိုက်၏။

“မင်းနဲ့ ဖန်မိသားစုရဲ့သခင်မလေးကြားမှာ ရင်းနှီးတဲ့ဆက်ဆံရေးမျိုးရှိခဲ့တယ်ဆို အမှန်ပဲလား”

ဖန်ကျောင်း၏ မျက်နှာသည်ထိုစကားကြောင့် ချက်ချင်းနီရဲသွားကာ ဒေါသတကြီးပြောလိုက်၏။

“အမှန်မဟုတ်ဘူး ဆရာမ! ဘာလို့ ဒီလို အဓိပ္ပာယ်မရှိတဲ့စကားတွေကို ပြောရတာလဲ”

ရှဲ့ချောင်သည် မတုန်မလှုပ်နေနေသော်လည်း ယန်ခယ့်ပေါင်အတွက်မူ ထိုစကားများကြောင့် သူ့နှလုံးသားထဲ ထိတ်ထိတ်ပျာပျာဖြစ်သွားရသည်။

ဒီစကားက ဖူဟန်ဝမ့်ကိုတွန်းချတဲ့အချိန်တုန်းက ပြောခဲ့တဲ့စကား။

မော့ချုရှန်းက ဘယ်လိုလုပ်ပြီးသိနေတာလဲ?

အဲဒီအချိန်တုန်းက … အနားမှာရှိနေပြီး မြင်သွားတာများလား?

မဖြစ်နိုင်ဘူး။

သူ ထိုအချိန်တုန်းက ဘေးဘယ်ညာကိုကြည့်ခဲ့သေးကာ အနီးနား၌ ဘယ်သူမှရှိမနေ။ ဖူဟန်ဝမ့်ရေထဲသို့ ကျသွားသောနေရာသည် စစချင်းရှိနေခဲ့ကြသော သစ်ပင်ထက်ပင် ပို၍ဝေးသေးသည်။ ဥယျာဉ်မှဆိုလျှင် မြင်နိုင်မည်မဟုတ်!

“ဆရာမ သခင်မလေးတစ်ယောက်ရဲ့ ဂုဏ်သတင်းကို ဘယ်လိုတောင် ဖျက်ဆီးနိုင်ရတာလဲ၊ ကျွန်‌တော်နဲ့ ဝမ်းကွဲနဲ့က ရိုးရိုးသားသားတွေပါ”

ယန်ခယ့်ပေါင်သည်တည်ငြိမ်နေဟန်ဆောင်၍ ဆိုလာလေသည်။

“မင်းတို့နှစ်ယောက်က တစ်‌ယောက်ကိုတစ်ယောက် သဘောကျနေတာကြတာလား၊ နောက်ပိုင်းကျ ဝမ်းနည်းပူဆွေးကာလပြီးသွားရင် လင်မယားတွေဖြစ်လာကြမှာလား”

ရှဲ့ချောင်က ဆက်ပြောလေသည်။

ဖန်ကျောင်းတစ်ယောက် ဒေါသထွက်ပြီး ငိုနေလေ၏။

တခြားသော ဖန်မိသားစုဝင်များသည်လည်း မျက်နှာမလှကြ။ ဖူမိသားစုကမူ အကြောင်းရင်းကိုမသိပေ။

“ဆရာ ဘာလို့အဲဒီလိုပြောရတာလဲ၊ အစ်ကိုဟန်ဝမ့်နဲ့ ကျ- ကျွန်မနဲ့က ချစ်သူတွေ! အစ်ကိုဟန်ဝမ့်က ကျွန်မကိုလက်ထက်မယ်လို့ ပြောထားပြီးသား… ကျွန်မတို့ရဲ့ မိဘတွေမင်္ဂလာပွဲကိုဆုံးဖြတ်ပေးမယ့်အချိန် နောက်နှစ်နွေဦးထိစောင့်ကြမယ်လို့ပါပြောထားကြတာ၊

ကျွန်မတို့က အိမ်နီးချင်းတွေ တစ်ယောက်နဲ့တစ်ယောက်လည်း ရင်းနှီးတယ်၊ ကျွန်မမိဘတွေက ခွင့်မပြုလို့ အိမ်မှာနှစ်နှစ်လောက်ထပ်ပြီး နေခိုင်းဦးမယ်‌ဆိုရင်တောင် ပြဿနာမရှိဘူး…”

မိသားစုနှစ်စုသည် ဆင်းရဲသည်ဟုသတ်မှတ်၍မရသော်လည်း မိသားစုကြီးဟူ၍လည်း သတ်မှတ်၍မရပြန်ပေ။ ကလေးများသည် တစ်ယောက်ကိုတစ်ယောက် လက်ထပ်ရန်ရည်ရွယ်ထားပြီးဖြစ်၍ တစ်ယောက်နှင့်တစ်ယောက် ချစ်ကျွမ်းဝင်ခြင်းပြဿနာမဟုတ်ပေ။

“ငါ့ရဲ့သနားစရာကောင်းတဲ့သမီးလေး”

ဖန်ကျောင်း၏ မိခင်က သူမအားလက်မောင်းထဲတွင်ဖက်လျက် ငိုကြွေးလေသည်။

သူတို့သည် ဖူမိသားစု၏ ကလေးအရွယ်ရောက်လာသည်ကိုကြည့်ခဲ့ရသည်။ သူတို့အတွက် မွေးစားသားတစ်ယောက်လိုပင်!

သူက ယခုလို ရုတ်တရက်ကြီးထွက်သွားရ၍…

နောက်နှစ်နှစ် သုံးနှစ်အတွက် သူမသမီးအား အခြားလူတစ်ယောက်နှင့် မည်သို့များလက်ထပ်ပေးနိုင်မည်နည်း။ သူတို့က သမီးဖြစ်သူအား တတ်နိုင်သမျှမြန်မြန်လက်ထပ်ပြီး ပျော်ရွှင်စေချင်လျှင်တောင် သူတို့သမီး၏ အကျင့်စရိုက်ကိုသိသည်။ အချိန်တိုအတွင်း သူတို့၏ အတိတ်ကသူငယ်ချင်းဆက်ဆံရေးကို ဘေးချိတ်ပစ်ဖို့ရာ ခက်ခဲပေမည်။

“အမေ.. သမီး ဝမ်းကွဲကိုလက်မထပ်ဘူး.. ဆရာမက မဟုတ်တာတွေလျှောက်ပြောနေတာ.. အဓိပ္ပာယ်မရှိတာတွေပြောနေတာ…” ဖန်ကျောင်းသည် အထိန်းအချုပ်မဲ့စွာငိုကြွေးနေ၏။

ရှဲ့ချောင်လည်း သူမလွန်သွားမှန်းသိသော်ငြား သူမ ရှင်းအောင်လုပ်ရမည့် အရာတချို့ရှိနေလေသည်။

ရှဲ့ချောင်သည် မလှမ်းမကမ်း၌ လွင့်မျောနေသော ဖူဟန်ဝမ့်ကိုကြည့်လိုက်ကာ သူအနည်းငယ်လှုပ်ရှားသွားကြောင်း မြင်လိုက်ရသည်။

သူ့မျက်နှာထက်၌ ဝမ်းနည်းမှု စိတ်မကောင်းဖြစ်မှုတို့ဖြင့် ပြည့်နေသည်။

“သခင်မလေးဖန်၊ သခင်လေးဖူရဲ့လက်က တစ်ခုခုဖြစ်နေတာမျိုးရှိလား”

ရှဲ့ချောင် မေးလိုက်လေသည်။

•••••••

All Chapters