← Chapters

အခန်း ၁၃၂

Vol. 14 Ch. 132

အခန်း ၁၃၂

Vol. 14 Ch. 132

🐽 Chapter 132

ဟော်ချန်ယဲ့ တစ်ယောက် ယခုကဲ့သို့ အခြေအနေမျိုး ဖြစ်နေရခြင်းမှာ အဓိကအားဖြင့် စွန်းမော်ကြောင့်ပင်။

နွေရာသီကား အိုက်စပ်လွန်းလှသဖြင့် အနေရခက်လှသည်။ ဟော်ချန်ယဲ့ သားသတ်ရုံလေးက ယွီရွေ့ကျူး ဝက်သားနီနှပ်ဆိုင်နှင့် မျက်နှာချင်းဆိုင်တွင် ရှိသည်။

လမ်းတစ်ဖက်က စည်ကားနေသော မြင်ကွင်းကို ကြည့်ရင်း သူ ဖရဲသီးတစ်လုံး ဝယ်လိုက်ကာ ဝက်သားနီနှပ်ဆိုင် နောက်ဖေးဝင်းထဲသို့ ဝင်လာခဲ့သည်။

အမှန်တော့ သူတို့ကို ဖရဲသီး လာကျွေးသယောင် ဟန်ဆောင်ကာ ယွီရွေ့ကျူးကို ခိုးကြည့်ချင်ရုံ သက်သက်ပင်။

ဆိုင်နောက်ဖေးဝင်းထဲတွင်မူ ဒယ်အိုးကြီး နှစ်လုံး တည်ထားကာ ဝက်သားနှင့် အခြားအရာများကို အဆက်မပြတ်မီးထိုး ၍ပြုတ်နေရသဖြင့် အပူချိန်က ပြင်းပြလွန်းလှသည်။

ပူပြင်းလှသော ရာသီဥတုနှင့် ဒယ်အိုးကြီးနှစ်လုံးမှ ဆူပွက်နေသော အပူရှိန်တို့ ပေါင်းစပ်သွားရာ ဝင်းတစ်ခုလုံး ဝက်သားနီနှပ်နံ့များ သင်းထုံနေပြီး အပူချိန်ကလည်း ကမ်းကုန်အောင် ပူလောင်စေတော့သည်။

ပူပြင်းသော မီးခိုးငွေ့များက ဝင်းထဲမှ လွင့်ပျံလာပြီး မီးထိုးနေရသော စွန်းမော် တစ်ယောက်ချွေးများ ရွှဲရွှဲစိုနေပြီဖြစ် သည်။

မူလကပင် သိပ်မဖြူသော သူ့ အသားအရေမှာ ယခုအခါ အနည်းငယ် နီမြန်းနေပြီး အိုးများမှ အပူရှိန်ကြောင့် သူက ချွေးများကို အဆက်မပြတ် သုတ်နေရသည်။ ချွေးပေါက်များက နဖူးပြင်မှ စီးကျလာပြီး တစ်ကိုယ်လုံး ချွေးများဖြင့် ရွှဲနစ်စေတော့သည်။

ဟော်ချန်ယဲ့ ခြံဝင်းထဲသို့ ဝင်လာချိန်တွင် စွန်းမော်မှာ ချွေးသုတ်ရင်း အင်္ကျီကော်လာကို ဆွဲချရာ အနည်းငယ်တောင့် တင်းသော ရင်အုပ်ကြွက်သားများကို မြင်လိုက်ရပြီး လက်ဖြင့် ယပ်ခတ်နေရှာသည်။

ချွေးများက သူ့ ကြွက်သားအကွေးအကောက်များကို စိုရွှဲနေသဖြင့် အထူးပင် ပေါ်လွင်နေတော့သည်။

အနီးတွင် ဟင်းသီးဟင်းရွက်များ ဆေးကြောနေသော ယွီရွေ့ကျူးက ထိုမြင်ကွင်းကို မြင်သောအခါ အနည်းငယ်မော့ ကြည့်ပြီးနောက် အံ့ဩသံလေး ထွက်လာသည်။

