← Chapters

အခန်း ၂၂၃

Vol. 16 Ch. 223

အခန်း ၂၂၃

Vol. 16 Ch. 223

အပိုင်း(၂၂၃) အတ္တမရှိ၊ ပုံသဏ္ဍာန်မရှိ၊ အကြောင်းအကျိုးမရှိ

"ကျန်းစန်းဟိုင်က စစ်သည်တစ်သန်းကို ဦးဆောင်ပြီး ဒီကနေ မိုင်နှစ်သောင်းလောက်ကွာဝေးတဲ့ မြောက်ဘက်အိုအေစစ်မှာ တပ်စွဲထားတယ်။"

"ဒါပေမယ့် လွန်ခဲ့တဲ့လဝက်လောက်က ကျန်းစန်းဟိုင် သူ့တပ်တွေကို အုပ်စုနှစ်စုခွဲလိုက်တယ်။ တစ်အုပ်စုက လူစုခွဲပြီး ပြောက်ကျားစစ်ဆင်ရေးဆင်ဖို့ ကန္တာရထဲကို ဝင်သွားတယ်။ ကျန်တဲ့တစ်အုပ်စုကတော့ သဲလွန်စမကျန် ပျောက်ကွယ်သွားတယ်။ ကျန်းစန်းဟိုင်ကိုယ်တိုင်ကတော့ အိုအေစစ်ကို ကာကွယ်ဖို့အတွက် တိုက်ကြီးတစ်ခုပေါ်မှာ တပ်စွဲထားပြီး ဘယ်အချိန်မဆို အသေခံဖို့ အဆင်သင့်ဖြစ်နေတဲ့ပုံစံ ပေါက်နေတယ်။"

"အရဟတ္တတွေနဲ့ ဗောဓိသတ္တတွေကတော့ ကရုဏာထားကြပါတယ်။ ကျန်းစန်းဟိုင် အသက်ကြီးနေပြီ ဆိုတာကိုသိလို့ သူ့ကို သိပ်မဖိအားပေးဘဲ ပြဿနာရှာခွင့် ပေးထားလိုက်တယ်။ ဘာပဲဖြစ်ဖြစ် ဗုဒ္ဓတိုင်းပြည်က ကျယ်ဝန်းပြီး တောရိုင်းမြေတစ်ခုလုံးရဲ့ သုံးပုံတစ်ပုံလောက်ကို သိမ်းပိုက်ထားတာဆိုတော့ ပြဿနာမရှိပါဘူး။"

ဘုန်းကြီးအိုက အနည်းငယ် တုံ့ဆိုင်းနေပါက သီလဖောက်ဖျက်ရန် အတင်းအကျပ် ခိုင်းစေခံရမည်ကို ကြောက်ရွံ့ကာ သူသိထားသော အချက်အလက်အားလုံးကို တစ်ဟုန်ထိုး လျင်မြန်စွာ ပြောပြလေသည်။

မုန့်ချင်ကျိုးက သူ၏လက်ဝါးကို ဘုန်းကြီးအို၏ကတုံးပေါ်သို့ ဖိတင်လိုက်ပြီး ခဏမျှ ကစားနေရင်း သူ့ဘာသာ တိုးတိုးလေး ရေရွတ်လိုက်သည်။

"တပ်တွေကို ခွဲလိုက်တယ်...ဟုတ်လား။"

"တပ်ဖွဲ့တစ်ဖွဲ့တည်းကိုပဲ ပြောက်ကျားစစ်ဆင်နွှဲဖို့ လွှတ်လိုက်တာ ဘာအဓိပ္ပာယ်ရှိလို့လဲ။ ဗုဒ္ဓတိုင်းပြည်ရဲ့ ဝိုင်းထားပေမယ့်မတိုက်ခိုက်ဘူးဆိုတဲ့ ဗျူဟာကို ကျွန်တော်တောင် နားလည်နိုင်ပါတယ်။ ကိုယ့်တပ်တွေကို ခွဲပြီး အချိန်ဆွဲနေဖို့ မလိုအပ်ပါဘူး။"

