← Chapters

အခန်း ၂၂၅

Vol. 23 Ch. 225

အခန်း ၂၂၅

Vol. 23 Ch. 225

📗 Chapter 225

“ကျမ့်လီ အဆင်ပြေရဲ့လား”

မနေ့က ရှုကျမ့်လီထံသို့ မလာနိုင်ခဲ့သဖြင့် ရှုကျမ့်ဝမ် စိတ်ထဲ အနည်းငယ် အပြစ်ရှိသလို ခံစားနေရပါသည်။

ကျောက်ဟုံရှားက ဆိုဖာပေါ်တွင် ထိုင်လျက် ပြောလိုက်သည်။

“ကျမ့်လီကတော့ သက်သာနေပါပြီ၊ ဒါမေပယ့် ဟွမ်မိသားစုဆီကိုတော့ သေချာပေါက် ဖြေရှင်းချက်သွားတောင်းမှဖြစ်မယ်၊ သူတို့ဘာလို့ ရန်ထဖြစ်ကြတာလဲ၊ ကျမ့်လီသာ တစ်ခုခုဖြစ်သွားရင် ငါတို့မိသားစု ဘာဆက်လုပ်ကြမလဲ”

ကျောက်ဟုံရှားသည် ပုံမှန်ဆိုလျှင် ရှုကျမ့်လီအား မညှာမတာ ဆူငေါက်တတ်သော်လည်း သူမ၏ သားအရင်းခေါက်ခေါက် ဤသို့ ဖြစ်သွားသောအခါတွင်မူ ရင်ထဲတွင် အမှန်တကယ် နာကျင်ရပါသည်။

ရှုကောချန့်ကလည်း မျက်နှာမကောင်းပေ။

“ဟွမ်မိသားစုက အခုထိ အကြောင်းပြန်မလာသေးဘူး၊ ငါတို့နဲ့ ရင်ဆိုင်ဖို့ မျက်နှာပူနေကြတာဖြစ်မယ်”

ကျောက်ဟုံရှားက မကျေမနပ် ဆိုသည်။

“သူတို့ဘက်က ဝန်မခံရင် ကျွန်မလိုက်သွားမယ်၊ ကျွန်မတို့သားသမီးကို ဒီလိုအနိုင်လာကျင့်လို့ဘယ်ရမလဲ”

ဟောက်ယန်ယန်ကမူ ထိုစကားဝိုင်းထဲတွင် မည်သို့ ဝင်ရောက်ပြောဆိုရမှန်းမသိဘဲ အနည်းငယ် နေရခက်နေခဲ့ပါသည်။ ကံကောင်းစွာဖြင့် ကျောက်ဟုံရှားက သူမအတွက် စကားလမ်းကြောင်းဖွင့်ပေးလိုက်သည်။

“မနေ့က မင်္ဂလာပွဲမှာ ပြဿနာတွေအများကြီး ဖြစ်သွားတာပဲ ယန်ယန်ရယ်၊ စိတ်မညစ်နဲ့နော်၊ မင်္ဂလာပွဲဆိုတာ ဒီလိုပါပဲ၊ ထင်မှတ်မထားတာတွေဖြစ်လာတတ်တယ်”

ဟောက်ယန်ယန်: “သမီးစိတ်မညစ်ပါဘူး အမေရဲ့၊ မောင်လေးအဆင်ပြေရင် ပြီးတာပါပဲ”

ကျောက်ဟုံရှားက စိတ်ကျေနပ်စွာဖြင့် ပြုံးလိုက်သည်။

“ယန်ယန်လေးက လိမ္မာလိုက်တာ၊ ဒီနေ့ နေ့လယ်စာကော ညစာကော အပြင်မှာ ထွက်စားကြမယ်၊ မပြန်သေးတဲ့ ဆွေမျိုးတွေလည်း အများကြီးရှိလို့ သမီးနဲ့ မိတ်ဆက်ပေးမယ်နော်”

ဟောက်ယန်ယန် ခေါင်းညိတ်လိုက်သည်။

ကျောက်ဟုံရှားလည်း မနေ့က မင်္ဂလာပွဲတွင် ဟောက်ယန်ယန်နှင့် ပတ်သက်သည့် ကောလဟာလအချို့ကို ကြားခဲ့ရပါသည်။

သို့သော် သူမစိတ်ထဲ မထားခဲ့ပေ။ ယဲ့မိသားစုက ကျေးလက်တောရွာမှ တက်လာသူများသာဖြစ်၍ သူတို့နှင့် အဆက်အသွယ်ဖြတ်တောက်နိုင်လျှင် ပို၍ပင် ကောင်းပါသေးသည်။

