အခန်း ၂၂၅
Vol. 16 Ch. 225
အပိုင်း(၂၂၅) ဓားသူတော်စင် ကိုယ်တိုင်ရောက်ရှိလာခြင်းနှင့် စစ်သည်အိုကြီး၏ ရင်တွင်းစကား
မိုးကုပ်စက်ဝိုင်းအောက်သို့ နေလုံးကြီး ငုပ်လျှိုးသွားသည်နှင့်တစ်ပြိုင်နက် တစ်ဝက်ပေါ်တစ်ဝက်ပျောက် ဖြစ်နေပြီး မီးဟုန်းဟုန်းတောက်နေသော သဲကန္တာရကြီးက တဖြည်းဖြည်း အေးစက်သွားလေသည်။
"ပူတာနဲ့ အေးတာ တစ်လှည့်စီဖြစ်နေပြီး နေ့ဘက်မှာ အရာအားလုံးကို လောင်ကျွမ်းစေကာ ညဘက်မှာ အရာအားလုံးကို အေးခဲသွားစေတာက သူတို့ပြောပြောနေတဲ့ ဗုဒ္ဓသုခဝတီဘုံနဲ့တူမနေဘဲ အဝီစိငရဲနဲ့ ပိုပြီးတော့ တူနေတယ်။"
"သခင်လေး... အိုအေစစ်က ရှေ့နားလေးမှာပဲ။ သူတို့ကို အသိပေးလိုက်ရမလား။"
"မလိုပါဘူး။"
မုန့်ချင်ကျိုးက လက်ဖျစ်တစ်ချက်တီးလိုက်ရာ ဓာအသိပိုင်နက်က မိုင်ပေါင်းသောင်းချီ၍ ဖုံးလွှမ်းသွားပြီး အိုအေစစ်ကို ရစ်ပတ်ကာ စစ်သေနာပတိ၏တဲအိမ်တွင် တင်ပလ္လင်ခွေထိုင်နေသော ကျန်းစန်းဟိုင်ကို တိုက်ရိုက် အသေမှတ်ထားလိုက်သည်။
အချိန်-နေရာလွတ် တာအိုသည် ကျန်းစန်းဟိုင်၏ အသိစိတ်ပင်လယ်ထဲသို့ စိမ့်ဝင်သွားပြီး မုန့်ချင်ကျိုး၏ ပုံရိပ်ကို ထင်ဟပ်လာစေသည်။ "ကျွန်တော် အိုအေစစ်ကို ရောက်နေပါပြီ။ အကာအကွယ် အတားအဆီးကို ဖြေလျှော့ပေးလိုက်ပါ။"
ထိုသို့လုပ်ဆောင်ပြီးနောက် မုန့်ချင်ကျိုးက လက်နောက်ပစ်လျက် အိုအေစစ်အတွင်းသို့ တိုက်ရိုက် ဝင်သွားကာ ပပြောလိုက်သည်။
"လိုက်ခဲ့ကြ... နန်းရင်းဝန်က ငါတို့ရောက်နေပြီဆိုတာကို သိနေပြီ။"
စုချင်ချိုးက အံ့သြမသွားဘဲ အိုအေစစ်၏ပတ်ဝန်းကျင်ကို စူးစမ်းလိုစိတ်ဖြင့် ကြည့်ရှုလိုက်သည်။ မျက်မြင်မရသော အကာအကွယ် အတားအဆီးတစ်ခုတွင် လူလေးယောက် ဖြတ်သွားရန် အံကိုက်ဖြစ်သော အက်ကွဲကြောင်းတစ်ခု ပွင့်ဟသွားသည်ကို သူ မြင်လိုက်ရသည်။
အိုအေစစ်ပေါ်တွင် မီတာရာချီမြင့်သော သစ်ပင်များဖြင့် ထူထပ်နေပြီး မြေကြီးမှာ မည်းနက်နေသည်။
"ကန္တာရထဲက အိုအေစစ်တစ်ခုမှာ သစ်ပင်ပန်းမန်တွေက ဒီလောက်တောင် စိမ်းလန်းစိုပြည်နေတာ အရမ်းထူးဆန်းတာပဲ။" စုချင်ချိုးက အံ့သြတကြီးဖြင့် ပတ်ဝန်းကျင်ကို ကြည့်ရှုနေသည်။
