← Chapters

အခန်း (၁၀၇၃-၁၀၇၆)

Vol. 55 Ch. 1073-1076

အခန်း (၁၀၇၃-၁၀၇၆)

Vol. 55 Ch. 1073-1076

အခန်း ၁၀၇၃။ ပစ္စည်းကောင်းများဖြင့်ပြည့်နေသော မြင်းလှည်း

ရှဲ့ရှီ၏ အကြည့်မှာ မလျှော့တမ်းဖြစ်နေပြီး ဒေါသထွက်နေခြင်းကြောင့် မုန့်ကျိဖန်၏မျက်နှာတစ်ခုလုံး လောင်မြိုက်သလို ဖြစ်လာရသည်။

“ဘယ်ကိုလာကြည့်နေတာလဲ၊ ဒီသခင်လေးက မင်းတို့လုံခြုံရေးအတွက် တွေးပေးရုံပဲ၊ ကျေးဇူးတင်စရာမလိုဘူး!”

မုန်ကျိဖန်သည် ခေါင်းကိုမော်ချီလျက် ခနဲ့တဲ့တဲ့ပြောလိုက်လေသည်။

ရှဲ့ချောင်ခမျာ အနည်းငယ်ကူကယ်ရာမဲ့သွားရသည်။

ဤသခင်လေးသည် အကြောင်းရင်းတချို့ကြောင့် စိတ်လွတ်နေလေပြီ။ သူသည် အင်မတန်ကလေးဆန်လွန်း၏။

ယခုအခါ သူကပြောလာပြီဖြစ်သဖြင့် အစောင့်များသည်လည်း ရွေးချယ်စရာမရှိသည့်အဆုံးစုံစမ်းစစ်ဆေးရတော့သည်။

သူတို့သည် မြို့တော်တံခါးတွင် စောင့်ကြပ်ကာ ဖြတ်သန်းသွားလာသည့် လူများနှင့် လှည်းများကို စစ်ဆေးကြရသည်။ ၎င်းက သူတို့လုပ်ရမည့်အလုပ်ပင်။

သခင်မလေးနှစ်ယောက်အား မစစ်မေးဘဲလွှတ်လိုက်ရခြင်းမှာ သူမတို့သည် ချမ်းသာသည့်အထက်တန်းလွှာများဖြစ်နေကြောင်းသိ၍ အပြစ်မပြုရဲခြင်းကြောင့်ပေ။ သို့သော်လည်း ယခုအချိန်တွင် မုန့်သခင်လေးက ထောက်ပြနေပြီဖြစ်သဖြင့် မျက်ကွယ်ပြုထား၍ မရတော့ချေ။

မုန့်ကျိဖန်၌ အခြား‌သော ကောင်လေးများပါလာ၏။

သူက အမြဲတမ်းထိုအတိုင်းပင်။ သူ့ဘေးနားမှာ လူများစွာရှိနေတတ်သည်။

“တောင်းပန်ပါတယ် မိန်းကလေးတို့၊ မြင်းလှည်းရဲ့လိုက်ကာစကို မ,ပေးလို့ရမလား၊ တစ်ချက်ကြည့်ရုံပဲ”

အစောင့်က အလွန်ယဉ်ကျေး‌ပေ၏

ရှဲ့ချောင်ခေါင်းညိတ်လိုက်သည်။

“ရတယ်လေ”

ရှဲ့ချောင်က အလွယ်တကူသဘောတူလိုက်၏။

မြို့တံခါးရှိ ကင်းလှည့်အ‌စောင့်တပ်သားများသည်လည်း စိတ်သက်သာရာရသဖြင့် သက်ပြင်းချလိုက်ကြသည်။

မုန့်ကျိဖန်၏ မျက်နှာထားမှာ မသက်မသာဖြစ်သွားသော်လည်း လွတ်ပေးရန်အစီအစဉ်မရှိဆဲ။

“ဒီလောက်အေးတဲ့နေ့မှာ ညီမကို ခေါ်ပြီးလျှောက်မသွားတာအကောင်းဆုံးပဲ၊ သိပ်မကြာခင်မှာ မင်းနဲ့ အိမ်ရှေ့စံမင်းသားရဲ့မင်္ဂလာပွဲကျင်းပတော့မှာ၊ အဲဒီအချိန်ထိ မနေနိုင်ဘူးဆိုရင် ကြင်ယာတော်မင်းသမီးနေရာကို အစားထိုးနေရလိမ့်မယ်”

ရှဲ့ချောင်သည် ထုံထုံထိုင်းထိုင်းဖြင့် ခေါင်းမော့လာကာသူ့အား အကြိမ်ရေအနည်းငယ်ခန့်ကြည့်လိုက်၏။

သူမက ထေ့ငေါ့၍ ပြုံးကာ

“သခင်လေးမုန့် ကိုယ့်ဟာကိုယ် ဂရုစိုက်ပါ၊ သခင်လေးကိုကြည့်ရတာ သိပ်မကောင်းသလိုပဲ၊ ကပ်ဆိုးကြီးတစ်ခုရောက်လာမှာတောင်စိုးတယ်”

မုန့်ကျိဖန်သည် ထိုစကားကိုကြားချိန်တွင် ဒေါသထွက်ခြင်းလည်းမရှိသလို အံ့ဩသွားခြင်းမျိုးလည်းမရှိ။

ရှဲ့ချောင်သည် တာအိုဘုရားကျောင်းမှလာသူဖြစ်ပြီး သူမ၏ စကားလုံးများက အမြဲတမ်းလိုလိုလျှို့ဝှက်ဆန်းကြယ်တတ်ကြောင်း တော်ဝင်ကျောင်းတော်ရှိလူတိုင်း အသိပင်။

