← Chapters

အခန်း ၁၃၃

Vol. 14 Ch. 133

အခန်း ၁၃၃

Vol. 14 Ch. 133

🐽 Chapter 133

သူမ ထွက်သွားသည်ကို မြင်သောအခါ အင်္ကျီဖြင့် ချွေးသုတ်နေသော ဟော်ချန်ယဲ့သည် အမြန်ပင် အင်္ကျီကို ပြန်ချသွားသည်။

သူ့နားရွက်များက နီရဲနေဆဲဖြစ်ကာ ရှက်ရွံ့မှုများက ကျန်ရစ်နေပြီး အမူအရာက သဘာဝမကျဖြစ်နေသည်။

သို့သော်လည်း အနည်းဆုံးတော့ ယွီရွေ့ကျူး သူ့ကိုအကြိမ်အနည်းငယ် ကြည့်သွားခဲ့သည်ကပင် ဟော်ချန်ယဲ့အတွက် တွန်းအားအချို့ ဖြစ်စေခဲ့သည်။

ယခုကဲ့သို့ အရာမျိုးကို တစ်ကြိမ်တစ်ခါမျှ မလုပ်ဖူးသော ဟော်ချန်ယဲ့သည် အင်္ကျီကို ကမန်းကတန်း သပ်ရပ်အောင် ပြင်ပြီးနောက် ယွီရွေ့ကျူးနောက်သို့ လိုက်ကာ အိမ်ထဲသို့ ဝင်သွားသည်။

ယွီရွေ့ကျူးသည် အိမ်ပြန်ရောက်ပြီးနောက် ရေအရင်ချိုးလေ့ရှိပြီး ဟော်ချန်ယဲ့က ထိုသစ်သားစည်ပိုင်းကို နောက်မှ အသုံးပြုလေ့ရှိသည်။ ပုံမှန်အားဖြင့် ရေချိုးပြီးနောက် သူတို့ ဟင်းအချို့ ချက်ပြုတ်ကာ အနားယူလေသည်။

သို့သော်လည်း ယနေ့တွင်မူ ဟော်ချန်ယဲ့ ရေချိုးပြီးနောက် ဆံပင်များ စိုနေဆဲဖြစ်သော်လည်း တဘက်ဖြင့် ရေသုတ်နေရင်း ယွီရွေ့ကျူးအနားသို့ တဖြည်းဖြည်းတိုးကပ်လာတော့သည်။

'အစ်ကိုကြီး၊ ဒါ တမင်တကာ လုပ်လွန်းရာ မကျဘူးလား'

သူမက အကဲခတ်ရခက်သော မျက်နှာထားဖြင့် သူ့ကိုမော့ ကြည့်ပြီး ဟော်ချန်ယဲ့အား ပထမဆုံးစကားစပြောလိုက်သည်။

"ရှင် ဘာလုပ်နေတာလဲ"

သူမက စကားစပြောလာသည်ကို မြင်သောအခါ ဟော်ချန်ယဲ့ မျက်ဝန်းများက တောက်ပသွားပြီး နှုတ်ခမ်းထောင့်များက အလိုအလျောက် ကွေးတက်သွားသည်။

သူ လက်သီးဆုပ်ကို နှုတ်ခမ်းတွင်ကပ်ကာ တိုးညင်းစွာ ချောင်းဟန့်ပြီး ယွီရွေ့ကျူးကို တစ်ချက်ကြည့်လျက် အမြန်ပြောသည်။

"ဘာမှမလုပ်ပါဘူး၊ ကိုယ်လက်လှုပ်ရှား နည်းနည်းလောက် လုပ်သင့်တယ် ထင်လို့ပါ"

ထို့နောက် မြေပြင်ပေါ်သို့ ဒိုက်စထိုးလေတော့သည်။

'နေပါဦး၊ ဒီလောက်တောင် မြန်ရတာလား'

ယွီရွေ့ကျူးက အနည်းငယ် ရှုပ်ထွေးသွားသော်လည်း ငုံ့ကြည့်မိရာ သူမ အကြည့်များက ဟော်ချန်ယဲ့ ကျောပြင်ကြွက်သားများပေါ်တွင် ရိုးသားစွာပင် ကျရောက်နေသည်။

'အာ... လှလိုက်တာ'

ဟော်ချန်ယဲ့က ဒိုက်ထိုးခြင်းကို အလွန်ချောမွေ့မြန်ဆန်စွာ ပြုလုပ်သည်။ အကယ်၍ ဤသည်ကသာ ကျောင်းတက်နေချိန်ဆိုလျှင် ကာယချိန်၌ သူ အသေအချာပင် အမှတ်ပြည့် ရနိုင်မည်။