တစ်ခဏမျှ ရပ်တန့်ပြီးနောက် မုန့်ချင်ကျိုးက တုံ့ဆိုင်းစွာဖြင့် ပပြောလိုက်သည်။

"ကတုံးကြီး... ခင်ဗျားက သတင်းအချက်အလက်တချို့ကို ဖုံးကွယ်ထားတာလား။"

သူက ထိုသို့ပြောရင်း ဘုန်းကြီးအို၏ ဓားကိုင်ထားသော လက်ကောက်ဝတ်ကို ဆုပ်ကိုင်ကာ သားရဲ၏ ဗိုက်ထဲသို့ သုံးပေခန့်အထိ တွန်းသွင်းလိုက်သည်။ ဓားက သားရဲ၏အရေပြားကို ဖောက်ထွင်းသွားပြီး တောက်ပသော အနီရောင်သွေးစက်အချို့ စိမ့်ထွက်လာ၏။

ဘုန်းကြီးအို၏ မျက်နှာက ပြာနှမ်းသွားသော်လည်း စိတ်ရှည်သည်းခံကာ ပြောလိုက်သည်။

"ဒီဘုန်းကြီး မသိပါဘူး။ ဒါပေမယ့် အတ္တကင်းမဲ့ဗုဒ္ဓက ပြောတာကို ကြားခဲ့ဖူးတယ်။ ကျန်းစန်းဟိုင်က အမှန်တရားကို ဖုံးကွယ်ဖို့အတွက် သူ့တပ်တွေကို ခွဲလိုက်တာ ဖြစ်နိုင်ပြီးတော့ သူ့ရဲ့ တကယ့်ပစ်မှတ်က ပုလဲပျောက်လျှို့ဝှက်နယ်မြေထဲက လမင်းမျိုးနွယ်စု ဖြစ်နိုင်တယ်လို့ သံသယရှိနေတယ်။"

"လမင်းမျိုးနွယ်စုဆိုတာ ဗုဒ္ဓတိုင်းပြည်နယ်မြေရဲ့ မူလနေထိုင်သူတွေပါ။ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက လမင်းမျိုးနွယ်စုရဲ့ ခေါင်းမာပြီး လက်မခံနိုင်မှုတွေကြောင့် ငါတို့ ဇန်ဗုဒ္ဓဘာသာဂိုဏ်း ကန္တာရထဲကို ဝင်ရောက်လာတာကို တားဆီးခဲ့တယ်။ အဲဒီအတွက် ပဋိပက္ခတွေ ဖြစ်ပွားခဲ့ပြီးတော့ လမင်းမျိုးနွယ်စုက မျိုးတုံး သတ်ဖြတ်ခံခဲ့ရတယ်။ မျိုးနွယ်စုရဲ့ ဆယ်ပုံတစ်ပုံလောက်ပဲ အသက်ရှင်ကျန်ရစ်ပြီးတော့ သူတို့ထဲက တချို့က ပုလဲပျောက်လျှို့ဝှက်နယ်မြေထဲကို ထွက်ပြေးပုန်းရှောင်သွားခဲ့တယ်။ ပြီးခဲ့တဲ့ နှစ်ထောင်ပေါင်းများစွာအတွင်း အဲဒီနေရာကနေ အင်အားကြီးမားတဲ့ ပုဂ္ဂိုလ်များစွာ ပေါ်ထွက်လာနိုင်တယ်။"

"ငါ သိတာ ဒါအကုန်ပါပဲ..."

"ကျေးဇူးပြုပြီး လွှတ်ပေးပါ ဒကာကြီး။ လက်နှစ်ဖက်စလုံးကို လွှတ်ပေးပါ..."