“ကပ်ဆိုး၊ ရှဲ့သခင်မလေးက ဒီစကားကို အိမ်ရှေ့စံမင်းသားကျေနပ်အောင်ပြောပေးနေတာမလား၊ အိမ်ရှေ့စံမင်းသားမှာ တာအိုဆရာ ဆရာတူအစ်မတစ်ယောက်ရှိမှန်း ငါလည်းသိတယ်၊ သူ့ရဲ့ စုန်းအတတ်က တမူထူးခြားလွန်းတဲ့အပြင်ကို အိမ်ရှေ့စံမင်းသားကိုလည်း ဆွဲညှို့ထားလို့ သူက‌စဉ်းစားရခက်နေတာ၊ မင်း အိမ်ရှေ့စံမင်းသားနဲ့လက်ထပ်ပြီးသွားလို့ သူ့အကြိုက်အတိုင်းလိုက်နေပေးရင်တော့ သူမင်းကိုနည်းနည်းပါးပါး အဖက်လုပ်လောက်မှာပါ”

မုန့်ကျိဖန်ကထပ်ပြောလေသည်။

စကားဆုံးသည့်နောက် ရှဲ့ချောင်မျက်နှာထက်၌ တုံ့ပြန်မှုတစ်ခုခုကို မြင်ရရန်မျှော်လင့်နေမိ၏။

ဤရှဲ့ချောင်သည် ငတုံးတစ်ယောက်ဖြစ်မည်။

အိမ်ရှေ့စံမင်းသားသည် ထိုစုန်းမနှင့် ဆက်ဆံရေးတစ်ခုရှိနေမှန်း သိသိကြီးနှင့် သူ၏ထောက်ချောက်ထဲသို့ကျသွားသေးသည်။ နောင်တစ်ချိန် လက်ထပ်ပြီးသွားသည့်အခါ သူမသည် တစ်စက်ကလေးမှ

အချစ်ခံရမည်မဟုတ်သလို သူမ၏ခန္ဓာကိုယ်သည်လည်း ကောင်းမွန်လိမ့်မည်မဟုတ်။ အနည်းဆုံး နှစ်နှစ် သုံးနှစ်အတွင်း သေရလိမ့်မည်ပင်။

မုန့်ကျိဖန်တစ်ယောက် တစ်ခုခုဖြစ်နေသည်ဟု ရှဲ့ချောင်ခံစားမိနေ၏။

ယခင်ကလည်း မော့ချူရှန်း၏ သရုပ်မှန်သည် အိမ်ရှေ့စံမင်းသားနှင့်မရှင်းမရှင်းဖြစ်နေသည်ဟု ပြောကြသောလူများရှိသော်လည်း ယခုပိုကောင်းသွားလေပြီ။

မော့ချူရှန်းသည် အိမ်ရှေ့စံမင်းသား၏ ဆရာတူအစ်မမှန်း လူတိုင်းသိသည်။

သူရဲ့ဆရာတူအစ်မအပေါ် ရိုသေလေးစားပြီး ရည်ရည်မွန်မွန်ရှိတာက ဖြစ်သင့်တာပဲမဟုတ်လား။

ထိုသို့သော အတင်းအဖျင်းမျိုးအား ပြောမည့်လူမှာ များများစားစားရှိလိမ့်မည်မဟုတ်။

မုန့်ကျိဖန်ကသာ ထိုကဲ့သို့ပြောလိမ့်မည်။

သူသည် အိမ်ရှေ့စံမင်းသားနှင့် အမြဲတမ်းလိုလိုပြဿနာတစ်ခုရှိနေတတ်ရာ သူ့အား တမင်သက်သက်ပစ်မှတ်ထားတတ်သည်။ အိမ်ရှေ့စံမင်းသားအပေါ် အညစ်အကြေးအားလုံးစွန်းထင်းသွားစေရန် မျှော်လင့်နေသည့်လူမျိုးပင်။

မုန့်ကျိဖန် စကားပြောနေစဉ် လိုက်ကာစအား မ,တင်လိုက်၏။

ကင်းလှည့်အ‌စောင့်များမှာ ထိတ်လန့်ကုန်ကြသည်။

မုန့်ကျိဖန်သည် ထိုလူများ၏အမူအရာကိုမြင်ပြီးနောက် မြင်းလှည်းထဲ၌ အရှက်ရဖွယ်အရာတစ်ခုခုရှိနေမည်ဟု ထင်လိုက်၏။ သူ၏နှလုံးသားတင်းကျပ်သွားရကာ အမြန်လှမ်းကြည့်လိုက်သည်။

မြင်လိုက်သည့်အခါ မုန့်ကျိဖန်သည်လည်း ပြောစရာစကားပျောက်ဆုံးသွားရ၏။

မြင်းလှည်းသည် ရွှေနှင့် တန်ဖိုးကြီးပစ္စည်းများဖြင့် ပြည့်နေကြောင်းကိုသာ တွေ့လိုက်ရသည်။

ရွှေများအား ရှုပ်ပွစွာထပ်စီထားရာ အသုံးမဝင်သည့် အုတ်ခဲများအတိုင်းပင်…

ရတနာသေတ္တာ၏ အပိတ်သည်ပင် အရည်အသွေးကောင်းပြီး အတွင်းရှိ ရတနာများမပျက်စီးစေရန်အတွက် ရတနာသေတ္တာကိုလည်း ပျားဖယောင်းဖြင့် သုတ်လိမ်းထားသည်။ အနည်းငယ်ဟောင်းနွယ်နေသည့်တိုင် အမြင်အာရုံဖမ်းစားစရာဖြစ်နေဆဲပင်။

များပြားလွန်းသည့် ရွှေချောင်းများကြောင့် ဖြတ်သွားဖြတ်လာလူအားလုံး အံ့ဩလွန်းသဖြင့်ပြောစရာစကားပျောက်ဆုံးကုန်ကြ၏။

အရာရှိနှင့် အစောင့်စစ်သည်များရှိနေခြင်းကြောင့်သာမဟုတ်လျှင် သူတို့၏လက်များကိုဆန့်ပြီးဆွဲလုပြီးနေလောက်လေပြီ။

ဒီရွှေတွေနဲ့ဆို ငွေဒင်္ဂါးဘယ်လောက်တောင်လဲလို့ရမှာလဲ?!

