အခန်း ၂၅၅
Vol. 26 Ch. 255
အခန်း (၂၅၅) - သူက ချွင်းချက် ဖြစ်လာမလား
ရွှမ်ယွမ် နတ်ဘုရား နန်းတော် ထဲတွင်။
နန်ကုန်းယွီ က တိုးတိုးလေး ရေရွတ်လိုက်ပြီး ရေခဲခေါင်းတလားထဲက အရမ်းလှတဲ့ မိန်းမငယ်လေးကို အံ့အားသင့်တဲ့ အကြည့်နဲ့ ကြည့်နေပေ၏။
ရွှမ်ယွမ် တာအိုသခင် ရဲ့ အသက်နဲ့ သေမင်းကို ပြောင်းပြန်လှန်ပြီး သူ့သမီးကို အသက်သွင်းဖို့ ကြိုးစားမှုက အောင်မြင်ခါနီးနေပုံရတယ်။
သူ၏ အာရုံခံစားမှုအရ မိန်းကလေး၏ ဝိညာဉ် သည် ပြန်လည်ကောင်းမွန်လာပြီး သူမ၏ ရုပ်ပိုင်းဆိုင်ရာ လုပ်ဆောင်ချက်များ အများစုလည်း ပြန်လည်ကောင်းမွန်လာပြီ ဖြစ်ပေ၏။
‘ယုတ္တိတန်တန် တွေးကြည့်ရင် သူမ နိုးလာသင့်ပြီလေ... ဒါပေမဲ့ မိန်းကလေးရဲ့ ဝိညာဉ် က ခန္ဓာကိုယ်နဲ့ ကွဲကွာနေတာ အရမ်းကြာသွားပြီ... ဒါမှမဟုတ် ပြန်လည်စုစည်းထားတဲ့ ဝိညာဉ် က သူမရဲ့ ခန္ဓာကိုယ်နဲ့ သိပ်မကိုက်ညီဘဲ ဖြည်းဖြည်းချင်း ပေါင်းစပ်နေတာ ဖြစ်နိုင်တယ်။’
ဤနှုန်းအတိုင်းဆိုလျှင် ဝိညာဉ် သည် ခန္ဓာကိုယ်နှင့် ၇၀ ရာခိုင်နှုန်း ကိုက်ညီမှုရရှိရန် နှစ်ပေါင်းတစ်ထောင်ထက်နည်းသော အချိန်ယူရမည်ဖြစ်ပြီး ထိုအချိန်ရောက်လျှင် ပြန်လည်နိုးထရန် အခွင့်အရေး ပိုမို များပြားလာမည် ဖြစ်ပေ၏။
သေချာသည်မှာ မိန်းကလေး၏ ဝိညာဉ် အသိစိတ်က ဤအချိန်တွင် ဝိညာဉ်၏ နက်ရှိုင်းတဲ့ နေရာမှာ ပိတ်မိနေပြီး တကယ်လို့ သူမ ဖောက်ထွက်ပြီး ပြန်မလာနိုင်ရင် သူမ ပြန်ရှင်လာမှာ မဟုတ်လောက်ပေ။
ဤအရာအတွက် ဓာတ်ကူပစ္စည်း တစ်ခု လိုအပ်တယ်။
နန်ကုန်းယွီ သည် ရေခဲခေါင်းတလားကို ပတ်ပတ်လည် လျှောက်သွားရင်း ဝင်ရောက်စွက်ဖက်သင့်၊ မသင့် စဉ်းစားနေပေ၏။
မိန်းကလေး၏ ငြိမ်းချမ်းသော မျက်နှာကို ကြည့်ရင်း သူမကို နှိုးချင်စိတ်များ ဖြစ်ပေါ်လာခဲ့သည်။
ဤလောက် လှပတဲ့ အလှလေး သေဆုံးသွားရင် အရမ်း နှမြောစရာကောင်းလိမ့်မည်။
သေချာတာကတော့ မိန်းကလေးက ရှင်သန်လာတော့မှာ ဖြစ်ပြီး သူ လုပ်ရမှာက သူမကို နည်းနည်း တွန်းအားပေးရုံလေးပါပဲ။
ဥပမာအားဖြင့် သူတော်စင် အဆင့် ဖြစ်သော ဝိညာဉ်ပေါင်းစည်းဆေးလုံး က ဝိညာဉ် နဲ့ ခန္ဓာကိုယ် ပေါင်းစပ်မှုကို အားပေးနိုင်သည်။ ခန္ဓာကိုယ်ကို လုယူခံရတဲ့သူတွေအတွက် အလွန် အဖိုးတန်ပြီး ဤမိန်းမငယ်လေးအတွက် ပိုလို့တောင် အဖိုးတန်သေးတယ်။
