အခန်း ၂၂၀
Vol. 16 Ch. 220
အပိုင်း(၂၂၀) ကျင့်ကြံရာတွင် ကူညီရန် ဆုလာဘ်တောင်းခံခြင်း
ညအချိန် ရောက်ရှိလာလေပြီ...
ဗုဒ္ဓတိုင်းပြည်မှ ရုတ်တရက် ဝင်ရောက်တိုက်ခိုက်လာမည်ကို ကာကွယ်ရန် မုန့်ချင်ကျိုးက နန်းတော် ပတ်ပတ်လည်တွင် ဓားအကာအကွယ်စနစ်တစ်ခုကို တည်ဆောက်ထားလိုက်သည်။
တောရိုင်းမြေတွင် ကျင့်ကြံခြင်း၏ အထွတ်အထိပ်သို့ ရောက်ရှိနေသူများအတွက်ပင် သာမန်လူတို့၏ ပုံမှန်အသက်ရှင်သန်မှုလက္ခဏာများကို ထိန်းသိမ်းပေးသော အိပ်စက်ခြင်းနှင့် စားသောက်ခြင်းကဲ့သို့သော လုပ်ဆောင်မှုများသည် မလိုအပ်တော့ပေ။
စားသောက်ခြင်းက အာဟာရကို စုပ်ယူရန်အတွက်သာ ဖြစ်သည်။ သို့သော် ကျင့်ကြံသူများသည် နံနက်ခင်းအလင်းရောင်နှင့် ညနေခင်းလရောင်တို့ကို စားသုံးကာ ကောင်းကင်နှင့် မြေကြီး၏ အနှစ်သာရကို စုပ်ယူကြသောကြောင့် စားသောက်ရန် အဘယ်ကြောင့် အားစိုက်ထုတ်နေဖို့ လိုတော့မည်နည်း။
အိပ်စက်ခြင်းက လန်းဆန်းစေရန်အတွက်သာ ဖြစ်သည်။ သို့သော် ပင်လယ်လွှမ်းနယ်ပယ်သို့ ရောက်ရှိသွားသည်နှင့် ဝိညာဉ်စင်မြင့်ပေါ်တွင် တင်ပလ္လင်ခွေထိုင်ရုံဖြင့် ဝိညာဉ်က သူ့အလိုလို ပြန်လည်နာလန်ထူ လာနိုင်ပေသည်။
မုန့်ချင်ကျိုးက ဤအရာများကို ဆက်လက်လုပ်ဆောင်နေရသည့် တစ်ခုတည်းသော အကြောင်းရင်းမှာ သူ၏ လူသားဝိသေသလက္ခဏာများကို ထိန်းသိမ်းထားရန်သက်သက်သာ ဖြစ်၏။
စွမ်းအားများ ပိုမိုအားကောင်းလာသည်နှင့်အမျှ ကောင်းကင်မှ ကြယ်များကို ခူးဆွတ်နိုင်ပြီး လောကကို စိတ်ကြိုက် မှောက်လှန်ပစ်နိုင်သည်။ အကယ်၍ အခြေခံ လူသားလက္ခဏာအချို့ကိုပင် စွန့်လွှတ်လိုက်မည်ဆိုလျှင် အစောပိုင်းဖြစ်စေ နောက်ပိုင်းဖြစ်စေ လူသားဆန်မှုကင်းမဲ့ကာ စိတ်ခံစားမှုများနှင့် ဆန္ဒများကို ဆုံးရှုံးသွားပြီး စက်ရုပ်များကဲ့သို့ ရှင်သန်လာရလိမ့်မည်။
[ လက်ခံသူသည် ကောင်းကင်ဘုံသို့သွားရာလမ်းပေါ်သို့ ခြေချလိုက်ပြီ ဖြစ်သည် ]
[ မျက်ကန်းတစ္ဆေရမ်း ပိုမိုအားကောင်းလာခြင်းက ဝိညာဉ်စွမ်းအင်များကို စုဆောင်းမိစေပြီး ၎င်းသည် တာအိုနိယာမအတွေ့အကြုံအဖြစ် အလိုအလျောက် ပြောင်းလဲသွားသည် ]
[ ယခုမှစ၍ တာအိုအတွေ့အကြုံရမှတ်များသည် အချိန်တိုင်း စုဆောင်းနေမည် ဖြစ်သည် ]
စနစ်၏အသိပေးသံ ထွက်ပေါ်လာလေသည်။
မုန့်ချင်ကျိုး အနည်းငယ် မှင်သက်သွားပြီးနောက် ရယ်မောလိုက်သည်။
ယခင်က စနစ်ချို့ယွင်းသွားပြီဟု သူ ထင်ခဲ့သော်လည်း ယခုတော့ နောက်ကျမှ ရောက်လာခဲ့သည်။