•••••

အခန်း ၁၀၇၄။ မရှင်းလင်းသောအရင်းအမြစ်

အရာရှိများနှင့် အစောင့်များ၏ မျက်နှာသည်လည်း ရွှေချောင်းများကိုစူးစိုက်ကြည့်ရင်း တောင့်တင်းနေကြသည်။ သူတို့၏ မျက်လုံးများအားမခွာနိုင်ဖြစ်နေကြ၏။ သူတို့ပင်မဆိုထားနှင့် တာအိုဆရာမတစ်ယောက်ဖြစ်သော ရှဲ့ချောင်သည်ပင် ပထမဆုံးအကြိမ်တွေ့စဉ်က ဟန်ပျက်လုနီးနီးဖြစ်ခဲ့ရသည်။

“ချမ်းသာဖို့အတွက် အပြင်ထွက်သွားတာလား?!”

၎င်းက ဖြစ်နိုင်ဖွယ်မရှိကြောင်း မုန့်ကျိဖန်ခံစားလိုက်ရ၏။

ရှဲ့သခင်မလေးက ဒီလောက်များတဲ့ငွေတွေကို ဘယ်ကနေရလာတာလဲ?!

“ဟုတ်တယ်လေ ပြဿနာရှိလို့လား”

ရှဲ့ချောင်သည် လိပ်ပြာမလုံခြင်းမျိုး လုံးဝရှိမနေကာ ပွင့်ပွင့်လင်းလင်းပြန်ဖြေလိုက်၏။

မုန့်ကျိဖန်၏ မျက်နှာအမူအရာပျက်သွားသည်။

ယခုအချိန်၌ မည်သို့ခံစားရမှန်း သူကိုယ်တိုင်ပင်မသိခဲ့ပေ။

ရှဲ့မိသားစုမှ သခင်မလေး၊ အနာဂတ်ကြင်ယာတော်မင်းသမီးလောင်းသည် သူမ၏ညီမနှင့်အတူ နှင်းကျသောနေ့တွင် မြို့ပြင်ထွက်သွား၏။ အစေခံမိန်းကလေးတစ်ယောက်ကိုပင် ခေါ်ဆောင်လာခြင်းမရှိ။ သူမသည် မြင်းလှည်းအပြည့်ပိုက်ဆံရရန်ထွက်သွားခဲ့ပြီး ၎င်းက ပြဿနာမရှိဟု ထင်နေသေးသည်လော။

ငွေသည် မရိုးဖြောင့်သောအရင်းအမြစ်မှ ရောက်လာသည်ဟု ခံစားနေရဆဲ…

“ရှဲ့သခင်မလေး၊ ဒီစည်းစိမ်တွေက…”

မုန့်ကျိဖန်၏ စကားမဆုံးခင်ပင် ရှဲ့ချောင်ကမေးလိုက်လေသည်။

“မုန့်သခင်လေးတို့မိသားစုရဲ့ ပိုက်ဆံတွေကရော ဘယ်ကရောက်လာတာလဲ၊ မေးကြည့်လို့ရမလား”

မုန့်ကျိဖန်၏မျက်နှာနှာ စိမ်းပုပ်သွားလေသည်။

ဒါပေါ့ သူ မေးလို့မရပေ။

“လူတစ်ယောက်ရဲ့ စည်းစမ်ဥစ္စာတွေကို ထုတ်ပြလို့မသင့်ဘူး ဆိုတဲ့ဆိုရိုးအတိုင်းပဲ‌၊ ကျွန်မရဲ့ ရွှေတွေက အစကအန္တရာယ်ကင်းသေးတယ်၊ အခု‌ကျ သခင်လေးမုန့်က စစ်ဆေးဖို့ပဲမရမကပြောနေတော့ မြင်းလှည်းထဲမှာရှိတဲ့ဟာတွေကို လူတွေအများကြီးမြင်ကုန်ကြပြီ၊ ကျွန်မတို့မိသားစုအိမ်က မြို့တံခါးကနေဆို တော်တော်လေးလှမ်းသေးတယ်၊ ကျွန်မကိုလိုက်ပို့ပေးဖို့နဲ့ ကျွန်မရဲ့ စည်းစိမ်တွေလုံခြုံတာသေချာအောင် လူတိုင်းကိုဒုက္ခပေးရတော့မှာပဲ”

ရှဲ့ချောင်က ဖြည်းဖြည်းချင်းပြောလေသည်။

“ဘာလို့လဲ!”

မုန့်ကျိဖန်၏ အနောက်တွင်ရှိနေသော ကောင်လေများသည် မသိစိတ်ကနေ ငြင်းလိုက်ကြ၏။

မုန့်ကျိဖန်သည် သူမအား တားရန်အချိန်မရခဲ့။

“ကျွန်မတို့ညီအစ်မတွေ ဓားပြတိုက်ခံရရင် ရှင်ဘာဖြစ်သွားမလဲသိလား”