သူ့ လက်မောင်းများကို ဆန့်ထုတ်ထားစဉ် ကြွက်သားများက တင်းမာသွားပြီး ကျောပြင်က လှပစွာ ခုံးတက်သွားရာ ကျယ်ပြန့်သော ပခုံးများနှင့် သေးသွယ်သော ခါးလေးကို ပေါ်လွင်သွားစေသည်။

အားအင်များနှင့် ပေါက်ကွဲနိုင်စွမ်းတို့ ပြည့်နှက်နေသော သူ့ သန်မာတောင့်တင်းလှသည့် ခန္ဓာကိုယ်ကြီးကို ယွီရွေ့ကျူးရှေ့တွင် တမင်တကာ ပြသနေခြင်းပင်။ ယွီရွေ့ကျူး ရုတ် တရက် သဘောပေါက်သွားတော့သည်။

ကြမ်းပြင်ပေါ်တွင် လှုပ်ရှားနေသော ဟော်ချန်ယဲ့ကို သူမ မျက်လွှာပင့်၍ ကြည့်မိသည်။

'သူ စဝင်လာတုန်းက ရှေ့ဘက်က ကြွက်သားတွေကို ပြဖို့ ထင်းခွဲပြတယ်၊ အခုကျတော့ ကျောဘက်က ကြွက်သားတွေကိုပြဖို့ ဒိုက်ထိုးနေတယ်ပေါ့လေ ဟုတ်လား'

'ပုံမှန်ဆိုရင် သူက တော်တော်လေး ရှေးရိုးဆန်ပြီး စည်းကမ်းကြီးတဲ့သူလေ၊ အခုတော့ ငါ့ကို မြူဆွယ်ဖို့ အစွမ်းကုန်ကြိုး စားနေပါလား၊ ထင်းခွဲတာရယ် ဒိုက်ထိုးတာရယ် ပြီးရင် သူ ဘာလုပ်ဦးမလဲ'

'ကုတင်ပေါ်ရောက်ရင်ရော သူ့ဘောင်းဘီကိုချွတ်ပြီး ပြဦးမလား၊ ဟင့်အင်း... မဖြစ်နိုင်ပါဘူးလေ'

ယွီရွေ့ကျူး စိတ်ထဲတွင် ဗရုတ်သုက္ခ အတွေးများ ဝင်ရောက်နေဆဲမှာပင် ကြမ်းပြင်ပေါ်မှ လှုပ်ရှားနေသော အရိပ်ကြီး ရုတ်တရက် ရပ်တန့်သွားသည်ကို သတိထားမိသွားသည်။

'ဟင်၊ ဘာလဲ၊ ပင်ပန်းသွားပြီလား၊ သူ့ခံနိုင်ရည်က သိပ်မကောင်းပါလား'

ယွီရွေ့ကျူးက မသိမသာ ခိုးကြည့်သော်လည်း လှုပ်ရှားနေသော အရိပ်ကြီးအပေါ် သူမ နားလည်မှုလွဲသွားကြောင်း လျင်မြန်စွာပင် သဘောပေါက်လိုက်သည်။

ဟော်ချန်ယဲ့က လက်တစ်ဖက်တည်းဖြင့် ထောက်ထားကာ သူမအတွက် အထာကျသော လှုပ်ရှားမှုအချို့ကိုစတင် ပြုလုပ်ပြတော့သည်။

တစ်ခဏမျှ သူက ဘယ်လက်ဖြင့် ဒိုက်ထိုးပြပြီး နောက်တစ်ခဏတွင် ညာလက်ဖြင့် ထိုးပြကာ ထို့နောက် လက်ချောင်းလေးများဖြင့်ပါ ပြုလုပ်ပြရာ ယွီရွေ့ကျူးမှာ မျက်စိကျိန်းမတတ် သဘောကျမိသွားသည်။

'အင်း၊ ဒါက တကယ်မိုက်တယ်၊ ငါ့ကို သဘောကျအောင် သူ ဒီလောက်တောင် အပင်ပန်းခံ ကြိုးစားနေတာကို ငါ တကယ် သဘောကျမိသွားပြီ၊ တကယ် ချစ်စရာလေး'

ရုတ်တရက် ဟော်ချန်ယဲ့ မော့ကြည့်လာသည်။ ဂျုံရောင် မျက်နှာပြင်ပေါ်ရှိ သူ့ နက်မှောင်သော မျက်ဝန်းများက ယွီရွေ့ကျူးကို စူးစိုက်ကြည့်နေစဉ် တောက်ပလျက်ရှိသည်။ သူ့ ပါးလျသော နှုတ်ခမ်းများကို တင်းတင်းစေ့ထားရင်းမျှော် လင့်ချက်အပြည့်ဖြင့် ဖိတ်ခေါ်သည်။

