← Chapters

အခန်း ၂၂၄

Vol. 16 Ch. 224

အခန်း ၂၂၄

Vol. 16 Ch. 224

အပိုင်း(၂၂၄) သဘောထားဆိုးသော လမင်းမျိုးနွယ်စုဧည့်သည်

"ဘုန်းကြီးအို၊ ခင်ဗျားက ဆက်ပြီးတော့ ခိုးနားထောင်တာတွေ၊ ချောင်းကြည့်တာတွေ လုပ်နေမယ်ဆိုရင်၊ ဗုဒ္ဓတိုင်းပြည်ကို ဝင်မွှေပြီး အရဟတ္တတ(၁၈)ပါးလုံးကို သတ်ပစ်မယ်။ ကျွန်တော့်ကို လာမစနဲ့။"

မုန့်ချင်ကျိုးက ခေါင်းကိုလှည့်လိုက်ရာ သူ၏အပြုံး ပျောက်ကွယ်သွားပြီး အေးစက်စွာ ပြောလိုက်သည်။ "ခင်ဗျားက ကိုယ့်ကိုယ်ကိုယ် တာအိုအဖြစ် အသွင်ပြောင်းပြီးတော့ ဗုဒ္ဓတိုင်းပြည်ရဲ့ နယ်မြေထဲကို ပေါင်းစပ်ပြီး ကိုယ်ပိုင်ကမ္ဘာတစ်ခု ဖန်တီးခဲ့တယ်ဆိုတာကို သိရုံတင်မကဘူး။ ဗုဒ္ဓတိုင်းပြည်ရဲ့ ဌာနချုပ်က ကျယ်ပြောလှတဲ့ ကန္တာရကြီးရဲ့ ကောင်းကင်ယံအထက်မှာ တည်ဆောက်ထားပြီး အမြင်အာရုံကနေ ဖုံးကွယ်ထားတယ်ဆိုတာကိုပါ ကျွန်တော် သိတယ်။"

ဘုန်းကြီးအို၏မျက်နှာအမူအရာက ပြောင်းလဲမသွားဘဲ တည်ငြိမ်စွာ ပြောလိုက်သည်။

"ဒကာကြီး အထင်လွဲနေပါပြီ။ ဒီဘုန်းကြီးက ကျေးဇူးဆပ်ဖို့နဲ့ ဒကာကြီး စိတ်ဝင်စားလောက်မယ့် သတင်းအချို့ကို အသိပေးဖို့ လာခဲ့တာပါ။"

"အိုး... ပြောပြပါဦး။"

"ကျိဝူရွှမ်က ကောင်းကင်ထောက်တိုင်နယ်ပယ်ကို ရောက်သွားပြီးတော့ ကောင်းကင်ပြည်နယ်တစ်ခွင်ကို လွှမ်းမိုးနေတယ်။ အလွန်ဆုံး နှစ်လသုံးလအတွင်းမှာ သူ့ရဲ့ အာဏာရှင်လုပ်ငန်းစဉ်ကို တည်ထောင်နိုင်လိမ့်မယ်။"

ထိုသို့ပြောပြီးနောက်တွင် ဘုန်းကြီးအိုက လေနှင့်အတူ ပျောက်ကွယ်သွားပြီး နောက်ဆုံးစကားအချို့ ချန်ရစ်ခဲ့သည်။

"စိတ်ချပါ ဒကာကြီး။ မင်း အရဟတ္တတွေကို အကြောင်းမဲ့ မသတ်ဖြတ်သရွေ့ ဒီဘုန်းကြီးက လုံးဝ ဝင်ရောက်စွက်ဖက်မှာ မဟုတ်သလို မင်းကိုလည်း ချောင်းကြည့်မှာ မဟုတ်ပါဘူး။"

မုန့်ချင်ကျိုး တိတ်ဆိတ်နေလိုက်သည်။

အချိန်က အရမ်းကို ကပ်နေပြီ။ ငါ ကျင့်ကြံလာခဲ့တာ သုံးနှစ်ကျော်ကျော်လေးပဲ ရှိသေးတယ်။ ပြီးတော့ တုန်းဖန်လျူလီနဲ့ လက်ထပ်ခဲ့တာကလည်း ရှစ်လ၊ ကိုးလလောက်ပဲ ရှိသေးတယ်။

