← Chapters

အခန်း ၄၇၂

Vol. 48 Ch. 472

အခန်း ၄၇၂

Vol. 48 Ch. 472

အခန်း(၄၇၂) သစ္စာဖောက် ရှိနေတာလား

လရိပ်ဂိုဏ်း။

"ငါ ဂိုဏ်းချုပ်ကို တွေ့ဖို့ လိုတယ်။ အရေးကြီးတယ်။"

ကောင်မလေးက အဓိကခန်းမရှေ့တွင် စိုးရိမ်တကြီး ရပ်နေသည်။

လရိပ်ဂိုဏ်းမှ တပည့်နှစ်ဦးက သူ့ကို တားဆီးထား၏။

"ဂိုဏ်းချုပ်က အခု တံခါးပိတ်ကျင့်ကြံနေတယ်၊ အရမ်းအရေးမကြီးရင် မနှောင့်ယှက်ဖို့ ပြောထားတယ်။"

"မင်းက ဂိုဏ်းချုပ်ကို ဗေဒင်လာဟောတာတော့ မဟုတ်ဘူးမလား။ ဂိုဏ်းချုပ်က အဲဒါတွေ မလိုအပ်ဘူး။"

တပည့်နှစ်ဦးက လုံးဝအလျှော့မပေးမည့် ပုံပေါ်နေသည်။

ဖန်တုံက ရွေးချယ်စရာမရှိတော့ဘဲ မည်သူမျှမယုံကြည်မည်ကို စိုးရိမ်သဖြင့် ဗေဒင်ရလဒ်များကို ထုတ်ဖော်ပြသရန်သာ ရှိတော့သည်။ ထို့ကြောင့် သူက ပွင့်ပွင့်လင်းလင်းပင် ပြောလိုက်သည်။ "ဒီနေ့ ငါ ကောင်းကင်ရဲ့ လျှို့ဝှက်ချက်တွေကို ချောင်းကြည့်လိုက်တော့ လရိပ်ဂိုဏ်းက ကြီးမားတဲ့ ဘေးဒုက္ခကြီးတစ်ခုနဲ့ ရင်ဆိုင်နေရတာကို တွေ့လိုက်ရတယ်။"

"ငါတို့ လရိပ်ဂိုဏ်းလား။" တပည့်တစ်ဦးက သူ့ကိုယ်သူ လက်ညှိုးထိုးပြသည်။

"ဘေးဒုက္ခက နီးကပ်နေပြီလား။" နောက်တပည့်တစ်ဦးက ရယ်မောလိုက်သည်။

သူတို့၏ဘိုးဘေးကြီးက မဟာတက်လှမ်းခြင်းအဆင့် ကျင့်ကြံသူ ဖြစ်သည်။

ထို့အပြင် ဂိုဏ်းထဲတွင် အခြေတည်ဝိညာဉ်အဆင့်နှင့် ဟင်းလင်းပြင်ပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူ အများအပြား ရှိနေသေးသည်။

ဖန်ကျင်းမြင့်မြတ်နယ်မြေနှင့် ယောင်ချီမြင့်မြတ်နယ်မြေတို့ မရှိတော့သော ယခုအချိန် လရိပ်ဂိုဏ်းက ချင်းယွန်ဘုံတွင် ပြိုင်ဘက်ကင်းဟု ပြောလျှင်ပင် မလွန်ပေ။

ဘေးဒုက္ခက ဘယ်ကနေ လာနိုင်မှာလဲ။

"နင်တို့ ငါ့ကို မယုံဘူးလား။ တိုက်ခိုက်မယ့်သူတွေက တခြားဂိုဏ်းကကျင့်ကြံသူတွေ မဟုတ်ဘူး၊ တောင်တန်းတစ်သောင်းက မိစ္ဆာတွေပဲ။"

တပည့်နှစ်ဦး အချင်းချင်း ကြည့်လိုက်ကြပြီး ပို၍ပင် မယုံကြည်နိုင်အောင် ဖြစ်သွားကြသည်။

လူတိုင်း သိထားသည့်အတိုင်းပင်။ မိစ္ဆာများက အဘယ်ကြောင့် အန္တရာယ်များသော တောင်တန်း တစ်သောင်းထဲတွင် နေကြသနည်း။

