← Chapters

လိုက်စထွင်းထဲက ရန်ပွဲကြီး

Vol. 33 Ch. 330

လိုက်စထွင်းထဲက ရန်ပွဲကြီး

Vol. 33 Ch. 330

[ချစ်စဖွယ် ယုန်သားဆော့စ်]က ငယ်ရွယ်သေးသော်လည်း သူမ၏ အင်္ကျီလက်ထဲတွင် အကြံအစည်တို့က မရေမတွက်နိုင်အောင်ရှိသည်။

သူမက ဒေသထဲ ပူပူနွေးနွေး စကားပြောစရာ တစ်ခု ဖြစ်အောင် လုပ်လိုက်သည်နှင့် ရေပန်းစားမှု စာရင်းထဲ ရောက်ရှိသွားဖို့ အခွင့်အရေးများလေသည်။

ပလတ်ဖောင်းက အများပြည်သူကို ကျေနပ်နှစ်သိမ့်စေဖို့အတွက် သူမ၏ အကောင့်ကို ဘန်းလိုက်သည်မျိုးပင် ဖြစ်ကောင်းဖြစ်နိုင်သည်။။

ထိုသို့ ဖြစ်လာမည်ဆိုပါက သူမ၏ ချစ်သူကောင်လေးကပင် သူမကို လိုချင်မှာ မဟုတ်တော့ချေ။

ထိုအကြောင်း တွေးတောမိတော့ သူမ၏ မျက်ဝန်းအိမ်ထဲတွင် မျည်ရည်များဖြင့် ပြည့်နှက်လာခဲ့ပြီး “ ကျွန်မ မိုးနတ်မင်းကို တိုင်တည်ပြီး ကျိန်ဆိုရဲတယ် … ကျွန်မသူ့ကို သဘောကျတယ်ဆိုပြီး ဘယ်တုန်းကမှ မပြောခဲ့ဖူးဘူး ….”

“ ဒီတိုင်း သူ့လို ရိုးသားပြီး ရက်ရောတဲ့ ယောက်ျားပီသတဲ့ လူစားမျိုးကို သဘောကျတယ်လို့ ပြောခဲ့တာ ….” [ချစ်စဖွယ် ယုန်သားဆော့စ်]က နေရာမှာတင် ကျိန်ဆိုမှု ပြုလိုက်၏။

သူမက [ငါ အစ်ကိုကြီးမဖြစ်တာ နှစ်ပေါင်းများစွာ ကြာပြီ]ကို သဘောကျနှစ်သက်သည်ဟု တစ်ကြိမ်တစ်ခါမျှ မပြောခဲ့ဖူးသလို ၊ သူ့မိသားစုကို စွန့်ပစ်ပြီး သူ့ဇနီးနှင့် ကွာရှင်းဖို့လည်း ဘယ်တုန်းကမျှ အားမပေးခဲ့ဖူးချေ။

သူမကို ဆုချီးမြင့်သည့် လက်ဆောင်များနှင့် ဝီချက်က လွှဲပေးလာသည့် ငွေများအတွက်ကတော့ အကုန်လုံးကို သူကိုယ်တိုင်က လိုလိုချင်ချင်နဲ့ ပေးလာခဲ့သည်များ ဖြစ်၏။

[ငါ အစ်ကိုကြီးမဖြစ်တာ နှစ်ပေါင်းများစွာ ကြာပြီ]သည် ဒေါသထွက်လွန်း၍ ချစ်စဖွယ် ယုန်သားဆော့စ်ကို ထိုးသည့် သူ့လက်ညှိုးပင် တဆတ်ဆတ် တုန်ယင်နေကာ “ ငါမင်းဆီ လွှဲပေးလိုက်တဲ့ ပိုက်ဆံတွေအကုန်လုံး ဖုန်းထဲမှာ မှတ်တမ်းရှိတယ် … မင်းငြင်းလို့ မရဘူး … “

“ ထောင်ထဲ မရောက်သွားချင်ဘူးဆိုရင် မင်းလိမ်ထားတဲ့ ပိုက်ဆံတွေ အကုန်လုံးကို အမြန်ပြန်ပေးစမ်း …. “

“ လိမ်တဲ့ အကြောင်းပြောကြေးဆို ရှင်ကမှ ကျွန်မကို လိမ်ညာခဲ့တာ … “

“ ကျွန်မကတော့ ရှင့်ကို အစ်ကိုကြီးတစ်ယောက်လိုမျိုး ယုံကြည်ခဲ့တာကို လက်စသတ်တော့ ရှင်က တဏှာရူးနေတာကိုး ….”

