← Chapters

အခန်း ၂၂၇

Vol. 16 Ch. 227

အခန်း ၂၂၇

Vol. 16 Ch. 227

အပိုင်း(၂၂၇) စိတ်နှလုံး၏ မြင့်မြတ်သောစွမ်းအား၊ မြင့်မြတ်အပျိုစင် ဒူးထောက်ခြင်း

"လန်မြဲ့ချန်... မင်း ဘယ်လိုများ အတင့်ရဲရတာလဲ။"

"ငါက ပုလဲပျောက် လျှို့ဝှက်နယ်မြေကို သွားခဲ့ပြီးတော့ ဗုဒ္ဓတိုင်းပြည်ကို တန်ပြန်တိုက်ခိုက်ဖို့ ပူးပေါင်းဖို့အတွက် လမင်းမျိုးနွယ်စုရဲ့ အကြီးအကဲနဲ့ ဆွေးနွေးပြီးသွားပြီ။ အဆင့်နိမ့်တဲ့ မင်းလိုလူတစ်ယောက်က ဒီလိုမောက်မာတဲ့ စကားတွေပြောဖို့ ဘယ်အချိန်ကတည်းက အခွင့်အရေး ရသွားတာလဲ။"

မုန့်ချင်ကျိုးကို စကားလုံးများဖြင့် စော်ကားလိုက်သည်ကို စစ်ရေးဝန်ကြီးလျန်ချွီ မြင်လိုက်ရသောအခါ၊ ထိတ်လန့်တကြားဖြင့် မျက်နှာဖြူလျော့သွားပြီး ဒေါသတကြီး စိုက်ကြည့်ကာ မကျေမချမ်း ဖြစ်သွားလေသည်။

လန်မြဲ့ချန်က လှောင်ပြုံးပြုံးလိုက်ပြီး ပြန်လည်ချေပရန် ပြင်လိုက်သည်။

သို့သော် အသံတစ်သံက သူတို့ကို တားဆီးလိုက်သည်။ "ဒီကနေ ထွက်သွားတော့။ ရှင် နောက်တစ်ခါ မရိုမသေ ထပ်ပြောရဲတယ်ဆိုရင် ပုလဲပျောက်နယ်မြေကို ပြန်သွားလို့ရပြီ။"

လမင်းမျိုးနွယ်စုမှ အမျိုးသမီးတစ်ဦးပ လန်မြဲ့ချန်၏ရှေ့သို့ ထွက်လာပြီး မုန့်ချင်ကျိုးကို ကျက်သရေရှိစွာ အရိုအသေပေးလိုက်သည်-

"ကျွန်မနာမည်က လန်ရှင်းစုပါ၊ လမင်းမျိုးနွယ်စုရဲ့ မြင့်မြတ်အပျိုစင်အဖြစ် ယာယီ တာဝန်ယူထားပါတယ်။ ကျွန်မက သံသယများတတ်ပြီး မရိုမသေ ဖြစ်သွားနိုင်ပါတယ်။ ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ။"

မုန့်ချင်ကျိုးက သူ၏တုတ်ကောက်ကို မှီလျက် ခေါင်းအနည်းငယ် ညိတ်ပြလိုက်ပြီး ရှေ့မှလူကို သိပ်ဂရုမစိုက်ဘဲ အခြေအနေကို မေးမြန်းရန် ကျန်းစန်းဟိုင်ဘက်သို့ လှည့်လိုက်သည်။

ကျန်းစန်းဟိုင်က တိုးညင်းသော အသံဖြင့် ရှင်းပြလိုက်သည်။

"အရင်တုန်းက အိုအေစစ်မှာ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်။ ရေတွက်လို့ မရနိုင်တဲ့ ဇန်ဘုန်းကြီးတွေက အိုအေစစ်နဲ့ မလှမ်းမကမ်းမှာ တပ်စွဲထားကြပြီးတော့ အိုအေစစ်ကို စောင့်ကြည့်ဖို့နဲ့ ဝိုင်းရံပိတ်ဆို့ဖို့ ရည်ရွယ်ထားကြတယ်။ အသက်ရှင်ဖို့ တစ်ခုတည်းသော အခွင့်အရေးကတော့ လမင်းမျိုးနွယ်စုနဲ့ ပူးပေါင်းပြီးတော့ ဗုဒ္ဓတိုင်းပြည်ကို တန်ပြန်တိုက်ခိုက်ပြီး သူတို့ကို အငိုက်ဖမ်းဖို့ပါပဲ။"

