အခန်း (၁၀၉၃-၁၀၉၆)
Vol. 56 Ch. 1093-1096
အခန်း ၁၀၉၃။ သူတို့အား ထားခဲ့
ရှဲ့နျိုရှန်းသည် မည်သို့ယဉ်ကျေးပြရမည်ကို မသိသဖြင့် ယခုအချိန်တွင် တကယ်ကိုပျော်နေလေသည်။
တစ်ဖက်တွင်မူ ဤနေရာသို့လာရန်အတွက် ခွင့်ယူရန်ဖိအားပေးထားခံရသော ဝမ်လန်ချန်း၏ မျက်နှာထက်တွင် ကသိကအောက်ဖြစ်ကာ ကူကယ်ရာမဲ့နေရှာသော အပြုံးတစ်ခုရှိနေလေသည်။
အိမ်ရှေ့စံမင်းသား စိတ်ထဲမထားရန်သာ သူမျှော်လင့်နေမိ၏။ သူတစ်ယောက်ကသာ အပြင်လူအဖြစ် လာပျော်ပါးနေမိခြင်းပင်.. ဘယ်လောက်တောင် စိတ်ရှုပ်ဖို့ကောင်းလိုက်လဲ.
“မင်းရဲ့ ဇနီးကိုလည်း ခေါ်လာတာလား ကောင်းတာပေါ့”
ကျောက်ရွှမ်ကျင်းသည် ဖုန့်ယင်းယင်းအား တစ်ချက်ကြည့်ကာ ထို့နောက် ရှဲ့ချောင်အား
“ကိုယ့်ယောက္ခမနဲ့ စကားခဏပြောလိုက်ရဦးမယ်၊ မင်းတို့ သခင်မလေးတွေအချင်းချင်းမတွေ့ရတာကြာပြီမလား၊ အတူတူနေလိုက်ကြဦး၊ ကိုယ့်ကိုစိတ်ပူမနေနဲ့”
ရှဲ့ချောင်သည် သူ့အား ကရုဏာသက်စွာဖြင့်ကြည့်လျက်
“ကျွန်မအဖေက တကယ်သောက်နိုင်တာနော်”
“ရပါတယ်၊ ကိုယ့်ကို အဖော်ပြုမယ့် ယောက်ဖနှစ်ယောက်ရှိတယ်လေ”
ကျောက်ရွှမ်ကျင်းမှာ အတော်လေးသတ္တိရှိနေပုံရ၏။
ယနေ့၌ ရှဲ့အိမ်တော်သည် ဓားပြများ၏ တောင်ပေါ်စခန်းတစ်ခုနှင့် မခြားနားလှပေ။
ကျောက်ရွှမ်ကျင်းသည် မျှတပြီး နူးညံ့သူတစ်ယောက်ဖြစ်လေရာ မထိမခိုက်ဘဲ ပြန်မလာနိုင်မည်ကို သူမ အမှန်တကယ်စိတ်ပူနေမိ၏
သို့သော် အမျိုးသားများ၏ စကားဝိုင်းတွင်လည်း ပါဝင်ပတ်သက်လိုစိတ်မရှိ။ သူမ၏အဖေသည် ဦးနှောက်မရှိသူဆိုသော်ငြား သူမအစ်ကိုကြီးနှင့် ဝမ်လန်ချန်တို့မှာမူ ထိုသို့မဟုတ်ကြ။ ကျောက်ရွှမ်ကျင်းအား အမူးလွန်သည်အထိ သောက်ရန်တော့ တွန်းအားပေးကြလိမ့်မည်မဟုတ်ပေ။
ရှဲ့ချောင်သည် စိတ်သောကရောက်ဟန်ဆောင်ပြီးနောက် သူမ၏ ညီမနှင့် ဖုန့်ယင်းယင်းတို့အား အနောက်ဘက်ခြံဝန်းဆီ ဆွဲခေါ်သွားခဲ့၏။
တိုက်ဆိုင်စွာပင် ယွီရှန်းသည်လည်း ယနေ့တွင်မှ ရှဲ့အိမ်တော်သို့ ပြန်ရောက်လာသည်။
“ကျို့မိသားစုက နင့်ကို ဘယ်လိုလုပ်ပြီးလွယ်လွယ်သွားခွင့်ပေးလိုက်တာလဲ”
ရှဲ့ချောင်သည် အစာပြေမုန့်များ ပြင်ဆင်ခိုင်းလိုက်ကာ မုန့်စားရင်း စကားပြောနေကြသည်။
ကျို့မိသားစုအကြောင်း ဆိုလိုက်သည်နှင့် ယွီရှန်းရယ်လိုက်၏။
“သူတို့က ကျွန်မကိုသွားခွင့်ပေးမှာတဲ့လား၊ ကျို့မိသားစုကဝမ်းကွဲက ဆရာမော့နဲ့ကျွန်မ သိမှန်းသိသွားလို့ အခုဆို သူကျွန်မကိုလေးစားနေပြီလေ၊ ကျွန်မကိုအပြစ်လုပ်ရဲတော့မှာတဲ့လား၊ မင်္ဂလာပွဲကိုအဆုံးသတ်ဖို့ ကျို့မိသားစုကနေ ကျွန်မကိုယ်စားသု့န့်အန်းဆီ စာတစ်စောင်တောင် ပို့လိုက်သေးတယ် အဲဒီစာထဲမှာ ကောင်းကျိုးဆိုးကျိုးတွေကို ရှင်းရှင်းလင်းလင်း ရေးထားတယ်လို့တော့ ထင်တာပဲ၊ နောက်ဆို ပြန်ပို့ခံရမှာကို စိတ်ပူနေစရာမလိုတော့ဘူး”
ယခင်က ဆရာမမော့သတိလစ်သွားသည့်အချိန် ဆရာမမော့၏ မျက်နှာသည် အနည်းငယ်မူမမှန်နေကြောင်း မြင်လိုက်ရ၏။
ခန့်မှန်းချက်တချို့ပြုပြီးနောက် ဆရာမမော့နှင့် ရှဲ့ချောင်တို့သည် လူတစ်ယောက်တည်းဖြစ်မည်ဟု ထင်ခဲ့ပေသည်။
သို့သော် ၎င်းက ခန့်မှန်းချက်တစ်ခုသပ်သပ်သာ။