၎င်မှာ ချင်းယွန်ဘုံမှ ကျင့်ကြံသူများ ပူးပေါင်းပြီး သူတို့ကို မောင်းထုတ်ခဲ့၍ပင်။ ထို့ပြင် နှစ်ပေါင်း တစ်သောင်းတိတိ မိစ္ဆာမျိုးနွယ်များ ချင်းယွန်ဘုံထဲ ခြေမချရန် စာချုပ်တစ်ခုကို လက်မှတ်ရေးထိုးခဲ့ကြသည်။ မဟုတ်လျှင် တောင်တန်းတစ်သောင်း၏ အနက်ရှိုင်းဆုံးနေရာကို မောင်းထုတ်ခံရုံ သက်သက် မဟုတ်ဘဲ လုံးဝ အမြစ်ပြတ် သုတ်သင်ခံရပေလိမ့်မည်။

အခု တောင်တန်းတစ်သောင်းရဲ့ အနက်ရှိုင်းဆုံးနေရာက မိစ္ဆာမျိုးနွယ်တွေ ရုတ်တရက် ထွက်လာတော့မယ် ဟုတ်လား။

ဘာလို့လဲ။

ပြီးတော့ ဘာအရိပ်အယောင်မှလည်း ကြိုမတွေ့ရဘူး။

လူသားကျင့်ကြံသူတွေကို ထွက်တိုက်တာက ဘာအဓိပ္ပာယ်ရှိလို့လဲ။

"ညီမလေး၊ နောက်တစ်ခါ ထပ်တွက်ကြည့်ပါလား။"

"ဟုတ်တယ်။ မင်းတွက်တာလုံးဝ မမှန်တာလည်း ဖြစ်နိုင်တယ်။ ငါတို့ မင်းကို ဝိညာဉ်ကျောက်တုံးတွေ ပေးမယ်။ အခု ပြန်တွက်ကြည့်လိုက်။"

ဖန်တုံက မျက်လုံးလှန်လိုက်ပြီး ပြန်ပက်လိုက်သည်။ "ငါ တွက်တာ မမှားနိုင်ဘူး။ နင်တို့ ငါ့ကို အထဲ ပေးမဝင်ဘူးဆိုရင် နင်တို့ဘာသာ ဝင်ပြီး သတင်းသွားပို့လိုက်။"

တပည့်နှစ်ဦးမှာ အခက်တွေ့သွားသည်။

ဂိုဏ်းချုပ်ကို သူတို့ မစော်ကားရဲပေ။

အဓိက အကြောင်းရင်းမှာ ဂိုဏ်းချုပ်၏ဆရာက သူတို့၏ဘိုးဘေးကြီး ဖြစ်နေ၍ပင်။ မည်သူကများ သူ့ကို ဒေါသထွက်အောင် လုပ်ရဲမည်နည်း။

ဂိုဏ်းချုပ်၏ကျင့်ကြံခြင်းကို နှောင့်ယှက်ပြီး အဆင့်တက်လှမ်းရန် နှောင့်နှေးသွားစေလျှင် သူတို့က ကြီးမားသောအပြစ်ကို ကျူးလွန်ရာ ရောက်သွားပေမည်။

"ကောင်းပြီ၊ ကောင်းပြီ။ မင်းတို့အားလုံး ဖယ်လိုက်တော့။"

ယွဲ့ချန်ချီက ဂိုဏ်းချုပ်ခန်းမထဲမှ ထွက်လာပြီး ပါးစပ်ကိုအုပ်ကာ သမ်းဝေလိုက်သည်။

"ဒီအချိန်ကြီး ဘာတွေ ဆူညံနေကြတာလဲ။"

"ဂိုဏ်းချုပ်လီက သူ့ကို အထဲပေးဝင်လိုက်ဖို့ ပြောထားပြီးပြီ။"

တပည့်နှစ်ဦးက ယွဲ့ချန်ချီကို မှင်တက်စွာ စိုက်ကြည့်နေကြသည်။

ငါတို့ ဒီနေရာမှာ စောင့်နေတာ ကြာပြီလေ။ ဘယ်တုန်းက ယွဲ့ချန်ချီ အထဲဝင်သွားတာလဲ။

"စီနီယာအစ်မ၊ ဂိုဏ်းချုပ်ခန်းမထဲကို ဘယ်တုန်းက ဝင်သွားတာလဲ။"

