← Chapters

အခန်း (၁၀၈၅-၁၀၈၈)

Vol. 56 Ch. 1085-1088

အခန်း (၁၀၈၅-၁၀၈၈)

Vol. 56 Ch. 1085-1088

အခန်း ၁၀၈၅ စိတ်လှုပ်ရှားမှု

နန်းမြို့တော်ထဲသို့ ဝင်ရောက်လာရာတွင် ခရီးလမ်းသည် မည်သည့်အနှောင့်အယှက်မှမရှိဘဲ စိတ်လှုပ်ရှားစရာကောင်းလှ၏။

ရှဲ့ချောင်သည် ဝေါယာဉ်ပေါ်တွင် အကြာကြီးထိုင်ခဲ့ရ၍ ပင်ပန်းနွမ်းနယ်နေ၏။ ဝေါယာဉ်ရပ်သွားသည်နှင့် သက်ပြင်းချလိုက်၏။ အနီရောင်ပိုးသားလိုက်ကာများကို လှစ်လိုက်၏။ သူမသည် ဆင်းရန်ပြင်ဆင်နေစဉ် ရုတ်တရက် ဟန်ချက်ပျက်သွား၍ လန့်သွား၏။

ကျောက်ရွှမ်ကျင်းသည် သူ၏ရှေ့မှလူကို ကြည့်လိုက်သည်။ သူ၏မျက်နှာပေါ်မှ အပြုံးသည် ထင်ရှားလှ၏။ သူမ လမ်းလျှောက်စရာမလိုစေရန် ပွေ့ချီလိုက်သည်။

နန်းတော်မှ အခမ်းအနားမှူးများသည်လည်း လန့်သွားကြ၏။ သို့သော် အိမ်ရှေ့စံမင်းသားသည် ယနေ့ ပျော်ရွှင်နေသဖြင့် စည်းမျဉ်းစည်းကမ်းနှင့် မညီ‌ကြောင်း မပြောရဲကြပေ။ အားလုံးသည် လိမ္မာပါးနပ်မှုရှိကြပြီး လုပ်ငန်းစဉ်ကိုသာ တာဝန်ယူဆောင်ရွက်နေကြသည်။

ထို့နောက် သူတို့သည် မိဘများကို အရိုအသေပြုကြသည်။

ရှဲ့ချောင်သည် ယခုအခါ ရုပ်သေးရုပ်သည် မည်သို့ဖြစ်ကြောင်း စစ်စစ်ပေါက်ပေါက် နားလည်သွား၏ ။

သူမသည် လိမ္မာပါးနပ်မှုရှိပြီး နာခံတတ်သည်။

အခမ်းအနားမှူးများမှ “အခမ်းအနား ပြီးဆုံးပါပြီ” ဟူ၍ ပြောလိုက်မှသာ သက်ပြင်းချနိုင်ခဲ့ပြီး မင်္ဂလာအခန်းသို့ ပို့ဆောင်ခံလိုက်ရ၏။

ရှဲ့ချောင်သည် ယနေ့ သူမနှင့်အတူ အစေခံတစ်ဦးကို ခေါ်ဆောင်လာခဲ့၏။ ချွင်းအာသည် သူမဘေးတွင် ကြော့ကြော့မော့မော့ ရပ်နေ‌လေသည်။ အခန်းထဲရှိ လူအားလုံး ထွက်သွားသောအခါ သူမသည် သွားရည်စာအချို့ကို တိတ်တဆိတ် ပေးလိုက်၏။ “ချွင်းအာ ဒီနေ့ အိမ်ရှေ့စံမင်းသားရဲ့ အခြေအနေက ဘယ်လိုလဲ” ရှဲ့ချောင်သည် မည်သူမှ မရောက်သေးသည်ကို အခွင့်ကောင်းယူကာ ဦးစွာ မေးလိုက်၏။

“အရှင့်သားက ဒီနေ့ အလွန်တရာ ခန့်ညားထည်ဝါနေပါတယ်” ချွင်းအာသည် ခေါင်းကုတ်ရင်း ဝတ်ကျေတမ်းကျေ ပြောလိုက်၏ ။

သူမသည် အိမ်ရှေ့စံမင်းသားအား မည်သို့ ကြည့်ဝံ့မည်နည်း။

ရှဲ့ချောင်လည်း စိုးရိမ်နေ၏။ သူမသည် ဤမင်္ဂလာပွဲကို ကိုယ့်သဘောနှင့်ကိုယ် သဘောတူခဲ့ပြီးမှ တွေဝေနေ၏ ။ မျက်စိတစ်မှိတ်အတွင်း သူမသည် သူ့ကို တကယ်ပင်လက်ထပ်လိုက်ပြီဖြစ်သည်။ အနည်းငယ် လက်တွေ့မကျသလို ခံစားရပြီး အထူးသဖြင့် ယနေ့အလွန်ပင်ပန်းနေ၏။ သူမ၏

ဦးနှောက်သေးသေးလေးသည် စဉ်းစားနိုင်တော့ပုံမရပေ။

မင်္ဂလာခန်းသို့ ဝင်ရောက်ပြီးနောက် သူမ၏ စိတ်ထဲတွင်…ညစ်ညမ်းသော မြင်ကွင်းများသာ ပြည့်နေသည်။ ၎င်းသည် ကလေးများအတွက် မသင့်တော်ပေ။

ဤခုတင်သည်… အတော်လေးကြီး၏။ သူမ လှိမ့်လိုက်လျှင်ပင် ပြုတ်ကျမည်မဟုတ်ပေ…

“အသိစိတ်ဝင်စမ်း၊ အသိစိတ်ဝင်စမ်း…” ရှဲ့ချောင်သည် တတွတ်တွတ် ရေရွတ်လိုက်၏။

“သခင်မလေး၊ ဘာပြောလိုက်တာလဲ” ချွင်းအာသည် အနည်းငယ် သံသယဖြစ်သွားသော်လည်း ချက်ချင်း စိတ်လှုပ်ရှားသွား၏။ “နှလုံးက နေလို့မကောင်းဘူးလား။ နန်းတွင်းသမား‌တော်ကို ခေါ်လိုက်ရမလား”