သူမ ပြန်လည် သတိရလာဖို့ အခွင့်အရေးနဲ့ ပတ်သက်ပြီးတော့ နန်ကုန်းယွီ က တစ်ခုမှ မစဉ်းစားရသေးပေ။ ဖြစ်နိုင်သည်မှာ သူမအပေါ်မှာပဲ မူတည်နေလိမ့်မည်။
သို့သော် သေချာ စဉ်းစားပြီးနောက် နန်ကုန်းယွီ သည် မဆင်မခြင် လှုပ်ရှားမှုများ မလုပ်ရန် ဆုံးဖြတ်လိုက်ပြီး ရွှမ်ယွမ် နတ်ဘုရား နန်းတော် မှ ထွက်ခွာရန် လှည့်လိုက်ပေ၏။
‘ပြန်လည်ရှင်သန်လာတာလား။’
‘အဲ့ဒါက တော်တော်လေး ရိုးရှင်းပါတယ်။’
သို့သော် လူတစ်ယောက်က နှစ်ပေါင်းများစွာ သေဆုံးနေပြီးမှ ပြန်ရှင်လာတယ်ဆိုရင် ပြန်ရှင်လာတဲ့သူတင်မကဘဲ ပြန်ရှင်လာအောင် ကူညီပေးတဲ့သူပါ လျှပ်စီးကြောင်းရဲ့ ဒဏ်ခတ်တာကို ခံရလိမ့်မည်။
သာမန် လျှပ်စီးကြောင်း မဟုတ်ပေ။
ကောင်းကင်ပြစ်ဒဏ် လျှပ်စီးကြောင်း ဖြစ်ပြီး ကျင့်ကြံသူ ရဲ့ မိုးကြိုးကပ်ဘေး ထက်တောင် ပိုပြီး ကြောက်မက်ဖွယ်ကောင်းသေးသည်။
သေလုနီးပါး အတွေ့အကြုံပါပဲ။
သူ့မှာ အမှန်တရားကို ဖုံးကွယ်ထားဖို့ လျှို့ဝှက်ချောက်နက် ရှိပေမဲ့လည်း ရှောင်လွှဲလို့ရရင် အန္တရာယ်တွေကို သေချာပေါက် စွန့်မှာ မဟုတ်ပေ။
နန်ကုန်းယွီ က ရွှမ်ယွမ် နတ်ဘုရား နန်းတော် ကို ထိုက်ရွှီ နယ်ပယ် ထဲသို့ ပေါ့ပေါ့ပါးပါး ထည့်သွင်းကာ ချိတ်ပိတ်ထားလိုက်ပေ၏။
ထို့နောက် သူက အပြင်ဘက်ရှိ တာအို အဆင့် ဝင်္ကပါ နှစ်ခုကို ဖြိုဖျက်ကာ ဝိညာဉ်ပစ္စည်း အချို့ကို ရယူခဲ့သည်။
အနာအဆာပါနေသော်လည်း သူတော်စင် အဆင့် ဝိညာဉ်ပစ္စည်း များထက် တန်ဖိုးမနည်းသောကြောင့် တစ်ခုခု ရလိုက်ခြင်းက ကောင်းမွန်ပေ၏။
ဤအရာအားလုံးကို လုပ်ဆောင်ပြီးနောက် သူက အောက်ဘက်ရှိ နန်းတော် အဆောက်အအုံများကို တစ်ချက်လှမ်းကြည့်လိုက်ကာ ခြေလှမ်းတစ်လှမ်း လှမ်းပြီး ကောင်းကင်ထောက် တောင်ထွတ်မှ ပျောက်ကွယ်သွားတော့သည်။
လိုဏ်ဂူထဲသို့ ပြန်ရောက်သောအခါ နန်ကုန်းရိုရွှေ က ကျင့်ကြံ နေဆဲဖြစ်ပြီး သူ ထွက်သွားသည်ကို လုံးဝ မသိခဲ့ချေ။
သို့သော် သူထွက်သွားသည်မှည နှစ်ရက်တောင် မပြည့်သေး၍ ကျင့်ကြံ ခြင်းမှာ မျက်စိတစ်မှိတ်လေးပဲ ရှိသေးတာကို ထည့်စဉ်းစားရင် အဓိပ္ပာယ်ရှိပါသည်။