ရှဲ့ချောင်က ခပ်ဖျော့ဖျော့မေးလိုက်၏။

မုန့်ကျိဖန် နားလည်ပေသည်။

ရှဲ့ချောင်၏ စကားများကို နားဝင်မချိုလှသော်လည်း အနိုင်ကျင့်နေသည်ဟု သတ်မှတ်၍မရပေ။

သို့သော်လည်း ညီအစ်မနှစ်ယောက်သည် ငွေများစွာသယ်လောက်ပြီးနောက် ဓားပြတိုက်ခံရလျှင် သူတို့၏ အသက်လည်းခြိမ်းခြောက်ခံရမည်ပေ။ အိမ်ရှေ့စံမင်းသား၏ မင်္ဂလာပွဲမတိုင်ခင်တွင် သတို့သမီးက တစ်ခုခုဖြစ်သွားလိမ့်မည်။ မုန့်မိသားစုလည်း အမှုပတ်မှာ ကျိန်းသေပေါက်ပင်။

အခြားလူများသည်လည်း သေသေချာချာတွေးကြည့်ပြီးနောက် သဘောပေါက်သွားကြသည်။

သူတို့အားလုံး ကူကယ်ရာမဲ့သွားကြရပြီး အရှုံးကိုဝန်ခံလိုက်ရန်သာ တတ်နိုင်ပေသည်။

“ဒီလိုဆိုမှတော့ သခင်မလေးတို့ကိုအိမ်ပြန်လိုက်ပို့ပေးပါမယ်”

မုန့်ကျိဖန်သည် ရှဲ့ချောင်၏ဂုဏ်ယူနေသည့် ပုံစံကိုကြည့်ပြီး အနည်းငယ်စိတ်ဓာတ်ကျသွားရသည်။

ရှဲ့ချောင်သည် သူတွေးထားသည်ထက် အမြဲတမ်းလိုလိုပိုပြီး အင်အားကြီးတတ်၏။

သူမနှင့် ဆုံတိုင်း သူ၏သိက္ခာ‌ကို အခေါက်ပေါင်းမနည်း ဆုံးရှုံးရစမြဲပင်။

ထိုသို့သော သန်မာသည်ပင်ကိုယ်စရိုက်မျိုးနှင့်ဆိုလျှင် အိမ်ရှေ့စံမင်းသားနှင့်ဆုံသောအခါ ဘာများကောင်းမည်နည်း။

မုန့်ကျိဖန်တစ်ယောက် ခံစားချက်မကောင်းတော့ပေ။

ဤသခင်မလေးများ၏ မိသားစုအများစုသည်လည်း စတုတ္ထမင်းသားဘက်တွင်နေကြသူများဖြစ်၏။

အနာဂတ်ကြင်‌ယာတော်မင်းသမီးလောင်း ရှဲ့ချောင်၏ နောက်သို့ ကိုယ်ရံတော်များသဖွယ်လိုက်ပါနေရခြင်းအား ပျော်နေလျှင်ပင် ထူးဆန်းဦးမည်။

ရှဲ့ချောင်သည် အင်မတန်တည်ငြိမ်နေ၏။ မြို့တံခါးနှင့် မလှမ်းမကမ်း၌ မြင်းလှည်းငှားသောနေရာတစ်ခုရှိသည်။

သူမကမြင်းလှည်းတစ်စီးငှားလိုက်ပြီး မုန့်ကျိဖန်နှင့် အခြားသူများက မြင်းတစ်ကောင်စီရွေးချယ်ကာ သူမတို့၏ ဘယ်ညာတစ်ဖက်စီတွင်နေ၍

လိုက်ပါပို့ဆောင်ခဲ့ကြသည်။

ရှဲ့အိမ်တော်၏ ဝင်ပေါက်သို့ရောက်သောအခါ အစောင့်များသည် လူများစွာကိုမြင်လိုက်ရ၍ ပျာပျာသလဲဖြစ်သွားကြသည်။ သခင်မလေးများ မြင်းလှည်းပေါ်ကနေ ဆင်းလာသည်ကိုတွေ့သောအခါ ပို၍ပင် ထိတ်လန့်ကုန်ကြသည်။ သခင်မလေးများသည် လူဆိုးများဆီမှ ခြိမ်းခြောက်အကျပ်ကိုင်ခြင်းခံခဲ့ရသည်လားဟုပင် တွေးမိသွား၏…

ထိုအချိန် ရှဲ့ဖင်းကန်သည်လည်း မှုခင်းစီရင်ရေးဌာနမှပြန်ရောက်လာသည်။

ထိုမြင်ကွင်းကိုမြင်သည်နှင့် ချက်ချင်းဆိုသလိုဒေါသထွက်သွား၏။ သူက ခက်ထန်သည့်မျက်နှာထားဖြင့် ရောက်ချလာပြီးနောက် မုန့်ကျိဖန်နှင့်အပေါင်းအပါများအား အော်ငေါက်လေသည်။

“မင်းတို့အားလုံး ဒီမှာဘာလုပ်နေကြတာလဲ၊ ဘာလို့ငါ့ညီမတွေနောက်ကနေလိုက်လာတာလဲ!”

သူ၏ အသံသည် ပြင်းထန်ပြီးကျယ်လောင်ပေ၏။

သူဒေါသမထွက်လျှင်တောင် ကြောက်စရာကောင်းနေလေပြီ။ ယခုလို ဒေါသထွက်သည့်အခါ မီးတောက်နေသည့်မကောင်းဆိုးဝါးသဖွယ်ပင်။ တစ်ချက်စိုက်ကြည့်လိုက်ရုံဖြင့်ပင် သခင်လေးတချို့အား ခြောက်လှန့်သလို့ဖြစ်သွားရာ သူတို့၏ ခြေလှမ်းများမှာတောင့်တင်းသွားရပြီး ကြောက်လန့်မှုကြောင့် မေ့လဲလုနီးနီး။

မုန့်ကျိဖန်သည်ပင် ရှဲ့ဖင်းကန်းကဲ့သို့ ကြမ်းကြုတ်သောသားရဲမျိုးနှင့် ရင်ဆိုင်ရချိန်တွင်ကိုယ်နေဟန်ထားကို မထိန်းထားနိုင်ခဲ့ပေ။