“မဟုတ်ဘူး၊ ငါ အဆင်ပြေပါတယ်။” ရှဲ့ချောင်သည် ထရပ်ပြီး လျင်မြန်စွာ ပြောလိုက်သည်။

သူမသာ နန်းတွင်းသမားတော်ကို တကယ်ခေါ်လိုက်လျှင် မနက်ဖြန်တွင် မြို့တော်ရှိ အထက်တန်းလွှာ မိသားစုအားလုံးသည် မင်းသမီး၏ မင်္ဂလာဆောင်နေ့တွင် သူမ၏ ဘဝလေးသည် သေလုနီးပါး ပင်ပန်းဆင်းရဲခဲ့ရသည်ကို သိသွားကြမည်ဖြစ်၏။

သင့်တော်ပေလိမ့်မည်လော။

မဟုတ်ဘူး၊ မဟုတ်သေးဘူး။

“ဆေးပါလာလား” ရှဲ့ချောင်သည် ဦးစွာ မေးလိုက်၏။

ချွင်းအာသည် ဤကိစ္စကို သတိရသောအခါ အမြန်ဆုံး ပစ္စည်းများကို ထုတ်လိုက်၏။ “သခင်မလေး၊ ကျွန်မ ဒါတွေကို ခေါင်းအုံးအောက်မှာ ထားလိုက်ရမလား။ တစ်ခုခုဖြစ်ခဲ့ရင် အချိန်မီ သောက်နိုင်တာပေါ့။”

ရှဲ့ချောင်၏ မျက်နှာသည် နီမြန်းသွား၏။

ကိုယ်လက်လှုပ်ရှားမှု အနည်းငယ်ပင်… ကြီးကြီးမားမား ကိစ္စမဟုတ်ပေ။ သူမသည် အစောပိုင်းက တွင်းတူးရာတွင်ပင် မပင်ပန်းခဲ့ပါ။

သူမသည် စိတ်မလှုပ်ရှားပေဘူးလော။ သူမ ယခုလောက်ကြာကြာ အသက်ရှင်ခဲ့ပြီး ယနေ့မှ နှလုံးခုန်နှုန်း အမြန်ဆုံးဖြစ်‌နေ၏။ ယခုလိုမျိူးမြန်မြန် ဆက်ခုန်နေလျှင် မင်္ဂလာမဆောင်မီတွင်ပင် မေ့လဲသွားမည်ကို စိုးရိမ်ရ၏ ။

သို့ဖြင့်၍ သူမသည် ဆေးတစ်လုံးယူ၍ ဒီတိုင်းသောက်လိုက်၏။

ခဏအကြာတွင် နောက်တစ်ဦး ရောက်လာ၏။

သူမသည် မင်္ဂလာအရက်ကို ယူဆောင်ပြီး မျက်နှာခြုံလွှာကို အပေါ်သို့လှန်ကာ မင်္ဂလာစကားအချို့ကို နားထောင်ခဲ့၏။

ရှဲ့ချောင်သည် နားထောင်ရင်း ထုံကျဉ်နေ၏။

သူမသည် အရက်ကို စိတ်တိုင်းကျ သောက်ပြီး တစ်ကျိုက်တည်း မော့ချလိုက်၏။ ပျော်ပွဲရွှင်ပွဲ ဆင်နွှဲရန် ရောက်လာသူများသည် ဤမြင်ကွင်းကို မြင်သောအခါ ပါးစပ်အဟောင်းသား ဖြစ်သွားကြသည်။ ဤသခင်မလေးရှဲ့သည် အနည်းငယ် ရဲတင်းပြီး ထိန်းသိမ်း၍မရကြောင်း ထင်ခဲ့ကြပြီး အမှန်တွင်လည်း လူဆိုးလူမိုက်၏ သမီးနှင့် တူနေ၏။ လူအများအပြားသည် ရှဲ့ချောင်အား မြင်ဖူးပြီး လှပကြောင်းကို မသိကြပါက သူမသည် သန်မာထွားကျိုင်းသည်ဟူ၍ သံသယရှိကြပေလိမ့်မည်။

မျက်နှာခြုံလွှာကို လှန်လိုက်သောအခါ ရှဲ့ချောင်၏ မျက်လုံးများ လင်းလက်သွား၏။ သူမ နောက်ဆုံးတွင် သက်သောင့်သက်သာ ဖြစ်သွားလေသည်။

သို့သော် သူမ၏ မျက်လုံးထဲသို့ ဝင်လာသူမှာ…

သူမ၏ မျက်နှာသေးသေးလေးအား နီမြန်းသွားစေခဲ့သည်။

ကျောက်ရွှမ်ကျင်းသည် ယနေ့ အထူးတလည် ခန့်ညားနေခဲ့သည်ကား အမှန်ပင်။

သူသည် ရွှေရောင်ခေါင်းဆောင်းကိုလည်း ဆောင်းထား၏။ ကြောက်မက်ဖွယ်ကောင်းပြီး မျက်ခုံးထူထူများသည် နားထင်နားအထိ ရောက်နေ၏။ လူအများ စေ့စေ့မကြည့်ဝံ့သော မြင့်မြတ်သည့် ဟန်ပန်မျိုးကို မွေးရာပါ ပိုင်ဆိုင်ထားသည်။ သူ၏ အနီရောင်ဝတ်စုံနှင့် ရွှေချည်ထိုးများသည် အလွန်အကျွံမများဘဲ ကမ္ဘာမြေသို့ ဆင်းသက်လာသော နတ်ဘုရားတစ်ပါးနှင့် ပိုတူပြီး တည်ကြည်ခန့်ညားပေသည်။

ရှဲ့ချောင်သည် ထိုမြင်ကွင်းကို မြင်သောအခါ တုန်လှုပ်သွား၏။ ထို့နောက် အခြားသူများ၏ အကြည့်များကို ခံစားမိသဖြင့် သူမသည် ခေါင်းကို ငုံ့၍ နာခံဟန်ဆောင်လိုက်သည်။

ကျောက်ရွှမ်ကျင်း၏ နှုတ်ခမ်းထောင့်တွင် ကြောက်စရာကောင်းသော အပြုံးတစ်ခု ပေါ်လာသည်။ သူသည် ရှဲ့ချောင်အား အရှင်လတ်လတ် ဝါးစားတော့မည့် သားရဲတစ်ကောင်နှင့်တူနေ၏။

