← Chapters

အခန်း (၁၀၇၇-၁၀၈၀)

Vol. 55 Ch. 1077-1080

အခန်း (၁၀၇၇-၁၀၈၀)

Vol. 55 Ch. 1077-1080

အခန်း ၁၀၇၇။ ကြိုးစားပမ်းစားရှာ၍ရထားသော လုပ်အားခ

ရှဲ့ဖင်းကန်းသည် လုံးဝဂရုစိုက်ခြင်းမရှိ။ ဤမျိုးရိုးမြင့်သခင်လေး ကံဆိုးခြင်းမဆိုးခြင်းက သူနှင့် လားလားမျှမသက်ဆိုင်ပေ။

ထို့အပြင် သူတို့မိသားစုနှင့် မုန့်မိသားစုသည် ဆက်ဆံရေးမကောင်းမှန်း မှတ်မိ၏။ လုသခင်မရှိစဉ်က သူတို့သည် မုန့်မိသားစုသို့ လက်ဆောင်ပစ္စည်းများပို့ခဲ့သေးသည်။ နောက်တော့ ရွှေရောင်လင်းတကြီးကို ပြန်ပို့လာလေသည်။

သူသာ မုန့်မိသားစု၏ မိသားစုဝင်တစ်ယောက်ဆိုပါက သူရရှိခဲ့သော ရွှေရောင်လင်းတကြီးပျောက်ဆုံးသွားလျှင် အင်မတန်စိတ်မချမ်းမသာဖြစ်ရလိမ့်မည်ပင်။

ရှဲ့ချောင်သည် မု့န်ကျိဖန်အား ကရုဏာသက်နေခြင်းမဟုတ်..

သူမခံစားရသည်က…

ထိုမုန့်မိသားစုသည် ချမ်းသာပြီး မျိုးရိုးမြင့်၏။

မုန့်ကျိဖန်သည် လူဆိုးတစ်ယောက်မဟုတ်သော်ငြား အနည်းငယ်ချို့ယွင်းနေသည်။

တကယ်တမ်းတွင် သူသည် အသက်မငယ်တော့။ စေ့စပ်ကြောင်းလှမ်းသည့် သတင်းများအကြိမ်ပေါင်းများစွာထွက်လာခဲ့သော်လည်း စေ့စပ်ပွဲများက ပျက်သွားရသည်ချည်းသာ။

တစ်စုံတစ်ဦးကမှ အကြောင်းရင်းကိုမသိကြပေ။

သခင်လေးများ ပြန်သွားသည်နှင့် ဝင်ပေါက်၌ ချက်ချင်းဆိုသလို တိတ်ဆိတ်ငြိမ်သက်သွားလေသည်။

“သူတို့ပြောတဲ့ ရွှေတွေငွေတွေဆိုတာ ဘာလဲ၊ ငါ့ကို အရူးလာမလုပ်နဲ့၊ ငါ့ကိုငတုံးတစ်ယောက်လို့များ တကယ်ကြီးထင်နေတာလား”

ရှဲ့ဖင်းကန်းက ပြောလေသည်။

ရှဲ့ချောင်၏ မျက်နှာမှာတောင့်တင်းသွားသည်။

“ဒါဆို အစ်ကိုကြီးက မတုံးဘူးပေါ့”

ရှဲ့ချောင်က တခစ်ခစ်ရယ်လေ၏။

ရှဲ့ဖင်းကန်းက သူမအား မျက်လုံးလှိမ့်ပြလိုက်သည်။

“ငါက မင်းရဲ့အစ်ကိုကြီး၊ ငါ့ဦးနှောက်က မင်းထက် နှစ်နည်းနည်းလောက်စောပြီး ကြီးလာတာ၊ မင်းရဲ့ ဒီလိုလှည့်ကွက်သေးသေးလေးလောက်နဲ့ ငါ့ကိုဖုံးကွယ်နိုင်မှာတဲ့လား၊ ဟိုသခင်လေးတွေရဲ့ မျက်နှာကို ငါမြင်ပ၊ သူတို့ရှေ့မှာ မင်းကိုမပြောချင်လို့သာ!”

ရှဲ့ချောင်က သူ့အား ကူကယ်ရာမဲ့စွာဖြင့် ကြည့်လိုက်ရင်း ရိုးရိုးသားသားပြောပြလိုက်သည်။

“ဆရာမမော့က ဟိုတစ်လောတုန်းက မကောင်းဆိုးဝါးဝိဉာဉ်တချို့ကို ကူညီပေးထားတာ၊ သူ့ကိုကျေးဇူးပြန်ဆပ်ဖို့ဆိုပြီး မကောင်းဆိုးဝါးဝိဉာဉ်တွေက ရတနာသေတ္တာတစ်လုံးကို ပေးလာတယ်၊ ဒါပေမဲ့ သူအခုတလော မအားတာနဲ့ ညီမလေးကို သွားယူခိုင်းခဲ့တာ”

“ရတနာသေတ္တာ၊ ဘယ်လောက်တောင်မှလဲ”

ရှဲ့ဖင်းကန်း မေးလိုက်၏။

“အများကြီးပဲ၊ ဒါပေမဲ့ အစ်ကိုကြီးက ဆရာမမော့ရဲ့ငွေတွေကို ခိုးရဲလို့လား”

ရှဲ့ချောင် ပြုံးလိုက်သည်။

တခြားအထောက်အထား ရှိခြင်းရဲ့ အကျိုးအမြတ်ပဲ!

