← Chapters

အခန်း ၁၄၀

Vol. 14 Ch. 140

အခန်း ၁၄၀

Vol. 14 Ch. 140

🐽 Chapter 140

ယွီရွေ့ကျူးမှာ အနည်းငယ်မျှပင် စိတ်အနှောင့်အယှက် မဖြစ်သည့်အပြင် ကျေနပ်အားရစွာပင် ပြုံးမိသည်။

'အရင်တုန်းက ငါ ဘယ်လိုလုပ် သတိမထားမိခဲ့တာပါလိမ့်၊ ဟော်ချန်ယဲ့ အမူအရာတွေ ထူးဆန်းသွားတိုင်း အဲ့ဒါက ငါနဲ့ စုန့်ချင်းရှန်းတို့ တွေ့ပြီးတဲ့ အချိန်တွေချည်းပဲ'

'ပြဿနာ စတင်ခဲ့သူကပဲ ဒီပြဿနာကို ဖြေရှင်းသင့်တယ'

ယခုအခါတွင် စုန့်ချင်းရှန်းက ဟော်ချန်ယဲ့ကို ဆွပေးရန်အတွက် အကောင်းဆုံးသော ကိရိယာတစ်ခု ဖြစ်နေသည်။

ဤမျှကြာအောင် မြိုသိပ်ထားခဲ့ရသော ဟော်ချန်ယဲ့က သူမကို မည်သို့သော အံ့သြဖွယ်ရာများကို ပေးစွမ်းလာမည်နည်းနှင့် သူမကို ဘာတွေ ပြောလာမည်ဆိုသည်ကို သိချင်မိသည်။

သူမကိုယ် သူမ အပြည့်အဝ ပြင်ဆင်ထားပြီးဖြစ်ကာ ဟော်ချန်ယဲ့ ဘယ်လောက်ပဲ ဆိုးဆိုး၊ ဘယ်လောက်ပဲ ချွဲချွဲ၊ ဘယ်လောက်ပဲ သဝန်တိုတို သူ့ကို သူမ ချော့မြူနိုင်လိမ့်မည်ဟု ယွီရွေ့ကျူး တွေးထားသည်။

သို့သော်လည်း သူမကို အလွန်အမင်း အံ့အားသင့်သွားစေသည်မှာ စုန့်ချင်းရှန်းနှင့် ကျီချိုးရှင်းတို့ ဆိုင်ထဲတွင် အချိန်အတန်ကြာနေပြီးနောက် ယွီရွေ့ကျူးအပေါ် ကျရောက်နေခဲ့သော ပူလောင်သည့် အကြည့်များက တဖြည်း ဖြည်း မှေးမှိန်သွားခြင်းပင်။

ထိုညနေခင်းတွင် သားသတ်ရုံ၌ ရှိနေသော ဟော်ချန်ယဲ့က သူမနှင့်အတူ အိမ်သို့ ပြန်မလာခဲ့ချေ။

ဟော်ချန်ယဲ့ ဘယ်ရောက်သွားသနည်း၊ သူ အိမ်သို့ အရင်ပြန်သွားနှင့်လေလား သို့မဟုတ် အခြားတစ်နေရာရာသို့များ သွားလေလားကို ယွီရွေ့ကျူး တွေးနေဆဲပင်။

သို့သော် သူမ အိမ်သို့ ရောက်သောအခါ အပြင်ဘက် မီးရောင်များက မှိန်ပျပျဖြစ်နေပြီး ပတ်ဝန်းကျင် တစ်ခုလုံးတွင် မီးရောင်မရှိပေ။ ဟော်ချန်ယဲ့ အိမ်တွင် ရှိမနေချေ။

ယွီရွေ့ကျူး အနည်းငယ် အံ့အားသင့်သွားသည်။ သူန တံခါးကို တွန်းဖွင့်သောအခါ လုံးဝ မှောင်မိုက်နေသော အခြေအနေနှင့် ရင်ဆိုင်ရသည်။

