← Chapters

အခန်း ၁၁၇

Vol. 12 Ch. 117

အခန်း ၁၁၇

Vol. 12 Ch. 117

🐽 Chapter 117

"ဟေး... အဲဒီလောက်လည်း မဆိုးပါဘူး၊ အရမ်းကြီး မလန့်ပါနဲ့၊ အသားပုပ်တွေက ကျောက်နာ ဆိုင်ကဟာတွေပါ၊ ဒီတစ်ဝိုက်က အကုန်အဆင်ပြေပါတယ်၊ ဘေးနားမှာ နောက် ထပ် ဝက်သားနှပ်ဆိုင်တစ်ဆိုင် ရှိသေးတယ်လေ၊ အဲဒီကောင်မလေးရဲ့ အသားက မွှေးပြီး အရသာရှိတဲ့အပြင် အရည်အသွေးလည်း ကောင်းတယ်"

"အရင်က သူတို့ ဝက်သားနှပ်ကို ဈေးကြီးတယ်လို့ ထင်ခဲ့တာ ဒါပေမဲ့ အခုတော့ နည်းနည်းလေး ပိုဈေးကြီးပေမဲ့ စားရတာ ပိုလုံခြုံတယ်လို့ ထင်သွားပြီ၊ အရင်က ကျောက်မိသားစု ဝက်သားနှပ်ဆိုင်ရဲ့ လိမ်တာကို ခံလိုက်ရတာလေ၊ လောဘ ကြီးပြီး အများကြီး ဆုံးရှုံးခဲ့ရတယ်၊ ဟူး..."

ကျောက်မိသားစု ဝက်သားနှပ်ဆိုင်က နာမည်ဆိုးဖြင့် ကျော်ကြားသလောက် ယွီရွေ့ကျူး ဝက်သားပေါင်းဆိုင်လေးမှာ နာမည်ကောင်းဖြင့် ကျော်ကြားနေသည်ဟု ဆိုလျှင်လည်း မမှားပေ။

ယခင်က ကျောက်နာသည် ယွီရွေ့ကျူး ဝက်သားပေါင်းဆိုင်ကို အသုံးပြု၍ မြို့ပေါ်တွင် ခြေကုပ်ယူရန် စီစဉ်ခဲ့သော် လည်း ယခုအခါတွင်မူ ယွီရွေ့ကျူးကသာ မြို့ပေါ်တွင် အခိုင်အမာ နေရာရသွားခဲ့ပြီး သူမ စီးပွားရေးမှာလည်း အလွန် အောင်မြင်နေသည်။

ကျောက်နာမှာ အချိန်အတော်ကြာကတည်းက တိတ်တဆိတ် မနာလိုဖြစ်နေခဲ့ပြီး ဒေါသကြောင့် အံ့ကြိတ်နေခဲ့ရသည်။

သို့သော် ထိုလင်မယားသည် ယွီရွေ့ကျူး စီးပွားရေးကို မည်မျှပင် မနာလိုဖြစ်နေပါစေ သူမ စီးပွားရေးကတော့ ပိုပိုပြီး ကောင်းမွန်လာခဲ့သည်။ ဆန့်ကျင်ဘက်အားဖြင့် သူတို့မှာမူ ယခုအခါ လမ်းဘေးခွေးများကဲ့သို့ ဖြစ်နေရှသည်။

ယွီရွေ့ကျူးက သူမ ဝက်သားနှပ်ဆိုင်ကို ပရိုမိုးရှင်း အစီအ စဉ်များအတွက် နောက်အပတ်တွင် ဖွင့်လှစ်မည်ဟု ကြေညာထားသော်လည်း အမှန်တွင်မူ အချိန်အနည်းငယ် ကျပ်တည်းနေသည်။ ဆိုင်ကို ပြင်ဆင်ရန် အချိန်လိုအပ်ပြီး ဖွင့်ပြီးနောက်တွင်လည်း ထုတ်ကုန်အနည်းငယ်ကိုသာ ရောင်းချ၍ မရချေ။

