← Chapters

အခန်း ၂၃၉

Vol. 24 Ch. 239

အခန်း ၂၃၉

Vol. 24 Ch. 239

📗 Chapter 239

ညနေစောင်းခါမှသာ နှစ်သစ်ကူး ဆုတောင်းစာတန်းများ လာရောက်ရေးသားခိုင်းသည့် ရွာသားများ ပြန်လည် ထွက်ခွာသွားခဲ့ကြပါသည်။

နောက်တစ်နေ့မနက်တွင် ယဲ့ရှောင်ရှောင်တို့အားလုံး အိပ်ရာစောစောထကာ နှစ်သစ်ကူးဆုတောင်းစာတန်းများ လိုက်ကပ်ခဲ့ကြသည်။

အလွန်ထင်ရှားတောက်ပသည့် အနီရောင် စာရွက်ကြီးများကို ကပ်လိုက်သည်နှင့် အိမ်တစ်အိမ်လုံးတွင် နှစ်သစ်ကူး အငွေ့အသက်များ လွှမ်းခြု့သွားကာ အရာခပ်သိမ်း ဆန်းသစ်ပြောင်းလဲသွားသကဲ့သို့ ခံစားလိုက်ရတော့သည်။

နောက်ရက်ပိုင်းများတွင် ပြင်ပ၌ လေအနည်းငယ် ထန်သော်လည်း ကံကောင်းစွာဖြင့် နှင်းမကျခဲ့ပေ။ နှင်းမုန်တိုင်းသာ ရုတ်တရက် တိုက်ခတ်လာခဲ့လျှင် မိသားစုဝင်များအားလုံး အပြင်ထွက်နိုင်တော့မည် မဟုတ်ချေ။

ယခုနှစ်၏ နှစ်သစ်ကူး ညစာစားပွဲသည် အချိန်အတော်ကြာမှ မိသားစုဝင်များအားလုံး စုံစုံလင်လင် ပြန်လည်ဆုံစည်းရခြင်းဖြစ်၍ ဟင်းလျာများကလည်း အလွန်ပင် ထူးခြားခမ်းနားလွန်းပါသည်။

မိသားစုထဲမှ ပျောက်ဆုံးနေသည့် တစ်စုံတစ်ဦးကိုမူ လူတိုင်းက တမင်တကာပင် လျစ်လျူရှုထားခဲ့ကြသည်။ တစ်ချိန်က မည်မျှပင် သံယောဇဉ်ကြီးမားခဲ့ကြပါစေ၊ အဆုံးသတ်တွင်မူ သူစိမ်းများကဲ့သို့ ဝေးကွာသွားခဲ့ကြပါပြီ။

အပြင်ဘက်တွင် လေပြင်းများ အလွန်တိုက်ခတ်နေသဖြင့် မည်သူကမှ အပြင်ထွက်ပြီး မီးရှူးမီးပန်းများ မဖောက်ဝံ့ကြပေ။

ယဲ့ရှောင်ရှောင်သည်လည်း လက်ကိုင်မီးပန်းငယ်အချို့ကိုသာ အပျော်သဘော ထွန်းညှိကစားလိုက်ပြီး ထိုမီးပန်းကလေးများ ငြိမ်းသွားသည်နှင့် အိမ်ထဲသို့ ခပ်သွက်သွက် ပြန်ဝင်လာခဲ့ပါသည်။

အပြင်ဘက်တွင် ရာသီဥတုက အေးခဲလွန်းလှသည်။

အိမ်တွင် မိသားစုဝင်များ စုံစုံလင်လင်အတူရှိရသည့် နေ့ရက်များမှာ မျက်စိတစ်မှိတ်အချိန်တွင်းမှာပင် ကုန်လွန်သွားခဲ့ပါပြီ။

နှစ်သစ်ကူး ပွဲတော်ကြီး ပြီးဆုံးသွားသည်နှင့်တစ်ပြိုင်နက် ကလေးများသည်လည်း တစ်ယောက်ပြီးတစ်ယောက် ပြန်လည် ထွက်ခွာရန် ပြင်ဆင်ကြတော့သည်။