"ငါ ဂိုဏ်းချုပ်ခန်းမထဲမှာ တစ်ညလုံး ရှိနေတာ။"

ယွဲ့ချန်ချီက ဗေဒင်ဆရာမလေး အနားသို့ လျှောက်သွားပြီး ဂိုဏ်း၏အဓိခန်းမထဲသို့ ဆွဲခေါ်သွားသည်။

"ဂိုဏ်းချုပ်လီကလည်း လရိပ်ဂိုဏ်း ဘယ်လို ဘေးဒုက္ခမျိုးနဲ့ ရင်ဆိုင်ရမလဲ ဆိုတာကို ကြားချင်နေတယ်။ မင်းတို့နှစ်ယောက် လုပ်စရာရှိတာ သွားလုပ်လို့ ရပြီ။ ဒီနေရာမှာ ဆက်စောင့်နေစရာ မလိုတော့ဘူး။"

စကားမဆုံးခင်မှာပင် သူက ဖန်တုံကို အထဲသို့ ဆွဲခေါ်သွားပြီး ဖြစ်သည်။

...

"လီချင်းရန်၊ နင့်အတွက် လူခေါ်လာပြီ။"

ယွဲ့ချန်ချီက ဖန်တုံကို လီချင်းရန် ရှေ့သို့ ဆွဲခေါ်လာသည်။

ဖန်တုံက သူ၏ရှေ့ရှိ ကျက်သရေရှိပြီး လှပသော ကောင်မလေးကို သိချင်စိတ်ဖြင့် စိုက်ကြည့်နေသည်။

နှစ်ရက်ကြာပြီးနောက် ဤအမျိုးသမီးဂိုဏ်းချုပ်၏ စွမ်းအားက အခြေတည်ဝိညာဉ်အဆင့်သို့ တက်လှမ်းသွားပြီ ဖြစ်သော်လည်း၊ အရှိန်အဝါမှာ အပြည့်အဝ မတည်ငြိမ်သေးပေ။

တပည့်တွေက အလှည့်ကျ စောင့်ကြပ်နေရတာ ဒါကြောင့်ကိုး။ သူက အခုလေးတင် အဆင့်တက်ထားပြီး နယ်ပယ်ကို အခိုင်အမာ တည်ဆောက်နေရတုန်းပဲ။

"လရိပ်ဂိုဏ်း ရင်ဆိုင်ရမယ့် အကျပ်အတည်းကို ကြိုမြင်ခဲ့တယ်ဆို။ အသေးစိတ် ပြောပြပါဦး။" သူက မကြာသေးခင်ကမှ ဂိုဏ်းချုပ် ဖြစ်လာသော်လည်း ချန်ဟွိုက်အန်ကို အတုခိုးပြီး ကြေးမုံပြင်ရှေ့တွင် နေ့စဉ် လေ့ကျင့်မှုများကြောင့် ဂိုဏ်းချုပ်တစ်ယောက်၏ ဩဇာအာဏာအချို့ကို ပိုင်ဆိုင်နေပြီ ဖြစ်သည်။

"ဂိုဏ်းချုပ်ကို သတင်းပို့ရရင်…" ဖန်တုံက ရိုသေစွာ ဦးညွှတ်ပြီး ပြောသည်။ "ဒီနေ့ ကျွန်မ ဘာလုပ်ရမှန်း မသိလို့ ဂိုဏ်းအတွက် ဗေဒင်တွက်ကြည့်လိုက်တာ။ မိစ္ဆာမျိုးနွယ်က တောင်တန်းတစ်သောင်းကနေ ထွက်လာပြီး ချင်းယွန်ဘုံကို အကြီးအကျယ် ကျူးကျော်လာလိမ့်မယ်လို့ လုံးဝ မထင်ထားခဲ့ဘူး။ သူတို့ရဲ့ ပစ်မှတ်တွေထဲမှာ လရိပ်ဂိုဏ်းလည်း ပါတယ်။"

