ချစ်စဖွယ် အမျိုးသမီး စထွင်မာနှင့် သူမ၏ နံပါတ်ဝမ်းဖန်
Vol. 33 Ch. 329
ချန်ယွီ့က တတိယလူနာကို မဖိတ်ခေါ်နိုင်သေးခင်မှာပဲ တတိယ ကံထူးရှင်းက လက်ဦးမှုရယူ၍ တောင်းဆိုလာသည်။
စခရင်က နှစ်ခြမ်းကွဲသွားခဲ့ပြီး နောက်ခံမြင်ကွင်းကတော့ ကြည့်ရှုသူတွေ မျှော်လင့်မထားသည့် အရာ ဖြစ်နေခဲ့သည်။
တတိယမြောက် ခေါ်ဆိုလာသည့် လူနာ၏ အွန်လိုင်းနာမည်က [ငါ အစ်ကိုကြီးမဖြစ်တာ နှစ်ပေါင်းများစွာ ကြာပြီ] ဟူ၍ပင်။
တည်နေရာက မြို့တစ်မြို့ရှိ ပန်းခြံအသေးလေးတစ်ခုတွင် ဖြစ်ပြီး အနီးနားတွင် လေ့ကျင့်ခန်းလုပ်သည့် ပစ္စည်းကိရိယာ များစွာကိုလည်း မြင်တွေ့နေရသည်။ အနီးနားဝန်းကျင်တွင်လည်း ဝိုင်းအုံကြည့်ရှုနေသူတို့ ရှိနေကြ၏။ ကြည့်ရှုနေသူ အရေအတွက်က နေရာတစ်ဝိုက်ကို တိုးပေါက်လို့ မရနိုင်အောင် စုပြုံများပြားလို့ နေသည်။
လူအုပ်ကြီးထဲတွင်တော့ [ငါ အစ်ကိုကြီးမဖြစ်တာ နှစ်ပေါင်းများစွာ ကြာပြီ] အပြင် ငယ်ရွယ်သည့် အမျိုးသမီးလေး နှစ်ဦးလည်း အတူရှိနေသည်။
တစ်ဦးက ချစ်ဖို့ကောင်းသည့် မိန်းမငယ်လေ တစ်ဦး ဖြစ်၏။
JK ယူနီဖောင်းဖိနပ်ကို စီးနင်းထားပြီး ပိုနီတေးနှင့် သူမ၏ ခြေတံတို့က သေးသွယ်ရှည်လျားလှ၏။
[ အာ … သူ့ကြည့်ရတာ ဘာလို့ ရင်းနှီးနေပါလိမ့် ]
[ ဟူယွီမှာ နာမည်ကြီးလာတာ မကြာသေးတဲ့ စထွင်မာ အသစ်လေးလေ …. ငါ သူ့စထွင်းကို သုံးလေးခါလောက် သွားကြည့်ဖူးတယ် … ]
[ အရည်အချင်းရှိတဲ့ စထွင်မာ ‘ ချစ်ဖို့ကောင်းတဲ့ ယုန်အသားဆော့စ် ‘ ]
[ ဟီးဟီးဟီး …. ယုန်ဝတ်စုံလေးနဲ့ ဗီဒီယိုရိုက်ဖို့ ခေါ်ချင်လိုက်တာ … ] (Chinese av ရိုက်ချင်တာလို့ ပြောတာပါ)
[ မင်းကို တိုင်ပြီ ဟေ့ကောင် ]
ကြည့်ရှုသူများက အခြေအနေကို စတင် ဝေဖန် ဆန်းစစ်ကြတော့သည်။
“ ဒေါက်တာချန် … မင်းငါ့ကို တရားမျှတမှု ရှာပေးရမယ် …. ငါ အလိမ်ခံလိုက်ရပြီ ….”
“ မင်းငါ့ကို မကူညီဘူးဆိုရင် အိမ်က ငါ့ကို အပိုင်းပိုင်းစုတ်ဖြဲရုံတင်မကဘူး … ငါ့မိသားစုလည်း ပြိုကွဲသွားတော့မှာ ….”
“ ငါက သူ့လိုက်စထွင်းထဲမှာ နံပါတ်ဝမ်းဖန်ပါ …. သူ လိုက်စထွင်း စလွှင့်တဲ့ အချိန်ကစပြီး အခုချိန်ထိ ဆုချခဲ့တဲ့ ပိုက်ဆံ ပမာဏက ယွမ်တစ်သိန်းကျော်တယ် ….”