"ဝါး"

ဟော်ချန်ယဲ့ မျက်နှာက ချက်ချင်းပင် မှောင်မိုက်သွားတော့ သည်။ သူက နှုတ်ခမ်းကို တင်းတင်းစေ့ထားရင်း စူးရှသော မျက်ဝန်းများဖြင့် စွန်းမော်ကို ဦးစွာ ကြည့်ပြီးနောက် ယွီရွေ့ကျူးကို ငုံ့ကြည့်သည်။

ယွီရွေ့ကျူး မျက်ဝန်းထဲမှ အနည်းငယ် တောက်ပနေသော အရိပ်အယောင်ကို မြင်ရသောအခါ ဟော်ချန်ယဲ့ ရင်ထဲတွင် ချက်ချင်းပင် စူးအောင့်သွားတော့သည်။

လွန်ခဲ့သည့် ရက်အနည်းငယ်ကစ၍ ညဘက်များတွင် ယွီရွေ့ကျူး တစ်ယောက် သူ့အနားသို့ တိုးမလာခဲ့သလို သူ့ ဝမ်းဗိုက်နှင့် ရင်အုပ်ကြွက်သားများကိုလည်း လာရောက် ကိုင်တွယ်ခြင်း မပြုခဲ့ပေ။

သူ့ ကြွက်သားများကို သူမ ငြီးငွေ့သွားပြီဟု အစက ထင်ထားခဲ့သော်လည်း အမှန်တွင်တော့ သူမက အပြင်စာများကို အရသာတွေ့နေခြင်းပင်။

သူ့ကြွက်သားများကို မကိုင်တွယ်ဘဲ စွန်းမော်ကို လာကြည့်နေသည်တဲ့လား။ စွန်းမော် ကြွက်သားများက သူ့လောက် ကောင်းမွန်ခြင်း မရှိသည်ကတော့ အသေအချာပင်။

ဟော်ချန်ယဲ့က ဖရဲသီးကို စားပွဲပေါ်တင်ပြီး ခွဲနေစဉ် စွန်းမော်ကို ခိုးကြည့်ကာ အကဲဖြတ်မိသည်။

'သူ့ ရင်အုပ်နဲ့ ဝမ်းဗိုက်က သိပ်မှ မဖွံ့ဖြိုးတာ၊ ခန္ဓာကိုယ်ကလည်း သေးသေးလေးနဲ့ ကြွက်သားအမြှောင်းတွေလည်း သေချာ မပေါ်ဘူး၊ တော်တော် ပြားချပ်ချပ်နိုင်တာပဲ၊ အဲ့ဒါကို ယွီရွေ့ကျူးက ကြည့်ရတာ သဘောကျနေတယ်ပေါ့လေ'

'ဘာလို့ ငါ့ကြွက်သားတွေကို သူ မကြိုက်ရတာလဲ၊ စွန်းမော်လိုမျိုး ငါက မဖော်ပြလို့များလား'

ဟော်ချန်ယဲ့ မျက်မှောင်ကြုတ်သွားပြီး တစ်ခဏမျှ တုံ့ဆိုင်းမိသည်။ သို့သော်လည်း ယှဉ်ပြိုင်လိုစိတ်နှင့် ယွီရွေ့ကျူး အာရုံစိုက်မှုကို ဆွဲဆောင်လိုသော ပြင်းပြသည့် ဆန္ဒတို့က ထိုအတွေးဆီသို့ လျင်မြန်စွာပင် တွန်းပို့တော့သည်။

ထို့ကြောင့် ယနေ့ညနေ ယွီရွေ့ကျူး မြို့ပေါ်မှ ပြန်ရောက်လာသောအခါ ဝင်းထဲတွင် ပထမဆုံး မြင်လိုက်ရသည်မှာ နားရွက်များ နီမြန်းနေပြီး သူ့ကြွက်သားများကို အစွမ်းကုန် ပြသရန် ကြိုးစားနေသည့် အလွန်တရာ အနေခက်နေသော ဟော်ချန်ယဲ့ကိုပင်။