မုန့်ချင်ကျိုးက ချောင်းတစ်ချက်ဟန့်လိုက်ပြီး ဘုန်းကြီးအို၏ခေါင်းကို မလွှတ်ချင်လွှတ်ချင်ဖြင့် လွှတ်ပေးကာ ပုစဉ်းရင်ကွဲတေးသံဓားကို ဓားအိမ်ထဲသို့ ပြန်ထည့်လိုက်သည်။

ဒါနဲ့...

ကတုံးခေါင်းက ကိုင်လို့ တော်တော်ကောင်းတာပဲ။

"အိုး ဟုတ်သားပဲ။ နောက်ထပ် မေးစရာတစ်ခု ရှိသေးတယ်။" မုန့်ချင်ကျိုးက နွေးထွေးစွာ ပြုံးရင်း မေးလိုက်သည်။ "ခင်ဗျားက အရဟတ္တ(၁၈)ပါးထဲက ဘယ်တစ်ပါးလဲ။"

တိတ်ဆိတ်သွား၏။

ဝါကျင်ကျင် သဲများကို လွင့်ပစ်နေသော လေပြင်းတိုက်ခတ်သံများသာ ကျန်ရစ်တော့သည်။

ဘုန်းကြီးအို၏ မျက်နှာအမူအရာက တင်းမာသွားပြီး ရှေ့မှလူကို အေးစက်စွာ စိုက်ကြည့်လိုက်သည်။ "အချိန်-နေရာလွတ် ဓားသူတော်စင်ဆိုတဲ့ နာမည်နဲ့ လိုက်ဖက်ပါတယ်။ ငါ့ရဲ့ အငွေ့အသက်ကို ဖုံးကွယ်တဲ့ အတတ်က လောကမှာ ပြိုင်ဘက်ကင်းပေမယ့်၊ မင်းက ဒါကို ဖောက်ထွင်းမြင်နိုင်ခဲ့တာပဲ။"

စုချင်ချိုးနှင့် ဝူတျဲတို့သည် အစပိုင်းတွင် အံ့အားသင့်သွားကြပြီး ခြေလှမ်းအနည်းငယ် နောက်ဆုတ်ကာ လက်နက်များကို ဆွဲထုတ်လိုက်ပြီး ဘုန်းကြီးအိုကို သတိဝီရိယရှိစွာ စောင့်ကြည့်နေကြသည်။

ဒီကတုံးကြီးက အရဟတ္တတစ်ပါးလား...

"ခင်ဗျားက ကျွန်တော့်ကို မြှောက်ပြောနေတာပဲ။ ကျွန်တော်လည်း မသိခဲ့ပါဘူး။ အကဲစမ်းကြည့်ရုံ သက်သက်ပါ။" မုန့်ချင်ကျိုးက အနည်းငယ်မျှပင် အံ့သြမသွားဘဲ တည်ငြိမ်စွာဖြင့် ပြောလိုက်သည်။ "အရဟတ္တတစ်ပါးရဲ့ ရွှေရောင်ခန္ဓာကိုယ်၊ နဂါးတွေကို နှိမ်နင်းနိုင်တဲ့ခွန်အား၊ ပြီးတော့ ခင်ဗျားရဲ့ ကြွက်သားတွေနဲ့ အရိုးတွေထဲက မိုးကြိုးသံတွေ... ဒါတွေကြောင့် ခင်ဗျားက နဂါးနိုင်အရဟတ္တ ဖြစ်ရမယ်။"

နဂါးနိုင်နှင့်ကျားနိုင်။ ဗုဒ္ဓတိုင်းပြည်တွင် အင်အားအကြီးဆုံး အရဟတ္တနှစ်ပါးဖြစ်ပြီး ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်များကို အထူးလေ့ကျင့်ကြကာ သူတော်စင်တစ်ပါးနှင့်နီးပါးတူညီသော ပုံပန်းသွင်ပြင် ရှိကြသည်။