"နားလည်ပြီ။" လီချင်းရန် မတ်မတ်ထိုင်လိုက်ရာ သူ၏အမူအရာ လေးနက်သွားသည်။

တခြားသူများက ဗေဒင်ဆရာမလေး ပြောသည်ကို သံသယ ရှိကောင်းရှိနိုသော်လည်း သူနှင့် သူ၏ဆရာက စမ်းသပ်အတည်ပြုပြီးနောက် အကောင်မလေးက ကောင်းကင်၏လျှို့ဝှက်ချက်တွေကို ချောင်းကြည့်သည့်နေရာတွင် အတော်လေး ကျွမ်းကျင်ကြောင်း တွေ့ခဲ့ရသည်။

ထို့ကြောင့် တောင်တန်းတစ်သောင်းမှ မိစ္ဆာမျိုးနွယ်များ ထွက်လာပြီဆိုသည်မှာ သေချာ၏။

"မိစ္ဆာမျိုးနွယ်က ငါ့ရဲ့ လရိပ်ဂိုဏ်းကို ကျူးကျော်နေပြီ ဆိုတာကိုကော ကြိုမြင်ခဲ့တာလား။" လီချင်းရန် ထပ်မေးလိုက်သည်။

"မမြင်ခဲ့ဘူး။" ဖန်တုံ ခေါင်းခါပြသည်။ "ကောင်းကင်ရဲ့ လျှို့ဝှက်ချက်တွေကို အပြည့်အဝ မြင်လို့ မရဘူး။ ကောင်းကင်တာအိုနဲ့ ကံကြမ္မာက ကောင်းကင်ရဲ့လျှို့ဝှက်ချက်တွေကို ကျွန်မ ထိုးထွင်းသိမြင်မှုအပေါ် အနှောင့်အယှက် ပေးလိမ့်မယ်။ ကောင်းကင်နဲ့ မြေကြီးပေါ်က အရာအားလုံးက ပြောင်းလဲနေတဲ့ အခြေအနေမှာ ရှိတယ်လို့ နားလည်လို့ ရပါတယ်။ ဒါကြောင့် ကြိုတင် ပြင်ဆင်ထားမယ်ဆိုရင် လရိပ်ဂိုဏ်းက ဒီအကျပ်အတည်းကို ကျော်လွှားနိုင်မယ့် အခွင့်အရေး ရှိပါတယ်။"

လီချင်းရန် ခဏတာ စဉ်းစားလိုက်ပြီးနောက် ယွဲ့ချန်ချီကို လှည့်ကြည့်လိုက်သည်။

"စီနီယာအစ်မယွဲ့။ ဒီကိစ္စက အရမ်းအရေးကြီးတယ်။ အကြီအကဲတွေကို အဓိကခန်းမဆီ အစည်းအဝေး ခေါ်ပေးပါ။"

"ကောင်းပြီ။" ယွဲ့ချန်ချီက အခြေအနေ အရေးပေါ်မှန်း သိသဖြင့် ခန်းမထဲမှ အမြန် ထွက်ခွာသွားသည်။

ခဏအကြာ ကျန်းမုန့်ချူး၊ လီကျစ်ဖျင်၊ စုချီနျန်နှင့် လရိပ်ဂိုဏ်း၏ အခြားသော အဓိကအဖွဲ့ဝင်များ ရောက်ရှိလာကြသည်။

ချက်ချင်းပင် ခန်းမတစ်ခုလုံးသည် ပေါင်းစည်းခြင်းအဆင့် သို့မဟုတ် ထိုထက်မြင့်သော အဆင့်ရှိ ရှေးဟောင်းဘီလူးကြီးများ၏ အရှိန်အဝါဖြင့် လွှမ်းခြုံသွားသည်။

သာမန်တပည့်များဆိုလျှင် ဤကြောက်မက်ဖွယ်ရာ အရှိန်အဝါအောက်တွင် ကြောက်လန့်တကြား တုန်ယင်နေရုံသာ ရှိနေမည်ဖြစ်သည်။

သို့သော် လီချင်းရန်မှာ မည်သို့မျှ ထိခိုက်မှု မရှိခဲ့ပေ။

သူက ဆရာ့၏အရှိန်အဝါကို ကျင့်သားရနေပြီဖြစ်ရာ ဤဟင်းလင်းပြင်ပေါင်းစည်းခြင်းနှင့် ပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူများက သူ့အတွက် ဘာမှမဟုတ်ပေ။

"မိစ္ဆာမျိုးနွယ် ကျူးကျော်လာတော့မယ်ဆိုတဲ့ ဟောကိန်းကို အားလုံးသိပြီးလောက်ပြီ ထင်ပါတယ်။"