“ငါက လောဘကြီးတဲ့သူမလို့လား၊ ဒီအတိုင်းသိချင်ရုံပဲ”

ရှဲ့ဖင်းကန်းက မျက်နှာပြောင်ပြောင်ဖြင့် ဆက်ပြော၏။

“မင်းကို ဆရာမမော့ကို ရတနာသေတ္တာသယ်ခိုင်းတယ်ဆိုတော့ ဝေစုတစ်စုတော့ပေးမှာပဲလေ ဟုတ်တယ်မလား၊ ပြီးတော့ မင်းက ရှဲ့ရှီကိုလည်းခေါ်သွားသေးတယ်၊ ဒီတော့ သူမင်းကိုပေးတဲ့ ဝေစုကနည်းမယ့်ပုံတော့မပေါ်ဘူး၊ ညီမလေး မြင်တဲ့သူတိုင်း ဝေစုရသင့်တယ်၊ အခုက နှစ်သစ်ကူးကာလ ရာသီဥတုကလည်း အရမ်းအေးနေတာ၊ အစ်ကိုကြီးမှာ လေကာနိုင်တဲ့ သားရေကောင်းကောင်းမရှိဘူးဟ!”

“ဝေစုတော့ ရပါတယ်၊ အများကြီးမဟုတ်ဘုး”

သူ၏ ပါးစပ်အားပိတ်ဖို့လိုသည်ကို ရှဲ့ချောင်သိသည်။

ရွှေများစွာရှိ‌သဖြင့် နည်းနည်းယူထုတ်ပြီး မျှဝေပေးလို့ရ၏။

ရှဲ့ဖင်းဟွိုက်ကမူ ချွင်းချက်ပေ။

သူ့ကို မကူညီဖို့ဘယ်သူပြောလို့လဲ။

ဆရာမမော့၏ ရတနာသေတ္တာ၌ ငွေစ တစ်ထောက်လောက်ရှိမည်ဟု ရှဲ့ဖင်းကန်းထင်နေ၏။

၎င်းက လုံခြုံရေးအစောင့်များအတွက် ရတနာသေတ္တာထဲ ထည့်နိုင်သည့် အများဆုံးပမာဏပင်။

ရှဲ့ချောင်ကိုပေးသည့် ဝေစုသည်လည်း ကျိန်းသေပေါက် များလိမ့်မည်မဟုတ်။ ငွေစ နှစ်ရာလောက်သာ ရှိနိုင်၏။

သူနှင့် ရှီအာကို ခွဲဝေပေးမည်ဆိုပါက တစ်ယောက်လျှင် ငွေစ ၅၀ ခန့် ရနိုင်လောက်သည်။

၎င်းသည် မများလှ။ လောင်းကြေးတစ်ခုစာလောက်သာ ရှိ၏။

သူသည် ပိုက်ဆံရရန်အတွက် အလျင်မလိုနေခဲ့။ အဝတ်အစားလဲရန်အတွက် ကိုယ်ပိုင်ခြံဝန်း‌ဆီပြန်သွားခဲ့ကာ ရှဲ့ချောင်သည်လည်း သူမခြံဝန်းသို့ ပြန်သွားလေသည်။ ချွင်းအာနှင့် အထိန်းတော်ဝမ်တို့နှစ်ယောက်စလုံး မြင်းလှည်းထဲမှ ရွှေများအား သိုလှောင်ခန်းထဲသို့ ရွှေ့ရန်ကူညီခဲ့ကြသည်။

သူတို့ မြန်မြန်ဆန်ဆန်ရွှေ့ခဲ့ကြ၏။ မှောင်ပင်မှောင်နေလေပြီ။ မီးအိမ်များအား ထွန်းညှိပြီးသွားသည့်နောက် ပစ္စည်းရွှေ့ခြင်းပြီးသွားခဲ့သည်။

ရှဲ့ချောင်သည် သေတ္တာငယ်လေးများကို ရှာ၍ ရောက်လာ၏။

ရှဲ့ရှီအတွက် သေတ္တာထဲ၌ ရွေစ ငါးဆယ်ကိုထည့်ထားသည်။

“ဒါက နှစ်သစ်ကူးမုန့်ဖိုး၊ ငါနဲ့အတူတူ ရတနာတူးဖို့လိုက်ခဲ့ပေးလို့ လုပ်အားခဆိုလည်းဟုတ်တယ်၊ ပိုက်ဆံကိုမဖွက်ထားနဲ့၊ ရာသီဥတုသာယာသွားရင် ဈေးထဲမှာ စည်ကားလောက်တယ်၊

ဒီပိုက်ဆံတွေယူသွားပြီး အကုန်သုံးပစ်၊ လိုအပ်တာတွေ အကုန်ဝယ်လိုက်”

သူမသည် အသက်ငယ်သေးသဖြင့် အိမ်ထဲတွင်သာတစ်ချိန်လုံးနေပြီး စာရင်းတွက်မနေသင့်ပေ။

ဈေးဝယ်ထွက်ပြီး သူမကိုယ်သူမ ပျော်ရွှင်‌စေရန် အဝတ်အစားများနှင့် လက်ဝတ်ရတနာများကို ဝယ်ယူသင့်သည်။

“အများကြီးပဲ…”

ရှဲ့ရှီမှာ ရှက်နေလေသည်။

သွားသည့်လမ်း၌ အင်မတန်ဝေးလွန်းသည့် မြို့ပြင်သို့ထွက်လာရသည်ဆိုပြီးတောင် ညည်းညူခဲ့မိသေး၏!

ထိုသို့ဆိုမှ သူမသည် များများစားစားမလုပ်ရခဲ့‌ေပ။ အကြိမ်နည်းနည်းလောက် ကူပြီးတူးခဲ့ပေးရုံသာ။ သူမ မရှိလျှင်တောင် သူမ၏မမကြီးသည် ရတနာသေတ္တာတူးရန် အခြားသူများကို ရှာလို့ရနေဆဲ။ သူမသည် ကျောင်းတော်၌လည်း တောက်တိုမယ်ရကောင်မလေးတစ်ယောက်ဖြစ်၏။ တစ်ခါလုပ်လျှင် ငွေစ သို့မဟုတ် ကြေးဒင်္ဂါးအနည်းငယ် ရတတ်ပေသည်။