နဂါးနိုင်အရဟတ္တ၏ မျက်လုံးများက တဆတ်ဆတ် လှုပ်ခတ်သွား၏။

သာမန်လူတစ်ယောက်ဆိုလျှင် ကိစ္စမရှိပေ၊ သို့သော် အချိန်-နေရာလွတ် ဓားသူတော်စင်မှာမူ လောက တစ်ခွင်တွင် ကျော်ကြားသူ ဖြစ်သည်။ ဒဏ္ဍာရီများအရ၊ သူသည် ကြော့ရှင်းပြီး ချောမောကာ နှိမ့်ချတတ်ပြီး ယဉ်ကျေးသိမ်မွေ့သူဖြစ်သည်ဟု ဆိုကြသည်။

တကယ်တမ်း သူက အရှက်မရှိသော လူယုတ်မာတစ်ယောက် ဖြစ်နေ၏။ အရဟတ္တဖြစ်သော သူကိုယ်တိုင်ပင် အကြိမ်ကြိမ် လှည့်စားပြီး အရူးလုပ်ခံလိုက်ရသည်။

"စိတ်မပူပါနဲ့၊ ခင်ဗျားကို ကျွန်တော် မသတ်ပါဘူး။"

"တန္တရလာမာဘုန်းကြီးမဟုတ်တဲ့ စစ်မှန်တဲ့ဘုန်းကြီးတစ်ပါးကို သတ်ရတာ နှမြောစရာကောင်းလို့ပါ။"

"ကောင်းကင်စောင့်ကြည့်သူက နောက်တက်မယ့်လူသားဧကရာဇ်ကို ရွေးပြီးပြီလို့ အတ္တကင်းမဲ့ဗုဒ္ဓကို သွားပြောလိုက်ပါ။"

မုန့်ချင်ကျိုးက လက်ကို ဝှေ့ယမ်းလိုက်ပြီး မြောက်ဘက်သို့ ဆက်လက်ခရီးဆက်ရန် အမျိုးသမီးသုံးဦးကို ဦးဆောင်သွားလေသည်။

...

ဘုန်းကြီးအိုသည် ထိုနေရာတွင် ရပ်ကာ၊ လူလေးယောက်၏ ပုံရိပ်များ တဖြည်းဖြည်း ပျောက်ကွယ်၍ သွားသည်ကို စောင့်ကြည့်နေသည်။ သူ၏ တည်ငြိမ်ပြီး ခံစားချက်ကင်းမဲ့နေသော မျက်နှာက ရုတ်တရက် ပြောင်းလဲသွားပြီး အနက်ရောင်မျက်လုံးအိမ်များက အရောင်ခုနစ်ရောင်ရှိသော ဖန်သားအဖြစ် ပြောင်းသွားကာ ခန္ဓာကိုယ်သည် တိမ်မြူများ ဖုံးလွှမ်းသွားပြီး ဘာမှမရှိသော အရာတစ်ခုကဲ့သို့ ဖြစ်သွားလေသည်။

"ကောင်းကင်စောင့်ကြည့်သူက လူသားဧကရာဇ်ကို ရွေးချယ်ပြီးပြီလား..."

ဘုန်းကြီးအိုက ခေါင်းကိုလှည့်ကာ ပင်လယ်၏တစ်ဖက်ကမ်းရှိ ကောင်းကင်ပြည်နယ်ဆီသို့ ကြည့်လိုက်ပြီး သူ၏အကြည့်က အဆုံးမဲ့သောနေရာလွတ်ကို ဖောက်ထွင်းသွားလေသည်။

ကောင်းကင်ပြည်နယ်တွင်လည်း ဗုဒ္ဓဘာသာဝင်များရှိပြီး သူတို့၏ကတိသစ္စာပြုချက်တိုင်းက သူ့ထံသို့ ရောက်ရှိလာသည်။

