← Chapters

အခန်း ၁၃၆

Vol. 14 Ch. 136

အခန်း ၁၃၆

Vol. 14 Ch. 136

🐽 Chapter 136

ကြမ်းတမ်းသော လက်တစ်ဖက်က ယွီရွေ့ကျူး လက်ကို ဆုပ်ကိုင်ထားပြီး သူ့အမာရွတ်ကို ကိုင်တွယ်ကြည့်ရန် လမ်းညွှန်ပေးသည်။

အမာရွတ်သည် သူ့ဖရိုဖရဲ ကျနေသော ဆံစများအောက်တွင် အမြဲတမ်း ပုန်းကွယ်နေလေ့ရှိပြီး ယခင်ကဆိုလျှင် ယွီရွေ့ကျူး အနည်းငယ်မျှ နမ်းရှိုက်မိလျှင်ပင် သူ ဒေါသထွက်လေ့ရှိသည်။

သို့သော်လည်း ယခုအခါတွင်မူ ခေါင်းကို နောက်သို့ ဆုတ်ကာ အမာရွတ် တစ်ခုလုံးကို ယွီရွေ့ကျူးအား ပြသထားရုံသာမက သူမကို ကိုင်တွယ်ကြည့်ရန်ပင် တိုက်တွန်းလာတော့သည်။

ယွီရွေ့ကျူး မသိမသာ မျက်လွှာချပြီး သူမ လက်ကအမာ ရွတ်ကို မထိမီလေးတွင် လက်ချောင်းလေးများက တွန့်ဆုတ်သွားခဲ့သည်။

ရုတ်တရက် အနွေးဓာတ်လေး ပျောက်ကွယ်သွားခြင်းက ဟော်ချန်ယဲ့ မျက်ဝန်းများကို အနည်းငယ် တုန်ရီစေသည်။

သို့သော်လည်း ယွီရွေ့ကျူး သူ့ကို ပုံမှန်မျက်နှာထားဖြင့် ကြည့်ကာ မေးလေသည်။

"ဒါ အဆင်ပြေလို့လား၊ ရှင့်အမာရွတ်ကို ပေးမကိုင်ဘူးဆို၊ ရှင့်ကိုယ် ရှင် အရမ်းကြီး အတင်းအကျပ် လုပ်မနေပါနဲ့၊ ကျွန်မကလည်း ဒါကိုကိုင်ကြည့်ရတဲ့ အထိအတွေ့ကို သိပ်ပြီး သိချင်နေတာမှ မဟုတ်တာ"

အမှန်တော့ သူမ ယခင်က မကိုင်ဖူးသည်တော့ မဟုတ်ပေ။

သို့သော်လည်း ယခင်က အနည်းငယ် အနေခက်ကာ ရှက်ရွံ့နေခဲ့သော ဟော်ချန်ယဲ့သည် သူမ စကားကို ကြားသောအခါ ခေါင်းမာစွာဖြင့် လက်ကို မြှောက်ကာ သူမ လက်ချောင်းလေးများကို ဆုပ်ကိုင်ပြီး သူ့ အမာရွတ်ပေါ်သို့ ဖိကပ်သည်။

"ကိုယ့်ဟာကိုတော့ မင်း သဘောရှိ ကိုင်လို့ရတယ်၊ တခြားသူတွေဟာကိုတော့ သွားမကိုင်နဲ့"

သူမ အေးစက်စက် လက်ချောင်းလေးများက အလွန် ထိရှလွယ်ပြီး အနည်းငယ် ဖောင်းကြွနေသော ထိုအမာရွတ်ကို ထိတွေ့ချိန်တွင် ဟော်ချန်ယဲ့ မျက်တောင်များက သိသိသာသာ တုန်ရီသွားကာ လည်စေ့က နိမ့်ချည်မြင့်ချည် ဖြစ်သွားပြီး ပါးလျသော နှုတ်ခမ်းများက တောင့်တင်းသွားကာ အသက် ရှူနှုန်းပင် ပိုမိုမြန်ဆန်လာသည်။

ဆံစများအောက်တွင် ပုန်းကွယ်လေ့ရှိသော ထိုအမာရွတ်မှာ ဒဏ်ရာရပြီးနောက် ပြန်လည် အသားတက်လာသော အရေပြားအပိုင်းတစ်ခုပင်။

