← Chapters

အခန်း (၁၀၈၉-၁၀၉၂)

Vol. 56 Ch. 1089-1092

အခန်း (၁၀၈၉-၁၀၉၂)

Vol. 56 Ch. 1089-1092

အခန်း ၁၀၈၉ လူသားဆန်သော

မင်းသမီးသုံးပါးလည်း ရောက်နေကြ၏။ သူတို့အားလုံးနှင့် ယောက်မတော်စပ်သဖြင့် ရှဲ့ချောင်သည် သူတို့ကို ခပ်ရေးရေးမှတ်မိလိုက်၏။ရှဲ့ချောင်သည် နောက်တစ်ကြိမ် ထပ်ကြည့်ရန် မမေ့ခဲ့ပေ။

ဧကရာဇ်မင်းမြတ်၏ အကြီးဆုံးသမီးတော်သည် ယခုအခါ ဆယ့်ရှစ်နှစ် ရှိပြီဖြစ်သည်။ ကိုယ်လုပ်တော်များသည် ချောမောလှပသော သားသမီးများကို မွေးဖွားပေးကြသောကြောင့် ဤသမီးတော်သည်လည်း သိပ်မဆိုးလှပေ။ ထို့အပြင်၊ လက်ရှိဧကရာဇ်သည် အသက်လေးဆယ်ကျော်ပြီ ဖြစ်သော်လည်း ခန့်ညားသော အသက်ကြီးကြီးအမျိုးသားတစ်ဦးနှင့်တူ၏။ ထိုကဲ့သို့သော မိဘများနှင့်အတူ၊ ဤတော်ဝင်မျိုးနွယ်စုမှ အမွေခံများအားလုံးသည်လည်း ချောမောလှပကြပေ၏။

မှန်ပေသည်။ အိမ်ရှေ့မင်းသားသည်တော့ အချောမောဆုံးဖြစ်၏။

သို့သော်လည်း၊ ရှဲ့ချောင်သည် ဤအကြီး‌ဆုံးသမီးတော်၏ မျက်နှာတွင် အချစ်ရေး ကံကြမ္မာကောင်းများ ရှိနေပြီး အနည်းငယ် စိုးရိမ်ပူပန်နေသည်ကို တွေ့ရှိခဲ့၏။ သူမ၏ မျက်လုံးအစွန်တွင် အနီကွက်တစ်ခု ရှိသည်။ မကြီးမားသော်လည်း နေရာသည် မကောင်းလှပေ။

သူမသည် ယနေ့ နန်းတော်သို့ ယောက္ခမများနှင့် တွေ့ဆုံရန် သွားခြင်းဖြစ်သောကြောင့် ဤအကြောင်းကို ပြောရန် မသင့်တော်ပေ။

၎င်းသည် အမျိုးသမီးများ၏ ပွဲဖြစ်သောကြောင့် အိမ်ရှေ့စံမင်းသား ဆက်နေရန် မသင့်တော်ပေ။ ခဏအကြာတွင် သူမတစ်ယောက်တည်းသာ ကျန်ခဲ့သည်။

သို့သော်လည်း ရှဲ့ချောင်သည် အတော်လေး ယုံကြည်မှုရှိပြီး အများရှေ့တွင် ကြောက်ရွံ့ခြင်း မရှိပေ။

အထူးသဖြင့် မကြာသေးမီက ဂူမိသားစုသည် သူမထံ လာရောက်လည်ပတ်ခဲ့ပြီး သူမသည် ကြီးမားသော အန္တရာယ်တစ်ခုကို ဖြေရှင်းခဲ့၏။ ၎င်းသည် ရှဲ့ချောင်၏ သတိပေးချက်ကြောင့်လည်း ဖြစ်သည်။ ထို့ကြောင့် မိဖုရားကြီးသည် သူမကို အလွန်ကျေနပ်အားရခဲ့၏။

သူမ၏ ခန္ဓာကိုယ်အခြေအနေ မကောင်းခြင်းမှာ ဝမ်းနည်းစရာပင်။ အိမ်ရှေ့စံမင်းသားသည် နောင်တွင် သားတော်မရှိလျှင် မည်သို့လုပ်ရမည်ကိုသာ သူမ စိုးရိမ်ပူပန်နေခဲ့သည်။ “မိဖုရားခေါင်ကြီးရဲ့ ချွေးမက ဒီနေ့ ကျွန်မကို အံ့အားသင့်စေတာပဲ။ သူမက အရမ်းလှတာပဲ။ တကယ်တော့ သူမရဲ့ ဖခင်ကဖမ်းဆီးခံရထားတဲ့ လူဆိုးဓားပြတစ်ယောက်လို့ ကြားထားတယ်။ သူမကတော့ အ့လိုပုံမပေါက်ပါဘူး” ရုတ်တရက် ဘေးမှ လှောင်ပြောင်သံတစ်ခု ထွက်ပေါ်လာ၏။

ဤစကားများကို ညင်သာစွာ ပြောဆိုခဲ့သော်လည်း အရာမဝင်ပေ။

ရှဲ့ချောင်သည်လည်း ဂရုမစိုက်ခဲ့ပေ။ သူမ၏ ဖခင်သည် အစကတည်းကပင် ဓားပြတစ်ဦး ဖြစ်ခဲ့သည်။ အတိတ်၌ သူသည် အမှန်တကယ်ပင် လူကြားထဲတွင် မထုတ်ဖော်ပြနိုင်သောသူ ဖြစ်ခဲ့သော်လည်း ယခုအခါ သူသည် မှန်ကန်သော လမ်းကြောင်းပေါ် လျှောက်လှမ်းခဲ့ပြီး အရာရှိတစ်ဦး

ဖြစ်လာခဲ့၏။

ပွင့်ပွင့်လင်းလင်း ပြောရလျှင် ဤမင်းဆက်၏ ပထမဆုံး ဧကရာဇ်သည် သစ္စာဖောက်တစ်ဦး ဖြစ်ခဲ့သည်။