ယနေ့ သူမသည် သူ၏အပိုင် ဖြစ်လာပေမည်။

•••••

အခန်း ၁၀၈၆ ညဉ့်ဦးယံ

သခင်မလေး၏မျက်နှာတွင် ရှက်‌သွေးဖြာနေသည်ကို မြင်သောအခါ အခြားသူများသည်လည်း သူမအား အနည်းငယ် စနောက်ကြ၏။ သို့သော် အိမ်ရှေ့စံမင်းသား၏ အရေးကြီးသောနေ့ဖြစ်သောကြောင့် သူတို့သည် ဆူဆူပူပူ မလုပ်ဝံ့ကြဘဲ နောက်ဆုတ်သွားကြ၏။

ချွင်းအာသည်ပင် ထိုအချိန်တွင် အမိန့်နာခံကာ ထွက်သွားရသည်။

ခဏအကြာတွင် အခန်းထဲ၌ လူရှင်းသွား၏။

လူနှစ်ဦးသာ ကျန်ရှိတော့သည်။

ထို့‌နောက် ရှဲ့ချောင်သည် သူ့အား ထပ်မံကြည့်ရန် ခေါင်းမော့လိုက်၏။

သူတို့သည် တစ်ဦးနှင့်တစ်ဦး အပြန်အလှန် စိုက်ကြည့်နေကြ၏။

သူသည် ခဏတာမျှ ရပ်တန့်သွား၏။ ကျောက်ရွှမ်ကျင်းသည် ရှဲ့ချောင်မှာ တောထဲမှ သမင်လေးတစ်ကောင်ကဲ့သို့ ခံစားရ၏။သူ့အား မုဆိုးကို မြင်လိုက်သကဲ့သို့ ကြည့်နေ၏။ သူမ၏ မျက်လုံးများသည် ပြူးကျယ်ဝိုင်းစက်နေပြီး အတော်လေး ထိတ်လန့်နေပုံရသည်။

ကျောက်ရွှမ်ကျင်းသည် သူ့လက်ကို ဆန့်ထုတ်လိုက်သည်…

ရှဲ့ချောင်သည် သူမ၏ မျက်လုံးများကို မှိတ်လိုက်၏။

ဖီးနစ်သရဖူကို ချွတ်လိုက်‌လေ၏။ ရှဲ့ချောင်၏ ခေါင်းသည် ပေါ့ပါးသွားပြီး မလုံမလဲဖြစ်ကာ ရှက်သွေးဖြာသွား၏ ။

သူမအား ရမ္မက်စိတ်ပြင်းပြသူဟူ၍ ဝေဖန်အပြစ်တင်၍မရပေ။အမှန်တွင် သူမသည် ဤကာလပတ်လုံး တိတ်ဆိတ်နေခဲ့ပြီး အခြားသူများက အမျိုးမျိုးပြောကြသည်ကို ကြားသောအခါ စိတ်ကူးမယဉ်ကြည့်ဘဲ မနေနိုင်ခဲ့ပေ။

သူမသည် တဏှာရာဂကင်းစင်သော ပညာရှိတစ်ဦးဖြစ်သည်။ သို့သော် အရက်သောက်ထားသည့် အရှိန်နှင့် သူမ၏ပတ်လည်တွင် ဖယောင်းတိုင်နီများ ထွန်းညှိထားသောကြောင့် သူမ၏စိတ်များ ထိန်းချုပ်ရခက်လာခဲ့၏။

“လုပ်ထုံးလုပ်နည်းအရဆိုရင် မင်း ကိုယ့်အဝတ်အစားတွေကိုကူပြီး ချွတ်ပေးသင့်တယ်” ကျောက်ရွှမ်ကျင်းသည် ရှဲ့ချောင် ငြိမ်သက်စွာထိုင်နေသည်ကို တွေ့၍ ပြောလိုက်၏။

ရှဲ့ချောင်သည် သူ့အား မျက်စောင်းထိုးချင်စိတ်များပေါ်လာ၏။

မည်သို့ ဖြစ်နိုင်မည်နည်း။

“ကိုယ် အရွယ်ရောက်ပြီးပါပြီ။ အတွေ့အကြုံ သိပ်မရှိပေမယ့် ကိုယ်က ယောကျ်ားတစ်ယောက်ပဲမို့။ ကြင်ရာတော်မင်းသမီး ကိုယ်တိုင် လုပ်ပေးဖို့ မလိုပါဘူး” ကျောက်ရွှမ်ကျင်းသည် လျင်မြန်စွာ ပြောလိုက်၏။ ထို့နောက် သူ၏ ရွှေရောင်သရဖူနှင့် အဝတ်အစားများကို ချွတ်လိုက်ရာ အနီရောင်ဝတ်ရုံသည် အောက်သို့ ကျသွား၏ ။

ရှဲ့ချောင် ရုတ်တရက် ထိတ်လန့်သွားသည်။

၎င်းသည် အနည်းငယ် တည့်တိုးဆန်မနေပေဘူးလား။

သူသည် သူကိုယ့်ကို စောင့်ဖြင့်အုပ်ပြီးမှ စကားစပြောသင့်ပေ၏။

သို့သော် အိမ်ရှေ့စံမင်းသား၏ အတွင်းအဝတ်အစားများသည် အလွန်သပ်ရပ်နေသည်။ ဝတ်ရုံချွတ်ပြီးနောက် သူသည် ထိုသို့အလျင်စလို လုပ်ရန် မလိုအပ်ပုံရ၏။ ရှဲ့ချောင်သည် ကိုယ့်ကိုယ်ကို အားပေးကာ ရိုကျိုးသော အပြုံး‌လေးပြုံးပြလိုက်သည်။ “ကျွန်မ ကျန်းမာရေးမကောင်းပါဘူး။ အရှင့်သား… ညင်ညင်သာသာ‌လေး လုပ်ပေးလို့ရမလား”

ကျောက်ရွှမ်ကျင်း၏ ရင်ဘတ် တုန်ယင်သွားပြီး အကြိမ်အနည်းငယ် ချောင်းဆိုးလိုက်၏။

ရှဲ့ချောင်သည် သူ၏ ရှက်ရွံ့နေသော ပုံစံကို ကြည့်ကာ ပို၍ပင် ပြုံးလိုက်၏။ သူမ၏ မျက်လုံးများသည် တောက်ပနေပုံရ၏။

“စိတ်မပူပါနဲ့ ချောင်ချောင်။ ကိုယ် သေချာပေါက် သတိထားပြီး ညင်သာပေးပါ့မယ်” ကျောက်ရွှမ်ကျင်းသည် သူ၏ စိတ်ခံစားမှုများကို ထိန်းချုပ်ပြီးနောက် အနားသို့ တိုးလာခဲ့သည်။သူ၏ မျက်လုံးများသည် တစ်မျိုးတစ်ဖုံ ဆွဲဆောင်မှုရှိနေ၏။