ကောင်းကင်ထောက်တိုင်နယ်ပယ် တက်လှမ်းရန်လမ်းစဉ်ကို ရှာဖွေရန် လမ်းပေါ်သို့ ခြေချလိုက်သည့် အချိန်မှစ၍ ကောင်းကင်နှင့်မြေကြီး၏ ဝိညာဉ်စွမ်းအင်က သူ့အပေါ် အကျိုးသက်ရောက်မှု မရှိတော့ပေ။
မိမိကိုယ်ကို တာအိုအဖြစ် အသွင်ပြောင်းခြင်းက အပြင်မှအတွင်းသို့ ရွေ့လျားသော ဖြစ်စဉ်တစ်ခုပင်။
မိမိ၏နယ်ပယ်ကို မြှင့်တင်နိုင်သည့် တစ်ခုတည်းသော နည်းလမ်းမှာ ဝိညာဉ်စွမ်းအင်များကို စုပ်ယူခြင်းမှ တာအိုနိယာမများကို နားလည်သဘောပေါက်ခြင်းသို့ ကူးပြောင်းကာ အတွင်းစကြာဝဠာ၏ သံသရာကို တဖြည်းဖြည်း ပြည့်စုံအောင်ပြုလုပ်ခြင်း ဖြစ်သည်။
ခန္ဓာကိုယ်ထဲတွင် စိုက်ပျိုးထားသော အချိန်-နေရာလွတ် လမ်းကြောင်း၏ အကိုင်းအခက်က ပိုမို၍ ကျယ်ပြန့်စွာ ဖြာထွက်လာလေလေ ကျင့်စဉ်အဆင့်က ပိုမိုမြင့်မားလာလေလေ ဖြစ်သည်။
၎င်းကပင် စနစ်တွင် ပြောင်းလဲသွားသောအရာ ဖြစ်သည်။ ၎င်းသည် ဝိညာဉ်စွမ်းအင် အတွေ့အကြုံကို အလိုအလျောက် စုဆောင်းပေးခြင်းမရှိတော့ဘဲ တာအိုနိယာမ အတွေ့အကြုံကိုသာ စုဆောင်းပေးကာ အဓိကအားဖြင့် ကျင့်ကြံမှုအကူအညီ တစ်ခုအဖြစ် လုပ်ဆောင်ပေးနေခြင်း ဖြစ်သည်။
"ဗုဒ္ဓတိုင်းပြည်က တကယ်ကို ဘာအသံမှ ထွက်မလာဘူးပဲ။"
"ငါ ဇန်ဗုဒ္ဓဘာသာရဲ့ အခြေခံအုတ်မြစ်ကို လှုပ်ခါပစ်ပြီး ဗုဒ္ဓမြေရဲ့ မျက်နှာအမှန်ကို ကြေညာပြီးတော့ သတ္တဝါတွေရဲ့ဆန္ဒကို ဟန့်တားခဲ့တာတောင်မှ နည်းနည်းလေးတောင် တုံ့ပြန်မှု မရှိဘူး။ အတ္တကင်းမဲ့ဗုဒ္ဓက အိမ်မှာပဲ နေနေပြီးတော့ အရဟတ္တတစ်ပါး ဒါမှမဟုတ် ဗောဓိသတ္တတစ်ပါးတောင် ရောက်မလာကြဘူး။"
"ကောင်းကင်ပြည်နယ်ပေါင်းစည်းမယ့်နေ့မတိုင်အထိ တောရိုင်းမြေကို တစ်ပြိုင်နက်တည်း ပေါင်းစည်းဖို့ တကယ်ပဲ စောင့်ရတော့မှာလား။"
အစီအစဉ် ပျက်သွားသောအခါ မုန့်ချင်ကျိုး အနည်းငယ် စိတ်ပျက်သွားသည်။
မူလက ထိုအရဟတ္တများနှင့် ဗောဓိသတ်များကို အသုံးချပြီး သူ၏စွမ်းရည်တွေကို သွေးတိုးစမ်းကာ ကောင်းကင်ထောက်တိုင်အဆင့်သို့ ဖောက်ထွက်ရန် တွေးထားခဲ့သည်။ ထိုအခါမှသာ ဗုဒ္ဓတိုင်းပြည်၏ အခြေခံအုတ်မြစ်ကိုလည်း အားနည်းသွားစေမည် မဟုတ်ပါလား။
ဝတ္ထုထဲမှ အရာအားလုံးက အတုအယောင်များသာ ဖြစ်ပုံရသည်။
မုန့်ချင်ကျိုးသည် စတင်ပွဲထွက်လာကတည်းက ဤကဲ့သို့သော မြင်ကွင်းမျိုးကို တစ်ခါမျှ မကြုံဖူးပေ။ လက်အောက်ငယ်သားများကို တစ်ယောက်ပြီးတစ်ယောက် သေတွင်းထဲသို့ လွှတ်လိုက်ခြင်းပင်...