ယွီရွေ့ကျူးသည် ဖောက်သည်များ ရွေးချယ်စရာ ပိုမို များပြားလာစေရန်အတွက် ဝက်သားနှပ် ထုတ်ကုန်အသစ်များကို ချက်ချင်း စတင်ဖန်တီးတော့သည်။

ဝက်သားကတော့ အဓိကဖြစ်ပြီး ဝက်နားရွက်၊ ဝက်ခြေ ထောက်၊ ဝက်အူမကြီးနှင့် ဝက်နံရိုးများအပြင် ကြက်သားနှင့် ဘဲသားပေါင်းများကိုပါ ထည့်သွင်းသည်။

ကြက်ခြေထောက်၊ ကြက်အသည်း၊ ကြက်တောင်ပံ၊ ကြက်လည်ပင်း...

ဘဲညှပ်ရိုး၊ ဘဲအူ၊ ဘဲလျှာ၊ ဘဲလည်ပင်း...

ယွီရွေ့ကျူးသည် သူမ ဝက်သားပေါင်း မီနူးထဲသို့ ထုတ်ကုန်အမျိုးမျိုးကို စတင်ထည့်သွင်းလာပြီး သက်သတ်လွတ် ဟင်းလျာများကိုပါ ထည့်သွင်းထားသည်။

အာလူးပေါင်း၊ ငုံးဥ၊ ရေညှိ၊ မှို၊ တို့ဟူး...

ဖက်ထုပ်ဆိုင် အနောက်ဘက်ခြံဝင်းရှိ စားပွဲများပေါ်တွင် အံ့မခန်းဖွယ်ရာ ထုတ်ကုန်မျိုးစုံက ပြည့်နှက်နေတော့သည်။

ယွီရွေ့ကျူးသည် ဆိုင်သစ်ဖွင့်ပွဲအတွက် တစ်မျိုးစီမှ အနည်း ငယ်ကို နမူနာအဖြစ် ရွေးချယ်ရန် စီစဉ်ထားပြီး ဖွင့်ပွဲနေ့တွင် ပစ္စည်းအားလုံးကို ၁၀ ရာခိုင်နှုန်း လျှော့စျေးနှင့် ငွေဖြည့်ပါက ဘောနပ်စ်ပေးရန် စီစဉ်ထားသည်။

ထို့အပြင် ကျပ်တင်အူချောင်း၊ အသားခြောက်အူချောင်း၊ ကြက်သွန်ဖြူအူချောင်း၊ အစပ်အူချောင်း၊ ပြောင်းဖူးအူချောင်းနှင့် ကစီဓာတ်အူချောင်းစသည့် ရိုးရှင်းပြီး ရောင်းရလွယ်ကူသော အူချောင်းအချို့ကိုလည်း ထိုနေ့တွင် စမ်းသပ်ပြုလုပ်ရန် စီစဉ်ထားသည်။

ဤအရာများကို ဆိုင်တွင် ပုံမှန်ရောင်းချနိုင်ရုံသာမက ဝက်သားပေါင်း ဟင်းရည်ထဲသို့ ထည့်၍လည်း ရောင်းချနိုင်သည်။ နဂါးလှေပွဲတော် နီးကပ်လာပြီဖြစ်ရာ သူမအနေဖြင့် တစ်သုတ်လောက် ရောင်းချနိုင်ကောင်း ရောင်းချနိုင်မည်။

သူမ အပြည့်အဝ အားထုတ်ရန် ပြင်ဆင်ထားပြီး စိတ်ကူးများက အလွန်ကောင်းမွန်သော်လည်း တကယ်တမ်း လက်တွေ့လုပ်ဆောင်ရာတွင်မူ အတော်လေး ရှုပ်ထွေးနေကြောင်း တွေ့ရသည်။

ကံကောင်းထောက်မစွာဖြင့် သူတို့တွင် စွန်းရှို့ရှို့နှင့် စွန်းမော်ဟူသော အကူနှစ်ယောက် ရှိနေပြီး ရှဲ့ယင်းယန်နှင့် ရှဲ့ချီ မောင်နှမနှစ်ယောက်ကတော့ ပုံမှန်အားဖြင့် ဆိုင်ကို ကူညီပေးကြသည်။

