← Chapters

အခန်း ၁၂၉

Vol. 13 Ch. 129

အခန်း ၁၂၉

Vol. 13 Ch. 129

🐽 Chapter 129

မနေ့က အလွန်ပူအိုက်ပြီး အိပ်ချင်လွန်းသဖြင့် သူ့ကြွက်သားများကို မထိတွေ့ခဲ့ရသည်ကို ပြန်စဉ်းစားမိတော့ သူမ အနည်းငယ် နှမြောတသ ဖြစ်သွားမိသည်။

ညနေပိုင်းတွင် ယွီရွေ့ကျူးက ရေအရင်ချိုးပြီးနောက် ဆံပင်သုတ်ရန် အပြင်သို့ ထွက်လာသည်။ မကြာမီပင် ဟော်ချန်ယဲ့လည်း ရေချိုးပြီးစီးကာ ဘေးခန်းမှ ထွက်လာခဲ့သည်။

သူ့စိုစွတ်နေသော ဆံနက်များမှာ ဖရိုဖရဲဖြစ်နေပြီး နက်မှောင် သော မျက်ဝန်းများကို အနည်းငယ် ပင့်ကြည့်လာချိန်တွင် ပြင်းထန်ပြီး အရိုင်းဆန်သော အငွေ့အသက်များ ဖြာထွက်နေသည်။

သူက ရေချိုးပြီးခါစဖြစ်ရာ ခန္ဓာကိုယ်မှာ လုံးဝ မခြောက်သွေ့သေးပေ။ ဆံပင်မှ ကျဆင်းလာသော ရေစက်များက သူ့အင်္ကျီကို အနည်းငယ် စိုစွတ်သွားစေပြီး အသားအရေနှင့် ကပ်သွားသည်။ သူ့ ဗိုက်ကြွက်သားများမှာ အထင်းသားပေါ်လွင်နေသည်။

ယွီရွေ့ကျူးလည်း တသဘောတကျ ပင့်သက်ရှိုက်မိပြီး မီးပိတ်ကာ အိပ်ရာခင်းများကို ခင်းကျင်းပြီးနောက် ဟော်ချန်ယဲ့ အနားသို့ တိုးသွားသည်။

ချိုမြိန်ပြီး စိုစွတ်သော ရနံ့တစ်ခု ပျံ့လွင့်လာရာ ဟော်ချန်ယဲ့ နှုတ်ခမ်းကို အနည်းငယ် စေ့ထားပြီး နေရခက်သွားဟန်ဖြင့် မေးသည်။

"ဒီနေ့ မပူဘူးလား"

ယွီရွေ့ကျူးက သူ့ကို ရယ်မောကာ စနောက်လိုက်သည်။

"ဟော်ချန်ယဲ့... ရှင်နဲ့အတူ တစ်ရက်လေးပဲ အတူမအိပ်တာကို ရှင်က အငြိုးထားနေပြီလား၊ ဒီနေ့ မပူပါဘူး၊ ရှင် ရေချိုးပြီးတာတောင် မွှေးနေတာပဲ၊ ဒါနဲ့ ရေအေးနဲ့ ချိုးလာတာလား၊ ရှင့် အသားတွေက အေးစက်နေတယ်နော်"

'မနေ့က သူပူတယ်လို့ ငါပြောလိုက်လို့များ ဒီနေ့ ရေအေးနဲ့ ချိုးလိုက်တာလား၊ ဒါမှမဟုတ် အိုက်စပ်နေတဲ့ လေထုထဲမှာ အပူသက်သာအောင် လုပ်လိုက်တာများလား'

သူမက တွေးမိရင်း ဟော်ချန်ယဲ့ အနားသို့ ပိုတိုးသွားမိသည်။

အခန်းတွင်း မီးပိတ်ထားသော်လည်း ပြတင်းပေါက်မှ ဖြာကျနေသော နွေရာသီ လရောင်မှာ အထူးတလည် တောက်ပနေပြီး အုတ်ကုတင်ပေါ်သို့ ငွေရောင်အလင်းတန်းများ လွှမ်း ခြုံထားကာ ယွီရွေ့ကျူး မြင်ကွင်းကို လင်းထိန်စေသည်။