[ချစ်စဖွယ် ယုန်သားဆော့စ်]၏ လေသံက ရွှံရှာစက်ဆုပ်မှုတို့ ပြည့်နှက်နေပြီး “ ရှင်ပြောတာ ရှင့်ကိုယ်ရှင် လူချောကြီး ဆိုပြီးတော့နော် … အခု ကိုယ့်ဘာကိုယ် မှန်ထဲ ပြန်ကြည့်စမ်းပါ … မျက်နှာတစ်ပြင်လုံးက ရှုံ့တွပြီးတော့ အဆီတရွှဲရွှဲနဲ့ သက်လတ်ပိုင်း ဦးလေးကြီး ရုပ်ကိုများ ….”

“ မြင်နေရတာနဲ့တင် ပျို့ချင်တယ် … “

“ ရှင်က ပိုက်ဆံကို စိတ်လိုလက်ရနဲ့ ကျွန်မဆီ လွှဲပေးခဲ့တယ် … ကျွန်မဘက်က ရှင့်ကို ဘယ်တုန်းကမှ မတောင်းဆိုခဲ့ဖူးဘူး … “

“ နောက်ဆုံးထွက် LV အိတ်ကို ကြိုက်တယ်လို့ ပြောတာကလည်း ဒီတိုင်း သာမန်လေးပဲ ပြောလိုက်တာ …. ရှင့် လည်ပင်းကို ဓားနဲ့ထောက်ပြီး အတင်းအကျပ် ဝယ်ပေးခိုင်းမနေဘူး ….”

“ ရှင်က ကျွန်မကို လိုလိုချင်ချင်နဲ့ ပေးလာနေမှတော့ ကျွန်မဘက်ကလည်း ဘယ်လိုလုပ် ငြင်းလို့ ကောင်းမှာ….”

“ လိုက်စထွင်းထဲမှာ ရှင် ကျွန်မကို သိန်းနဲ့ချီပြီး လက်ဆောင်တွေ ပေးခဲ့တယ် …. ကျွန်မ အလုပ်ကြိုးစားလို့ ရသင့်တာ ပုံမှန်ပဲ … “

“ ကျွန်မ သီချင်းဆိုပြတယ် … ကပြတယ် … ဇာတ်ကောင် အဝတ်အစားတွေ ဝတ်ပြတယ် … ရှင်က ကျွန်မပေးတဲ့ ဝန်ဆောင်မှုကို ခံစားတယ် ….. အဲ့ဒီအတွက် ကျွန်မ ပိုက်ဆံပြန်ရတယ် … ဒါ ဖြစ်ကို ဖြစ်သင့်တဲ့ ကိစ္စ ….”

“ ဘာကိစ္စ ကျွန်မ ရှာထားတဲ့ ပိုက်ဆံတွေကို ရှင့်ဆီ ပြန်လွှဲပေးရမှာလဲ …..”

“ လှည့်စားရအောင်လည်း ရှင်က သုံးနှစ်သားလေးမှ မဟုတ်တာကို ဘယ်သွားပြီး လှည့်စားရမှာ .. “

ပြောဆိုနေရင်းဖြင့် ချစ်စဖွယ် ယုန်သားဆော့စ်လေး၏ လျှာက ပိုပြီး ထက်မြိလာသည်။

သူမက [ငါ အစ်ကိုကြီးမဖြစ်တာ နှစ်ပေါင်းများစွာ ကြာပြီ]ကို သူမအပေါ် မကောင်းသည့် စိတ်များ ရှိသည့် ကိစ္စနှင့် ပတ်သက်ပြီး ကြောင်သူတော် လုပ်သည်ဟု လှောင်ပြောင်ခဲ့၏။