ရှဲ့ချောင်၏ မင်္ဂလာပွဲမတိုင်မီနှင့် မင်္ဂလာပွဲပြီးနောက်ပိုင်းတွင် သူမသည် ကြမ္မာဥယျာဉ်ဆီသို့ အကြိမ်အနည်းငယ်သွားခဲ့၏။ ဆရာမမော့သည် တက်ရောက်စရာတချို့ရှိသဖြင့် ရက်ပိုင်းလောက်နေမှ ပြန်ရောက်မည်ဟု ဆိုင်ရှင်က ဆိုခဲ့လေသည်။
သူမ၏ နှလုံးသားထဲ၌ ပို၍ပင်သေချာသွားရ၏။
ယခုအခါ ရှဲ့ချောင်ကိုကြည့်ပြီး ဆရာမမော့အကြောင်းတွေးလိုက်သည့်အခါ သူမနှလုံးသားထဲတွင် လေးစားအားကျမှုများဖြင့် ပြည့်သွားခဲ့ရသည်။
သူတို့နှစ်ယောက်လုံး သခင်မလေးများဖြစ်နေသော်လည်း ကွာခြားချက်က အဘယ်ကြောင့်များ ကြီးမားနေရသနည်း။
ရှဲ့သခင်မလေးကိုပဲကြည့်။
ကြည့်ကောင်းသူတစ်ယောက်ဖြစ်နေခြင်းကပင် ကောင်းနေပြီကိုမှ သူမ၏ ရှေ့ဖြစ်ဟောသည့်အရည်အချင်းကလည်း အံ့မခန်းပင်။
ထို့အပြင် သူမသည် ဆရာကြီးလီ၏ တပည့်တစ်ယောက်ဖြစ်သည်။ ဤလောကကြီး၌ တော်ဝင်မိသားစု၏ သမီးများမှလွဲလျှင် မည်သူကများ သူမနှင့် ယှဉ်နိုင်မည်နည်း?!
ယခုအခါ ရှဲ့ချောင်သည် တော်ဝင်မိသားစုနှင့်လက်ထပ်ပြီးဖြစ်၍ သူမနှင့်ယှဉ်ပြိုင်နိုင်မည့်သူတစ်ယောက်မျှ မရှိတော့ပေ!
“ကျွန်မက ဆရာမမော့ကိုပဲ သိတာ၊ ကျို့မိသားစုက ဘယ်လိုလုပ်ပြီး အတည်ကြီးယူနေရတာလဲ?”
ရှဲ့ချောင်မှာ နားမလည်နိုင်ခဲ့ပေ။
“သူတို့က အကျင့်ကောင်းကြတဲ့သူတွေမဟုတ်ဘူး၊ ပြီးတော့ မကောင်းတာမှန်သမျှ လုပ်ချင်နေကြတာ”
ယွီရှန်းသည် သူမအား ဖုံးကွယ်ထားမနေဘဲ တိုက်ရိုက်ပြောပြလိုက်သည်။
“ ကျွန်မက ပုန်းလျှိုးကွယ်လျှိုးလုပ်ရတာမျိုးမကြိုက်ဘူး၊ ပြီးတော့ အင်အားကြီးတဲ့သူကို တွယ်ဖက်ဖို့လည်း ရည်ရွယ်ချက်မရှိဘူး၊ အဲ့ဒါကြောင့်မလို့ နောက်တစ်ချိန်ကျရင် နားလည်မှုလွဲစရာတွေရှိမလာအောင် ရှဲ့သခင်မလေးကို ရှင်းရှင်းလင်းလင်းပြောထားချင်လို့”
သူမက အတည်ပေါက်ဖြစ်လွန်းနေသဖြင့် ရှဲ့ချောင်ပင် ထိတ်လန့်သွားရသည်။
“ပြောပါ”
ရှဲ့ချောင် ချက်ချင်းဆိုလိုက်၏။
“ကျွန်မဝမ်းကွဲက အိမ်ရှေ့စံမင်းသားအတွက်အလုပ်လုပ်တာဆိုတော့ ဆရာမမော့ကို ကျွန်မသိတယ်၊ ဆရာမမော့က အိမ်ရှေ့စံမင်းသားရဲ့ ဆရာတူအစ်မ၊ အိမ်ရှေ့စံမင်းသားက ဆရာမမော့ကို လေးစားမှန်း လူတိုင်းအသိ၊ ပြီးတော့ ကျွန်မက ရှဲ့အိမ်တော်မှာ အကြာကြီးနေလာခဲ့တာဆိုတော့ ကျွန်မတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးက ရင်းနှီးတယ်လို့ သတ်မှတ်လို့ရတယ်၊ အဲ့ဒီကျို့မိသားစုက အဖွားကြီးက ဒါကို ကောင်းကင်ဘုံကပေးတဲ့ အခွင့်အရေးလို့ထင်နေတာလေ၊ သူက ကျွန်မကို အိမ်ရှေ့စံမင်းသားဆီကမ်းလှမ်းနိုင်မယ့်အခွင့်အရေးတစ်ခုကို ဝမ်းကွဲကိုရှာခိုင်းချင်နေတာ၊ သူထင်တာက ကျွန်မလို မိဘမဲ့တစ်ယောက်က နောင်တစ်ချိန်မှာ ချမ်းသာလာရင် သူ့ကိုပြန်ဆပ်လိမ့်မယ်ပေ့ါ၊ ပြီးတော့ ကျွန်မသာ အိမ်ရှေ့စံမင်းသားအိမ်တော်ကိုဝင်နိုငိပြီဆို ကျွန်မမိသားစုကို ထောက်ပံ့ဖို့အတွက် ကျို့မိသားစုနဲ့ ကျိန်းသေပေါက် နီးစပ်လာလိမ့်မယ်”
ယွီရှန်းက ရှင်းရှင်းလင်းလင်းပြောပြလေသည်။
“သူတို့က အရမ်းဆိုးတာပဲ၊ ကျွန်မဝမ်းကွဲလည်း ဒေါသထွက်နေတယ်၊ အိမ်တော်ကလူတိုင်းက ဒေါ်လေးကိုပဲဖိအားပေးနေကြတာ၊ ကျွန်မ အဒေါ်လည်း အခုဆို ဝောာ်တော်လေးစိတ်ကုန်နေပြီ၊ သူပြောတာတော့ ကွာရှင်းချင်နေတာကြီပြီတဲ့၊ သူ့ကိုသာ ထပ်လုပ်ဖို့ဖိအားပေးရင် ကျို့မိသားစုထဲမှာ ပြဿနာရှာပစ်တော့မှာ၊ ပြီးရင် သူတို့ကိုထားခဲ့ပြီး အပူအပင်ကင်းတဲ့ဘဝမှာနေသွားတော့မှာ!”