“အိမ်ရှေ့စံမိဖုရား ဒါက ကြင်ရာတော်မင်းသမီးရုန်ပါ။ သူမက မကြာသေးခင်ကမှ မင်းသားရုန်နဲ့အတူ မြို့တော်ကို ရောက်လာတာပါ။ သူမက မြို့တော်က ကိစ္စတွေနဲ့တော့ သိပ်မရင်းနှီးပါဘူး” မိဖုရားကြီးသည် အတိုချုပ် မိတ်ဆက်ပေးခဲ့သည်။

ရှဲ့ချောင်သည် “မင်းသားရုန်” ဟူသော စကားလုံးကို ကြားသောအခါ သူမသည် ဤသူကို အကြိမ်အနည်းငယ် ထပ်မံ၍ ကြည့်မိ၏။

သူမ၏ မျက်နှာအသွင်အပြင်များမှာ… ရှဲ့ချောင် နှစ်သက်သည့် ပုံစံမျိုး မဟုတ်ပေ။

အကြိမ်အနည်းငယ် ကြည့်ပြီးနောက် သူမသည် အလွန် မျက်စိစူးသည်ကို ခံစားရ၏။ သူမသည် သူမကို ထပ်မံမကြည့်ချင်တော့ဘဲ ရိုကျိုးစွာ ထိုင်ချလိုက်၏။

“အိမ်ရှေ့စံမိဖုရား၊ ကျွန်မ မြို့တော်ကို အခုမှ ရောက်လာတာဖြစ်ပေမယ့် ရှဲ့မိသားစုရဲ့ ကိစ္စတွေအကြောင်း အများကြီး မကြားဖူးပါဘူး။ ဟောဒီက ရှဲ့သခင်မလေးအကြောင်းကို တကယ် သိချင်ပါတယ်။ အရင်က ကျွန်မ အရှင်မင်းသားကို ရှဲ့သခင်မလေးဆီကို လက်ဆောင်တွေ ပို့ပေးဖို့ ခွင့်ပန်ခဲ့ဖူးတယ်။ ဒါပေမဲ့ ဒီလိုဓားပြမျိုးက ဓ‌လေ့ထုံးတမ်းတွေကို ကောင်းကောင်း သိမယ်လို့ ဘယ်သူကသိမလဲ။ သူကအဲ့ဒီလက်ဆောင်ကို ဧကရာဇ်မင်းကြီးဆီကို ပေးပို့လိုက်တယ်လေ” ကြင်ရာတော်မင်းသမီးရုန်သည် ပြုံးနေခဲ့ပြီး အလွန်ရိုးရှင်းသော ကိစ္စကို ပြောနေသကဲ့သို့ ထင်ရ၏။

သို့သော်လည်း မနေ့ကမှ ရှဲ့ချောင် လက်ထပ်ခဲ့သည်။ ယနေ့တွင် သူမ၏ ရှေ့မှောက်၌ သူမကို အရှက်ရရန် ကြိုးစားနေခြင်း ဖြစ်၏။

ရှဲ့ချောင်သည် ညင်သာစွာ ပြုံးလိုက်ရာ နားဝင်ချိုဖွယ် ကောင်းလှပေ၏။

“အိမ်ရှေ့စံမိဖုရား ဘာလို့ ပြုံးနေတာလဲ။ ကျွန်မပြောတာကို သဘောတူလို့လား” ကိုယ်လုပ်တော်ရုန် ထပ်မေးခဲ့၏။

မိဖုရားကြီးသည် ဘာမှ မပြောခဲ့ပေ။

ရှဲ့ချောင်သည် ရှဲ့မိသားစု၏ သခင်မလေး မဟုတ်တော့ပေ။ သူမသည် အိမ်ရှေ့စံမိဖုရား ဖြစ်၏ ။

ဤမျှ ကြီးမားသော အဆင့်အတန်းဖြင့် ဤမျှသေးငယ်သော ကိစ္စကိုပင် သူမ မကိုင်တွယ်နိုင်လျှင် နောင်တွင် အပြင်ထွက်ရန် သူမအတွက် မသင့်‌တော်ပေ။ အိမ်၌သာ ပိတ်လှောင်ပြီး ပုန်းအောင်းနေခြင်းက ပိုသင့်တော်ပေမည်။

“ကြင်ရာတော်မင်းသမီးရုန် ပြောတာ မှန်ပါတယ်။ ဒီဘက်ခေတ်မှာ ဓားပြတွေတောင် အရာရှိဖြစ်နိုင်တာပဲ။ မဖြစ်နိုင်တာ ဘာများရှိအုန်းမလဲ။ကျွန်မဖခင်က ဓ‌လေ့ထုံးတမ်းတွေကို သိပါတယ်။ ကိုယ်လုပ်တော်ရုန်ရဲ့ မျက်လုံးထဲမှာတော့ ဘီလူးတစ်ကောင်က တူနဲ့စားတာ ရယ်စရာကောင်းပြီး တွေ့ရခဲနေမှာပေါ့။ ပြီးတော့ ပေးတဲ့လက်ဆောင်က လွန်ကဲသွားရင်လည်း… လူ့လောကီကိစ္စတွေကို စိတ်မဝင်စားတဲ့ လူတစ်ယောက်က တိရစ္ဆာန်လို ကိုက်ဖို့ သင်ယူတာမျိုးပေါ့။ ဒါမျိုးက တွေ့ရခဲပါတယ်”

“ကံကောင်းစွာနဲ့ပဲ ကျွန်မဖခင်က လူသားတစ်ယောက်ပါ။ ကြင်ရာတော်မင်းသမီးရုန်က ခန္ဓာကိုယ်ပေါ်က တိရစ္ဆာန်အရေခွံကို ဘယ်တော့ ချွတ်ဖို့ ဆန္ဒရှိလဲ မသိဘူး” ရှဲ့ချောင် ညင်သာစွာ ပြောလိုက်၏။

“အိမ်ရှေ့စံမိဖုရား” ကြင်ရာတော်မင်းသမီးရုန်သည် ဒေါသတကြီးဖြင့် မတ်တပ်ရပ်လိုက်သည်။ “မင်း ငါနဲ့ အရှင်မင်းသားကို ဒီလို စော်ကားရဲတာလား”