ဤဖောင်းကြွနေသော အရာက ဒဏ်ရာ နာကျင်မှုကို ကိုယ် စားပြုနေပြီး ယွီရွေ့ကျူး အစကတည်းက ထင်ထားခဲ့သည့်အတိုင်း အလွန်အမင်း ထိရှလွယ်နေတော့သည်။

သူမ စတင် မပွတ်သပ်ရသေးခင် ထိတွေ့ရုံမျှဖြင့် ယွီရွေ့ကျူး မျက်နှာက နီရဲသွားတော့သည်။

ဟော်ချန်ယဲ့ အမာရွတ်ကို ယွီရွေ့ကျူးက ခပ်ဖွဖွလေးသာ ထိတွေ့ခြင်း ဖြစ်သော်လည်း သူသည်တော့ ဓာတ်မတည့်သူ တစ်ယောက်က ဓာတ်မတည့်သည့် အရာနှင့် ထိတွေ့လိုက်ရသည့်အလား ဖြစ်နေတော့သည်။

"အို... အဲ့လိုတော့လည်း မသေချာဘူးလေ"

လက်ရှိတွင် ဟော်ချန်ယဲ့ကို စိတ်ကောက်နေသော ယွီရွေ့ကျူးက သူ့ကို တမင်တကာ ရန်စလေသည်။

ကြောင်လေးတစ်ကောင်ကဲ့သို့ လှပသော သူမ မျက်ဝန်းလေးများက အနည်းငယ် ပင့်တက်သွားရာ သူမကို အလွန်တရာ ဆွဲဆောင်မှုရှိသော အသွင်ကိုဆောင်သည်။ သူမက ဟော်ချန်ယဲ့ကို တစ်ချက်ကြည့်လိုက်ပြီး သူမ နီရဲသော နှုတ်ခမ်းများကလည်း ကွေးတက်သွားသည်။

"အမာရွတ်တစ်ခုကို ရှင်ကလွဲပြီး တခြားဘယ်သူကမှ ပေးမကိုင်ဘူးလို့ ထင်နေလား၊ ဒါပေမဲ့ ဒီနေ့ ရှင့် ညီဝမ်းကွဲကတော့ သူ့အမာရွတ်ကို ကျွန်မ ကိုင်မှာကို တော်တော်လေး သဘော ကျနေပုံရတယ်နော်"

ဟော်ချန်ယဲ့နှင့် အချိန်များစွာ အတူနေထိုင်လာခဲ့ရာ ယွီရွေ့ကျူးက သူ့စိတ်နေသဘောထားကို ကောင်းကောင်းကြီး သိနေသည်။

သူမ စကားများက သူ ဆိုလိုရင်းကို တမင်တကာ အဓိပ္ပာယ်လွဲမှားအောင်ပြောနေရုံသာမက သူ့ကို တမင်သက်သက် ဆွပေးနေခြင်းပင်။

ထင်သည့်အတိုင်းပင် ဟော်ချန်ယဲ့ နှုတ်ခမ်းများက တောင့်တင်းသွားကာ မျက်မှောင်ကြုတ်သွားပြီး သူ့ နက်မှောင်သော မျက်ဝန်းများက ယွီရွေ့ကျူးကို စူးစိုက်ကြည့်လာသည်။

"မရဘူး... လုံး၀ မရဘူး၊ ယွီရွေ့ကျူး"

သူ့အကြည့်များက ယွီရွေ့ကျူး စနောက်တတ်သော စိတ်ကို အပြစ်တင်နေသည့်အလား ရှိသော်လည်း မသိမသာပင် သူမ လက်ဖဝါးပေါ်သို့ မေးစေ့ကို ပွတ်သပ်လာသည်။ ထိုပုံမှာ ချွဲနွဲ့နေသကဲ့သို့ပင်။