ခဏအကြာတွင်။

ဘုန်းကြီးအို၏ မျက်လုံးများက အရောင်လက်သွားပြီး သူ့ဘာသာ တိုးတိုးလေး ရေရွတ်လိုက်သည်။ "အသက်(၁၀၀)အရွယ် ပါရမီရှင် ကျိဝူရွှမ်က ကောင်းကင်ပြည်နယ်ကို လွှမ်းမိုးပြီး အင်အားစုတစ်ဝက်နီးပါးက သူ့ဆီမှာ ဒူးထောက် အညံ့ခံခဲ့ကြတယ်။"

"အလွန်ဆုံး နှစ်လ သုံးလလောက်နေရင် ကောင်းကင်ပြည်နယ်က တစ်ခုတည်း ပေါင်းစည်းတော့မယ်။"

"နှစ်လ သုံးလ... ."

"ကောင်းကင်ဧကရာဇ် သတ်မှတ်ထားတဲ့ နောက်ဆုံးရက်ကို ကြည့်ရင် ကျိဝူရွှမ်က လူသားဧကရာဇ်အဖြစ် ရွေးချယ်ခံရတဲ့သူ ဖြစ်နိုင်လောက်တယ်။"

ဘုန်းကြီးအိုက လက်ချောင်းများဖြင့် စဉ်းစားတွက်ချက်နေပြီးနောက် ရုတ်တရက် တွေဝေသွားသည်။ "ထူးဆန်းတယ်။ ကောင်းကင်စောင့်ကြည့်သူတွေ အားလုံးက မျက်ကန်းတွေလား။ အသက်(၁၀၀)အရွယ် ကောင်းကင်ထောက်တိုင် သူတော်စင်က တကယ် အင်အားကြီးမားပေမယ့် အချိန်-နေရာလွတ် ဓားသူတော်စင်က အသက်(၂၀)ပဲ ရှိသေးတယ်။ အလွန်ဆုံး နောက်ထပ် တစ်နှစ်နှစ်နှစ်လောက်ဆိုရင် ကောင်းကင်ထောက်တိုင် နယ်ပယ်ကို သူ ဖောက်ထွက်နိုင်လိမ့်မယ်။"

"ဘာဖြစ်လို့ ကောင်းကင်စောင့်ကြည့်သူက အချိန်-နေရာလွတ် ဓားသူတော်စင်ကို မရွေးချယ်ခဲ့တာလဲ။"

ဘုန်းကြီးအိုက ခေါင်းကို အနည်းငယ်ခါယမ်းလိုက်ပြီး မြေပြင်ပေါ်တွင် လဲကျနေသော သူ၏ခန္ဓာကိုယ်မှ ထွက်ပေါ်လာသည့် ဇန်ဗုဒ္ဓဘာသာ အလင်းတန်းများကြောင့် ဉာဏ်အလင်းရရှိသွားသော ထူးဆန်းသည့် သားရဲလေးကို တစ်ချက်ကြည့်လိုက်ကာ နှုတ်ခမ်းထောင့်ကို တွန့်ကွေးလိုက်သည်။ ထို့နောက် သားရဲလေး၏ လည်ပင်းကို ပေါ့ပေါ့ပါးပါးပင် ချိုးပစ်လိုက်သည်။

ထို့နောက် သူက ဗုဒ္ဓသုတ်တော်ကို တိုးတိုးလေး ရွတ်ဆိုကာ ဂရုမစိုက်ဟန်ဖြင့် ပြောလိုက်သည်။

"ဆင်းရဲဒုက္ခပင်လယ်ပြင်ကို ဖြတ်ကျော်ဖို့ ရုန်းကန်နေရတာ မင်းကို လမ်းခရီးကနေ လိုက်ပို့ပေးပါ့မယ်။"

နေရောင်ခြည်တောက်ပနေပြီး ဝါကျင်ကျင်သဲများကို လွင့်စေသော လေပြင်းတိုက်ခတ်လာသည်နှင့်အမျှ ဘုန်းကြီးအိုက လေထဲတွင် ပျောက်ကွယ်သွားလေသည်။

...