ဟော်ချန်ယဲ့က ရွာရှိ အသားဆိုင်ကို စောင့်ကြည့်ရန်အတွက် ပုံမှန် ဝက်ခြံရှင်းပေးလေ့ရှိသော လျန်ဇစ်ကို အထူး တာဝန်ပေးထားပြီး ရှဲ့ချီကိုတော့ ပတ်ဝန်းကျင်နှင့် ရင်းနှီးကျွမ်းဝင်စေရန် မြို့ပေါ်သို့ စေလွှတ်ခဲ့ကာ သူကိုယ်တိုင်ကတော့ ယွီရွေ့ကျူးကို ကူညီရန် လာခဲ့သည်။

မြို့ပေါ်သို့ လာရောက်ရန်မှာ အရေးကြီးလှသည်။ သို့မဟုတ်ပါက သူတို့ အဝေးတွင် နေ၍မရပေ။

ဟော်ချန်ယဲ့ အကြည့်များက သူ့ အရှေ့ရှိ စွန်းမော်ထံတွင် စူးစိုက်ကြည့်နေသည်။

ယွီရွေ့ကျူးက အာလူးများကို အခွံနွှာရန် ပြင်ဆင်နေစဉ် စွန်းမော်က အလျင်အမြန် ဆောင့်ကြောင့်ထိုင်ချကာ အာလူးများကို လှမ်းယူပြီး နီမြန်းသောမျက်နှာဖြင့် ခေါင်းငုံ့လျက် ပြောသည်။

"သူဌေးမယွီ... ကျွန်တော် ဒါကို လုပ်နိုင်ပါတယ်"

ယွီရွေ့ကျူးလည်း အနည်းငယ် ရှက်ရွံ့သွားသည်။ ပွင့်ပွင့် လင်းလင်း ပြောရလျှင် ထိုစဉ်က သူမကို သူဌေးမယွီဟု ခေါ်သည်မှာ အဆင်ပြေသော်လည်း သူက အမြဲတမ်း ထိုသို့ခေါ်နေပါက အနည်းငယ် ထူးဆန်းသလို ခံစားရသည်။

"နင် အသက်ဘယ်လောက်ရှိပြီလဲ၊ ငါတို့နှစ်ယောက်မှာ ဘယ်သူက ပိုကြီးလဲ"

စွန်းမော်က သူ့အသက်နှင့် မွေးနေ့ကို ပြောပြလာသည်။

ယွီရွေ့ကျူး နှစ်ခုကို နှိုင်းယှဉ်ကြည့်ပြီးနောက် ကျေနပ်စွာ ခေါင်းညိတ်သည်။

"ငါ့မွေးနေ့က ပိုကြီးတယ်၊ ဒါကြောင့် အခုကစပြီး ငါ့ကို အစ်မယွီလို့ပဲ ခေါ်တော့၊ သူဌေးမယွီလို့ ခေါ်စရာမလိုတော့ဘူး၊ နားထောင်ရတာ တစ်မျိုးကြီးပဲ"

ထိုစကားကို ကြားသောအခါ စွန်းမော် စကားထစ်သွားပြီး နားရွက်များ နီရဲသွားကာ ခေါ်လိုက်သည်။

"အစ်မယွီ..."

ဟော်ချန်ယဲ့ သူ့ကို မသိမသာ တစ်ချက်ကြည့်လိုက်ပြီး အသက်ရှူသံများ အနည်းငယ် ပြင်းထန်သွားသည်။

သူက နှုတ်ခမ်းကို တင်းတင်းစေ့ကာ ရှေ့သို့ တိုးလာပြီး ယွီရွေ့ကျူးမှာ အခြားတစ်ဖက်တွင် တိတ်တဆိတ် ဆောင့် ကြောင့်ထိုင်ချကာ ပေါ့ပေါ့ပါးပါးပင် မေးသည်။

"ရွေ့ကျူး... ကိုယ့်ကိုကော လုပ်စရာ ဘာအလုပ်ပေးမလဲ"

ယွီရွေ့ကျူး "..."

သူမက အံ့အားသင့်စွာဖြင့် ဟော်ချန်ယဲ့ကို လှည့်ကြည့်မိပြီး သူ့အခေါ်အဝေါ်ကို မယုံနိုင်အောင် ဖြစ်သွားရသည်။

ရွေ့ကျူး...

