← Chapters

အခန်း (၁၀၈၁-၁၀၈၄)

Vol. 56 Ch. 1081-1084

အခန်း (၁၀၈၁-၁၀၈၄)

Vol. 56 Ch. 1081-1084

အခန်း ၁၀၈၁ ကြင်ရာတော်ဘက်မှ ဆွေမျိုးများ

ရိုးသားဖြောင့်မတ်ကာ သစ္စာရှိသောသူတစ်ယောက်အဖြစ်ဟန်ဆောင်ရန် ရှဲ့နျိုရှန်းအတွက် လွယ်ကူသောကိစ္စတစ်ရပ်ပင်။ ယခုတွင်လည်း ကောင်းနိုးရာရာများကို ထုတ်ပေးနေပြန်၏။ဧကရာဇ်မင်းမြတ်သည် သူ့အားကြည့်ကာ ကျေနပ်နေလေသည်။

ရှဲ့နျိုရှန်းသည် တစ်ချိန်က လူဆိုးဓားပြစစ်စစ်တစ်ဦး ဖြစ်ခဲ့၏။ ထိုလူဆိုးဓားမြသည် ဤသို့ ခမ်းနားသော နန်းတွင်းသို့ ရောက်ရှိလာမည်ကို သူ မထင်ထားခဲ့ပေ။ သို့သော်လည်း သူသည် ရိုးသားကာ အာဏာနှင့် ငွေကြေးကို မက်မောခြင်း မရှိပေ။ သူ၏ကိုယ်ပိုင်ဘဏ္ဍာတိုက်သည် သူပေးကမ်းသော လက်ဆောင်များကြောင့် ပြည့်နှက်နေခဲ့သည်။

၎င်းသော ကောင်းသည့်အရာ တစ်ခုပင်။

မင်းသားရုန်အကြောင်းကို ပြန်တွေးမိသောအခါ သူသည် အနည်းငယ် စိတ်အလိုမကျ ဖြစ်သွား၏ ။

သူသည် သူ၏ဂုဏ်ပုဒ်နှင့်အညီ လုပ်ဆောင်ရမည် ဖြစ်သည်။

မင်းသားရုန်၏ ဂုဏ်ပုဒ်သည် အရေးကြီးပေသည်။ သူသည် ဧကရာဇ်မင်းမြတ်နှင့် ဆွေမျိုးတော်စပ်သူ ဖြစ်၏။ ရှဲ့မိသားစုသည် အိမ်ရှေ့မင်းသား၏ ကြင်ယာတော်ဘက်မှဆွေမျိုးများ ဖြစ်သော်လည်း သူတို့သည် အရာရှိများပင် ဖြစ်၏။ သို့သော်လည်း သူသည် ထိုကဲ့သို့ကောင်းမွန်သော ပစ္စည်းများကို ရှဲ့မိသားစုအား ပေးရန် လွန်စွာလိုလားနေခဲ့၏။ မသိနားမလည်သူများက သူသည် အရာရှိများကို စည်းရုံးရန် ကြိုးစားနေသည်ဟူ၍သာ ထင်ကြပေလိမ့်မည်။

နှစ်ပေါင်းများစွာ ကြာပြီးနောက် ရုန်မင်းသားသည် အိုမင်းရင့်ရော်လာခဲ့သော်လည်း ရင့်ကျက်လာခြင်း မရှိပေ။

“ငါလက်ခံမယ်၊ ဒါပေမဲ့ မင်းတို့မိသားစုဆီက ပစ္စည်းတွေ ခဏခဏ ယူနေတာ မသင့်‌တော်ဘူး။ အချင်းတို့၊ ငါ့ရဲ့ ရွှေရောင်နှင့်အနက်ရောင်ပန်းဖွားတပ်ဆင်ထားသော လှံကို ယူလာခဲ့ပြီး ငါ့ရဲ့ချစ်မြတ်နိုးရပါသော အမတ်မင်းအား ပေးအပ်‌လော့။ အိမ်ရှေ့စံမင်းသားက မကြာခင် ရက်အနည်းငယ်အတွင်းမှာ လက်ထပ်တော့မယ်။ မင်းရဲ့သမီးက တကယ်ကိုပဲ မဆိုးပါဘူး၊ ဒါပေမဲ့ မင်းတို့မိသားစုရဲ့ နောက်ခံအင်အားက အားနည်းနေသေးတယ်။ မင်းတို့မိသားစု ဆင်းရဲတယ်ဆိုတဲ့ နာမည်ပျက် ပြင်ပကို မပြန့်ပွားသွားစေဖို့နဲ့ အိမ်ရှေ့စံမင်းသား စိတ်ပူနေမှာကို ကာကွယ်ဖို့အတွက် မြေကောင်းမြေသန့် ဧကတစ်ထောင်ကို ငါပေးလိုက်မယ်”ဧကရာဇ်မင်းမြတ်သည် မိန့်ကြား၏။

သူသည် သူတို့အား နယ်မြေတစ်ပိုင်းကို ပေးနေသည်လော။ ရှဲ့နျိုရှန်းသည် ပျော်ရွှင်သွား၏။ “အရှင်မင်းကြီးရဲ့ ကြင်နာသနားမှုကို ကျေးဇူးအထူးတင်ရှိပါတယ်”။ အရာရှိဖြစ်ရသည်မှာ ပိုကောင်း၍ ဓားပြဖြစ်ရသည်ထက် များစွာ ပိုအဆင်ပြေသည်။

သူသည် နေ့တိုင်း ဒူးထောက်ကာ စစ်သားများကို လေ့ကျင့်ပေးရန် အသေးအမွှားအလုပ်များ လုပ်ရုံဖြင့် လစာများနှင့် ဆုလာဘ်များ ရရှိမည် ဖြစ်သည်။ ယခုလိုနေ့မျိုးတွင် နတ်ဘုရားတစ်ပါး လာ

ရောက်သည်ဆိုလျှင်တောင်မှ သူသည် ၎င်းကိုမည်သည့်အရာနှင့်မျှ လဲလှယ်မည် မဟုတ်ပေ။

ဧကရာဇ်မင်းမြတ်မှ ပေးအပ်လိုက်သော ရွှေရောင်နှင့်အနက်ရောင်ပန်းဖွားတပ်ဆင်ထားသောလှံ သည် အမှန်တကယ်တွင် အဆင်တဆာပစ္စည်းတစ်ခုသာ ဖြစ်၏။

၎င်းအား လက်‌တွေ့တွင်တိုက်ခိုက်ရန် အသုံးပြုမည်ဆိုလျှင် အဆင်မပြေပေ။ လှံရိုးအား ထူးကဲလှပသော ရွှေချည်မျှင်ပုံစံဖြင့် အလွှာတစ်ထပ်ပတ်ထား၏။ လှံထိပ်တွင်လည်း အဖြူရောင်ကျောက်စိမ်း၊ အနီရောင်နှင့် အပြာရောင် ကျောက်မျက်ရတနာများဖြင့် စီခြယ်ထားသည်။ ၎င်းသည် ရွှေရောင်အလင်းဖြင့် မျက်စိကျိန်းလောက်အောင် လှပ၏၊ သို့သော်လည်း ၎င်းကို ဝှေ့ယမ်းလိုက်မည်ဆိုလျှင် လှံသည် သေချာပေါက် ကျိုးသွားပေလိမ့်မည်။