‘အချိန်က ကျင့်ကြံသူ ရဲ့ မျက်လုံးထဲမှာ တန်ဖိုးအနည်းဆုံး အရာပဲလေ။’
နန်ကုန်းယွီ က ခေါင်းအနည်းငယ် ခါယမ်းလိုက်ပြီး နတ်ဘုရား အသိဉာဏ်အလင်းပွင့်ခြင်း နေရာလွတ် ကို ဖွင့်ကာ လောကနိယာမ ကို ဆက်လက် လေ့လာနားလည်လိုက်ပေ၏။
ရွှမ်ယွမ် လျှို့ဝှက်နယ်မြေ သို့ ရောက်ကတည်းက သူသည် ဖြစ်ပေါ်ခြင်း နိယာမ ကို နားလည်သဘောပေါက်ရန် ကြိုးစားနေခဲ့သော်လည်း သူ၏ တိုးတက်မှုက ယခုအထိ ၄၀ ရာခိုင်နှုန်းသာ ရှိသေးသည်။
ဤထိပ်တန်းအဆင့် လောကနိယာမ တွေကို နားလည်ကျွမ်းကျင်ရန်မှာ ဤလောက် မလွယ်ကူပေ။
သူသည် ဟင်းလင်းပြင်၊ ယင်-ယန်နိယာမနှင့် လောကနိယာမတို့ကို အချိန်တိုအတွင်း ကျွမ်းကျင်အောင်မြင်နိုင်ခဲ့ခြင်းမှာ သူ့၌ ကောင်းကင်ကိုပင် ဆန့်ကျင်နိုင်သည့် ကံကောင်းမှုနှင့် အခွင့်အရေးကြီးတစ်ရပ် ရှိနေခဲ့သောကြောင့်သာ ဖြစ်လေသည်။
ဟင်းလင်းပြင် ဆိုတာ အချိန်ဟင်းလင်းပြင်ကုန်သည်အသင်း ရဲ့ ကိရိယာတစ်ခုဖြစ်ပြီး သူ့ကို ဟင်းလင်းပြင် လျှို့ဝှက်ကျင့်စဉ် ကို ထိန်းချုပ်ဖို့ ကူညီပေးသလို သွယ်ဝိုက်တဲ့နည်းနဲ့ ဟင်းလင်းပြင် လောကနိယာမ ကို လျင်မြန်စွာ နားလည်ပြီး ကျွမ်းကျင်လာစေခဲ့သည်။
ယင်နှင့်ယန် ဆိုတာက သူ့မှာ ယင်နှင့်ယန် သန့်စင်သော ခန္ဓာကိုယ် ရှိနေပြီး ယင်နှင့်ယန် အကြောင်းကိုလည်း အနည်းငယ် နားလည်ထားလို့ ဤလောက် မြန်မြန် ကျွမ်းကျင်သွားခြင်း ဖြစ်သည်။
‘ဒြပ်စင်ငါးပါး လား။’
ဒြပ်စင်ငါးပါး ကို ကျွမ်းကျင်ဖို့ လောကနိယာမ မှာ ဖြတ်လမ်းတချို့ ရှိသည်။ လူတစ်ယောက်ကို ဒြပ်စင်ငါးပါး (သတ္တု၊ သစ်သား၊ ရေ၊ မီး၊ မြေ) ကို ကျွမ်းကျင်စေပြီး ဒြပ်စင်ငါးပါး ကို အနောက်ကနေ ပြန်တွက်ချက်နိုင်ပါက လောကနိယာမ က အများကြီး ပိုရိုးရှင်းလာလိမ့်မည်။
ထို့ကြောင့် ဤသုံးခုက အနည်းငယ် အားသာနေသည်။
သေချာသည်မှာ နတ်ဘုရား အသိဉာဏ်အလင်းပွင့်ခြင်း နေရာလွတ် သာ မရှိခဲ့ရင် တခြား လောကနိယာမ တွေကလည်း သူ့အတွက် အတူတူပဲ ဖြစ်နေလိမ်မည်။
နန်ကုန်းယွီ အများကြီး မစဉ်းစားတော့ဘဲ မျက်လုံးများကို အနည်းငယ် မှိတ်ကာ လောကနိယာမ မှ ရရှိသော အသိဉာဏ်အလင်းပွင့်ခြင်း များကို နစ်မျောနေလိုက်ပေ၏။
...