•••••••
အခန်း ၁၀၉၄။ ဖြောင့်မတ်သော နှလုံးသား
ကျို့မိသားစုမှ ဘွားတော်သည် ရူးနေသူဟု ယွီရှန်းထင်မိ၏။
သူမသည် ဆရာမမော့နှင့် သူမ(ယွီရှန်း) သိကျွမ်းသည်ကိုသာ သိထားပြီး ထိုသို့သော မဖြစ်နိုင်ဖွယ်ရာကိစ္စအား တွေးခဲ့လေသည်!
ရှဲ့ချောင်နှင့် ဖုန့်ယင်းယင်းတို့နှစ်ယောက်စလုံး မှင်တင်သွားကြ၏။
ဖုန့်ယင်းယင်းမှာ ပို၍ပင် အံ့ဩနေသည်။
“အိမ်ရှေ့စံမင်းသားက ရှဲ့သခင်မလေးရဲ့ ခင်ပွန်းလေ…”
“ဟုတ်တယ် ကျွန်မသိတယ်၊ အဲဒါကြောင့်မလို့လည်း ကျွန်မသူတို့ကို ကြိမ်းမောင်းပစ်တာပေါ့၊ အစ်ကိုရှဲ့ကိုတောင် ဒီကိစ္စပြောပြလိုက်သေးတယ်၊ သူ ကျွန်မနဲ့အတူတူသောက်ပြီး မနေ့ညက တစ်ညလုံးထိုင်ဝေဖန်နေတာလေ၊ သတ်ဖို့ဆိုပြီး ဓားတစ်ကိုင်ကိုင်တောင်လုပ်နေသေး၊ ကံကောင်းလို့ ကျွန်မမှာအသိစိတ်ရှိနေသေးလို့၊ သူ့ကိုတားလိုက်ရတယ်
“ကံကောင်းလို့ပေါ့ သူ့ကိုတားလိုက်နိုင်တာ”
ဖုန့်ယင်းယင်း သက်ပြင်းချ၏။
“အမှန်ပဲ ကျွန်မသူ့ကို တားလိုက်ရတယ်၊ ဘာပဲဖြစ်ဖြစ် ကျို့မိသားစုက ကျွန်မဆွေမျိုးလေ၊ သူတို့ကိုသတ်ချင်ရင်တောင် ကျွန်မကိုယ်တိုင်ပဲလုပ်မယ်၊ တခြားသူတွေကို အမှုမပတ်စေချင်ဘူး”
ယွီရှန်းက ရဲဝံ့စွာဆို၏။
“နင့်ရဲ့အဒေါ် တကယ်ကြီးကွာရှင်းလိုက်ရင်ရော”
ဖုန့်ယင်းယင်း ဂရုတစိုက်မေးလိုက်သည်။
“ကွာရှင်းလိုက်တာ မကောင်းဘူးလား”
ယွီရှန်းသည် တုံ့ဆိုင်းခြင်းပင်မရှိခဲ့။
ယွီရှန်း၏ သတ်ဖြတ်ချင်နေသည့်အငွေ့အသက်များရှေ့း၌ ရှဲ့ချောင်နှင့်ဖုန့်ယင်းယင်းတို့မှာ မည်သည့်စကားမျှမဆိုဝံ့ခဲ့ကြပေ။
သူတို့ဘေးတွင် ထိုင်နေသော ရှဲ့ရှီသည်လည်း လိမ်မာစွာဖြင့် မျက်တောင်မခတ်တမ်းနားထောင်နေ၏။
“ကျွန်မအဒေါ်က ရေအဖိုးအဖွားတွေဆီကနေ ကျို့မိသားစုဆီကို တစ်ဝက်ရောင်းစား၊ တစ်ဝက်ပေးစားခံထားရတာ သခင်မလေးတို့မသိလို့၊ မဟုတ်ရင် ဘယ်သခင်မလေးကများ သေသွားတဲ့ဇနီးသည်နေရာမှာ အစားထိုးဖို့ဆန္ဒရှိမှာတဲ့လဲ၊ ပြီးတော့ ဇနီးမှာလည်း သားနှစ်ယောက်ကရှိသေး.. အကြောင်းအရင်းမရှိဘဲနဲ့ မိထွေးတစ်ယောက်ဖြစ်ချင်မှာတဲ့လား?”