ထိုကဲ့သို့ တန်ဖိုးရှိသော ပစ္စည်းကို မရောင်းနိုင်ပေ။

၎င်းကို မိသားစု၏အမွေအနှစ်အဖြစ်သာ ထိန်းသိမ်းထားနိုင်ပြီး ဘိုးဘေးဘီဘင်တို့၏ နတ်ကွန်းတွင် ပူဇော်ပသထားနိုင်သည်။ နောင်တစ်ချိန်တွင် ဘိုးဘေးဘီဘင်တစ်ဦးသည် ထိုကဲ့သို့ကောင်းမွန်သော ပစ္စည်းကို ရရှိရန် မည်မျှမျက်နှာသာ ပေးခံခဲ့ရသည်ကို နောင်လာနောက်သားများအား ပြောပြနိုင်မည်ဖြစ်၏…

ဧကရာဇ်မင်းမြတ်မှ ပေးအပ်လိုက်သော မြေကောင်းမြေသန့်တို့နှင့်ပတ်သက်၍လည်း…

နန်းတော်မှ ထွက်လာပြီးနောက် ရှဲ့နျိုရှန်းသည် သေချာကြည့်လိုက်၏။ မြေကွက်သည် မြို့တော်တွင် မရှိဘဲ အလွန်ဝေးကွာလှသည်။

သို့သော်လည်း ထိုနေရာမှ မြေဆီလွှာသည် ကောင်းမွန်ပြီး နှစ်စဉ် သီးနှံအထွက်နှုန်း ကောင်း၏။ ၎င်းသည် အမှန်ပင် ကောင်းမွန်သော မြေကွက်ဖြစ်၏။ အမိန့်ထုတ်ပြန်သည်နှင့် ထွက်ရှိလာမည့် ထုတ်ကုန်များကို ရှဲ့မိသားစုမှ စီစဉ်ရမည်ဖြစ်သည်။

ရှဲ့မိသားစုသည် ထပ်မံဆုအပ်နှင်းခံခဲ့ရ၏။ မြို့တော်ရှိ အချို့မှာ အားကျကြပြီး အချို့မှာလည်း မနာလိုဖြစ်ကြပြန်သည်။

သူတို့သည် ထိုလူဆိုးဓားပြမိသားစုကို မနာလိုဖြစ်နေကြ၏။ သူတို့သည် အမှန်တကယ်ပင် အိမ်ရှေ့စံမင်းသား၏မျက်နှာသာပေးမှုကို ရရှိခဲ့ပြီး အသစ်တစ်ဖန် ပြန်လည်စတင်နိုင်ကာ သူတို့၏အင်အားကို ကြွားဝါခဲ့ကြ၏။

သူတို့သည် ဧကရာဇ်မင်းမြတ်၏ မျက်နှာသာပေးမှုကိုလည်း မနာလိုဖြစ်နေကြသည်။ အိမ်ရှေ့စံမင်းသား၏ လက်ထပ်ပွဲကို ဆုံးဖြတ်လိုက်သည့်အချိန်မှစ၍ ဆုလာဘ်များ ပေးကမ်းမှုသည် မည်သည့်အခါမှ မရပ်တန့်ခဲ့ပေ။ အစပိုင်းတွင် သူတို့သည် သေးသိမ်‌သော မိသားစုတစ်ခု ဖြစ်ကြသော်လည်း မြေယာများကို ဆုချခံခဲ့ရ၏

မင်္ဂလာဆောင်သည့်နေ့တွင် ကြီးကျယ်ခမ်းနားလိမ့်မည်ကို ခန့်မှန်း၍ရ၏။

ဧကရာဇ်မင်းမြတ်၏ ဆုလာဘ်များ ရောက်ရှိလာသည်နှင့်တစ်ပြိုင်နက် ရှဲ့အိမ်တော်သို့ ဧည့်သည်များ ပိုမိုရောက်ရှိလာခဲ့၏။

သူတို့သည် စာတိုကိုတွေ့သောအခါ အမှန်တကယ်ပင် အိမ်ရှေ့စံမင်းသား၏ကြင်ယာတော်ဘက်မှ ဆွေမျိုးများဖြစ်သည်ကို သိလိုက်ရ၏။

ကုမိသားစုသည် ပြိုလဲခဲ့သည်မှာ အချိန်ကြာမြင့်ပြီဖြစ်သော်လည်း မိဖုရား၏ဖခင်မှာ ရှိနေသေး၏။ ယင်းမှာ ကုမိသားစုမှ မျိုးဆက်များကို ဟန့်တားရန်နှင့် ထိုကလေးများ ရမ်းကားသော လုပ်ရပ်များ မလုပ်မိစေရန်အတွက် ဖြစ်၏။

ယခု အိမ်ရှေ့စံမင်းသား လက်ထပ်တော့မည်ဖြစ်သောကြောင့် ကုမိသားစုဝင်များ သွားရောက်ကြရသည်မှာ သဘာဝပင်ဖြစ်၏။

ရှဲ့ချောင်အား တွေ့လိုသူများမှာ အမျိုးသမီးနှစ်ဦးဖြစ်ပြီး နှစ်ဦးစလုံးမှာ မိဖုရား၏ ယောက်မများ ဖြစ်ကြသည်။ ကုမိသားစုသည် အတော်လေး ကြီးပွားချမ်းသာလာခဲ့သည်။

သူတို့ရောက်ရှိလာပြီးဖြစ်၍ ရှဲ့ချောင်သည် သူတို့နှင့် သေချာပေါက် တွေ့ဆုံရမည်ဖြစ်၏။

သူတို့အား ဖိတ်ကြားပြီးနောက် ကုမိသားစုမှ အမျိုးသမီးနှစ်ဦး၏ မျက်လုံးများသည် ရှဲ့ချောင်အား မြင်သောအခါ တောက်ပလာခဲ့၏။

“သခင်မ‌လေးရှဲ့က အလွန်လှတယ်လို့ ကျွန်မကြားဖူးတာ တော်တော်ကြာပြီ။ ဒီနေ့တော့ တကယ်အဟုတ်ပဲဆိုတာ ကျွန်မမြင်လိုက်ရပြီ။ ကျွန်မရဲ့မိသားစုက မျောက်တွေကို ပြန်တွေးလိုက်တဲ့အခါ တကယ်ကိုပဲ အရှက်ရမိပါတယ်”

ပြောသူမှာ ကုမိသားစုမှ ပထမဇနီး ဖြစ်သည်။

အိမ်ရှေ့စံမင်းသားတွင် ဦးလေး ငါးဦး သို့မဟုတ် ခြောက်ဦးနှင့် ဆွေမျိုးအရင်းအချာ သုံးဦး ရှိသည်။