ယွီရွေ့ကျူး တစ်ခဏမျှ တုံ့ဆိုင်းသွားပြီးနောက် ခေါင်းကို နောက်သို့ဆုတ်ကာ ကောင်းကင်သို့ မော့ကြည့်ပြီး သူမ ရင်ထဲမှ ဂနာမငြိမ်ဖြစ်နေသော ခံစားချက်များကို ဖိနှိပ်ရန်နှင့် နှုတ်ခမ်းထောင့်များမှ ထိန်းမရအောင် ထွက်ပေါ်လာမည့် အပြုံးကို ဟန့်တားရန် ထိုနည်းလမ်းကိုသာ အသုံးပြုရသည်။

'ဟော်ချန်ယဲ့က အရမ်းချစ်ဖို့ကောင်းတာပဲ

အဆုံးတွင် တည်ငြိမ်သွားပြီးနောက် ယွီရွေ့ကျူး တိုးညင်းစွာ ညည်းတွားပြီး ဟော်ချန်ယဲ့ အမာရွတ်ကို ကိုင်တွယ်ရန် လက် လှမ်းလာသည်။

"ပြီးရောလေ"

'ဘာပဲဖြစ်ဖြစ် အရင်ဆုံးတော့ ကိုင်ကြည့်လိုက်မယ်'

ယွီရွေ့ကျူးမှာ အတော်လေး ထိန်းချုပ်ထားဆဲပင်။ ထိုအရာက အမာရွတ်တစ်ခုမျှသာ ဖြစ်သော်လည်း မျက်လုံးနားတွင် ရှိနေသောကြောင့် ဆွဲဆောင်မှုတစ်မျိုး ရှိစေသည်။

အထူးသဖြင့် ယွီရွေ့ကျူးက သူမ လက်မဖြင့် ထိတွေ့လာချိန်တွင် ဟော်ချန်ယဲ့ ရှည်လျားသော မျက်တောင်များက တုန်ရီသွားတော့သည်။

သူ့ မျက်ခွံအောက်ရှိ ထိုအမှတ်ကို သူမ ထိတွေ့သောအခါ သူမကို စူးစိုက်ကြည့်လာပြီး သူ့အကြည့်များက ပူလောင်ကာ မျက်တောင်တစ်ချက်မျှပင် မခတ်ခဲ့ချေ။

သူ့ မြင့်တက်လာသော ကိုယ်အပူချိန်ကြောင့် ထိုအမာရွတ်မှာ အရောင်အနည်းငယ် ပြောင်းသွားကာ ပန်းရောင်ဖျော့ဖျော့လေး ဖြစ်သွားပြီး ကြမ်းတမ်းကာ ဖောင်းကြွနေသော ထိုအမှတ်များက သူမ လက်ချောင်းများအောက်တွင် အလွန် သိသာနေသည်။

ဘာကြောင့်မှန်းမသိ ယွီရွေ့ကျူး တစ်ယောက် အပြစ်ရှိသလို ခံစားလိုက်ရသည်။

သူမက သူ့မျက်နှာပေါ်က အမာရွတ်ကို ကိုင်ကြည့်ရုံသာဖြစ်ပြီး ဘာအမှားမှ မလုပ်ခဲ့သော်လည်း ဟော်ချန်ယဲ့ တုံ့ပြန်မှုနှင့် အမာရွတ် ထိရှလွယ်မှုက သူမက သူ့ဘောင်းဘီကို ချွတ်ကာ ပိုမိုဆိုးရွားသော အရာတစ်ခုခုကို ကိုင်တွယ်နေမိသည့်အလားပင်။

ဤအချက်က ယွီရွေ့ကျူး စိတ်ထဲတွင် ဗရုတ်သုက္ခ အတွေးများ အများအပြားကို ဝင်ရောက်လာစေသည်။ ပိုမို အထူးသီးသန့်ဆန်သော နေရာတစ်ခု၊ ပိုမို ရင်းနှီးကျွမ်းဝင်သော လေထုတစ်ခုတွင် သူမက သူ့ အမာရွတ်ကို ကိုင်တွယ်ခြင်း သို့မဟုတ် နမ်းရှိုက်ခြင်းများ ပြုလုပ်မိပါက သူမ ပေါက်ကွဲထွက်သွားမည်လားဟုပင် တွေးမိလေသည်။

'ဟော်ချန်ယဲ့.. မဟုတ်ဘူး၊ ပေါက်ကွဲထွက်မှာက ငါပါလား'