သူ၏ နတ်ဘုရားအာရုံဖြင့် စမ်းသပ်စစ်ဆေးပြီးနောက် ဝူတျဲက ပခုံးတွန့်ကာ ရှင်းပြလိုက်သည်။
"ဒီအိုအေစစ်အောက်မှာ ဝိညာဉ်ကျောက်ကြောတွေ အများကြီး ရှိတယ်။ နှစ်တွေကြာလာတာနဲ့အမျှ အဲဒီကျောက်တုံးတွေက အာဟာရဖြည့်တင်းပေးခဲ့တာကြောင့် ဒီလိုမြင်ကွင်းမျိုး ဖြစ်လာတာ။ အံ့သြစရာတော့ မဟုတ်ပါဘူး။"
သစ်တောထဲတွင် အရိပ်များ လှုပ်ရှားသွားပြီး အချို့သောအချိန်များတွင် စူးရှသော မျက်လုံးများရှိသည့် လက်နက်အပြည့်အစုံ တပ်ဆင်ထားသော စစ်သည်အချို့က ဖြတ်လျှောက်သွားကြကာ အိုအေစစ်တစ်ခွင်တွင် ကင်းလှည့်ကာကွယ်ရန် တပ်စွဲထားကြသည်။
စစ်သည်များက လူလေးယောက်အဖွဲ့ ဖြတ်လျှောက်သွားသည်ကို တိတ်ဆိတ်စွာ စောင့်ကြည့်နေကြပြီး သူတို့ကို မတားဆီးကြပေ။
သူတို့အားလုံးက ဂုဏ်သရေရှိ ဧည့်သည်တော်များ ရောက်ရှိလာပြီဖြစ်ကြောင်း ကျန်းစန်းဟိုင်ထံမှ သတင်းစကားတစ်ခုကို လက်ခံရရှိထားပြီးဖြစ်သည်။
သို့သော်လည်း စုချင်ချိုး၏မျက်နှာကို မြင်လိုက်ရသောအခါ မျက်စိလျင်သော စစ်သည်အချို့မှာ အံ့သြမှင်သက်သွားကြသည်။ မျက်လုံးများကို အနက်ရောင်ဖဲကြိုးဖြင့် စည်းထားပြီး တုတ်ကောက်ကို မှီထားသော လူငယ်လေးကို မြင်လိုက်ရသောအခါ သူတို့၏ မျက်နှာအမူအရာများမှာ ပြင်းထန်စွာ ပြောင်းလဲသွားကြ၏။
ဧကရီဘုရင်မ၏ တစ်ဦးတည်းသော ကိုယ်ရံတော်အစေခံအနေဖြင့် စုချင်ချိုးကို မဟာကျင်းရှိ လူတိုင်းက သိကြသည်။ စုချင်ချိုးက ကူညီတွဲကူပေးထားပြီး ထူးထူးခြားခြားဝတ်ဆင်ထားသော ထိုလူမှာ တစ်စုံတစ်ယောက် ဖြစ်နေသည်က သိသာထင်ရှားလှသည်။
ဓားသူတော်စင်ကိုယ်တိုင် ရောက်လာတာပဲ။
အချိန်-နေရာလွတ်ဓားသူတော်စင်က ငါတို့ အထီးကျန်စစ်တပ်ကိုကူညီဖို့ ဗုဒ္ဓတိုင်းပြည်ကို ရောက်လာပြီ။
သစ်တောထဲတွင် စစ်သည်အချို့ ကင်းလှည့်နေကြသည်။ မုန့်ချင်ကျိုးနှင့်အဖွဲ့ ဖြတ်လျှောက်သွားသည်ကို မြင်သောအခါ တာဝန်ကျတပ်မှူးက မျက်လုံးပြူးကာ စိုက်ကြည့်နေမိသည်။
"တပ်မှူးကြီး... အဲဒီလူက ဘယ်သူလဲ။ ခင်ဗျား မျက်နှာကြီးကိုလည်း ကြည့်ပါဦး။ နန်းရင်းဝန်နဲ့ တွေ့တုန်းကတောင် ဒီလောက်ကြီး ချဲ့ကားပြီး မအံ့သြခဲ့ပါဘူး။"
