အခန်း ၁၃၁
Vol. 14 Ch. 131
🐽 Chapter 131
ချင်စုလန်မှာ ပိုလို့ပင် စိုးရိမ်ပူပန်သွားသည်။ ဟော်ချန်ယဲ့ မည်သူ့ကို စောင့်နေသနည်းအား သူမ စဉ်းစားနေစဉ်မှာပင် လျန်စစ်က အပြေးအလွှား ဝင်လာပြီး ကမန်းကတန်း အော်ပြောသည်။
"အစ်ကိုဟော်၊ ကျွန်တော် ရောက်ပြီ"
'ဪ... သူက လျန်စစ်ကို စောင့်နေတာကိုး'
ဟော်ချန်ယဲ့ မျက်ဝန်းများမှာ တောက်ပသွားသည်။ သူ့ လက်မှ နာကျင်မှုကို ကြိတ်ခံကာ လျန်စစ် အနောက်တွင်ရှိသော ယွီရွေ့ကျူးကို စူးစိုက်ကြည့်မိသည်။
ယနေ့တွင် သူမသည် သူ ချုပ်ပေးခဲ့သော အရောင်နှင့် ဆင်တူသည့် အဝါရောင် ဂါဝန်လေးကို ဝတ်ဆင်ထားသည်။ သူမ အသားအရေမှာ ဖြူဖွေးနေပြီး၊ မျက်နှာသွင်ပြင်များကလည်း ယခင်ကအတိုင်း စွဲမက်ဖွယ်ကောင်းလှသည်။
အခန်းထဲသို့ ဝင်လာသည်နှင့် သူမက သူ့ကို တစ်ချက်စောင်းငဲ့ကြည့်လာပြီး သူမ အကြည့်များက သူ့လက်များဆီသို့ လျင်မြန်စွာ ရောက်ရှိသွားသည်။
ဟော်ချန်ယဲ့က ကိုယ်ကို အနည်းငယ် မတ်ပြီး သူ၏ ဒဏ်ရာကို ယွီရွေ့ကျူး မြင်သာအောင် တတ်နိုင်သမျှ ပြထားလေသည်။
ယွီရွေ့ကျူးကို မြင်သောအခါ ချင်စုလန်မှာ အံ့အားသင့်သွားသည်။
"နင် ဘာလို့ ဒီကို ရောက်လာတာလဲ၊ မြို့ပေါ်မှာ ဆိုင်ဖွင့်ထားတယ် မဟုတ်ဘူးလား ယွီရွေ့ကျူး၊ ဒီနေ့ ဘာကိစ္စများရှိလို့ ရောက်လာရတာလဲ"
ယွီရွေ့ကျူး တိုတိုတုတ်တုတ် ပြန်ဖြေသည်။
"ပိတ်ရက်လေ၊ သူ့ကို လာကြည့်ရုံပါ"
ဟော်ချန်ယဲ့အကြောင်း သူမ ပြောသောအခါ ယွီရွေ့ကျူး အမူအရာမှာ ခံစားချက်ကင်းမဲ့နေပြီး ပုံမှန်ဇနီးမောင်နှံတစ်စုံကြားတွင် ရှိသင့်သည့် စိုးရိမ်ပူပန်မှုနှင့် ပြာယာခတ်မှုများ ကင်းမဲ့နေကာ ဟော်ချန်ယဲ့လက်ပေါ်မှ ဒဏ်ရာကိုပင် သတိမထားမိသည့်အလား ထင်ရသည်။
ချင်စုလန်က သူမရှေ့ရှိအတွဲ လက်ရှိတွင် ရန်ဖြစ်ထားကြသည်ကို မသိပေ။ ယွီရွေ့ကျူး အေးစက်စက် အမူအရာကို မြင်သောအခါ သူတို့ ဆက်ဆံရေး အဆင်မပြေဖြစ်နေသည်ကို သူမ ပိုသေချာသွားပြီး ဟော်ချန်ယဲ့ ဒဏ်ရာကြောင့် ယခင်က စိုးရိမ်ပူပန်နေခဲ့ရသော သူမရင်တွင်းမှ တင်းကျပ်မှုများ အနည်းငယ် လျော့ကျသွားခဲ့သည်။
ယွီရွေ့ကျူးကို တိတ်တဆိတ် ခိုးကြည့်နေသည့် ဟော်ချန်ယဲ့ အကြည့်များကိုမူ သူမ မမြင်လိုက်ပေ။ ယွီရွေ့ကျူး ရောက်ရှိလာမှသာလျှင် ဟော်ချန်ယဲ့က သူ့ ဒဏ်ရာကို ဆေးကုသခွင့် ပြုတော့သည်။
