အခန်း ၂၀၀
Vol. 19 Ch. 200
အခန်း ၂၀၀- ကိုယ်ကျင့်တရားဖြင့် ခြိမ်းခြောက်ခြင်း။
"မဖြစ်နိုင်တာ မဖြစ်နိုင်ဘူး ငါ့ရဲ့ ဟောက်ထျန်းတူက ဘာလို့မင်းလက်ထဲမှာ ဒီလောက်တောင် လွယ်လွယ်နဲ့ ပြိုကွဲသွားရတာလဲ။"
ထန်စန်းသည် ထိတ်လန့်တုန်လှုပ်စွာဖြင့် အော်ဟစ်လိုက်သည်။
"မင်းက ငါ့ရဲ့ ပြိုင်ဘက် မဟုတ်ဘူး။ ဒါကြောင့် မင်းကို စကားအပိုတွေ ပြောနေဖို့ ငါ စိတ်မဝင်စားတော့ဘူး။"
ရှောင်ချန်ယွီက မထီမဲ့မြင်ပြုစွာဖြင့် ရယ်မောလိုက်သည်။ သူ၏ ပုံရိပ်မှာ ရုတ်တရက် အရှိန်မြှင့်တင်လိုက်ပြီး ထန်စန်းထံသို့ ဓားဖြင့် ထိုးစိုက်လိုက်သည်။
"ဘုန်း"
နှစ်ဦးသား တိုက်မိကြရာ ကြောက်မက်ဖွယ်ကောင်းသော တုန်ခါမှုလှိုင်းများ ပျံ့နှံ့သွားသည်။ မြေပြင်ပေါ်ရှိ ကျောက်ခဲများမှာ တိုက်ခိုက်မှုဒဏ်ကြောင့် အမှုန့်အဖြစ် ကြေမွသွားသည်။
"ဘုန်း"
နှစ်ဦးစလုံးမှာ နောက်သို့ အရှိန်ဖြင့် လွင့်စင်သွားကြသည်။
"ကောင်းတယ် မင်းရဲ့ ဟောက်ထျန်းတူက တကယ်ကို အစွမ်းထက်တာပဲ ဒါပေမဲ့ ငါ့ရှေ့မှာတော့ အလကားပဲ။"
ရှောင်ချန်ယွီက မထီမဲ့မြင်ပြုစွာ ရယ်မောလိုက်ပြီး သူ၏ခန္ဓာကိုယ်အတွင်းရှိ မူလစွမ်းအင်များမှာ ပြန်လည်ဆူပွက်လာသည်။
"ဘဇ့် ဘဇ့် ဘဇ့်..."
သူ၏ ခန္ဓာကိုယ်အတွင်း၌ အပြာရောင် မိုးကြိုးအလင်းတန်းများ အဆက်မပြတ် လည်ပတ်နေသည်။
"ဘုန်း"
ရှောင်ချန်ယွီ၏ ခန္ဓာကိုယ်မှ ကြောက်မက်ဖွယ်ကောင်းသော မိုးကြိုးအလင်းတန်းတစ်ခု ရုတ်တရက် ပေါက်ကွဲထွက်လာပြီး ထန်စန်းကို ရိုက်ခတ်လိုက်ရာ လွင့်စင်သွားတော့သည်။
"ထန်စန်းး"
ထိုမြင်ကွင်းကို မြင်သောအခါ ထန်စန်း၏ လက်အောက်ငယ်သားများမှာ အော်ဟစ်ကြတော့သည်။
"သူ့ကို တားလိုက်ကြ။"
"သူ့ကို သတ်ပစ်ကြ။"
ထန်စန်း၏ လူများမှာ ရှောင်ချန်ယွီဆီသို့ အလောတကြီး ပြေးဝင်လာကြသည်။ သို့သော် သူတို့ထဲမှ မည်သူမျှ ရှောင်ချန်ယွီကို တစ်ကွက်ပင် မယှဉ်နိုင်ပေ။
သူတို့၏ လုပ်ဆောင်ချက်များမှာ ရှောင်ချန်ယွီကို မိနစ်အနည်းငယ်မျှသာ ကြန့်ကြာစေသည်။
ထန်စန်းသည် နှုတ်ခမ်းထောင့်မှ စီးကျလာသော သွေးများကို သုတ်ရင်း သွားကို ကြိတ်လိုက်သည်။ ဤတစ်ကြိမ်တွင် သူသည် ရှောင်ချန်ယွီကို အလွန်အမင်း လျှော့တွက်မိခဲ့သည်။
"ထန်စန်း မင်း ဘာမှလုပ်လို့မရတော့ဘူးဆိုတာ ငါသိတယ်။ အရှုံးပေးလိုက်တော့။"
ရှောင်ချန်ယွီက ထပ်ခါတလဲလဲ ကဲ့ရဲ့သည်။
"ရှောင်ချန်ယွီ စောစောစီးစီး မအောင်ပွဲမခံပါနဲ့ဦး။"
"ရှူးး"
ထန်စန်းသည် သူ၏ပါးစပ်မှ အစိမ်းရောင် မီးတောက်များကို မှုတ်ထုတ်လိုက်သည်။
"အဆုံးမဲ့ သဘာဝတရား။"