"သခင်လေး... ဘာလို့ အဲဒီနဂါးနိုင်အရဟတ္တကို မသတ်ခဲ့တာလဲ။" တုန်းဖန်လျူလီက နားမလည်စွာဖြင့် မေးလိုက်သည်။

မုန့်ချင်ကျိုး၏ အဓိပ္ပာယ်မရှိသော စကားများကို သူ မယုံကြည်ပေ။ မုန့်ချင်ကျိုး၏ ဖော်ရွေသော အမူအရာကို ကြည့်ပြီး မလိမ်ညာခံပါနှင့်။ သူက တကယ့်ပြဿနာတစ်ခုခုနဲ့ ကြုံလာရချိန်တွင် အလွန်ပင် ရက်စက်နိုင်လေသည်။

မှန်ပေသည်။ ပြဿနာများ တစ်ခုပြီးတစ်ခု ရောက်လာတော့မည်ဟု သူတို့ ခံစားရပြီး ပြဿနာကို အမြစ်ဖြတ်ရှင်းလင်းလိုက်ခြင်းက ပိုလွယ်ကူသည်ဟူသောအချက်က ပြဿနာများကိုမုန်းတီးသည့် ငပျင်း တစ်ယောက်၏စံနှုန်းနှင့် ကိုက်ညီနေခြင်းလည်း ဖြစ်နိုင်၏။

မုန့်ချင်ကျိုးက ခြေလျင်လျှောက်သွားနေပြီး အချိန်-နေရာလွတ်ပိုင်နက်က သူတို့လေးယောက်ကို ဖုံးလွှမ်းထားသည်။ သူတို့ လမ်းလျှောက်နေကြသော်လည်း လှမ်းလိုက်သော ခြေလှမ်းတစ်လှမ်းစီက ဆယ်မိုင်မက ခရီးရောက်စေသည်။

အနားယူရန် ရပ်နားလိုက်သောအခါ ခရီးစဉ်ကို နှောင့်နှေးမှုမရှိစေဘဲ လမ်းတစ်လျှောက်ရှိ ရှုခင်းများကို ခံစားနိုင်ပြီး တစ်ချက်တည်းနဲ့ ပစ်မှတ်နှစ်ခုကို ပြီးမြောက်စေနိုင်၏။

"သူက နဂါးနိုင်အရဟတ္တ မဟုတ်ဘူး။" မုန့်ချင်ကျိုးက ခေါင်းခါရင်း ပြောလိုက်သည်။

စုချင်ချိုးက မည်သည့်ဖိအားမှ မခံစားရဘဲ ရယ်မောလိုက်သည်။ "သူက အတ္တကင်းမဲ့ဗုဒ္ဓများလား။"

ထိုစကားကို ကြားသောအခ မုန့်ချင်ကျိုးက တိတ်ဆိတ်သွားပြီး သူ၏ ခရီးကို ဆက်လက်သွားလေသည်။

စုချင်ချိုး အံ့သြမှင်သက်သွားပြီးနောက် ခေါင်းလှည့်ကာ အထစ်ထစ်အငေါ့ငေါ့ဖြင့် မေးလိုက်သည်။ "မဟုတ်ဘူးမလား... ကျွန်မ ခန့်မှန်းတာ မမှန်ဘူးမလား။"

"မင်း ခန့်မှန်းတာ မှန်တယ်။"

အချိန်အတော်ကြာ တိတ်ဆိတ်သွားပြီးနောက်တွင် မုန့်ချင်ကျိုးက အတည်ပြုသည့်အဖြေတစ်ခု ပေးလိုက်သည်။

အမျိုးသမီးသုံးဦးစလုံး အေးခဲသွားကြပြီး ကျောရိုးတစ်လျှောက် စိမ့်တက်သွားသော အအေးဒဏ်ကို ခံစားလိုက်ရသည်။