ဟော်ချန်ယဲ့ ဆံပင်များမှာ တစ်ဝက်တစ်ပျက်သာ ခြောက် သွေ့သေးပြီး ဖရိုဖရဲဖြစ်နေသော ဆံပင်စများက သူ့မျက်ခွံပေါ်ရှိ အမာရွတ်ကို မဖုံးကွယ်နိုင်ခဲ့ပေ။ သူက မော့ကြည့်နေပြီး နက်မှောင်သော မျက်ဝန်းများက သူမထံသို့ စူးစိုက်ထားကာ ပါးလွှာသော နှုတ်ခမ်းကို တင်းတင်းစေ့ထားသည်။

သူ့ အသက်ရှူသံတွင် ရေအေးကဲ့သို့ အေးစိမ့်သော အငွေ့အ သက်များ ပါဝင်နေသည်။ ယွီရွေ့ကျူးမှာ စပ်စုချင်စိတ်ဖြစ်ပေါ်လာပြီး ဟော်ချန်ယဲ့ မျက်လုံးများကို သေချာစွာအကဲ ခတ်ကြည့်နိသည်။

ဟော်ချန်ယဲ့ မျက်လုံးဒဏ်ရာမှာ မျက်ခွံပေါ်တွင် ရှိနေပြီး အပေါ်နှင့် အောက် မျက်ခွံနှစ်ခုစလုံးကို ဖောက်ထွင်းလုမတတ် ဖြစ်နေသော်လည်း မျက်လုံးအိမ်ကိုယ်တိုင်မှာမူ ထိခိုက်ထားပုံမရဘဲ နက်မှောင်ကာ နက်ရှိုင်းနေလေသည်။

မျက်လုံးအိမ် အနည်းငယ် ရွေ့လျားသွားတိုင်း ယွီရွေ့ကျူးမှာ သူ့မျက်ဝန်းထဲတွင် သူမ ကိုယ်ပိုင်ပုံရိပ်ကို ရှင်းလင်းပြတ်သားစွာ မြင်တွေ့နေရသည်။

ဒဏ်ရာမရထားသော သူ့ အခြားမျက်လုံးတစ်ဖက်ကလည်း ထိုနည်းတူပင်။ သူ့ မျက်တောင်များမှာ ရှည်လျားပြီး ထူထပ်ကာ စုတ်တံငယ်လေးများကဲ့သို့ ထင်ရသည်။

ယွီရွေ့ကျူးသည် သူမ လှပသော မျက်လုံးများနှင့် ရှည်လျားသော မျက်တောင်များအတွက် မကြာခဏ ချီးကျူးခံရသော်လည်း သေချာစွာ ကြည့်မိသောအခါ ဟော်ချန်ယဲ့ မျက်တောင်များမှာလည်း သူမထက် မလျော့ကြောင်း တွေ့လိုက်ရသည်။ သူသည် မျက်တောင်အလှရှင် စူပါစတားတစ်ဦးလိုပင် ဖြစ်နေလေသည်။ တော်တော်လေး လှပသည်။

ယွီရွေ့ကျူးက အချိန်အတော်ကြာ စိုက်ကြည့်နေသော ကြောင့် ဖြစ်မည် ဟော်ချန်ယဲ့ လည်စေ့လေးက အနည်းငယ် လှုပ်ရှားသွားပြီး သူ့ မျက်ဝန်းများက တုန်ရှသွားသည်။ သူ ဦးစွာ အကြည့်လွှဲလိုက်ပြီး မျက်နှာကို တစ်ဖက်သို့ လှည့်ရန် ကြိုးစားရင်း ပြောသည်။