ရှုကျမ့်လီ အောက်ထပ်သို့ ဆင်းလာချိန်တွင် မွန်းတည့်ချိန်ပင် ရှိနေပါပြီ။ မနေ့က ရန်ပွဲကို ရှုံးနိမ့်သွားသဖြင့် မိသားစုကို မျက်နှာမပြရဲဘဲ အပေါ်ထပ်တွင်သာ ပုန်းနေခဲ့ခြင်းဖြစ်သည်။

အစ်ကိုဖြစ်သူကို မြင်သောအခါ ရှုကျမ့်လီ မေးလိုက်သည်။

“မင်ဘယ်လိုကောင်တွေနဲ့ ပေါင်းနေတာလဲ၊ မင်းလိုပဲ တစ်ယောက်မှ စိတ်ဓာတ်မကောင်းကြဘူး”

ရှုကျမ့်ဝမ်မှာ ညီဖြစ်သူကို ပြောဖို့ ကြံထားသည့် နှစ်သိမ့်စကားများကို ပြန်မျိုသိပ်လိုက်ပြီး ငေါက်လိုက်လေသည်။

“မင်းဆေးရုံပြန်သွားချင်လို့လား”

ရှုကျမ့်လီ ချက်ချင်း ခေါင်းခါလိုက်ပါသည်။

“မသွားချင်ပါဘူး! အစ်မရှောင်ရှောင် ကယ်ပေးခဲ့လို့သာပေါ့၊ အရင်က အစ်မရှောင်ရှောင် ညွှန်းတဲ့ဆေးတွေကို ငါသောက်တုန်းကကျတော့ မင်းတို့ဘယ်သူမှ မယုံကြဘူး၊ အခုကိစ္စအတွက် အစ်မရှောင်ရှောင်ကို သေချာပေါက် ကျေးဇူးသွားတင်မှ ဖြစ်မယ်နော်”

ကျောက်ဟုံရှားက ထုံးစံအတိုင်း ငြင်းခုံချင်သော်လည်း မျက်မြင်သက်သေများ ရှိနေသဖြင့် နောက်ဆုံးတွင်တော့ ပါးစပ်သာ ပိတ်ထားလိုက်ရပါသည်။

ရှုကျမ့်လီအား ယဲ့ရှောင်ရှောင် ကယ်တင်ပေးခဲ့သည်ဟူသည့် အကြောင်းကို ယခုမှ သိရှိရသည့် ဟောက်ယန်ယန်မှာ ပို၍ပင် နေရခက်သွားခဲ့သည်။

ကျောက်ဟုံရှားက ဆိုသည်။

“ကျေးဇူးတင်တာ မတင်တာထက် ရင်ထဲမှာ ရှိနေရင် ပြီးတာပဲလေ၊ ပြီးတော့ နင်က ရှောင်ရှောင်နဲ့ ရင်းနှီးပြီးသား မဟုတ်ဘူးလား၊ သူ့ဘက်က ကူညီပေးတာ ဘာဆန်းလို့လဲ”

ရှုကျမ့်လီက တစ်ခုခုထပ်ပြောချင်သော်လည်း ကျောက်ဟုံရှားက အမြန်တိုက်တွန်းလိုက်သည်။

“အဝတ်အစားမြန်မြန်သွားလဲစမ်း၊ မနေ့က နင့်ကို မတွေ့လို့ အဘွားလုပ်တဲ့သူက တတွတ်တွတ် မေးနေတာ၊ ဒီနေ့ နင့်အဘွားဆီကို သွားလိုက်ဦး”

ရှုကျမ့်လီလည်း မတတ်သာတော့ဘဲ အပေါ်ထပ်တွင် အဝတ်အစား သွားလဲလိုက်ရတော့သည်။

ရှုမိသားစုထံသို့ ဟွမ်ကျစ် လာရောက် မတောင်းပန်သေးခြင်းမှာ မတောင်းပန်ချင်၍ မဟုတ်ဘဲ လတ်တလော အရေးပေါ် ပြဿနာအချို့နှင့် ရင်ဆိုင်နေရခြင်းကြောင့်ပင်။