သူတို့က အစွမ်းကုန်တိုက်ရင်တိုက် မတိုက်လျှင် ငြိမ်နေသည်။ အကယ်၍ သူတို့က အမှန်တကယ် စိတ်ပိုင်းဖြတ်ထားမည်ဆိုလျှင် ဝှက်ဖဲများအားလုံးကို တစ်ပြိုင်နက်တည်း ဖွင့်ချပေလိမ့်မည်။
ငါတို့ ကျောက်ယွီဟွမ်ကို တိုက်ခိုက်ခဲ့ပေမယ့် ဘာမှတော့ သိပ်မဖြစ်ခဲ့ဘူး။ သူက ငါတို့အားလုံးကို ဖျက်ဆီးပစ်ဖို့ ရည်ရွယ်ချက်နဲ့ ပြင်းပြင်းထန်ထန် ဝင်ရောက်လာခဲ့တယ်။
တိုင်းပြည်(၇)ပြည်အဖွဲ့က မျိုးဆက်သစ်လူငယ်အချို့ သေဆုံးသွားတော့ သူတို့တွေ မဟာမိတ်ဖွဲ့ပြီးတော့ အင်တိုက်အားတိုက် အစွမ်းကုန် တိုက်ခိုက်ခဲ့ကြတယ်။
ဂိုဏ်းပေါင်းစုံမဟာမိတ်အဖွဲ့မှာ အဖွဲ့ဝင်ဒါဇင်နဲ့ချီ ခိုးထည့်ခဲ့တာကို ထည့်မတွက်ရင်တောင် သူတို့က ကျိဝူရွှမ်ကိုပါ သူတို့ရဲ့စစ်ရထားပေါ်ကို ဆွဲတင်ခဲ့သေးတယ်။
အခု ဗုဒ္ဓတိုင်းပြည်ကလည်း အဲဒီလိုပဲ။ ပျော်ရွှင်ခြင်းအရဟတ္တ သေဆုံးပြီးတော့ ပုန်းအောင်းပြီး ဆုတ်ခွာသွားတယ်။ ကောင်းကင်ထောက်တိုင်အဆင့်ကို ဖောက်ထွင်းပြီးတာတောင် တည်တည်ငြိမ်ငြိမ်ပဲနေနေပြီး ဝှက်ဖဲတွေအားလုံးကို တစ်ပြိုင်နက်တည်း ထုတ်သုံးဖို့ အကောင်းဆုံးအခွင့်အရေးကို စောင့်ဆိုင်းနေတယ်။
"စိတ်အနှောင့်အယှက်ဖြစ်စရာပဲ။"
"သံသယရှိနေတဲ့အခါ တစ်ရေးလောက်အိပ်လိုက်ပြီး ဘာဆက်ဖြစ်မလဲ စောင့်ကြည့်ရမှာပေါ့။"
မုန့်ချင်ကျိုးက အိပ်ခန်းထဲသို့ ပြန်လာခဲ့သည်။ မျက်မမြင်တစ်ယောက်အတွက် မီးထွန်းရန် မလိုအပ်ဟု ထင်ရသောကြောင့် မီးအိမ်ထွန်းရမည်ကို ပျင်းရိနေကာ ကုတင်ဘေးသို့ တန်းသွားလိုက်သည်။ အပေါ်ဝတ်ရုံကို ချွတ်၊ မျက်လုံးစည်းကိုဖယ်ရှားလိုက်ပြီး စောင်ကိုမကာ အထဲသို့ ဝင်အိပ်လိုက်သည်။
"ဟမ်။"
"တစ်ခုခုက နူးနူးညံ့ညံ့ကြီး ဖြစ်နေတယ်။"
မုန့်ချင်ကျိုးက စောင်ထဲသို့ ဝင်လိုက်သည်နှင့် နွေးထွေးပြီး သက်တောင့်သက်သာဖြစ်မှုကို ခံစားလိုက်ရသည်။ ဘေးဘက်သို့ လက်လှမ်းကာ စမ်းသပ်ကြည့်လိုက်သောအခါ နူးညံ့သော အရာတစ်ခုကို ညှစ်မိသွားသည်။ ဘာဖြစ်နေမှန်း သူ ချက်ချင်း နားလည်သွားပြီး မျက်ခုံးများ လှုပ်ခတ်သွားလေသည်။
ငါ့ကုတင်ပေါ်မှာ ဘယ်သူလဲ...