အသက်(၅၀)ကျော်အရွယ် တပ်မှူးက မုန့်ချင်ကျိုးနှင့် အမျိုးသမီးအဖော်သုံးဦး ထွက်သွားသည်အထိ စောင့်ကြည့်နေပြီးနောက် မေးခွန်းထုတ်လာသော စစ်သည်၏ ခေါင်းကို ရိုက်ချကာ အော်ပြောလိုက်သည်။
"မင်းက ရန်သူ့တိုင်းပြည်က စေလွှတ်လိုက်တဲ့ သူလျှိုတော့ မဟုတ်ပါဘူးနော်။ ဓားသူတော်စင်ကိုတောင် မင်းက မမှတ်မိဘူးလား။"
ထိုစကားကို ကြားသောအခါ စစ်သည်များမှာ တစ်ခဏမျှ မှင်သက်သွားကြပြီး သူတို့၏ မျက်လုံးများက ချက်ချင်း နီရဲလာကြသည်။
အရိုက်ခံရသောစစ်သည်က မျက်လုံးများကို ပွတ်ကာ ပြန်ပြောလိုက်သည်။
"ကျွန်တော်က မြို့တော်မှာ တာဝန်ထမ်းဆောင်ရတဲ့ ခင်ဗျားတို့လောက်မကောင်းတဲ့ အန်လင်းခရိုင်ကနေ ပြောင်းလာတာလေ။ ဒါကြောင့် ဓားသူတော်စင်ကို တွေ့ရဖို့ အခွင့်အရေး တစ်ခါမှမရခဲ့တာပေါ့။"
တပ်မှူးက သူ၏ဆေးတံကို ထုတ်ကာ ဖွာအနည်းငယ် ရှိုက်လိုက်ပြီး သက်ပြင်းချလိုက်သည်။
"ဒီတိုက်ပွဲ ပြီးသွားတာနဲ့ ငါတို့အားလုံးက ဂုဏ်ထူးဆောင်အမှတ်တွေ ရကြလိမ့်မယ်။ ဓားသူတော်စင်ကို မင်း နေ့တိုင်း မြင်တွေ့နိုင်အောင်လို့ မင်းကို မြို့တော်ကို ပြောင်းရွှေ့ပေးဖို့ အထက်လူကြီးတွေဆီ ငါကိုယ်တိုင် စာတင်ပေးမယ်။"
"ဒါပေမယ့် ပြောရမယ်ဆိုရင်... ဓားသူတော်စင်က အသက်(၁၀၀) ဒါမှမဟုတ် (၈၀)လောက်ရှိတဲ့ အဘိုးအိုကြီး တစ်ယောက်လို့ ငါ ထင်ထားခဲ့တာ။ သူက ဒီလောက်တောင် ငယ်ရွယ်ပြီး ချောမောနေလိမ့်မယ်လို့ မမျှော်လင့်ထားခဲ့ဘူး။"
စစ်သည်အချို့က သူ့ကို စိုက်ကြည့်ကာ အဖြေတောင်းလိုက်ကြသည်။
"ဟေး... တပ်မှူးကြီး။ ခင်ဗျားက ဓားသူတော်စင်နဲ့ တွေ့ဖူးတယ်လို့ ပြောခဲ့တာ မဟုတ်ဘူးလား။"
တပ်မှူးက ဆေးလိပ်ငွေ့သီးသွားပြီး ချောင်းအနည်းငယ် ဟန့်လိုက်ကာ သူ၏ အိုမင်းနေသောမျက်နှာက အနည်းငယ် နီရဲသွားသည်။ "ငါက လူတစ်ရာတပ်မှူးတစ်ယောက်လေ။ လူတစ်သောင်းတပ်မှူး မဟုတ်သလို စစ်သူကြီးလည်း မဟုတ်ဘူး။ ပြီးတော့လည်း နန်းတော်ထဲက သက်တော်စောင့်လည်း မဟုတ်ဘူး။ သူ့ကို တွေ့ဖို့ အခွင့်အရေး ငါက ဘယ်လိုလုပ် ရနိုင်မှာလဲ။ ဓားနတ်ဘုရားမလေးစုကို မှတ်မိလို့သာ ဓားသူတော်စင်ရဲ့ သရုပ်ကို ငါ ခန့်မှန်းနိုင်ခဲ့တာပါ။"
"အိုး... အဲဒါကြောင့် သူက ကြွားနေတာကိုး။"
...