သူမ၏ မမကြီးကမူ ရွေစငါးဆယ်ကို ပေးခဲ့လေ၏။

••••

အခန်း ၁၀၇၈။ ရွှေလိုချင်လွန်း၍ ရူးသွား

စစ်စင် ရှဲ့ချောင်သည် ရှဲ့ရှီအား ပို၍ပင်ပေးချင်သေးသည်။

သို့သော်လည်း ရှဲ့ရှီမှာ ငယ်သေးသည့်အပြင် ငွေသည် ရှဲ့မိသားစု၏ အများသုံးငွေစာရင်းထဲတွင်မရှိ၍ သူမအတွက်သာ သိမ်းထားလိုက်သည်။ မိသားစုထဲမှ အသုံးအဖြုန်းကြီးသော ယောကျာ်းသုံး‌ယောက် ထိုငွေအားလုံးကို ချေးမည်မှာ သိပ်မကြာလောက်ပေ။

ထိုကြောင့် သူမအား မုန့်ဖိုးတချို့လောက်သာ ပေးရန်လိုပေသည်။

ပိုင်လိမိသားစု၏ နောက်ဆုံးဆန္ဒများကို ဖြည့်ပေးရန်၊ နံ့သာတိုင်များ ဝယ်ရန်နှင့် သူတို့၏ နာမည်ဖြင့် ကောင်းမှုလုပ်ပေးရန်အတွက် ရွှေတစ်ဝက်လောက်ကို ထုတ်သုံးရမည်ဖြစ်သည်။ အခြားတစ်ဝက်ကို ခွဲ၍ ကြမ္မာဥယျာဉ်တွင် နေ့စဉ်အသုံးစရိတ်ကိုထိန်းသိမ်းရန်အတွက် ထားထားရမည်။

ကျန်သော လေးပုံတစ်ပုံသည် သူမ စိတ်ကြိုက်‌လွတ်လွတ်လပ်လပ်ခွဲဝေလို့ရသည့် ဝေစုဖြစ်၏။ အချိန်ကျသည့်အခါ နောက်ထပ်နှစ်ပုံခွဲ၍ သူမ၏ မောင်နှမအငယ်များအတွက် သိမ်းဆည်းထားရမည်။

သူမ၏ အစ်ကိုကြီးသည် အရွယ်အားဖြင့်မငယ်တော့ဘဲ အိမ်ထောင်ပြုသင့်နေပြီဖြစ်သော်လည်း အရွယ်လွန်နေပြီဖြစ်သည်။ စည်းစိမ်ဥစ္စာများကို စုဆောင်းသိမ်းဆိမ်းခြင်းက သူ့အပေါ်တွင်သာမူတည်သည်။ သူ၏ မောင်ငယ်အတွက်မူ အားပေးတိုက်တွန်းခြင်းသာ ပြုနိုင်ကာ စုဆောင်းရန်မကူညီပေးနိုင်ပေ။

ထိုအချိန် ရှဲ့ရှီက ပျော်ရွှင်စွာဖြင့် သဘောတူလိုက်သည်။

“နင့်ရဲ့ဒုတိယအစ်ကိုရှေ့မှာ ပတ်လျှောက်ပြပြီး သူမလိုက်လာတဲ့အတွက် နောင်တရအောင်လုပ်ပေးလိုက်”

ရှဲ့ချောင်သည် သူမအား သတိပေးရန်မမေ့ခဲ့ချေ။

ရှဲ့ရှီက ပျော်ရွှင်စွာဖြင့် ခေါင်းညိတ်လေသည်။

သူမထွက်သွားပြီးနောက် ရှဲချောင်သည် ငွေများအား ခွဲရန်သွားခဲ့သည်။

အခန်းထဲ၌ သေတ္တာနှစ်လုံးရှိသည်။ ၎င်းတို့မှာ ရှဲ့ဖင်းဟွိုက်နှင့် ရှဲ့ရှီတို့အတွက် ရှဲ့ချောင်သိမ်းထားပေးသော ပိုင်ဆိုင်မှုများပင်။ ပထမတစ်ကြိမ်တွင် သေတ္တာတစ်လုံးစီထဲသို့ ငွေစ ၂၀၀၀ စီထည့်လိုက်သည်။ နောက်ပိုင်း၌ သေတ္တာတစ်လုံးချင်းတွင် ငွေနည်းနည်းစီထပ်ဖြည့်ခဲ့၏။ ယခုအခါ သေတ္တာတစ်လုံးလျှင် ငွေစ ၃၀၀၀ နီးပါးစီထည့်ပြီးနေလေပြီ။

ထိုသေတ္တာထဲ၌ ရွှေများကိုထည့်ရန်ခက်ခဲသည့်အတွက် ရှဲ့ချောင်သည် သူမ၏ကိုယ်ပိုင်ဘဏ္ဍာတိုက်ထဲ၌ ရွှေနှင့် ငွေစက္ကူများကို လဲလှယ်လိုက်သည်။

ယခုလို အသက်ငယ်ရွယ်စဉ်၌ ထိုသို့သော ပိုင်ဆိုင်မှုမျိုးရှိထားသည်က မဆိုးလှပေ။

သူတို့သည် အသက် ၁၄နှစ်ဝန်းကျင်လောက်သာရှိသေးသည်။ လက်ထပ်ရန်အတွက် မြန်လျှင် နှစ်နှစ်သုံးနှစ် ကြာလျှင် သုံးနှစ်မှ ငါးနှစ်လောက် အချိန်ယူရလိမ့်ဦးမည်။

ရှဲ့မိသားစုထဲ၌ မီးရောင်များ ထိန်ထိန်လင်းနေသည်။

ရှဲ့ရှီသည် သေတ္တာငယ်တစ်လုံးကိုသယ်၍ ရှဲ့ဖင်းဟွိုက်ဆီသို့ သွား၏။

သူမ၏ အဝတ်အစားများမှာ ညစ်ပတ်နေဆဲ။ ရှဲ့ဖင်းဟွိုက်မြင်သောအခါ သူ့စိတ်ထဲ၌ ရွံရှာမိသွားသည်။

ရှဲ့ရှီက သေတ္တာကိုဖွင့်လိုက်၏။

ရှဲ့ဖင်းဟွိုက်၏ မျက်လုံးတို့ ချက်ချင်းဆိုသလို ပြူးကျယ်သွားလေသည်။

“ဘယ်တုန်းက ဒါတွေရလာတာလဲ! ရွှေတွေအများကြီး!”