•••••

အခန်း ၁၀၇၅။ ကြီးကြီးမားမားမဟုတ်

မြင်းများမှာ အနည်းငယ်ဂနာမငြိမ်ဖြစ်နေကြသည်။

ကံကောင်းစွာဖြင့် သခင်လေးများသည် သူတို့အားကောင်းကောင်းထိန်းချုပ်နည်းကိုသိသဖြင့် မြင်းများအား ခပ်မြန်မြန်ငြိမ်ဝပ်စေနိုင်ခဲ့သည်။

ရှဲ့သခင်မလေးက ရှင်းပြမည်ဟု သူတို့မျှော်လင့်ခဲ့၏။

သို့‌သော် သူမ မရှင်းပြခဲ့ပေ။

သူမက တည်ငြိမ်သောမျက်နှာထားဖြင့် ဒုတိယသခင်မလေးရှဲ့နှင့် မြင်းလှည်းမောင်းသမားတို့အား ဆိုလိုက်လေသည်။

“မြင်းလှည်းကို ငါ့ခြံဝန်းထဲတန်းသွားခိုင်းလိုက်၊ ပြီးရင် ချွင်းအာကိုပစ္စည်းတွေသိမ်းခိုင်းထား”

သူမ၏ အစ်ကိုကြီးရောက်နေပြီဖြစ်၍ သူမဆီကနေ ရွှေချောင်းများခိုးမသွားစေရန် ၎င်းတို့အား အရင်ဆုံးဖွက်ရလိမ့်မည်။

သူမသာ ခြံဝန်းထဲသို့ အရင်ဆုံးပြန်သယ်သွားပါက ရှဲ့ဖင်းကန်းသည် သူမ၏ ရှေ့တွင်လုပ်ရဲလိမ့်မည်မဟုတ်။ ပစ္စည်းများအား သူမ၏ကိုယ်ပိုင်သိုလှောင်ခန်းထဲတွင် သော့ခတ်၍သိမ်းထားရမည်။ ရှဲ့ဖင်းကန်းသည် မည်မျှကျိုးကြောင့်မသင့်သူဖြစ်နေစေဦးတော့ လုပ်လိမ့်မည်ဟုတ်။

သူမသည် ရှဲ့ရှီကဲ့သို့ အနိုင်ကျင့်ရလွယ်သူမဟုတ်ပေ။

ထို့အပြင် သူမသည် နောက်ပိုင်းတွင် မော့ချူရှန်း၏သရုပ်မှန်အားဖြင့် ပေါ်လာဦးမှာဖြစ်၏။ ဤပစ္စည်းများအား သူမနှင့် မော့ချုရှန်းစပ်တူပိုင်သည်ဟုသာ ပြောလိုက်ပါက ရှဲ့ဖင်းကန်း အလိုလိုနာခံလိမ့်မည်ပင်။

မည်သို့ပင်ဖြစ်စေ သူတို့သည် သွေးသားရင်းချာမောင်နှမများဖြစ်၏။

ဓားပြများ၏ အကျင့်စရိုက်ကို သူမ သိသည်။ သူ့ကိုမှ သတိမထားလျှင် အခြားမည်သူ့ကိုသတိထားရမည်နည်း။

ဆုံးဖြတ်ချက်တစ်ခုအား ယတိပြတ်ချပြီးသွားပြီဖြစ်၍ မြင်းလှည်းမောင်းသမားများက လှည်းအား

အထဲသို့မောင်းသွားခဲ့သည်။

ရှဲ့ဖင်းကန်းသည် ထိုအကြောင်းအား များများစားစားတွေးမနေခဲ့။ ဤညီမဖြစ်သူသည် ချွင်းအာနှင့်အတူတူ မကြာခဏဆိုသလို အပြင်ထွက်ပြီး ပစ္စည်းဝယ်လေ့ရှိ၏။ အခေါက်တိုင်းတွင် မြင်းလှည်းအပြည့်ပါလာတတ်စမြဲ။

ဥပမာပြရလျှင် ရာသီပေါ်အသီးများအား သစ်သီးဝိုင်လုပ်တတ်၏။ ပမာဏနည်းနေပါက လုံလောက်မည်မဟုတ်၍ အကြိမ်တိုင်း များစွာဝယ်လာတတ်သည်….

သူမ စကားမပြောသည်ကိုမြင်၍ မုန့်ကျိဖန်ကပင် သူ့ကိုယ်သူအားတင်းပြီး ပြောပြလိုက်ရ၏.

“ကျွန်တော်တို့က သခင်မလေးနှစ်ယောက်ရဲ့ အိမ်ပြန်လမ်းမှာ စောင့်ကြပ်လိုက်ပို့ပေးတာပါ… “

“အဓိပ္ပာယ်မရှိတာတွေ! ဧကရာဇ်ရဲ့ခြေတော်အောက်က နန်းမြို့တော်မှာ ငါ့ညီမကို မင်းတို့စောင့်ကြပ်ပေးစရာလိုမှာတဲ့လား! ပြောစမ်း! မင်းသူ့ကို ခြိမ်းခြောက်ခဲ့တာလား! အသက်ရှင်ရတာစိတ်ကုန်နေပြီထင်တယ်!”

ရှဲ့ဖင်းကန်း၏ မျက်လုံးများမှာ ဒေါသကြောင့် နီရဲနေလေသည်။

သူ‌ ဒေါသထောင်းခနဲထွက်လာချိန်တွင် နတ်ဘုရားများပင် သူ့အား တားဆီးနိုင်မည်မဟုတ်။ သူ တစ်စုံတစ်ယောက်အား တကယ်သတ်ပစ်ချင်နေသည်။

မုန့်ကျိဖန်သည်လည်း အနည်းငယ်ပျာပျာသလဲဖြစ်သွားပြီး

“ရှဲ့သခင်လေးရဲ့ညီမကိုသာ မေးကြည့်လိုက်ပါ၊ သူ့ရဲ့မြင်းလှည်းထဲ ပစ္စည်းတွေက ဈေးကြီးမှန်းတွေ့လိုက်လို့ တစ်ခုခုဖြစ်သွားမှာစိုးပြီး ဒီအထိလိုက်လာပေးခဲ့ရတာ!”