လမ်းတစ်လျှောက်တွင် ကင်းလှည့်နေသော စစ်သည်များကို ဖြတ်သွားတိုင်း စုချင်ချိုးက နားများကို စွင့်ထားလိုက်ပြီး ခိုးနားထောင်ကာ လေးနက်သော လေသံဖြင့် ပြောလိုက်သည်။
"သခင်လေး... အခုဆိုရင် လောကမှာရှိတဲ့ လူတိုင်းက သခင်လေးကို သိနေကြပြီ။ ဗုဒ္ဓတိုင်းပြည်က စစ်သည်တွေတောင်မှ သခင်လေးကို မှတ်မိနေကြတယ်။"
မုန့်ချင်ကျိုးက ဂရုမစိုက်ဟန်ဖြင့် ပြုံးကာ ခေါင်းခါလိုက်ပြီး ပြန်မပြောတော့ပေ။
ကောင်မလေးက လမ်းတစ်လျှောက်လုံး မရပ်မနား စကားပြောနေပြီး သူ၏ပါးစပ်က လုံးဝ မပိတ်ပေ။ စစ်သည်များ၏ ဆွေးနွေးပြောဆိုမှုများကို သူ ခိုးနားထောင်မိပြီး ဧကရီ၏ ကိုယ်ရံတော်အစေခံဖြစ်ကြောင်း သိသွားကာ ပိုမိုကောက်ချက်ချသွားမည်ကို သူ ကြောက်ရွံ့နေပုံရသည်။
သူ ဤမျှလောက် ဉာဏ်ကောင်းသည်မှာ ရှားပေသည်။
တုန်းဖန်လျူလီ၏မျက်လုံးများက အရောင်လက်သွားပြီး မုန့်ချင်ကျိုး၏ ကျောပြင်ကို စူးစိုက်ကြည့်နေသည်။
ငါးပိကောင်က အကြားအာရုံ အရမ်းကောင်းတယ်။ သူက တကယ်ပဲ စစ်သည်တွေ ပြောနေတာကို မကြားလိုက်တာလား။ ဟန်ဆောင်နေတာလား။ ဒါမှမဟုတ် တမင်တကာကို ခိုးမနားထောင်တာလား။
တစ်ခုခုတော့ မှားနေပြီ။
ခဏအကြာတွင် ထိုအဖွဲ့က စခန်းတစ်ခုသို့ ရောက်ရှိလာသည်။ ထိုနေရာတွင် စစ်သည်အများအပြားက မြေကြီးပေါ် ပစ်ကျနေပြီး ဗိုက်ပြည့်စေရန် ပြားချပ်ချပ်ပေါင်မုန့်များကို တိတ်ဆိတ်စွာ စားသောက်နေကြသည်။
သုံးလတိတိ ဤအထီးကျန် စစ်တပ်က ဗုဒ္ဓတိုင်းပြည်ကို အောင်မြင်စွာ အချိန်ဆွဲနိုင်ခဲ့ပြီး ၎င်း၏ အာရုံစိုက်မှုကို လွှဲဖယ်ပေးကာ မဟျာင်းအနေဖြင့် ဂိုဏ်းပေါင်းစုံ မဟာမိတ်အဖွဲ့ကို အောင်အောင်မြင်မြင် ချေမှုန်းနိုင်စေခဲ့သည်။ သို့သော်လည်း ၎င်း၏ စစ်ရေးထောက်ပံ့မှုများနှင့် အရင်းအမြစ်များအားလုံး လုံးဝနီးပါး ကုန်ခမ်းသွားခဲ့သည်။