ငါ့ရဲ့ပြိုင်ဘက်တွေက တစ်ယောက်ကို ကျပန်းရွေးလိုက်ရင်တောင် နှစ်ရာချီ ဒါမှမဟုတ် ထောင်ချီပြီး ကျင့်ကြံခဲ့ကြတဲ့ ရှေးဟောင်းပုဂ္ဂိုလ်ကြီးတွေချည်းပဲ ဖြစ်နေတယ်။

မျိုးဆက်သစ်တွေထဲမှာ ပါရမီရှင်တစ်ယောက်အဖြစ် ချီးကျူးခံရတဲ့ ကျိဝူရွှမ်ကတောင် အသက်(၁၀၀) ကျော်နေပြီ။

ငါ့မှာသာ နောက်ထပ် တစ်နှစ်လောက် အချိန်ရမယ်ဆိုရင် ဒီရန်သူတွေက ဘာအန္တရာယ်မှ ဖြစ်လာမှာ မဟုတ်ဘူး။ ဒါပေမယ့် အချိန်ဆိုတာ ဘယ်သူ့ကိုမှ စောင့်မနေဘူးလေ။

"အဲဒီဘုန်းကြီးအိုက တကယ့်ကို စိတ်သဘောထား ကောင်းတာပဲ။ သူက ကျွန်မတို့ကို ရန်လိုနေတဲ့ပုံ နည်းနည်းလေးမှ မပေါ်ဘူးနော်။" စုချင်ချိုးက တိုးတိုးလေး ပြောလိုက်သည်။

မုန့်ချင်ကျိုးက ခေါင်းခါလိုက်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်။

"အဲဒါက အချိန်ဆွဲတဲ့ ဗျူဟာတစ်ခု သက်သက်ပါ။ အတ္တကင်းမဲ့ဗုဒ္ဓက ကောင်းကင်စောင့်ကြည့်သူကို သတိထားနေပြီးတော့ သူသာ မဟာကျင်းကို အလျင်စလို ဖျက်ဆီးလိုက်ရင် တောရိုင်းမြေရဲ့ ကံကြမ္မာတွေ အားလုံးက ဗုဒ္ဓတိုင်းပြည်ရဲ့ လက်ထဲကို ကျရောက်သွားမှာကို စိုးရိမ်နေတယ်။ အဲဒီအခါကျရင် ကောင်းကင်စောင့်ကြည့်သူက အသည်းအသန်ဖြစ်သွားပြီး မဆင်မခြင် တစ်ခုခုလုပ်လာမှာကို ကြောက်နေတာ။"

တုန်းဖန်လျူလီက စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။

"ကောင်းကင်စောင့်ကြည့်သူ။ အဲဒါက လျှို့ဝှက်ပြီးကြိုးကိုင်ခြယ်လှယ်နေတဲ့သူရဲ့ နာမည်လား။"

"ဟုတ်တယ်။ ဒါပေမယ့် ငါတို့က သူ့ရဲ့ နာမည်အပြည့်အစုံကို ခေါ်လို့မရဘူး။ တကယ်လို့ ခေါ်လိုက်ရင် ကောင်းကင်ကြည့်ဆောင်က အာရုံခံမိသွားပြီးတော့ ပြဿနာတွေ ပိုပြီးတက်လာလိမ့်မယ်။" မုန့်ချင်ကျိုးက ရှင်းပြလိုက်သည်။