မီးမဖွင့်ထားသဖြင့် အမှောင်အတိကျနေကာ ပတ်ဝန်းကျင်ကိုမူ လုံးဝ မမြင်ရချေ။

သူမက အခန်းထဲသို့ စမ်းတဝါးဝါးဖြင့် ဝင်လာခဲ့ပြီး နံရံပေါ်ရှိ မီးခလုတ်ကို ဖွင့်ရန် ပြင်လိုက်ချိန်၊ တံခါးဖွင့်လိုက်သည့် အခိုက်အတန့်မှာပင် တစ်စုံတစ်ယောက်က သူမကို ရုတ်တ ရက် ဖမ်းဆွဲကာ နံရံနှင့် ဖိကပ်လာတော့သည်။

လျင်မြန်သော အသက်ရှူသံများက သူမ ပါးပြင်ပေါ်သို့ ရိုက်ခတ်လေသည်။ ယွီရွေ့ကျူး တစ်ယောက် ဘာဖြစ်သွားမှန်း မသိလိုက်ခင်မှာပင် တစ်စုံတစ်ယောက်က သူမ လက် ကောက်ဝတ်ကို ဖမ်းဆုပ်ကာ ပူလောင်သော အနမ်းများကို မျက်နှာပေါ်သို့ အတင်း ခြွေချသည်။

"ရွေ့ကျူး..."

ယွီရွေ့ကျူး လက်ကောက်ဝတ်ကို ဆုပ်ကိုင်ထားသော လက်တစ်ဖက်က ပူလောင်နေကာ သူမကို နမ်းရှိုက်နေသော ပါးလျသည့် နှုတ်ခမ်းများကဲ့သို့ပင် အပူဓာတ်များ ကူးစက်လာသည်။

ပူလောင်သော အသက်ရှူငွေ့များက သူမအပေါ်သို့ ရိုက်ခတ်လာပြီး ပြင်းထန်သော အပူရှိန်က သူမကို ရူးသွပ်မတတ် ဖိချကာ အဆက်မပြတ် နမ်းရှိုက်တော့သည်။

အနမ်းခံရရင်း ခေါင်းမူးသွားသည်ဆိုသည်မှာ မည်သို့သော အရာဖြစ်ကြောင်း ယွီရွေ့ကျူး ပထမဆုံးအကြိမ် သိလိုက်ရသည်။

သူမ ပြန်လည် တုံ့ပြန်ရန်ပင် အချိန်မရသလို လုံးဝလည်း ပြင်ဆင်ထားခြင်း မရှိသေးခင်မှာပင် သူ့ ကြမ်းတမ်းသော နှုတ်ခမ်းနှင့် လျှာဖျားက သူမ နှုတ်ခမ်းများကို ရစ်ပတ်ကာ၊ လိုက်လံ ဖမ်းဆုပ်ပြီး သူမ ခံတွင်းထဲသို့ အတင်းအကျပ် ဝင်ရောက်လာရာ သူမကို အသက်ရှူရန်ပင် ခက်ခဲသွားစေသည်။

မျိုချ၍ မရသော တံတွေးများက သူမ မေးစေ့တစ်လျှောက် စီးကျလာပြီး အရောင်လက်နေသော တံတွေးစီးကြောင်းလေး တစ်ခုကို ချန်ရစ်ထားခဲ့သည်။

"အွန်း... ဟော်ချန်ယဲ့"

ယွီရွေ့ကျူးက ဟော်ချန်ယဲ့ကို လွှတ်ပေးစေချင်ခဲ့သည်။ သူမ အသက်ရှူ၍ပင် မရတော့ချေ။

သို့သော်လည်း ဟော်ချန်ယဲ့အတွက်မူ ထိုစကားများက ငြင်းဆန်မှုတစ်ခုလို ထင်မှတ်ရစေပြီး အထူးသဖြင့် ယွီရွေ့ကျူး လက်သီးဆုပ်ကာ သူ့ ပခုံးကို ခပ်ဖွဖွ ထုရိုက်ပြီး တွန်းဖယ်နေချိန်တွင် ပို၍ပင် ဆိုးရွားလေသည်။