“ ဒီနေ့ ငါ သူ့ကို အပြင်ခေါ်ပြီး ငါ့အချစ်တွေ ဝန်ခံဖို့ လုပ်ခဲ့တာ ဒါပေမယ့် သူ ငါ့ကို အရူးတစ်ယောက်လို ဆော့ကစားသွားတယ် ….”
[ငါ အစ်ကိုကြီးမဖြစ်တာ နှစ်ပေါင်းများစွာ ကြာပြီ]ဆိုသူက အင်မတန် ဒေါသထွက်နေပုံပေါ်ပြီး နှုတ်က ကရားရေလွှတ် စကားပြောလာခဲ့တော့သည်။
ချန်ယွီ့ နားထောင်ချင်မှန်းမသိ၊ နားမထောင်ချင်မှန်းမသိ ဂရုမစိုက်ဘဲ သူနှင့် အမျိုးသမီးနှစ်ယောက်ကြားက ကိစ္စကို တုံ့ဆိုင်းချင်းမရှိ ချက်ချင်း ဖော်ထုတ်နေတော့သည်။
လွန်ခဲ့သော လအနည်းငယ်ခန့် [ချစ်ဖို့ကောင်းတဲ့ ယုန်အသားဆော့စ်]လေး စတင် လိုက်စထွင်းလွှင့်စဉ်က သူမ၏ လိုက်စထွင်းထဲတွင် ကြည့်ရှုသူဦးရေက ဆယ်ဂဏန်းမျှသာ ရှိခဲ့၏။
သူကတော့ သူတို့နှစ်ဦးက အတော်လေး လိုက်ဖက်ညီသည်ဟု ထင်သည်။ ထို့ပြင် နှစ်ဦးလုံးက တစ်မြို့တည်းသားချင်းများ ဖြစ်သဖြင့် [ငါ အစ်ကိုကြီးမဖြစ်တာ နှစ်ပေါင်းများစွာ ကြာပြီ]သည် ချက်ချင်းပဲ သူမကို ဖော်လိုလုပ်ခဲ့သည်။
စကားတစ်ခွန်းပင် မပြောရသေးဘဲ ယွမ်သုံးထောင်ဖိုး ကာနီဗယ်လက်ဆောင်များ ဆုပေးလိုက်သည်။
ထို့နောက်တွင်တော့ [ချစ်ဖို့ကောင်းတဲ့ ယုန်အသားဆော့စ်]က သူ့ကို အိုနီးချန် (Onii-chan) ဆိုပြီး ညုတုတုလေသံနှင့် ခေါ်သည်။
[ငါ အစ်ကိုကြီးမဖြစ်တာ နှစ်ပေါင်းများစွာ ကြာပြီ]လည်း ထိုသို့ ခေါ်ခံလိုက်ရတော့ သူ့အရိုးတွေ အကုန်လုံး အရည်ပျော်သွားတော့မတတ်၊ ခံစားလိုက်ရ၏။
သူ့တစ်ကိုယ်လုံး နတ်ပြည်ရောက်သွားသလိုပင်။
ထိုနေ့မှစတင်ပြီး [ငါ အစ်ကိုကြီးမဖြစ်တာ နှစ်ပေါင်းများစွာ ကြာပြီ]သည် သူမကို ဆက်တိုက် ဆုချီးမြင့်တော့သည်။
[ချစ်စဖွယ် ယုန်အသားဆော့စ်]၏ လိုက်စထွင်းအခန်း အဆင့်မှာလည်း တစ်ဖြည်းဖြည်းနှင့် အဆင့်တက်လာခဲ့ပြီး ယခုဆို အတန်ငယ် နာမည်ကျော်ကြားသည့် တက်သစ်စ စထွင်မာတစ်ဦးပင် ဖြစ်လို့နေလေပြီ။
အကယ်၍ fan leaderboard ပေါ်ရှိ နံပါတ်ဝမ်းဖန်ဖြစ်သည့် သူသာ မရှိခဲ့ဘူးဆိုပါက သူမဆိုသည်မှာလည်း ဘာမျှ ဖြစ်လာမှာ မဟုတ်ချေ။
“ သူ့ကို ငါနှလုံးသားတစ်ခုလုံး ပေးအပ်ခဲ့တယ် … ဒါပေမယ့် သူကတော့ ငါ့ကို မျောက်တစ်ကောင်လို ဆော့ကစားသွားခဲ့တယ် ….”