ဤသည်မှာ ထန်စန်း၏ ငွေပြာမြက် ပိုင်နက်တွင် ပါရှိသော စွမ်းရည်တစ်ခု ဖြစ်သည်။
ငွေပြာမြက်ပိုင်နက်၏ တတိယမြောက်
ဆင့်ကဲဖြစ်စဉ် စွမ်းရည်မှာ ပေါင်းစည်းခြင်းနှင့်ဖိနှိပ်ခြင်းဟူ၍ ရှိသည်။ ပေါင်းစည်းခြင်း ဆိုသည်မှာ ပတ်ဝန်းကျင်ရှိ အပင်အားလုံး၏ စွမ်းအင်များကို ငွေပြာမြက်ပိုင်နက်မှတစ်ဆင့် မိမိအတွက် အသုံးပြုခြင်းဖြစ်သည်။
အပင်များ များလေလေအဆုံးမဲ့ သဘာဝတရား၏ စွမ်းအား ကြီးမားလေလေဖြစ်ပြီး ထန်စန်း၏ အလိုအတိုင်း တိုက်ခိုက်စေနိုင်သည်။
ဖိနှိပ်ခြင်း ဆိုသည်မှာ ရန်သူ၏ ဝိညာဉ်ဂုဏ်သတ္တိအားလုံးကို ၁၀ ရာခိုင်နှုန်း လျှော့ချပေးခြင်းဖြစ်သည်။
ရန်သူသည် ပိုင်နက်အတွင်း ကြာကြာနေလေဖိနှိပ်မှုမှာ ပိုမိုပြင်းထန်လေဖြစ်သည်။
ထို့ကြောင့် ရှောင်ချန်ယွီမှာ ထန်စန်းထက် ခွန်အားအနည်းငယ် သာလွန်သော်လည်း ဤပိုင်နက်အတွင်း၌မူ သူ၏စွမ်းအားမှာ သိသိသာသာ လျော့ကျသွားရသည်။
"ဟမ့် မင်း ဘာပဲ သင်ယူထားပါစေ ဒီနေ့တော့ မင်း သေရလိမ့်မယ်။"
သူ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာသော ဖိအားမှာ ရှောင်ချန်ယွီကိုပင် ကျော်လွန်သွားတော့မည့် အရှိန်အဝါမျိုး ဖြစ်သည်။
"ဒီကောင်က ပိုင်နက်တစ်ခုကိုပါ လေ့လာထားတာလား။"
ရှောင်ချန်ယွီ၏ မျက်မှောင်မှာ အနည်းငယ် ကြုတ်သွားသည်။
"ထန်စန်း မင်းရဲ့ အရည်အချင်းက တကယ်ကို မြင့်တာပဲ။ မင်းရဲ့ အလားအလာက ငါ့ထက်တောင် သာနိုင်သေးတယ်။"
"မင်း ပြောတာ မှန်တယ် ငါက ပြိုင်ဘက်ကင်းတဲ့ ပါရမီရှင်တစ်ယောက်ပဲ။ ငါ့ကို မင်းရဲ့ အဆင့်အထိ တက်လှမ်းဖို့ အချိန်လုံလုံလောက်လောက် ပေးမယ်ဆိုရင် မင်းကို ငါ အသေအချာ ကျော်ဖြတ်နိုင်မှာ။"
ထန်စန်းက ရှောင်ချန်ယွီကို တောက်ပသော မျက်လုံးများဖြင့် ကြည့်ကာ မောက်မာစွာ ပြောလိုက်သည်။
"ဟားဟား မင်းမှာ အဲဒီအခွင့်အရေး ရပါ့မလားဆိုတာ ငါ ကြည့်ရဦးမယ်။"
ရှောင်ချန်ယွီက မထီမဲ့မြင်ပြုစွာ ရယ်မောလိုက်သည်။ သူ၏မျက်လုံးများတွင် အေးစက်သော အရောင်များ ဖြတ်ပြေးသွားသည်။
သူသည် လက်ထဲရှိ အနက်ရောင်ဓားရှည်ကို ဖြည်းညင်းစွာ မြှောက်လိုက်ပြီး ထန်စန်းကို ချိန်ရွယ်လိုက်သည်။
"မိုးကြိုးနဂါးဟိန်းဟောက်ခြင်း"
"ရှူး။"
ရှောင်ချန်ယွီ၏ နောက်ကွယ်တွင် အနက်ရောင် ရေနဂါးကြီးတစ်ကောင် ပေါ်လာသည်။ ထိုနဂါးမှာ အသက်ဝင်လာပြီး ဟိန်းဟောက်ကာ ထန်စန်းဆီသို့ ငုပ်လျှိုးဝင်ရောက်သွားသည်။
"အသုံးမကျတဲ့ လှည့်ကွက်တွေ။"
ထန်စန်းက မထီမဲ့မြင်ပြုကာ လက်ထဲရှိ ဟောက်ထျန်းတူကို ပြင်းထန်စွာ ဝှေ့ယမ်းလိုက်သည်။
"ရှူး..."