ဒဏ်ရာတစ်ခုကို ကုသရန် အချိန်ယူရပြီး ဟော်ချန်ယဲ့ ဒဏ် ရာကလည်း ကြီးမားကာ သွေးထွက်လွန်နေသည်။ ယွီရွေ့ ကျူးသည် ဟော်ချန်ယဲ့ ငှားရမ်းထားသော အလုပ်သမား အများအပြား ဝန်းရံမှုဖြင့် သူ့အတွက် အချိန်အတော်ကြာအောင် စောင့်ဆိုင်းနေသည်။
သူတို့က သူမဘေးတွင် ဝိုင်းအုံကာ အဝေးမှ ကြည့်နေကြရာ သူမကို လူမိုက်ဂိုဏ်းစတားတစ်ဦး၏အမျိုးသမီးကဲ့သို့ပင် ထင်မှတ်နိုင်စေသည်။
အဆုံးတွင် ပတ်တီးစည်းပြီးစီးသွားသောအခါ ယွီရွေ့ကျူး မတ်တတ်ရပ်လိုက်သည်။
ဟော်ချန်ယဲ့က သူမ လှုပ်ရှားမှုကို ချက်ချင်း သတိပြုမိသည်။ သူမ လုပ်ရပ်ကို မြင်လိုက်ရသောအခါ သူ့ အသက် ရှူသံများ လည်ချောင်းထဲတွင် တစ်ဆို့သွားပြီး တစ်ကိုယ်လုံး တောင့်တင်းသွားသည်။
ယွီရွေ့ကျူးသည် ဟော်ချန်ယဲ့ အနားသို့ လျှောက်သွားပြီး သူ့ ပတ်တီးစည်းထားသော လက်ကို ကြည့်သည်။ သူမသည် ဒဏ်ရာ အခြေအနေကို စစ်ဆေးချင်သည့်အလား အလိုအ လျောက်ပင် သူ့ဒဏ်ရာကို ကိုင်တွယ်ချင်ပုံရသည်။ တင်းမာနေသော လေထုမှာ ချက်ချင်းနွေးထွေးသွားသည့်အလား ထင်စေသည်။
ဟော်ချန်ယဲ့ နှုတ်ခမ်းများက အပြုံးတစ်ခုအဖြစ်သို့ မကွေး ညွတ်ဘဲ မနေနိုင်တော့ပေ။ ယွီရွေ့ကျူးကို သူ မော့ကြည့်ရာ သူ့ နက်မှောင်နေသေ။ မျက်ဝန်းအိမ်မှာ တောက်ပလာပြီး သုမနာမည်လေး သူ့နှုတ်ခမ်းဖျားမှ ထွက်ကျလာလုမတတ် ဖြစ်သွားသည်။
သို့သော် ထိုအချိန်တွင် ယွီရွေ့ကျူးက တစ်စုံတစ်ခုကို သတိပြုမိသွားသည့်အလား ရုတ်တရက် ရပ်တန့်သွားပြီး သူမလက်ကို ပြန်ရုပ်သိမ်းသည်။
ဟော်ချန်ယဲ့ စိတ်အခြေအနေမှာ ရိုလာကိုစတာစီးနေသည့်အတိုင်း အမြင့်ဆုံးသို့ ရောက်သွားပြီးနောက် အောက်သို့ ထိုးဆင်းသွားရာ သူ့ကို အလွန်အမင်းနေရခက်သွားစေသည်။
ယွီရွေ့ကျူး အမြင်တွင် သူ့ မျက်လုံးများက ရေစိုနေသော သနားစရာ ခွေးလေးတစ်ကောင် မျက်လုံးများနှင့်ပင် တူနေသည်။
ယွီရွေ့ကျူးက မျက်နှာအမူအရာ မပြောင်းလဲဘဲ သူ့ကို တစ်ချက်ကြည့်လိုက်သည်။
"ရှင်လည်း ပတ်တီးစည်းပြီးပြီဆိုတော့ ကျွန်မ အိမ်ပြန်တော့မယ်၊ အိုးထဲမှာ ဟင်းတွေ ရှိသေးတယ်"