“ ငါ့ပိုက်ဆံတွေ လိမ်လည်ရုံတင် မကဘူး … ငါ့ရဲ့ ခံစားချက်တွေကိုလည်း လိမ်တယ် ….”
[ငါ အစ်ကိုကြီးမဖြစ်တာ နှစ်ပေါင်းများစွာ ကြာပြီ]သည် ဒေါသထွက်လွန်း၍ မျက်ရည်ကျလုမတတ် ဖြစ်နေမိတော့၏။
“ ကျွန်မကို လာပြီး စော်ကားမနေနဲ့ … ကျွန်မ ရှင့်ကို တစ်ခါမှလည်း မလိမ်ညာဖူးဘူး … ဒါပေမယ့် နင်ကတော့ စလာကတည်းကရင် မကောင်းတဲ့ ရည်ရွယ်ချက်တွေနဲ့ ပြည့်နှက်နေတာလေ …..”
“ ရှင် ကျွန်မကို လက်ဆောင်တွေ ပေးနေတယ်ဆိုတာ ကျွန်မခန္ဓာကိုယ်ကို လိုချင်လို့ …”
[ချစ်စဖွယ် ယုန်အသားဆော့စ်]လေးက အလျင်အမြန် ပြေးထွက်လာပြီး ဒေါသတကြီးနှင့် ချေပပြောဆိုလိုက်သည်။
“ ဒေါက်တာချန် …. ကျွန်မ ရှင့်ရဲ့ လိုက်စထွင်းတွေကို ကြည့်ဖူးတယ် … ရှင်က ဖြောင့်မတ်မှန်ကန်တဲ့ စထွင်မာတစ်ယောက်ဆိုတာ ကျွန်မ သိတယ် ….”
“ သူ့ရဲ့ တစ်ဖက်သတ်စကားတွေကို နားထောင်စရာ မလိုဘူး … ဒီလူက နှာဘူး … ၊ မကောင်းတဲ့ကောင် ….”
ကြည့်ရှုသူများကတော့ ပျော်ရွှင်လွန်း၍ မျက်နှာထက်တွင် စိတ်ဝင်စားသည့် အပြုံးများ ဖြစ်ပေါ်နေကြသည်။
လက်ရှိ အခြေအနေက ဘာတွေ ဖြစ်ပျက်နေလဲဆိုတာကို လူတိုင်း နားလည်ကြ၏။
သူတို့တွေ အခြေအနေကို စိတ်ကူးယဉ်ပြီး ဖြစ်လေသည်။
ဤလူ … နံပါတ်ဝမ်းဖန်ဆိုသူက သူမ၏ ခန္ဓာကိုယ်ကို လိုချင်ရုံမျှ ဖြစ်ပြီး စထွင်မာ အလှလေးကလည်း လွယ်သည့်လူ ဟုတ်မနေခဲ့ပေ။
နံပါတ်ဝမ်းဖန် ဆိုသူကို မျှော်လင့်ချက်များ ပေးရင်း ကြိုးရှည်ရှည်နှင့် လှန်ထားကာ သူမထံသို့ ပိုက်ဆံများ ဆက်တိုက် ပို့ပေးစေခဲ့၏။
[ငါ အခု ဒီနေရာ ဒေါက်တာချန်ရဲ့ အလုပ်အကိုင်အသစ်ကို ကြေညာလိုက်ပြီ …. အငြင်းပွားမှု ဖြန်ဖြေပေးရေး ပညာရှင် … ]
[ နောင်ကျ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ အငြင်းပွားမှု ပြဿနာတွေ ဖြစ်လာရင် အားတိုင်း တံခါးပိတ် ဆွေးနွေးချင်နေတဲ့ ကုလသမဂ္ဂကို ဘေးချိတ်ထားလိုက်တော့ … ဒေါက်တာချန်က ကြားဝင်ဖြန်ဖြေပေးပြီး နိုင်ငံတိုင်း သင့်သင့်မြတ်မြတ်နဲ့ နေထိုင်နိုင်အောင် ကြိုးစားပေးလိမ့်မယ် … ]