ယဲ့ချန်းယွမ်၏ ခွင့်ရက်များက မကုန်ဆုံးသေးသဖြင့် အိမ်တွင် ရက်အနည်းငယ် ဆက်နေနိုင်သော်လည်း ယဲ့ချန်းရှန့်နှင့် ယဲ့ချန်းအန်းတို့ကမူ စစ်တပ်မှ ခွင့်ရက်အကန့်အသတ်ဖြင့် ပြန်လာကြခြင်းဖြစ်၍ ပွဲတော်အပြီးတွင် ချက်ချင်းပင် ပြန်လည် ထွက်ခွာကြရပါမည်။

ယဲ့ချန်းနင်ကလည်း စက်ရုံလုပ်ငန်းများကို ကြီးကြပ်ဖို့ ပြန်ရပါဦးမည်။ ယဲ့ချန်းချင့်သည်လည်း သတ္တုတွင်းများကို စောင့်ကြည့်ဖို့အတွက် ပြန်ရမည်ဖြစ်သည်။

ကျန်းရွှယ်နှင့် ကလေးနှစ်လေးနှစ်ဦးကမူ အိမ်တွင် ခေတ္တနေနိုင်သေးသည်။ ယဲ့ပေါင်ချန်းလေး ကျောင်းပြန်ဖွင့်မှ ကောင်တီမြို့သို့ ပြန်လျှင်လည်း နောက်မကျနိုင်ပေ။

စုန်ကွမ်းကျင့်၏ လူနာကိစ္စနှင့် ကိုယ်ပိုင်အလုပ်ကိစ္စများကြောင့် ယဲ့ရှောင်ရှောင်သည်လည်း ပေကျင်းမြို့သို့ ချက်ချင်း ပြန်ရပါမည်။

မြောင်စွေ့ဖန်းသည် ယခုအခါ နေ့ရက်များက အချိန်ကုန်မြန်လွန်းသည်ဟု ခံစားနေရပြီး ကလေးများနှင့် ခွဲခွာရမည်ကို အလွန်ဝမ်းနည်းနေခဲ့ပါသည်။

မျက်စိတစ်မှိတ်အချိန်အတွင်းမှာပင် ကလေးများအားလုံး အရွယ်ရောက်လာကြပြီး ကိုယ်ပိုင်လုပ်ငန်းအသီးသီးဖြင့် မွေးရပ်မြေကို စွန့်ခွာသွားကြတော့မည်။

နှစ်သစ်၏ ၃ ရက်မြောက်နေ့တွင် မြောင်စွေ့ဖန်း အိပ်ရာစောစောထကာ ကလေးများနှင့်အတူ ထည့်ပေးလိုက်ဖို့ ရိက္ခာများ စတင်ပြင်ဆင်ပေးခဲ့ပါသည်။

လမ်းတွင်စားသောက်နိုင်ရန်အတွက် မုန့်ပြားအမြောက်အများကို ပြင်ဆင်ပေးလိုက်သည်။

အေးခဲနေသည့် ရာသီဥတုကြောင့် မုန့်ပြားများ အနည်းငယ် မာသွားနိုင်သော်လည်း စားခါနီးတွင် ရေနွေးဖြင့် စိမ်လိုက်ပါက ချက်ချင်းပင် ပြန်လည်နူးညံ့သွားပါလိမ့်မည်။

ယဲ့ရှောင်ရှောင်သည် ရိုးရာမပျက်ဘဲ အိမ်အတွက် ငွေအချို့ ချန်ထားပေးခဲ့သည်။ မြောင်စွေ့ဖန်းလက်ထဲ တိုက်ရိုက် ထည့်ပေးလျှင် ငြင်းဆန်မည်စိုးသဖြင့် အမေဖြစ်သူ အခန်းထဲရှိ ဗီရိုထဲ တိတ်တဆိတ် ထည့်ပေးထားခဲ့ပါသည်။

ယဲ့ရှောင်ရှောင်သည် ယဲ့ချန်းနင်၊ ရှန်းချို့ယွီ၊ ယဲ့ချန်းအန်း၊ ယဲ့ချန်းယွမ်တို့နှင့်အတူတူ ထွက်လာခဲ့သည်။