ဈေးကြီးတယ်တဲ့လား..

ရှဲ့ဖင်းကန်းက သရော်လေသည်

သူ့ညီမက ကပ်စေးနှဲကော်တရာ!

ပစ္စည်းဝယ်ရခြင်းအား သဘောကျသည်ဆိုလျှင်တောင်ဈေးကြီးသောပစ္စည်းများအား တစ်ပုံတစ်ပင်ကြီးဝယ်မည့်သူမဟုတ်!

ဘယ်သူ့ကိုလာပြီး အရူးလုပ်ချင်နေတာလဲ?!

“တကယ်ပြောတာ၊ ရှဲ့သခင်မလေးက မြို့ပြင်ကနေ ရွှေချောင်းတွေ အများကြီးသယ်လာတာ၊ လူတိုင်း မြင်သွားလို့ မလုံခြုံမှာစိတ်ပူလို့၊ အဲဒါကြောင့်မလို့ ကျွန်တော်တို့ လိုက်လာတာ…”

“သူရဲ့ အဆင့်အတန်းနဲ့ ကျွန်တော်တို့ဘာလုပ်ရဲမှာမလို့လဲ”

သခင်လေးတစ်စုမှာ မတရားသဖြင့် ခံနေရ၏။

ရှဲ့ချောင်၏ အစ်ကိုတစ်ယောက်တည်းနှင့်ပင် လူများစွာ ကြောက်ဒူးတုန်စေရန် လုံလောက်နေလေပြီ။

သူသည် ခက်ထန်လွန်းသဖြင့် သူ့အား ရန်မစရဲပေ။

ရှဲ့ဖင်းကန်းသည် အရာရှိတစ်ယောက်ဆိုသော်ငြား ဝရမ်းပြေးတစ်ယောက်နှင့် ပိုတူနေသည်။

ရှဲ့ဖင်းကန်းက သူတို့အားလုံး၏ ညည်းညူပြောဆိုခြင်းကိုကြားသည့်အခါ ရှဲ့ချောင်ဘက်လှည့်၍ မေးလိုက်၏။

“ဘာရွှေတွေလဲ”

“အို့ စည်းစိမ်ဥစ္စာလေးနည်းနည်းပါးပါးပါ၊ ဒီက အစ်ကိုလေးတွေက အရမ်းကိုကြင်နာနေကြလို့၊ ဘာမှ ကြီးကြီးမားမားမဟုတ်ဘူး”

ရှဲ့ချောင်လိမ်ပြောလေသည်။

သခင်လေးတစ်စုမှ စိတ်ပျက်ဟန်ဖြင့် မျက်လုံးမလှိမ့်ဘဲမနေနိုင်ကြချေ။

ကြီးကြီးမားမားမဟုတ်ဘူးပေ့ါ!

ထိုရွှေလှည်းကိုသာ ငွေနှင့်လဲလှယ်ပါက အနည်းစုံးငွေစနှစ်သောင်းရှိလောက်သည်မဟုတ်လော။

အထဲ၌ အခြားသောပစ္စည်းများစွာလည်း ပါလာသေးသည်။ သူတို့သည် လောကကြီးကိုမမြင်ဖူးကြသူများမဟုတ်။ ထို ရွှေ၊ ကျောက်စိမ်း၊ ပုလဲ၊ ကျောက်မျက်ရတနာများနှင့် ရွှေထည်ပစ္စည်းများသည် ငွေစ ငါးသောင်းထက်မနည်းတန်ကြေးရှိကြောင်း အတပ်ပြော‌နိုင်ပေသည်!

အဲဒါကို ကြီးကြီးမားမားမဟုတ်ဟု ပြောနေသေးသည်!

ရှဲ့ချောင်၏ မျက်နှာထက်၌ အပြစ်ကင်းသည့်အကြည့်မျိုးရှိ၏။ သူမအား ကြည့်ရသည့်မှာ ဒေါသထွက်စရာကောင်းလွန်းပေသည်။

“ရှဲ့သခင်မလေး သယ်လာတဲ့ဟာတွေက…”

သခင်လေးတစ်ယောက်က မနေနိုင်တော့ဘဲ ပြောရန်ပါးစပ်ဟလိုက်သော်လည်း မုန့်ကျိဖန်က စကားဖြတ်ပြောလိုက်သည်။

“ရှဲ့သခင်မလေးက မြို့ပြင်ကနေ ဒီအထိလာခဲ့ရတာ၊ ခရီးကပင်ပန်းမှာပဲ၊ ပစွည်းသယ်ရာတာ အသေးအမွှားကိစ္စလေးဆိုပေမဲ့ ရှဲ့သခင်မလေးက အိမ်ရှေ့စံမင်းသားရဲ့ ကြင်‌ယာတော်လောင်းလေ၊ အစေခံတစ်ယောက်မပါဘဲနဲ့ အပြင်ထွက်တာ မသင့်တော််ဘူး၊ ကျွန်တော်တို့လည်း ဘာမှလုပ်စရာမရှိတာနဲ့ သခင်မလေးနောက်ကနေ လိုက်ပေးပြီးစောင့်ကြပ်ပေးတာ…”