[စထွင်မာက သူ့ပိုက်ဆံကို လိုချင်တယ် … ဒီကောင်ကလည်း စထွင်မာရဲ့ ခန္ဓာကိုယ်ကို လိုချင်တယ် … နှစ်ယောက်က အပေးအယူတော့ မျှနေတာပဲ … ]
[ သူက ဘာမှ မလိုချင်ဘူးဆိုရင် ဘယ်လိုလုပ်ပြီး စထွင်မာရဲ့ ဖန်အဆင့်သတ်မှတ်ချက်မှာ နံပါတ်တစ်နေရာ ရောက်နေမှာလဲ … လူတိုင်းကို ဒေါက်တာချန်လိုမျိုးများ ထင်နေကြလား မသိဘူး .. ]
ကွန်းမန့်များ လျော့ကျသွားသည်ကို စောင့်ဆိုင်းပြီးနောက် ချန်ယွီ့ ပြောလိုက်၏။ “ ဒီရဲ့လူနာ … ကျေးဇူးပြုပြီး စိတ်ကို အေးအေးထားပါ … တကယ်လို့ ခင်များရဲ့ စိတ်ခံစားချက်တွေ ဆက်ပြီး ပြင်းထန်နေဦးမယ်ဆိုရင် ဘယ်လိုမှ ထိန်းချုပ်လို့ ရမှာမဟုတ်ဘူး ….”
“ ငါ မလုပ်ချင်တာ မဟုတ်ဘူး ဒေါက်တာချန် … လုပ်လို့ မရတာ ….”
“ သူ့ သနားကမား ရုပ်ရည်လေးကို ကြည့်ပြီး သနားဖို့ ကောင်းတယ် မထင်လိုက်နဲ့ …. ဒီကောင်မရဲ့ နှလုံးသားက ပြည့်တန်ဆာတန်းက ကြက်မတွေထက်တောင် ပိုပြီး မည်းနက်နေသေးတယ် … “ [ငါ အစ်ကိုကြီးမဖြစ်တာ နှစ်ပေါင်းများစွာ ကြာပြီ]က နာကျည်းမှုအပြည့်ဖြင့် အော်ပြောလိုက်၏။
“ ငါ သူ့အတွက် သိန်းနဲ့ချီ ပိုက်ဆံ သုံးခဲ့တယ် … ပိုက်ဆံလေး ရရင်ကျ လူကို ချစ်ဖို့ကောင်းတဲ့ အစ်ကိုကြီး၊ အိုနီးချန် ဘာညာနဲ့ မျိုးစုံနေအောင်ကို ခေါ်တာ ….”
“ အခုကျတော့ ငါ့ကို နှာဘူးကောင် ၊ မကောင်းတဲ့ကောင် တဲ့ … စာရွက်လှန်တာတောင် သူ့ရဲ့ အပြောင်းအလဲ မြန်ပုံကို မှီမယ်မထင်ဘူး …..”
“ ငါ သူ့အပေါ် မရိုးသားတဲ့ စိတ်တစ်ချို့ ရှိတယ် ဆိုတာ ဝန်ခံတယ် …”
“ ဒါပေမယ့် ငါက အပေါ်ယံဆန်တဲ့ လူစားမျိုး မဟုတ်ဘူး … သူနဲ့ တကယ်တွဲချင်တာ ….”
“ ငါ့ရဲ့ စိတ်ရင်းလေးနက်မှုကို ပြသဖို့ဆိုပြီး သူ့ဘက်က တောင်းဆိုလာတာမှန်သမျှ အကုန် ဖြည့်ဆည်းပေးခဲ့တယ် ….”
“ သူ့လိုက်စထွင်း စပြီဆိုတာနဲ့ ဘယ်လောက်ပဲ အလုပ်ရှုပ်နေပါစေ ချက်ချင်း ပစ်ချပြီး လိုင်းပေါ်တက် သူ့ကို ပံ့ပိုးပေးတယ် ….”