"ဒါပေမယ့် အခု ဓားသူတော်စင် ရောက်လာပြီဆိုတော့ လမင်းမျိုးနွယ်စုနဲ့ ပူးပေါင်းဖို့က ရွေးချယ်စရာ တစ်ခု သက်သက်ပဲ ဖြစ်သွားပါပြီ။"

ထိုစကားကို ကြားသောအခါ မုန့်ချင်ကျိုးက ချက်ချင်း သဘောပေါက်သွားသည်။

ယခင်က ကျန်းစန်းဟိုင်သည် မဟာကျင်းမှ အကူအညီများ မည်သည့်အချိန်တွင် ပေးပို့မည်ကို မသိရှိခဲ့ဘဲ ဤအထီးကျန်စစ်ပ်သည် ခဲယမ်းမီးကျောက်နှင့် စားနပ်ရိက္ခာများ ပြတ်လပ်နေသည့် အရေးကြီးသော အခြေအနေသို့ ရောက်ရှိနေခဲ့သည်။

ဗုဒ္ဓတိုင်းပြည်က သူတို့ ဖောက်ထွက်ထွက်ပြေးရန် အခွင့်အရေးကို ရှာဖွေလိမ့်မည်ဟု ယုံကြည်နေရာ ဆန့်ကျင်ဘက်ကို လုပ်ဆောင်ခြင်းက ပိုကောင်းပေလိမ့်မည်။

"သူတို့ကို လာရာလမ်းအတိုင်း ပြန်လွှတ်လိုက်ပါ။ သူတို့က ဇန်ဗုဒ္ဓဘာသာဂိုဏ်းရဲ့ မျိုးတုံးသတ်ဖြတ်မှုကို ခံခဲ့ရလို့ အိမ်ခြေဆယ်အိမ်မှာ ကိုးအိမ်လောက် လူသူကင်းမဲ့သွားခဲ့တယ်။ အဲဒါကြောင့် သူတို့က အင်အားတွေ ပြန်လည်ဖြည့်တင်းဖို့ ပုလဲပျောက်လျှို့ဝှက်နယ်မြေကို ရွှေ့ပြောင်းသွားရုံကလွဲပြီး တခြားရွေးချယ်စရာ မရှိခဲ့ဘူး။ ပြီးခဲ့တဲ့ နှစ်ထောင်ပေါင်းများစွာအတွင်းမှာ သွေးနဲ့မျက်ရည်တွေနဲ့ရင်းခဲ့ရတဲ့ အမုန်းတရားတွေကို သူတို့တွေ မေ့သွားလောက်ပြီ။ အဲဒါကပဲ လူတွေကို မောက်မာလာစေပြီး အရာအားလုံးကို အထင်သေးလာစေတာပဲ။"

"ဒီလိုမိတ်ဖက်မျိုးက ကျွန်တော်တို့ကို နောက်ဆွဲနေရုံပဲ ရှိလိမ့်မယ်။" မုန့်ချင်ကျိုးက ပေါ့ပေါ့ပါးပါးပင် ပြောလိုက်သည်။

ဘေးတွင်ရပ်နေသော ကျန်းစန်းဟိုင်က ခေါင်းကို ဆက်တိုက် ညိတ်ပြလိုက်သည်။ "ဟုတ်ကဲ့ပါ။"

"ဒါဆိုရင် လမင်းမျိုးနွယ်စု ဧည့်သည်တော်တွေ... ကျေးဇူးပြုပြီး ပုလဲပျောက် နယ်မြေကို ပြန်သွားကြပါ။"

ကျန်းစန်းဟိုင်က ထိုသို့ပြောလိုက်စဉ် သူ၏နှုတ်ခမ်းမွေးက ကျေနပ်အားရမှုဖြင့် လှုပ်ရှားသွားသည်။

ယခင်က သူသည် လန်မြဲ့ချန်၏စော်ကားမှုကို ခံခဲ့ရပြီး သူ့ကို "သေလုမြောပါး အဘိုးအို" ဟု အကြိမ်ကြိမ် ခေါ်ဆိုခံခဲ့ရသည်။ ယခု အခြေအနေက ပြောင်းပြန်ဖြစ်သွားပြီး ဓားသူတော်စင်က သူ့ကို ကျောထောက် နောက်ခံပေးနေပြီဖြစ်ရာ ကျန်းစန်းဟိုင်သည် အောင်ပွဲခံကာ ရွှင်လန်းနေပြီး အသက်နှစ်အနည်းငယ်လောက် ငယ်ရွယ်သွားသလို ခံစားလိုက်ရသည်။