လွန်ခဲ့သည့် ၂ နှစ်ခန့်က လူတစ်ဦးကို အသက်သေဆုံးသည်အထိ သူထိုးကြိတ်ခဲ့ဖူးသည်။

ထိုစဉ်က သူ့မိသားစုသည် ငွေနှင့် အာဏာတို့ကို အသုံးချ၍ အမှုကို ဖုံးဖိခဲ့ပါသည်။ သို့သော် ယခုအခါတွင် မည်သည့်အကြောင်းအရင်းကြောင့်မှန်း မသိဘဲ နစ်နာသူမိသားစုက ကတိစကားကို ချိုးဖျက်ကာ သူ့ကို တရားစွဲဆိုဖို့ ပြင်ဆင်နေကြပါသည်။

ထို့အပြင် တရားရုံးကလည်း သူ့ကို လုံးဝ အလွတ်မပေးသဖြင့် နောက်ကွယ်မှ တစ်စုံတစ်ယောက်က ကြိုးကိုင်ထားမှန်း သိသာသည်။

ဟွမ်မိသားစုတစ်စုံလုံး စိတ်ချောက်ချားကာ ပျာယာခတ်ခဲ့ကြရသည်။ လူကြီးသူမများအားလုံး စုဝေးကာ ပြဿနာကို ဖြေရှင်းဖို့ တိုင်ပင်ကြပါသည်။

ပြဿနာတစ်စုံတရာတက်လာတိုင်း ငိုသာငိုတတ်သည့် ဟွမ်ကျစ်၏ အမေမှာ ယခုလည်း ငိုငိုယိုယိုနှင့် ပြောလေသည်။

“ရှုမိသားစုလက်ချက်ပဲဖြစ်မယ်! ငါတို့ရှုမိသားစုဆီသွားပြီး ဖြေရှင်းချက်သွားတောင်းရမယ်!”

“ကလေးနှစ်ယောက် ရန်ဖြစ်တာလောက်ကိုဟယ်၊ ပြီးတော့ သူတို့ကျမ့်လီက ဘာမှဖြစ်သွားတာလည်း မဟုတ်ဘူး၊ ဟွမ်ကျစ်ကို ဒီလောက်ထိ လုပ်ဖို့လိုလို့လား”

ဟွမ်ကျစ်၏ အဘွားကလည်း ချက်ချင်း မတ်တပ်ထရပ်လိုက်သည်။

“အခုပဲ ရှုမိသားစုဆီ သွားကြစို့”

ဟွမ်ကျစ်၏ အဒေါ်နှစ်ဦးက အားပေးအားမြှောက်ပြုသဖြင့် အမျိုးသမီးတစ်စုသည် ရှုအိမ်တော်သို့ ဒေါကြီးမောကြီး ချီတက်လာခဲ့ကြပါသည်။

ရှုကောချန့်က အလုပ်သွားပြီဖြစ်၍ အိမ်တွင် ကျောက်ဟုံရှားနှင့် ရှုကျမ့်လီတို့သာ ကျန်ခဲ့သည်။

ရှုကောချန့်သာ အိမ်တွင် ရှိနေလျှင် ပြဿနာကို ပြေပြေလည်လည် ဖြေရှင်းနိုင်လောက်သော်လည်း အိမ်တွင်ကျန်ခဲ့သည့် လူနှစ်ဦးကမူ မည်သူ့ကိုမှ ဂရုစိုက်တတ်ကြသူများ မဟုတ်ပေ။

ဟွမ်ကျစ်တစ်ယောက် အဖမ်းခံလိုက်ရပြီဖြစ်ကြောင်း သိရသောအခါ ကျောက်ဟုံရှား အော်ရယ်မိပါသည်။

“ဘယ်ကျေးဇူးရှင်က ကူညီပေးလိုက်တာလဲ မသိဘူးနော်! ရှင်တို့ရဲ့ ဟွမ်ကျစ်ကို အခုလို ဆုံးမသင့်တာ ကြာပြီ!”