သူတို့တစ်ဦးတစ်ယောက်မျှ တာဝန်ယူနိုင်ခြင်း မရှိခဲ့ပေ။ အဆိုးဆုံးမှာ သူ၏ တတိယဦးလေးပင် ဖြစ်သည်။ သူသည် အစပိုင်းတွင် ပါရမီရှင်တစ်ဦး ဖြစ်ခဲ့သည်၊ သို့သော် သူသည် ရုတ်တရက် ခြေထောက်ရောဂါရကာ သူ၏စိတ်နေစိတ်ထားသည် သိသိသာသာ ပြောင်းလဲသွားခဲ့သည်။ လွန်ခဲ့သောနှစ်ပေါင်းများစွာက သူသည် အမျိုးသမီးတစ်ဦးကို သတ်ဖြတ်ခဲ့သည်၊ ယင်းက ကုမိသားစု၏ ဂုဏ်သိက္ခာကို ကျဆင်းစေခဲ့သည်။ ထိုကိစ္စကြောင့် သူ၏အဖိုးသည်လည်း ဒေါသနှင့် သေဆုံးခဲ့ရသည်။

•••••••

အခန်း ၁၀၈၂ ဘိုးဘွားအုတ်ဂူနှင့်ပက်သက်သော ပြဿနာများ

ယခင်ကကိစ္စများကို မည်သူမှ ထပ်မပြောကြတော့သော်လည်း အခြားမိသားစုများသည် ကုမိသားစုနှင့် လက်ထပ်ရဲသူ အလွန်နည်းသည်ကို သိကြ၏။

ကုမိသားစု၏ သားများနှင့်မြေးမြစ်အစဥ်အဆက်တို့သည် သူတို့၏ ဇာတိမြေဖြစ်သော ခန်းချွမ်မှ လူတို့နှင့်သာ လက်ထပ်နိုင်ကြောင်း ဆိုကြသည်။ ဇနီးသည်များ၏ နောက်ခံမိသားစုမှာ အဆင့်အတန်းနိမ့်ပြီး သူတို့အားလုံးအား ကုမိသားစု၏ဝါရင့်အကြီးအကဲမှ ကိုယ်တိုင်ရွေးချယ်ခဲ့ခြင်း ဖြစ်၏။ သူတို့သည် အရည်အချင်းများအလွန်ပြည့်ဝကြ၏။

မည်သို့ပင်ဖြစ်စေကာမူ သားမြေးတို့အများစုသည် အကျင့်စာရိတ္တပျက်ပြားနေသူများ ဖြစ်ကြ၏။ အကယ်၍ အိမ်ထောင်ဖက်ဇနီးသည်များကပါ ကောင်းမွန်သင့်လျော်သူများမဟုတ်လျှင် မိသားစုတစ်ခုလုံး အမှန်ပင် ပျက်စီးသွားပေလိမ့်မည်။

ပထမဇနီးသည်နဲ့ ဒုတိယဇနီးသည်တို့နှစ်ယောက်စလုံးသည် အလွန်ကြင်နာပြီး ဉာဏ်ရည်ထက်မြက်သူများ ဖြစ်ကြသည်။

သူတို့သည် ရှဲ့အိမ်တော်ကို ဝင်လာသည့်အခါ စိုးရိမ်ပူပန်မှုအနည်းငယ်တော့ ရှိကြ၏။ အထူးသဖြင့် အမျိုးသားမိသားစုဝင်များအားလုံးသည် လူဆိုးလူမိုက်များဖြစ်ကြောင်း တွေးမိသောအခါ စိုးရိမ်ပူပန်မှုနှင့် ကြောက်ရွံ့မှုတို့ကို မည်သို့မျှ မခံစားဘဲ မနေနိုင်ကြပေ။ သို့သော်လည်း ဒီလူနှစ်ယောက်၏မျက်နှာအမူအရာသည် ပုံမှန်အတိုင်းပင် ဖြစ်၏။ သူတို့သည် ရှဲ့ချောင်ကိုပင် သေချာကြည့်နေကြပြီး သူတို့၏ မျက်နှာအမူအရာမှာ အလွန်ပင်သဘာဝကျပေသည်။

ရှဲ့ချောင်သည် သူတို့ကို ယဉ်ကျေးစွာ နှုတ်ဆက်ပြီးနောက် ချက်ချင်းပင် သူတို့နှစ်ယောက်၏ ပွေ့ဖက်ခြင်းကို ခံလိုက်ရ၏။

“ဒီနေ့ ခွင့်ပြုချက်မတောင်းဘဲ ရောက်လာတာက ပထမဆုံးအနေနဲ့ မိသားစုကို အသိအမှတ်ပြုချင်လို့ပါ။ ဒီနေ့ကစပြီး ကျွန်မတို့အားလုံးဟာ မိသားစုဝင်တွေ ဖြစ်သွားပါပြီ။ ဘာပဲဖြစ်ဖြစ်လိုအပ်ရင် လွတ်လွတ်လပ်လပ် ပြောလို့ရပါတယ်။ ဒုတိယတစ်ခုအနေနဲ့ ကျေးဇူးတင်ကြောင်း ပြောချင်ပါတယ်” ပထမဇနီးသည် လျင်မြန်စွာထပ်ပြောလိုက်၏။

ရှဲ့ချောင်သည် ထိုစကားကိုကြားသောအခါ မည်သည်တို့ဖြစ်နေသည်ကိုအကြမ်းဖျင်း ခန့်မှန်းမိ၏။

သူမသည် လွန်ခဲ့သောနှစ်က နန်းတော်သို့ ဝင်ရောက်ခဲ့စဉ် မိဖုရားကြီးသည် မှားယွင်းသော ပုတီးအား အသုံးပြုနေသည်ကို တွေ့ရှိခဲ့ရာ ကျောက်ရွှမ်ကျင်းအား ထိုအကြောင်းကို သတိပေးခဲ့သည်။

“ဒါ ကျွန်မတို့ရဲ့ ပေါ့ဆမှုပါပဲ။ မိဖုရားကြီးကို ပေးလိုက်တဲ့ လက်ဆောင်မှာ ပြဿနာရှိလိမ့်မယ်လို့ ကျွန်မတို့ တစ်ခါမှ မတွေးခဲ့မိပါဘူး။ အရှင့်သား ပြောတာကို လူတွေဆီက ကြားသိရတာက မင်းရဲ့ မျက်စိလျင်လို့ ပြဿနာကို တစ်ချက်တည်းနဲ့ မြင်လိုက်တာ မဟုတ်ရင် မိဖုရားကြီးရဲ့ ကျန်းမာရေးကို ထိခိုက်သွားလိမ့်မယ်တဲ့‌လေ” ပထမဇနီးသည် ပြော‌နေရင်းဖြင့် အနည်းငယ် မကျေနပ်ပုံပေါ်