သူ လိုချင်တာ မရတော့ သူမအပေါ် အပြစ်ပုံချပြီး တာဝန်ယူခိုင်းချင်နေသည်။

အင်မတန် ရွံဖို့ကောင်းသည့် လူစားမျိုးပင်။

[ ခြုံငုံကြည့်လိုက်ရင် ဒါတွေက တဏှာရူးဦးလေးကြီးနဲ့ စထွင်မာနတ်သမီးလေးတို့ကြားက ကိစ္စလေးပါပဲ ]

[ အွန်လိုင်းပေါ်မှာ ပတ်သက်ဆက်နွယ်မှုတွေ အကြောင်း ပြောတာက သူစိမ်းတစ်ယောက်နဲ့ ငွေအကြောင်း ဆွေးနွေးတာနဲ့ အတူတူပဲ … မင်းက ဒါကိုတောင် နားမလည်ဘဲ ဖန်အဆင့် စာရင်းမှာ နံပါတ်တစ်ဖန် ဖြစ်လာတယ်ပေါ့ … ဘယ်လိုတောင် ကလေးဆန်လိုက်လဲ … ]

[ မင်း တကယ်လို့ သူ့ကို ဆယ်သိန်း ၊ သိန်းတစ်ရာလောက် ပေးမယ်ဆိုရင် နမ်းချင် နမ်းလို့ရမှာပေါ့ … ဒါပေမယ့် မင်းက သာမန်လူဖြစ်နေတာပဲ … မင်းမှာ အခွင့်အရေး မရှိပါဘူး … ]

[အိုနီးချန် ဆိုပြီး ဆက်တိုက် ခေါ်ခံရတော့ အစ်ကိုကြီးက နားစည်းစိမ်ခံပြီး နတ်ပြည်တက်နေရတယ်နဲ့တူတယ် … ]

[ဒီဘက်ခေတ်ကြီးမှာ အွန်လိုင်းပေါ်က အချစ်ကိစ္စတွေကို ယုံကြည်တဲ့လူတွေ ရှိသေးတာလားဟ … ]

[ ပိုက်ဆံရှိတယ်ဆို စထွင်မာက မင်းကို နှစ်သက်မှာပဲ … ]

[ ငါလည်း တစ်ခါက စထွင်မာ အသေးလေး တစ်ယောက်ကို ယွမ်သုံးသောင်း လှူဖူးပါတယ်ဟ … သူကျတော့ ငါနဲ့ တွေ့ဖို့ ဘာလို့ အပြင် ထွက်မလာခဲ့တာ … စထွင်မာတွေ နှုတ်က ပြောတဲ့ ချစ်စကားတွေကို ယုံတဲ့ကောင်တွေက တကယ့်သောက်ရူးတွေပဲ … ]

[ကိုကိုကြီး … မီးမီးကို ယွမ် ၂၀ တန် စကင်လေး ဝယ်ပေးပါဦး … ]

ချစ်စဖွယ် ယုန်သားဆော့စ်က လက်မောင်းပိုက်လျက် [ငါ အစ်ကိုကြီးမဖြစ်တာ နှစ်ပေါင်းများစွာ ကြာပြီ]ကို စူးရဲစွာ ကြည့်လိုက်ပြီး “ ရှင် လိုက်စထွင်းထဲမှာ လက်ဆောင်ပေးခဲ့တဲ့ ငွေတွေပဲ ဖြစ်ဖြစ်၊ ဝီချက်ကတစ်ဆင့် လွှဲပေးခဲ့တဲ့ ငွေတွေပဲ ဖြစ်ဖြစ် ၊ ကျွန်မ ကြိုးစားရှာပြီး ရထားတဲ့ ပိုက်ဆံတွေပဲ … တစ်ပြားတစ်ချပ်လေးတောင် ပြန်လွှဲပေးလိမ့်မယ် ထင်မနေနဲ့ …..”