သူက အိမ်မှာ သူမကို ထိုသို့တစ်ခါမှ မခေါ်ဖူးသလို အမြဲတစေ ယွီရွေ့ကျူး၊ ယွီရွေ့ကျူးဟုသာ ခေါ်တက်သည်။ သူက မည်သို့ရုတ်တရက်ကြီး ပြောင်းလဲပြီး ရင်းနှီးသော အခေါ်အဝေါ်မျိုး သုံးရသနည်း။

'အင်း... ဘယ်လိုပြောရမလဲ၊ တကယ်တော့ အဲဒါက နားထောင်လို့တော့ အတော်လေး ကောင်းသား'

ယွီရွေ့ကျူး မနေနိုင်ဘဲ ရယ်မောမိပြီး သူ့အနားသို့ တိုးသွားကာ နွေရာသီ အပူဒဏ်ကြောင့် အနည်းငယ် စိုစွတ်နေသော သူ့ဆံပင်များကို သပ်တင်ပေးလျက် သူမ ပခုံးက သူ့လက် မောင်းကို ပွတ်တိုက်သွားသည်။

"ရှင်လား၊ ပင်ပန်းတဲ့အလုပ်က ရှင့်အတွက်ပေါ့၊ ရှင်က အသန်မာဆုံးဆိုတော့ ထင်းတွေ အများကြီးခွဲပေး၊ ခြံထဲက အိုးကြီးထဲမှာ ဝက်သားနှပ်တွေ ချက်ဖို့ ထင်းတွေ အများကြီးလိုတယ်လေ၊ အကုန်လုံး ရှင့်အပေါ်မှာပဲ မူတည်တယ်နော် ချန်ယဲ့"

ဟော်ချန်ယဲ့ "..."

သူ ရုတ်တရက် တောင့်တင်းသွားပြီး လည်စိလေးလှုပ်ရှားသွားကာ ယွီရွေ့ကျူးကို စူးရှသောအကြည့်များဖြင့် ကြည့် လာသည်။

သူ့နားရွက်များမှာမူ ပုံမှန်မဟုတ်ဘဲ နီရဲနေသည်။

'ယွီရွေ့ကျူးက သူ့ကို ချန်ယဲ့လို့ ခေါ်လိုက်တာလား'

ရွာမှ လူကြီးများနှင့် သူ့ ဆွေမျိုးများက ထိုသို့ခေါ်ကြသော် လည်း ဟော်ချန်ယဲ့သည် သူ့နာမည်ကို ထိုမျှလောက် နားထောင်ကောင်းသည်ဟု ယခင်က တစ်ခါမှ မထင်ခဲ့ဖူးပေ။

သို့သော် ယခု ယွီရွေ့ကျူးက ထိုသို့ခေါ်လိုက်ချိန်တွင် သူမ အသံလေးမှာ နူးညံ့ပြီး ချိုမြိန်လှသည်။ သူမက သူ့နာမည်ကို ခေါ်ရန် ကိုင်းညွတ်လာချိန်တွင် တောက်ပပြီး ဝိုင်းစက်နေသော ကြောင်မျက်လုံးလေးများဖြင့် သူ့ကို မော့ကြည့်လာရာ အလွန်လှပလွန်းသည်။

ချန်ယဲ့ဟူသော ရိုးရှင်းသည့် နာမည်လေးက ဟော်ချန်ယဲ့အတွက်တော့ သိပ်ကို ချိုမြိန်လှသည်။

သူ့မျက်နှာမှာ ဝမ်းသာပျော်ရွှင်မှုများဖြင့် လင်းလက်သွားပြီး သိသာစွာ တွန့်ကွေးသွားသော နှုတ်ခမ်းများကို ဖုံးကွယ်ထားနိုင်ခြင်း မရှိတော့ချေ။

သူလည်း ခေါင်းညိတ်လိုက်သည်။

"အင်း"

သူ ယွီရွေ့ကျူးနှင့်အတူ ထင်းသွားခွဲရန် သဘောတူပြီးနောက် ခေါင်းငုံ့ကာ သူမ လက်ကို ဆွဲကိုင်ရာ ပျားရည်ထက်ပင် ချိုမြိန်နေသည်ဟု ခံစားရသည်။