သွားရမည့် လမ်းကြောင်းချင်း တူညီသဖြင့် ယဲ့ချန်းအန်းနှင့် ရှန်းချို့ယွီတို့အား ရှန်းမြို့သို့ ကားဖြင့် တစ်ပါတည်း လိုက်လံ ပို့ဆောင်ပေးရန် ယဲ့ရှောင်ရှောင် ဆုံးဖြတ်လိုက်သည်။

ယဲ့ချန်းယွမ်၏ ပြန်မည့်ရက်ကို မေးမြန်းကြည့်ရာတွင်လည်း သူသည် ပေကျင်းမြို့သို့ ဦးစွာလိုက်ပါလာပြီး ထိုမှတဆင့် ကျင်းဟိုင်မြို့သို့ သွားရောက်နိုင်မည်ဖြစ်ကြောင်း သိခဲ့ရသည်။

လူဦးရေ အမြောက်အများဖြင့် ခရီးသွားခြင်းက ပိုမိုဘေးကင်းစေပြီး ယခင်တစ်ခေါက်ကကဲ့သို့ လမ်းတွင် ဓားပြတိုက်ခံရသည့် ဖြစ်ရပ်မျိုးကိုလည်း စိုးရိမ်စရာမလိုတော့ပေ။

မြောင်စွေ့ဖန်းက စိုးရိမ်ပူပန်စွာ မှာကြားလိုက်သည်။

“အားလုံး လမ်းမှာ ဂရုစိုက်ကြဦးနော်”

ယဲ့ချန်းနင်သည် အမေဖြစ်သူအား နွေးနွေးထွေးထွေး ပွေ့ဖက်လိုက်ပါသည်။

“စိတ်ချပါအမေရဲ့၊ ကျွန်တော်တို့က ကလေးတွေ မဟုတ်တော့ဘူး၊ ကိုယ့်ကိုယ်ကိုယ် စောင့်ရှောက်နိုင်တယ်”

မည်သို့ပင်ဆိုစေကာမူ မြောင်စွေ့ဖန်း စိတ်မအေးနိုင်ပေ။ သားသမီးများ မည်မျှပင် အရွယ်ရောက်လာကြပါစေ သူမ၏ ရင်ထဲတွင်တော့ တစ်သက်လုံး ကလေးများသာဖြစ်နေကြပါလိမ့်မည်။

မြောင်စွေ့ဖန်းနှင့် ယဲ့ကျန်းကော်တို့နှစ်ယောက် ကလေးများကို ရွာအဝင်ဝထိ လိုက်ပို့ပေးခဲ့ကြသည်။

နွားလှည်းဖြင့် ထွက်ခွာသွားသည့် ကလေးများကို တိတ်တဆိတ် ငေးကြည့်ရင်း ကလေးများ၏ ပုံရိပ်များ ဝေးကွာ ပျောက်ကွယ်သွားမှသာ ယဲ့လင်မယားနှစ်ဦး အိမ်သို့ လေးလေးပင်ပင် ပြန်လှည့်လာခဲ့ကြတော့သည်။

ယဲ့ချန်းချင့်သည် ယဲ့ရှောင်ရှောင်၏ ကားကို ဦးစွာ သွားရောက်ထုတ်ယူပေးခဲ့ပြီး သတ္တုတွင်းသို့ ပြန်သွားခဲ့ပါသည်။

နှုတ်ဆက်ခါနီးတွင် ညီဖြစ်သူများနှင့် ညီမဖြစ်သူတို့ကို နွေးနွေးထွေးထွေး ပွေ့ဖက်ကာ လမ်းတွင် ဂရုစိုက်ကြဖို့ သေချာ မှာကြားလိုက်ပါသည်။

ပိုင်ချွမ်ရွာတွင် အိမ်သို့ပြန်ရောက်သည်နှင့် ယဲ့ချန်းရှန့်က မြောင်စွေ့ဖန်း၏ လက်ထဲ စာအိတ်တစ်လုံး ထည့်ပေးလိုက်သည်။

“အဖေနဲ့အမေ၊ ဒါ တတိယအစ်ကိုနဲ့ ဒုတိယအစ်ကိုတို့ ပေးခဲ့တဲ့ ပိုက်ဆံတွေပါ၊ ကျွန်တော့်ကို ကိုယ်စား ပေးခိုင်းခဲ့တာ”