သူ၏ နွေးထွေးသော အသက်ရှူသံသည် သူမ၏ မျက်နှာပေါ်သို့ ကျရောက်လာပြီး အရက်နံ့သင်းသင်းလေးပါ ပါလာ၏။

ပိုးထည်အခန်းငယ်အတွင်းမှ ဖယောင်းတိုင်နီများသည် သူတို့နှစ်ဦး၏မျက်နှာကို နီမြန်းနေစေသည်။

ရှဲ့ချောင်သည်လည်း စောင်ဖြင့်အုပ်ကာ စကားပြောရန် မဖြစ်နိုင်ကြောင်း သိနေ၏။ ဤသို့လှပသောနေ့တွင် ကျောက်ရွှမ်ကျင်း ဘာမှမလုပ်ခဲ့ရင် သူသည် ယောကျ်ားတစ်ယောက် မဟုတ်ကြောင်း မှတ်ယူရပေလိမ့်မည်။

သူယောက်ျားပီသသည်မှာ သိသာထင်ရှားပေ၏။

ရှဲ့ချောင်၏ သွင်ပြင်သည် အမှန်ပင် ဆွဲဆောင်မှုရှိ၏။

သူမအား အမှန်အတိုင်း ပြောပြချင်နေ၏။ မင်္ဂလာဆောင်ပြီးပြီဖြစ်၍ သူမ မော့ချူးရှန်းဖြစ်သည်ကို သိကြောင်း ပြောပြလျှင်ပင် ဤလူသည် လွတ်လမ်းမရှိပေ။

သို့သော် ဤအခိုက်အတန့်တွင် သူ၏စိတ်ထဲ၌ ဘာမှမရှိ။

အပြင်ဘက်တွင် မီးရှူးမီးပန်းများ ပေါက်နေသကဲ့သို့ သွေးသားများလည်း ဆူပွက်စီးဆင်းနေ၏။

လက်ထဲတွင် နူးညံ့သောခါးလေးရှိနေချိန်တွင် သူ မည်သို့ခံနိုင်ရည်ရှိမည်နည်း။

သူသည် သူမကို အတင်းအကျပ် ဖိကပ်လိုက်၏။

အနီရောင်လိုက်ကာများ ကျလာသည်နှင့် အရိပ်နှစ်ခု ရောယှက်သွား၏။ သူတို့၏ ခန္ဓာကိုယ်များ တစ်ခုတည်း ဖြစ်သွားပြီး သူတို့၏စိတ်များသည် နဂါးငွေ့တန်းတစ်‌လျှောက်ခရီးနှင်နေသလိုပင် ဖြစ်၏။ နန်းတော်ထဲတွင် တေးဂီတများ တီးမှုတ်နေကြပြီး ခြင်္သေ့အကများဖြင့်လည်း ဖျော်ဖြေနေသည်။ သူတို့သည်တော့ ခုတင်ပေါ်တွင် လူးလိမ့်နေကြ၏။ သူတို့သည် တစ်ဦးနှင့်တစ်ဦး ချစ်မြတ်နိုးနေကြပြီး ကြာပန်းများနှင့်အတူ ပန်းများလည်း ပွင့်လန်းလာကြ၏။

ဉာဉ့်နက်နေပြီဖြစ်သော်လည်း သူတို့ အအေးဓာတ်ကို မခံစားရပေ။

လုပ်ငန်းစဉ်အားလုံး ပြီးဆုံးသွားသောအခါ ရှဲ့ချောင်၏ တစ်ကိုယ်လုံး ပြိုလဲတော့မည့်အလား ဖြစ်နေ၏။

သူမသည် ချွေးများရွှဲနေပြီး စောင်အောက်တွင် ရှက်ရွံ့စွာ ပုန်းအောင်းနေသည်။ သူမသည် ခေါင်းကိုသာ ဖော်ထားပြီး သူမဘေးနားမှ လူသည် သူမအား အရိုးထဲအထိပါ အရည်ပျော်သွားစေချင်နေပုံရ၏။

“ကျွန်မပြောစရာ တစ်ခုရှိတယ်… ပြောသင့် မပြောသင့်တော့ မသိဘူး” ရှဲ့ချောင်သည် သူမဟာ ကမ္ဘာပေါ်တွင် အဆိုးဆုံးလူ ဖြစ်ကောင်းဖြစ်နိုင်သည်ဟူ၍ ခံစားရ၏။

ယခုအချိန်သည် ချိုမြိန်သော စကားများပြောရမည့် အချိန်ပင် ဖြစ်သည်။သူမအနေဖြင့် သူ့အပေါ် ခံစားချက်များတိုးလာကြောင်း၊ သူ့အား ပို၍သဘောကျလာကြောင်း စသည့် ကောင်း‌မွန်သောစကားများ ပြောနေရမည် ဖြစ်သည်။

သို့သော် သူမတွင် ပြောရန်အချိန်မရလိုက်ပေ။အဘယ်ကြောင့်ဆိုသော် ဒီလူသည် စိတ်မရှည်လွန်းသောကြောင့်ပင်။

ကျောက်ရွှမ်ကျင်းသည် သူမ ဘာပြောချင်သည်ကို သိ၏ ။

သူသည် ရှဲ့ချောင်၏ ကိစ္စရပ်ကို သူမ၏ ဖခင်အရင်းထက်ပင် ပိုသိပေသည်။ “မင်း မပင်ပန်းဘူးလား။ အိပ်တော့လေ” ကျောက်ရွှမ်ကျင်းသည် သူမ၏ ခေါင်းကို သူ၏လက်မောင်းဖြင့်ပွေ့ဖက်ကာ

သူမ၏ မျက်လုံးများကို လက်ဖြင့်ဖုံးအုပ်လိုက်၏။

••••

အခန်း ၁၀၈၇ နောက်ထပ်နှစ်၉၀ကြာအောင် နေထိုင်ပါ

ရှဲ့‌ချောင်၏တစ်ကိုယ်လုံး နွေးထွေးနေခဲ့၏။ သူမသည် ခဏတာ စဉ်းစားပြီးနောက် ပျော်ပွဲရွှင်ပွဲကို ဖျက်လိုဖျက်ဆီး မလုပ်တော့ရန် ဆုံးဖြတ်လိုက်၏။ သူမသည် သူ၏လက်‌မောင်းဆီသို့ပြန်တိုးဝင်ကာ သက်တောင့်သက်သာ အိပ်ပျော်သွားခဲ့သည်။