ထို့ကြောင့် အချိန်အတန်ကြာ ကိုင်တွယ်ပြီးနောက် ယွီရွေ့ကျူးက တိုးညင်းစွာ ချောင်းဟန့်ပြီး သူမ လက်ကို အမြန် ပြန်ရုပ်သိမ်းသည်။

ဟော်ချန်ယဲ့ တုံ့ပြန်မှုက ချစ်ဖို့ကောင်းလွန်းနေရာ သူမကိုယ်သူမ မထိန်းချုပ်နိုင်တော့မည်ကို စိုးရိမ်မိသွားသည်။

ယခင်က အမာရွတ်အား ကိုင်တွယ်ခံရခြင်းနှင့် အနမ်းခံရခြင်းအတွက် စိတ်ဆိုးလေ့ရှိသော ဟော်ချန်ယဲ့သည် ယခုအခါတွင် ယွီရွေ့ကျူး ရုတ်တရက် လက်ပြန်ရုပ်သွားသော ကြောင့် အနည်းငယ် ဂနာမငြိမ် ဖြစ်သွားကာ ဆုံးရှုံးသွားသလို ခံစားချက်ကြီးတစ်ခုက သူ့ ရင်ထဲတွင် ရုတ်တရက် ပေါ်ပေါက်လာသည်။

သူက ကိုယ်ကို မတ်ပြီး ယွီရွေ့ကျူးကို ငုံ့ကြည့်ရာ သူမ မျက်နှာပေါ်တွင် မည်သည့် ငြင်းဆန်မှုနှင့် ရွံရှာမှုမျိုးကိုမှ မတွေ့ရဘဲ အမာရွတ်တစ်ခုရှိနေခြင်းက ကြီးမားသည့် ကိစ္စတစ်ခုမဟုတ်သည့်အလား လျစ်လျူရှုထားသော အမူအရာကိုသာ မြင်ရသည်။

အနည်းငယ် စိုးရိမ်ပူပန်နေသော သူ့ နှလုံးသားမှာ ချက်ချင်းပင် ပြန်လည်တည်ငြိမ်သွားတော့သည်။ ဟော်ချန်ယဲ့ မျက် ဝန်းများကလည်း အနည်းငယ် တောက်ပသွားပြီး ယွီရွေ့ကျူးကို မကြာခဏဆိုသလို ခိုးကြည့်မိသည်။

သူ့ နှုတ်ခမ်းထောင့်များက မနေနိုင်မထိုင်နိုင် အနည်းငယ် ကွေးတက်သွားတော့သည်။

ထိုညက ယွီရွေ့ကျူး တစ်ယောက် သူ့အနားတွင် လာရောက် မလှဲလျောင်းသေးသော်လည်း ဟော်ချန်ယဲ့က ဒဏ်ရာရထားသော အမာရွတ်များကို ကိုင်တွယ်ကာ ဖြည်းညင်းစွာ ပွတ်သပ်ရင်း စောစောက ယွီရွေ့ကျူး အထိအတွေ့ကို ပြန်လည် ပုံဖော်ရန် ကြိုးစားမိသည်။

သူ ထိုအမှတ်ရစရာလေးကို ဖြည်းဖြည်းချင်း အရသာခံရင်း နက်နက်ရှိုင်းရှိုင်း ကျေနပ်မိသည်။

ထိုညက သူ မည်သည့် အိပ်မက်ဆိုးကိုမျှ မမက်ခဲ့သလို စိုးရိမ်ပူပန်ခြင်းမျိုးလည်း မရှိခဲ့ပေ။ ယွီရွေ့ကျူး အထိအ တွေ့ကို နှစ်သိမ့်မှုတစ်ခုအဖြစ် မှတ်ယူကာ ကျေနပ်စွာဖြင့် မျက်လုံးများကို မှိတ်ပြီး လေထုထဲရှိ ခပ်သဲ့သဲ့ သင်းပျံ့နေသော မွှေးရနံ့လေးကို ရှူရှိုက်ရင်း တဖြည်းဖြည်းအိပ်ပျော်သွားသည်။