“အတိတ်တုန်းကတော့ ကျွန်မဝမ်းကွဲက ငယ်သေးတာနဲ့ သည်းခံဖို့ကလွဲပြီး ဘာမှမတတ်နိုင်ခဲ့ဘူး၊ အခု ဝမ်းကွဲလည်း အရွယ်ရောက်လာပြီဆိုတော့ ကျွန်မအဒေါ်လည်း ဘာမှကြောက်နေစရာမရှိတော့ဘူး၊ သူတို့သာ တကယ်ကွာရှင်းလိုက်ရင်တော့ အပြင်လူတွေက သူ့ကိုလက်ညှိုးဝိုင်းထိုးပြီး ပြောဆိုကြမှာဆိုတော့ သိပ်မကောင်းဘူး၊ ဒါပေမဲ့လည်း အဒေါ်က လူတွေနဲ့တသီးတသန့်နေလာခဲ့တာဆိုတော့ အိမ်မှာ အပူအပင်ကင်းကင်းနေရဖို့က ပြဿနာကြီးကြီးမားမားမဟုတ်ဘူး၊ ဝမ်းကွဲသာ သိတတ်နေသ၍ ဒီလိုအသေးအမွှားကိစ္စလောက်က မခက်ခဲဘူး” ယွီရှန်းက ထပ်ပေါင်းပြောလိုက်၏။
အိမ်ထောင်တစ်ခုကို ဖျက်ဆီးခြင်းထက် ဘုရားကျောင်းတစ်ခုကို ဖြိုဖျက်ခြင်းက ပိုကောင်းသည်ဟု ဆိုကြသည်။
သို့သော် ၎င်းသည် သူမအဒေါ်အတွက် အသုံးမဝင်လှပေ။
သူမ၏ ဦးလေးသည် အေးတိအေးစက်ဆန်၍ ဂရုမစိုက်တတ်သူဖြစ်ကာ သူမအဒေါ်အား အလွန်အမင်း ကြောက်သူဖြစ်၏။ ကျို့မိသားစုတစ်စုလုံးသည်လည်း သူမအဒေါ်သည်ပထမဇနီး၏ ကလေးများအား အန္တရာယ်ပြုမည်ကို ကြောက်နေကြသည်။
ထိုမိသားစုဆီသို့ လက်ထပ်လိုက်ချိန်မှစ၍ သူတို့သည် သူမအဒေါ်အား စိတ်ရင်းအမှန်တစ်စက်ကလေးမှ ပြသခြင်းမရှိ။
ဤနှစ်များတွင် သူမအဒေါ်သည်လည်း ဒုက္ခများစွာ ခံစားခဲ့ရ၏။ ထိုမျှခံစားပြီးခဲ့သည့်နောက်တွင် အဘယ်ကြောင့်များ သူမကိုယ်သူမ ဆက်ပြီးနှိပ်စက်ဦးမည်လော။ ၎င်းသည် မီးတွင်းတစ်ခုမှန်း သိခဲ့ချိန်ကတည်း ထွက်သွားခဲ့သင့်သည်မှာ ကြာနေလေပြီ။
“ရှင်ပြောပုံအရဆိုရင်တော့ အဲဒီနေရာကနေထွက်လာတာပဲကောင်းတယ်”
ရှဲ့ချောင် သံယောင်လိုက်လိုက်၏။
“ ဟုတ်တယ်”
ယွီရှန်းကပါ ခေါင်းညိတ်၏။
“တခြားဟာတွေထည့်မပြောရင်တောင် ကျို့မိသားစုက အမြင်ကိုမရှိဘူး”
“သူတို့က မျက်လုံးကန်းနေကြတာများလား”
ဖုန့်ယင်းယင်းက သိချင်စိတ်ဖြင့် မေးလေသည်။
ယွီရှန်းသည် တခစ်ခစ်ရယ်လျက်
“ကျွန်မပြောချင်တာက သူ့တို့က ကျွန်မလိုသခင်မလေးတစ်ယောက်ကို အိမ်ရှေ့စံမင်းသားဆီလွတ်ပြီး ဖြားယောင်းခိုင်း၊ ရှဲ့သခင်မလေးရဲ့လူကို ခိုးခိုင်းချင်နေတာလေ၊ အဲဒါက အမြင်အာရုံမကောင်းတာပဲမဟုတ်ဘူးလား”
သူမအား တိုက်ခိုက်စေချင်သည်ဆိုလျှင် မပြောလို၊ ယောကျာ်းတစ်ယောက်အား ခိုးခိုင်စေချင်နေသည်တဲ့လား?
သူမကိုသာ သတ်လိုက်ပါတော့! မြန်မြန်လေး!
“အဲဒီလောက်လည်း မဆိုးပါဘူး”
ရှဲ့ချောင်သည်လည်း သဘောကျနေလေ၏။
စင်စစ် သူမသည် ယွီရှန်းအား ပို၍ဒေါသထွက်စေသောစကားတစ်ခွန်းမှ မပြောရသေးပေ။
ကျို့မိသားစုဆိုလိုချင်သည်မှာ ရှဲ့ချောင်၏ ကျန်းမားရေးမှာ မကောင်းသဖြင့် အပြင်လူများက သူမ အသက်ရှည်ရှည်နေရလိမ့်မည်မဟုတ်ဟု ဆိုကြသည်။ သူမသည် တစ်နှစ်ခွဲလောက်အတွင်း သေဆုံးလိမ့်မည်။
ယွီရှန်းသည် ရှဲ့မိသားစု၏ သခင်မလေးနှင့်ရင်းနှီးသဖြင့်
ဤနှုန်းအတိုင်းသွားပါက သူမသည်လည်း ကိုယ်လုပ်တော်တစ်ယောက်သို့မဟုတ် တစ်ခုခုဖြစ်လာနိုင်ချေရှိပေသည်…
သူမသည် ကျို့မိသားစု၏ အိမ်ထောင်ဦးစီးအား ဆူပူကြိမ်းမောင်းပစ်ခဲ့၏။
ဘယ်လိုတောင်လဲ.
“ကျို့မိသားစုမှာ ဒီလိုအတွေးမျိုးရှိနေတော့ ကျွန်မလည်းရှက်တယ်၊ သခင်မလေး ကျွန်မအပေါ်
ကြင်နာပေးခဲ့တာတွေအတွက် စိတ်တောင်မကောင်းဘူး၊ ဒါပေမဲ့ ကိစ္စတွေကဒီလိုဖြစ်လာပြီဆိုတော့ ဖြေရှင်းဖို့နည်းလမ်းစဉ်းစားသင့်တယ်၊ ကျွန်မက သခင်မလေးနဲ့ရင်းနှီးနေတော့ သခင်မလေးရဲ့ယုံကြည်မှုကို အလွဲသုံးစားလုပ်ပစ်လို့မကောင်းဘူး၊ တစ်ခုခုရှိလာခဲ့တယ်ဆိုရင် ကျွန်မကိုယ်တိုင် အသေးစိတ်ပြောပြမယ်၊ ကျွန်မ ဘာပဲစဉ်းစားလို့ရရ ပြောပြာမယ်၊ ကျွန်မက တန်ဖိုးမရှိတဲ့သူမဟုတ်ပါဘူး”
ယွီရှန်းက ထပ်ပေါင်းဆိုလေသည်။
ရှဲ့ချောင်သည် သူမလက်အား ကိုင်လျက်
“နင်ပြောတာ မှန်တယ်၊ ငါနင့်ကို အရမ်းလေးစားတယ်”
ဤသို့သော ကိစ္စမျိုးအား ပွင်ပွင့်လင်းလင်းပြောနိုင်နေသည်နှင့်ပင် ယွီရှန်းသည် သဘောထားကြီးသူဖြစ်နေလေပြီ။
•••••••
အခန်း ၁၀၉၅။ သူ ဘယ်လိုလုပ်ပြီးသိတာလဲ?!