[ငါ အစ်ကိုကြီးမဖြစ်တာ နှစ်ပေါင်းများစွာ ကြာပြီ]သည် ပြောဆိုရင်းဖြင့် မာန်က တစ်ဖြည်းဖြည်းပါလာပြီး မျက်ရည်များ စတင်စီးကျလာခဲ့တော့သည်။
သိန်းနှင့်ချီ လက်ဆောင်ချီးမြင့်ချင်းအပြင် [ချစ်စဖွယ် ယုန်သားဆော့စ်]လေးကို ဝီချက်ကတစ်ဆင့်လည်း ပိုက်ဆံများ လွှဲပေးခဲ့သေး၏။
“ ငါတို့ စကားပြောတိုင်းလည်း ငါ့လို ယောက်ျားမျိုးကို သဘောကျတယ် … ငါ့ပေါ် ခံစားချက်ကောင်းတွေ ရှိတယ်ဆိုပြီး အမြဲတမ်းပြောတယ် ….”
“ ငါလည်း သူ ငါ့ကို စိတ်ဝင်စားနေတယ်လို့ ထင်သွားတာပေါ့ ….”
“ သူ့ဆီ ပိုက်ဆံတွေ ၊ လက်ဆောင်တွေ ဆက်တိုက်ပို့ပေးရင်းနဲ့ ငါ့အိမ်က စည်းစိမ်တွေတောင် ကုန်လုနီးနီး ဖြစ်နေပြီ …. “
“ သူနဲ့ တစ်သက်လုံး အတူနေနိုင်ဖို့အတွက် မိန်းမနဲ့တောင် ကွာရှင်းဖို့ လုပ်ထားပြီးပြီ … “
“ ဒါပေမယ့် သူက ဒီလောက်ထိ အဆိပ်ပြင်းတဲ့ မြွေဟောက်လို မိန်းမဖြစ်နေမယ်လို့ ထင်မထားဘူး ….”
[ငါ အစ်ကိုကြီးမဖြစ်တာ နှစ်ပေါင်းများစွာ ကြာပြီ]နှင့် သူ့မိန်းမတို့ ကွာရှင်းပြီးချိန်မှာပဲ သူမနှင့် ဆက်ဆံရေးတစ်ခု တည်ဆောက်ဖို့ကို လုံးဝ မစောင့်ဆိုင်းနိုင်တော့ချေ။
အကြောင်းပြချက် တစ်ခုပေးပြီး စပရိုက်အနေနှင့် လက်ရှိ ပန်းခြံထဲ တွေ့ဖို့ရာ ချိန်းဆိုလိုက်၏။
[ချစ်စဖွယ် ယုန်သားဆော့စ်]လေးကို စောင့်ဆိုင်းနေစဉ်မှာပဲ အချိန်ဖြုန်းဖို့အတွက် ဖုန်းသုံးနေလိုက်လေသည်။
ချန်ယွီ့ လိုက်စထွင်းထဲသို့ ဝင်ရောက်ပြီးနောက် ဟုန်ပေါင်းတစ်ခုကို မတော်တဆ ဖမ်းမိသွားခဲ့သည်။
တစ်ချိန်တည်းမှာပဲ [ချစ်စဖွယ် ယုန်သားဆော့စ်]က သူမ၏ သူငယ်ချင်းနှင့်အတူ ပန်းခြံလေးထဲသို့ ရောက်လာသည်။
“ ငါက အရူးပဲ …”
“ လောကကြီးထဲ အရူးတကာ့ အရူးထွဋ်ခေါင်လို့တောင် ခေါ်ရလောက်တယ် ….”