သူမ ပြောချင်သည်မှာ မိသားစုအတွက် သေစေနိုင်သော ကံကြမ္မာကို ဆောင်ကြဉ်းခဲ့ရခြင်းပင်ဖြစ်၏။

အစောပိုင်းတွင် သူမသည် ကလေးယူလိုခဲ့သော်လည်း ယခုအခါ သူမ၏ သေစေနိုင်သော ကံကြမ္မာသည် မည်မျှ ပြင်းထန်ကြောင်း မသိတော့ပေ။ ကလေးမရနိုင်မည်ကို သူမ စိုးရိမ်ခဲ့သည်။

၎င်းသည် အရေးကြီးသော ကိစ္စဖြစ်၏။ သူမသည် ယခင်ကတည်းက ပြောပြခဲ့သင့်၏။ သို့သော် သူမသည် အနည်းငယ် တစ်ကိုယ်ကောင်းဆန်ခဲ့သည်။ အိမ်ရှေ့စံမင်းသား ရောက်ရှိလာခြင်းက သူမအား အမှန်ပင်ပျော်ရွှင်စေခဲ့၏။ သူမအတွက် သူသည် အမှန်ပင် ယုံလွယ်ပြီး လှည့်ဖြားရလွယ်ကူသူ ဖြစ်၏။ သူမသည် နှစ်ပေါင်းများစွာကြာအောင် စိတ်ငြိမ်သက်ခဲ့၏။ ဤသူကို ကြည့်ကာ သူမသည် သူ့နှင့် ရင်းနှီးချင်ခဲ့သည်။ ရေထဲတွင် ကူးခတ်နေသော ငါးတစ်ကောင်၏ ခံစားချက်ကို သူမ ခံစားလိုခဲ့၏။

သို့သော် ဤသူသည် သူမလက်ထဲတွင် ရှိနေချိန်တွင် သူမသည် အနည်းငယ် အပြစ်ရှိသလို ခံစားခဲ့ရ၏။ ၎င်းသည်လည်း အမှန်ပင် ဖြစ်၏။

သူမသည် မှိန်းရင်းဖြင့် အိပ်ပျော်သွားပြီး အလွန်ကောင်းမွန်စွာ အိပ်စက်ခဲ့သည်။

မနက်စောစောတွင် အိမ်တစ်အိမ်လုံးသည် မင်္ဂလာရှိသော အရောင်အဝါများ ဝန်းရံလျက် ပျော်ရွှင်မှုများဖြင့် ပြည့်နှက်နေခဲ့သည်။

သူမ မျက်လုံးဖွင့်လိုက်သောအခါ သူမသည် မှိန်းမောနေဆဲပင်။

သူမသည် လက်ထပ်ခဲ့ပြီးလေပြီ…

“နိုးပြီလား” ကျောက်ရွှမ်ကျင်းသည် သူ၏ လက်အားထောက်လျက် သူမကို ဘေးတ‌စောင်းကြည့်‌နေခဲ့၏။ “ကိုယ် စားဖိုမှူးကို ကြာစေ့ဟင်းချို၊ နှင်းပန်းကိတ်နဲ့ သက်ရှည်ခေါက်ဆွဲ လုပ်ခိုင်းထားတယ်။ မင်း ထပြီး ဒါတွေအားလုံး စားပြီးရင် ကိုယ်တို့ ခမည်းတော်နဲ့မယ်တော်ကို တွေ့ဖို့နန်းတော်ကိုသွားရမယ်။”

အားလုံး စီစဉ်ပြီးသား ဖြစ်၏ ။

ရှဲ့ချောင်သည် ခေါင်းကုတ်လျက် အိပ်ချင်မူးတူးဖြင့် ပြောလိုက်၏။“သက်ရှည်ခေါက်ဆွဲက မွေးနေ့တွေအတွက် မဟုတ်ဘူးလား…”

“မင်းက ဘယ်လိုထင်လို့လဲ” ကျောက်ရွှမ်ကျင်းသည် သူမ၏ နှာခေါင်းကို တို့ထိရင်း ပြောလိုက်၏ “နောင်ကျ မင်း ခန္ဓာကိုယ်ကို ဂရုစိုက်ပြီး ကိုယ်နဲ့ နောက်ထပ် နှစ် ၉၀လောက်ထိနေပေါ့။ ဒါက သိပ်မများပါဘူး။”

ရှဲ့ချောင်သည် အနည်းငယ် ရှုပ်ထွေးနေပြီး သမ်းဝေလိုက်၏။ “မနက်စောစောစီးစီး ကျွန်မကို ဗေဒင်ဟောဖို့ လိုလို့လား။ ကျွန်မ သက်တမ်းတိုတယ်ဆိုတာ လူတိုင်းသိတယ်။”

“ဘာကို တိုရမှာလဲ” ကျောက်ရွှမ်ကျင်း၏ မျက်လုံးများသည် ပြုံးနေသော်လည်း အနည်းငယ် ခြိမ်းခြောက်နေသလို။

ရှဲ့ချောင်သည် လန်းလန်းဆန်းဆန်းပြန်ဖြစ်လာ၏။ “အပြင်ကလူတွေ ပြောတာ မှားတယ်။ ကျွန်မက အမတအရှင်တစ်ပါးဖြစ်သလို ကြင်ရာတော်မင်းသမီးလဲဖြစ်တယ်။ ကျွန်မက အရမ်း အစွမ်းထက်တာနော်။”

“ဟုတ်ပါတယ်” ကျောက်ရွှမ်ကျင်းသည် ခေါင်းညိတ်ပြီး သဘောတူလိုက်၏။ သူ၏လက်သည် အမြဲတမ်း အငြိမ်မနေပေ။ သူသည် သူမ၏နှာခေါင်းကို တို့ဆိတ်နေရာမှ ရပ်ပြီး ယခုတစ်ကြိမ်တွင် သူမ၏နားရွက်ဖျားကို လှမ်းဆွဲလိုက်၏။

ကျောက်ရွှမ်ကျင်း၏ တို့ဆိတ်နေမှုကြောင့် ရှဲ့ချောင်သည် ယားယံ‌နေခဲ့၏။ သူမသည် သူမ၏နားကို ညင်သာစွာ ကုတ်လိုက်၏။