မဟာကျင်း စစ်သည်များသည်လည်း လက်ခုပ်တီးကာ အားပေးနေကြသည်။

လန်မြဲ့ချန်က ကျယ်လောင်သော အသံဖြင့် "အားလုံးက အိုမင်း၊ အားနည်း၊ ဖျားနာပြီး မသန်မစွမ်း ဖြစ်နေတဲ့လူတွေ" ဟူသော စကားလုံးများဖြင့် သူတို့၏ နှလုံးသားကို ပြင်းထန်စွာ ထိုးနှက်ခဲ့သောကြောင့် သူတို့သည် ထိုအခိုက်အတန့်တွင် သက်သာရာရသွားသလို ခံစားလိုက်ကြရသည်။

"နန်းရင်းဝန်နဲ့ ဓားသူတော်စင်... မြဲ့ချန်ကိုယ်စား ကျွန်မ တောင်းပန်ပါတယ်။ သူက ငယ်ရွယ်ပြီးတော့ စိတ်လိုက်မာန်ပါ လုပ်တတ်လို့ စည်းမျဉ်းစည်းကမ်းတွေ နားမလည်ပါဘူး။ တောင်းပန်တာ မလုံလောက်ဘူးဆိုရင် သင်တို့ သင့်တော်သလို သူ့ကို အပြစ်ပေးနိုင်ပါတယ်။"

"လမင်းမျိုးနွယ်စုရဲ့ ယာယီ မြင့်မြတ်အပျိုစင် တစ်ယောက်အနေနဲ့ ဒီတာဝန်ကို ကျွန်မ ထမ်းဆောင်သင့်ပါတယ်။"

လန်ရှင်းစု၏ လှပသော မျက်နှာလေးက ချက်ချင်း အရောင်ပြယ်သွားပြီး ကိုယ်နေဟန်ထားကို အမြန် နှိမ့်ချကာ တောင်းပန်လိုက်သည်။

လမင်းမျိုးနွယ်စု၏ မြင့်မြတ်အပျိုစင်သည် ငယ်စဉ်ကတည်းက စူးရှသော အာရုံခံစားမှုများကို ပိုင်ဆိုင်ထားပြီး လူများနှင့် အရာဝတ္ထုများကို ခွဲခြားသိမြင်နိုင်ကာ အတုအယောင်များကို ဖယ်ရှားပစ်နိုင်စွမ်း ရှိသည်။ သူ၏ ထူးခြားသော အာရုံခံစားနိုင်စွမ်းရှိသည့်စိတ်နှလုံးဖြင့် လူ့ခန္ဓာကိုယ်၏ သံလိုက်စက်ကွင်းနှင့် ဆင်တူသော လျှို့ဝှက်ဆန်းကြယ်သည့် အချက်ပြမှုများမှတစ်ဆင့် အခြားသူများ တွေးနေသည်ကိုပင် သူ သိရှိနိုင်သည်။

ထိုမျက်မမြင် လူငယ်လေးနှင့် တွေ့ဆုံပြီးကတည်းက လန်ရှင်းစု၏ ပြိုင်ဘက်ကင်းသော ပါရမီစွမ်းရည် အလုပ်မလုပ်တော့ပေ။

ထို့အပြင် မျက်မမြင်ဓားသူတော်စင်၏ ဘေးရှိ မျက်နှာဖုံးတပ်ထားသော အစေခံမလေးအပေါ်တွင်ပင် သူ၏ စိတ်နှလုံး နတ်ဘုရားစွမ်းအားကို အသုံးပြု၍မရနိုင်ပေ။