နေ၏ ။

“ကျွန်မ မြင်တဲ့အတွက် မပြောဘဲနေစရာ အကြောင်းမရှိပါဘူး။ ကျွန်မ ဘာမှလည်းမလုပ်ခဲ့ပါဘူး” ရှဲ့ချောင်သည် ယဉ်ကျေးစွာ ပြောကြားခဲ့သည်။

“ဘာကိုမှ မလုပ်ခဲ့ဖူးလို့ ဆိုလိုတာလား။ မင်းအတွက်ကတော့ ပြောလိုက်ရုံလေးပါပဲ။ ဒါပေမဲ့ ကျွန်မတို့ ကုမိသားစုအတွက်တော့ တစ်မိသားစုလုံးရဲ့ အသက်ပါပဲ” ပထမဇနီးသည် လျှင်မြန်စွာပြောလိုက်၏။

အကယ်၍ မိဖုရားကြီး တစ်ခုခုဖြစ်ခဲ့သည်ဆိုပါက သူမ၏‌ ကျောထောက်နောက်ခံမှ လူသည် ဧကရာဇ်မင်းမြတ်အား ပုတီးများတွင် ပြဿနာရှိကြောင်း ပြောခဲ့လျှင် ကုမိသားစုသည် အသက်ရှင်နိုင်ဦးမည်လော။

ထို့ပြင် မိဖုရားကြီးသည် ကုမိသားစု၏ အကြီးဆုံးသော ကျောထောက်နောက်ခံ ဖြစ်၏။ သူမ ကျဆုံးသွားပါက ကုမိသားစု၏ အနာဂတ်သည်လည်း လုံးဝပျက်စီးသွားပေလိမ့်မည်။

ယခင်က ကုမိသားစုသည် ဂုဏ်အရှိန်အဝါ ကြီးမားခဲ့၏….

ယခုအခါ သူတို့သည် ယခင်ကလို ကြီးပွားချမ်းသာလိုခြင်း မရှိတော့ပေ။ မြို့တော်တွင် နေရာတစ်ခု ရရှိချင်ရုံသာ ဖြစ်၏။ မိသားစုမှ သားမြေးစဥ်ဆက်များအား စိတ်နေသဘောထား မြင့်မြတ်‌သောသူများ ဖြစ်စေချင်ကြပြီး မည်သည့်ပြဿနာမျှ မဖြစ်သရွေ့ အရာအားလုံးအဆင်ပြေပေလိမ့်မည်။

“အရေးကြီးဆုံးကတော့ ဘိုးဘွားအုပ်ဂူပါပဲ…” ဒုတိယဇနီးသည် သည် ပထမဇနီးသည် မေ့သွားမည်ကို စိုးရိမ်သောကြောင့် အမြန်ပြောလိုက်၏။ “အရှင့်သား စေလွှတ်လိုက်တဲ့သူက ဝါရင့်ဆရာကြီးရဲ့မိသားစုက ဘိုးဘွားအုတ်ဂူမှာ ပြဿနာရှိလို့ သားစဉ်မြေးဆက် မရှိတာလို့ ပြောခဲ့ပါတယ်။ ကျွန်မတို့ ကုမိသားစုရဲ့ ဘိုးဘွားအုတ်ဂူမှာလည်း တစ်ခုခုမှားနေတာကြောင့် ကံဆိုးမှုတွေ ဆက်တိုက်ကြုံနေရတာ ဖြစ်မယ်လို့ ကျွန်မ ထင်မြင်မိတယ်။ သတင်းရပြီးတဲ့နောက် အဖေက အစွမ်းထက်တဲ့ ဆရာများစွာကို ကြည့်ခိုင်းခဲ့ပါတယ်။ ကြည့်လိုက်တဲ့အခါ တကယ်ပဲ ထူးဆန်းတဲ့ အရာတစ်ခုကို တွေ့ရှိခဲ့ပါတယ်”

ဘိုးဘွားအုတ်ဂူအနီးရှိ မြေကြီးထဲသို့ မည်သူက သွေးများ လောင်းချခဲ့သည်ကို မသိပေ။

မြေကြီးထဲတွင် ကြောင်သေကောင် များစွာအား မြှုပ်ထား‌သောနေရာတစ်ခုပင် ရှိခဲ့သည်။ မြေကြီးအား ဖယ်လိုက်သောအခါ တကယ်ကိုပင် ပုပ်နံ့ နံနေခဲ့၏။

သူတို့ နားမလည်သော အခြားပြဿနာများစွာလည်း ရှိနေခဲ့၏။ သို့သော်လည်း ဆရာများက နောင်လာမည့်သားစဉ်မြေးဆက်တို့၏ ကံကြမ္မာကို ထိခိုက်စေမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

မိသားစုထဲမှ ကလေးများသည် လွန်ခဲ့သောနှစ်များတွင် တိုးတက်သင့်သ‌လောက် မတိုးတက်သည်ကို တွေးလိုက်သောအခါ သူတို့သည် စိတ်ထဲတွင် တနုံ့နုံ့နှင့် မကျေမချမ်း ဖြစ်လာကြ၏ ။

သူတို့အား နောက်ကွယ်မှ ယခုကဲ့သို့ ဒုက္ခပေးသောသူကို အမှန်ပင် မသိကြပေ။

“အကြောင်းရင်းကို ရှာတွေ့တာကလည်း ကံကောင်းခြင်းတစ်မျိုးပါပဲ။ ကုမိသားစုက အခုတော့ စည်းကမ်းတင်းတင်းကျပ်ကျပ်နဲ့ ထိန်းချုပ်နေတယ်လို့ ကျွန်မကြားသိရပါတယ်။ ဒီလိုမျိုး ပြင်ပလွှမ်းမိုးမှုတွေမရှိရင် ကျွန်မတို့ရဲ့ သားသမီးတွေနဲ့ မြေးတွေဟာ အနာဂတ်မှာ ကောင်းမွန်တဲ့ အလားအလာတွေ ရှိလာမှာ အသေအချာပါပဲ” ရှဲ့ချောင်သည် ထိုအဖြေကို ကြားရသောအခါ အံ့အားသင့်ခြင်းမရှိခဲ့ပေ။

ကုမိသားစု၏ အခြေအနေသည် အနည်းငယ် ထူးဆန်း၏။ ဘိုးဘွားအုတ်ဂူတွင် ပြဿနာရှိနိုင်ခြေမှာ အများဆုံးပင် ဖြစ်၏။

မိသားစုထဲတွင် ယန်စွမ်းအင်ပြင်းကာ ကံကောင်းခြင်းများရှိသော ကလေးများရှိလျှင် ထိခိုက်မည်မဟုတ်ပေ။ သို့သော်လည်း သာမန်လူများဖြစ်ပါက သူတို့ရဲ့ကံကောင်းခြင်းများ ထိခိုက်ပျက်စီးသွားမည်မှာ အသေအချာပင် ဖြစ်၏။