သူတို့ အိမ်ထောင်ရေးခရီး၏ ပထမဆုံးနေ့တွင် ရှဲ့ချောင်သည် အိပ်ရာထဲတွင် ကြာကြာ မနေနိုင်ခဲ့ပေ။ သူမသည် အိပ်ရာထဲတွင် ခဏလောက် လူးလှိမ့်ပြီးနောက် ကိုယ်လက်သန့်စင်ရန် ထွက်သွားခဲ့သည်။

အခါအားလျော်စွာ သူမသည် ကျောက်ရွှမ်ကျင်းအား ခိုးကြည့်ခဲ့၏။

သူ၏ ခါးသည်… အလွန်ကြည့်‌ကောင်း၏။ ယခု ၎င်းသည် သူမ၏အပိုင် ဖြစ်လာခဲ့ပေပြီ။ သူမသည် နေ့စဉ် သေချာ စိတ်ကျေနပ်အောင် ကြည့်ရှုနိုင်ပြီဖြစ်၏။

သူ၏ မျက်နှာသည်တော့… မနေ့က မှောင်နေခဲ့ရာ ပတ်ဝန်းကျင်တစ်ဝိုက်ရှိ နီညိုရောင်များကြောင့် သူမသည် သူ့ကို ရှင်းရှင်းလင်းလင်း မမြင်နိုင်ခဲ့ပေ။ ယခုအခါ သူသည် အလွန်နီးကပ်နေသဖြင့် သူမသည် သူ့အား ယခင်ကထက် ပိုမိုရှင်းလင်းစွာ မြင်နိုင်ခဲ့သည်။

အရာအားလုံးသည် ပြီးပြည့်စုံပြီး သူ၏ကိုယ်သင်းနံ့သည်လည်း မပြင်းဘဲ သင်းပျံ့နေ၏။

ကျယ်ပြန့်ထူထဲသော ပခုံးများ၊ တောင့်တင်းသော ရင်အုပ်၊ ဖြောင့်တန်းသော ကျောပြင်၊ သွယ်လျသော ခါး၊ လှပသော တင်ပါးတို့နှင့် ပြည့်စုံ၏။ ခြေတံရှည်ပြီး အရပ်မြင့်သည့်အပြင် ဖြူဖွေးသွယ်လျသော လက်ချောင်းများလည်း ပိုင်ဆိုင်ထား၏။ သူသည် ကျက်သရေအပေါင်းနှင့် ပြည့်စုံပေ၏ ။

ကျောက်ရွှမ်ကျင်းသည် ရှဲ့ချောင် သူ့အား ကြည့်နေသည်ကို အစောပိုင်းကတည်းက သတိထားမိခဲ့သည်။

သူသည် ဂုဏ်ယူသည့်စိတ်ဝင်ခဲ့ပြီး အဝတ်အစားလဲသည်ကိုပင် ဖြည်းဖြည်းချင်း လုပ်နေခဲ့၏။ မနက်ခင်းနေရောင်ခြည်သည် ပြတင်းပေါက်မှတစ်ဆင့် ဝင်ရောက်လာပြီး သူ၏ တစ်ကိုယ်လုံး တောက်ပနေသကဲ့သို့ ဖြစ်နေခဲ့သည်။ သူ၏ နှုတ်ခမ်းများပေါ်တွင် ဆွဲဆောင်မှုရှိသော အပြုံးတစ်ပွင့်ရှိပြီး မျက်ခုံးလည်းပင့်ပြနေခဲ့၏ ထို့နောက် သူ၏ ကိုယ်နေဟန်ထားသည် ပေါ့ပါး‌နေ၏။ သူသည် ကောင်းကင်မှ နေမင်းပမာထည်ဝါ‌နေသည်။

ရှဲ့ချောင်သည် အလွန် ကျေနပ်နေခဲ့၏။

ယခင်က သူမ အပြင်ထွက်‌သောအခါ သူမ အကြောက်ဆုံးမှာ မျက်နှာတစ်ခုလုံး ဝမ်းနည်းမှုများပြည့်နက်နေသူကို တိုက်မိခြင်းပင်ဖြစ်၏။ထို‌နေ့တစ်နေ့လုံး ပျက်စီးသွားလိမ့်မည်ကို သူမ ခံစားရ၏။သို့သော် ယခုတွင် မျက်လုံးဖွင့်လိုက်သည်နှင့် သူ့ကိုသာ မြင်ရတော့၏။ ယခုမှပင် ရှဲ့ချောင်သည် ဤလက်ထပ်ပွဲကို လွန်စွာကျေနပ်ကြောင်း သဘောပေါက်တော့၏။

ကျောက်ရွှမ်ကျင်းအား အရမ်းသ‌ဘောမကျသော်လည်း သူ့ကို အရေးတယူ ဂရုစိုက်ခဲ့၏။ မဟုတ်လျှင် သူ့အတွက် ကောင်းမှုကုသိုလ်များ ပြုလုပ်ရန် အချိန်တိုင်း နေရာတိုင်း စဉ်းစားနေမည် မဟုတ်ပေ။

ရှဲ့ချောင်၏ မျက်နှာတွင် ပျော်ရွှင်သော အမူအရာများ ပေါ်လွင်နေခဲ့သည်။

ခဏအကြာတွင် မနက်စာ တည်ခင်းပေးခဲ့၏။

ထိုအခါမှသာ ကျောက်ရွှမ်ကျင်းပြောခဲ့သော သက်ရှည်ခေါက်ဆွဲသည်… ခေါက်ဆွဲသက်သက် မဟုတ်ကြောင်း ရှဲ့‌ချောင်သဘောပေါက်ခဲ့၏။

မနက်စာသည် အလွန်ခမ်းနားလှ‌ပေ၏။

ခေါက်ဆွဲဟု ပြောခြင်းထက် ဂျင်ဆင်းကြက်‌ပေါင်းရည်ဟု ပြောခြင်းက ပို၍သင့်တော်ပေမည်။ ၎င်းတွင် အားအင်ဖြည့်တင်းပေးနိုင်သော ဆေးဖက်ဝင်အပင်များ ပါဝင်သော်လည်း အရသာမှာ အလွန်ကောင်းမွန်သည်။ အခြားဟင်းလျာများသည် ပေါ့လွန်းသော်လည်း အလွန်စားချင်စဖွယ်ကောင်းလှ၏။ နှင်းပန်းကိတ်နှင့် ကြာစေ့ဟင်းချိုတို့သည်… လူသိနည်းသော ဟင်းလျာနှစ်ခုပင်။