ဟော်ချန်ယဲ့ မျက်ဝန်းများက ပိုနီရဲလာသည်။

သူ လွှတ်မပေးသည့်အပြင် ယွီရွေ့ကျူးကို အရူးတစ်ယောက်အလား ပိုမိုအားပါးတရ နမ်းရှိုက်သည်။ ညှပ်တစ်ခုအလား ကြီးမားသော သူ့ လက်တစ်ဖက်က ယွီရွေ့ကျူး ခါးကို တင်းကျပ်စွာ ဆုပ်ကိုင်ထားပြီး အခြားလက်တစ်ဖက်က သူမ နောက်စေ့တွင် ရှိသည်။

သူမ ခေါင်း နံရံနှင့် မဆောင့်မိစေရန် ကာကွယ်ပေးရန် ရည်ရွယ်ထားသော လက်က ယခုအခြေအနေတွင်မူ ထေ့ငေါ့ချင်စရာ ကောင်းလောက်အောင် ပိုမို အဆင်ပြေသော အကူအညီတစ်ခု ဖြစ်လာသည်။

သူ့ လက်က ယွီရွေ့ကျူး ခေါင်းကို ပွေ့ကိုင်ကာ သူ့ထံသို့ ပိုမိုနီးကပ်စွာ ဆွဲယူမိသည်။ သူတို့ နှုတ်ခမ်းနှင့် လျှာများ ရောယှက်သွားရာ ယွီရွေ့ကျူးမှာ ရုန်းထွက်ရန်ပင် မဖြစ်နိုင်တော့ချေ။

သူမ ခေါင်းကိုပင် လှည့်မရတော့ဘဲ ဟော်ချန်ယဲ့ ကြမ်းတမ်းသော လျှာက သူမ ခံတွင်းထဲတွင် စူးစမ်းလေ့လာကာ သူ့ လျှာဖျားလေးနှင့် သူမ လျှာဖျားလေး ရစ်ပတ်နေသည်ကိုသာ ငြိမ်ခံနေရသည်။

သူ့ အင်အားနှင့် ကြမ်းတမ်းမှုတို့က ယွီရွေ့ကျူးကို လွှမ်းမိုးသွားသည်။ သူမ လျှာအပြင် လျှာအောက်ခြေနှင့် နှုတ်ခမ်းများပင် ကျင်တက်သွားသလို ခံစားမိသည်။

ယွီရွေ့ကျူး အသက်ရှူ မဝတော့ချေ။

အမှောင်တိကျနေသော နေရာတွင် ဟော်ချန်ယဲ့ မျက်နှာကိုပင် သူမ သေချာမမြင်ရပေ။

သူမ မျက်လုံးများက အလင်း ရောင်နှင့် အနည်းငယ် ကျင့်သားရလာရာ ပြတင်းပေါက်မှ ဖြာကျနေသော လရောင်အောက်တွင် နက်မှောင်နေသော မျက်ဝန်းတစ်စုံနှင့် ဆုံတွေ့လေသည်။

ယွီရွေ့ကျူးက ဟော်ချန်ယဲ့ လျှာကို ခပ်နာနာလေး ကိုက်ချပစ်သည်။

သူ နာကျင်သွားကြောင်း ထင်ရှားလှပြီး နက်မှောင်သော မျက်ဝန်းများက တွန့်ချိုးသွားသော်လည်း လွှတ်မပေးခဲ့ချေ။

ယွီရွေ့ကျူး ပိုအားပါပါ ကိုက်ချမိရာ အနမ်းများကြားတွင် သွေးအရသာကိုပင် သူမ သဲ့သဲ့လေး ခံစားရသည်။