အဘွားဟွမ်က ဒေါသဖြင့် အငွေ့တထောင်းထောင်း ထနေလေပြီ။

“ကောချန့်တို့ မိန်းမ! အားလုံးက စစ်တပ်ဝင်းတစ်ခုတည်းမှာ အရင်ကတည်းက အတူတူနေခဲ့ကြတာကို အခုလောက်ထိ လုပ်ဖို့ လိုလို့လား၊ နင့်သား ကျမ့်ဝမ်ကလည်း ငါတို့ရှောင်းကျစ်နဲ့ အခုထိ သူငယ်ချင်းတွေပဲလေ”

ကျောက်ဟုံရှားက မယုံကြည်နိုင်စွာ ပြောလိုက်သည်။

“အဘွားကြီး၊ ဒီကိစ္စက ကျွန်မတို့မိသားစုလက်ချက်လို့ လာထင်နေတာတော့ မဟုတ်ပါဘူးနော်၊ ကောချန့်နဲ့ ကျွန်မတို့ ဒီကိစ္စကို လုံးဝ မကျေနပ်ပေမယ့် ရှင်တို့မိသားစု လာတောင်းပန်မယ့် အချိန်ကို စိတ်ရှည်ရှည်ထားပြီး စောင့်ပေးနေတာ”

အဘွားဟွမ်က ကျောက်ဟုံရှားအား မယုံသင်္ကာကြည့်လိုက်သည်။

“တကယ်ပဲ နင်တို့မိသားစု လက်ချက် မဟုတ်ဘူးလား”

ဟွမ်ကျစ်၏ အမေက ရှိုက်ကြီးတငင် ရှေ့တိုးလာကာ ကျောက်ဟုံရှား၏ လက်ကို ကိုင်လျက် တောင်းပန်လိုက်သည်။

“ဟွမ်ကျစ်ကို လာတောင်းပန်ခိုင်းလိုက်ပါ့မယ် ဟုံရှားရယ်…၊ ကျေးဇူးပြုပြီး… ကျေးဇူးပြုပြီး သူ့ကို ထောင်တော့ မချလိုက်ပါနဲ့”

ကျောက်ဟုံရှားက လက်ကို ပြန်ဆွဲယူလိုက်သည်။

“ကျွန်မတို့ မိသားစုဘက်က တကယ် ဘာမှလုပ်မထားဘူး၊ ဒါဆို ရှင်တို့အုပ်စုက အခုလာတောင်းပန်တာမဟုတ်ဘဲ ကျွန်မတို့ကို အပြစ်တင်ဖို့နဲ့ ဖြေရှင်းချက်တောင်းဖို့ လာခဲ့တာပေါ့ဟုတ်လား”

ဟွမ်ကျစ်၏ အမေက မဝံ့မရဲပြောလိုက်သည်။

“ကျွန်မတောင်းပန်ပါတယ်၊ ကျွန်မတို့လည်း အရမ်းစိတ်ဖိစီးသွားလို့ပါ”

ကျောက်ဟုံရှားက တံခါးဖွင့်ပြီး ထိုအုပ်စု မောင်းထုတ်လိုက်သည်။

“ကျွန်မအိမ်မှာ ပြဿနာလာရှာမယ့်အစား ရှင်တို့ဘယ်သူ့ကို သွားစော်ကားမိလိုက်တာလဲ သေသေချာချာ စဉ်းစားနေသင့်တာ၊ ကျွန်မတို့ ကျမ့်လီ အိမ်မှာအနားယူနေလို့ ဆူဆူညံညံလာမလုပ်ပါနဲ့”

အဘွားဟွမ်နှင့် ဟွမ်ကျစ်၏ အဒေါ်များ အလွန်ရှက်ရွံ့သွားကြသည်။

သို့သော်လက်ရှိတွင် အရေးအကြီးဆုံးမှာ ဟွမ်ကျစ်ကို လွတ်မြောက်အောင် လုပ်ပေးဖို့သာဖြစ်၍ လာခဲ့စဉ်ကအတိုင်းပင် သုတ်သုတ်ပျာပျာ ပြန်သွားကြတော့သည်။

သူတို့ပြန်သွားကြသောအခါ ကျောက်ဟုံရှားတစ်ယောက် အိမ်ထဲတွင် ဟက်ဟက်ပက်ပက် ရယ်မောမိပါသေးသည်။

အမေဖြစ်သူ ရယ်မောနေသည်ကို မြင်ပြီး ရှုကျမ့်လီက မေးလိုက်သည်။

“အမေ ဘာတွေရယ်နေတာလဲ”

“ဟွမ်ကျစ်တော့ ပြဿနာတက်နေပြီ၊ သူ့လိုကောင်မျိုးက ထိုက်သင့်တဲ့ပြစ်ဒဏ်ကို အနှေးနဲ့အမြန်ခံရမှာပဲလို့ ငါပြောသားပဲ၊ နင့်အတွက် ကလဲ့စားချေတယ်လို့ပဲ သဘောထားလိုက်ပေါ့”