••••••

အခန်း ၁၀၈၈ ရရှိမှုနှင့်ဆုံးရှုံးမှု‌အပေါ် စိုးရိမ်ပူပန်ခြင်း

ရှဲ့ချောင် မည်သည်ကနေ စရမှန်းပင် မသိဖြစ်နေ၏။

“အားလုံးကို နည်းနည်းစီ စားကြည့်။ နောက်ဆို နေ့တိုင်း ဒီလိုပဲစားရမှာ။ မင်းကကျန်းမာရေးမကောင်းဘူး၊ အရိုးအဆစ်တွေလည်း အားနည်းတယ်။ ပြီးတော့ နှစ်ရက်တစ်ခါ မင်းကို နန်းတွင်းသမားတော်က သွေးခုန်နှုန်းစမ်းသပ်ပေးလိမ့်မယ်။”

“မင်းခန္ဓာကိုယ်က အားနည်းတယ်ဆိုတာ ခမည်းတော်ကိုလည်း ပြောထားပြီးပြီ။ မလိုအပ်ရင် ခမည်းတော်နဲ့မယ်တော်တို့ကိုခစားဖို့ နန်းတော်ကို သွားစရာမလိုပါဘူး။ ကိုယ်မရှိရင်လည်း ခစားစရာမလိုဘူး။”

“ကိုယ် နန်းတော်ထဲမှာ နေရတာ မကြိုက်ဘူး။ မင်းပြန်လာရင် နန်းတော်အပြင်ဘက်က အိမ်ရှေ့စံနန်းဆောင်မှာ နေလို့ရတယ်” ကျောက်ရွှမ်ကျင်း ထပ်ပြောလိုက်၏။

“အရှင်မင်းကြီး…” ရှဲ့ချောင်သည် ပြောပြီးနောက် ဤအမည်နာမသည် မသင့်တော်ကြောင်း တွေးမိသောအခါ စကားကို ပြောင်း‌ပြောလိုက်၏။ “ခမည်း‌တော်က ရှင့်ကို အရမ်းအလိုလိုက်တယ် မဟုတ်လား။ တော်ဝင်‌ကျောင်းတော်မှာ နေတာက နားလည်ပေးလို့ရတယ်။ ဒါပေမယ့် ရှင်က နန်းတော်အပြင်ဘက်မှာ အိမ်ရှေ့စံနန်း‌ဆောင်ကိုပါ ဆောက်ထားသေးတာလား။ လက်ထပ်ပြီးတာတောင် သူက အပြင်မှာအတူတူနေဖို့‌ ခွင့်ပြုပေးသေးတာလား။”

နန်းတော်ထဲတွင် ပိုလုံခြုံကာ အစောင့်အရှောက်လည်း များ၏။

အပြင်၌ သူ့အား တစ်စုံတစ်ယောက် လုပ်ကြံမည်ဆိုလျှင် မတော်တဆမှုဖြစ်ရန် အလားအလာမှာ ပိုများ၏။

“ခမည်း‌တော်က ကိုယ့်ကို အလိုလိုက်နေကျ။ တစ်ရက်လောက် အလိုမလိုက်ရရင် သူကစိတ်ထဲတစ်ခုခုလိုနေသမျိုး တွေးပူနေတတ်တယ်” ကျောက်ရွှမ်ကျင်း ခပ်တည်တည်ဖြင့် ပြောလိုက်၏။

ရှဲ့ချောင်သည် ဘာ‌ကြောင့်မှန်းမသိ သူသည်အရိုက်ခံထိုက်ကြောင်း ခံစားရ၏။

“မင်း နန်းတော်ထဲက အခြေအနေကို ရှင်းရှင်းလင်းလင်း သိထားသင့်တယ်။ မကြာသေးခင်က မင်းသားတချို့ မြို့တော်ကို ရောက်လာလို့ နည်းနည်းတော့ ဆူပူနေတယ်။ ပုံမှန်ရက်တွေမှာ သူတို့နဲ့တွေ့တဲ့အခါ ကိုယ်ရှိနေရင် ဘာမှပြောစရာမလိုဘူး။ ကိုယ်မရှိရင်တော့ မင်းကြိုက်တာပြောလို့ရတယ်။ ပြင်းထန်တဲ့ စကားတွေ ပြောရင်လည်း ကိစ္စမရှိဘူး။”

“ကောင်းပြီ” ရှဲ့ချောင် ခေါင်းညိတ်လိုက်၏။

“အိမ်ရှေ့စံနန်းဆောင်မှာ စာရင်းတွေ စီမံခန့်ခွဲဖို့ စီမံခန့်ခွဲသူတွေ ရှိတယ်။ သူတို့အားလုံးက ယုံကြည်စိတ်ချရတဲ့သူတွေပါ။ သေးသေးမွှားမွှား ကိစ္စတွေကို သူတို့ဆီ အပ်ထားလို့ရတယ်။ မင်းအချိန်ရရင်

အပြင်ထွက်ကြည့်လို့လည်း ရတယ်” ကျောက်ရွှမ်ကျင်းသည် သွယ်ဝိုက်သော အဓိပ္ပာယ်နှင့် ပြော၏။ “ဒီနေ့ကစပြီး မင်းနဲ့ကိုယ့်မှာ ရည်ရွယ်ချက်တစ်ခုပဲ ရှိတော့တယ်…”

သူသည် ရှဲ့ချောင်အား စိုက်ကြည့်လိုက်၏။ ရှဲ့ချောင် ခဏစဉ်းစားပြီးနောက် အိမ်ရှေ့စံမင်းသားဆီမှ အရိပ်အမြွက်ရရန် ကြိုးစား၏

သူမ တွေဝေစွာဖြင့် မယုံသင်္ကာမေးလိုက်၏၊ “အသက်ရှည်ဖို့လား”

“မှန်တယ်” ကျောက်ရွှမ်ကျင်း ခေါင်းညိတ်လိုက်၏။ “မင်းနဲ့ကိုယ် အသက်ရှင်ဖို့ တိုက်ခိုက်ရမယ်။ ကိုယ်တို့ အသက်ပိုရှည်လေ အတူတူ ပိုကြာကြာ နေနိုင်လေပဲ။”