အနမ်းများက တဖြည်းဖြည်း ပြောင်းလဲသွားကာ လေထုထဲတွင် အန္တရာယ်များသော်လည်း စိတ်လှုပ်ရှားဖွယ်ကောင်း သော အငွေ့အသက်များ ပြည့်နှက်လာသည်။

အဆုံးတွင် ယွီရွေ့ကျူးက သူ့ကို တွန်းဖယ်နိုင်သွားပြီး နှုတ်ခမ်းမှ သွေးများကို သုတ်ကာ အမောတကော အသက်ရှူရသည်။

ဟော်ချန်ယဲ့ လျှာ အနည်းငယ် ပေါက်သွားသဖြင့် သူမ နှုတ်ခမ်းများပေါ်တွင် သွေးရောင်များ စွန်းထင်းသွားရာ သူမနီရဲနေသော နှုတ်ခမ်းလေးများကို ပိုမို တောက်ပသွားစေသည်။

ယွီရွေ့ကျူးက အချိန်အတော်ကြာ အသက်လုရှူပြီးနောက် အဆုံးတွင် သူ့ကို စိတ်အနှောင့်အယှက် ဖြစ်စွာဖြင့် စူးစိုက်ကြည့်လာသည်။

"ရှင် ဘာဖြစ်နေတာလဲ ဟော်ချန်ယဲ့"

ဟော်ချန်ယဲ့က သူ့ လျှာနှင့် ပါးလျသော နှုတ်ခမ်းများပေါ်ရှိ သွေးကွက်များကိုလက်ချောင်းများဖြင့် သုတ်ပစ်လိုက်သည်။

သွေးနံ့က သူ့ကို နောက်တွန့်သွားစေခြင်း မရှိဘဲ မီးကိုလောင် စာထည့်ပေးသည့်အလား ပိုမိုပြင်းထန်သွားစေသည်။

သူ့ စိတ်ထဲရှိ ဂနာမငြိမ်ဖြစ်နေသော ခံစားချက်များကို သွေးနံ့က မီးမွှေးပေးသလိုပင်။

သူ့ နက်မှောင်သော သူငယ်အိမ်များက ယွီရွေ့ကျူးကို တိုက်ရိုက် စူးစိုက်ကြည့်နေပြီး သူမ နှုတ်ခမ်းထောင့်မှ အရောင်လက်နေသော စိုစွတ်မှုများကို ဖယ်ရှားပေးရန် လက်လှမ်းသည်။

"ဒီနေ့ စုန့်ချင်းရှန်း လာတော့ မင်း ပျော်နေတာလား"

ဟော်ချန်ယဲ့ အသံက အနည်းငယ်ဩရှနေပြီး အမှောင်ထဲတွင် သူ့ မျက်ဝန်းများက အနည်းငယ် ရက်စက်ဟန် ပေါက်နေသည်။

ယွီရွေ့ကျူး "..."

'အနမ်းခံရတာက ကောင်းတဲ့ကိစ္စပါပဲ၊ ပုံမှန်ဆို စကားနည်းတဲ့ ဟော်ချန်ယဲ့က ဘာလို့ ရုတ်တရက်ကြီး ဒီလောက်တောင် စိတ်လှုပ်ရှားပြီး အလွန်အကျွံ စိတ်အားထက်သန်နေရတာလဲလို့ ငါ တွေးခဲ့တာ'

'အရာအားလုံးက စုန့်ချင်းရှန်းကြောင့်ကိုး'

'နောက်ဆုံးတော့ ငါ ခန့်မှန်းတာ မှန်သွားတာပါလား၊ ဒီနေ့ ငါ စမ်းသပ်လိုက်တာ ကွက်တိပဲ'

ယွီရွေ့ကျူး သူ့ကို သိပ်မစတော့ဘဲ နေသင့်သည်ဟု တွေးမိသည်။

All Chapters