ဤနည်းလမ်းဖြင့် နံနက်ခင်းအလင်းနယ်ပယ်ရှိ မျိုးနွယ်စု၏ ထိပ်တန်းထောက်တိုင်ကြီးများပင်လျှင် လန်ရှင်းစုထံမှ လျှို့ဝှက်ချက်များ ဖုံးကွယ်ထားရန် ခက်ခဲကြောင်း သတိပြုသင့်သည်။ မြင့်မြတ်အပျိုစင်နှင့် တွေ့ဆုံတိုင်း အဆိုပါဘီလူးအိုကြီးများက ရှုပ်ထွေးမှုများအားလုံးကို စိတ်ထဲမှ ရှင်းထုတ်ကာ သူတော်စင်တစ်ဦး၏ အမူအရာကို ထိန်းသိမ်းပြီး သူတို့၏ ဦးနှောက်များကို ဗလာဖြစ်အောင် လုပ်ထားရသည်။

လန်ရှင်းစုက တစ်ချက်ကြည့်ရုံဖြင့် သတိထားမိလိုက်သည်။

ဒီအချိန်-နေရာလွတ် ဓားသူတော်စင်က ကြွားလုံးထုတ်နေတာ မဟုတ်ဘူး။ သူ့မှာ ဗုဒ္ဓတိုင်းပြည်ကို ရင်ဆိုင်ဖို့ တကယ့်ယုံကြည်ချက်ရှိနေတာပဲ။

စစ်ရေးဝန်ကြီး လျန်ချွီ ပြောခဲ့သလိုပင် မဟာကျင်းသည် တစ်နှစ်အတွင်းမှာပင် ဗုဒ္ဓတိုင်းပြည်နှင့် ယှဉ်ပြိုင်နိုင်သည့် ဧရာမအင်အားစုကြီးတစ်ခုအဖြစ် တကယ်ပင် တိုးတက်လာခဲ့ခြင်း ဖြစ်ကောင်းဖြစ်နိုင်သည်။

လန်ရှင်းစုက ကျန်းစန်းဟိုင်ကို ကြည့်လိုက်ပြီး သူ၏အတွေးများကို ဖောက်ထွင်းမြင်လိုက်ရသည်။

သူက လမင်းမျိုးနွယ်စုကို အမှန်တကယ် မောင်းထုတ်ချင်နေပြီး သူ့ဘာသာ တွေးနေပြီ ဖြစ်သည်။ "ဓားသူတော်စင်ကြီး ရောက်လာပြီဆိုတော့၊ အရဟတ္တတချို့ကို သတ်လိုက်ရမလား။ အတ္တကင်းမဲ့ဗုဒ္ဓကိုရော ဓားနဲ့ တစ်ချက်လောက် ထိုးကြည့်လို့ ရမလား။"

ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်သည်။

မဟာကျင်းစစ်သည်များအားလုံး၏ စိတ်ဓာတ်များမှာ မြင့်တက်နေပြီး သူတို့၏ တိုက်ခိုက်လိုစိတ်များမှာ ယခင်ကထက် ပိုမို ပြင်းထန်နေသည်။

ထိုမျက်မမြင်လူငယ်လေး ရှိနေလျှင် ဤလောကတွင် မကျော်လွှားနိုင်သော အတားအဆီးဆိုသည်မှာ မရှိတော့ဟု ထင်ရသည်။

၎င်းက ခေါင်းဆောင်တစ်ယောက်၏ဆန္ဒနှင့် ဆင်တူသော အရာတစ်ခုပင်။

မဟာကျင်း နယ်မြေအတွင်းရှိ သန်းရာချီသောလူများက ယုံကြည်အားထားပြီး နတ်ဘုရားတစ်ပါးကဲ့သို့ သတ်မှတ်ခံရသူတစ်ဦးက မဟာကျင်းကို အန္တရာယ်မှ တစ်ကြိမ်မက သေချာပေါက် ကယ်တင်ခဲ့ဖူးသူ ဖြစ်ရမည်။

ထိုအရာတွေကို မြင်ပြီးနောက်...

လန်ရှင်းစုက ရုတ်တရက် သတိဝင်လာပြီး ၎င်းသည် လမင်းမျိုးနွယ်စုအတွက် အခွင့်အရေးတစ်ခု ဖြစ်လာမည်ကို ရှင်းလင်းစွာ နားလည်သွားသည်။

နှစ်သောင်းပေါင်းများစွာအတွင်း မကြုံစဖူးသော အပြောင်းအလဲကြီး၊ ကြီးပွားချမ်းသာမှု ရွှေခေတ်ကြီးနဲ့ ကြုံတွေ့နေရပြီး၊ ပါရမီရှင်များ တစ်ယောက်ပြီးတစ်ယောက် ပေါ်ထွက်လာနေသော ဤခေတ်ကြီးတွင် သာမန်ပါရမီရှိသော ကျင့်ကြံသူများပင် ကိုယ်ပိုင်လမ်းကြောင်းကို ဖောက်ထွက်ရန် ကြိုးစားနေကြသည်