“ကျွန်မလား” ရှဲ့ချောင်သည် သူမကို အပြစ်ကင်းစင်စွာ ကြည့်လိုက်၏။ “ကျွန်မက ကြင်ရာတော်မင်းသမီးရုန်ရဲ့ စကားကို ပြန်ဖြေလိုက်တာ မဟုတ်လား။ ကျွန်မက ရှင့်ကို ငြင်းခုံနေတာမဟုတ်ပါဘူး။”

•••••••

အခန်း ၁၀၉၀ အတွေ့အကြုံမရှိသေးသော လူတုံးလူအ

ရှဲ့ချောင်သည် ငြိမ်သက်စွာ ထိုင်နေဆဲပင်။ သူမ စိတ်မဆိုးသလို မတုန်လှုပ်ပေ။ သူမ ပုံမှန်အတိုင်း ပြုံးနေ၏။

ကြင်ရာတော်မင်းသမီးရုန်၏မျက်နှာသည် အမူအရာပြောင်းသွား၏။ သူမ အလွန်ဒေါသထွက်သွားသော်လည်း ဒေါသမထွက်ချင်သဖြင့် ဒေါသကို ထိန်းချုပ်ထားလိုက်ရသည်။ “အိမ်ရှေ့စံမိဖုရားမှာ ဘာထူးခြားချက်များရှိလို့ အိမ်ရှေ့စံမင်းသားက သဘောကျနေတာလဲ မသိပါဘူး‌နော်”

“ဖြစ်နိုင်တာက ဖခင်ကဓားမြဆိုတာက ကျွန်မကိုထူးခြား‌စေတာဖြစ်မှာပေါ့။” ရှဲ့ချောင်သည် ပေါ့ပေါ့ပါးပါး ပြန်ဖြေ၏။

သူမ ထိုစကားပြောလိုက်သောအခါ လူအချို့သည် ရယ်မောမိကြ၏။

၎င်းသည်မထူးဆန်းပေ။

ရာစုနှစ်များစွာအတွင်း ဒီလိုမျိုး ဓားမြတစ်ယောက်ကို အောင်မြင်စွာ ဖမ်းဆီးပြီး သမီးဖြစ်သူကို အိမ်ရှေ့စံမိဖုရားဖြစ်အောင် လုပ်နိုင်တဲ့သူကို သူတို့ မတွေ့ဖူးကြသေးပေ။

“အိမ်ရှေ့စံမိဖုရားက တော်ဝင်မိသားစုဝင်နဲ့ လက်ထပ်ထားတာဆိုတော့ ယဉ်ကျေးမှုတွေကို ပိုပြီး လေ့လာသင့်တယ်။ ကိုယ့်ကိုယ်ကိုယ် ဓားပြလို့ ဆက်ပြောနေတာ မကောင်းဘူး။ မဟုတ်ရင် မင်းက တော်ဝင်မိသားစုကို ဘယ်လိုများ ထင်လို့လဲ။” ကြင်ရာတော်မင်းသမီးရုန်သည်လည်း သူမ၏ စိတ်ခံစားချက်ကို ထိန်းချုပ်ရန် အစွမ်းကုန် ကြိုးစားခဲ့ပြီး သူမသည်ဣန္ဒြေဆည်လိုက်၏။

သူမသည် ရှဲ့ချောင်ကို ဝေဖန်ဝံ့သည်မှာ မင်းသားရုန်သည် ဧကရာဇ်၏ ညီတော်ဖြစ်ပြီး သူမသည်လည်း အိမ်ရှေ့စံမင်းသားနှင့် အိမ်ရှေ့စံမိဖုရားတို့၏ အကြီးအကဲတစ်ဦးကဲ့သို့ ဖြစ်နေသောကြောင့်ဖြစ်၏။

အကြီးအကဲတစ်ဦးအနေဖြင့် အနည်းငယ် ဆူပူသည်က အဆင်ပြေ၏။

မည်သို့ပင်ဖြစ်စေ သူမပြောသည်မှာ အိမ်ရှေ့စံမိဖုရားအကြောင်းပင် အိမ်ရှေ့စံမင်းသားအား ဆူပူနေခြင်းမဟုတ်ပေ။

“ကြင်ရာတော်မင်းသမီးရုန် ပြောတာ မှန်ပါတယ်။ ဘယ်သူက အတိတ်မရှိဘဲ နေနိုင်မှာလဲ။ ကျွန်မဖခင်က အတိတ်က လမ်းမှားကို ရွေးခဲ့တာပါ။ ကံကောင်းစွာနဲ့ အချိန်မီ နောင်တရပြီး ကိုယ့်ကိုယ်ကိုယ် ပြန်လည် တည့်မတ်ဖို့ တိုက်ပွဲဝင်ခဲ့ပါတယ်။ အတိတ်က ဓားပြက စစ်မြေပြင်မှာ သေဆုံးသွားခဲ့တာ ကြာပါပြီ။ အခုတော့ သူ ပျောက်ကွယ်သွားပြီ ဖြစ်‌ပေမယ့် နာမည်တွင်ခဲ့တယ်လေ။သူက စစ်သူကြီး ရှဲ့ပါ၊ ဆရာကြီးရှဲ့ပါ။” ရှဲ့‌ချောင်သည် နက်နဲစွာ သဘောတူပြီး အလွန်ထောက်ခံသော အမူအရာဖြင့် ပြောလိုက်၏။

ကြင်ရာတော်မင်းသမီးရုန်သည် ရှဲ့‌ချောင်ကို နက်နက်နဲနဲ ကြည့်လိုက်သည်။

ဤသခင်မလေးသည် သာမန်လူမဟုတ်ပေ။

သူမသည် စကားပြော မြန်ဆန်ပြီး ဉာဏ်ကောင်း၏။ စိတ်ကို ဆွဲဆောင်နိုင်တဲ့ အလှလည်း ရှိ‌ပေ၏။ အိမ်ရှေ့စံမင်းသား သူမကို လက်ထပ်သည်မှာ သဘာဝကျပေသည်။