ထိုငွေသားများကို ကြည့်ရင်း မြောင်စွေ့ဖန်း မျက်ရည်ဝဲသွားရသည်။

“ဒီကလေးတွေကတော့…”

သို့သော် ရှေ့တွင် သားဖြစ်သူရှိနေသဖြင့် မျက်ရည်များကို ထိန်းထားခဲ့ပါသည်။

သို့သော် ညနေစောင်း၍ အိပ်ရာခင်းများ ထုတ်ယူရန် ဗီရိုတံခါးကို ဖွင့်လိုက်ပြီး အထဲတွင် ဝှက်ထားသည့် ငွေများကို တွေ့ရှိသွားချိန်တွင်မူ မြောင်စွေ့ဖန်းတစ်ယောက် မျက်ရည်များအား မထိန်းချုပ်နိုင်တော့ပေ။

“ဒါ ရှောင်ရှောင် ထားခဲ့တဲ့ ပိုက်ဆံတွေပဲဖြစ်မယ်”

ပိုက်ဆံများကို မိန်းကလေးငယ်များ အသုံးပြုလေ့ရှိသည့် လက်ကိုင်ပဝါလေးဖြင့် သေသေချာချာ ထုပ်ပိုးထားခြင်း ဖြစ်၍ ယဲ့ရှောင်ရှောင်၏ လက်ချက်ဖြစ်မှန်း သိနိုင်ပါသည်။

ယဲ့ကျန်းကော်က ဇနီးဖြစ်သူအား နှစ်သိမ့်ပေးလိုက်သည်။

“ဘာငိုစရာရှိလို့လဲကွာ၊ ကလေးတွေအားလုံး အဆင်ပြေပြေနဲ့ အောင်မြင်နေကြတာပဲ၊ အဲ့တာ ဝမ်းသာစရာ မဟုတ်ဘူးလား”

မြောင်စွေ့ဖန်းက ရှိုက်သံဖြင့် ပြန်ပြောသည်။

“ကျွန်မရင်ထဲ မကောင်းလို့ပါ၊ ဒီလောက်ငယ်ငယ်ရွယ်ရွယ်လေးတွေနဲ့ နိုင်ငံအနှံ့မှာ တကွဲတပြားစီ ငွေရှာနေကြရတာ၊ ငွေရှာရတာ ဘယ်လောက်ခက်လဲ ကျွန်မသိတယ်”

ထို့နောက် ကလေးများထားခဲ့သည့် ငွေအားလုံးကို စုစည်းရေတွက်ကြည့်လိုက်သောအခါ ယွမ် ၂,၀၀၀ ကျော်ရှိမှန်း သိရှိခဲ့ရသည်။

“မဖြစ်သေးပါဘူး… ဒီပိုက်ဆံတွေကို တစ်နေရာရာမှာ အပ်ထားရမယ်၊ အရမ်းများလွန်းတယ်၊ ကျွန်မတို့ လက်ဖက်ကြက်ဥရောင်းလို့ရလာတဲ့ ပိုက်ဆံတွေနဲ့ပါ ပေါင်းလိုက်ရင် မြို့ပေါ်မှာ အိမ်ကောင်းကောင်းဝယ်လို့တောင် ရနေပြီ”

မြောင်စွေ့ဖန်း အနည်းငယ် စိတ်သက်သာရာ ရမိပါသည်။ အကယ်၍ သားကြီးဖြစ်သူသာ ငွေကို အရေးတကြီး မလိုအပ်ပါက ဒုတိယသားအတွက် မြို့ပေါ်တွင် အိမ်တစ်လုံး အရင်ဝယ်ပေးနိုင်ပါသည်။

“ကျွန်မတို့ ဒုတိယသားအတွက် အိမ်တစ်လုံး အရင်ဝယ်ပေးလိုက်ရင် သားကြီးက စိတ်ခုသွားနိုင်လား”

ယဲ့ကျန်းကော်က ယုံကြည်မှုအပြည့်ဖြင့် ပြောလိုက်သည်။

“သားကြီးက ဘယ်တော့မှ အဲ့လိုတွေးမှာမဟုတ်ဘူး”