ဗုဒ္ဓတိုင်းပြည်က အရင်းအမြစ်များ ရှားပါးသော ဆိတ်သုဉ်းသဲကန္တာရတစ်ခု ဖြစ်သည်။ ၎င်းသည် စစ်ပွဲမှတစ်ဆင့်ပင် မိမိကိုယ်ကို မရပ်တည်နိုင်သလို လုယူရန် အရင်းအမြစ်များလည်း လုံးဝမရှိပေ။
တုန်းဖန်လျူလီက စစ်သည်တစ်ဦး၏ ပြားချပ်ချပ်ပေါင်မုန့်တစ်လုံးကို ဝိညာဉ်ကျောက်တုံးတစ်ထုပ်ဖြင့် လဲလှယ်လိုက်ပြီးနောက် ၎င်း၏ပါဝင်ပစ္စည်းများကို စစ်ဆေးရန် ဆွဲဖြဲလိုက်သည်။
"သစ်ခေါက်တွေကို အမှုန့်ကြိတ်ပြီး ပြားချပ်ချပ်ပေါင်မုန့်လုပ်ဖို့ ဝိညာဉ်အပင်တချို့ကို ထည့်ထားတာပဲ။ အိုအေစစ်ထဲက သစ်ပင်ကြီးတော်တော်များများက ကြမ်းတမ်းတဲ့ အပြင်ဘက် သစ်ခေါက်တွေ အခွာခံထားရပြီး အတွင်းအမြှေးပါးတွေ ပေါ်နေတာ အံ့သြစရာ မဟုတ်တော့ဘူး။ သူတို့ ဗိုက်ပြည့်ဖို့အတွက်ပဲလား။"
တုန်းဖန်လျူလီက ပေါင်မုန့်ကို တစ်ကိုက်ကိုက်လိုက်ပြီး ရုတ်တရက် တိတ်ဆိတ်သွားသည်။
၎င်းက ကျောက်တုံးတစ်တုံးလို မာကျောနေ၏။
ကျန်းစန်းဟိုင်၏ စစ်သည်တစ်သန်းပါဝင်သော စစ်တပ်က မဟာကျင်း၏ ဌာနများနှင့် ဒေသအသီးသီးမှ အထက်တန်းစားများဖြင့် ဖွဲ့စည်းထားသည်။ စစ်သည်တစ်ဦးစီတိုင်းတွင် ကျင့်ကြံခြင်းစွမ်းရည်များ ရှိကြရာ သီအိုရီအရဆိုလျှင် သူတို့က ဆာလောင်မှုကို တားဆီးရန် အစားအစာ မလိုအပ်ပေ။
ဤဖြစ်စဉ်၏ အဓိကအကြောင်းရင်းမှာ အရင်းအမြစ်များ အလွန်အမင်း ရှားပါးနေခြင်းကြောင့်ပင်။
"လရောင်ထွန်းလင်းနယ်ပယ်အောက်က ကျင့်ကြံသူတွေဟာ အသက်ရှင်သန်ဖို့နဲ့ တိုက်ခိုက်ဖို့အတွက် ဝိညာဉ်စွမ်းအင်ကို အားကိုးကြရတယ်။ တကယ်လို့ သူတို့ရဲ့ ဝိညာဉ်စွမ်းအင်တွေ ဆုံးရှုံးသွားရင် သူတို့က အားနည်းလာပြီး အချိန်အကြာကြီး ပြန်မဖြည့်တင်းနိုင်ဘူးဆိုရင် ငတ်မွတ်ပြီး သေဆုံးသွားလိမ့်မယ်။"