ရှဲ့ချောင်သည် ဘာမှမဖြစ်သလိုမျိုးပင်။ သူမသည် ငြိမ်သက်စွာ ထိုင်နေဆဲပင်။ သူမ၏ ကိုယ်ဟန်အနေအထားမှာ ဘယ်သူမှ အပြစ်ရှာမတွေ့နိုင်ပေ။

သို့သော် ကြင်ရာတော်မင်းသမီးရုန်သည် သူမကို ထပ်ပြောရန် ပြင်ဆင်နေချိန်တွင် ရှဲ့ချောင်သည် ရုတ်တရက် ရင်ဘတ်ကို ဖိကိုင်ကာ မျက်မှောင်ကြုတ်လိုက်၏။ သူမသည် ရင်တုန်ပြီး မသက်မသာဖြစ်နေပုံရ၏။

မိဖုရားကြီးသည် တစ်ချက်ကြည့်ကာ အလျင်အမြန် မေးလိုက်၏။ “မင်း နေမကောင်းဘူးလား” “မယ်တော် ဘာမှ မစိုးရိမ်ပါနဲ့။ ကျွန်မ နည်းနည်း အားနည်းပြီး ခံနိုင်ရည်မရှိတာပါ။ ကံကောင်းတာက အရှင့်သားနဲ့ လက်ထပ်ထားလို့ ခမည်းတော်နဲ့မယ်တော်က ကျွန်မကို ကာကွယ်ပေးထားတော့ အတွေ့အကြုံမရှိသေးတဲ့ လူတုံးလူအ က ကျွန်မကို ဖျားနာတဲ့အထိ စိတ်ဆိုးအောင်‌တော့ လုပ်နိုင်မှာ မဟုတ်ပါဘူး” ရှဲ့ချောင်သည် ပေါ့ပေါ့ပါးပါး ပြောလိုက်၏။

ထိုသို့ပြောပြီးနောက် ကြင်ရာတော်မင်းသမီးရုန် ဘာများပြောနိုင်မည်နည်း။

သူမသည် အတွေ့အကြုံမရှိသေးသော လူတုံးလူအပင်။

“အိမ်ရှေ့စံမိဖုရား ကျန်းမာရေး မကောင်းဘူးဆိုတော့ အိမ်ရှေ့စံမင်းသားက ဘေးခန်းမှာ စောင့်နေတယ်မလား။ အရင်ပြန်လို့ရပါတယ်”မိဖုရားကြီးသည် ပြုံးပြီး အခြားကိုယ်လုပ်တော်များကို ပြောလိုက်၏ “ဒီစုံတွဲလေးက အခုမှ လက်ထပ်ထားတာဆိုတော့ သူတို့ ပျားရည်ဆမ်းအချိန်လေးကို ဖြတ်သန်းနေကြတာ‌ပေါ့”

အခြားသူများလည်း ထပ်ကာတလဲလဲ ထောက်ခံကြသည်။

ရှဲ့ချောင်သည် ဦးညွှတ်ကာ ထွက်သွား၏။ သူမ၏ ခြေလှမ်းများသည် ပေါ့ပါးနေသည်။

သူမ ထွက်သွားပြီးနောက် ကြင်ရာတော်မင်းသမီးရုန်သည် ထပ်ပြော၏။ “အိမ်ရှေ့စံမိဖုရား ကျန်းမာရေး မကောင်းဘူးလို့ ကြားတယ်။ အိမ်ရှေ့စံမင်းသားဘေးမှာ တစ်ယောက်တည်း ရှိနေတာ မသင့်တော်ဘူး။ တရားဝင်မိဖုရားကို ခန့်အပ်ပြီးပြီဆိုတော့ သူ့ကို အလုပ်အကျွေးပြုဖို့ ကိုယ်လုပ်တော်နှစ်ယောက် ထပ်ခန့်အပ်သင့်ပြီ။ ကိုယ်လုပ်တော်တွေကို သေချာ ရွေးချယ်ရမယ်ဆိုရင်တောင် သင့်‌တော်တဲ့သူအချို့ကို ရွေးလို့ရပါသေးတယ်”

မိဖုရားကြီးသည်လည်း စိုးရိမ်နေ၏။

သူမသည် တရားဝင်ဇနီးဖြစ်ပြီး ဧကရာဇ်နဲ့ နက်ရှိုင်းသော ဆက်ဆံရေးရှိသော်လည်း ဧကရာဇ် ကိုယ်လုပ်တော်များခေါ်ယူသည်ကို သည်းခံခွင့်ပြုရသေးသည်။

အကယ်၍ အိမ်ရှေ့စံမင်းသား၏ ဇနီးသည် သန်မာသည်ဆိုလျှင် သုံးလေးနှစ် စောင့်ကာ ကလေးမွေးပြီးသည်နှင့် ကိုယ်လုပ်တော် ထားရန် စဉ်းစားပါက နောက်မကျသေးပေ။ သို့သော် ဤသခင်မ‌လေး၏ ကျန်းမာရေးသည် မကောင်း၍ ကလေးမွေးနိုင်မလား မသိနိုင်ပေ။

သူမ၏သားတော်သည် အိမ်ရှေ့စံမင်းသားဖြစ်ပြီး ငယ်တော့သည်မဟုတ်ပေ။ ထပ်မနှောင့်နှေးသင့်ပေ။

ဟုတ်ပေ၏။ သူမ၏သားတော်သည် ယခုမှ လက်ထပ်ထားသည်ဖြစ်၏။ သူမသည် ယခုအချိန်တွင် ချွေးမကို စိတ်မပျော်မရွှင်ဖြစ်အောင် လုပ်ရန် မတွေးသေးပေ။

“မစိုးရိမ်ပါနဲ့။ အိမ်ရှေ့စံမင်းသားက သူ့အတွေးနဲ့သူ ရှိပါတယ်။ တကယ်လို့ သူက အမျိုးသမီးတစ်ယောက်ကို သဘောကျရင် သူက ပန်ကုန်းတို့ကို လာပြောလိမ့်မယ်။ ပန်ကုန်းအနေနဲ့ ဆုံးဖြတ်ချက်ချဖို့ မလိုဘူး။” သူမသည် ဂုဏ်သိက္ခာရှိသော အမူအရာဖြင့် ပြောလိုက်၏။