ရှဲ့ဖင်းဟွိုက်သည် ထခုန်မိကာ ၎င်းတို့အားယူသွားချင်နေလေသည်။

ကံကောင်းစွာဖြင့် ရှဲ့ရှီက သေတ္တာငယ်အား တင်းကျပ်စွာပိုက်ထားနိုင်၏။

“မမကြီးပေးတာ”

“ဘာလို့လဲ၊ ငါ့ဟာကရော ဘယ်မှာလဲ၊ ငါ့အတွက်ပါလား”

ရှဲ့ဖင်းဟွိုက်၏ မျက်လုံးများမှာ ပို၍ပြူးကျယ်လာကာ သူ့မျက်နှာထက်၌ မျှော်လင့်စောင့်စားမှုများဖြင့် ပြည့်နေလေသည်။

သူသည် အင်မတန်မွဲတေလွန်း၏။

သူလည်း ရွှေချောင်းလို‌ချင်ပေသည်။

“မပါဘူး”

“ဘာလို့လဲ၊ ငါကရော သူ့မောင်မဟုတ်ဘူးလား?!”

ရှဲ့ဖင်းဟွိုက်မှာ မယုံကြည်နိုင်ပေ။

“ငါမယုံဘူး၊ နင့်ထဲကတစ်ဝက်က ငါ့ဟာနေမှာ”

ရှဲ့ဖင်းဟွိုက်က အော်လိုက်ပြန်သည်။

“ဒီ-ဒီဟာက မမကြီးက ငါ့ကိုဆုချ‌ထားတာ၊ ငါတို့တွေမြို့ပြင်အတူတူသွားပြီး ရွှေတူးကြတယ်၊ နင်မသွားဘူးဆို နင့်အတွက်ဝေစုမပါဘူး၊ မမကြီးက ပြောလိုက်တယ် နင်ကသူ့စကားကိုနားမထောင်လို့ မပေးနိုင်ဘူးတဲ့”

သူမက အတည်ပေါက်ပြောလေသည်။

ရှဲ့ဖင်းဟွိုက်တစ်ယောက် ခံပြင်းနေ၏။

“သူက ရွှေ သွားတူးမယ်လို့မှမပြောတာ၊ သူသာ ပြောလို့ကတော့ တောင်တွေမြစ်တွေဖြတ်ရမယ်ဆိုရင်တောင် ငါသွားမှာ!”

သူအော်ပြီးသွားကာမှ ဆရာတူ‌ဒေါ်လေးမော့က သူ့အားခံစားချက်များထုတ်မပြမိရန်မှာထားသည်ကို သတိရသွားသည်….

ချက်ချင်းဆိုသလိုပင် သူ၏မျက်နှာအမူအရာသည် ငိုနေသည်လား ပြုံးနေသည်လားမသိဖြစ်သွားသော်လည်း အမူအရာမဲ့သည့်ပုံဟန်ဆောင်ရန် အကောင်းဆုံးကြိုးစားနေရှာ၏။

အင်မတန် ထူးဆန်းလှပေသည်။

ထိုအခြင်းအရာအား ရှဲ့ရှီမြင်သောအခါ သူမလန့်ဖျပ်သွားပြီး ထွက်ပြေးသွား‌လေသည်။

သူမ၏ ဒုတိယအစ်ကိုသည် ရွှေချောင်းအား လိုချင်တပ်မက်စိတ်ဖြစ်လွန်းပြီး စိတ်‌ဖောက်သွားလေပြီ။

သူမသည် ခပ်မြန်မြန်ပြေးသွားပြီး ပင်မခြံဝန်းဆီသွားခဲ့၏။

ရှဲ့နျိုရှန်းနှင့် ရှဲ့ဖင်းကန်းတို့သည် အတူတူထိုင်၍ သေရည်သောက်နေကြသည်။ သူမအား မြင်သောအခါ သူတို့လည်း အနည်းငယ်ပဟေဠိဖြစ်သွားရသည်။ ပြန်ကြည့်လိုက်ချိန်တွင် ရှဲ့ဖင်းဟွိုက်က သူမနောက်လိုက်နေသည်ကို တွေ့လိုက်ရသည်။ သူ၏ မျက်နှာက တစ်ယောက်ယောက်ကိုသတ်ပစ်ချင်နေသည့်အလား။

ရှဲ့ဖင်းဟွိုက်တစ်ယောက် တံခါးပေါက်မှ ပြေးဝင်လာခါနီးဆဲဆဲတွင် ရှဲ့ဖင်းကန်းက ကန်ပစ်လိုက်လေသည်။

“ဘာလို့ ကိုယ့်ညီမကိုခြောက်နေတာလဲ”

ရှဲ့ဖင်းကန်းသည် ရှဲ့ဖင်းဟွိုက်ထက်ပင် ကြောက်စရာကောင်းနေလေသည်။

ရှဲ့ဖင်းဟွိုက်မှာ အလွန်ခံပြင်းနေ၏။

“ဘယ်သူက သူ့ကိုခြောက်လို့လဲ၊ သူ့မှာ ရွှေတွေရှိတယ်၊ သူ့ဆီကနေ နည်းနည်းလောက် ချေးချင်ရုံပဲ”

“ရွှေ”

တစ်ခဏအတွင်းပင် ရှဲ့ဖင်းကန်းနှင့် ရှဲ့နျိုရှန်းတို့၏ မျက်လုံးအကြည့်များက ရှဲ့ရှီလက်ထဲမှ သေတ္တာဆီ ရောက်သွားကြလေသည်။