ထိုမျှလောက်အထိ သူ ပျော်ရွှင်ခဲ့ရသည်မှာ ယွီရွေ့ကျူးက သူ့ကို နမ်းခဲ့စဉ်ကပင်။

ယခင်က ဟော်ချန်ယဲ့သည် ရိုးရှင်းပြီး ရင်းနှီးသော နာမည်လေး တစ်ခုကြောင့် ထိုမျှလောက် ပျော်ရွှင်ရလိမ့်မည်ဟု ယုံကြည်ခဲ့မည် မဟုတ်ချေ။

သူက ယွီရွေ့ကျူးကို တိတ်တဆိတ် ကြည့်ပြီးနောက် ဘေးတွင် တွေဝေကာ အားကျသော မျက်ဝန်းများဖြင့် မှေးမှိန်စွာ ရပ်နေသော စွန်းမော်ကို တမင်သက်သက် လှမ်းကြည့်သည်။ ဟော်ချန်ယဲ့ နက်မှောင်သော မျက်ဝန်းများက သူ့ကိုအောင် ပွဲခံသည့်ဟန် မသိမသာ ကြည့်လာသည်။

အကယ်၍ ဟော်ချန်ယဲ့သာ ခွေးတစ်ကောင်ဆိုပါက သူ့ အမြီးမှာ ယခုအချိန်တွင် တရစပ် ခါယမ်းနေမည်မှာ သေချာလှသည်။

ထိုသို့ပင်ဖြစ်လင့်ကစား သူက ခွေးကြီးတစ်ကောင်နှင့် ဘာမှမကွာခြားလှပေ။ အပင်ပန်းဆုံးနှင့် အခက်ခဲဆုံး အလုပ်ဖြစ်သည့် ထင်းခွဲသည့် အလုပ်ကို ပေးထားသော်လည်း ဟော်ချန်ယဲ့မှာ မည်သည့် စိတ်မရှည်မှုနှင့် စိတ်အနှောင့်အယှက်ဖြစ်မှုမျိုးမျှ မပြဘဲ ယွီရွေ့ကျူး အစောပိုင်း စကားများကြောင့် ပိုကြိုးစားပန်းစားလုပ်ကိုင်သည်။

ထိုအဖြစ်အပျက် တစ်ခုလုံးကို မြင်တွေ့ခဲ့ရသော စွန်းရှို့ရှို့မှာ ရုတ်တရက် ယွီရွေ့ကျူးအပေါ် အလွန်အထင်ကြီး လေးစားသွားတော့သည်။

အနည်းငယ် ကြမ်းတမ်းပုံပေါက်ကာ အရပ်ရှည်ပြီးကြွက် သားအပြည့်ရှိသဖြင့် လူများကို အလွယ်တကူ ထိတ်လန့်စေနိုင်သော အမျိုးသားတစ်ဦးဖြစ်သည့် ဟော်ချန်ယဲ့ကို ယွီရွေ့ကျူးက အလွယ်တကူပင် ချော့မော့ကာ ထိန်းကျောင်းနိုင် သည်။

သူမက သူ့ကို အနည်းငယ် ချီးမွမ်းလိုက်ရုံနှင့် သူ့ကို ပျော်ရွှင်စေမည့် စကားတစ်ခုခု ပြောလိုက်ရုံဖြင့် သူက အလုပ်များကိုပင် ပျော်ပျော်ကြီးလုပ်ဆောင်နေသည်။

ထိုပုံစံက သူမတို့ အိမ်မှာ မွေးထားသော အိမ်စောင့်ခွေးလေးကို သတိရစေသည်။

'သူမ သူ့ကို ဘယ်လိုများ လေ့ကျင့်ပေးထားတာပါလိမ့်'

ယွီရွေ့ကျူးသည် သူမ အလုပ်ထဲတွင်သာ အပြည့်အဝအာရုံ စိုက်နေသဖြင့် စွန်းရှို့ရှို့၏အံ့ဩမှုများကို သတိမထားမိချေ။

All Chapters