"သခင်... ကျွန်မပါ..."
"ရှီးယွဲ့။ ကုတင်နွေးပေးမယ်ဆိုတာက စနောက်တာလို့ ငါ မင်းကို မပြောခဲ့ဘူးလား။ မင်းက ဘယ်လိုလုပ် အတည်ပေါက်ကြီး ယူဆရတာလဲ။"
တုန်းဖန်လျူလီက ကိုယ်ရောင်ဖျောက်ကာ စောင်အောက်တွင် အချိန်အတော်ကြာ ပုန်းနေခဲ့သည်။ နောက်ဆုံးတော့ သူ၏သားကောင် အိမ်ပြန်ရောက်လာသည်ကို မြင်သောအခါ ဟန်ဆောင်နေသည်များကို ဖယ်ချလိုက်ပြီး ရေဘဝဲတစ်ကောင်ကဲ့သို့ သူ၏ခါးကို သိုင်းဖက်ကာ ညင်ညင်သာသာနှင့် ချိုချိုသာသာလေး ပြောလိုက်သည်။
"သခင်... ကျွန်မမှာ တောင်းဆိုစရာလေးတစ်ခု ရှိလို့ပါ။"
မုန့်ချင်ကျိးက ခေါင်းများထိုးကိုက်လာသဖြင့် နားထင်ကို ပွတ်သပ်လိုက်ပြီး တင်းမာစွာဖြင့် ပြောသည်။ "မင်း ပြောစရာရှိရင် အရင်ထလိုက်။"
"ငါက အိမ်ထောင်သည် တစ်ယောက်လေ။ မင်း မလျော်ကန်တာတစ်ခုခုလုပ်ဖို့ ရည်ရွယ်နေတာလား..."
တုန်းဖန်လျူလီ၏လက်ချောင်းထိပ်လေးများက သူ၏ခန္ဓာကိုယ်ပေါ်တွင် ပွတ်ဆွဲကာ တဖြည်းဖြည်း အောက်ဘက်သို့ ရွေ့လျားသွားသည်။ သူက မျက်နှာဖုံးကို ဖယ်ရှားလိုက်ပြီး ကောက်ကျစ်သော အပြုံးလေးက အထူးပင် ဆွဲဆောင်မှုရှိလှသည်။
"ဘယ်လိုပဲဖြစ်ဖြစ် သူက ဒီမှာမှ မရှိတာ။ ဘာကို ကြောက်စရာရှိလို့လဲ။ ပြီးတော့ ဒီလောကမှာ သခင့်လို ခမ်းနားတင့်တယ်တဲ့ ယောက်ျားတစ်ယောက်ကို အားမကျတဲ့မိန်းမဆိုတာ ရှိပါ့မလား။ သခင့်ကို ကုတင်ပေါ်မှာ ပြုစုပေးရတာက..."
"ဒီအစေခံက သခင့်ရဲ့ အရသာကို မြည်းစမ်းချင်ပြီး ဆုလာဘ်တစ်ခုလောက် တောင်းဆိုချင်လို့ပါ။"
မုန့်ချင်ကျိုးမှာ သူ၏ဇနီးသည် ယခုတစ်ကြိမ် မည်သည့်အရာများ ကြံစည်နေကြောင်း လုံးဝကို နားမလည်နိုင်အောင် ဖြစ်သွားရသည်။ ရုတ်တရက်ဆိုသလို သူ၏ ခန္ဓာကိုယ်အောက်ပိုင်း ကြက်သီးမွေးညင်းများ ထသွားပြီး နတ်ဆိုးလေးများအဖြစ်အသွင်ပြောင်းသွားသော တုန်းဖန်လျူလီ၏ လက်ချောင်းများကို အမြန် ဖမ်းဆုပ်လိုက်ကာ ဒေါသထွက်ချင်ယောင်ဆောင်ပြီး ပြောလိုက်သည်။
"ဘယ်နေရာတွေကို လာကိုင်နေတာလဲ…"
"အောက်ဆင်းစမ်း..."