[ငါ အစ်ကိုကြီးမဖြစ်တာ နှစ်ပေါင်းများစွာ ကြာပြီ]က မျက်ရည်များသုတ်ပြီး သူ့ပါးသူ ခပ်နာနာ ဖြတ်ရိုက်နေတော့သည်။
နတ်သမီးလေး ရောက်လာခဲ့ပြီးနောက် သူ ချက်ချင်းပဲ ချစ်ခွင့်ပန်လိုက်၏။
သို့ပေမယ့်လည်း …
သူမက သူ့ကို ‘အစ်ကိုကြီး’ တစ်ယောက်အဖြစ် သတ်မှတ်ထားလိမ့်မည်ဟု လုံးဝ မျှော်လင့်မထားခဲ့ပါချေ။
သူ၏ စိတ်ကူးယဉ်အိပ်မက်လေးများအားလုံး တစ်စစီ ပျက်စီးသွားခဲ့ရတော့၏။
[ မင်းကိုယ်မင်းလည်း ပြန်ကြည့်စမ်းပါဦး ကိုယ့်လူရာ … လူကဖြင့် အသက်လေးဆယ်တောင် ကျော်နေပြီ …. ကလေးတစ်ယောက်လို ရိုးအနေတုန်းပဲလား … ]
[အိမ်ထောင်ကျပြီး မိန်းမရှိနေတာတောင် လျှောက်ကစားချင်နေတုန်းပေါ့ ဟုတ်လား …. နည်းတောင်နည်းသေး … ]
[စထွင်မာ မိန်းကလေးက သူ အဲ့လိုတွေ လုပ်ပြနေတယ်ဆိုတာ မင်းဆီက ပိုက်ဆံတွေ လိုချင်လို့ဆိုတာ အလယ်တန်းကျောင်းသားလေးတောင် နားလည်တယ် … ဒါပေမယ့် အဲ့လိုဆိုတိုင်း သူ မင်းကို သဘောကျတယ်လို့တော့ မဆိုလိုဘူးလေ … ]
[ ဒီနေ့ခေတ်မှာ လူလိမ်တွေ များလာတယ်ဆိုပေမယ့် သောက်ရူးတွေက ပိုပြီးတောင် ပေါလာသေးတယ် … ]
[ညီကို … မင်းပြောတာ သူ မင်းကို လိမ်ခဲ့တယ်ဆိုပြီးတော့နော် … မင်းမှာ ဘာသက်သေရှိလို့ … ]
[ သောက်ဦးနှောက်မရှိတဲ့ ဘဲကြီးပါကွာ … ]
ကြည့်ရှုသူများက အညှာတာ ကင်းမဲ့စွာဖြင့် [ငါ အစ်ကိုကြီးမဖြစ်တာ နှစ်ပေါင်းများစွာ ကြာပြီ] ကို ထေ့ငေါ့လှောင်ပြောင်နေကြတော့သည်။
သူ့တွင် မိသားစုရှိပြီး ဇနီးတစ်ယောက်ရှိနေသည့်တိုင် လိုင်းပေါ်တွင် ဇယားတွေ ပတ်ရှုပ်ချင်နေသည်ကို ကြည့်ချင်းအားဖြင့် ယခုလို စထွင်မာ မိန်းကလေး၏ ကစားတာကို ခံလိုက်ရသည်က နည်းတောင် နည်းသေးသည်ဟု ပြော၍ရသည်။
“ ဒေါက်တာချန် .. သူက ရှင့်ကို အဆုံးအဖြတ်ပေးစေချင်မှတော့ ကျွန်မဘက်ကလည်း တောင်းဆိုချင်တယ် ….”
[ချစ်စဖွယ် ယုန်သားဆော့စ်]လေးက အခြေအနေကို ပြောင်းပြန်လှန်လိုက်တော့သည်။
[ငါ အစ်ကိုကြီးမဖြစ်တာ နှစ်ပေါင်းများစွာ ကြာပြီ]က အများပြည်သူ လှုပ်ရှားသွားလာသည့် နေရာတွင် ရုတ်ရုတ်သဲသဲ ဖြစ်အောင် ပြုလုပ်ထားပြီး ၊ ဖြတ်သွားဖြတ်လာများနှင့် ချန်ယွီ့ လိုက်စထွင်းထဲရှိ သန်းနှင့်ချီသည့် ကြည့်ရှုသူများ၏ အာရုံကို ဆွဲဆောင်သွားခဲ့သည်။
သူမဘက်က ဤအတိုင်း ငြိမ်ခံနေ၍တော့ မဖြစ်ပေ။
အကယ်၍ သူမသာ မဖြေရှင်းဘဲ ထွက်သွားခဲ့မည်ဆိုပါက နောင်အနာဂတ်တွင် ဆက်လက်ရပ်တည်ဖို့ဆိုသည်မှာ ဖြစ်နိုင်တော့မှာ မဟုတ်ချေ။
သူမ နေထိုင်သည့်နေရာက မြို့ငယ်လေး တစ်မြို့တွင် ဖြစ်ပြီး လူဦးရေကလည်း သိန်းဂဏန်းလောက်သာ ရှိသည်။
ဤကိစ္စက မနက်ဖြန်ဆို တောမီးလောင်သည့်နှယ် တစ်မြို့လုံးအနှံ့သို့ လျင်လျင်မြန်မြန် ပျံ့နှံ့သွားနိုင်လေသည်။