မြောင်စွေ့ဖန်း သက်ပြင်းချမိသည်။

“ကျွန်မလည်း သူ့စိတ်ကို ကောင်းကောင်းသိပါတယ်၊ သူက သူ့ညီတွေကို အရမ်းဂရုစိုက်တာ၊ ဒါပေမယ့် ကျွန်မရင်ထဲ မကောင်းဘူး၊ ရှောင်းရွှယ်နဲ့ သူလက်ထပ်တုန်းက ကျွန်မတို့မိသားစု ဆင်းရဲလွန်းလို့ ဘာမှတောင် မစီစဉ်ပေးနိုင်ခဲ့ဘူး၊ ရှောင်းရွှယ်လည်း နှစ်တွေအကြာကြီး အခက်အခဲတွေနဲ့ ရင်ဆိုင်ခဲ့ရတာ၊ အိမ်တစ်လုံး ဝယ်ပေးရမယ်ဆိုရင် သားကြီးကိုပဲ အရင်ဝယ်ပေးသင့်တာ”

ထိုအချိန်တွင် အရှေ့ဘက်အခန်း၏ တံခါးရှေ့သို့ ကျန်းရွှယ်ရောက်ရှိလာပါသည်။

ယောက္ခမများ၏ စကားဝိုင်းကို သူမ တမင်တကာ ခိုးနားထောင်ဖို့ ရည်ရွယ်ချက်မရှိခဲ့ပေ။ ယဲ့ချန်းချင့် မထွက်ခွာမီက ငွေအချို့ ထားခဲ့ပြီး မိဘများလက်ထဲ အပ်ပေးဖို့ သူမကို မှာကြားခဲ့ခြင်းကြောင့် ရောက်လာခဲ့ရခြင်း ဖြစ်သည်။

သူကိုယ်တိုင်ပေးအပ်မည်ဆိုလျှင် မိဘများလက်မခံမည်ကို ကြိုသိနေသောကြောင့်ပင်။

သတ္တုတွင်းတွင် ယဲ့ချန်းချင့် အလုပ်စလုပ်စဉ်ကတည်းက သူမတို့မိသားစုတွင် ငွေကြေးအခက်အခဲဟူ၍ မရှိခဲ့ပါ။

ယခင်အခေါက်ကဆိုလျှင် ရက်ရောသည့် ဘော့စ်လျို့မှာ ယဲ့ချန်းချင့်အား ဘောနပ်စ်အနေဖြင့် ယွမ် ၂၀,၀၀၀ ပင် ပေးအပ်ခဲ့သေးသည်။

ထိုငွေအားလုံးကို ယဲ့ချန်းချင့် တစ်ပြားတစ်ချပ်မှ အသုံးမပြုခဲ့ဘဲ မူလက မြောင်စွေ့ဖန်း၏ ခွဲစိတ်ကုသမှု ကုန်ကျစရိတ်များအတွက် ယဲ့ရှောင်ရှောင်လက်ထဲ ထည့်ပေးဖို့ ကြံရွယ်ထားခဲ့ပါသည်။

သို့သော် ယဲ့ရှောင်ရှောင်က လုံးဝ လက်မခံသဖြင့် ကျန်းရွှယ်လည်း ထိုငွေများကို ဘဏ်ထဲတွင်သာ သွားစုထားခဲ့ရသည်။

မိဘများက အသက်အရွယ်ကြီးရင့်လာပြီဖြစ်၍ နောင်တစ်ချိန် အရေးပေါ်အခြေအနေတစ်ခုခုနှင့် ကြုံလာရလျှင် ထိုငွေများကို အားကိုးအားထားပြုနိုင်ပါသည်။

ကျန်းရွှယ်သည် တံခါးကို အသာအယာခေါက်ရင်း မေးမြန်းလိုက်သည်။

“အဖေနဲ့ အမေတို့ အိပ်ပြီလား၊ သမီးဝင်လာလို့ရမလားဟင်”

မြောင်စွေ့ဖန်း: “ဝင်ခဲ့လေ ရှောင်းရွှယ်၊ အမေတို့ မအိပ်သေးပါဘူး”