••••••

အခန်း ၁၀၇၆။ ပြန်ကြတော့

ဤသခင်လေးများ၌ ပြဿနာများစွာရှိနေသည်ဟု ရှဲ့ဖင်းကန်းတွေးနေမိ၏။

“မင်းတို့အားလုံး အသက်တွေကြီးနေပြီ ဘာကိစ္စ အပျော်အပါးထဲပါချင်နေကြတုန်း၊ ငါ့ညီမရဲ့ ကြင်ယာတော်မင်းသမီးတစ်‌ယောက်ရဲ့ ဩဇာတိက္ကမတွေကို သိချင်တယ်ဆိုလည်း မင်္ဂလာဆောင်တဲ့နေ့အထိ စောင့်ပေါ့၊ လူအုပ်ကြားထဲနေပြီး အဝေးကြီးကနေလှမ်းကြည့်လို့ရတာပဲ”

ရှဲ့ဖင်းကန်းက သရော်လေသည်။

ထို့နောက် သူ၏ညီမသည် ပိန်ပါးပြီးအားနည်းချည့်နဲ့စွာဖြင့် မွေးဖွား‌လာသည့်တိုင် လှပသူတစ်ယောက်ဖြစ်ကြောင်းတွေးမိပြီး ထိုအကြောင်းအားသိပ်ပြီးစဉ်းစားမနေတော့ပေ။

“ငါ့ညီမကကြည့်ကောင်းမှန်း သိပြီးသား၊ ဒါပေမဲ့ သူဘယ်လောက်လှလှ ငါ့ညီမဖြစ်နေတုန်းပဲ၊ သူက အိမ်ရှေ့စံမင်းသားရဲ့ဇနီးလောင်း၊ အဲဒါမင်းတို့နဲ့ ဘာဆိုင်လို့လဲ၊ မင်းတို့သူ့ကို လေးစားအားကျတယ်ဆိုလည်း အဝေးကနေပဲကြည့်ပေါ့၊ ဘာမှလုပ်စရာမရှိဘူးဆိုရင် ငါ့ညီမ အဆင်ပြေပြေနဲ့လက်ထပ်နိုင်အောင် နတ်ဘုရားနဲ့ ဗုဒ္ဓဘုရားဆီမှာ သွားဆုတောင်းပေးနေ၊ သုံးနှစ်အတွင်း ကလေးနှစ်ယောက်ရပြီး အသက်ရှည်ရှည်နေရဖို့ ဆုတောင်းပေး၊ ဒီလောက်ဆိုရပြီ!”

“ယောကျာ်းတစ်ယောက်ဖြစ်ပြီး ပွင့်ပွင့်လင်းလင်းရှိစမ်းပါ၊ ခိုးကြောင်ခိုးဝှက်အလုပ်တွေမလုပ်စမ်းနဲ့!”

ရှဲ့ဖင်းကန်းက ထပ်ပေါင်းပြောလေသည်။

အမြဲတမ်းလိုလို ပရမ်းပတာနေတတ်သော မုန့်ကျိဖန်သည်ပင် ရှဲ့ဖင်းကန်း၏ စကားလုံးများကြောင့် ရှက်သွားရသည်။

အခြားသူများအတွက်လည်း အလားတူပင်။ သူတို့သည် ရှဲ့ချောင်၏မျက်နှာကိုကြည့်၍ မတရားခံနေရကြောင်းပြောချင်နေကြသည့်တိုင် သူတို့၏ စကားလုံးများမှာ မှိန်ဖျော့နေသလို ခံစားနေကြရသည်။

မှန်ပေ၏!

ရှဲ့သခင်မလေး၏ ပုံပန်းသွင်ပြင်မျိုးနှင့်ဆိုလျှင် သူမကိုကြည့်လိုက်သည့်သူတိုင်းက သူတို့မှာ ယုတ်မာသည့်ရည်ရွယ်ချက်များရှိနေသည်ဟု ထင်ကြလိမ့်မည်။

ယခုလာခဲ့သည့် ခရီးလမ်းတွင်ပင် သူတို့အား သူမနောက်ကနေ လူယုတ်မာပုံစံများဖြင့် လိုက်လာသည်ဟု တွေးနေကြသည့်သူများ ရှိကောင်း‌ရှိနိုင်၏။

“ကျွန်တော်တို့.. မဟုတ်..” အနည်းစုမှာ ကူကယ်ရာမဲ့နေရှာ၏။

ရှဲ့ချောင်မှာ ကြည့်ကောင်းသည်ဆိုသော်လည်း သူတို့က အသက်ရှင်ရ‌ခြင်းအား ငြီးငွေ့နေသူများမဟုတ်။

အိမ်ရှေ့စံမင်းသား၏ မိန်းကလေးအား မည်သို့များသဘောကျနိုင်မည်နည်း!

“မလုပ်ဘူးပေါ့?” ရှဲ့ဖင်းကန်းသည် မနှစ်မြို့ဟန်ဖြင့်ဆိုကာ “ယောကျာ်းတစ်ယောက်က ပွင့်ပွင့်လင်းလင်းလုပ်ရတယ်ကွ၊ မင်းက အီရောအီရောနဲ့ ဟန်ဆောင်နဲ့တာ၊ ဆိုးလိုက်တဲ့ကောင်တွေ!အိမ်‌ရှေ့စံမင်းသားက ငါ့ညီမကို ချစ်တယ်ဆိုပေမဲ့ မင်းတို့ကိုလူမျိုးတွေကို သည်းခံနေမှာမဟုတ်ဘူး။ ပြီးတော့ ငါ့ညီမက အရမ်းလှတာ။ ဒီလောကကြီးထဲမှာ သူ့ကိုတမ်းတမ်းစွဲနေကြတဲ့သူတွေမှ အများကြီး။ မင်းတို့လောက်ကတော့ ဘာမှမဟုတ်ဘူး!”