နောက်တစ်နေ့တွင် ဟော်ချန်ယဲ့ ဟော်ပေါင်ကျူးကို လိုက်လံပြသပေးကာ လျန်စစ် ကြီးကြပ်မှုအောက်တွင် ဝက်ပေါက်လေးများကို မည်ကဲ့သို့ ဂရုစိုက်ရမည်ဆိုသည်ကို သင်ယူရန် ယာယီ တာဝန်ပေးထားသည်။

ဝက်ခြံက အနည်းငယ် အနံ့အသက်ဆိုးသော်လည်း ကျေးလက်ဒေသများတွင် ကြက်၊ ဘဲနှင့် ငန်းများကို မွေးမြူလေ့ရှိရာ ဟော်ပေါင်ကျူးက သူ့ မိသားစုထဲရှိ လူကြီးများ ဤကဲ့သို့ လုပ်ဆောင်သည်ကို ငယ်စဉ်ကတည်းက အကြိမ် ကြိမ် မြင်တွေ့ခဲ့ဖူးသောကြောင့် ဝက်ပေါက်လေးများကို ပြုစုပျိုးထောင်ရခြင်းက သိပ်ပြီး ခက်ခဲလှသည်ဟု သူ မထင်ခဲ့ပေ။

လျန်စစ် သင်ကြားပြသမှုများမှ အချက်အချို့ကို သင်ယူပြီးနောက် ဟော်ပေါင်ကျူး စိတ်ကို ရှင်းထုတ်ရာ ယွီရွေ့ကျူး ပုံရိပ်က သူ့စိတ်ထဲသို့ အလိုအလျောက် ဝင်ရောက်လာသည်။

ယွီရွေ့ကျူးကို တွေးရုံဖြင့် ဟော်ပေါင်ကျူး အသက်ရှူသံများက ဂနာမငြိမ်ဖြစ်သွားသည်။

ဒဏ်ရာများကြောင့် အမာရွတ်ရှိနေသော မျက်နှာဖြင့် ချန်ယဲ့ တစ်ယောက် ထိုမျှလှပသော ဇနီးမျိုးကို ရလိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့ချေ။

ချန်ယဲ့ အမာရွတ်များကို သူမ မကြောက်ဘူးလား။ သို့မဟုတ် မြို့ပေါ်ရှိ ထိုမသင်္ကာဖွယ် လူများကဲ့သို့ သူမက မျက်နှာနှင့် ခန္ဓာကိုယ်ပေါ်တွင် အမာရွတ်ရှိသူများကို အထူး စွဲလမ်းနှစ် သက်သည့် ဝါသနာမျိုးများ ရှိနေတာလား။

ရန်ဖြစ်ရာမှ သူ့ နှုတ်ခမ်းနားတွင်လည်း အမာရွတ်တစ်ခုရှိနေခဲ့ပြီး သူနှင့် ချန်ယဲ့က နှစ်ယောက်စလုံး ဟော်မိသားစုမှ ဖြစ်သည့်အပြင် ရုပ်ရည်ကလည်း အနည်းငယ်ဆင်တူနေသေးသည်။

သူ မသင့်တော်တာ တစ်ခုခုကို တွေးနေမိကြောင်း သတိထားမိသောအခါ ဟော်ပေါင်ကျူး ချက်ချင်းရပ်တန့်လိုက်သည်။ သူ အလိုအလျောက်ပင် ပါးကို ခပ်ဖွဖွ ရိုက်ပြီး အသိဉာဏ်ကင်းမဲ့လွန်းသော သူ့ကိုယ်သူ တိတ်တဆိတ် ကျိန်ဆဲမိသည်။

ချန်ယဲ့က သူ့အပေါ် အာဃာတမထားဘဲ အလုပ်တစ်ခု စီစဉ်ပေးခဲ့သော်လည်း သူက ဤကဲ့သို့သော အရာများကို တွေးမိဆဲပင်။

'မရီးက ချန်ယဲ့နဲ့ အတူနေလာတာ ဒီလောက်တောင် ကြာပြီ၊ မြို့ပေါ်မှာလည်း အတူတူ အလုပ်လုပ်ခဲ့ကြတာ၊ သူတို့ ဆက် ဆံရေးက ဒီလောက်ကောင်းတာကို ငါ ဘာတွေ လျှောက်တွေးနေတာလဲ’

All Chapters