သူမ၏သားတော်သည် ၎င်းကို နားလည်ခဲ့၏။

သူသည် သခင်မလေးရှဲ့အား တကယ်ပင်သဘောကျသည်။ သူ၏ပါးစပ်ထဲတွင် အရည်ပျော်သွားမည်ကို ကြောက်သလို သူ၏လက်ထဲမှ ပျောက်ဆုံးသွားမည်ကိုလည်း ကြောက်၏။

ယခုအချိန်၌ သူသည် တခြားတစ်ယောက်ယောက်ကို ရှာမည်ဆိုလျှင် ထူးဆန်းပေလိမ့်မည်။

••••••

အခန်း ၁၀၉၁။ ခေါင်းမာလွန်းသော

မိဖုရားခေါင်ကြီးသည် အိမ်ရှေ့စံမင်းသားအား နားလည်သည့်အတွက် သူ၏ကိစ္စအား ဝင်ရောက်စွက်ဖက်ခြင်းမပြုလိုပေ။

သူမ၏သား၌ ကိုယ်ပိုင်အကြံဉာဏ်များရှိ၏။ သူမသာ ဝင်ရောက်စွက်ဖက်မည်ဆိုလျှင် သူတို့သားအမိနှစ်ယောက်ကြား၌ အလှမ်းဝေးသွားကြမည်မှာ အနှေးနှင့်အမြန်ပင်။ အိမ်ရှေ့စံမင်းသားသည် အရေးကြီးကိစ္စများနှင့် ကြုံလာသည့်အခါ တွေဝေနေတတ်သူမဟုတ်မှန်း သူမသိသည်။ ၎င်းက လုံလောက်နေချေပြီ။ ဆက်ခံသူမရှိမည့်အတိုင်းအတာထိတော့ မဟုတ်သေးပေ။

ဤအတွေးကြောင့် မိဖုရားခေါင်ကြီးမှာ ပိုပို၍ သဘောထားကြီးလာခဲ့သည်။

ကြင်ယာတော်ရုန်မှာမူ မိဖုရားခေါင်ကြီးသည်မိုက်မဲနေခြင်းဟုသာ ထင်နေမိ၏။

သူမသည် အယောက်တစ်ထောင်သော ရွေးချယ်စရာများထဲတွင်မှ အားနည်း၍ လျှာစောင်းထက်လှသော ထိုသခင်မလေးကို လက်ထပ်ရန်ရွေးချယ်ခဲ့သည်။

သို့‌သော် ယခုအချိန်တွင် မိဖုရားခေါင်ကြီးသည်ပင် သူမ၏ရပ်တည်ချက်ကို ဖော်ပြခြင်းမပြုသဖြင့် သူမလည်း ထပ်ပြောနေ၍ မရပေ။

တစ်ဖက်တွင်မူ ရှဲ့ချောင်သည် ကျောက်ရွှမ်ကျင်းအားတွေ့လိုက်ရ၍ ရပ်ကြည့်မနေခဲ့။ သူမအား ကြင်ရာတော်မင်းသမီးရုန်ပစ်မှတ်ထားနေသည့်အကြောင်းအား တိုက်ရိုက်ပြောပြလိုက်၏။

“အရှင့်သား အရင်တုန်းက မင်းသားရုန်ကိုအပြစ်လုပ်ထားဖူးတာမျိုးရှိလား”

“သူနဲ့ တော်ဝင်ဦးရီးတော်နဲ့က မြင်းကိစ္စနဲ့ပတ်သက်ပြီး မြို့တော်ထဲကနေ မောင်းထုတ်ခံထားရတာ၊ နယ်မြေရဲ့တည်နေရာကလည်း သိပ်တော့မကောင်းဘူး”

ကျောက်ရွှမ်ကျင်းသည် ခဏတာစဉ်းစားကြည့်ပြီးမှ ဆက်၍

“ သူမြို့တော်ဆီပြန်လာတာ ရှားတယ်၊ ဒီနှစ်တွေထဲ သုံးခေါက်လောက်ပဲပြန်လာတာ၊ အနိုင်ကျင့်ခံရလို့လေ”

“ဘယ်သူ့ဆီကနေ အနိုင်ကျင့်ခံရလို့လဲ”

ရှဲ့ချောင်မှာ အတော်လေးသိချင်နေမိသည်။

ကျောက်ရွှမ်ကျင်းသည် လက်ဦးမှုယူပြီးပြဿနာရှာတတ်သော လူစားမျိုးမဟုတ်။

“တော်ဝင်ဦးရီးတော်က အသက်အရမ်းမကြီးသေးဘူး၊ မြို့တော်ကနေ မောင်းထုတ်ခံရတုန်းကဆို ဆယ်ကျော်သက်ပဲရှိသေးတယ်၊ နှစ်နည်းနည်းလောက်နေမှ သူ့ကိုတစ်ခါပဲပြန်လာခွင့်ပေးထားတာ၊ သူက နည်းနည်းရက်စက်ပြီး အထက်စီးဆန်ဆန်လုပ်တတ်တယ်လို့မြင်တာနဲ့ သူ့ကိုအခက်တွေ့အောင် လုပ်ခိုင်းလိုက်တယ်လေ၊ နှစ်သစ်ကူးကာလဆို မြို့တော်ထဲမှာနေလို့ရပေမဲ့ ပြီးရင်လည်း မောင်းထုတ်ခံရပြန်ရော”

“အဲဒါနဲ့ ပြန်သွားပြန်တယ်၊ သူက တော်တော်တော့ အပိုကျိုးတယ်၊ ခမည်းတော်က ညီအစ်ကိုသံ‌ယောဇဉ်ထောက်တော့ သူ့အပေါ်အရမ်းတော့မကြမ်းတမ်းဘူး၊ ဆုတွေတောင် အများကြီးချသေးတယ်”