ကောင်းကင်ထောက် တောင်ထွတ် အောက်တွင်။
အမွေအနှစ် နေရာ က ပွင့်နေတာ ဆယ့်နှစ်ရက် ရှိပြီ။
တနည်းအားဖြင့် ရွှမ်ယွမ် လျှို့ဝှက်နယ်မြေ က သုံးရက်အတွင်း ပိတ်သွားတော့မှာဖြစ်ပြီး လူတိုင်း နှင်ထုတ်ခံရတော့မည် ဖြစ်ပေ၏။
ဤအခိုက်အတန့်တွင် ကျင့်ကြံသူ အများအပြားသည် အမွေအနှစ် နေရာ ၏ ကွင်းပြင်တွင် စုဝေးနေကြပြီး အမွေအနှစ် ကျောက်တိုင် မှာပင် လူသူကင်းမဲ့နေပေသည်။
သူတို့အားလုံး မွန်းလွဲပိုင်းတွင် အမွေအနှစ် နေရာ ၌ ထွက်ပေါ်လာမည့် လက်နက်မြစ် ကို စောင့်ဆိုင်းနေကြခြင်း ဖြစ်၏။
လုံးဝ နားလည်နိုင်မည်မဟုတ်သော ကျင့်စဉ် များ၊ဝိညာဉ်စွမ်းရည်နှင့် နှိုင်းယှဉ်ပါက ပိုမိုဖြစ်နိုင်ခြေရှိသော လက်နက်များက ပို၍ ဆွဲဆောင်မှုရှိနေသည်မှာ ရှင်းလင်းလှပေသည်။
လက်နက်သမိုင်းတစ်လျှောက်တွင် အနိမ့်ဆုံးအဆင့်က ဝိညာဉ် ရတနာ ဖြစ်ပြီး အမြင့်ဆုံးအဆင့်တွင် ဧကရာဇ် လက်နက် များပင် ပါဝင်ကြောင်း သိထားသင့်ပေ၏။
ပြီးခဲ့သည့်နှစ်များတွင် ရွှမ်ယွမ် လျှို့ဝှက်နယ်မြေ ပွင့်သောအခါ အချို့သော ပါရမီရှင်များသည် ဧကရာဇ် ရတနာ များနှင့် ဧကရာဇ် လက်နက် များကိုပင် ရရှိခဲ့ကြသည်။
ဤအခိုက်အတန့်တွင် ထောင့်တစ်နေရာ၌ ရွှမ်ယွမ်ကျင်းဟုန် သည် ယောင်ချီ နတ်ဘုရားနယ်မြေ မှ လူနှစ်ယောက် ပျောက်ဆုံးနေသည်ကို သတိပြုမိလိုက်သဖြင့် မျက်မှောင်အနည်းငယ် ကြုတ်လိုက်၏။
"ငါတို့ အမွေအနှစ် နန်းတော် ကနေ မထွက်ဘူးဆိုရင် ငါတို့ အပြင်ထွက်နိုင်မှာ မဟုတ်လောက်ဘူး"
ကျန်တဲ့ ငါးယောက်က တိတ်ဆိတ်နေကြတယ်။
အမွေအနှစ် နန်းတော် က ကိုးရက်ပဲ ပွင့်မယ်။ ကိုးရက် ကြာပြီးရင် အောင်မြင်သည်ဖြစ်စေ၊ ကျရှုံးသည်ဖြစ်စေ အပြင်ကို ပစ်ထုတ်ခံရလိမ့်မည်။
သူတို့ ပစ်ထုတ်မခံရတဲ့ အကြောင်းရင်း တစ်ခုပဲ ရှိသည်။
သေသွားခြင်းဖြစ်လိမ့်မည်။
သူတို့က အမွေအနှစ် စမ်းသပ်မှုမှာ သေသွားတာလိမ့်မည်။
ကောင်းကင်ထောက် တောင်ထွတ်တွင် မပါဝင်ခင်မှာတင် ယောင်ချီ နတ်ဘုရားနယ်မြေ ရဲ့ လူတစ်ဝက်လောက်က သေသွားပြီလေ။
ဤလူတွေအားလုံးက ယောင်ချီ နတ်ဘုရားနယ်မြေ ရဲ့ ပါရမီရှင်တွေဖြစ်သည်။ ထိုတပည့်များသည် သူတို့၏ စီနီယာ အစ်မ၊ဂျူနီယာညီမလေးတို့ ဖြစ်သည်။
