အခန်း ၁၁၆
Vol. 12 Ch. 116
🐽 Chapter 116
ယွီရွေ့ကျူးက အိုးအဖုံးကို ဖွင့်ပြီးနောက် လွင့်ပျံလာသော ပြည့်စုံမွှေးကြိုင်သည့် အနံ့ကြောင့် လာရောက်ကြည့်ရှုသူ ပိုများလာသည်။
နီနီရဲရဲ နူးညံ့ပြီး အရိုးမှပင် ကွာကျလုမတတ် ဖြစ်နေသော ဝက်သားနှပ်များနှင့် ဝက်ကလီစာနှပ်များကို မြင်ရသောအခါ အများစုမှာ သွားရည်ကျလာပြီး အမြန်ဝိုင်းအုံလာကြတော့သည်။
"ကျွန်တော့်ကို နည်းနည်းလောက် စမ်းစားကြည့်ဖို့ ပေးပါဦး"
"ကျွန်တော့်ကိုရောပဲ၊ ကျွန်တော့်ကိုရော"
ကျောက်မိသားစု ဝက်သားနှပ်ဆိုင် မသမာသော ဈေးချမှုကြောင့် ဆုံးရှုံးခဲ့ရသည့် ဖောက်သည်များမှာ ပြန်လည်ရောက်ရှိလာရုံသာမက ဖောက်သည်သစ်များကိုပါ ပိုမို ခေါ်ဆောင်လာခဲ့ကြသည်။ ယွီရွေ့ကျူး ဆိုင်လေးမှာ ချက်ချင်းပင် လူများဖြင့် ပြည့်နှက်သွားပြီး ဝက်သားနှပ် အနံ့က လူတိုင်းကို သွားရည်ကျစေတော့သည်။
ယွီရွေ့ကျူးက အချိန်ကိုက်ပင် အသံကိုမြှင့်ပြီး ကျယ်ပြန့် သော အပြုံးဖြင့် ပြောလေသည်။
"အားလုံးပဲ စိတ်မပူကြပါနဲ့၊ ကျွန်မတို့ မိသားစု ဝက်သားနှပ်ဆိုင် အသစ်ကို နောက်တစ်ပတ်နေရင် ဖွင့်တော့မှာပါ၊ နေရာကတော့ ဖက်ထုပ်ဆိုင်ရဲ့ မျက်နှာချင်းဆိုင်မှာပဲ၊ ထုတ်ကုန်အသစ်တွေနဲ့ အထူးအခွင့်အရေးတွေလည်း အများကြီး ရှိဦးမှာ
ဝက်သားနှပ် စားချင်တယ်ဆိုရင် ကျွန်မတို့ဆီသာ လာခဲ့ကြပါ၊ အသားတွေ အားလုံးက လတ်လတ်ဆတ်ဆတ် သတ်ထားတာဖြစ်ပြီး ဈေးနှုန်းကလည်း သင့်တင့်သလို အရည်အသွေးကိုလည်း အာမခံပါတယ်ရှင်
ကျွန်မ အမျိုးသားက ဝက်တွေ မွေးမြူပြီး သတ်တဲ့သူ ဖြစ်လို့ ဈေးပေါတဲ့ ဝက်သားတွေ သုံးပြီး ရှင်တို့ကို ဘယ်တော့မှ လိမ်မှာ မဟုတ်ပါဘူး၊ နောက်တစ်ပတ်နေရင် လာပြီး မြည်းစမ်းကြည့်ကြပါဦး၊ ကျွန်မတို့ ယွီမိသားစု ဝက်သားနှပ်ဆိုင်ကို လာခဲ့ကြပါနော်"
ယွီရွေ့ကျူး စကားများက လေထုတစ်ခုလုံးကို ချက်ချင်းပင် အမြင့်ဆုံးသို့ ရောက်ရှိသွားစေသည်။
ကျောက်မိသားစု ဝက်သားနှပ်ဆိုင်မှာ ဒေါသထွက်နေသော လူအုပ်ကြီးကြောင့် ဆိုင်အတွင်းအပြင် အားလုံး ဖျက်ဆီးခံလိုက်ရသည်။ မှန်များအားလုံး ကွဲကြေသွားပြီး ဆိုင်အတွင်းရှိ စားပွဲ၊ ကုလားထိုင်နှင့် ဗီရိုများမှာလည်း မှောက်ခုံဖြစ်ကာ ကျိုးပဲ့နေသည်။
ဆိုင်အတွင်းမှ ဝက်သားနှပ်အိုးကို သက်သေခံအဖြစ် ရဲများက သိမ်းဆည်းသွားခဲ့ပြီး မီးဖိုချောင်ထဲရှိ မဆေးကြောရသေးသော ဈေးပေါသည့် ဝက်သားများကိုပါ ယူဆောင်သွားခဲ့သည်။