"ကြည့်စရာ ဘာမှမရှိဘူး၊ အိပ်ကြရအောင်"

ယွီရွေ့ကျူးက ခေါင်းခါပြပြီး ဟော်ချန်ယဲ့ ဒဏ်ရာမရှိသော မျက်လုံးကို လက်ဖြင့် စမ်းသပ်ကာ ဖုံးအုပ်သည်။ ထို့နောက် ဟော်ချန်ယဲ့ အမာရွတ်ရှိသော မျက်လုံးကို ဖုံးအုပ်နေသည့် ဆံပင်စများကို ညင်သာစွာ သပ်တင်ပေးပြီး အနားသို့ တိုးကာ မေးသည်။

"ဟော်ချန်ယဲ့... ဒီဒဏ်ရာရနေတဲ့ မျက်လုံးနဲ့ ကျွန်မကို သေချာမြင်ရရဲ့လား"

ဟော်ချန်ယဲ့ ခေါင်းညိတ်ပြသည်။ သို့သော် မြန်မြန်ဆန်ဆန်ပင် မျက်မှောင်ကြုတ်လိုက်သည်။ သူ့ အမာရွတ်ကို ထိုကဲ့သို့ ပေါ်ပေါ်ထင်ထင် ပြသရသည်ကို အသားမကျသေးပေ။

ဒဏ်ရာရထားသော မျက်လုံးမှာ အမှောင်ထဲတွင် ရှင်းလင်းစွာ မြင်ရရန် အနည်းငယ် ခက်ခဲသော်လည်း လူများနှင့် အရာဝတ္ထုများကို မြင်တွေ့ရသည်မှာတော့ ပြဿနာမရှိပေ။

ယွီရွေ့ကျူးမှာ သူ့ မျက်နှာအမူအရာကြောင့် ရယ်ချင်စိတ်ကို မထိန်းနိုင်တော့ပေ။ သူမက လက်ကို ဖယ်ရှားပြီး အနားသို့ တိုးကာ ဟော်ချန်ယဲ့ ဒဏ်ရာရနေသော မျက်လုံးလေးအား ညင်သာစွာ နမ်းရှိုက်သည်။

"အရမ်းချစ်ဖို့ကောင်းတာပဲ"

သူမ နီရဲသော နှုတ်ခမ်းလေးများက အမာရွတ်ရှိသော အသားအရေကို ထိတွေ့သွားသည်။ ပုံမှန်အားဖြင့် ဆံပင်အောက်တွင် ဖုံးကွယ်ထားလေ့ရှိသော အမာရွတ်ဖြစ်ပြီး ထိုထိခိုက်လွယ်သော နေရာလေးမှာ ချက်ချင်းပင် နီမြန်းသွားတော့သည်။

ဟော်ချန်ယဲ့မှာ တစ်ခဏမျှ အေးခဲသွားပြီး တုန်လှုပ်သွားမှုကြောင့် သူ့ လက်ဝါးများက တင်းကြပ်လျက် ယွီရွေ့ကျူးကို အမြန် မော့ကြည့်မိသည်။

အသစ်ပြန်လည်ထွက်လာသော အသားအရေမှာ အလွန်ထိခိုက်လွယ်မည်ဟု ယွီရွေ့ကျူး ယခင်က ခန့်မှန်းခဲ့ဖူးပြီး ဟော်ချန်ယဲ့ အမာရွတ်ကလည်း ထိုသို့ဖြစ်နေမလားဟု သူမ တွေးမိခဲ့သည်။

သူ့အမာရွတ်ကို သူမ ထိတွေ့ချိန်တွင် ဖြစ်ပေါ်လာမည့် သူ့တုံ့ပြန်မှုကို သူမ စိတ်ကူးကြည့်ဖူးသော်လည်း ဤမျှ ပြင်းထန်လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