ခြံထဲရှိ ထင်းများကို မခွဲဖြစ်သည်မှာ အတန်ကြာပြီ ဖြစ်သော်လည်း ယခုအခါတွင်မူ ညီညာစွာ ခွဲထားသော ထင်းပုံကြီးတစ်ခုက မြေပြင်ပေါ်တွင် ရှိနေသည်။

ဘယ်လောက်ကြာအောင် ထင်းခွဲနေခဲ့သလဲ မသိနိုင်သော် လည်း ဟော်ချန်ယဲ့ တစ်ယောက် ချွေးများ ရွှဲနစ်နေပြီး အလွန်အမင်း ပူအိုက်နေပုံရသည်။ သူသည် ရင်အုပ်နှင့် ဝမ်းဗိုက်ကြွက်သားများကို ရှင်းလင်းစွာ ပေါ်လွင်စေသည့် အင်္ကျီကျပ်ကျပ်ကို ဝတ်ဆင်ထားသည်။

ချွေးများကြောင့် အင်္ကျီစလေး စိုထိုင်းနေသည်နှင့်အမျှ ကြွက်သားအမြှောင်းများနှင့် အကွေးအကောက်များက ပို၍ ပေါ်လွင်လာကာ သူ့အသားအရေကိုပါ ရိပ်ခနဲ မြင်နေရတော့သည်။

'ဟစ်...'

ယွီရွေ့ကျူး တစ်ယောက် အသက်ပြင်းပြင်းရှိုက်မိသည်။

သူ ထင်းခွဲရန် လက်ကို မြှောက်တိုင်း အင်္ကျီအောက်နားစက အနည်းငယ် လိပ်တက်သွားကာ သူ့ဝမ်းဗိုက်ကြွက်သားပုံစံကို ဝိုးတဝါး ဖော်ပြနေသည်။

ဤနေရာကား ယွီရွေ့ကျူး ညတိုင်း ကိုင်တွယ်နေကျ ရင်းနှီးပြီးသား နေရာတစ်ခုဖြစ်သောကြောင့် ထိုကြွက်သားများ အထိအတွေ့ကို သူမ ကောင်းကောင်းကြီး သိနေခဲ့ရာ သူမ လက်ဖဝါးများပင် အလိုအလျောက် ယားယံလာတော့သည်။

ယွီရွေ့ကျူး ထိုခံစားချက်ကို မြိုသိပ်ထားရန် မနည်းကြိုးစားရသည်။

သို့သော်လည်း အဆိုပါ မြင်ကွင်းလောက်နှင့်တင် မဆိုးရွားလှသေးဘဲ အဓိကပြဿနာမှာ ဟော်ချန်ယဲ့ မျက်နှာအမူအရာပင်။

သူက ယွီရွေ့ကျူးကို တမင်တကာ ပြသရန်လုပ်ဆောင်နေရခြင်းအတွက် သိသိသာသာကို အနေရခက်နေသည်။

ထင်းခွဲနေသော်လည်း သူ့ နားရွက်များက နီရဲနေကာ လှုပ်ရှားမှုများက အနည်းငယ် တောင့်တင်းနေပြီး မျက်လုံးများကပင် ယွီရွေ့ကျူး ရှိရာဘက်သို့ မသိမသာ ခိုးကြည့်ရန် အဆက်မပြတ် ကြိုးစားတော့သည်။

သူ နှုတ်ခမ်းကို တင်းတင်းစေ့ထားပြီး တစ်ကိုယ်လုံးမူ တောင့်တင်းနေသည်။ ထိုအနေရခက်နေသော အမူအရာနှင့် နီမြန်းနေသော နားရွက်များ ပေါင်းစပ်သွားရာ ယွီရွေ့ကျူးမှာ သီးသန့်အခန်းထဲတွင် လူရွေးမှားသွားသည့်အလား ခံစားလိုက်ရသည်။