ရှဲ့ရှီမှာ နှုတ်ခမ်းစူသွားလေ၏။

•••••

အခန်း ၁၀၇၉။ ခွဲခြားဆက်ဆံခြင်း

သူမသည် ကျားဂူမှထွက်လာရုံရှိသေး ယခုအခါ ဝံပုလွေဂူထဲသို့ ရောက်နေလေပြီ။

ကံကောင်းစွာဖြင့် သူမ၏ရွှေများကို မကာကွယ်နိုင်ခင် ရှဲ့ချောင်ရောက်လာခဲ့၏။ ရှဲ့ချောင်၏ နောက်တွင်မူ ချွင်းအာနှင့် အထိန်းတော်ဝမ်တို့။ တစ်ယောက်လျှင် သေတ္တာငယ်တစ်လုံးစီ လက်ထဲတွင် သယ်လာကြသည်။

“ဘာလုပ်နေကြတာလဲ၊၊ ရှီအာပစ္စည်းတွေကို ခိုးဖို့လုပ်နေကြတာလား”

ရှဲ့ချောင်သည် ခြံဝန်းထဲသို့ ဝင်လာသည်နှင့် သူမအဖေနှင့် အစ်ကိုကြီးအားစိုက်ကြည့်လိုက်၏။ ထို့နောက် ရှဲ့ဖင်းဟွိုက်အား စိုက်ကြည့်လိုက်ပြန်သည်။

သူမ၏ မိသားစုသည် စိတ်လှုပ်ရှားကမှုလွဲလျှင် အရာအားလုံး ချို့တဲ့ပေသည်။

သူတို့သည် ကျားနှင့်ဝံပုလွေအုပ်ကြီးသာ ဖြစ်၏။

“မခိုးပါဘူး၊ သူ့ဘာသယ်ထားတာလဲတောင်မသိဘူး”

ရှဲ့နျိုရှန်းက ချက်ချင်းဆိုလိုက်၏။

“သမီးလေး ဘာပစ္စည်းကောင်းတွေသယ်လာတာလဲ”

ရှဲ့ချောင်သည် အရှေ့သို့လျှောက်သွားပြီး သူမလက်ထဲရှိပစ္စည်းများအား ရှဲ့နျိုရှန်း၏ လက်ထဲသို့ထိုးထည့်ပေးလိုက်သည်။

“အဖေ၊ သမီးဒီနေ့ငွေနည်းနည်းရလာလို့ ဒါက အဖေဝိုင်ဝယ်ဖို့ပိုက်ဆံ”

ရှဲ့နျိုရှန်း၏ မျက်လုံးများ တောက်ပသွားသည်။

သူ ဖွင့်ကြည့်လိုက်၏။

သေတ္တာသည် သိပ်ပြီးမကြီးလှ။ ရွှေတုံး ၂၀ စနှင့် ငွေချောင်းအနည်းငယ် ပါလေသည်။

ရှဲ့နျိုရှန်းမှာ ရှဲ့ရှီ၏တင်းကျပ်သောထိန်းချုပ်မှုအောက်တွင် နေနေရ၏။ သူသည် မုန့်ဖိုးတချို့ရရုံနှင့်ပင် အလွန်ပျော်နေလေပြီ။ သူသည် ကြေးမများ။

“ငါ့သမီးလေးက ငါ့ကိုချစ်သေးတာပဲ!”

သမီးကြီးသည် သူ့အား မုန့်ဖိုးပေးပြီး သမီးငယ်သည် မိသားစုပိုင်ဆိုင်မှုများကို ထိန်းသိမ်းစောင့်ရှောက်၏။

ကြည့်ပါဦး ဒီမိသားစုက ပိုပိုပြီး ကြီးပွားလာတာများ။

သို့သော်လည်း သူ၏သားများမှာ ဆိုးသွမ်းကြ၏။ ဖခင်အပေါ် မည်သို့ သိတတ်ရမည်ကို မသိကြပေ။

“ဒါဆို ဒီနှစ်ခုက ငါနဲ့ဒုတိယညီလေးဟာလား”

ရှဲ့ဖင်းကန်းက လှမ်းယူလိုက်သည်။

သူဖွင့်ကြည့်လိုက်အခါ သူ၏သေတ္တာသည် သူ့အဖေ၏သေတ္တာနှင့် တစ်ပုံစံတည်းတူနေကြောင်း တွေ့လိုက်ရ၏။

ရွှေချောင်းများမှာ သိပ်ပြီးမများသဖြင့် ငွေစနှင့် လဲလှယ်လျှင် ပို၍ အဆင်ပြေလိမ့်မည်။ ထိုသို့သော သေတ္တာလေးထဲတွင် ငွေစ၅၀၀ နီးပါးတန်ဖိုးမျှ ရှိနေလေသည်။

သူမသည် အင်မတန် ရက်ရောပေ၏။

ရှဲ့ဖင်းဟွိုက်အတွက်မူ စိတ်မကောင်းစရာပင်။

ငွေစ အနည်းငယ်လောက်သာရှိပြီး စုစုပေါင်းမှ ငွေစတစ်ရာလောက်သာ။

“ကျွန်တော့်ကျတော့ ဘာလို့နည်းနည်းပဲလဲ…”

ရှဲ့ဖင်းဟွိုက်တစ်ယောက် မမျှတသလို ခံစားနေရ၏။

အခြားသူသုံးယောက်၌ ရွှေနှင့်ငွေပမာဏ အတူတူနီးပါးရှိကြသည်။

ရွှေက ပိုတန်ဖိုးရှိသည်ကတော့ အမှန်ပင်။ သူ့ညီမ၌ ပိုရှိလေသည်။

သူ့တွင်မူ ငွေတုံးများသာ ရှိပြီး ၎င်းတို့ကလည်းသိပ်ပြီးမမျှလှချေ။

“ဒီအလကားရတဲ့ပိုက်ဆံကို မလိုချင်ဘူးလား”

ရှဲ့ချောင်မျက်မှောင်ကြုတ်လိုက်၏။

“မဟုတ်ဘူး!”