"ဗုဒ္ဓကန္တာရရဲ့ ရာသီဥတုက ကြမ်းတမ်းပြီးတော့ ဝိညာဉ်စွမ်းအင်တောင် အလွန်နည်းပါးတယ်။ ဒါတောင် သူတို့တွက ဒီလိုအခြေအနေတွေအောက်မှာ လနဲ့ချီပြီးတော့ တောင့်ခံထားနိုင်ခဲ့ကြတယ်။ ပြီးတော့ သူတို့ရဲ့ စိတ်ဓာတ်တွေကလည်း ကျဆင်းသွားတဲ့လက္ခဏာ တစ်စုံတစ်ရာမရှိဘဲ မြင့်မားနေဆဲပဲ။"
တုန်းဖန်လျူလီက လက်ထဲမှ ပြားချပ်ချပ်ပေါင်မုန့်ကိုကြည့်ကာ မျက်နှာဖုံးကိုမလိုက်ပြီး အင်္ကျီလက်ဖြင့် ကွယ်ထားကာ တစ်ကိုက်ချင်းစီ စားလိုက်သည်။
ထိုမျှော်လင့်ချက်မဲ့မှုနှင့် ပင်ပန်းနွမ်းနယ်မှု ခံစားချက်ကို သူ ကိုယ်တိုင်ကိုယ်ကျ ခံစားချင်ခဲ့သည်။
"ငါ့ကို တစ်ပိုင်းပေး။" မုန့်ချင်ကျိုးက ပြုံးရွှင်စွာဖြင့် လက်ကမ်းပေးလိုက်သည်။
တုန်းဖန်လျူလီက မျက်လုံးများကို အင်္ကျီလက်ဖြင့် ဖုံးကွယ်ထားကာ ရှေ့မှလူကို စူးစိုက်ကြည့်နေပြီး ပေါင်မုန့်တစ်ဝက်ကို တိတ်တဆိတ်ဖဲ့ကာ ကမ်းပေးလိုက်သည်။
ဝူတျဲက မုတ်ဆိတ်မွေးစုတ်ဖွားနှင့် မီးခိုးရောင်ဆံပင်များ ရှုပ်ပွနေသော စစ်သည်အိုကြီး တစ်ဦးကို ရှာတွေ့သွားပြီး သူ၏ဘေးတွင် ဆောင့်ကြောင့်ထိုင်ကာ မေးလိုက်သည်။
"အရင်းအမြစ်တွေ ရှားပါးပြီး အောင်ပွဲကလည်း အလှမ်းဝေးနေတယ်။ ရှင်တို့တွေ မနာကြည်းဘူးလား၊ မကြောက်ဘူးလား။"
စစ်သည်အိုကြီးက ခေါင်းငုံ့ကာ ပင်ပန်းနွမ်းနယ်စွာ ပြုံးပြလိုက်သည်။
"ကြောက်တာပေါ့။ ပြီးတော့ နာကြည်းမိတယ်။ ဒါပေမယ့် အဲဒါက အစပိုင်းတုန်းကပါ။ ငါက အသုံးချခံ နယ်ရုပ်လေးတစ်ရုပ်ဖြစ်သွားပြီးတော့ အဓိပ္ပာယ်မရှိဘဲ အသက်စွန့်ရတော့မယ်လို့ ခံစားခဲ့ရတယ်။ ဒါပေမယ့် နန်းရင်းဝန်က သတင်းကြေညာတာကို ငါ ကြားလိုက်ရတော့..."