"ပြီးတော့ မင်းက ငါ့မိသားစုထဲကို ဝင်လာတာ မကြာသေးသလို ငါ့နောက်ကို လိုက်လာတာလည်း အချိန်တိုလေးပဲ ရှိသေးတယ်။ မင်းက ဘာတစ်ခုမှ အောင်မြင်အောင် မလုပ်ရသေးဘဲနဲ့ ငါက ဘာလို့ မင်းကို ဆုချရမှာလဲ။"
တုန်းဖန်လျူလီက သူ၏လည်ပင်းတွင် မျက်နှာအပ်လိုက်ပြီ သူ၏ထူးခြားလှသော ယောက်ျားပီသသည့် ရနံ့ကို လောဘတကြီး ရှူရှိုက်လိုက်ကာ ညုတုတုအသံလေးဖြင့် ပြောလိုက်သည်။
"ကြောက်စရာရန်သူကြီး ရောက်လာတော့မယ့်အချိန် သခင့်မှာ လူအင်အားလည်းနည်းနေပြီးတော့ အင်အားချင်းလည်း မယှဉ်နိုင်ဘူးလေ။ ခက်ခဲနေတဲ့အချိန်မှာ ကျွန်မက ကူညီပေးဖို့ ရောက်လာခဲ့တာပါ။ အဲဒါက ကုသိုလ်ရစရာ မဟုတ်ဘူးလား။ မကြာခင်မှာ ဗုဒ္ဓတိုင်းပြည်က အင်အားကြီးမားတဲ့ တိုက်ခိုက်မှုတစ်ခုကို စတင်တော့မယ်။ ကျွန်မက ရှင့်ရဲ့ တစ်ဦးတည်းသောထောက်တိုင် ဖြစ်လာမှာပါ။ စုချင်ချိုးနဲ့ ဝူတျဲတို့က အားနည်းလွန်းလို့ ဘာမှ အသုံးမဝင်နိုင်ဘူး မဟုတ်လား။"
"အကျပ်အတည်းကာလမှာ အရေးကြီးတဲ့တာဝန်တစ်ခုကို အပ်နှင်းခံရတာက ဧကရာဇ်နောက်ကို လိုက်ရတဲ့ ကုသိုလ်ရစရာ လုပ်ရပ်တစ်ခုအနေနဲ့ အမြဲတမ်းသတ်မှတ်ခံရတယ်။ ဒါကြောင့် ကျွန်မက ကြိုတင်ပြီး ဂုဏ်ယူရဲသလို သခင့်ကိုလည်း ကျွန်မရဲ့ကျင့်ကြံမှုမှာ ကူညီပေးဖို့ တောင်းဆိုချင်တယ်။ အဆင်ပြေမလား။"
သူက ထိုသို့ ပြောရင်း...
တုန်းဖန်လျူလီ၏ လက်များနှင့် ခြေထောက်များက စတင်လှုပ်ရှားလာခဲ့သည်။ သူက ခါးပတ်ကို ဖြေလျှော့လိုက်ပြီး အေးမြသောပိုးသားညအိပ်ဝတ်စုံကို ဖြည်းညှင်းစွာ ချွတ်လိုက်ကာ မုန့်ချင်ကျိုး၏ အဝတ်အစားများကို ကူညီချွတ်ပေးလိုက်သည်။
ထို့နောက် သူက မုန့်ချင်ကျိုး၏ခါးပေါ်သို့ ခွတက်လိုက်ပြီး မုန့်ချင်ကျိုး၏ ခေါင်းကို တစ်ဖက်တစ်ချက်စီမှ ထိန်းကိုင်ကာ ခေါင်းကို ဖြည်းညှင်းစွာ ငုံ့လိုက်သည်။ သူတို့နှစ်ဦး နီးကပ်သွားချိန်တွင် သူ၏အနက်ရောင် ဆံပင်ရှည်များက သူတို့၏ မျက်နှာများကို ဖုံးကွယ်သွားခဲ့သည်။
သူတို့နှစ်ဦးကြား လက်တစ်လုံးစာမျှသာ ကွာဝေးတော့သည့်အချိန်တွင် တုန်းဖန်လျူလီက ရုတ်တရက် ရပ်တန့်လိုက်ပြီး ညှို့ယူဖမ်းစားနိုင်သောလေသံဖြင့် ပြောလိုက်သည်။
"သခင်... သခင်က တကယ့်ကို ဟန်ဆောင်ကောင်းတဲ့သူပဲ။ ကျွန်မရဲ့ ခန္ဓာကိုယ်ကို တပ်မက်နေတာ သိသာနေပေမယ့် လူကြီးလူကောင်းတစ်ယောက်လို ဟန်ဆောင်နေတယ်ပေါ့။"
"တကယ့် လူဆိုးမလေးပဲ။"
မုန့်ချင်ကျိုးက ဖြောင့်မတ်စွာ လှဲလျောင်းနေပြီး တိတ်ဆိတ်ကာ သူ၏ကံကြမ္မာကို လက်ခံလိုက်သည့်ပုံ ပေါ်နေသည်။
"သခင်... ကျွန်မရဲ့ ကျင့်ကြံမှုမှာ သခင့်ရဲ့အကူအညီ လိုအပ်နေတယ်။"
"အဓိပ္ပာယ်မရှိတာတွေ တော်တော့၊ လာခဲ့စမ်း..."