ယွီရွေ့ကျူးက မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ်လုပ်ပြီး ဟော်ချန်ယဲ့ကို ငုံ့ကြည့်ရာ သူ့ အပြစ်ကင်းစင်ပြီး ရှက်သွေးဖြာနေသော မျက်နှာအမူအရာကို မြင်တွေ့ရမည်ဟု မျှော်လင့်ထားသော်လည်း သူ့ နက်မှောင်သော အကြည့်များနှင့်သာ ဆုံလိုက်ရသည်။ ဟော်ချန်ယဲ့မှာ ဒေါသထွက်နေပုံပင်။

သူ တစ်ခဏမျှ အသိဝင်သွားပြီးနောက် ရုတ်တရက် မတ်မတ်ထိုင်ပြီး ဒဏ်ရာရနေသော အမာရွတ်ပေါ်မှ ယွီရွေ့ကျူး လက်ကို အမြန်ဆွဲဖယ်ကာ နှုတ်ခမ်းကို တင်းတင်းစေ့ထားသည်။

သူ့ ရင်ဘတ်များက နိမ့်ချည်မြင့်ချည် ဖြစ်ကာ တုန်ရီနေဆဲဖြစ်ပြီး ဟော်ချန်ယဲ့ ပါးလွှာသော နှုတ်ခမ်းများမှာ အေးစက်နေကာ သူ့နက်မှောင်သော မျက်ဝန်းများက နက်ရှိုင်းနေ သည်။ သူ့ အသံမှာ ပုံမှန်မဟုတ်ဘဲ ရေခဲတမျှ အေးစက်လေသည်။

"ငါက မင့်ရဲ့ ကစားစရာမဟုတ်ဘူး ယွီရွေ့ကျူး၊ ငါ့ကို ဒီလိုမျိုး လာမနောက်ပါနဲ့တော့၊ ဒါမှမဟုတ် တခြားသူတွေကို ကစားရတာ မင်း သဘောကျလို့လား"

ထိုစကားပြောနေစဉ်မှာပင် သူ့ နက်မှောင်သော မျက်ဝန်းများက ယွီရွေ့ကျူးကို ခေါင်းမာစွာ စူးစိုက်ကြည့်လာသည်။ ပြတင်းပေါက်မှ ဖြာကျနေသော လရောင်အောက်တွင် သူ့ မျက်ဝန်းအိမ်၌ မျက်ရည်များ ဝဲတက်နေသည်ကိုပင် ယွီရွေ့ကျူး မြင်ရသည်။

သူမ အောက်သို့ ငုံ့ကြည့်မိသောအခါ သူက စောင်များကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားပြီး သူ့ ကြီးမားသော လက်များက စောင်များကို တွန့်ကြေစေကာ လက်ဖမိုးပေါ်ရှိ သွေးကြောများမှာ တင်းမာနေသည်ကို မြင်လိုက်ရသည်။

ဤမျှ နာကျင်စေသော စကားများကို ပြောဆိုနေသူမှာ သူကိုယ်တိုင် ဖြစ်သော်လည်း သူကသာ မတရားခံရသူတစ်ဦးလိုဖြစ်နေသည်။

ယွီရွေ့ကျူး မျက်နှာပေါ်ရှိ စနောက်လိုသော အမူအရာနှင့် အပြုံးများက တဖြည်းဖြည်း မှေးမှိန်ပျောက်ကွယ်သွားသည်။ သူမက ဟော်ချန်ယဲ့ကို ကြည့်ရန် မျက်လွှာကို ပင့်လိုက်ပြီး မျက်ခုံးတစ်ဖက်ကို အနည်းငယ် တွန့်မိသွားသည်။

'တခြားသူတွေကို ကစားတယ် ? ငါကလား၊ ကိုယ့်ယောကျာ်းကို စနောက်ပြီး ရိတိတိ စကားလေး နည်းနည်းပါးပါး ပြောတာကိုပဲ တခြားသူတွေကို ကစားတယ်လို့ ခေါ်တာလား’

All Chapters