"ကျွန်မတို့ရဲ့ လရိပ်ဂိုဏ်းလည်း ဒီမိစ္ဆာတွေရဲ့ တိုက်ခိုက်မယ့် အတိုင်းအတာထဲမှာ ပါတယ်။ တန်ပြန် အစီအမံတွေကို ဆွေးနွေးဖို့ ဒီနေ့ ရှင်တို့အားလုံးကို ဖိတ်ခေါ်လိုက်တာပါ။"

ကျန်းမုန့်ချူးနှင့် လီကျစ်ဖျင်တို့ အချင်းချင်း ကြည့်လိုက်ပြီး ကျန်းမုန့်ချူးက ပထမဆုံး လက်ယှက်ကာ နှုတ်ဆက်လိုက်သည်:

"ဂိုဏ်းချုပ်၊ မိစ္ဆာမျိုးနွယ်တွေက တောင်တန်းတစ်သောင်းထဲကို မောင်းထုတ်ခံထားရတာ နှစ်ပေါင်းများစွာ ကြာပါပြီ။ မိစ္ဆာမျိုးနွယ်ကို အားနည်းပြီး ထိခိုက်လွယ်တယ်လို့ လူအများစုက ထင်ကြပေမယ့် ဒီနှစ်တွေအတွင်း အားမွေးပြီးတော့ သူတို့ရဲ့ ခွန်အားတွေ အများကြီး ပြန်လည်ကောင်းမွန်လာလောက်ပါပြီ။"

"အခု တံခါးပိတ်ထားရာကနေ ရဲရဲဝံ့ဝံ့ ထွက်လာပြီဆိုတော့ သူတို့တွေက ပြင်ဆင်မှုတွေ လုပ်ထားပြီးသား ဖြစ်ရမယ်။ ချင်းယွန်ဘုံကို နောက်တစ်ကြိမ် ဖျက်ဆီးဖို့ သူတို့ ရည်ရွယ်ချက်တွေ ရှိနေနိုင်ခြေ အရမ်းများတယ်; ကျွန်တော်တို့ အရမ်း သတိထားရပါမယ်။"

ဤစကားကို ကြားသောအခါ ဗေဒင်ဆရာမလေး အနည်းငယ် စိတ်သက်သာရာ ရသွားသည်။

ဟင်းလင်းပြင်ပေါင်းစည်းခြင်းအဆင့် ရှေးဟောင်းဘီလူးကြီးများ၏ ထိုးထွင်းသိမြင်မှုများက သာမန် တပည့်များထက် များစွာ ပိုမို၍ရင့်ကျက်သည်ဟုသာ ဆိုရပေမည်။

သာမန်တပည့်များက လူသားများ၏ အတိတ်ကကြီးကျယ်ခမ်းနားမှုထဲတွင် နစ်မွန်းနေကြချိန် ထိုဟင်းလင်းပြင်ပေါင်းစည်းခြင်းအဆင့် ရှေးဟောင်းဘီလူးကြီးများက ငြိမ်းချမ်းနေသည့် အချိန်၌ပင် ဖြစ်နိုင်သည့် အန္တရာယ်များကို ကြိုတင် တွေးတောနေကြပြီ ဖြစ်သည်။

လီကျစ်ဖျင်က လက်အုပ်ချီကာ စကားဆက်လိုက်သည်။ "ဂိုဏ်းချုပ်၊ အဘိုးကြီးကျန်း ပြောတာတွေ အားလုံးက အဓိပ္ပာယ်မရှိတာတွေပါ။ လက်တွေ့ကျတာ တစ်ခု ပြောပြမယ်။ အခုဆိုရင် ဘိုးဘေးကြီးရဲ့ ကမ္ဘာငယ် အထောက်အပံ့ ရထားပြီဆိုတော့ အကျပ်အတည်း ကြုံလာရင် ကမ္ဘာငယ်ထဲကို ဆုတ်ခွာလို့ ရပါတယ်။"