အခြားသူအားလုံးကို အနိုင်ယူပြီး ရွှေခေတ်ကြီးအတွင်း လွှမ်းမိုးနိုင်ခဲ့သော အချိန်-နေရာလွတ် ဓားသူတော်စင်က အသက်(၂၀)ကျော် အရွယ်လေးမှာပင် ဘဝတစ်ဝက်ကို ဖြတ်သန်းပြီး ပြန်လည်ရောက်ရှိ လာခဲ့သည်။

ဒီလိုလူမျိုးက ခေတ်ရဲ့ ရေစီးကြောင်းကို ဖန်တီးပေးတဲ့သူပဲ။

အကယ်၍ လမင်းမျိုးနွယ်စုက ပုလဲပျောက်လျှို့ဝှက်နယ်မြေမှ လွတ်မြောက်ပြီး ဗုဒ္ဓတိုင်းပြည်၏ နယ်မြေကို ပြန်လည်သိမ်းယူလိုပါက သူတို့သည် မဟာကျင်းနှင့် အချိန်-နေရာလွတ် ဓားသူတော်စင်ကို အားကိုးရမည်ဖြစ်သည်။

လန်ရှင်းစု၏ အလိုလိုသိမြင်နိုင်စွမ်းမှာ အမြဲတမ်း အလွန်တိကျ၏။ မုန့်ချင်ကျိုးကို မြင်လိုက်ရသည့် အခိုက်အတန့်တွင် တစ်ဦးနှင့်တစ်ဦး ရေစက်ပါလာသည်ဟု ခံစားရမှုမှာ အလွန် ပြင်းထန်လွန်းလှသည်။

မှန်ပေသည်။

ဤလူက လမင်းမျိုးနွယ်စု၏ကံကြမ္မာအတွက် သော့ချက်ပင်။

တုန်းဖန်လျူလီက မျက်လုံးများကို အနည်းငယ် မှေးလိုက်ပြီး လမင်းမျိုးနွယ်စု၏ မြင့်မြတ်အပျိုစင်ကို တစ်ချက်တစ်ချက် ကြည့်ကာ အနည်းငယ် မကျေမနပ် ဖြစ်နေသည်။

လန်ရှင်းစု၏ မီးတောက်များကဲ့သို့ တောက်ပသောအကြည့်များက တုန်းဖန်လျူလီကို လောင်ကျွမ်းလုနီးပါး ဖြစ်စေသည်။

ငါးပိကောင်ဆီမှာ ကဝေမလို ဆွဲဆောင်မှုမျိုး ရှိနေတယ်။ သူက အလွန်လှပတဲ့ အမျိုးသမီးတစ်ယောက်နဲ့ တွေ့တိုင်း အဲဒီအမျိုးသမီးက သူ့ဆီကို မဆွဲဆောင်ခံရဘဲ မနေနိုင်ဘူး။

"ရန်သူတွေ အများကြီးပဲ။"

တုန်းဖန်လျူလီက တိုးတိုးလေး သက်ပြင်းချလိုက်ပြီးနောက် ပြန်တွေးကြည့်ကာ ဝမ်းသာသွားသည်။

ငါ့ခင်ပွန်းရဲ့ကိစ္စတွေကို မျက်စိကျနေတဲ့ အမျိုးသမီးတွေ ပိုများလာလေလေ သူက ဘယ်လောက် လိုချင်စရာကောင်းသလဲဆိုတာကို ပိုသက်သေပြနိုင်လေလေပဲ။ အကယ်လို့ ဘယ်သူမှ မျက်စိမကျဘူးဆိုရင် အရှုံးသမားတွေဖြစ်ပြီးတော့ ကြွားလုံးထုတ်စရာ မလိုတော့ဘူးလေ။