ကျန်းရွှယ် အခန်းထဲသို့ရောက်သည်နှင့် ချက်ချင်းပြောလိုက်သည်။

“အမေတို့ ခုနက ပြောနေတဲ့ စကားတွေ သမီးကြားတယ်၊ ဒုတိယမတ်လေးက အိမ်ထောင်ပြုတော့မှာဆိုတော့ သူ့အတွက် အိမ်တစ်လုံး အရင်ဝယ်ပေးသင့်တာပေါ့၊ သမီးနဲ့ ချန်းချင့်တို့ အခုချိန်မှာ အိမ်ငှားနေရတယ်ဆိုပေမယ့် အစစအရာရာ အဆင်ပြေလို့ ချက်ချင်းလက်ငင်းကြီး အိမ်ဝယ်စရာလည်း မလိုသေးပါဘူး၊ ပြီးတော့ သမီးတို့ နှစ်ယောက်မှာ ကိုယ်တိုင်စုထားတဲ့ငွေတွေလည်း ရှိသေးတယ်၊ အချိန်တန်ရင် သမီးတို့ဖာသာ ဝယ်နိုင်ပါတယ်”

သူမ၏ စကားများကို ချွေးမဖြစ်သူ ကြားသွားလိမ့်မည်ဟု မြောင်စွေ့ဖန်း မျှော်လင့်မထားခဲ့ပေ။

“သမီးအတွက် အမေစိတ်မကောင်းလို့ပါ၊ အမေတို့ မိသားစုဆီ ရောက်လာကတည်းက သမီးအစစအရာရာ ပေးဆပ်ခဲ့ရတာ၊ အမေတို့ဘက်က ဘာမှ ပြန်မပေးနိုင်သေးဘူး”

ထိုစကားကို ကြားပြီး ကျန်းရွှယ် ပြုံးသာ ပြုံးလိုက်ပါသည်။

သူမနှင့် ယဲ့ချန်းချင့်တို့မှာ တစ်ဦးကိုတစ်ဦး အမှန်တကယ် ချစ်မြတ်နိုး၍ လက်ထပ်ထားကြသူများ ဖြစ်သည်။

ထို့အပြင် ယခင်က ယဲ့မိသားစုသည် ဆင်းရဲနွမ်းပါးသည်ဆိုသော်ငြား သူမကို သမီးအရင်းတစ်ဦးပမာ နွေးနွေးထွေးထွေး ဆက်ဆံခဲ့ကြသည်။

အိမ်မှုကိစ္စများတွင် လူတိုင်းက ဝိုင်းဝန်းလုပ်ဆောင်ပေးသည်။ အိမ်တွင် အချက်အပြုတ်၊ အလျှော်အဖွပ်ကို သူမ တာဝန်ယူထားသောအခါ ယောက္ခမများက သူမကို စိုက်ခင်းထဲတွင် မည်သည့်အလုပ်ကြမ်းမှ မလုပ်စေခဲ့ပါ။

သူမက ငယ်ရွယ်သေးသဖြင့် ပင်ပန်းနွမ်းနယ်သွားလိမ့်မည်ဟုသာ ဆိုခဲ့ကြသည်။

ရွာထဲတွင် မိန်းကလေးအချို့သည် အိမ်ထောင်ကျပြီးသည့် နောက်တစ်နေ့မှာပင် လယ်ကွင်းထဲ လေးလံသည့် ပစ္စည်းများ သယ်ပိုးထမ်းဆောင်ကြရသည်ကို သူမကိုယ်တိုင် တွေ့မြင်ဖူးခဲ့သည်။

ထိုဇနီးငယ်လေးများမှာ ပင်ပန်းလွန်းသဖြင့် ခါးပင်မဆန့်နိုင်အောင် ဖြစ်ခဲ့ကြသည်။ သို့သော် ယဲ့မိသားစု၏ စိုက်ခင်းအလုပ်များက မည်မျှပင် ခက်ခဲကြမ်းတမ်းပါစေ ယဲ့မိသားစုဝင်များက သူမကို လယ်ထဲဆင်းခွင့်ပင် မပေးကြပေ။

ထို့ကြောင့် ကျန်းရွှယ်အနေဖြင့် ရင်ထဲတွင် နာကျင်ခံပြင်းခြင်း သို့မဟုတ် မကျေမနပ်ဖြစ်ခြင်းတို့ စိုးစင်းမျှ မခံစားခဲ့ရချေ။