“ ဒေါက်တာချန် … ဒီကောင်မ သိပ်တရားလွန်သွားပြီ … မင်းငါ့ကို ကူညီပေးရမယ်နော် ….” [ငါ အစ်ကိုကြီးမဖြစ်တာ နှစ်ပေါင်းများစွာ ကြာပြီ]က ဖုန်းစခရင်ကို ကူကယ်ရာမဲ့စွာ ကြည့်ပြီး ပြောလိုက်သည်။

“ ခင်များက ကျုပ်ကို တရားမျှတမှု ရှာပေးစေချင်တာလား …..” ချန်ယွီ့ လက်မောင်းပိုက်ပြီး ထူးမခြားနားသည့် ဟန်အမူအရာဖြင့် မေးလိုက်၏။

“ ငါ တစ်ခြား ဘယ်သူ့ကိုမှ မယုံဘူး … ဒါပေမယ့် ဒေါက်တာချန်ကိုတော့ လုံးဝ ယုံတယ် ….” [ငါ အစ်ကိုကြီးမဖြစ်တာ နှစ်ပေါင်းများစွာ ကြာပြီ]က ပြောလိုက်ပြီး “ ငါ မင်းရဲ့ လိုက်စထွင်းတွေ အများကြီး ကြည့်ဖူးတယ် … ရိုးသားတဲ့လူတွေ ထိခိုက်နစ်နာရအောင် မလုပ်ဘူးလို့ ငါ ယုံတယ် ….”

ဤစကားကြားတော့ ချန်ယွီ့က သူ့ကို ကျီစယ်ထေ့ငေါ့သည့် အကြည့်ဖြင့် စိုက်ကြည့်လိုက်၏။

“ ဒေါက်တာချန် … မင်း ငါ့ကို ဘာလို့ လာစိုက်ကြည့်နေတာလဲ ….”

ချန်ယွီ့၏ စိုက်ကြည့်ခြင်းကို စက္ကန့်အတန်ကြာ ခံစာလိုက်ရတော့ [ငါ အစ်ကိုကြီးမဖြစ်တာ နှစ်ပေါင်းများစွာ ကြာပြီ]မှာ မသက်မသာ ခံစားလိုက်ရသည်။

“ ကျုပ် ခင်များကို ကြည့်နေတာ မဟုတ်ဘူး … ခင်များ နောက်ကို ကြည့်နေတာ …”

“ ခင်များနဲ့ သူ့ရဲ့ ပြောစကားတွေကို နားထောင်ကြည့်ရသလောက်ကတော့ ကျိန်းသေပေါက် ရန်ပွဲ တစ်ခု ဖြစ်လာမှာ သေချာတယ် …”

ချန်ယွီ့ စကားဆုံးသည်နှင့်တစ်ပြိုင်နက် လူအုပ်ထဲမှနေပြီး ခါးတုတ်တုတ်နှင့် စည်ပိုင်းလောက်ရှိသည့် အမျိုးသမီးကြီးတစ်ဦး ထွက်လာခဲ့ကာ သူမက ချစ်စဖွယ် ယုန်သားဆော့စ်ကို ပါးဖြတ်လိုက်၏။

‘ ဖြန်း ‘

ချစ်စဖွယ် ယုန်သားဆော့စ်မှာ ကြက်သေသေသွားခဲ့လေသည်။

“ အောက်တန်းကျတဲ့ အပျက်မ … ဒီတော့ နင်ပေါ့ ငါ့ယောက်ျားကို မြှူဆွယ်ခဲ့တာ … ငါ နင့်ကို သေအောင်ရိုက်ပစ်မယ် ….”

“ နင့်ကိုယ်နင် ရုပ်လေး ကြည့်ကောင်းတယ်ဆိုတိုင်း သူများ မယားငယ်လုပ်လို့ ရပြီများ ထင်နေလား ….”

“ ဘာလို့ သူများ မိသားစုကို ဖျက်စီးချင်ရတာလဲ … ဘာလို့ ငါ့ယောက်ျားကို လာပြီး မြှူဆွယ်ရတာလဲ …”

သက်လတ်ပိုင်း အမျိုးသမီးက အင်မတန် ရက်စက်ကြမ်းကြုတ်ပြီး ချစ်စဖွယ် ယုန်သားဆော့စ်လေး၏ ဆံပင်ကို ဆွဲရမ်းကာ မြေပြင်သို့ မှောက်ချလိုက်တော့သည်။