“ဒီလို ကောင်းမွန်တဲ့စကားတွေပြောပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်” ဇနီးသည်နှစ်ဦးသည် ရှဲ့ချောင်အား ကြည့်ကာ အမှန်ပင် ကျေနပ်ပျော်ရွှင်နေကြ၏။

သူတို့၏ ကုမိသားစုသည် လက်ရှိတွင် အင်အားနည်းနေပြီး အိမ်ရှေ့စံမင်းသားအား မကူညီနိုင်ခြင်းကိုသာ သူတို့ စိတ်မကောင်းဖြစ်ကြရသည်။

ဇနီးသည်နှစ်ဦးသည် စကားပြောနေရင်းကပင် သူတို့ ဝတ်ဆင်ထားသော လက်ကောက်များကို ချွတ်ကာ သူမအား အတင်းအကျပ် ပေးခဲ့ကြ၏။

••••••

အခန်း ၁၀၈၃ စိတ်မသက်မသာဖြစ်စေခြင်း

လက်‌ကောက်သည် စိမ်းစိုကာ တောက်ပနေ၏။ ပစ္စည်းကောင်းတစ်ခုပင်ဖြစ်၏။ ရှဲ့ချောင်သည် ၎င်းကို သူမအား‌ပေးရန် အထူးတလည် ယူဆောင်လာသည်ဖြစ်ကြောင်း မှန်းဆမိလိုက်၏။

၎င်းသည် သူမထက်ကြီးသူများမှ ပေးသည့်လက်ဆောင်ဖြစ်သည့်အတွက် ရှဲ့ချောင်သည် ငြင်းပယ်၍ မရနိုင်သဖြင့် လက်ခံလိုက်သည်။

ထိုပစ္စည်းအား သီးသန့်ပေးအပ်ခြင်းဖြစ်ပြီး အပြင်ပန်းတွင်လည်း ကုမိသားစုမှ အခြားလက်ဆောင်များကို ပေးပို့ခဲ့၏။

လက်ဆောင်အများအပြားကို လက်ခံပြီးနောက် ရှဲ့ချောင်သည် လက်ထပ်ရမည့်ကိစ္စကို စိတ်လှုပ်ရှားစပြုလာခဲ့၏ ။

သူမသည် အမြဲတမ်းစိတ်တည်ငြိမ်သူဖြစ်ပြီး စိတ်ထဲတွင် စိတ်ခံစားမှုများစွာ မထားရှိပေ။သို့သော်လည်း ထိုအချိန်တွင် သူမသည် ကိုယ့်ကိုယ်ကို မထိန်းချုပ်နိုင်တော့ပေ။နီရဲနေသောအိမ်နှင့် သွားလာလှုပ်ရှားနေသော လူများကို မြင်သောအခါ သူမ၏ရင်ဘက်မှ နှလုံးသားသည် ခုန်ထွက်လုမတတ် ဖြစ်နေသည်ကို ခံစားရ၏ ။

ရှဲ့မိသားစုတွင် မိသားစုဝင်နည်း၏။ သူမသည် လက်ထပ်လိုက်ပါက သူမအား မင်္ဂလာလက်ဖွဲ့ပေးမည့် လူကြီးသူမများလည်း များများစားစားရှိမည် မဟုတ်ပေ။ သို့သော်လည်း လက်ရှိတွင် မြို့တော်ရှိ ရာထူးအသီးသီးမှ ဂုဏ်ကျက်သရေရှိသော အမျိုးသမီးများ တစ်ယောက်ပြီးတစ်ယောက် ရောက်ရှိလာကြ၏။

သူတို့ရောက်လာပါက သူမအား မင်္ဂလာစကားအ

တစ်ချို့လည်း ပြောကြမည်ဖြစ်၏။

အိမ်ထောင်ကျလျှင် အေးချမ်းစွာနေထိုင်ပါ၊ သားသမီးများ မကြာမီမွေးဖွားပါ၊ သဟဇာတရှိစွာ နေထိုင်ပါ၊ တစ်ယောက်ကိုတစ်ယောက် ကြင်နာပါ၊ အတူတူအိုမင်းပါ၊ အတူတူပေါင်းသင်း‌ နေထိုင်ပါ…

ဤအရာများကို တစ်နေကုန်ထိုင်ကာ သူမ မည်သို့ နားထောင်နိုင်မည်နည်း။

သူမသည် မင်္ဂလာပွဲမတိုင်မီညအထိ ခက်ခက်ခဲခဲစောင့်ဆိုင်းခဲ့ရသည်။ လင်းမိသားစု၏ ဒုတိယအဒေါ်သည် ထပ်မံရောက်ရှိလာ၏။ သူမသည် နားလည်ရခက်သော အမူအရာဖြင့် မျက်နှာသည်လည်း ထူးဆန်းစွာဖြင့် နီရဲနေ၏။

“ဒါ-ဒါ အဒေါ်ပြောရမယ့် စကားမဟုတ်ပါဘူး။ဒါပေမဲ့ မင်းရဲ့မိသားစုမှာ အမျိုးသမီးမရှိဘူးဆိုတော့ နန်းတော်က အထိန်းတော်တွေက အိမ်ရှေ့စံမင်းသားကိုပဲ ဂရုစိုက်ကြမှာ စိုးရိမ်လို့ ဒီအကြောင်းကို ရှင်းပြဖို့ သူတို့က အဒေါ့် ကို လာခိုင်းတာပါ သခင်မ‌လေး…” လင်းစန်းကျစ်သည် မျက်နှာနီမြန်း

နေကာ စာအုပ်တစ်အုပ်ကို ရှဲ့ချောင်၏ လက်ထဲသို့ ထိုးထည့်လိုက်၏။

ရှဲ့ချောင်သည် ပါးစပ်ဟလျက် ခဏမျှ ငြိမ်သက်သွား၏ ။

လင်းမိသားစု၏ ပထမအဒေါ်သည် အကြီးဆုံးဖြစ်သော်လည်း သူမတစ်သက်လုံး လက်မထပ်ခဲ့ဖူးသည့်အတွက် ဤအရာကို သူမအား သင်ကြားရန် မသင့်လျော်ပေ။

သို့သော်လည်း သူမသည် ဤအရာကို လုပ်ရမည်ဖြစ်၏။

မည်သို့ပင်ဆိုစေကာမူ သူမသည် အမှန်တကယ် ငယ်ရွယ်ပြီး အသက် ၂၇ နှစ်သာရှိသေး၏။ ရှဲ့မိသားစု၏ အခြေအနေသည် အမှန်တကယ် မျှော်လင့်ချက်မဲ့နေသဖြင့် သူမသည် ဤအရာကို အားတင်းပြီးပြောခဲ့ရ၏။ “မင်း-မင်းရဲ့ခင်ပွန်းနဲ့ ရင်းနှီးတဲ့အခါမှာ အရမ်းအလျင်လိုလို့မရဘူး… ဒါက သမီးရဲ့ပထမဆုံးအကြိမ်ပဲ။ အရမ်းစိတ်လှုပ်ရှားနေရင် ခန္ဓာကိုယ်ကို ထိခိုက်နိုင်တယ်၊ ဒါကြောင့် ကိုယ့်ကိုယ်ကို ထိန်းချုပ်ရမယ်။ အထူးသဖြင့် နေမကောင်းတဲ့အခါမျိုးမှာပေါ့။ မသင့်လျော်ဘူးလို့ ခံစားရရင် ကိုယ့်ကိုယ်ကို ဦးစားပေးဂရုစိုက်ရမယ်… ဒီစာအုပ်ကို ကြည့်လိုက်ပါ။ နားမလည်တာတစ်ခုခုရှိရင်…”