ကျောက်နာနှင့် သူမ ယောကျ်ားတို့သည် ရဲစခန်းမှ ရက်အတော်ကြာသည်အထိ ပြန်လွတ်မလာသေးချေ။ ဖောက် သည်များ ဆေးဖိုးဝါးခများကို ပေးလျော်ရုံသာမက နစ်နာ ကြေး အမြောက်အမြားကိုပါ ပေးဆောင်ခဲ့ရသည်ဟု ကြားသိရသည်။
ဆိုင်သန့်ရှင်းမှု အားနည်းချက်ကြောင့် ဖြစ်ပေါ်လာသော အစားအစာ ဘေးကင်းလုံခြုံရေး ပြဿနာများကိုလည်း သက်ဆိုင်ရာမှ သေချာစွာ စစ်ဆေးခဲ့ပြီးနောက် ဒဏ်ငွေရိုက်ကာ ဆိုင်ကိုပါ ပိတ်သိမ်းပစ်ခဲ့သည်။
သူတို့မှာ အမှန်ကို အရှုံးပေါ်အရှုံးဆင့် ဖြစ်သွားခဲ့ရသည်။
သို့သော်လည်း သူတို့ လက်ရှိအခြေအနေကို အနီးအနားရှိ ဈေးသည်များရော ဖောက်သည်များကပါ မည်သူကမျှ ကိုယ်ချင်းမစာကြသည့်အပြင် ဒဏ်ငွေက နည်းလွန်းသည်ဟုပင် ခံစားနေကြပြီး ကျောက်မိသားစုကို လူမဆန်ဘူးသာ ကွယ်ရာတွင် ကျိန်ဆဲနေကြဆဲပင်။
ပုပ်သိုးပြီး နံစော်နေသော အသားများကိုသုံးကာ လူများကို ဒုက္ခပေးခဲ့သဖြင့် ကျောက်နာနှင့် သူမယောကျ်ားမှာ ခံထိုက်သည်။
ရက်အတော်ကြာပြီးမှသာ ကျောက်နာနှင့် သူမ ယောကျ်ားတို့သည် ဒဏ်ငွေပေးဆောင်ကာ ပြန်လည် လွတ်မြောက်လာခဲ့သည်။
ဒဏ်ငွေပေးပြီးနောက် ဆိုင်ကို ယာယီ ပြန်ဖွင့်ခွင့်ရခဲ့သော် လည်း စီးပွားရေးမှာ သိသိသာသာကို ပြိုလဲလုမတတ် ဖြစ်နေသည်။ ကျောက်နာနှင့် သူမ ယောကျ်ားသည် ဆိုင်ထဲမှ ပစ္စည်းအချို့ယူရန်သာ ပြန်လာခဲ့ပြီး နေ့လယ်ဘက် နောက် ကျသောအချိန်တွင် မျက်နှာကို ဖုံးကွယ်၍လာသော်လည်း လူများက မှတ်မိသွားကြဆဲပင်။
ဆိုင်အပြင်ဘက်တွင် လူအုပ်ကြီး စုရုံးလာကာ လက်ညှိုးထိုးပြီး တီးတိုးပြောဆိုရင်း သူတို့ကို ဆဲဆိုလေသည်။
ကျောက်နာနှင့် သူမ ယောကျ်ားမှာ လာရောက်ကြည့်ရှုသူများထံမှ မျောက်တစ်ကောင်အလား ဝိုင်းကြည့်ခြင်းကို ခံနေရပြီး အချို့က သူတို့ကို ခဲများဖြင့်ပင် ပေါက်ရန်ကြိုးစားကြသည်။
ကံကောင်းထောက်မစွာဖြင့် အသိဉာဏ်ရှိသူ အချို့က တား ဆီးခဲ့သော်လည်း အခြေအနေမှာ တင်းမာနေဆဲပင်။
ဆိုင်သို့ ပြန်သွားရန် နည်းလမ်းမရှိတော့သော်လည်း ဆိုင်လခကို တစ်နှစ်စာ ကြိုပေးထားပြီးဖြစ်ကာ ကျောက်နာမှာလည်း အရာအားလုံးကို ဆုံးရှုံးခဲ့ရသည်။ သူမအနေဖြင့် ငွေအချို့ ပြန်ရရန်နှင့် အရှုံးကို လျှော့ချရန် ဆိုင်ကို ရောင်းချဖို့သာ ကြိုးစားရတော့မည်။