ယခုအခြေအနေက ဤအထိ ရောက်လာပြီဆိုတော့ ဖုံးကွယ်ထားစရာ ဘာမှ မကျန်တော့ပေ။

တုန်းဖန်လျူလီက တောရိုင်းမြေ၏ကံကြမ္မာကို စုပ်ယူထားပြီး ကောင်းကင်တာအို၏ အသိအမှတ် ပြုခြင်းကို ခံထားရသောကြောင့် သူ့အနေဖြင့် အနှေးနှင့်အမြန်ပင် ကောင်းကင်စောင့်ကြည့်သူနှင့် သေပွဲဝင် တိုက်ခိုက်ရမည်ကို ရှောင်လွှဲ၍မရပေ။ ပြိုင်ဘက်အခြေအနေကို ကြိုတင်သိရှိထားခြင်းက အကျိုးရှိပေလိမ့်မည်။

"အချိန်ကိုက်ပါပဲ။ လမ်းမှာလည်း ပျင်းနေတာနဲ့၊ အရာအားလုံးရဲ့ နောက်ကွယ်က ကြိုးကိုင်သူဖြစ်တဲ့... ကောင်းကင်စောင့်ကြည့်သူရဲ့ အတိတ်အကြောင်းကို ငါ ပြောပြမယ်။"

"ကျေးဇူးတင်ပါတယ် သခင်လေး။"

...

မြောက်ပိုင်း ကန္တာရ။

ကျယ်ပြောလှသော စိမ်းလန်းမှုများရှိသည့် အိုအေစစ်သည် အုန်းပင်များနှင့် စိမ်းလန်းစိုပြည်သော သစ်ပင်ပန်းမန်များဖြင့် ဖုံးလွှမ်းနေပြီး ရှေးဟောင်းသစ်တောကြီးတစ်ခုနှင့် တူနေသည်။ သစ်ပင်အုပ်များက အရိပ်အာဝါသကိုပေးစွမ်းပြီး နေရောင်ခြည် တိုက်ရိုက်ကျရောက်ခြင်းကို ဟန့်တားပေးရာ ပူပြင်းမနေဘဲ အေးမြလန်းဆန်းမှုကို ခံစားရစေသည်။

အိုအေစစ်၏ နက်ရှိုင်းသောနေရာ၊ ရှင်းလင်းထားသော ဧရိယာတစ်ခုတွင် ရေတွက်၍မရနိုင်သော တဲများ တည်ရှိနေပြီး၊ စစ်သေနာပတိ၏တဲအိမ်ကို ကာကွယ်ရန် စစ်သည်သောင်းချီ တပ်စွဲထားလေသည်။

စစ်သေနာပတိ၏ တဲတော်အတွင်း၌။

ကျန်းစန်းဟိုင်က တင်ပလ္လင်ခွေထိုင်နေသည်။ သူ၏မျက်လုံးများက ချိုင့်ဝင်နေပြီး ညှိုးနွမ်းပိန်ချုံးနေကာ တစ်ကိုယ်လုံးမှ လေးလံသော သေခြင်းတရား၏ အငွေ့အသက်များ ထွက်ပေါ်နေသည်။

"နန်းရင်းဝန်... ခင်ဗျား ကိုယ့်ကိုယ်ကိုယ် ဆက်ပြီးတော့ ဖိအားပေးနေလို့ မဖြစ်ဘူး။ ဗုဒ္ဓတိုင်းပြည်က အကြီးအကျယ် ဝင်ရောက်တိုက်ခိုက်ဖို့ မရဲပါဘူး၊ ဘာလို့ တောင်တန်းနဲ့မြစ် မြေပုံကို ဆက်ပြီးထိန်းသိမ်းထားဖို့ အတင်းအကျပ် လုပ်နေရတာလဲ။" လင်းလုက လေးနက်စွာ အကြံပေးလိုက်သည်။

"ထပ်မပြောနဲ့တော့။ စစ်ရေးဝန်ကြီး လျန်ချွီ ပြန်ရောက်လာပြီ။ ဗုဒ္ဓတိုင်းပြည်ကို တန်ပြန်တိုက်ခိုက်ဖို့ ဆွေးနွေးဖို့အတွက် လမင်းမျိုးနွယ်စုရဲ့ အဆင့်မြင့်အရာရှိတွေကို ခေါ်လာလိမ့်မယ်။ သွားပြီးတော့ ပြင်ဆင်မှုတွေ လုပ်ချေ။" ကျန်းစန်းဟိုင်က မျက်လုံးများကို မှိတ်ထားလျက် ပြောလိုက်သည်။