အရာအားလုံးက တစ်ခဏအတွင်း ဖြစ်ပျက်သွားခဲ့၏။

အပြင်တွင် ဝိုင်းရံကြည့်ရှုနေသည့် ကြည့်ရှုနေကြသူများမှာ တဒင်္ဂအတွင်း ဖြစ်ပျက်သွားသည်များကြောင့် ကြက်သေသေနေမိကြတော့၏။

“ လူသတ်နေပါတယ် ….” ချစ်စဖွယ် ယုန်သားဆော့စ်က စူးရှစွာ အော်ငိုလိုက်ပြီး “ တစ်ယောက်ယောက် ကယ်ကြပါဦး … ဒီမှာ လူသတ်နေပါတယ် ….”

သူမက မြေပြင်သို့ လဲကျသွားခဲ့ပြီး လက်များဖြင့် ကိုယ့်ကိုယ်ကို ကာကွယ်ထားလျက် ရှိသည်။ “ မြေခွေးလို အပျက်မ ….”

သက်လတ်ပိုင်း အမျိုးသမီးကြီးက ဟိန်းဟောက်လိုက်ပြီး “ နင့်မိဘတွေက နင့်ကို မဆုံးမခဲ့ဘူးလား … မဆုံးမခဲ့ဘူးဆိုလည်း နင့်မိဘတွေကိုယ်စား ဆုံးမပေးလိုက်မယ် … ကဲဟာ ကဲဟာ ….”

နေရာတစ်ခုလုံး ပရမ်းပတာတွေ ဖြစ်နေတော့၏။

အရင်တစ်ခေါက်ကလည်း ချန်ယွီ့ လိုက်စထွင်းထဲတွင် အမျိုးသမီးနှစ်ဦး အချင်းချင်း စုတ်ဖြဲနေကြသည့် မြင်ကွင်းကို ကြည့်ရှုသူတို့ မြင်ဖူးကြ၏။

ထိုစဉ်တုန်းကတော့ ချွေးမနှင့် ယောက္ခမကြားက ရန်ပွဲပင်။

ယခု အခါတွင်တော့ ရန်ပွဲ စတင်စဉ်ကတည်းက သက်လတ်ပိုင်း အမျိုးသမီးကြီးမှာ လုံးဝ အသာစီး ရနေခဲ့ပြီး သနားဖို့ ကောင်းသည့် ချစ်စဖွယ်ယုန်သားဆော့စ်လေးမှာတော့ မြေပြင်သို့ ဆွဲလှဲခံလိုက်ရလေသည်။

သက်လတ်ပိုင်း အမျိုးသမီးကြီးက သူမဆံပင်ကို ကြမ်းတမ်းစွာ ဆွဲကိုင်လိုက်ပြီး သူမ မည်မျှပင် ကျယ်လောင်စွာ အော်ဟစ် အကူအညီတောင်းစေကာမူ မည်သူကမျှ ဟန့်တားဖို့ ရောက်မလာခဲ့ကြချေ။

[ငါ အစ်ကိုကြီးမဖြစ်တာ နှစ်ပေါင်းများစွာ ကြာပြီ]ကလည်း အမူအရာကင်းမဲ့သည့် မျက်နှာထားဖြင့် အမျိုးသမီးနှစ်ယောက်၏ ရန်ပွဲအတွက် ကင်မရာသမားပင် လုပ်ပေးနေလိုက်သေးသည်။

ခဏကြာတော့ သက်လတ်ပိုင်း အမျိုးသမီးလည်း မောပန်းလာဟန်ရပြီး သူမ၏ လက်ကို လွှတ်၍ ချစ်စဖွယ်ယုန်သားဆော့စ်ကို ခြေထောက်ဖြင့် ကန်ကျောက်လိုက်သည်။

“ ငါ့ယောက်ျားက နင့်အတွက်နဲ့ စုငွေတွေအကုန်လုံးကို သုံးပစ်လိုက်တယ် … သူ အခု ငါနဲ့ ကွာရှင်းချင်နေပြီ … နင့်ကို သေအောင် ရိုက်သတ်ပစ်လိုက်ချင်တယ်သိလား … ဒီလောက် ကောက်ကျစ်တဲ့ မိန်းမမျိုး ဘာနဲ့စပ်ပြီး ဥပေါက်လာလဲတောင် မသိတော့ဘူး …”