လင်းစန်းကျစ်၏ မျက်နှာသည် နီရဲနေသဖြင့် သူမသည် ဘာမှမပြောနိုင်ပေ။ သူမသည် စကားထစ်အ ပြီး အလွန်ရှုပ်ထွေးနေပုံရသည်။

ရှဲ့ရှီအား ထိုသို့ပြောရမည်ဆိုပါက သူမသည် ပို၍ပင် ရှက်စရာကောင်းသွား ပေမည်။

သို့သော်လည်း သူမသည် ဤသခင်မလေးအား ရင်ဆိုင်နေရ၏။

ဤသခင်မလေးရှဲ့သည် နတ်သမီးတစ်ပါးနှင့်တူသည်။ ပုံမှန်အားဖြင့် သူမသည် သခင်မလေး၏အနားသို့ အနီးကပ်သွားရန် မဝံ့ရဲပေ။ သို့သော်လည်း ယခုတွင်မူ သူမသည် ထိုသို့သော မလျောက်ပတ်သည့် စကားမျိုးကို သူမ၏ရှေ့တွင် ပြောရမည်ဖြစ်၏။ သူမသည် ဤသခင်မ‌လေးအား နေရခက်အောင်ပြုမူနေသည်ဟု ခံစားနေရသည်။ ၎င်းသည် အလွန်ရှက်စရာကောင်းပေ၏ ။

လင်းစန်းကျစ်၏ မျက်နှာသည် နီမြန်းနေပြီး ရှဲ့ချောင်သည်လည်း သူမ၏မျက်နှာ ပူလောင်နေသည်ကို ခံစားရ၏။

“လမ်းညွှန်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် အဒေါ် ” ရှဲ့ချောင်သည် ယခုအခါတွင် အလွန်ယဉ်ကျေးနေပေ၏။

လင်းစန်းကျစ်သည် သူမအား နှစ်လိုဖွယ်ကြည့်လိုက်ပြီးနောက် “သမီးက နူးညံ့တဲ့ စရိုက်ရှိပြီး ကျန်းမာရေးတော့မကောင်းဘူး။ သမီးရဲ့အဖေနဲ့ မောင်‌လေးတို့က သမီးကို ဒီအတိုင်းလက်ထပ်ပေးရမှာကို အရမ်းစိုးရိမ်နေမှာပဲ။ အခုလိုမျိုး သြဇာကြီးတဲ့ မိသားစုအကြောင်း အဒေါ် အများကြီးတော့မသိပါဘူး၊ ဒါပေမဲ့ သာမန်မိသားစုမှာဆိုရင် ခင်ပွန်းနဲ့ဇနီးက အရာရာကို တိုင်ပင်ဆွေးနွေးရမယ်ဆိုတာကိုတော့ အဒေါ်သိတယ်။ ဇနီးတစ်ယောက်အနေနဲ့ သမီးက ယောက္ခမတွေကို ရိုသေပြီး ခင်ပွန်းကို

ဂရုစိုက်ရမယ်။ ဒါပေမဲ့ တကယ်လို့ အဆင်မပြေတာတစ်ခုခုရှိရင် ဖုံးကွယ်မထားသင့်ဘူး။ သမီးက အရမ်းလှတယ်။ ပိုပြီး ဆွဲဆောင်မှုရှိတဲ့ပုံစံလေးနဲ့နေပြီး ရှက်မနေဘဲ တခြားသူတွေနဲ့ စကားပြောပါ…”

လင်းစန်းကျစ်သည် ဤသခင်မလေး၏ ကျန်းမာရေးအတွက် အမှန်တကယ်စိုးရိမ်နေ၏။

သူတို့သည် သေးသိမ်သော မိသားစုမှ ဆင်းသက်လာသူများဖြစ်သဖြင့် အိမ်ရှေ့စံမင်းသားသည် မည်သို့သောသူဖြစ်သည်ကို မသိကြပေ။

ပြည်သူများသည်လည်း အိမ်ရှေ့စံမင်းသား၏အကြောင်းကို များများစားစားမသိကြပေ။

သူတို့သည် ရှဲ့ရှီထံမှ အကြောင်းအရာအချို့ကို ရံဖန်ရံခါကြားရသော်လည်း အများစုမှာ အိမ်ရှေ့စံမင်းသားသည် ရှဲ့မိသားစုအား တစ်စုံတစ်ရာပေးခဲ့ကြောင်း ပြောဆိုကြ၏။

သူတို့သည် အိမ်ရှေ့စံမင်းသား၏ စရိုက်လက္ခဏာ မည်သို့ရှိသည်ကို မသိကြပေ။ သူသည် ရက်စက်ကြမ်းကြုတ်သောလူဖြစ်ပါက ရှဲ့ချောင်၏ ခန္ဓာကိုယ်အားနည်းနေခြင်းသည် ခံနိုင်ရည်ရှိမည်မဟုတ်ကြောင်းကိုလည်း စိုးရိမ်ခဲ့ကြ၏။

သို့သော်လည်း သူသည် အမှန်တကယ်ပင် ဆိုးရွားသည့်လူဖြစ်ပါက ရှဲ့မိသားစု၏ ဖခင်နှင့်သားဖြစ်သူတို့သည် ဤလက်ထပ်ထိမ်းမြားမှုကို ကျေနပ်မည်မဟုတ်‌ကြောင်း သူတို့သည် ယူဆခဲ့၏။ သူတို့သည် သူတို့၏ စိုးရိမ်မှုများကို မျိုသိပ်ထားရုံသာ တတ်နိုင်ခဲ့၏။

••••••

အခန်း ၁၀၈၄ လက်ထပ်ထိမ်းမြားခြင်း

ရှဲ့ချောင်၏ ခန္ဓာကိုယ်သည် အားနည်းနေကြောင်း ခံစားမိသည့် လင်းမိသားစုကဲ့သို့သော လူများစွာရှိ၏။

သို့သော်လည်း သူတို့သည် စေတနာနှင့် စိုးရိမ်ပူပန်ကြသော်လည်း အခြားသူများ မည်သို့ ထင်မြင်သည်ကို ပြောရခက်သည်။