လင်းလု၏ မျက်လုံးများက သွေးရောင်လွှမ်းနေပြီး နှလုံးသားက ကြေကွဲနေသည်။

ဝန်ကြီးချုပ်က တောင်တန်းနှင့်မြစ်မြေပုံ၏ ကြီးမားလှသော စွမ်းအင်စားသုံးမှုကို ထိန်းသိမ်းထားရန် သူ၏ တောင်ရွှေ့နယ်ပယ် ကျင့်ကြံမှုကို အားကိုးကာ တစ်နေ့လုံး ဆေးလုံးများကို အစားအစာများကဲ့သို့ စားသုံးနေခဲ့ရသည်။ သုံးလတိတိ သူသည် တစ်ခဏမျှပင် အနားမယူခဲ့ပေ။ သူ၏ ဝိညာဉ်နှင့်ခန္ဓာကိုယ်သည် သေဆုံးလုနီးပါး အခြေအနေသို့ ရောက်ရှိနေပြီဖြစ်ရာ လင်းလုက ဆက်ပြီး ကြည့်မနေရက်တော့ပေ။

ကံမကောင်းစွာဖြင့် ယနေ့သည် အရေးကြီးသော နေ့တစ်နေ့ ဖြစ်သည်။

စစ်ရေးဝန်ကြီး လျန်ချွီက လမင်းမျိုးနွယ်စုနှင့် ပူးပေါင်းရန် ပုလဲပျောက်လျှို့ဝှက်နယ်မြေသို့ သွားရောက်သည့် ခရီးစဉ်ကိုဖုံးကွယ်ရန် တပ်များကို ခွဲထုတ်သည့် ဗျူဟာက နောက်ဆုံးတွင် အသီးအပွင့်များ ရရှိခဲ့ပြီဖြစ်သည်။ လမင်းမျိုးနွယ်စု၏ အဆင့်မြင့်တပ်မှူးများက နန်းရင်းဝန်နှင့် အသေးစိတ် ဆွေးနွေးရန် လူတစ်ယောက်ကို စေလွှတ်ရန် ဆုံးဖြတ်ခဲ့သည်။

"သတင်းပို့ပါတယ်။"

"ဝန်ကြီးလျန်က အိုအေစစ်အစွန်အဖျားကို ရောက်နေပြီး လမင်းမျိုးနွယ်စုက ဧည့်သည်တွေ မကြာခင် ရောက်လာတော့မယ်လို့ သတင်းပို့လိုက်ပါတယ်။ ကျေးဇူးပြုပြီး အမြန်ပြင်ဆင်မှုတွေ လုပ်ပေးပါ။"

စစ်သည်တစ်ဦးက စစ်သေနာပတိ၏ တဲတော်အပြင်ဘက်တွင် ဒူးထောက်ကာ အော်ပြောလိုက်သည်။

"သွား... ဧည့်သည်တွေကို သွားကြိုလိုက်။" ကျန်းစန်းဟိုင်၏ မျက်လုံးများက တင်းကျပ်စွာ မှိတ်ထားပြီး ခြောက်သွေ့နေသော နှုတ်ခမ်းများက အနည်းငယ် လှုပ်ရှားသွားသည်။

လင်းလုသည် အသက်ပြင်းပြင်းတစ်ချက် ရှူလိုက်ပြီး စစ်ဝတ်စုံကို သေသပ်အောင် ပြင်ဆင်ကာ သူ၏ စစ်သည်များကို ဦးဆောင်၍ ထွက်သွားလေသည်။

သိပ်မကြာခင်မှာပင်။

အဝေးမှ အမြန်လျှောက်လာသော ခြေသံများနှင့်အတူ ရံဖန်ရံခါ ရယ်သံများနှင့် စကားပြောသံများကို ကျန်းစန်းဟိုင် ကြားလိုက်ရသည်။ ၎င်းမှာ စစ်ရေးဝန်ကြီးလျန်ချွီက လင်းလုနှင့် စကားပြောဆိုနေခြင်း ဖြစ်သည်။