"အရှင်မကိုယ်တိုင် စစ်ချီလာခဲ့တယ်။ ပြီးတော့ ဓားသူတော်စင်က နံနက်ခင်းအလင်းနယ်ပယ် အယောက် (၁၀၀)ကို တိုက်ခိုက်ခဲ့ပြီးတော့ အားနည်းချက်တွေ ရှိနေတာတောင်မှ ဂိုဏ်းပေါင်းစုံ မဟာမိတ်အဖွဲ့ကို အကြီးအကျယ် အောင်ပွဲခံနိုင်ခဲ့တယ်။ အရှင်မ သွေးထွက်သံယိုဖြစ်ခဲ့ပြီးတော့ ဓားသူတော်စင်က အထီးကျန်ပြီး အကူအညီမဲ့နေခဲ့ပေမယ့် သူတို့က အောင်ပွဲခံနိုင်ခဲ့တယ်။ ငါတို့က ဗုဒ္ဓတိုင်းပြည်က အဲဒီသူရဲဘောကြောင်တဲ့ ကောင်တွေနဲ့ တူတူပုန်းတမ်း ကစားနေရုံသက်သက်ပဲ။ ဗိုက်ဆာရုံကလွဲရင် ဘာတွေများ ဆိုးရွားနေလို့လဲ။"
"ငါတို့လို အောက်ခြေစစ်သည်တွေက ရှေ့တန်းတပ်ဦးအဖြစ် တာဝန်ထမ်းဆောင်ပြီးတော့ တိုင်းပြည်ရဲ့ နယ်စပ်တွေကို ကာကွယ်ရတဲ့အခါ... အထက်လူကြီးတွေကိုယ်တိုင်က ဒီလိုမျိုး စွန့်လွှတ်အနစ်နာခံနေတာကို မြင်ရတော့ နာကြည်းမှုတွေက လေးစားမှုအဖြစ် ပြောင်းလဲသွားပြီး အကြောက်တရားတွေက မကြောက်မရွံ့မှု အဖြစ်ကို ပြောင်းသွားတယ်။"
စစ်သည်အိုကြီးက သူ့ဘာသာ တိုးတိုးလေး ရေရွတ်နေသည်။ ဗိုက်ဆာလွန်းသဖြင့် အမြင်အာရုံများ ဝေဝါးနေခြင်းလည်း ဖြစ်နိုင်သည်။ ထို့နောက် သူက သတိရသွားပြီး မေးလိုက်သည်။
"ဟမ်။ မင်းက ဘယ်သူလဲ။"
ဝူတျဲ မတ်တတ်ရပ်ကာ စကားပြောရန် ပြင်လိုက်သည်။
ရုတ်တရက်။
လှောင်ပြောင်သည့် အသံတစ်သံ ထွက်ပေါ်လာသည်။ "တော်တော် ကြွားတာပဲ။ ငါတို့ လမင်းမျိုးနွယ်စု ရောက်လာတာကိုမြင်လို့ ဒီလိုဟန်ဆောင်မှုတွေကို စီစဉ်ထားတာလား။ မင်းတို့ရဲ့ ဓားသူတော်စင်ဆိုတဲ့လူက တစ်ယောက်တည်းနဲ့ နံနက်ခင်းအလင်းနယ်ယ် အယောက်(၁၀၀)ကို တိုက်ခိုက်ခဲ့တယ်ပေါ့။ သူက အဲဒီလောက် အင်အားကြီးတယ်ဆိုရင်၊ ဘာဖြစ်လို့ ဗုဒ္ဓတိုင်းပြည်ကို ထိပ်တိုက် မတိုက်ခိုက်တာလဲ။ အဲဒီအစား ခင်ဗျားတို့က တောင်ရွှေ့နယ်ပယ်က အဘိုးအိုတစ်ယောက်ကို စစ်သေနာပတိအဖြစ် ခန့်ထားတယ်ပေါ့။"
…