ထိုအချိန်တွင် လင်းစန်းကျစ်သည် ရှဲ့ချောင်အား အားသာချက်များကို အသုံးပြုရန်နှင့် ထိခိုက်ဆုံးရှုံးမှု မဖြစ်စေရန်တို့ကို အဓိကအားဖြင့် ပြောပြခဲ့၏။

ရှဲ့ချောင်သည် ကမ္ဘာပေါ်တွင် အမြင့်မြတ်ဆုံး ဂုဏ်ကျက်သရေအရှိဆုံးမိသားစုနှင့် ထိမ်းမြားတော့မည် ဖြစ်သည်။ သူမသည် အနာဂတ်တွင် ကောင်းမွန်သောဘဝကို မပိုင်ဆိုင်နိုင်ပါက သူမ၏မိသားစုသည် သူမအတွက် မည်သည့်လုပ်ပိုင်ခွင့်မျှ ရှိမည်မဟုတ်ပေ။

ထိုညတွင် ရှဲ့ချောင်သည် တော်တော်နှင့်အိပ်မပျော်ခဲ့ပေ။

မိုးမလင်းမီတွင်ပင် အပြင်ဘက်၌ စည်ကားနေပြီဖြစ်၏။

အလှပြင်ပေးသည့်အမျိုးသမီးသည်လည်း ရောက်ရှိလာပြီး သူမအား သပ်သပ်ရပ်ရပ်ပြင်ဆင်ပေးသည်။

မင်္ဂလာဝတ်စုံသည် လေးလံ‌ပေ၏။ ၎င်းကို နန်းတော်မှ ပန်းထိုးပညာရှင်အမျိုးသမီးတစ်ဦးက ပန်းထိုးခဲ့ခြင်း ဖြစ်သည်။ ပုံစံများသည် ရှုပ်ထွေးသော်လည်း အလွန်တန်ဖိုးကြီးပုံပေါ်ပြီး ခမ်းနားထည်ဝါလှ၏။ သို့သော်လည်း မင်္ဂလာဝတ်စုံကို ဝတ်ဆင်သောအခါ အလွန်လေးလံသဖြင့် ရှဲ့ချောင်သည် အသက်ပင်မရှူနိုင်ပေ။

ဝတ်စုံသည် ကောင်းမွန်သော်လည်း ပို၍အရေးကြီးသည်မှာ သူမ၏မျက်နှာပင်ဖြစ်၏။ သူမ၏မျက်နှာမှ အပေါ်ယံအရေပြားတစ်လွှာအား ကုတ်ခြစ်ခံလိုက်ရသကဲ့သို့ ခံစားရပြီးနောက် မိတ်ကပ်အများအပြားကို သူမ၏မျက်နှာပေါ်တွင် လိမ်းခြယ်လိုက်၏။ လူအုပ်စုတစ်စုသည် သူမ၏ရှေ့တွင် သွားလာလှုပ်ရှားနေကြသည်။ သူမတွင် မှန်ကြည့်ရန်ပင် အချိန်မရှိပေ။ သူမ၏ အနီရောင်နှုတ်ခမ်းနှင့် ဖြူဖွေးသောမျက်နှာသည် ထိတ်လန့်ဖွယ်ကောင်းသော နှစ်ပေါင်းတစ်ထောင်သက်တမ်းရှိသော အမျိုးသမီးမကောင်းဆိုးဝါးဝိဉာဉ် နှင့်တူနေသည်ဟူ၍သာ သူမခံစားရ၏။ “အစ်မကြီးက အရမ်းလှတာပဲ” ရှဲ့ရှီသည် မည်သည်ကိုမှမသိဘဲ သူမအား လာရောက်အဖော်ပြု‌ပေး၏။

ရှဲ့ချောင်သည် ရှင်သန်လိုစိတ်မရှိတော့သကဲ့သို့ အတင်းအကြပ် ပြုံးပြလိုက်၏။

“သခင်မလေး၊ ပင်ပန်းနေပြီလား” မိတ်ကပ်လိမ်းပေးနေသည့် အမျိုးသမီးသည် သူမအား ကြည့်လိုက်ပြီး အနည်းငယ်စိုးရွံ့သွား၏။ သူမသည် သခင်မလေး ပင်ပန်းနွမ်းနယ်မှုကြောင့် မူးလဲသွားမည်

ကို စိုးရိမ်နေ၏။ “ဒီနေ့အတွက် သခင်မ‌လေးကို အတတ်နိုင်ဆုံး လွယ်ကူအောင်လုပ်ပေးဖို့ ကြိုးစားထားပါတယ်။ ဒီဖီးနစ်သရဖူကို အကြိမ်အနည်းငယ်တော့ ပြောင်းလဲပြင်ဆင်ခဲ့ပြီးပါပြီ။ အိမ်ရှေ့စံမင်းသား ကိုယ်တိုင် စစ်ဆေးခဲ့တာ။ သူက အရမ်းလေးလံမှာကို စိုးရိမ်ပြီး သခင်မလေးရဲ့လည်ပင်းကို ထိခိုက်မှာကို စိုးရိမ်နေတာ”

ရှဲ့ချောင် သဘောပေါက်သွား၏။

သာမန်လူများသည် မင်္ဂလာပွဲတစ်လျှောက်လုံး သေလုမတတ် ပင်ပန်းနွမ်းနယ်ကြရာ တော်ဝင်မိသားစုအဖို့ကား ပို၍ပင်ဆိုးရွားပေမည်။

ရှဲ့ချောင်သည် ဘေးတွင်ထားရှိသည့် ဖီးနစ်သရဖူကို ကြည့်လိုက်သည်။ ၎င်းသည် အမှန်တကယ်ပင် လှပ၏။

၎င်းသည် သာမန်သရဖူ အရောင်ထက် အနည်းငယ်အရောင်ဖျော့ပုံရသော်လည်း လက်ရာသည် ပို၍ ရှုပ်ထွေးပုံရသည်။ အပေါ်ပိုင်းရှိ ရွှေရောင်အတောင်များသည် အလွန်ပါးလွှာ၏။ အနည်းငယ်လှုပ်ရှားလိုက်ရုံဖြင့် ၎င်းတို့သည် အတောင်ပံဖြန့်ကာ အမြင့်သို့ပျံသန်းတော့မည့်အလား ဖြစ်နေ၏။

ရှဲ့ချောင်သည် အသက်ရှူလိုက်ပြီး ကိုယ့်ကိုယ်ကို အားတင်းလိုက်သည်။

၎င်းသည် အစပိုင်းသာ ရှိသေး၏ ။

ခဏအကြာတွင် ကောင်းချီးပေးသည့်အမျိုးသမီးများစွာ ရောက်ရှိလာကြ၏။ မင်္ဂလာအခါတော်ပေးတို့၏ လမ်းညွှန်မှုအောက်တွင် မင်္ဂလာပွဲမတိုင်မီ မင်္ဂလာစကားများကို ပြောကြသည်။