အဲဒီဘုန်းကြီးအိုက... နှစ်ထောင်ပေါင်းများစွာတိုင်အောင် တောရိုင်းမြေမှာ ကြောက်စရာကောင်းအောင် ကြီးစိုးခဲ့တဲ့ ကောင်းကင်ထောက်တိုင် ကျင့်ကြံသူ အတ္တကင်းမဲ့ဗုဒ္ဓတဲ့လား။

"ဒါဆို ခုနက ဘာလို့ ဘုန်းကြီးအိုရဲ့ခေါင်းကို ကိုင်ပြီးတော့ ခြိမ်းခြောက်တာတွေ၊ ဖြားယောင်းတာတွေ လုပ်ခဲ့တာလဲ။ အတ္တကင်းမဲ့ဗုဒ္ဓက ထွက်ပေါက်ပိတ်သွားပြီး အစွန်းရောက်သွားမှာကို မကြောက်ဘူးလား။" စုချင်ချိုး လန့်ဖြတ်သွားသည်။

မုန့်ချင်ကျိုးက တဟားဟား ရယ်မောလိုက်သည်။

"စိတ်မပူပါနဲ့။ အဲဒါက သူ့ရဲ့ အစစ်အမှန်ခန္ဓာကိုယ် မဟုတ်ဘူး။ ငါ မမှားဘူးဆိုရင် အတ္တကင်းမဲ့ဗုဒ္ဓက... ကျယ်ပြောလှတဲ့ကန္တာရကြီးအဖြစ် ပြောင်းလဲသွားလောက်ပြီ။ ငါတို့ခြေအောက်ကသဲတွေ၊ ခေါင်းပေါ်က တိမ်တွေ၊ အိုအေစစ်တွေနဲ့ ကြမ်းတမ်းတဲ့ ရာသီဥတုတွေအားလုံးက သူ့ရဲ့ ကိုယ်ပွားတွေပဲ။"

စုချင်ချိုးက ဝူတျဲ၏လက်မောင်းကို အမြန်ဖက်ထားလိုက်သည်။ အလွန်ပူပြင်းနေသော်လည်း သူက ချမ်းစိမ့်စိမ့် ခံစားလိုက်ရ၏။

"ဘာကို ဆိုလိုတာလဲ။" တုန်းဖန်လျူလီက နားမလည်စွာဖြင့် မေးလိုက်သည်။

မုန့်ချင်ကျိုးက မူရင်းဝတ္ထု၏ ဇာတ်ကွက်ကို ပြန်လည်အမှတ်ရသွားသည်။

မူရင်းဝတ္ထုတွင် အတ္တကင်းမဲ့ဗုဒ္ဓအကြောင်း ဖော်ပြထားခြင်း သိပ်မရှိပေ။ ဇာတ်လိုက် ကျောက်ကော်က အချိန်တိုင်း မောက်မာပြီး ဗိုလ်ကျကာ ဘဝင်မြင့်နေတတ်သည်။ သူ၏ တပ်မက်လွယ်သော သဘာဝနှင့် ပေါင်းစပ်လိုက်သောအခါ ကတုံးဘုန်းကြီးများနှင့် ပြည့်နှက်နေသော ဗုဒ္ဓတိုင်းပြည်ကို တစ်ချက်လေးတောင် မကြည့်ဘဲ ဤနေရာသို့လာရန် ပျင်းရိနေခဲ့သည်။

မူလဇာတ်လမ်းတွင် ကောင်းကင်စောင့်ကြည့်သူက လူသားဧကရာဇ်ကို ပြန်လည်ဖန်တီးရန် အစီအစဉ်ကို နောက်ဆုံးအချိန်အထိ ဆိုင်းငံ့ထားရန်ဆုံးဖြတ်ခဲ့ပြီး၊ နောက်ထပ် ရွှေခေတ်တစ်ခုအတွက် နှစ်ထောင်ပေါင်းများစွာ စောင့်ဆိုင်းခဲ့သည်။ ဤအကြောင်းပြချက်ကြောင့်ပင် အတ္တကင်းမဲ့ဗုဒ္ဓက အလျင်မလိုဘဲ ကောင်းကင်ထောက်တိုင် နယ်ပယ်ကို အချိန်အတော်ကြာအောင် ဖောက်ထွက်မဝင်ရောက်ခဲ့ခြင်း ဖြစ်ကောင်းဖြစ်နိုင်သည်။