ကျောက်ရွှမ်ကျင်းက ထပ်ပေါင်းပြောပြ၏။

ထို့အပြင် မင်းသားရုန်သည် ပြစ်မှုကျူးလွန်ခဲ့စဉ်က အသက်ငယ်သေး၏။ သူသည် မင်းသားဟောင်း၏ လမ်းညွှန်မှုကိုခံခဲ့ရခြင်းကြောင့် သူ့ကိုပါ အမှုပတ်ခဲ့လေသည်။

ဧကရာဇ်သည် သူ့အပေါ်ရက်စက်မိသည်ဟု ခံစားမိသဖြင့် သူမြို့တော်သို့ ပြန်လာမည့်အကြောင်း ပထမဆုံးကြေညာချိန်တွင် သူ့အား မြို့တော်တွင်‌နေခွင့်ပြုစေချင်ခဲ့သော်ငြား နောက်တစ်ဖန် အမှားထပ်လုပ်လိမ်ဦးမည်ဟု မမျှော်လင့်ထားခဲ့ပေ။

မင်းသားရုန်သည် သူ၏အမှားကြောင့် သေဆုံးခဲ့ရသည်။

သူသည်လည်း အမှားလုပ်ခဲ့၏။ သူသာ မပြောင်းလဲခဲ့လျှင် မင်းကြီးသည် သူ့အပေါ်ကြင်နာလိမ့်မည်မဟုတ်။ သို့မဟုတ်ပါက အိမ်တော်ရှိလူများ ပျော်ရလိမ့်မည်မဟုတ်ပေ။

“ကြင်ရာတော်မင်းသမီးရုန်ရဲ့ ပုံပန်းသွင်ပြင်က ကောင်းတယ်လို့မထင်ဘူး၊ သူက မနာလိုစိတ်များပြီး ကတ်သီးကတ်သတ်နိုင်တဲ့သူတစ်ယောက်ပဲနေမှာ”

ရှဲ့ချောင် မသိစိတ်ကနေပြောလိုက်မိ၏။

“နောက်ဆို သူနဲ့ဆက်ဆံနေစရာမလိုဘူး”

ကျောက်ရွှမ်ကျင်းက သူမ၏လက်အားဆိတ်လိုက်လေသည်။

ရှဲ့ချောင် ခေါင်းညိတ်လိုက်၏

“အို့ ဟုတ်သားပဲ၊အရှင့်သားရဲ့ အကြီးဆုံးအစ်မလည်း သိပ်အဆင်ပြေတဲ့ပုံမပေါ်ဘူး၊ အချစ်ရေးဒုက္ခတစ်ခုခုရှိလာမှာတောင်စိုးတယ်”

ရှဲ့ချောင် ထပ်ပြောလိုက်သည်

ကျောက်ရွှမ်ကျင်းမှာ ထိုစကားကြောင့် သဘောမကျမိဘဲမနေနိုင်ခဲ့ချေ။

“မင်းရဲ့ အကျင့်က မရိုးရှင်းဘူးပဲ၊ နန်းတော်ထဲဝင်တဲ့အခါကျ အကုန်လုံးကို ရှင်းရှင်းလင်းလင်းမြင်ရလိမ့်မယ်”

“ကျွန်မလည်း အဲလိုလုပ်ချင်နေတာမဟုတ်ပါဘူးနော်”

ရှဲ့ချောင်သည်လည်း ကူကယ်ရာမဲ့နေရှာ၏

နန်းတော်အပြင်ဘက်တွင် လူများ၏မျက်နှာကို မကြည့်ချင်ပါက သူမခေါင်းငုံ့ထားလိုက်ရုံပင်။ သူမ၏ ဂရုမပြုမှုသည် အရိုအသေမဲ့ခြင်းဟု အခြားသူများထင်နိုင်သော်လည်း သက်ရောက်မှုကြီးကြီးမားမားရှိလိမ့်မည်မဟုတ်။ သို့သော် နန်းတော်ထဲတွင်မူ ထို့သို့ဟုတ်မနေချေ။

သူမသည် မင်းကြီးနှင့်မိဖုရားခေါင်းကြီးအား ရိုင်းပျစွာမကြည့်နိုင်သော်လည်း အခြားသူများအရှေ့တွင် သူတို့အားမကြည့်မိပါက ပြဿနာပိုကြီးသွားလိမ့်မည်။

ရှဲ့ချောင်သည်လည်း အခြားသူများ၏ကိစ္စနှင့်ဝင်မရှုပ်ချင်သော်ငြား သူမတွေ့မြင်ပြီးနေလေပြီ။ သူမသာ ဘာတစ်ခုမှမဆိုပါက ခက်ထန်သည့်ပုံပေါ်သွားလိမ့်မည်။

“ဒါဆို ကျွန်မကို ကြေးပြားနှစ်ပြား‌ပေးဖို့ အရှင့်သားရဲ့အကြီးဆုံးအစ်မကို ပြောပေးပါလား”ရှဲ့ချောင်မှာ အနည်းငယ်ဗျာများနေရကာ သူ့အားကြည့်၍ ထပ်မေးလိုက်ပြန်သည်။

ကျောက်ရွှမ်ကျင်းတစ်ယောက် မရယ်ဘဲမနေနိုင်တော့ချေ။

ရှဲ့ချောင်သည် ထပ်ပြီးဖုံးကွယ်ထားလိုစိတ်မရှိကြောင်း သူမြင်နေရ၏။

“ ရွှေယွဲ့တာအိုဘုရားကျောင်းက တာအိုဆရာတွေက ကံကြမ္မာဖတ်ခတောင်းမှန်း ကိုယ်သိပါတယ်၊ နောက်မှ လူလွှတ်ပြီး သူ့ဆီကနေ ကြေးပြားနှစ်ပြားတောင်းခိုင်းလိုက်မယ်၊ အဲကျမှ ယူလိုက်”