"ဟီးဟီး... ဆုချတဲ့အတွက် ကျေးဇူးတင်ပါတယ်။ သခင်။"
...
ညအချိန် ရောက်လာသည်နှင့်အမျှ ဖားများ၏ အသံပေါင်းစုံက လေထုထဲတွင် ပဲ့တင်ထပ်နေလေသည်။
ဝူတျဲနှင့် စုချင်ချိုးတို့က ဒူးများကို ပိုက်ထားကြပြီး ရေကန်ထဲမှ အော်မြည်နေသော ဖားများကို ငေးမောကြည့်နေကြသည်။ သူတို့နှစ်ယောက် အချင်းချင်း အကြည့်ချင်း ဖလှယ်လိုက်ကြပြီး မုန့်ချင်ကျိုး၏ အိပ်ခန်းရှိရာဘက်သို့ လှည့်ကြည့်လိုက်ကြသည်။
"ချင်ချိုး... နင် ငါ့ကို ရုပ်ဆိုးတယ်လို့ထင်လား။" ဝူတျဲက ရုတ်တရက် မေးလိုက်ပြီး သူ၏ လှပသော မျက်ဝန်းများထဲတွင် ဝမ်းနည်းမှုနှင့် စိတ်ပျက်အားငယ်မှုတို့ ပြည့်နှက်နေသည်။
ထိုစကားကို ကြားသောအခါ စုချင်ချိုးက အတွေးရေယာဉ်ကြောမှ ရုန်းထွက်လာပြီး ဝူတျဲ၏မျက်နှာကို ဂရုတစိုက် ဆန်းစစ်ရန် အနားသို့ ကပ်သွားကာ မှတ်ချက်ချလိုက်သည်။
"နည်းနည်းလေးတောင် ရုပ်မဆိုးပါဘူး။ မိန်းမလှတစ်ယောက် ဖြစ်လာမယ့်သူပါ။ အကယ်လို့ လောကကြီးက အလှပန်းလေးတွေအားလုံးကို အဆင့်သတ်မှတ်မယ်ဆိုရင် ဧကရီက ထိပ်တန်းအဆင့်မှာ ရှိနေပြီး နင်က ဒုတိယအဆင့်မှာ ရှိလိမ့်မယ်။"
ဝူတျဲက ခံစားချက်မဲ့စွာဖြင့် မေးလိုက်သည်။
"ဒါဆို ဘာလို့ ဘယ်လိုရုပ်ရည်ရှိမှန်းတောင် မသိရတဲ့ အစေခံအသစ်တစ်ယောက်က သခင်လေးရဲ့မိန်းမ ဖြစ်သွားရတာလဲ။"
စုချင်ချိုးက မျက်လုံးများကို သိသာစွာ လှန်ပြလိုက်ပြီး ပွင့်ပွင့်လင်းလင်းပင် ပြောလိုက်သည်။
"အဓိပ္ပာယ်မရှိတာ..."
"သခင်လေးက အလှအပ ဒါမှမဟုတ် ရုပ်ဆိုးတာတွေကို ဂရုစိုက်လို့လား။"
ဝူတျဲ တစ်ခဏမျှ မှင်သက်သွားပြီးနောက် ခေါင်းညိတ်လိုက်သည်။ "အဲဒါတော့ မှန်တယ်။"
…