ထန်စန်း၏ ရှေ့တွင် အနက်ရောင် လေဆင်နှာမောင်းတစ်ခု ရုတ်တရက် ပေါ်လာပြီး အနက်ရောင် ဓားသွားများအဖြစ် ပြောင်းလဲသွားကာ ကောင်းကင်ကို ခွဲဖြတ်သွားသည်။
"ဟောက်ထျန်း နက္ခတ်လေပြင်း။"
ရှောင်ချန်ယွီ၏ မိုးကြိုးနဂါးဟိန်းဟောက်သံမှာ အနက်ရောင် လေဆင်နှာမောင်းနှင့် ပြင်းထန်စွာ တိုက်မိသွားသည်။
ရှောင်ချန်ယွီ၏ တိုက်ခိုက်မှုမှာ ချက်ချင်း ပြိုကွဲသွားပြီး ထန်စန်း၏ လေဆင်နှာမောင်းက ရှောင်ချန်ယွီဆီသို့ ဆက်လက်ဦးတည်သွားသည်။
"ဒီလောက်တောင် ပြင်းထန်တဲ့ လေဆင်နှာမောင်းလား။"
ရှောင်ချန်ယွီ၏ မျက်မှောင်မှာ အနည်းငယ် ကြုတ်သွားသည်။ ထန်စန်း၏ တိုက်ခိုက်မှုမှာ ဤမျှ ကြောက်စရာကောင်းလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
"မိုးကြိုးနတ်ဘုရား ဒိုင်း။"
ရှောင်ချန်ယွီသည် မိုးကြိုးနတ်ဘုရား ဒိုင်းကို အမြန်ဆုံး အသက်သွင်းလိုက်သည်။
အနက်ရောင် လေဆင်နှာမောင်းသည် ဒိုင်းကို ရိုက်ခတ်သွားပြီး ပေါက်ကွဲသံများ အဆက်မပြတ် ထွက်ပေါ်လာသည်။ မိုးကြိုးနတ်ဘုရား ဒိုင်းမှာ ချက်ချင်းပင် ပုံပျက်သွားပြီး ပြဲစုတ်သွားတော့သည်။
"ဖူးး"
ရှောင်ချန်ယွီ၏ မျက်နှာမှာ ဖြူဖျော့သွားပြီး သွေးတစ်လုပ် အန်ထုတ်လိုက်သည်။
"ဟားဟား"
ထန်စန်း၏ မျက်နှာပေါ်တွင် အောင်ပွဲခံသည့် အပြုံးတစ်ခု ပေါ်လာပြီး ရှောင်ချန်ယွီဆီသို့ ထပ်မံ၍ အရှိန်ဖြင့် ပြေးဝင်သွားသည်။
"ဖယ်စမ်းး"
ရှောင်ချန်ယွီက ဟိန်းဟောက်လိုက်သည်။ သူ၏ ခန္ဓာကိုယ်အတွင်းမှ မူလစွမ်းအင်များမှာ မိုးကြိုးစွမ်းအားကို စဉ်ဆက်မပြတ် တွန်းပို့ပေးနေသည်။
"မိုးကြိုးနဂါးဟိန်းဟောက်ခြင်း။"
"ဘုန်းး"
အပြာရောင် မိုးကြိုးအလင်းတန်းများ ထန်စန်းထံသို့ ထိုးဖောက်ဝင်ရောက်သွားသည်။
"ဖောက်။"
ထန်စန်း၏ ခန္ဓာကိုယ်မှ အပြာရောင် မီးတောက်များ ပေါက်ကွဲထွက်သွားသည်။
"ထန်စန်း မင်းက ငါ့ရဲ့ မိုးကြိုးဒေါသကို ခံနိုင်ရည်ရှိလိမ့်မယ်လို့ မထင်ထားဘူး။ မင်းရဲ့ ပိုင်နက်က တကယ်ကို အစွမ်းထက်တာပဲတကယ်ကို အံ့ဩမိတယ်။"
ရှောင်ချန်ယွီ၏ မျက်လုံးများတွင် အံ့ဩမှုများ ပေါ်လာသည်။
"ဟားဟား ငါ့မှာ နယ်ပယ်တစ်ခုထက် ပိုရှိသေးတယ်။ အဲဒါတွေက မင်းရဲ့ မိုးကြိုးဒေါသထက်တောင် ပိုအစွမ်းထက်သေးတယ်။"