"နန်းရင်းဝန်... လျန်ချွီ ပြန်ရောက်ပါပြီ။"

"ဝင်ခဲ့ပါ။"

ကျန်းစန်းဟိုင် မျက်လုံးများဖွင့်လိုက်ပြီး အသက်ကြီးသော်လည်း ခွန်အားအပြည့်ရှိကာ တက်ကြွနေဆဲ ဖြစ်သော်လည်း ခရီးပန်းနေသည့် စစ်ရေးဝန်ကြီး လျန်ချွီကို တစ်ချက် ကြည့်လိုက်သည်။ လျန်ချွီ၏နောက်တွင် စစ်အရာရှိများစွာ လိုက်ပါလာသည်ကို သူ မြင်လိုက်ရသည်။ သူက ခေါင်းအနည်းငယ်ညိတ်လိုက်ပြီး အကြည့်ကို ဘေးဘက်သို့ ရွှေ့လိုက်ရာ အရပ်အမောင်းမြင့်မားပြီး နတ်သူငယ်များနှင့်တူသော လူငယ်အမျိုးသားနှင့် အမျိုးသမီးတစ်ဒါဇန်ခန့်ကို မြင်လိုက်ရသည်။

"သူတို့က လမင်းမျိုးနွယ်စုက ဂုဏ်သရေရှိဧည့်သည်တော်တွေ ဖြစ်ရမယ်။"

လူငယ်အမျိုးသားနှင့် အမျိုးသမီးတစ်ဒါဇန်ခန့်၊ အားလုံးက ချောမောလှပသော ရုပ်ဆင်းသွင်ပြင်များ၊ လည်ပင်းအထိ ရှည်လျားသော နားရွက်များနှင့် လှိုင်းတွန့်နေသော တောက်ပသည့် ရွှေရောင်ဆံပင်များ ရှိကြသည်။ မျက်လုံးများက အပြာရောင်ဖြစ်ပြီး၊ သူတို့တစ်ဦးစီ၏ ခန္ဓာကိုယ်ပေါ်တွင် ဆေးမင်ကြောင်ကဲ့သို့ ပုံစံကွက်များ ရှိကြသည်။ အချို့က ညှပ်ရိုးပေါ်တွင်၊ အချို့က လက်မောင်းပေါ်တွင်၊ အချို့က နဖူးပေါ်တွင် ရှိကြပြီး တစ်ဦးနှင့်တစ်ဦး မတူညီကြပေ။

ကျန်းစန်းဟိုင်က ထိုလူငယ်များထဲတွင် အသက်ငယ်ပုံရသော်လည်း အလွန်တရာ ရင့်ကျက်ပြီး လောကဒဏ်ကို ခံစားဖူးသည့် မျက်ဝန်းများရှိသော လူငယ်အချို့ ပါဝင်နေကြောင်းကို သတိထားမိလိုက်သည်။ ၎င်းက သူတို့သည် သေချာပေါက် အသက်မငယ်တော့ကြောင်းကို ဖော်ပြနေသည်။

"မင်းက မဟာကျင်းရဲ့ နန်းရင်းဝန်ဆိုတဲ့လူလား။ တိုက်ကြီးတစ်ခုလုံးကို ကျောပေါ်မှာ ထမ်းထားပြီး ဗုဒ္ဓတိုင်းပြည်ကို ကာကွယ်နေတာလား။" မျက်ခုံးနှစ်ခုကြားတွင် ဆေးမင်ကြောင်ရှိသော လူငယ်က အေးစက်စွာ မေးလိုက်သည်။

ကြမ်းတမ်းသောစကားလုံးများက တမင်တကာ တိုက်ခိုက်ခြင်းလား။

ကျန်းစန်းဟိုင်က တည်ငြိမ်နေဆဲဖြစ်ပြီး လျန်ချွီကို တစ်ချက်ကြည့်ကာ ဘာမျှ ထပ်မပြောတော့ဘဲ ရိုးရှင်းစွာပင် ဖြေလိုက်သည်။