ရှဲ့ဖင်းဟွိုက်က အလျင်စလိုအော်လိုက်လေသည်။

“မဟုတ်ဘူး! နည်းတယ်လို့ မထင်ပါဘူး!”

“အမှန်ပဲ၊ အစကတော့ မင်းနဲ့ရှီအာကို ရွှေတုံး၅၀ စီပေးမလို့၊ ဒါပေမဲ့ ငါဒီနေ့ မင်းကိုအပြင်သွားဖို့ဆိုပြီးလာရှာတာကို မင်းက ငါ့ကိုများ သေ‌လမ်းရှာနေတာလေးဘာလေးနဲ့ အထွန့်တက်ပြီး မလိုက်ခဲ့ဘူးလေ၊ ဒီတော့ မင်းက ပမာဏအတူတူမရတော့ဘူး”

ရှဲ့ချောင်က ပြုံး၍ပြောလေသည်။

ရှဲ့ဖင်းဟွိုက်ခမျာ အလွန်အမင်း နောင်တရနေရှာသည်။

ယခုလိုသာ ဖြစ်မည်မှန်းသိပါက လေးဖက်ထောက်ရမည်ဆိုလျှင်တောင် လေးဖက်ထောက်လိမ့်မည်ပင်!

“အို့ ဟုတ်သားပဲ၊ မင်း ရှီအာဆီမှာအကြွေးတင်ထားတယ်ဆို၊ အခုကနှစ်သစ်ကူးဆိုတော့ အကြွေးဆပ်ဖို့ အချိန်ပဲဟုတ်”

ရှဲ့ချောင်က အင်မတန်တည်ငြိမ်စွာဖြင့် ပြောလေသည်။

သူမသာ ရှဲ့ရှီအတွက် မရပ်တည်‌ပေးလျှင် သူတို့ချေးထားသည့်ငွေအား ပြန်‌ပေးရန် မမျှော်လင့်နိုင်ပေ!

သူမ၏ အဖေသည် အကြွေးအား ရှင်းရှင်းလင်းလင်းဆပ်လိုက်၏။

သိတတ်တာက သိတတ်တာ အကြွေးဆပ်တာက အကြွေးဆပ်တာပဲ!

ရှဲ့ဖင်းကန်းလည်း အင်မတန်ပျော်နေ၏။

သူချေးခဲ့သော ငွေအား ထိုနေရာတွင်ပင် ပြန်ဆပ်လိုက်၏။ သို့သော် ရှဲ့ချောင်သည် အလုပ်များစွာလုပ်ခဲ့သည်ဟု တွေးနေမိဆဲ။

သူမအား ဆရာမမော့ပေးသော ဝေစုသည် သူထင်ထားတာထက်ပင် ပိုများနေသည်။ မည်သို့‌သော ရတနာသေတ္တာမျိုးအား တူးနိုင်လိုက်ခြင်းမလို့ ယခုလို ရွှေနှင့်ငွေများစွာရလိုက်သည်အား တွေးနေမိသည်….

ယခုအခါ အကျိုးအမြတ်များကို လက်ခံရရှိပြီးဖြစ်၍ ထပ်မေးရန်မသင့်တော်တော့ပေ။

အကြွေးအားပြန်ဆပ်ပြီးချိန်တွင်ပင် အမြတ်ကျန်နေဆဲဖြစ်၏

ရှဲ့နျိုရှန်းသည်လည်း အလားတူပင်။ ကျန်နေသေးသည့် ငွေဖြင့် အလွန်ပျော်နေသည်။

ရှဲ့ဖင်းဟွိုက်တစ်ယောက်သာ ကျန်တော့သည်….

သူသည် ငွေစတစ်ရာလောက်ကိုသာ ရထားပြီး ငွေစ ၈၀ နီးပါးပြန်ပေးရမည်ဖြစ်ရာ…

သို့သော် မိသားစုထဲမှအခြားအမျိုးသားနှစ်ယောက်က အကြွေးအားဆပ်ပြီးနေချေပြီ။ သူသာ ပြန်မဆပ်လျှင် သူ့အဖေ၊အစ်ကိုတို့နှင့် ယှဉ်နိုင်လိမ့်မည်မဟုတ်။ သူသည် အငယ်တစ်ယောက်ဖြစ်နေရာ အံ့ကြိတ်၍ပင် ငွေအားကမ်းပေးလိုက်ရ‌လေသည်။

ရှဲ့ရှီသည် ပြန်အမ်းငွေအား ရည်ရည်မွန်မွန်ဖြင့် ပြန်ပေး၏။

သူမသည် ချိန်ခွင်ငယ်တစ်ခုကိုပင်ယူလာကာ ငွေများအား အပိုင်းပိုင်းစိတ်တော့မည်ဖြစ်၏။ ရှဲ့ဖင်းဟွိုက်မှာ ထိုအခြင်းအရာအား ကြည့်ရန်ဆန္ဒမရှိပေ။

“ငါနင့်ကို ငွေစ၈၀ ပေးမယ်၊ ဖြတ်နေစရာမလိုဘူး၊ အလုပ်ရှုပ်တယ်”

ထိုသို့ပြောပြီးနောက် ရှဲ့ချောင်အား သတိကြီးကြီးထား၍ လှမ်းကြည့်လိုက်သည်။

သူ့အစ်မကြီး၏ မျက်လုံးထဲ၌ သူသည်အစ်ကိုကြီးနှင့် ကွာခြားနေသည်လော။

အစ်ကိုကြီးကျတော့ အများကြီးပေးပြီး သူ့ကျတော့နည်းနည်းပဲပေးတယ်…

ချို့တဲ့တာမျိုးကို သဘောမကျခြင်းမဟုတ်သော်လည်း… ခွဲခြားဆက်ဆံခြင်းအား သဘောမကျပေ။

••••••

အခန်း ၁၀၈၀။ သစ္စာရှိသောအဖေ

ရှဲ့ဖင်းဟွိုက်တစ်ယောက် စိတ်မချမ်းမသာဖြစ်သွားမည်ကို ရှဲ့ချောင်သိသော်လည်း သူမတမင်တကာလုပ်ခဲ့ခြင်းဖြစ်၏။