"စီနီယာ အစ်မ... ကျင့်ကြံသူ တွေရဲ့ လောကကြီးက အဲ့ဒီလိုပါပဲ... အကုန်လုံးက ကံကြမ္မာကို ဆန့်ကျင်တိုက်ခိုက်နေကြတာလေ"
"ဟုတ်တယ်... ရွှမ်ယွမ် လျှို့ဝှက်နယ်မြေမှာ သေဆုံးတာက ပုံမှန်ပါပဲ... တကယ်တော့ ဒီနှစ်မှာ တော်တော်လေး လျော့သွားပုံရတယ်"
"အသက်ရှင်ခြင်းနဲ့ သေဆုံးခြင်းက ကြိုတင်သတ်မှတ်ထားပြီးသားပါ... ဒီနေရာကို မဝင်လာခင်ကတည်းက ငါတို့ စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားပြီးသားပါ... သူတို့လည်း အဲ့ဒီလိုပဲ ပြင်ဆင်ထားလိမ့်မယ်လို့ ထင်ပါတယ်"
ယိုကျူ နှင့် အခြားသူများက စကားအနည်းငယ် ပြောလိုက်ကြသော်လည်း သူတို့၏ မျက်လုံးများထဲတွင် ဝမ်းနည်းမှု ဖျော့ဖျော့လေး တစ်ချက် ဖြတ်ပြေးသွားပေ၏။
"အဲ့ဒီအကြောင်း ထပ်မပြောကြတော့ဘူး... မွန်းတည့်တော့မယ်ဆိုတော့ လက်နက်တွေ ယူဖို့ နေရာတစ်ခု ရှာကြရအောင်"
ရွှမ်ယွမ်ကျင်းဟုန် က ပြောလိုက်သည်။
ဤစကားကို ကြားချိန်၌ ငါးယောက်သား ခေါင်းညိတ်လိုက်ကြ၏။
ထိုအခိုက်အတန့်တွင် ယိုကျူ က အခြား ကျင့်ကြံသူ များကို တစ်ချက်လှမ်းကြည့်လိုက်ပြီး ပြောလိုက်သည်။
"စီနီယာ အစ်မ... ဒီမှာ လူတစ်ယောက်ကို အစောင့်အရှောက် အဖြစ် အရင်ထားခဲ့ရင်ရော ဘယ်လိုလဲ... ငါတို့ အရမ်းသတိထား နေလို့မရဘူး"
ဤစကားကို ကြားချိန်၌ ရွှမ်ယွမ်ကျင်းဟုန် က တစ်ခဏမျှ စဉ်းစားလိုက်၏။
"ငါက မင်းတို့ရဲ့ အစောင့်အရှောက် အရင် လုပ်ပေးမယ်... မင်းတို့ထဲက နှစ်ယောက် လက်နက်ရဲ့ သဘောတူညီချက်ကို ရပြီးသွားရင် ကျန်တဲ့ နှစ်ယောက်က ငါတို့ရဲ့ အစောင့်အရှောက် တွေ ဖြစ်လာလိမ့်မယ်"
ဤစကားကို ကြားချိန်၌ ယိုကျူ နှင့် အခြားသူများအားလုံး အံ့အားသင့်သွားကြပေသည်။
"စီနီယာ အစ်မ... အစ်မ က…"
သူတို့က စကားပြောရန် ပါးစပ်ဟလိုက်ကြသော်လည်း ဘာပြောရမှန်း မသိဖြစ်သွားကြ၏။
လက်နက်၏ အသိအမှတ်ပြုမှုကို ခံယူရန် သုံးရက်တိုင်တိုင် အချိန်ပေးထားသော်လည်း၊ ကြာရှည်စွာ တောင့်ခံနိုင်လေ ဆုလာဘ်များက ပို၍ ကြီးမားလေလေဖြစ်ကြောင်း လူတိုင်း သိရှိထားကြသည်။
ရွှမ်ယွမ်ကျင်းဟုန် သည် အနာဂတ် သူတော်စင် တစ်ဦးအနေဖြင့် သူတို့ထဲမှ တစ်ယောက်ယောက်ကို အစောင့်အရှောက် အဖြစ် ခန့်အပ်လိမ့်မည်ဟု သူတို့ ထင်မှတ်ထားခဲ့သော်လည်း အံ့အားသင့်စရာကောင်းလောက်အောင် သူမက တာဝန်ကို သူမကိုယ်တိုင် ယူလိုက်ပေ၏။