"အော် ဒါဆိုရင်တော့မြည်းစမ်းကြည့်ရတော့မှာပေါ့။"
ရှောင်ချန်ယွီသည် အေးစက်စွာ အော်ဟစ်လိုက်ပြီး ရုတ်တရက် ခုန်တက်လိုက်သည်။ သူ၏ လက်နှစ်ဖက်မှာ တံဆိပ်ခတ်သကဲ့သို့ ဖြစ်သွားပြီး ဧရာမ မိုးကြိုးလက်သီးချက်တစ်ခု ထန်စန်းထံသို့ ရိုက်ချလိုက်သည်။
ကျယ်လောင်သော ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာသည်။ ရှောင်ချန်ယွီ၏ လက်သီးချက်မှာ ထန်စန်း၏ ခန္ဓာကိုယ်ကို ပြင်းထန်စွာ ရိုက်ခတ်လိုက်သည်။
ထန်စန်း၏ မျက်နှာမှာ ချက်ချင်းပင် ဖြူဖျော့သွားသည်။ သူ၏ ခန္ဓာကိုယ်မှာ နောက်သို့ လွင့်စင်သွားပြီး မြေပြင်ပေါ်သို့ ပြုတ်ကျကာ သွေးများ အဆက်မပြတ် အန်နေတော့သည်။
"ဟားဟား... ရှောင်ချန်ယွီ မင်းမှာ စွမ်းရည်ရှိရင် နောက်ထပ် တစ်လလောက် အချိန်ပေးစမ်းပါ ငါ မင်းကို အနိုင်ယူနိုင်မှာ အသေအချာပဲ။"
ထန်စန်းသည် ထရပ်လိုက်ပြီး ရှောင်ချန်ယွီကို ကြည့်ကာ ကျယ်လောင်စွာ ရယ်မောလိုက်သည်။
"မင်းကို အချိန်ပေးရမယ် ကျားကို တောင်ပေါ်ပြန်လွှတ်ပေးရမှာလား။ ငါ့ကို သောက်ပေါလို့ ထင်နေတာလား။"
ရှောင်ချန်ယွီ၏ မျက်နှာမှာ အနည်းငယ် မှောင်မိုက်သွားသည်။
"မင်း ရှုံးသွားပြီ။ မင်းရဲ့ အရည်အချင်းပဲဖြစ်ဖြစ် ပိုင်နက်ပဲဖြစ်ဖြစ် ပိုင်နက်ပြင်ပက ခွန်အားပဲဖြစ်ဖြစ်ပေါ့ ငါက မင်းထက် သာတယ်။"
"မင်း ငါ့ကို အချိန်မပေးရဲတာ မင်းကို ငါ ကျော်တက်သွားမှာ ကြောက်လို့ပဲ။"
ထန်စန်းသည် အေးဆေးတည်ငြိမ်စွာ ပြောလိုက်ပြီး ရန်စသည့် လေသံကိုပါ ထည့်သွင်းလိုက်သည်။
"ဟမ့် အဲဒီလိုလား။ မင်းက မကျေနပ်သေးဘူးဆိုရင် ဆက်တိုက်ကြတာပေါ့။"
"ရှောင်ချန်ယွီ မင်းက လူယုတ်မာပဲ။"
"ငါတို့ရဲ့ သခင်လေး ထန်စန်းက ခဏလေး မသတိထားမိတာကို။"
"ရှောင်ချန်ယွီ မင်းက အသုံးမကျတဲ့ အမှိုက်။"
ထန်စန်း၏ ဂိုဏ်းသားများမှာ တစ်ယောက်ပြီးတစ်ယောက် ဆဲဆိုလာကြသည်။
"မင်းတို့ အသုံးမကျတဲ့ အမှိုက်တွေ အားလုံး ပါးစပ်ပိတ်ထားလိုက်ကြ မဟုတ်ရင် ငါ ထန်ဂိုဏ်းတစ်ခုလုံးကို ဖျက်ဆီးပစ်မယ်။"
ရှောင်ချန်ယွီ၏ အမူအရာမှာ ရုတ်တရက် မှောင်မိုက်သွားသည်။ သူသည် ဂိုဏ်းသားများကို အေးစက်သော အကြည့်ဖြင့် စိုက်ကြည့်လိုက်ရာ သူတို့အားလုံးမှာ ကြောက်လန့်တကြား ငြိမ်သက်သွားကြသည်။