အပြစ်ရှိသလို ခံစားချက်တစ်ခုက သူ့ကို လွှမ်းမိုးသွားသော် လည်း ထိုအရာက သူ့ ရှက်ရွံ့မှုကို ပိုမိုပြင်းထန်သွားစေရုံသာဖြစ်သည်။

ယွီရွေ့ကျူးက နှုတ်ခမ်းကို ကိုက်ထားရင်း ကောင်းကင်ဆီသို့ အကြည့်လွှဲ ပြုံးချင်နေသော ဆန္ဒကို အသေအလဲထိန်း ချုပ်ထားရသည်။

'ကျစ်၊ မရယ်မိစေနဲ့'

'ဘယ်သူက ဒီလောက်တောင် စားကောင်းသောက်ဖွယ်တွေနဲ့ တွေ့နေတာလဲ၊ အာ ငါပါလား'

ဟော်ချန်ယဲ့ကို ဤအခြေအနေထိ ရောက်အောင် သူမ လုပ်နိုင်ခဲ့သည်မှာ အတော်လေး ရယ်စရာကောင်းလှသည်။ ယခုအခါတွင်မူ ဟော်ချန်ယဲ့ နောက်ထပ် ဘာလုပ်ပြဦးမည်ကို ယွီရွေ့ကျူး ပို၍ပင် သိချင်လာတော့သည်။

မကြာမီမှာပင် ဟော်ချန်ယဲ့က သူမကို သရုပ်ပြလေသည်။

ယွီရွေ့ကျူး အကြည့်များ ပြောင်းလဲသွားသည်ကို အကဲခတ်မိသောအခါ ဟော်ချန်ယဲ့ နီမြန်းနေသော နားရွက်များက အနည်းငယ် ပြေလျော့သွားသည်။

သူ နှုတ်ခမ်းကို စေ့ထားကာ တစ်ခဏမျှ တုံ့ဆိုင်းသွားပြီးနောက် တိုးညင်းစွာ ချောင်းဟန့်သည်။

ယွီရွေ့ကျူး အာရုံစိုက်မှုကို ရရှိသွားပြီးနောက် ဟော်ချန်ယဲ့သည် တမင်မရည်ရွယ်ဘဲ အလွန်အမင်း ပူအိုက်နေသည့်အလား သူ့ ကြမ်းတမ်းပြီး ကြီးမားသော လက်တစ်ဖက်ကို အနည်းငယ် လိပ်တက်နေသော အင်္ကျီအောက်နားစအတွင်းသို့ လျှိုသွင်းလေသည်။

ထို့နောက် အင်္ကျီအောက်နားစကို ဆုပ်ကိုင်ကာ ပါးပြင်ဆီသို့ ပင့်တင်လိုက်ပြီး သူ့ နီမြန်းနေဆဲဖြစ်သော မျက်နှာကို တမင် တကာ ဖြည်းဖြည်းချင်း သုတ်သည်။

ထို့နောက် အလွန်အမင်း ရှက်ရွံ့နေသည့်အလား သူ့ လက် ချောင်းလေးများ ကွေးကောက်သွားကာ အချိန်အတန်ကြာ အောင့်အည်းထားပြီးမှ အဆုံးတွင် လွှတ်ချလိုက်တော့သည်။

နက်မှောင်သော မျက်ဝန်းများက သူ့ လက်အမူအရာများကိုဖြစ်စေ၊ ခြေရင်းရှိ ထင်းများကိုဖြစ်စေ ဂရုမစိုက်တော့ဘဲ ယွီရွေ့ကျူးကိုသာ စူးစိုက်ကြည့်နေသည်။

'အားပါးပါး'

ချွေးများကို အင်္ကျီဖြင့် သုတ်နေစဉ် အင်္ကျီကို ပင့်တင်လိုက်သောကြောင့် သူ့ရင်အုပ်နှင့် ဝမ်းဗိုက်ကြွက်သား အမြောက် အမြားကို ပေါ်လွင်သွားစေသည်။

အထူးသဖြင့် ထိုဝမ်းဗိုက်ကြွက်သားများ အကွေးအကောက်က အမှန်ကို...