ရှဲ့ချောင်သည် စိတ်ထဲမထားသည်အား မြင်သောအခါ ယွီရှန်းတစ်ယောက် စိတ်သက်သာရစွာဖြင့် သက်ပြင်းချလိုက်၏။
ဖုန့်ယင်းယင်းနှင့်အတူတူ အိမ်ရှေ့စံမင်းသားနှင့်လက်ထပ်ပြီးနောက်ပိုင်း နန်းတော်ထဲ၌ မည်သို့မည်ပုံနေထိုင်သည်အား မေးခဲ့ကြ၏။
ရှဲ့ချောင်သည် မည်မျှပင်မျက်နှာပြောင်တိုက်တတ်သူဖြစ်နေပါစေ အမှန်အတိုင်းမပြောပြနိုင်ပေ။ အိမ်ရှေ့စံမင်းသားသည် သိပ်ပြီးမဆိုးသူတစ်ယောက်ဟုသာ ပြောနိုင်ပေသည်။
ဖုန့်ယင်းယင်းသည်လည်း လက်ထပ်ထားပြီးသူတစ်ယောက်ပင်။ သူမ မည်မျှရှက်နေသည်ကို မြင်သောအခါ သူမသဘောမပေါက်ဘဲ နေမည်လော။ ရှဲ့မိသားစု၏ ညီမငယ်ရှိနေသေး၍သာ မဟုတ်ပါက သူမ၏ ခန္ဓာကိုယ်အား ဂရုစိုက်သင့်ကြောင်း၊ အိမ်ရှေ့စံမင်းသားအား စိတ်ကျေနပ်စေရန်အတွက်နှင့် သူမ၏ ခန္ဓာကိုယ်အား အထိအခိုက်မခံသင့်ကြောင်း၊ မစွန့်စားသင့်ကြောင်း ဖြောင်းဖြပြီးနေလောက်လေပြီ…
သူမသည် ထိုစကားပြောရန်အတွက် ရှက်လွန်းနေ၏။
ခဏတာ စကားစမြည်ပြောပြီးကြသည့်နောက် ယွီရှန်းသည်လည်း တစ်ခုခုပြောနေချင်သည့်တိုင် ချီတုံချတုံဖြစ်နေပုံရသည်။
“ရှဲ့သခင်မလေးနဲ့ သီးသန့်စကားပြောလို့ရမလား”
“ရတယ်လေ” ရှဲ့ချောင်ခေါင်းညိတ်လိုက်သည်။
ဖုန့်ယင်းယင်းသည်လည်း သိချင်နေသော်ငြား သူမ သိပ်ပြီးမမေးခဲ့။ သူမသည် ရှဲ့ရှီ၏လက်ကိုဆွဲက။ တံခါးဝ၌ စောင့်ရန်ထွက်သွားခဲ့သည်။
သူတို့ထွက်သွားပြီးနောက် ယွီရှန်းသည် ကသိကအောက်ဖြစ်စာဖြင့်
“ဆရာမ ကျွန်မ ဆရာမရဲ့လျှို့ဝှက်ချက်ကိုသိတယ်…”
ရှဲ့ချောင်၏ မျက်နှာမှာ တောင့်တင်းသွားရသည်။
“ဘာလျှို့ဝှက်ချက်လဲ၊ ကျွန်မဘာလို့ မသိရတာလဲ”
“ကျွန်မ ဆရာမလို့ခေါ်လိုက်တာ…အဲဒါတောင်မသိသေးဘူးလား…”
ယွီရှန်းသည်ခေါင်းကုတ်လျက် “ကျွန်မသိပြီးသား ပြီးတော့ ဆရာမကို မဖုံးကွယ်ထားချင်ဘူး ဒါပေမဲ့ ဘယ်သူ့ကိုမှ ဒီအကြောင်းမပြောပြပါဘူး၊ အခုကစပြီး လျှို့ဝှက်ချက်တစ်ခုအနေနဲ့ သိမ်းထားမှာပါ”
ရှဲ့ချောင်ခမျာ ငိုချင်နေသော်လည်း မျက်ရည်ကထွက်မလာ။
နောက်လူတစ်ယောက် သိသွားပြန်ပြီလား?
သူမ ဘယ်လိုသိသွားတာလဲ?! သူမရဲ့ ရုပ်ဖျက်တာက မပြည့်စုံသေးလို့လား?
သူမသည် ဇဝေဖဝါဖြစ်နေပုံရကာ ထိုးနှက်ချက်ကကြီးမားလှသည်။ သူမ၏ သနားစရာပုံစံအား မြင်သောအခါ ယွီရှန်းသည် “ဆရာမက တကယ်ကိုအံ့သြစရာကောင်းတာ၊ ဆရာမရဲ့အသက်အရွယ်ကြောင့်နဲ့ အရည်အချင်းကိုသံသယမဝင်ပါဘူး! ကျွန်မရဲ့နှလုံးသားထဲမှာတော့ ဆရာမက ကျွန်မရဲ့သူငယ်ချင်းကောင်းလည်း ဟုတ်တယ် ကျေးဇူးရှင်လည်းဟုတ်တယ်။ ဘာမှ အငြင်းပွားစရာမရှိဘူး!”