သူမသည် ဤမိသားစုလေး ပိုမိုကြီးပွားတိုးတက်လာဖို့နှင့် မောင်နှမများအားလုံး စည်းစည်းလုံးလုံး သင့်သင့်မြတ်မြတ်နှင့် ကိုယ့်ဘဝကိုယ် တည်ဆောက်သွားနိုင်ကြဖို့ကိုသာ မျှော်လင့်မိပါသည်။

ထို့အပြင် သူမသည် ထိုမောင်ငယ်များကို ငယ်စဉ်ကတည်းက ကြည့်ရှုစောင့်ရှောက်ပေးခဲ့ရသူဖြစ်သည့်အလျောက် မိခင်တစ်ဦး၏ စိတ်ဖြင့် ဤကဲ့သို့ အသေးအဖွဲကိစ္စများကို စိတ်ထဲပင် မထားနိုင်ပေ။

“သမီးကို အမေတို့ ဘယ်လောက်ဂရုစိုက်လဲ သမီးသိပါတယ်၊ အဲ့လိုစကားမျိုးတွေ ဆက်ပြောနေဦးမယ်ဆိုရင် သမီးကို သူစိမ်းတစ်ယောက်လို သဘောထားလို့ ပြောတာလို့ ယူဆမိလိမ့်မယ်”

မြောင်စွေ့ဖန်း: “သမီးကို အမေ့သမီးအရင်းတစ်ယောက်အဖြစ် သတ်မှတ်ထားခဲ့တာ ကြာပါပြီ”

ကျန်းရွှယ်သည် အခြေအနေကို အခွင့်ကောင်းယူလျက် ယဲ့ချန်းချင့် ထားခဲ့သည့် ယွမ် ၁,၀၀၀ အား ထုတ်ပေးလိုက်ပါသည်။

“အဲ့တာဆို အမေ့ရဲ့ သမီးအရင်းက ကျေးဇူးပြန်ဆပ်တဲ့အနေနဲ့ ပေးတဲ့ငွေကို လက်မခံသင့်ဘူးလား”

မြောင်စွေ့ဖန်းလည်း ရွေးချယ်စရာမရှိတော့ဘဲ ငွေကို လက်ခံလိုက်ရတော့သည်။ အခန်းထဲမှ ကျန်းရွှယ် ပြန်ထွက်သွားသည့်အချိန်ကျမှ ထိုငွေကို လွယ်လွယ်နှင့် လက်မခံခဲ့သင့်မှန်း မြောင်စွေ့ဖန်း တွေးမိတော့သည်။

တစ်ဖက်တွင်မူ ယဲ့ရှောင်ရှောင်တို့အဖွဲ့သည် ညမိုးချုပ်သည်နှင့် အနီးနားရှိ မြို့တစ်မြို့တွင် ဧည့်ဂေဟာတစ်ခု ရှာဖွေပြီး တစ်ညတာ တည်းခိုကာ မနက်မိုးလင်းမှ ခရီးဆက်ဖို့ ဆုံးဖြတ်ခဲ့ကြပါသည်။

မနက်ဖြန်ဆိုလျှင် ရှန်းမြို့သို့ ရောက်ရှိနိုင်မည်ဖြစ်သည်။ လက်ရှိ လမ်းမကြီးများ ယခုလောက် ကွေ့ပတ်မနေပါက ဤမျှအထိ နှေးနှေးကွေးကွေး သွားလာနေရမည် မဟုတ်ပေ။

ကံကောင်းစွာဖြင့် ယခုတစ်ခေါက်တွင် အဝေးပြေးလမ်းမ ဓားပြများနှင့် မဆုံတွေ့ခဲ့ရသဖြင့် ခရီးစဉ်မှာ အလွန်ပင် ချောမွေ့ခဲ့ပါသည်။

ယဲ့ချန်းနင်က ကျီစယ်သည်။

“ဒါရှောင်ရှောင့်ကား ကျေးဇူးကြောင့်ပဲဟေ့၊ ဒီခေတ်မှာ Santana ဆိုတာ သူဌေးကြီးတွေပဲ စီးကြတာ၊ အဲ့တာကြောင့် လူတိုင်းက ငါတို့ကို လူမိုက်သူဌေးတွေလို့ ထင်နေကြတာနေမှာ”

All Chapters