ဂျုံရောင် အသားအရေပေါ်မှ ချွေးပေါက်များက ရင်အုပ်မှတစ်ဆင့် ဝမ်းဗိုက်ကြွက်သားများဆီသို့ စီးကျလာပြီး သူ့ ဆီးခုံမှသည် အောက်ဘက်အထိ ပေါ်လွင်နေသော ကြွက် သားအမြှောင်းရှစ်ခုနှင့် အပေါ်သို့ ဖြာထွက်နေသော သွေး ကြောများကို မြင်တွေ့လိုက်ရရာ ပြင်းပြသော ဆွဲဆောင်မှုအရှိန်အဝါကြီးက လွှမ်းမိုးသွားတော့သည်။

ယွီရွေ့ကျူး တစ်ချက်မျှ ကြည့်လိုက်ရုံဖြင့် ဟော်ချန်ယဲ့ ခါးဘေးရှိ ကြွက်သားမြှောင်းများနှင့် V ပုံစံ လိုင်းများကို မြင်တွေ့နိုင်သည်။

ယွီရွေ့ကျူး အကြည့်အောက်တွင် အနေခက်နေ၍လား သို့မဟုတ် သူ့ တမင်တကာ လုပ်ရပ်များအတွက် ရှက်ရွံ့နေ၍လား မသိသော်လည်း ဟော်ချန်ယဲ့၏ အသက်ရှူနှုန်းက ပိုမို မြန်ဆန်လာကာ သူ့ ၀မ်းဗိုက်ကြွက်သားများပင် တဆတ် ဆတ် တုန်ရီလာတော့သည်။

ချွေးများဖြင့် တောက်ပနေသော သူ့ ဂျုံရောင်ကြွက်သားများက ထိုအကွေးအကောက်များကို အထူးပင် လှပပြီး ရှင်းလင်းစွာ ပေါ်လွင်စေသည်။

ယွီရွေ့ကျူး လက်များက ပိုယားယံလာသည်။ လက်ရှိတွင် သူတို့နှစ်ဦး စကားမပြောဘဲ စစ်အေးတိုက်နေကြသည်သာ မဟုတ်လျှင် သူ့အပေါ်သို့ ခုန်တက်ကာ သူမ မြတ်နိုးရသော ထိုဝမ်းဗိုက်နှင့် ရင်အုပ်ကြွက်သားကြီးများကို ပွတ်သပ်ဆုပ်နယ်မိမည်။

'အို... နှမြောစရာကောင်းလိုက်တာ'

ဟော်ချန်ယဲ့ တစ်ယောက် သူမကို မြူဆွယ်ရန် ဤနည်းလမ်းကို အမှန်တကယ် အသုံးပြုနေသည်က တကယ်ကို လွန်လွန်းလှသည်။

'ဟော်ချန်ယဲ့တော့ ပျက်စီးနေပြီပဲ'

ယွီရွေ့ကျူးက မလိုလားစွာဖြင့် အကြည့်လွှဲသော်လည်း သူမ စိတ်ထဲတွင်မူ ရှက်ရွံ့ကာ အနေခက်နေသော ဟော်ချန်ယဲ့နှင့် ထိုလှပလှသော ကြွက်သားများကို ပြန်လည် မြင်ယောင်နေမိဆဲပင်။

သို့သော်လည်း အခြေအနေများ တည်ငြိမ်သွားပါက ပို၍ စကားနားထောင်သော ဟော်ချန်ယဲ့ကို မြင်တွေ့ရနိုင်သည်ဟု တွေးမိသောအခါ သူမကိုယ် သူမ အတင်းအကျပ် ထိန်းချုပ်ပြီး အေးတိအေးစက် မျက်နှာထားဖြင့် အခန်းထဲသို့ ဝင်သွားတော့သည်။

All Chapters