တစ်ဖက်တွင်တော့ ချစ်စဖွယ်ယုန်သားဆော့စ်လေးမှာ သူမသူငယ်ချင်း၏ အကူအညီဖြင့် မတ်တပ်ရပ်လာနိုင်သည်။

သူမရှေ့ရှိ အမျိုးသမီးကြီးကို ကြည့်ရင်း မိန်းမငယ်လေး နှစ်ဦးလုံး ကြောက်ရွံ့တုန်လှုပ်သွားခဲ့တော့၏။

ဤမိန်းမကြီးက သူမကို တကယ်ပဲ စုတ်ဖြဲပစ်ချင်နေပုံပေါသည်။

မတော်လို့ သူမက တကယ်ပဲ လူသတ်မယ်ဆို ဘယ်လိုလုပ်မှာ …

မိန်းကလေးနှစ်ယောက်မှာ အချင်းချင်း ကြည့်၍ ထွက်ပြေးနိုင်မည့် အခွင့်အရေးကောင်း တစ်ခုကို ရှာဖွေနေသည်။ လူတိုင်း၏ အာရုံက သက်လတ်ပိုင်း အမျိုးသမီးကြီးထံ ကျရောက်နေစဉ်မှာပဲ “ အား … ဘယ်သူ ငါ့ကို ပေါက်တာလဲ …”

ချစ်စဖွယ် ယုန်သားဆော့စ်လေး ထွက်ပြေးတော့မည့် အချိန်မှာပဲ ကြက်ဥမြောက်များစွာက သူမရှိသည့်နေရာသို့ မတူညီသည့် ဦးတည်ရာဘက်ခြမ်းများမှ ရောက်ရှိလာသည်။

အန်တီကြီး တစ်ချို့က ကြက်ဥခြင်းများ သယ်ဆောင်လျက် လူအုပ်ကြီးထဲမှ ထွက်လာခဲ့ကြ၏။

ကြက်ဥနှင့် ပေါက်လိုက်တာက သူတို့ လက်ချက်ပင်။

ကြည့်ရှုသူများကတော့ အကြီးအကျယ် အံ့အားသင့်ကုန်ကြ၏။

ပထမဆုံးအကြိမ် အဖြစ် ဤမျှ ရှုပ်ထွေးပြီး ပရမ်းပတာ ဆန်လှသည့် မြင်ကွင်းမျိုးကို မြင်တွေ့ဖူးခြင်းပင်။

နေရာသာ မဝေးပါက ထိုနေရာသို့ပင် ချက်ချင်းပြေးသွားပြီး ပွဲကြည့်လိုက်ချင်သည်။

ထိုအချိန်မှာပဲ ကြည့်ရှုသူ တစ်ဦးက အထူးကွန်းမန့်တစ်ခု ပေးပို့လာခဲ့၏။

[ ဒေါက်တာချန်…. ဒီစထွင်မာ မိန်းကလေး အဲ့ဒီ အစ်ကိုကြီးကို မနှစ်သက်တာက သူ မချမ်းသာလို့လား …]

[တကယ်လို့သာ သူ့ဘက်က ယွမ် သန်း ဆယ်ချီ ပေးရင် သူ့အချစ်ကို လက်ခံလောက်လား ….]

“ ဒီလူနာ သူ့ကို ငွေ ဘယ်လောက်ပဲပေးပေး …” ချန်ယွီ့ တည်ငြိမ်စွာ ဆိုလိုက်ပြီး “ သန်းဆယ်နဲ့ချီပြီး ပုံပေးရင်တောင် ဒီ မိန်းကလေးက ဒီလူနာရဲ့ ချစ်သူကောင်မလေး ဖြစ်ဖို့ သဘောတူမှာမဟုတ်ဘူး ….”

“ ဘာလို့ဆို ဒီမိန်းကလေးမှာက ပြီးပြည့်စုံတဲ့ အစီအစဉ် တစ်ခု ရှိနေပြီးတာကြောင့်လေ …”

စာစဉ် (၃၃)ပြီး၏။

(14 June 2026, 10:13 AM)

All Chapters