ဟော်ချန်ယဲ့ စကားပြောရန်ပင် မစောင့်တော့ဘဲ လှည့်ထွက်သွားခဲ့သည်။ သူမ လှည့်ထွက်သွားသည့် အခိုက်အတန့်တွင် နှုတ်ခမ်းထောင့်စွန်းများက အထက်သို့ ကွေးညွတ်နေသည်။
ယခင်က ဟော်ချန်ယဲ့အပေါ် အေးစက်လျစ်လျူရှုထားသော အမူအရာမှာ ချက်ချင်းပင် အသက်ဝင်လာပြီး မျက်ဝန်းများထဲတွင် ကောက်ကျစ်စဉ်းလဲသော အရိပ်အယောင်လေးပင် ပေါ်လွင်နေသည်။
စောစောက သူမ စနောက်မှုများကြောင့် ဟော်ချန်ယဲ့ စိတ်ကသိကအောက် ဖြစ်သွားလိမ့်မည်ကို ယွီရွေ့ကျူး သိထားပြီးဖြစ်သော်လည်း သူ့ မပျော်ရွှင်မှုက သူမကို ပျော်ရွှင်စေသည်။
သူမက သူခိုးလေးတစ်ယောက်အလား ခြေသံလုံအောင် နင်းလျက် အိမ်သို့ ပြန်လာခဲ့ပြီး သူမ ဒေါသများကို တိတ်တ ဆိတ် ဖွင့်ထုတ်ပစ်သည်။ ဟော်ချန်ယဲ့ကို သင်ခန်းစာပေးရန် သူမ ခိုင်မာစွာ ဆုံးဖြတ်ထားသည်။
သူမခံစားချက်များကို ထိန်းချုပ်ထားပြီး သူ့ရှေ့တွင် ထုတ် ဖော်မပြဘဲ သူ့ကို ပြိုလဲသွားစေကာ စတင် လှုပ်ရှားလာစေရန်ပြုလုပ်ရမည်။
ယခုတစ်ကြိမ်တော့ ဟော်ချန်ယဲ့ကို ယွီရွေ့ကျူး သင်ခန်းစာ ပေးတော့မည်ဖြစ်သည်။
သာမန်ဇနီးမောင်နှံတစ်စုံတွင် ရှိသင့်သည့် ရိုးသားမှုနှင့် ယုံကြည်မှုကို သူ့အား သင်ယူစေချင်သလို၊ စကားနည်းသော ဟော်ချန်ယဲ့အနေဖြင့် ဤကိစ္စများကို အချိန်မည်မျှကြာအောင် မြိုသိပ်ထားနိုင်မည်ကိုလည်း သူမ ကြည့်ချင်သေးသည်။
ဟော်ချန်ယဲ့မှာလည်း သူမ မျှော်လင့်ထားသည့်အတိုင်းပင် မြန်မြန်ဆန်ဆန်ပင် ဆက်၍သည်းမခံနိုင်တော့ပေ။
နှစ်ရက်ပင် မကြာလိုက်ပါချေ၊ ညနေပိုင်းတွင် ယွီရွေ့ကျူး အိမ်ပြန်ရောက်ချိန်၌ ခေါင်းမော့ကြည့်ရာ ခြံဝင်းထဲတွင် ထင်းခွဲနေသော ဟော်ချန်ယဲ့ကို မြင်လိုက်ရသည်။
သို့သော်လည်း သူ့အဝတ်အစားမှာ အနည်းငယ် ထူးခြားနေသည်။ ချောင်ချောင်ချိချိမဟုတ်သော ကိုယ်ကျပ်အင်္ကျီက သူ့ တောင့်တင်းသော ခန္ဓာကိုယ်ပုံပန်းသဏ္ဍာန်ကို ပေါ်လွင်စေသည်။
ထင်းခွဲရသည့် အပူဒဏ်ကြောင့် ဖြစ်မည် သူ ချွေးများထွက်နေပြီး အင်္ကျီစမှာလည်း စိုစွတ်လျက်ရှိသည်။ ခပ်ပါးပါး ကိုယ်ကျပ်အင်္ကျီလေးက သူ့ကြွက်သားအမြှောင်းများကို ထင်းလင်းစေသည်။
ဟော်ချန်ယဲ့ နားရွက်များမှာ နီရဲနေသော်လည်း ပုဆိန်ကို လွှဲခုတ်နေစဉ် တည်ငြိမ်သော မျက်နှာအမူအရာကို ထိန်းသိမ်းရန် အစွမ်းကုန် ကြိုးစားရသည်။
ယွီရွေ့ကျူး "...”