ရှုကျမ့်လီလည်း အမေဖြစ်သူ၏ စကားကို ထူးထူးခြားခြား ထောက်ခံလိုက်တော့သည်။

--- --- ---

လုဟန်ချွမ်သည် ယဲ့ကျန်းကော်နှင့် မြောင်စွေ့ဖန်းတို့ နေထိုင်နေသည့် နေရာနှင့် နီးကပ်သည့် အဆင့်မြင့်စားသောက်ဆိုင် တစ်ဆိုင်တွင် သီးသန့်စားသောက်ခန်းတစ်ခန်းကို ဘိုကင်ကြိုယူထားခဲ့သည်။

အိမ်မှ ထွက်ခွာခါနီးတွင် မြောင်စွေ့ဖန်း အနည်းငယ် စိတ်လှုပ်ရှားနေမိပါသည်။

သူမ၏ ဆံပင်များ အနည်းငယ် ပြန်ပေါက်လာပြီဆိုသော်လည်း တိုတိုပါးပါးလေးသာ ရှိသေးသဖြင့် အပြင်ထွက်တိုင်း ဦးထုပ်သာ ဆောင်းသွားလေ့ ရှိသည်။

သို့သော် ယခု တစ်ဖက်မိသားစုနှင့် သွားရောက်တွေ့ဆုံရမည်ဖြစ်၍ ဦးထုပ်ဆောင်းထားလျှင် ရိုင်းပျရာ ကျပါလိမ့်မည်။

ထို့ကြောင့် ယဲ့ရှောင်ရှောင်သည် အမေဖြစ်သူအတွက် ဆံပင်တုတစ်ခု သွားဝယ်ပေးခဲ့သည်။ ထိုဆံပင်တုမှာ အလွန်ဈေးကြီးသဖြင့် အရည်အသွေးကလည်း ကောင်းမွန်လှသည်။

ထိုဆံပင်တုအား တပ်ဆင်ပြီးနောက် မြောင်စွေ့ဖန်း ယုံကြည်မှုများ အမှန်တကယ် ပိုတိုးလာခဲ့သည်။ သို့သော် ဆံပင်တုကြီး ကျွတ်ကျသွားမည်ကို အလွန်စိတ်ပူနေမိပါသေးသည်။

“စားသောက်နေကြတုန်း ဒါကြီးကျွတ်သွားရင် ရှက်စရာပိုမကောင်းဘူးလား”

ယဲ့ရှောင်ရှောင်က အာမခံလိုက်သည်။

“မကျွတ်ပါဘူး အမေရဲ့၊ ခုခေတ် မြို့ပေါ်ကလူတော်တော်များများလည်း ဆံပင်တုတွေ ဝတ်နေကြတာပဲ၊ ဆိုဒ်မှန်ရင် အလွယ်တကူ မကျွတ်တတ်ပါဘူး”

ထိုအခါမှသာ မြောင်စွေ့ဖန်း စိတ်အေးနိုင်ပါသည်။ သို့သော် သူမ၏ ဆံပင်ကို ရံဖန်ရံခါ ကိုင်ကြည့်မိနေဆဲပင်။

ယဲ့ကျန်းကော်ကမူ အပြာရင့်ရောင် ကျုံးရှန်းဝတ်စုံကို ဝတ်ဆင်ထားပြီး အပေါ်တွင် ကုတ်အင်္ကျီတစ်ထည်ကိုလည်း ထပ်ကာ ဝတ်ဆင်ထားသဖြင့် အလွန်လူကြီးလူကောင်းဆန်နေလေသည်။

လင်မယားနှစ်ဦး ပေကျင်းမြို့တွင် သက်တောင့်သက်သာ နေထိုင်ခဲ့ကြရသဖြင့် ကိုယ်အလေးချိန်များ သိသိသာသာ တက်လာရုံသာမက အသာအးရေမှာလည်း စိုပြေလာခဲ့ကြပါသည်။

မြောင်စွေ့ဖန်းနှင့် ယဲ့ကျန်းကော်တို့သည် ပေကျင်းမြို့တွင် အလုပ်လက်မဲ့အုပ်စုထဲ ပါဝင်ပြီး အိမ်ထောင်စုစာရင်းလည်း မရှိသဖြင့် ရိက္ခာကူပွန်များ မရရှိကြပေ။

သို့သော် ယဲ့ရှောင်ရှောင်သည် မိဘနှစ်ပါးထံသို့ ကူပွန်များ၊ အသားငါးများနှင့် ဟင်းသီးဟင်းရွက်မျိုးစုံတို့ကို ပုံမှန် ပို့ဆောင်ပေးလေ့ရှိပါသည်။