ရွှမ်ယွမ်ကျင်းဟုန် က အနည်းငယ် ပြုံးလိုက်သည်။
"ကောင်းပါပြီ... အများကြီး တွေးမနေပါနဲ့... အလေးအနက်ထားပြီး ငါ့ကို အမြန်ဆုံး အစားထိုးနိုင်အောင် လုပ်ပါ"
"ကျေးဇူးအများကြီးတင်ပါတယ် စီနီယာ အစ်မ"
လူငါးယောက်က ကျေးဇူးတင်စွာဖြင့် ဦးညွှတ်လိုက်ကြပြီး ငြင်းဆန်ခြင်း မရှိခဲ့ကြချေ။
ရွှမ်ယွမ်ကျင်းဟုန် က အနည်းငယ် ခေါင်းညိတ်လိုက်သော်လည်း သူမ၏ အကြည့်များက အဝေးသို့ ရောက်နေပေ၏။
သူမသာ အမွေအနှစ်နန်းတော်ထဲတွင် အဆင့်မြင့် ဧကရာဇ်အဆင့် အဖိုးတန်ရတနာတစ်ခုကို မရရှိထားခဲ့ပါက၊ ယခုကဲ့သို့ အလျှော့ပေးလိုက်မည် မဟုတ်ပေ။
သို့သော်လည်း တစ်ဖက်တွင်လည်း သူမ စိုးရိမ်နေခဲ့သည်။ ကာကွယ်ပေးမည့်သူကို သတ်မှတ်လိုက်ပါက အခြားသူများကို စိတ်မကောင်းဖြစ်စေမည်ကို စိုးရိမ်နေခြင်းဖြစ်သည်။
အကယ်၍ စိတ်ကျဉ်းမြောင်းသောသူတစ်ဦးနှင့် တွေ့မိပြီး၊ ထိုသူက မကောင်းသောရည်ရွယ်ချက်ဖြင့် ချောင်းမြောင်းတိုက်ခိုက်လာခဲ့ပါက၊ ဒဏ်ရာမှ မသက်သာသေးသည့် သူမအနေဖြင့် ထပ်မံ ထိခိုက်ဒဏ်ရာရနိုင်ချေ များစွာရှိနေသေးသည်။
ဒါတောင်...
ကျင့်ကြံသူ တွေရဲ့ လောကကြီးမှာဆိုရင် တခြားသူတွေကို အမြဲတမ်း သတိထားနေရမည်။
သူက ချွင်းချက် ဖြစ်လာမလား။
ရွှမ်ယွမ်ကျင်းဟုန် သည် ထိုလူငယ်လေးကို အကြောင်းပြချက်မရှိဘဲ ထပ်မံတွေးမိသွားသော်လည်း ပတ်ပတ်လည်ကို ကြည့်လိုက်ပြီးနောက် သူ၏ ပုံရိပ်ကို မတွေ့ရသေးသဖြင့် အနည်းငယ် စိတ်ပျက်သွားခြင်းကို မထိန်းချုပ်နိုင်ခဲ့ချေ။
အကယ်၍ ထိုလူငယ်လေးသာ ဖြစ်ခဲ့ပါက သူမ သူ့ကို လုံးဝ ယုံကြည်မိမည်လော။
‘ဟုတ်တယ်။’
ရွှမ်ယွမ်ကျင်းဟုန် ၏ စိတ်ထဲတွင် မေးခွန်းပေါ်လာသည်နှင့် သူမကိုယ်တိုင် အဖြေကို ပေးပြီးသား ဖြစ်နေပေ၏။
‘သူက သူမကို သူမရဲ့ အသက်ကို ပေးခဲ့တာ... ဒါဆို ဘာလို့ သူမက သူ့ကို မယုံကြည်နိုင်ရမှာလဲ။’
‘ကံမကောင်းစွာဖြင့် သူမက တစ်ဖက်လူရဲ့ နာမည်ကိုတောင် မသိခဲ့ဘူး... ပြီးတော့ တစ်ဖက်လူကလည်း သူမကို အခွင့်အရေး မပေးခဲ့ဘူးလေ။’
ရွှမ်ယွမ်ကျင်းဟုန် ဤအကြောင်းကို တွေးတောနေစဉ် အမွေအနှစ် နေရာ ပြင်းထန်စွာ တုန်ခါသွားသည်ကို ရုတ်တရက် မြင်လိုက်ရပြီးနောက် ဓားတစ်လက်က လေကို ဖြတ်ခုတ်သွားတဲ့ အသံ ထွက်ပေါ်လာပေ၏။