ရှဲ့ချောင်သည် သူမ၌ ယုံကြည်မှု အပြည့်အဝမရှိသည်ကို ခံစားရ၏။

ကျောက်ရွှမ်ကျင်းသည် လေးလေးနက်နက် ပြောနေပုံရ၏။ သူ၏ပထမဦးစားပေးမှာ သူမကို အသက်ရှည်ရှည်‌နေထိုင်စေလိုခြင်းပင်။

“ရှင်က တိုင်းပြည်ရဲ့ အိမ်ရှေ့စံမင်းသားပဲ။ ဒီရည်ရွယ်ချက်က နည်းနည်းလေး လွယ်လွန်းနေတာ မဟုတ်လား။ ကျွန်မဘာသာ အကောင်းဆုံး ကြိုးစားမှာပါ။ ရှင်က ပင်လယ်၊ မြစ်နဲ့ တိုင်းပြည်ရဲ့ငြိမ်းချမ်းရေးအတွက် ကတိပေးတာ ပိုကောင်းပါလိမ့်မယ်…” ရှဲ့ချောင်သည် သူ့အပေါ်မမှီခိုချင်ပေ။

ယနေ့ ဟင်းပွဲများကို ကြည့်ပါဦး။ အလွန်ပင် ခမ်းနားပေ၏။ သူမ ယင်းအတွက်မတတ်နိုင်ပေ။

ဤတစ်နပ်စာ၏ကုန်ကျစရိတ်သည် မည်မျှရှိသနည်း…

ယခုကဲ့သို့ ဇိမ်ကျကျ နေထိုင်စားသောက်သည်ကိုလူအများ သိသွားလျှင် မကောင်းပေ။

“ကိုယ်က ငတုံး မဟုတ်ပါဘူး။ တိုင်းပြည်ငြိမ်းချမ်းရေးက ကိုယ့်တာဝန်မို့ ကိုယ် အတတ်နိုင်ဆုံး ကြိုးစားမှာပါ။ ဒါပေမယ့် ကိုယ့်ရဲ့ အကြီးမားဆုံး ဆန္ဒက မင်းကို အသက်ရှည်စေချင်တာပဲ” ကျောက်ရွှမ်ကျင်းသည် မနေ့ကတည်းက စိတ်ပိုင်းဖြတ်ထားပြီးဖြစ်၏။ သူသည် သူမ၏ လန်းဆန်းတက်ကြွကာ ဝင့်ကြွားနေသော ပုံစံအား ကြည့်ရသည်ကို သဘောကျ၏။ သူ၏ခါးကို ဆွဲကိုင်သည်ဖြစ်စေ၊ သူ့အား လှုပ်ရှားမှုနှေးကွေးစေရန် စိုက်ကြည့်သည်ဖြစ်စေ၊ သူမ အသက်ရှင်နေမှသာ သူ ပျော်ရွှင်ရမည်ဖြစ်၏။

သူမကို သေလုမျောပါး ဖြစ်နေတာမျိုး၊ အသက်ရှူကျပ်နေတာမျိုး သူ မမြင်ချင်ပေ။

ရှဲ့ချောင်သည် သူမ၏ ဘဝကို သူမ မပိုင်ဆိုင်တော့သလို ခံစားရ၏။

“ကောင်းပြီ၊ ရှင့်ရဲ့စကားကို နားထောင်ပါ့မယ်” ရှဲ့ချောင်သည် တည်ငြိမ်စွာဖြင့် ခေါင်းညိတ်လိုက်၏။

“ပြီးတော့ ကလေးယူတဲ့ ကိစ္စကို စိတ်ပူစရာမလိုဘူး။ မင်းနဲ့ကိုယ် ကောင်းမှုကုသိုလ်တွေ ပိုပြီး လုပ်

လို့ရပါတယ်။ ကိုယ်တို့ကျန်းမာရေးလည်း ပိုကောင်းလာနိုင်တယ်။ ကိုယ်တို့ ကံကြမ္မာတွေက တူညီလာလိမ့်မယ်။ ကိုယ်တို့ သေချာပေါက် ပြောင်းလဲနိုင်ပါတယ်” ကျောက်ရွှမ်ကျင်း ထပ်ပြော၏။

ရှဲ့ချောင်သည် ရိုကျိုးစွာ ခေါင်းညိတ်လိုက်၏။

ကောင်းပြီ၊ ကောင်းပြီ။

ရှဲ့ချောင်သည် ဟန်ဆောင်ကောင်းပေ၏။ ကျောက်ရွှမ်ကျင်း ဘာပြောပြော ခေါင်းညိတ်၏။ သူမသည် အသက်အန္တရာယ်ရှိသည်ကို ခံစားရသော်လည်း သူမ၏ စိတ်ထဲတွင် မျှော်လင့်ချက်တချို့ ရှိနေဆဲပင်။

စားသောက်ပြီးနောက် နန်းတွင်းဝတ်စုံကို ပြောင်းဝတ်ကာ ဧကရာဇ်နှင့်မိဖုရားကြီးကို အရိုအသေပေးရန် သွားရောက်ခဲ့၏။

ဧကရာဇ်သည် အုပ်ချုပ်ရေးကိစ္စများနှင့် အလုပ်ရှုပ်နေ၏။ သူမကို တွေ့ပြီးနောက် စာကြည့်‌ဆောင်သို့ သွား၏။ သို့သော် မိဖုရားကြီးဘက်တွင်မူ မင်းမှုထမ်းကတော်များ အများအပြားရှိ၏ ။

“အရှင့်သားက လက်ထပ်ပြီးပြီပဲ။ ဒီနှစ်မှာ ပျော်ပွဲရွှင်ပွဲတွေ များ‌တော့မှာပဲ။ နန်းတော်က နောင်ဆို ပိုပြီး စည်ကားလာတော့မှာ”ဧကရာဇ်၏ ကိုယ်လုပ်တော်တစ်ပါးမှ ပြော၏။

ရှဲ့ချောင်သည် ဤသူမှာ ဧကရာဇ်ဘေးမှ ကိုယ်လုပ်‌တော်ရွမ် ဖြစ်ကြောင်း ထင်မှတ်လိုက်၏။ သူမသည် ဧကရာဇ်၏ အကြီးဆုံးသမီးတော်၏ မယ်တော်ဖြစ်၏။

အကြီးဆုံးသမီးတော်၏ မင်္ဂလာပွဲကို ဆုံးဖြတ်ပြီးလေပြီ။ နောက်လအနည်းငယ်အတွင်း လက်ထပ်လိမ့်မည်။

•••••

All Chapters