"ဒါပေမဲ့ ဒီလိုဆုတ်ခွာတာက လရိပ်ဂိုဏ်းရဲ့ပုံစံ မဟုတ်ဘူး။ မိစ္ဆာမျိုးနွယ်က ချင်းယွန်ဘုံ တစ်ခုလုံးက ဂိုဏ်းအားလုံးကို ကျူးကျော်နေတာ။ အခု လရိပ်ဂိုဏ်းက မြင့်မြတ်နယ်မြေသုံးခုရဲ့ အင်အားတွေကို ပေါင်းစည်းထားပြီဆိုတော့ တာဝန်ယူရမှာက ကျွန်တော်တို့ရဲ့ တာဝန်ပဲ။ အသိုက်အုံ ဖျက်ဆီးခံရရင် ဥတွေလည်း ကွဲရမှာပဲဆိုတာ ကျွန်တော်တို့ သိထားရမယ်။"

လီချင်းရန်၏ မူလအကြံအစည်မှာ ကိုယ်ပိုင်မြေကွက်ငယ်လေးကို ကာကွယ်ရန် သက်သက်သာ ဖြစ်သည်။

သို့သော် လီကျစ်ဖျင်၏ စကားများက သူ့ကို စိတ်ကူးသစ်များ ရရှိစေခဲ့သည်။

ချင်းယွန်ဘုံတွင် ယခုအခါ လရိပ်ဂိုဏ်းသာမက အခြားသောဂိုဏ်းများလည်း ပါဝင်နေသည်။

ပုံမှန်အားဖြင့် ဤဂိုဏ်းများကို သိမ်းသွင်းရန် ကြိုးစားခြင်းက အငြင်းပွားမှုများကို သေချာပေါက် ဖြစ်ပေါ်စေမည် ဖြစ်သော်လည်း ယခုတွင်မူ...

သူက မော့ကြည့်ကာ လူအားလုံးကို အကဲခတ်လိုက်ပြီးနောက် ဆုံးဖြတ်ချက်တစ်ခု ချလိုက်သည်။ "ပြင်ပခြိမ်းခြောက်မှု ရှိလာတဲ့အခါ ဒါက ကျွန်မတို့ လူသား ကျင့်ကြံသူတွေ တစ်စည်းတစ်လုံးတည်း ပူးပေါင်းရမယ့် အချိန်ပဲ။ အတူတကွ ပူးပေါင်းလုပ်ဆောင်မှပဲ မိစ္ဆာမျိုးနွယ်ရဲ့ ခြိမ်းခြောက်မှုကို လုံးဝ ဖယ်ရှားနိုင်မှာ။ တခြားဂိုဏ်းတွေကို အခုချက်ချင်း အကြောင်းကြားပြီတော့ မိစ္ဆာကျူးကျော်မှုကို ပူးပေါင်း တိုက်ခိုက်ဖို့ ဂိုဏ်းအားလုံးကို ပေါင်းစည်းသင့်တယ်။"

ဤစကားများကို ပြောလိုက်သည့်အခါ….

ရှေးဟောင်းဘီလူးကြီးများ လီချင်းရန်ကို ကြည့်သည့်အကြည့်များ ပြောင်းလဲသွားသည်။

ဘိုးဘေးကြီး၏တပည့် ဖြစ်ရသည်မှာ အမှန်တကယ်ကို ထိုက်တန်သည်ဟု သူတို့ အားလုံး ချီးကျူးလိုက်ကြသည်။

အခြားဂိုဏ်းများအား သိမ်းသွင်းခြင်းကို ဖြောင့်မတ်ပြီး လေးစားစရာကောင်းသော နည်းလမ်းဖြင့် ဖော်ပြသွားသည် မဟုတ်ပါလား။

"အို၊ ဟုတ်သားပဲ။ နောက်တစ်ခု ရှိသေးတယ်။"

ထိုအချိန်တွင် ဗေဒင်ဆရာမလေးက ရုတ်တရက် ဝင်ပြောလိုက်သည်။

လူတိုင်း မိမိကို ကြည့်နေသည်ကို မြင်သောအခါ သူက အနေခက်စွာ ရယ်မောလိုက်ပြီး တိုးတိုးလေး ပြောသည်။

"အတိအကျပဲ။ ကျွန်မ အရင်က သံသယ ရှိခဲ့ဖူးတယ်။ ကျွန်မတို့ကြားထဲမှာ သစ္စာဖောက် တစ်ယောက် ရှိနေတယ် ဆိုတာကိုလေ။"

...

All Chapters