"မှန်ပါတယ်။"

"နာမည်ဘယ်လိုခေါ်လဲဆိုတာ မေးလို့ရမလား။"

လူငယ်က အေးစက်စွာ ပြောလိုက်သည်။ "လမင်းမျိုးနွယ်စု၊ ထျန်းဟယ်လူမျိုးစု။ ထျန်းဟယ်လူမျိုးစုရဲ့ ယာယီသခင်လေးပါ။ နာမည်က လန်မြဲ့ချန်။"

ထိုစကားကို ကြားသောအခါ ကျန်းစန်းဟိုင်က အနည်းငယ် အံ့အားသင့်သွားပြီး စစ်ရေးဝန်ကြီး လျန်ချွီကို ကြည့်လိုက်သည်။

လျန်ချွီက ချက်ချင်းနားလည်သွားပြီး အမြန် ရရှင်းပြလိုက်သည်။

"မှန်ပါတယ်။ လမင်းမျိုးနွယ်စုကို အဓိကအုပ်စုသုံးစု ခွဲခြားထားပါတယ်။ ကောင်းကင်မြစ်အုပ်စု၊ လမင်းအစေခံအုပ်စုနဲ့ ဝိညာဉ်ဆင့်ခေါ်ခြင်းအုပ်စုတို့ ဖြစ်ပါတယ်။"

"ပြီးတော့ လမင်းမျိုးနွယ်စုက သက်တမ်းရှည်ကြတယ်။ ကျင့်ကြံခြင်းမရှိတဲ့ သာမန်မျိုးနွယ်စုဝင် တွေတောင်မှ အနည်းဆုံး အသက် နှစ်ရာ၊ သုံးရာလောက်အထိ နေနိုင်ကြတယ်။ သူတို့ အရွယ်ရောက် သွားပြီးတာနဲ့ ရုပ်ရည်သွင်ပြင်က အသေဖြစ်သွားတယ်။ ပြီးတော့ သူတို့ခန္ဓာကိုယ်ပေါ်က ဆေးမင်ကြောင်တွေက တစ်ယောက်ချင်းစီရဲ့ မွေးရာပါစွမ်းရည်တွေပဲ။"

လန်မြဲ့ချန်အမည်ရှိ လူငယ်က အနည်းငယ် မျက်မှောင်ကြုတ်သွားပြီး အနည်းငယ် မကျေမနပ် ဖြစ်သွား၏။

ငါတို့လမင်းမျိုးနွယ်စုရဲ့ရှေ့မှာ ဒီလိုမျိုး သတင်းပို့နေတာက ယဉ်ကျေးတဲ့ အပြုအမူလား။

"ကျေးဇူးပြုပြီး ထိုင်ကြပါ။" ကျန်းစန်းဟိုင်က တည်ငြိမ်စွာ ပြောလိုက်သည်။

လန်မြဲ့ချန်က ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ပြီး အပြင်ဘက်ကို ကြည့်ရန် တဲကန့်လန့်ကာကို မလိုက်ကာ ရုတ်တရက် ရယ်မောရင်း ပြောလိုက်သည်။

"လျန်ချွီ... ဒါက မင်းပြောခဲ့တဲ့ တောရိုင်းမြေတစ်ခွင်မှာ ကျော်ကြားပြီး အာဏာရှင်အမွေအနှစ်ကို ပြန်လည်တည်ဆောက်တော့မယ့် မဟာကျင်းဆိုတာလား။ အခုတော့ အိုမင်း၊ အားနည်း၊ ဖျားနာပြီး မသန်မစွမ်း ဖြစ်နေတဲ့ လူအုပ်ကြီးအဖြစ် လျော့ကျသွားပြီလား။"

"လက်ရှိနန်းရင်းဝန်က တောင်ရွှေ့နယ်ပယ်မှာတောင် မနည်းရပ်တည်နေရတယ်လား။"

"လျန်ချွီ။ မင်း ငါတို့ကို လှည့်စားဖို့ ကြိုးစားနေတာတော့ မဟုတ်ပါဘူးနော်။”

…

All Chapters