ရှဲ့ဖင်းဟွိက်သည် ငယ်စဥ်ကတည်းက ဒုက္ခမခံခဲ့ရဖူးပေ။ စင်စစ် လုသခင်မ၏ အလိုလိုက်မှုများကြောင့် သူ့ကိုယ်သူ အခြားသူများနှင့်မတူဟု အမြဲတမ်းခံစာခဲ့ရ၏။ သူသည် အနည်းနှင့်အများတော့ ဘဝင်မြင့်နေသူတစ်ယောက်ပင်။

သူမ၏ မောင်အား သိစေချင်သည်မှာ ဤမိသားစုထဲ၌ ရှဲ့ဖင်းကန်းသည်မည်မျှပင် ကြမ်းတမ်းပြီး ကျိုးကြောင့်မသင့်သူဖြစ်နေစေကာမူ သူ့ထက် တာဝန်ယူမှုပိုရှိကြောင်းကိုပင်။ သို့ဖြစ်ရာ သူမသည် ရှဲ့ဖင်းကန်းအား အကြိမ်ပေါင်းများစွာ ဆန့်ကျင်ပြီးရန်စသော်လည် အစ်ကိုကြီးက အစ်ကိုကြီးဖြစ်နေဆဲ။ သူ၏ အဆင့်အတန်းက သူမအဖေနှင့် တစ်ညီတည်းပင်။

သူမ၏ မျက်လုံးထဲ၌ ဤမောင်ငယ်သည် အရွယ်မရောက်သေးသည့် ကလေးတစ်ယောက်သာဖြစ်၏။

ကလေးတစ်ယောက်အတွက် နှစ်သစ်ကူးပိုက်ဆံများစွာရှိနေလျှင် မကောင်းပေ။

ရှဲ့ချောင်သည် ရှဲ့ဖင်းဟွိုက်၏အကြည့်အား မမြင်ချင်ဟန်ဆောင်နေသည်။ ၎င်းက အနည်းငယ်‌အေးတိအေးစက်ဆန်ကာ ခံစားချက်ကင်းမဲ့လှ၏။

ရှဲ့ဖင်းဟွိုက်မှာ အင်မတန်စိတ်ပျက်နေမိသည်။

ဆရာတူဒေါ်လေးမော့ပြောတာ ဒါလား။ သူက ချင့်ချိန်နိုင်စွမ်းမရှိတဲ့သူ သဘောကျစရာမကောင်းတဲ့သူတစ်ယောက်လား။

အဲဒါကြောင့်မလို့ သူရဲ့ အစ်မကြီးကတောင်သူ့ကိုသဘောမကျတာ…

သူသည် အစ်မကြီးဆီမှငွေများရလိုက်သည့်တိုင် သူ့နှလုံးသားထဲ၌ တစ်ခုခုလိုနေသကဲ့သို့ ရုတ်တရက်ခံစားလိုက်ရသည်။

သို့သော် အခြားသူများမြင်သွားမည်ကို မလိုလားပေ။

၎င်းသည် သူ့အတွက် ပထမဆုံးအကြိမ် ခံစားချက်များကို အမှန်အကန်ထိန်းချုပ်နေခြင်းဖြစ်၏။

သူသည် ဘေးတွင်သာ တိတ်တဆိတ်ရပ်နေကာ စကားများများမပြောခဲ့ပေ။ သို့သော်လည်း တစ်မိသားစုပျော်ရွှင်နေသည်ကို မြင်ရသော်အခါ ထိုအပျော်အား မဖျက်ဆီးခဲ့ချင်ပေ။ ထိုအစား အင်မတန်သာမန်ဆန်လွန်းသည့်အပြုံးတစ်ခုကိုသာ ထုတ်ပြခဲ့လေသည်။

ရှဲ့ချောင်နှင့် ရှဲ့ဖင်းကန်တို့နှစ်ယောက်လည်း သတိပြုမိကြသော်လည်း လျစ်လျူရှုရန်သာ ရွေးချယ်ခဲ့ကြသည်။

ထိုကောင်စုတ်လေးအားသင်ခန်းစာမပေးပါက ရင့်ကျက်လာလိမ့်မည်မဟုတ်။

ရှဲ့ချောင်သည် ငွေများစွာကိုရရှိခဲ့၏။ ကြမ္မာဥယျာဥ်၌ ငွေသုံးရန်လိုလာချိန်တွင် သူမ ပိုပြီး ရက်ရောရလိမ့်မည်။

နှစ်သစ်ကူးပြီးနောက် ရှဲ့ချောင်သည် ပိုင်လိမိသားစုဝင်များ၏ ပုံတူပန်းချီများအား တစ်ဦးချင်စီဆွဲခဲ့၏။

ရှဲ့ချောင်သည် ကြိုးစားသူတစ်ယောက်မှန်း ကျိပိုင်လိလည်း သိသည်။ ပိုင်လိမိသားစုရှိလူတိုင်း၏ ပုံအား ဆွဲရန်မတောင်းဆိုခဲ့။ စာပေအားကောင်းမွန်စွာလေ့လာခဲ့ကြသော မကောင်းဆိုးဝါးဝိဥာဥ် သို့မဟုတ် ပိုင်လိမိသားစုအား ကိုယ်စားပြုနိုင်မည့်လက်ရာကျန်ရစ်စေခဲ့သော ဝိဥာဥ်တို့ကိုသာ ရွေးချယ်ခဲ့သည်။

ထိုသို့ဖြင့် မျက်စိတစ်မှိတ်အတွင်းပင် ရှဲ့ချောင်၏ မင်္ဂလာပွဲကျင်းပမည့်ရက်သို့ရောက်ရန် ဆယ်ရက်သာလိုတော့လေသည်။