“ပထမအကြိမ် ဆံပင်ဖြီးခြင်းဖြင့် စိတ်ချမ်းသာကိုယ်ကျန်းမာပြီး အချစ်မေတ္တာများ ထာဝရတည်မြဲပါစေ။

“ဒုတိယအကြိမ် ဆံပင်ဖြီးခြင်းဖြင့် ကံကောင်းခြင်းတွေကို ယူဆောင်လာပြီး နုပျိုမှုနဲ့ အလှတရားတွေ ထာဝရတည်မြဲပါစေ။"

“တတိယအကြိမ် ဆံပင်ဖြီးခြင်းဖြင့် ငြိမ်းချမ်းမှုနဲ့ ကြွယ်ဝချမ်းသာမှုကို ယူဆောင်လာပြီး သားသမီးများစွာကို ထွန်းကားကာ သက်ရှည်ပါစေ။ ကြွယ်ဝမှုနဲ့ ဂုဏ်ကျက်သရေအတွက် စိုးရိမ်ပူပန်စရာမရှိပါစေနဲ့” ၎င်းတို့သည် သတို့သမီးလောင်းအား ကြိုဆိုနေကြခြင်း ဖြစ်သည်။

အပြင်ဘက်တွင် သီချင်းသံများနှင့် ဗုံသံများအပြင် မီးရှူးမီးပန်းများလည်း ရှိ၏။ ရှဲ့ချောင်၏ ဆံပင်ရှည်များကို ဆင်ယင်ထုံးဖွဲ့ထားပြီး ဖီးနစ်သရဖူသည် လျှောကျနေသဖြင့် သူမ၏မြင်ကွင်းကို ပိတ်ဆို့နေ၏။

ပတ်ဝန်းကျင်မှ ပျော်ပွဲရွှင်ပွဲသံများသည် ပို၍ကျယ်လောင်လာ၏။ ရှဲ့ချောင်သည် လူများ မည်သည်တို့ပြောနေသည်ကို ရှင်းရှင်းလင်းလင်းမကြားရတော့ပေ။

သူမသည် မည်မျှကြာအောင် စောင့်ဆိုင်းခဲ့ရသည်ကို မသိလိုက်ပေ။ သို့သော်လည်း သူမသည် လက်ချင်းတွဲကာ အပြင်သို့ ခေါ်ဆောင်ခြင်းခံခဲ့ရသည်။

သူမသည် သူမ၏ဖခင်နှင့် မောင်လေးတို့အား နှုတ်ဆက်ပြီး မင်္ဂလာလှည်းယာဉ်ထဲသို့ ဝင်သွား၏။

၎င်းသည် လှုပ်ရမ်းနေပြီး လမ်းများပေါ်တွင်လည်း စည်ကားနေ၏။ လမ်းတစ်လျှောက်လုံးတွင် ပတ်ဝန်းကျင်မှ ဆူညံသံများကို သူမကြားနေရသည်။ အချိန်အတော်ကြာအောင် လုံးပန်းခဲ့ရပြီးနောက် ရှဲ့ချောင်သည် ကျောက်ရွှမ်ကျင်း၏ အဝတ်အစားအနားစကို ခဏတာသာ မြင်တွေ့ခဲ့ရ၏။ ထိုသူသည် ယနေ့ မည်သို့ပုံပန်းသဏ္ဌာန်ရှိသည်ကို သူမ မသိပေ။

သူမ၏နှလုံးခုန်သံများ မြန်နေ၏။

သူမတွေးနေစဉ်တွင် မင်္ဂလာလှည်းယာဉ်မှ မကောင်းဆိုးဝါးဝိဉာဉ် လွင့်မျောလာ၏။

“ဆရာမ ဒီနေ့ လက်ထပ်တော့မယ်လို့ ဘိုးဘေးကပြောတယ်၊ ဒါကြောင့် ကျွန်တော်တို့ကို လိုက်ပို့ခိုင်းတာပါ”

“မ‌ကောင်းဆိုးဝါးဝိဉာဉ်အနေနဲ့ ပို့‌ဆောင်ပေးဖို့ မရှိပေမဲ့ ဒီနေ့တော့ ဆရာမအတွက် အတတ်နိုင်ဆုံး ကာကွယ်ပေးပါ့မယ်။ လွင့်မျောနေတဲ့ဝိညာဉ်တွေနဲ့ မတိုက်မိအောင် ဆရာမနဲ့ ဝေးဝေးမှာနေခိုင်းပါ့မယ်” ပိုင်လိမိသားစု၏ မကောင်းဆိုးဝါးဝိဉာဉ်မှ ပြော၏။

သူသည် ကုလားကာကိုမှီကာ စကားအနည်းငယ်သာပြောပြီးနောက် လွင့်မျောပျောက်ကွယ်သွား၏။

ရှဲ့ချောင် ယနေ့ ဝတ်ဆင်ထားသည့် အဝတ်အစားများသည် အတွင်းပိုင်းမှ အပြင်ပိုင်းအထိ လွန်စွာလက်ရာမြောက်လှပေ၏။ သူမတွင် အဆောင်လက်ဖွဲ့များမပါလာသလို ဝါးခြင်းတောင်းသည်လည်း သူမနှင့်အတူ မရှိပေ။ သူမသည် စိတ်ထဲတွင် အနည်းငယ်လေးလံနေပြီး ဤစကားများကို ကြားလိုက်ရသောအခါ အမှန်တကယ်ပျော်ရွှင်သွား၏။

ပိုင်လိမိသားစုမှ မကောင်းဆိုးဝါးဝိဉာဉ်တော်တော်များများ ရှိနေသေးသောကြောင့် ဤအကူအညီအနည်းငယ်သည် အမှန်တကယ် အထောက်အကူဖြစ်စေနိုင်၏။

ပုံမှန်အားဖြင့် လမ်းပေါ်တွင် လှည့်လည်နေသော မကောင်းဆိုးဝါးဝိဉာဉ်များသည် အသက်ရှင်နေသူများ မည်သည်တို့လုပ်နေသည်ကို ဂရုမစိုက်ကြပေ။ သူတို့ ဆူပူသောင်းကျန်းနေသည်မှာ ပုံမှန်ပင်ဖြစ်၏။

အိမ်ရှေ့စံမင်းသား၏ဘေးရှိ မကောင်းဆိုးဝါးဝိဉာဉ်အစောင့်များသည်လည်း ဘေးနှစ်ဖက်ကို လမ်းရှင်းပေးခဲ့သည်။ သို့သော်လည်း တန်းစီမှုသည် အလွန်ရှည်လျားပြီး သူတို့သည်အင်အား မလုံလောက်ခဲ့ပေ။ ယခုတွင်မူ ကျိပိုင်လိနှင့် အခြားသူများက စောင့်ကြည့်နေသဖြင့် အခြားမကောင်းဆိုးဝါးဝိဉာဉ်များလည်း သူတို့နှင့် ဝေးဝေးရှောင်ရန် အတတ်နိုင်ဆုံး ကြိုးစားကြ‌လေသည်။

••••••

All Chapters