ရှဲ့ချောင်၏ အကြည့်တို့မှာ အနည်းငယ် ပျံ့လွင့်လို့နေဆဲ။
အိမ်ရှေ့စံမင်းသား သိသွားပြီဖြစ်၍ သူမသည် စိတ်ပိုင်းဆိုင်ရာပြင်ဆင်ထားပြီးဖြစ်ကာ လက်ခံနိုင်သည်။
သို့သော် ယွီရှန်းကမည်သို့များ သိသွားရသနည်း?! အထူးသဖြင့် သူမသည် ဆရာမမော့၏ မျက်နှာဖြင့် ယွီရှန်းအား အကြိမ်အနည်းငယ်မျှသာ ဆုံဖူးသည်ကို သရုပ်မှန်ပေါ်သွားသည်လော?!
၎င်းသည် သူမ၏ ပညာရပ်အား စော်ကားမှုတစ်ခု၊ သူမ၏ ပုံပန်းသဏ္ဌာန်အား သံသယဝင်မှုတစ်ခုနှင့် သူမ၏ ရှည်လျားလှသော အနာဂတ် အသက်မွေးခြင်းလမ်းကြောင်းအတွက် ထိုးနှက်ချက်တစ်ခုပင်!
“နင်…”ရှဲချောင်မှာ ငိုချင်နေရက်ဖြင့် မျက်ရည်တစ်စက်မှ ထွက်မလာ။ “ဘယ်လိုလုပ်ပြီးသိသွားတာလဲ…”
“တိုက်ဆိုင်မှုတစ်ခုပါပဲ။ ဆရာမ သတိလစ်သွားတုန်းက ဆရာမရဲ့မေးစေ့က နည်းနည်းညစ်ပတ်နေတာကို တွေ့တာနဲ့ ကျွန်မလည်းသုတ်လိုက်တာ၊ ဒါပေမဲ့ သုတ်လေလေ ပိုပြီးကွာလာလေလေဖြစ်နေရော။ ဆရာမရဲ့ အသားအရေက ဆယ်ကျော်သက်အရွယ် သခင်မလေးတစ်ယောက်လိုမျိုး နူးညံ့နေတာကို သတိထားမိလိုက်တယ်။ နောက်တော့ ဆရာမနဲ့ ရှဲ့သခင်မလေးက ဘယ်တုန်းကမှ တစ်နေရာတည်းမှာ အတူတူမရှိဘူးတာကို တွေးမိသွားတာနဲ့ သံသယဝင်လာရာကနေ.. တဖြည်းဖြည်းချင်း
အတည်ပြုလိုက်နိုင်တာ”
ယွီရှန်းက ရှဲ့ချောင်အား ရှင်းပြလေသည်၊
ရှဲ့ချောင်မှာ မရယ်နိုင်မတော့ပေ။
သူမဘဝက…အရမ်းသနားစရာကောင်းတာပဲ!
ထပ်ပြီး ပေါ်သွားပြန်ပြီ!
စင်စစ် ယွီရှန်း၌ သိလိုသည့်အကြောင်းအရာများစွာရှိနေဆဲ။
ဥပမာဆိုရသော် အဘယ်ကြောင့်များ ဤမျှ အဆင့်အတန်းခြင်းမတူသည့် လူနှစ်ယောက်သည် ဆရာတစ်ယောက်အား အသိအမှတ်ပြုနိုင်ရသနည်း။ အရှင့်သားအိမ်ရှေ့စံ သိနေသလား? ဆရာကြီးလီလည်း သိနေသလား?
သို့သော်ငြား သိချင်စိတ်က သိချင်စိတ်သက်သက်ပင်။ သူမကိုယ်တိုင် တွေးကြည့်လို့ရနေသဖြင့် မေးခွန်းများထပ်မေးနေမည်မဟုတ်။
ယခုအခါ ရှဲ့ချောင်အား သူမသိထားသော အမှန်တရားအား ပြောပြရုံသာရှိပြီး ရိုးသားလိမ္မာသော မိန်းကလေးတစ်ယောက်ဖြစ်နေလေသည်။
ရှဲ့ချောင်သည် အလွန်အရေးကြီးသော တစ်စုံတစ်ရာအား ရုတ်တရက်အား တွေးမိသွားပြီး အလျင်စလို မေးလိုက်၏။
“ကျွန်မအစ်ကိုကြီး…”
“သူ့ကိုမပြောထားဘူး”
ယွီရှန်းချက်ချင်းပြန်ဖြေလေသည်။
“ဒါပေမဲ့ ..အစ်ကိုရှဲ့က ဆရာမကို တကယ်ကြီးရိုသေလေးစားတာ၊ သူသာသိလို့ကတော့ ဆရာမဝေးဝေးထွက်ပြေးရလောက်တယ်၊ စိတ်လှုပ်ရှားတာကို မထိန်းနိုင်ဘဲ တစ်ယောက်ယောက်ကို ရိုက်မိမှာစိုးတယ်”
“ဟုတ်တယ်..” ရှဲ့ချောင် စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချလိုက်သည်။
စိတ်မလှုပ်ရှားနဲ့ စိတ်မလှုပ်ရှားနဲ့
ယွီရှန်းပဲ သိတာ ကိစ္စမရှိဘူး
၎င်းသည် သတိမမူမိသော အမှားတစ်ခုသာဖြစ်၏။ နောင်တစ်ချိန် ဘယ်တော့မှ ထပ်ဖြစ်လာမည်မဟုတ်။
အဆင်ပြေတယ်..တကယ်အဆင်ပြေတယ်!
ရှဲ့ချောင်သည် သူမကိုယ်သူ ချုပ်တည်းကာ
“ဒီကိစ္စကို လျှို့ဝှက်ချက်တစ်ခုအနေနဲ့သိမ်းထားကြတာပေါ့၊ တစ်နေ့ ကျွန်မအစ်ကိုရှေ့မှာ မတော်တဆပေါ်သွားခဲ့ရင် ဆရာယွီ ကျွန်မကိုကယ်ရမယ်နော်!”