သို့သော် ယခုအခါ သူတို့ နာမည်ပျက်သွားပြီဖြစ်ရာ ဝက်သားနှပ်ပေါင်းဆိုင် နေရာမှာလည်း လူများ မလိုလားအပ်သော နေရာတစ်ခု ဖြစ်သွားခဲ့သည်။ ပတ်ဝန်းကျင်ရှိ လူများက သူတို့ကို ကပ်ရောဂါတစ်ခုအလား ရှောင်ဖယ်နေကြသဖြင့် ကျောက်နာက ဈေးကို အကြိမ်ကြိမ် လျှော့ချခဲ့သော်လည်း လွှဲယူလိုသူ တစ်ဦးတစ်ယောက်မျှ မရှိခဲ့ပေ။
အခြားရွေးချယ်စရာ မရှိတော့သဖြင့် ကျောက်နာသည် ယွီရွေ့ကျူးနှင့် ဟော်ချန်ယဲ့တို့ မျှော်လင့်ထားသည့်အတိုင်း ယွီရွေ့ကျူးထံသို့ ကိုယ်တိုင် ချဉ်းကပ်လာသည်။
သို့သော် ကျောက်နာက ယွီရွေ့ကျူးအပေါ်တွင် မုန်းနေခြင်းကြောင့်လား မသိ အခြားသူများကိုတော့ အလွန်သက်သာသော ဈေးနှုန်းများဖြင့် ကမ်းလှခဲ့သော်လည်း ယွီရွေ့ကျူးကိုမူ အနည်းငယ်ပိုများသော ဈေးနှုန်းဖြင့် ကမ်းလှမ်းသည်။
သူမက ယွီရွေ့ကျူးသည် ယခုအချိန်တွင် ဆိုင်ခန်းလိုအပ်နေသည်ဟု ထင်မြင်ပြီး သူမကို ထိန်းချုပ်နိုင်မည်ဟု ယူဆထားရသည်။
ယွီရွေ့ကျူးက ထိုသို့သောအပြုအမူကိုလက်မခံနိုင်ချေ။ မည်သို့ပင်ဆိုစေ ရောင်းချင်လောကြီးနေသူမှာ ကျောက်နာဖြစ်ပြီး သူမ မဟုတ်ပေ။
သူမက ကျောက်နာအား စွန်းရှို့ရှို့တို့ ဆိုင်ကို၀ယ်ပြီးဖြစ် ကြောင်း တည်ငြိမ်စွာပြောသည်။ ကျောက်နာ ယုံကြည်မှုအပြည့်ရှိနေသော မျက်နှာထားမှာ ချက်ချင်းပြောင်းလဲသွားပြီး ခန္ဓာကိုယ်မှာ တောင့်တင်းသွားကာ အလွန်ကြည့်ရဆိုးသွားတော့သည်။
သူမက သိပ်အလျင်မလိုသေးပုံရသည်။ သို့မဟုတ်ပါက ဤမျှ တည်ငြိမ်မနေနိုင်ပေ။
လောလောဆယ်တွင်တော့ သူတို့ကို အေးအေးဆေးဆေး ထားလိုက်ဦးမည်။ အကြွေးရှင်များ လာရောက်တောင်းဆိုချိန်တွင်တော့ ကျောက်နာတစ်ယောက် အလွန်အမင်းထိတ် လန့်သွားမည်မှာ သေချာသည်။
ယွီရွေ့ကျူး တခစ်ခစ် ရယ်မောပြီး ကျောက်နာကို လျစ်လျူ ရှုလိုက်သည်။ မကြာသေးမီက ကျောက်မိသားစု ဝက်သားနှပ်ဆိုင်ကြောင့် သူမ ဝက်သားနှပ်ဆိုင်လေးမှာ အလွန်လူကြိုက်များလာခဲ့ပြီး လူအများအပြားလည်း ထောက်ခံအကြံ ပြုလာသည်။
ကျောက်နာနှင့် သူမ ယောကျ်ားတို့ ကိုယ်ကျင့်တရားမဲ့သော လုပ်ရပ်များကို တစ်စုံတစ်ယောက်က ပြောပြတိုင်း လူများက အံ့အားသင့်သွားတတ်သည်။
"ဒါဆို အခု မြို့ပေါ်မှာ ဝက်သားနှပ်ရောင်းတဲ့သူ မရှိတော့ဘူးပေါ့၊ အဲဒီ ဈေးသည်တွေ အားလုံးက ကိုယ်ချင်းစာတရားမရှိကြဘူးလား၊ ဝက်သား မဝယ်ခင် ငါတို့ သေချာစစ်ဆေးရတော့မလား၊ အကုန်လုံးက ပုပ်ပြီး မကောင်းတော့တာတွေချည်းပဲလား၊ ဟူး... အခုခေတ်မှာ ဘဝက သိပ်ခက်ခဲတာပဲ"
ထိုအခါ အနီးနားရှိ တစ်စုံတစ်ယောက်က ဝင်ရောက် ရှင်းပြတတ်သည်။