စက်ရုံကြီးတစ်ရုံကိုပင် တည်ထောင်ထားသူဖြစ်၍ သူမတွင် ကူပွန်မရှားပေ။

၁၀ မိနစ်ခန့် ကားမောင်းပြီးနောက် ချိန်းဆိုထားသည့် စားသောက်ဆိုင်သို့ ယဲ့ရှောင်ရှောင်တို့ ရောက်ရှိလာကြပါသည်။

ယဲ့ရှောင်ရှောင် ကားပါကင်ထိုးနေချိန်တွင် စုန့်ကွမ်းကျင့်လည်း ရောက်ရှိလာသဖြင့် စားသောက်ဆိုင်ထဲသို့ အားလုံးအတူတူ ဝင်ခဲ့ကြသည်။

သီးသန့်စားသောက်ခန်းသို့ ရောက်ရှိလာသောအခါ လုမိသားစုဝင်များ ရောက်ရှိနေကြပြီဖြစ်ကြောင်း မြင်ခဲ့ရပါသည်။

လုဟန်ချွမ်၏ မိဘနှစ်ပါးသာမက အဘိုးလုနှင့် အဘွားလုတို့လည်း လိုက်လာခဲ့ကြသည်။ ပုံမှန်ဆိုလျှင် လုဟန်ချွမ်၏ မိဘနှစ်ပါးမှာ အလွန်အလုပ်များကြပြီး အိမ်သို့ပင် ပြန်လာခဲပါသည်။

လုဟန်ချွမ်၏ မိဘများက ယဲ့ကျန်းကော်တို့ လင်မယားထက် အသက် ၁ နှစ် ၂ နှစ်ခန့် ပိုကြီးသော်လည်း နေထိုင်ရသည့် လူနေမှုပတ်ဝန်းကျင်ချင်း မတူညီခြင်းကြောင့် များစွာ ပိုမိုငယ်ရွယ်နုပျိုသလို ခံစားရသည်။

လုရှင်းကျိုးနှင့် ယွင်ချန်းရှို့တို့က တစ်ဖက်မိဘများကို လက်ဆွဲနှုတ်ဆက်ကာ နွေးနွေးထွေးထွေး ကြိုဆိုခဲ့ပါသည်။

ယဲ့ရှောင်ရှောင်သည် အဘွားလုနှင့် လုဟန်ချွမ်တို့ဘေးတွင် ဝင်ထိုင်လိုက်သည်။

ယွင်ချန်းရှို့သည် အပြင်ပန်းတွင် အလုပ်ကိုသာ စွဲစွဲမြဲမြဲ လုပ်ကိုင်တတ်ပြီး စိတ်ဓာတ်မာကျောသော အမျိုးသမီးတစ်ဦး ဖြစ်သော်ငြား အိမ်တွင်မူ နှစ်လိုဖွယ်ကောင်းသော အိမ်ရှင်မတစ်ဦး၏ စရိုက်လက္ခဏာများကို ပိုင်ဆိုင်ထားပါသည်။

ဤနေ့မတိုင်ခင်က သူမလည်း ဆွေမျိုးလောင်းများနှင့် အဆင်မပြေနိုင်မည်ကို စိတ်ပူကာ ညပေါင်းများစွာ ကောင်းကောင်း အိပ်မပျော်နိုင်ခဲ့ပေ။

သို့သော် ယဲ့ကျန်းကော်နှင့် မြောင်စွေ့ဖန်းတို့မှာ အလွန်နူးညံ့သိမ်မွေ့ပြီး ဖော်ရွေတတ်သူများဖြစ်ကြောင်း သူမ သိခဲ့ရသည်။ စကားပြောဆိုပုံများကလည်း အဆင့်အတန်းရှိလှသည်။

ကျေးလက်တောရွာတွင် နေထိုင်ကြသူများဖြစ်သော်လည်း ရုပ်ရည်အသွင်အပြင်များ၊ ဝတ်စားဆင်ယင်ပုံများက သန့်သန့်ပြန့်ပြန့် ရှိကြသည်။

ယဲ့လင်မယားမှာ သူမ စိုးရိမ်တကြီး မျှော်လင့်ထားသလိုမဟုတ်ဘဲ မြို့ပြတွင် နေထိုင်ကြသူများထက်ပင် ဣန္ဒြေပိုရှိနေကြပါသည်။

All Chapters