ရှဲ့ချောင်၏ မျက်နှာမှာ နီရဲသွားခြင်းမရှိ။ သူမသည် မျက်နှာပြောင်ပြောင်နှင့် ခေါင်းပင်ညိတ်လိုက်သေးသည်။

“အမှန်ပဲ”

မုန့်ကျိဖန်သည် သူမျက်စိကန်းခဲ့သကဲ့သို့ ခံစာလိုက်ရသည်။

ရှဲ့ချောင်၏ အရှက်မဲ့ပုံမျိုးနှင့်ဆိုလျှင် အိမ်‌ရှေ့စံမင်းသား၏ အိမ်တော်၌ မည်သူမျှကောင်းကောင်းမွန်မွန်နေရမည်မဟုတ်ပေ!

ရှဲ့မိသားစု၏ ဤအကြီးဆုံးသားလည်းရှိနေသေးသည်။

အနှီလူက လူတိုင်းထက်ပိုပြီး အရှက်မဲ့သူပင်။

သူတို့ခမျာ ကူကယ်ရာမဲ့နေကြ၏။ နောက်ဆုံးတွင်မူ မကျေမနပ်ဖြင့်ပင် ပြောလိုက်ရသည်။

“ဟုတ်ကဲ့…နောက်ကျရင်..ကျွန်တော်တို့တွေ ရှဲ့သခင်မလေးနဲ့ ဝေးဝေးမှာနေပါ့မယ်”

ထိုသို့မှ မပြောလျှင် သူတို့ဘာတတ်နိုင်မည်နည်း။

ရှဲ့ဖင်းကန်းနှင့် တိုက်ခိုက်ရမည်လော။

သူတို့လွန်လွန်ကြူးကြူးဆိုခြင်းမဟုတ်။ သူတို့လိုလူ ဆယ်ယောက်ထပ်လာလျှင်တောင် ဤလူမိုက် ရှဲ့ဖင်းကန်းကို အနိုင်ယူနိုင်လိမ့်မည်မဟုတ်ချေ။

ရှဲ့ဖင်းကန်း၏ နောက်ခံအားအထင်သေးကြသည့်လူပေါင်းများစွာရှိသော်လည်း သူသည် စစ်မြေပြင်တွင်တိုက်ခိုက်သူတစ်ယောက်ဆိုသည်ကိုတော့ ဝန်ခံရလိမ့်မည်။ သူ၏ခွန်အားသည် နွားထီးတစ်ကောင်ပမာ သန်မာ၏။ တစ်ချက်ရိုက်ရုံဖြင့်ပင် သူတို့ကဲ့သို့သခင်လေးများကို အလဲထိုးနိုင်လိမ့်မည်ပေ!

မုန့်ကျိဖန်သည် သူ့ကိုယ်သူ ဘယ်တုန်းကမှ လျှော့တွက်ခဲ့သူမဟုတ်။ သို့သော်လည်း ရှဲ့ဖင်းကန်းနှင့်တိုက်ခိုက်ခြင်းက ရွေးချယ်မှုကောင်းတစ်ခုမဟုတ်မှန်းသိပေသည်။

အိမ်ရှေ့စံမင်းသား၏ မင်္ဂလာပွဲသည် မကြာခင်ရောက်ရှိတော့မည်ပင်။ ယခုလိုအချိန်မျိုး၌ ရှဲ့မိသားစုနှင့် ပတ်သက်မိ၍ မသင့်တော်ပေ။

သူတို့အားလုံး လိမ်လိမ်မာမာဖြင့် အရှုံးကိုဝန်ခံလိုက်ကြသည်. ထိုအခါမှသာ ရှဲ့ဖင်းကန်းက ခေါင်းညိတ်၍ “ကောင်းပြီလေ မင်တို့အားလုံးပြန်ကြတော့”

မုန့်ကျိဖန်တစ်ယောက် ဒေါသထွက်ထွက်ဖြင့် အံကြိတ်နေ၏။

သူသည် လောကကြီးထဲ၌နေလာသည်မှာကြာနေလေပြီ။ အိမ်ရှေ့စံမင်းသား၏ရေ့၌ အနည်းငယ် ဒုက္ခခံခဲ့ရသည်ကလွဲလျှင် သူ့အားစိတ်တိုအောင် လုပ်နိုင်သည့်သူတစ်ယောက်မှမရှိချေ။

သခင်လေးတစ်စုအား မုန့်ကျိဖန်ကဦးဆောင်လာခြင်းဖြစ်၏။ ဤအခိုက်အတန့်တွင် သူတို့အားလုံး သူ၏ အရိပ်အခြည်ကိုသာ ကြည့်နေကြသည်။

သူက နှာမှုတ်လျက် “သွားကြမယ်!”

ထို့သို့ပြောပြီးနောက် တခြားသူများက မြင်းများကိုလှည့်ကာ စိတ်မကောင်းစွာဖြင့် ထွက်ခွာခဲ့ကြလေသည်။

“အထက်တန်းလွှာသခင်လေးတစ်စု”

ရှဲ့ဖင်းကန်းသည် အနည်းငယ်မနာလိုဖြစ်နေမိ၏? “အရမ်းနူးညံ့ကြတာပဲ။ ငါသာ ခြင်္သေ့ဆိုလိုကတော့ အရှင်လက်လက်ဝါးစာပစ်ချင်မှာ”

ရှဲ့ချောင်သည် သူမ၏နှုတ်ခမ်းများကိုစုဝိုင်းလိုက်သည်။

ထို့သို့သော ရက်စက်သည့်အကြောင်းအရာမျိုးကို သူမ၏ အစ်ကိုကြီးနှင့် မပြောချင်‌ပေ။

ထို့အစား သူမက “အဲဒီ မုန့်သခင်လေးကတော့ နောက်ပိုင်းကံဆိုးရတော့မှာ”

•••••

All Chapters