••••••
အခန်း ၁၀၉၆။ မိသားစုအတွက်ပဲ သေစေနိုင်တဲ့ကံကြမ္မာပါတာ၊ ယောကျာ်းအတွက် မပါဘူး
ရှဲ့ချောင်၏ မျက်နှာထက်၌ အလွန်အကြူးတုံ့ပြန့်နေသော အကြည့်မျိုးရှိနေ၏။ ယွီရှန်း ပြုံးလျက်
“ဒါပေါ့!” ဟုဆိုလိုက်သည်။
ဖုန့်ယင်းယင်းနှင့်ရှဲ့ရှီတို့နှစ်ယောက်သည် ယွီရှန်းနှင့် ရှဲ့ချောင် တစ်ယောက်ကိုတစ်ယောက်ကို မည်သည်အားတီးတိုးပြောနေသည်ကိုမသိခဲ့ကြ။
ရှဲ့ချောင်၏ မျက်နှာအမူအရာမှာ အလွန်သတိထားနေသည့်ပုံဖြစ်လာခြင်းကိုသာ သိပြီး ၎င်းမှာ သူမ ရန်အစခံနေသည့်အလား။ အင်မတန် သနားစရာကောင်းလှပေသည်။
တစ်ချိန်တည်း၌ ရှဲ့အိမ်တော်၏ခြံဝန်းသည်လည်း ပို၍ပင် အသက်ဝင်လျက်ရှိသည်။ စားစရာများပြည့်နေသော စားပွဲဝိုင်းတစ်ဝိုင်းနှင့် အမျိုးသားငါးယောက်တို့ ရှိနေ၏။
ရှဲ့နျိုရှန်း တစ်ယောက်တည်းကသာလျှင် သေခြင်းတရားအား အကြောက်အလန့်မရှိဘဲ အိမ်ရှေ့စံမင်းသားအတွက် ဝိုင်တစ်ခွက်ပြီးတစ်ခွက် လောင်းထည့်ပေးလျက်ရှိပေသည်။
ဝမ်လန်ချန်းအပြင် ရှဲ့ဖင်းဟွိုက်သည်ပင်လျှင် သူရှေ့၌ ဝိုင်ခွက်ရှိနေ၏။ တစ်ဖက်တွင်မူ ဝမ်လန်ချန်သည် ခံနိုင်ရည်ရှိသူမဟုတ်သဖြင့် ထိုဝိုင်ခွက်အား မသောက်နိုင်ခဲ့သလို သောက်လည်းမသောက်ရဲခဲ့ပေ။
အစပိုင်းတွင်မူ အပြန်အလှန်ပြောဆိုမှုများ များစွာမရှိသေး။ ဝိုင်ပန်းကန်လုံးတချို့ သောက်ပြီးနောက်တွင် ရှဲ့နျိုရှန်းသည် စိတ်ချလက်ချဖြစ်သွားကာ
“ငါ့ရဲ့ သားမက်ကောင်းလေး ငါ့သမီးကမဆိုးဘူးဟုတ်၊ ဒီလောကကြီးထဲမှာ ဘယ်သူ့သမီးမှ ငါ့သမီးလောက်မကောင်းဘူးဆိုတာ ပြောရဲတယ်!”
ကျောက်ရွှမ်ကျင်းသည် ဤကဲ့သို့သော ဝိုင်အရသာမြည်းခြင်းအား ယခင်ကတစ်ခါမှမမြင်တွေ့ဖူးခဲ့ပေ။
သူ့ရှေ့တွင် မည်သူကမျှ ထိုသို့ဖြစ်လိမ့်မည်မဟုတ်။
သူ၏ ယောက္ခထီးကသာ သတိလစ်သည်အထိ သောက်ရဲလိမ့်မည်ပေ။
မိုက်မဲလှသော ယောက္ခထီးအတွက် သူ၏ဇနီးမှာ အင်မတန်ကြိုးစားရှာသည်။ ကံကောင်းထောက်မစွာဖြင့် သူသည် ပွင့်လင်းဖြောင့်မတ်သော အိမ်ရှေ့စံမင်းသားနှင့်တွေ့ခဲ့၍သာ။ သူသာ
သဘောထားသေးသိမ်သူတစ်ယောက်နှင့် တွေ့ခဲ့ပါက ယခုလို အလိုလိုက်ပျော်မွေ့ပုံမျိုးနှင့် ဤယောက္ခထီးသည် အဆုံးသတ်ကောင်းမည်မဟုတ်။
ကျောက်ရွှမ်ကျင်းသည် ဝိုင်တစ်ငုံသောက်လိုက်၏။
“ဟုတ်တယ်၊ ချောင်ချောင်က အကောင်းဆုံးမိန်းကလေးပဲ”
“ဒါပေါ့; ငါ့မိသားစုထဲမှာလေ ငါ့သားတွေ အသုံးကိုမကျဘူး ငါ့သမီးတစ်ယောက်ပဲကောင်းတယ်၊ ငါ့ရဲ့အကြီးဆုံးသမီးလေးက ပန်းတစ်ပွင့်ထက်တောင် ပိုလှတဲ့သူ၊ သူက သူ့အမေလိုပဲ၊ ငါ့ပြနိုင်သမျှထဲမှ အကောင်းဆုံးအရာ ငါအခု သူ့ကိုမင်းဆီပေးလိုက်ရပြီ…”
ရှဲ့နျိုရှန်း သက်ပြင်းချ၏။
ရှဲ့နျိုရှန်း မည်သို့များထိုသို့ပြောထွက်နိုင်သည်အား ကျောက်ရွှမ်ကျင်းသိချင်နေမိလေသည်။
အရာ?
ရှဲ့ချောင်သည် အရာဝတ္ထုတစ်ခုမဟုတ်။
ဟူး သူသည် အရက်မူးနေသည့်အပြင် ရှဲ့ချောင်၏ဖခင်ဖြစ်နေသဖြင့် ထိုသို့သော အသေးစိတ်များကို ဂရုမစိုက်နေတော့ပေ!