ကျောက်ရွှမ်ကျင်း၏ အကြည့်တို့မှာ အလိုလိုက်မှုတို့အပြည့်ပင်။

ရှဲ့ချောင်မှာ အနည်းငယ်အတွေးများနေပုံရ၏။

ရှေ့ဖြစ်ဟောခြင်းသည် ကောင်းကင်ဘုံ၏ လျှို့ဝှက်ချင်အား ထုတ်ပြောခြင်းပင်။

ကြေးပြားမတောင်းပါက သူမမည်သို့များ စိတ်အေးနိုင်မည်နည်း။

သို့‌သော် သူမပိုပိုပြီးထုတ်ပြလာလေလေ သူမ၏သရုပ်မှန်အား ဖုံးကွယ်ထားရန် ခက်သထက်ခက်လှလေပင်။

သူမသည် အမှန်အတိုင်းမပြောသေးသည်ကိုမြင်၍ ကျောက်ရွှမ်ကျင်း လုံးဝအလျှော့ပေးလိုက်ရသည်။

သူမသည် ခေါင်းမာလွန်းလှ၏။ သူမအား အကြိမ်ပေါင်းများစွာ သတိပေးထားသည်ကိုပင် နားမလည်ချင်ဟန်ဆောင်နေသေးသည်လော။

••••••

အခန်း ၁၀၉၂။ ဘဝ၏ အရေးပါဆုံး

အရှေ့နန်းဆောင်သို့ပြန်သည့်လမ်း၌ ကျောက်ရွှမ်ကျင်းသည် ခဏတာစဉ်းစားလို့နေ၏။

ရှဲ့ချောင်သည် ဘေးဘီဝဲယာသို့လျှောက်ကြည့်နေစဉ် သူကရုတ်တရက်ပြောလိုက်သည်။

“ကိုယ် ကျန်းကျင်လုဆီကနေ စာတစ်စောင်ရထားတယ်၊ နွားမျက်ရည်ခြောက်စက်ပဲရသေးတယ်တဲ့၊ စောစောပြန်လာလို့ရအောင် တော်တော်လေးအားထုတ်ထားတာတောင်မှ မင်းသူ့ကိုယူခိုင်းထားတဲ့ ပမာဏမရသေးတာနဲ့ ရှက်လို့ဆိုပြီး သူ့အတွက်စကားကောင်းပြောခိုင်းထားတာ”

“ခြောက်စက်တောင်ရထားပြီ? အဲဒီလောက်မြန်တာလား၊ သူတကယ်ကံကောင်းတာပဲ၊ သုံးလေးလလောက်ပဲရှိသေးတာလေ၊ သူရွာတွေအကုန်လုံးကို ပတ်သွားထားတာလား၊ အဲဒါနည်းတဲ့ပမာဏမှမဟုတ်တာ၊ သူပြန်လာချင်ရင် ပြန်လာလို့ရပြီလို့ ပြောလိုက်”

ရှဲ့ချောင် မသိစိတ်ကနေ အလိုလိုပြန်ဖြေလိုက်မိလေသည်။

ကျောက်ရွှမ်ကျင်း တခစ်ခစ်ရယ်နေ၏။

ရှဲ့ချောင် သူ့ကိုပြန်ကြည့်လိုက်ကာ ရုတ်တရက်တစ်စုံတစ်ရာအား သဘော‌ပေါက်သွားခဲ့သည်!

သူမက ရှဲ့ချောင်!

မော့ချူးရှန်း မဟုတ်ဘူး!

ကျန်းကျင်လုသည် ရှဲ့ချောင်အား လုံးဝမသိသူဖြစ်ကာ သူပြန်လာခြင်း ပြန်မလာခြင်းအား ဆုံးဖြတ်ပိုင်ခွင် သူမတွင်မရှိပေ!

ရှဲ့ချောင်၏မျက်နှာမှာ ဖြူဖျော့သွားရကာ ရုတ်တရက် သူမ၏ ရင်ဘတ်ကို ဆုပ်ကိုင်လျက်;

“ရှင် ကျွန်မကိုလှည့်စားရဲတယ်ပေ့ါ!”

သူမ ဒေါသထွက်နေပုံပင်။

“ချောင်ချောင် မင်းဘာတွေပြောနေတာလဲ၊ ကိုယ်နားမလည်ဘူး”

ကျောက်ရွှမ်ကျင်း ရယ်နေလေ၏။

သူမ၏ သနားစရာကောင်းသည့်ပုံစံကိုကြည့်ပြီး သူ၏နှလုံးသားထဲ‌နူးညံ့သွားရသည်။

“ဆရာတူအစ်မက ဆရာတူအစ်မ၊ မင်းက မင်း၊ ဟုတ်ပြီလား၊ ကိုယ်ဘာမှမသိသလို ဆက်ဟန်ဆောင်ပေးလို့ရပါတယ်”

“ရှင် အစကတည်းက ဘာမှမသိဘူး!”

ရှဲ့ချောင်က ရုပ်တည်ဖြင့်ဆိုလေသည်။

သူမလည်း သူအစကတည်းက သိနေခြင်းအား မသိထားသလို ဆက်ဟန်ဆောင်၍ရသည်!

ကောင်းပြီ

သူ့ကို အခု ဆရာတူမောင်လို့ခေါ်လိုက်မှတော့ အရင်ကလိုမျိုး ပွင့်လင်းလို့မရတော့ဘူး။

“ဒေါသထွက်နေတာလား”

ကျောက်ရွှမ်ကျင်းသည် သူ့ကိုယ်သူထိန်းချုပ်လျက်

“မင်း ကိုယ့်ရှေ့မှာဟန်ဆောင်‌နေရတာ ပင်ပန်းမှန်းကိုယ်မြင်ရလို့ပါ”

“ကျွန်မလုံးဝ မပင်ပန်ဘူး၊ အရမ်းပျော်တယ်”

ရှဲ့ချောင် လေး‌နက်စွာပြောလိုက်၏။

ကျောက်ရွှမ်ကျင်းမှာ တကယ်ကိုကူကယ်ရာမဲ့နေရှာသည်။

“နောင်ကျရင် မင်းက အိမ်မှာဆိုရှဲ့ချောင်ပဲ၊အပြင်ရောက်ရင် ကိုယ့်ကိုဆရာတူမောင်လေးလို့ခေါ်လို့ရတယ်၊ အရင်အတိုင်းပဲလေ”