"ကိုယ့် ကျောပေါ် ထိုင်မလား၊ ကိုယ် မင်းနဲ့အတူ ဒိုက်ထိုးလို့ရတယ်"

ယွီရွေ့ကျူးမှာ ထိုစကားကြောင့် ချက်ချင်းစိတ်လှုပ်ရှားသွားသော်လည်း တုံ့ဆိုင်းဟန်ဆောင်သည်။

"ဒါ... သိပ်ကောင်းတဲ့ အကြံတော့ မဟုတ်ဘူးထင်တယ်"

သူမက ဣန္ဒြေရရနှင့် တည်တည်ငြိမ်ငြိမ်နေရန် ကြိုးစားဆဲဖြစ်သော်လည်း သူမ တောက်ပနေသော မျက်ဝန်းများက တော့ သစ္စာဖောက်ပြီးဖြစ်သည်။

"အဆင်ပြေပါတယ်"

သူက ယွီရွေ့ကျူးကို ထပ်မံ ဖိတ်ခေါ်သည်။

ထို့ကြောင့် ယွီရွေ့ကျူးက အချိန်အတန်ကြာ ဟန်ဆောင်စဉ်းစားပြီးနောက် အဆုံးတွင် မတတ်သာသည့် အမူအရာဖြင့် ဟော်ချန်ယဲ့၏ ကျောပြင်ပေါ်သို့ ထိုင်ချလိုက်တော့သည်။

'အင်း... သန်မာတဲ့ ယောကျ်ားတစ်ယောက်ရဲ့ ကျောပြင်ပီပီ ကျယ်ပြန့်ပြီး ကြွက်သားတွေနဲ့ ပြည့်နှက်နေတာပဲ၊ ထိုင်ရတာ တော်တော်လေး သက်တောင့်သက်သာ ရှိသား'

တော်သေးသည်က စုန့်ချင်းရှန်း မဟုတ်နေ၍သာ။ အကယ်၍ သူမသာ ထိုကဲ့သို့ ထိုင်ချလိုက်လျှင် ကြက်ပေါက်လေးလို သေးကွေးလှသော သူ့ခန္ဓာကိုယ်လေး ပြားကျသွားမည် မဟုတ်ပါလား။ ဘယ်သူသိနိုင်မည်နည်း။ အရိုးတချည်းသာရှိသော သူ့ ကျောပြင်က ထိုင်ရတာ သက်တောင့်သက်သာ ရှိမည်မထင်ချေ။

ယွီရွေ့ကျူးက စုန့်ချင်းရှန်းကို ပိုလို့ပင် ရွံရှာသွားရင်း ဟော်ချန်ယဲ့ ခန္ဓာကိုယ် အချိုးအစားကို အတော်လေးသဘောကျသွားသည်။

'ဟင်း... ရေတောင်ငတ်လာပြီ၊ အိုး... ငါ့အပြစ်တွေပါပဲလေ၊ ဆက်ပြီး ကြိုးစားပါ အစ်ကိုယဲ့ရေ၊ ပင်ပန်းသမျှ အရာအား လုံးက ငါ့အတွက်ပဲလေ၊ သူကိုယ်တိုင်ကြိုးစားထားတဲ့ ရင်အုပ်ကြွက်သားတွေ၊ ဝမ်းဗိုက်ကြွက်သားတွေနဲ့ Vပုံစံ လိုင်းတွေကို အပြည့်အဝ ခံစားရမှာပဲ'

ဟော်ချန်ယဲ့ တစ်ယောက် ယွီရွေ့ကျူး အတွေးများကို လုံးဝ ရိပ်မိမနေခဲ့ပေ။ သူမ နေရာတကျဖြစ်သွားသည်ကို မြင်သော အခါ သူ အပေါ်အောက် လှုပ်ရှားကာ ဒိုက်ဆက်ထိုးတော့ သည်။

တင်းမာနေသော သူ့ ကြွက်သားအထိအတွေ့၊ ခုံးတက်နေသော ကျောပြင်နှင့် ခပ်သဲ့သဲ့ ထွက်ပေါ်နေသော သူ၏ အသက်ရှူသံတို့က သူမ နားအနီးတွင် ကပ်နေသည့်အလား ထင်ရသည်။

သူ ဒိုက်ထိုးနေစဉ် အပေါ်အောက် လှုပ်ခါနေသည့် ခံစားချက်ကို ရရှိရာ ဟော်ချန်ယဲ့ ကြွက်သားများကို သူမ အလိုအ လျောက် ဆုပ်ကိုင်မိပြီး သူ့ အသက်ရှူသံများ တဖြည်းဖြည်း ပိုမိုပြင်းထန်လာသည်ကို ကြားနေရတော့သည်။

All Chapters