“အရှင့်သား! သောက်လေ! ပါးစပ်အပြည့်သောက်လိုက်၊ လန်ချန်လိုလုပ်မနေနဲ့၊ ဒီကောင်လေးက အခြောက်ကျနေတာပဲ၊ ဘယ်လိုသောက်ရမလဲတောင် မသိဘူး!”
ရှဲ့နျိုရှန်း အော်လိုက်လေသည်။
ဝမ်လန်ချန်သည် အင်မတန်ရိုးသားရှာ၏။
အတိတ်တုန်းကဆိုလျှင် သူ၏မွေးသားအဖေသည် သူ့အား သိမ်မွေ့ပြီး သိတတ်သူတစ်ယောက်ဟု ချီးမွမ်းခဲ့သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် မျက်နှာသာမပေးခံရတော့သည်လော။
“အရှင့်သား ကျုပ်သမီးကိုကောင်းကောင်းဆက်ဆံရမယ်! သူ့အဖေ ကျုပ်က သူ့ကိုဘယ်တုန်းကမှ ဂရုမစိုက်ခဲ့ဖူးတော့ သူ့အတွက်လွယ်မှာမဟုတ်ဘူး၊ သူငယ်ငယ်ကတည်း ဟိုနံစော်နေတဲ့ တာအိုဆရာကြီးဆီ လိုက်ခိုင်းခဲ့တာ၊ သူဘယ်လောက်စားသောက်ရတယ်ဆိုတာလဲ ကျုပ်မသိဘူး…”
ကျောက်ရွှမ်ကျင်းမှာ ဝိုင်အားမျိုချမိလုနီးနီး။
“အဖေ အဲဒါအဖေအပြစ်၊ ကျွန်တော့်အစ်မရဲ့ ကျန်းမာရေးက ကောင်းတာမဟုတ်ဘူး၊ အဲဒါကြောင့်မလို့ သူ့ကိုဂရုစိုက်ပေးဖို့လိုနေတာ၊ အစ်မသာ အိမ်မှာနေရရင် ကျိန်းသေပေါက် ပိုကောင်းမှာ”
သူ၏အစ်မသာ ငယ်စဉ်ကတည်း သူနှင့်အတူနေခဲ့လျှင်
သူကျိန်းသေပေါက် လိမ်မာရေးခြားရှိနေမည်ပင်!
ရှဲ့ဖင်းဟွိုက်သည်လည်း ဝိုင်တချို့သောက်ထားသဖြင့် သူ၏မျက်နှာမှာ နီရဲနေသည်။
“မင်းဘာသိလို့လဲ၊ မင်းဟာမင်းအသုံးမကျလို့လေ?!”
ရှဲ့နျိုရှန်းသည် ရုတ်တရက် ဒေါသထွက်ထွက်ဖြင့် အော်လိုက်ကာ စားပွဲအား ဝုန်းခနဲရိုက်ချလိုက်၏။
“မင်းတို့ရဲ့ အသက်ကိုကာကွယ်ချင်လို့ သူ့ကိုအဝေးပို့လိုက်ရတာကွ၊ မဟုတ်လို့ကတော့ ငါ့သမီးကို ငါကိုယ်တိုင်စောင့်ရှောက်မှာ!”
“အဟမ်း” ရှဲ့ဖင်းကန်းသည် ချောင်းဟန့်၍ သတိပေးလိုက်၏။
ဝမ်လန်ချန်မှာ မယုံကြည်နိုင်စရာကောင်းသောအရာတစ်ခုအား ကြားလိုက်ရသကဲ့သို့ ခံစားလိုက်ရ၏။
သူ၏ နားရွက်အား ဖုံးအုပ်ထားချင်မိသွားသည်။
နောက်ကျလွန်းသွားလေပြီ။
“ဘာလို့မပြောနိုင်ရမှာလဲ၊ ငါ့သမီးရဲ့ ကံကြမ္မာကိုဖတ်ပြီး သူ့မှာ သေစေနိုင်တဲ့ကံကြမ္မာပါတယ်လို့ မပြောတဲ့သူရှိလို့လား၊ လျှို့ဝှက်ချက်တစ်ခုမှမဟုတ်တော့တာ”
ရှဲ့နျိုရှန်းမှာ အမူးလွန်နေသဖြင့် ပေါက်ပန်းလေးဆယ်ပြောထွက်နေလေပြီ။
“ဒါပေမဲ့ အရှင့်သားစိတ်မပူပါနဲ့၊ ကျုပ်သမီးက သူ့မိသားစုဝင်တွေအတွက်ပဲ သေစေနိုင်တဲ့ကံကြမ္မာပါတာ၊ သူ့ယောကျာ်းအတွက် မပါဘူး!”
ကျောက်ရွှမ်ကျင်း နောက်ထပ်ဝိုင်တစ်ငုံသောက်လိုက်ပြန်သည်။
သောက်သောက်
ဒီအခွင့်အရေးကို အသုံးချပြီး များများလေးထပ်သောက်ထားသင့်တယ်
ဒီနေ့ပြီးလျှင်တော့…
ကောင်းကင်သည် နွေးနေကာ ရှဲ့နျိုရှန်းတစ်ယောက် အရက်သောက်ခြင်းအား ရပ်လိုက်သင့်ပြီဟု ခံစားမိလိုက်၏။
စားပွဲအောက်တွင်မူ ရှဲ့ဖင်းကန်းသည် ခြေထောက်အားဆန့်ထုတ်ကာ သူ့အဖေအား ခပ်ပြင်းပြင်းကန်လိုက်လေသည်။
ဒီအသုံးမကျတဲ့သူကတော့လေ သူ့ညီမရဲ့ အရည်အချင်းကို ဘယ်လိုလုပ်ပြီး အိမ်ရှေ့စံမင်းသားရှေ့မှာထုတ်ပြနေရတာလဲ!
ဒီအဖိုးကြီးကတော့ ပါးစပ်ထဲကို ကြက်ခြေထောက် ထိုးထည့်ပေးထားသင့်နေပြီ!
ဝိုင်နှစ်ငုံ သောက်အပြီးတွင် သူ့ကိုယ်သူမည်သူမှန်း မသိတော့ချေ။
••••••