“ဒါဆို ဆက်ပြီးဟန်ဆောင်စေချင်သေးတယ်ပေါ့”

ရှဲ့ချောင်သည် မျက်မှောင်ကြုတ်ကာ ကျိုးကြောင်းမသင့်သူတစ်ယောက်ဖြစ်လာလေ၏။

“ကျွန်မဒီနေ့ စိတ်ကောင်းဝင်နေလို့ မတော်တဆ သတိလက်လွတ်နေမိသွားတာ၊ မဟုတ်လို့ကတော့ ရှင့်ရဲ့အရည်အချင်းလောက်နဲ့ ကျွန်မကိုလှည့်စားလို့ရမယ်များထင်နေလား”

“ကိုယ့်အမှားပါ”

ကျောက်ရွှမ်ကျင်းသည် သူမနားရွက်နားဆီ ကိုင်းညွှတ်ချက် မြတ်နိုးသောအကြည့်တို့ဖြင့်

“ဒါပေမဲ့ မင်းက စိတ်ချလက်ချနေပြီးနေပြီပဲကို ဆက်ပြီးဟန်မဆောင်တော့နဲ့လေ ဟုတ်ပြီလား၊ မင်းနဲ့ကိုယ်တို့ လင်မယားနှစ်ယောက်ကြားမှာ ကိုယ်တို့လက်ထပ်လိုက်တဲ့ပထမဆုံး‌နေ့ကတည်းက ကိုယ်မင်းအပေါ် ရိုးရိုးသားသားပဲနေချင်‌တယ်”

ရှဲ့ချောင် ရှက်သွေးဖြာသွားရ၏။

ရိုးသားတယ်ဆိုတာ ဘာကိုပြောချင်တာလဲ။

သူ အရှက်မရှိဘူးလား။

သူမ အဘယ်ကြောင့်ရှက်သွေးဖြာသွားရသည်ကို ကျောက်ရွှမ်ကျင်းမသိခဲ့။

သူမ၏ မျက်လုံးတို့မှာ မိန်းမောနေသကဲ့သို့ သူခံစားနေရပြီး အင်မတန်ရှက်နေပုံပေါ်သည်။

တစ်ခဏအကြာ သူမ အခန်းထဲသို့ပြန်ရောက်ချိန်တွင်မူ ရုတ်တရက် သဘောပေါက်သွားခဲ့ရ၏။

သူသည် တံခါးကိုပိတ်ကာ သူမအားစားတော့သည်။

ဤအိမ်ထောင်သည်ဘဝသည် တကယ်ကို…

အရှက်တရား လုံးဝရှိမနေချေ။

ကံကောင်းစွာဖြင့် ယခုအခါ သူမကျန်းမာရေးကောင်းနေ၍သာ။

သို့မဟုတ်ပါက.. တစ်နေ့သုံးနပ်ပင် စားနိုင်လိမ့်မည်မဟုတ်။

မျက်စိတစ်မှိတ်အတွင်း သူမ အိမ်ပြန်ရမည့်နေသို့ ရောက်လာခဲ့၏။

ရှဲ့ချောင်သည် ကျောက်ရွှမ်ကျင်းအား ရှဲ့အိမ်တော်ဆီ ခေါ်လာခဲ့သည်။

အခြားသောမိသားစုဆိုပါက အိမ်ရှေ့စံမင်းသားသည် တစ်ခုခုပြောရန် စိတ်လှုပ်ရှားနေဦးမည်။ သို့သော် ရှဲ့နျိုရှန်းသည် လူကြမ်းတစ်ယောက်ဖြစ်၏။ အိမ်ရှေ့စံမင်းသားအား မြင်သောအခါ မျက်နှာထက်တွင် အပြုံးတစ်ခု ဖျစ်ညှစ်ပြုံးလျက်

“သားမက်လေး! ဒီနေ့ သောက်ကြစို့!”

ရှဲ့ချောင်မှာ လဲကျလုနီးနီး။

ဘယ်သူက သူနဲ့မ‌သောက်ချင်မှာလဲ..

“ကောင်းပါပြီ, ဒီနေ့ ယောက္ခမကြီးကို အနှောင့်အယှက်ပေးရတော့မယ်”

ကျောက်ရွှမ်ကျင်းသည် ရိုးစင်းလွန်းစွာ ပြန်တုံ့ပြန်ခဲ့လေ၏။

ရှဲ့နျိုရှန်း ကြားသောအခါ ပို၍ပင် ပျော်ရွှင်သွားပြီး ရယ်လိုက်သည်။

ထိုကြီးမားလှသောလက်က ကျောက်ရွှမ်ကျင်း၏ ပုခုံးအား ပုတ်ကာ

“ငါမင်းကို အရင်ကသေချာမတွေ့ရဘူး၊ အခု ရောက်လာပြီဆိုမှတော့ သားမက်နဲ့ယောက္ခမကောင်းကောင်းစကားပြောကြတာပေါ့ကွာ၊ ငါတို့မှာ ဝိုင်နဲ့သောက်စရာတွေအများကြီးပဲ၊ အို့ ဟုတ်သားပဲ ငါ့မြေးကိုလည်း အတူတူသောက်ဖို့ခေါ်ထားသေးတယ်! ငါ့သားအရင်းရယ်၊ မွေးစားသားရယ် ၊ မယားပါသားရယ် အကုန်!”

ဤစကားသည် သူမအဖေဘဝ၌ ကျိန်းသေပေါက် ဂုဏ်အယူရဆုံးဖြစ်မည်ဟု ရှဲ့ချောင်ယုံကြည်လေသည်။

သူမသည် အိမ်ရှေ့စံမင်းသားအား လက်ထပ်ခဲ့သည်ဆိုသော်ငြား မင်းဆက်အားလုံးတွင် မည်သည့်အိမ်ရှေ့စံမင်းသား၏ ယောက္ခထီးကမှ ယခုလို ရိုင်းပျရဲလိမ်မည့်မဟုတ်ချေ။

••••••

All Chapters