မင်္ဂလာပွဲအား နှစ်သစ်ကူးပြီးနောက် ကျင်းပမည်ဖြစ်သည်။ ရာသီဥတု နွေးလာသည်နှင့်အမျှ မြို့တော်သည်လည်း ပိုပို၍ အသက်ဝင်လာ၏။

လောကတစ်ခွင်မှ များစွာသော မျိုးရိုးမြင့်အထက်တန်းလွှာများသည် မြို့တော်သို့ ပြန်ရောက်လာကြ၏။ နေ့စဥ်နေ့တိုင်းပျားပန်းခတ်ဆူညံနေသော လမ်းများထက်တွင် မျိုးရိုးမြင့်သခင်လေးများသည် မြို့ကိုဖြတ်သွားပြီး ငွေများအား ပေါ်ပေါ်ထင်ထင်ကြဲနေကြသည်ကို မြင်နိုင်ပေသည်။

လက်ရှိမင်းဆက်တွင် ကျင့်ကျူများစွာရှိပြီး အများစုက တော်ဝင်မျိုးရိုးဂုဏ်ပုဒ်ရှိကြသည်ဆိုရုံသာ။ အာဏာအစစ်အမှန်ရှိသော မင်းသားများလည်း များစွာမရှိ။ ထိုထဲတွင် လက်ရှိမင်းဆက်၏ ညီအစ်ကိုနှစ်ယောက်သာရှိပေသည်။

အနှီပုဂ္ဂိုလ်နှစ်ယောက်သည် ဂုဏ်သရေရှိသူများဖြစ်ကြ၏။

အိမ်ရှေ့စံမင်းသား၏ ဇနီးမိသားစုဖြစ်သဖြင့် ရှဲ့မိသားစုသည်လည်း အလွန်ကျော်ကြားပေသည်။

ရုတ်တရက်ပေါ်လာသော ထိုမျိုးရိုးမြင့်များက သူတို့အား ကြီးမားသည့်လက်ဆောင်များ ပေးလာကြသည်။

ရှဲ့ရှီသည် လွယ်လွယ်ကူကူဆုံးဖြတ်ချက်မချနိုင်၍ ရှဲ့ချောင်က သူမအားသင်ပြပေးကာ လိုအပ်သောစီစဥ်မှုများပြုလုပ့်ခဲသည်။

လက်ဆောင်များအားလုံးသည် သူတို့၏အဆင့်အတန်းအပေါ် အခြေခံထား၏။ စည်းမျဥ်းအားကျော်လွန်သွားလျှင် လက်ခံဖို့ရာ ခက်ခဲပေမည်။

ဥပမာအားဖြင့် မင်းသားရုန်၏ လက်ဆောင်မှာ မငယ်လှ။

၎င်းသည် နှစ်ပေနီးပါးရှည်လျားသော သွေးနီရောင်သန္တာကျောက်တစ်ခုဖြစ်၏။ အင်မတန်လှပလွန်းသည်။ သန္တာကျောက်များအပြင် အရည်အသွေးမြင့် နှင်းကာနားရွက်အုပ်တချို့

နှင့် အခြားသော ပစ္စည်းများလည်းပါဝင်စ

အားလုံးက စျေးကြီးကြသည်။

ပစ္စည်းများစွာရှိနေရုံမက ၎င်းတို့က စျေးလည်းကြီးလွန်းလေရာ ရှဲ့ရှီမှာထိတ်လန့်တုန်လှုပ်သွားရလေသည်။

ရှဲ့ချောင်သည် ရှဲ့နျိုရှန်းနှင့်ရှဲဖင်းကန်းတို့ဆီ လက်လွှဲပေးလိုက်၏။

ရှဲ့နျိုရှန်း၏ အရာရှိရာထူးသည်လည်း နိမ့်သည့်ထဲမပါ။ သူသည် ပရိတ်သတ်တစ်ယောက်ရှာရန်အတွက် နန်းတော်ထဲသို့ တန်းသွားခဲ့ကာ ဧကရာဇ်အား ထိုကြောက်ရွံ့သည် ခံစားချက်အကြောင်း ပြောာပြလေသည်။

ရှဲ့ဖင်းကန်းသည် ကြောက်လန့်ချင်ယောင်ဆောင်ရာ၌ အလွန်ထူးချွန်ပေ၏။

သူသည် ပိုပို၍ သစ္စာစောင့်သိလာသဖြင့် သူ့အား ဧကရာဇ်မှရာထူးတိုးပေးကြောင်းကိုလည်းသိသည်။ သို့ဖြစ်ရာ ဧကရာဇ်အား ထပ်တွေ့ရသောအခါ သစ္စာစောင့်သိပြီးရိုးသားသောပုံပန်းသွင်ပြင်ထိန်းထားလေသည်။

“ဒီလောက်ထိ နီရဲပြီး လှပတဲ့သန္တာ‌ကျောက်မျိုး တစ်ခါမှမမြင်ဖူးဘူး၊ ဒီလိုဟာမျိုးကို ပင်လယ်ထဲကနေတူးထုတ်ဖို့ ဘယ်လောက်တောင် လူအင်အားသုံးထားရမယ်မှန်း မသိပေမဲ့ သိပ်အံ့သြစရာ‌ကောင်းတယ်။ အခုဆို ကျွန်တော်မျိုးရဲ့မိသားစုကို ထောက်ပံ့ပေးဖို့ ငွေလုံလုံလောက်လောက်ရှာနိုင်နေပြီ။ ဒီလိုပစ္စည်းကောင်းမျိုးကို အိမ်ထဲမှာထားထားရင်တောင် အသိအမှတ်ပြုရာရောက်မှာမဟုတ်ဘူး။ ရောင်းပစ်ဖို့ကလည်း ဖြုန်းတီးပစ်ရာကျမှာမလို့ အရှင်မင်းကြီးဆီ ယူဆောင်လာခဲ့ရခြင်းပါ”

•••••

All Chapters