သို့သော်လည်း တိုက်တိုက်ဆိုင်ဆိုင်ပင် ဇာတ်လိုက် ကျောက်ကော်က လိုက်လံဖမ်းဆီးခံရပြီး ဗုဒ္ဓတိုင်းပြည်အတွင်းသို့ ထွက်ပြေးပုန်းရှောင်လာခဲ့ရာ ထိုနေရာတွင် အတ္တကင်းမဲ့ဗုဒ္ဓနှင့် တွေ့ဆုံခဲ့သည်။ သူတို့နှစ်ဦးက တာအိုအကြောင်း ဆွေးနွေးခဲ့ကြပြီး ကျောက်ကော်က အတ္တကင်းမဲ့ဗုဒ္ဓ၏ နိယာမများကို သင်ယူခဲ့သည်။

အတ္တမရှိ၊ ပုံသဏ္ဍာန်မရှိ၊ သတ္တဝါမရှိ၊ အကြောင်းအကျိုးမရှိ၊ အတိတ်မရှိ၊ အနာဂတ်မရှိ။

အတ္တကင်းမဲ့ဗုဒ္ဓ၏ နိယာမများက ဖန်ဆင်းခြင်းနိယာမများပင်။

"အတ္တကင်းမဲ့ဗုဒ္ဓက ကောင်းကင်ထောက်တိုင်နယ်ပယ်ကို ဖောက်ထွက်ပြီး သူ့ကိုယ်သူ တာအိုအဖြစ် အသွင်ပြောင်းလိုက်တဲ့အခါ ဗုဒ္ဓတိုင်းပြည်ရဲ့နယ်မြေထဲကို ပေါင်းစပ်သွားခဲ့တာ ဖြစ်ရမယ်။ သူ့ရဲ့ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်၊ ဝိညာဉ်၊ စိတ်ဆန္ဒ၊ ကျင့်စဉ်နဲ့ တာအိုနိယာမတွေကို ဖျက်ဆီးလိုက်ပြီးတော့ မိုင်သန်းပေါင်းထောင်ချီ ကျယ်ဝန်းတဲ့ ကန္တာရကြီးနဲ့ လုံးဝပေါင်းစပ်သွားပြီးတော့ ကိုယ်ပိုင်ကမ္ဘာတစ်ခုကို ဖန်တီးလိုက်တာပဲ။"

"ဘုန်းကြီးအို... ကျွန်တော် ပြောတာ မှန်တယ်မလား။"

ရုတ်တရက်။

အဝေးမှ သဲခုံတစ်ခုပေါ်တွင် ဘုန်းကြီးအိုတစ်ပါးက လက်နှစ်ဖက်ကိုယှက်ကာ အလွန်နက်ရှိုင်းစွာ အရိုအသေပေးလိုက်ပြီး ပြောသည်။ "အချိန်-နေရာလွတ် ဓားသူတော်စင်ရဲ့ ထိုးထွင်းသိမြင်မှုတွေက တကယ်ကို နက်ရှိုင်းလှပါတယ်။ ဒီဘုန်းကြီး အရမ်းကို လေးစားမိပါတယ်။"

မုန့်ချင်ကျိုးက မမြင်နိုင်သော်လည်း အသံကိုကြားရုံဖြင့် မည်သူဖြစ်ကြောင်း သိနေသည်။ သူက လက်ညှိုးထိုးကာ ရယ်မောလိုက်သည်။ "ကြည့်။ ခင်ဗျားက ကျွန်တော်တို့ကို ထပ်ပြီး လှည့်စားပြန်ပြီ။”

…

All Chapters