"ဟေး... ငါ့သခင်လေး ပြောတာကို မကြားဘူးလား။ နင့်လူတွေကို အခုချက်ချင်း အိမ်ပြန်ခေါ်သွားဖို့ သူ ပြောလိုက်ပြီလေ။ နင်တို့က အရမ်းမောက်မာပြီး မဟာကျင်းကို အထင်သေးနေမှတော့ လမ်းခွဲလိုက်ကြတာပေါ့။ တစ်ယောက်နဲ့တစ်ယောက် အချိန်တွေ မဖြုန်းကြတော့ဘူး။" စုချင်ချိုးက တုန်းဖန်လျူလီထံမှ အချက်ပြမှုကို ရရှိပြီးနောက် ခါးထောက်ကာ ချက်ချင်း မတ်တတ်ရပ်လိုက်သည်။

လန်ရှင်းစုက နှုတ်ခမ်းကို တင်းတင်းကိုက်လိုက်ပြီး ပြတ်သားသော ဆုံးဖြတ်ချက်တစ်ခုကို ချလိုက်ကာ မျက်လုံးများ အနည်းငယ် နီရဲနေလျက် ကိုးဆယ်ဒီဂရီ အရိုအသေပေးလိုက်ပြီး တုန်ရီသော အသံဖြင့် ပပြောလိုက်သည်။

"လမင်းမျိုးနွယ်စုက လျှို့ဝှက်နယ်မြေထဲမှာ နှစ်ထောင်ပေါင်းများစွာ ပုန်းအောင်းနေခဲ့ရပြီး၊ အရင်းအမြစ်တွေကလည်း ကုန်ခန်းသွားတာ ကြာလှပါပြီ။ အကယ်လို့ လမင်းမျိုးနွယ်စုက ဝိညာဉ်စွမ်းအင် ဒါမှမဟုတ် အစားအစာ မလိုအပ်ဘဲနဲ့ လရောင်ကို နားလည်သဘောပေါက်ပြီး လရဲ့အနှစ်သာရကို စားသုံးရုံနဲ့ အသက်ရှင်နိုင်တာ မဟုတ်ဘူးဆိုရင် မျိုးတုံးသွားတာ ကြာလှပါပြီ။"

"ကျွန်မတို့မျိုးနွယ်စုက ရှင်သန်ရေးအတွက် အရေးကြီးတဲ့အချိန်နဲ့ ရင်ဆိုင်နေရတယ်။ လမင်းမျိုးနွယ်စုက ဒီအခွင့်အရေးကို လက်လွှတ်ခံလို့ မရဘူး။ နောက်ဆုံးရလဒ်က အချင်းချင်း ပျက်စီးသွားမယ်ဆိုရင်တောင် ကြိုးစားရမှာပဲ။"

"လန်မြဲ့ချန်က မောက်မာပြီး ဓားသူတော်စင်နဲ့ ဂုဏ်သရေရှိ အရာရှိတွေအားလုံးကို စော်ကားမိပါတယ်။ သူ့ကို သေချာ မလမ်းညွှန်ပေးနိုင်ခဲ့တဲ့ မြင့်မြတ်အပျိုစင်တစ်ယောက်အနေနဲ့ အဲဒါက ကျွန်မရဲ့ အမှားပါ။ ဓားသူတော်စင် ကျေနပ်မှု မရှိသေးဘူးဆိုရင်... "

"ကျွန်မက အစေခံ ဒါမှမဟုတ် ကျွန်တစ်ယောက် ဖြစ်သွားရမယ်ဆိုရင်တောင် အပြစ်ပေးခံဖို့ ဆန္ဒရှိပါတယ်။"

လန်ရှင်းစုက ထိုသို့ပြောနေစဉ် ဒူးထောက်ရန် ပြင်လိုက်သည်။

တုန်းဖန်လျူလီက မယုံနိုင်လောက်အောင် စိုက်ကြည့်နေမိပြီး သူ၏ မြင့်မားပြီးတင်းရင်းသော ရင်အုံက နိမ့်ချည်မြင့်ချည် ဖြစ်နေသည်။

ဒီလိုကြီး အလကားပေးနေတာလား။

ဝူတျဲက စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်လာပြီး မုန့်ချင်ကျိုးကို စိုးရိမ်တကြီး ကြည့်ကာ တိတ်တဆိတ် ဆုတောင်းနေမိသည်-

သခင်လေး၊ သခင်လေး တောင့်ခံထားရမယ်နော်။ လူသစ်က သခင်လေးကို ကျော်တက်သွားတာကို ခွင့်ပြုလို့မရဘူး။ ဆက်ပြီးတော့ တောင့်ခံထားပါ။

ပထမက ကူရှီးယွဲ့၊ အခု လန်ရှင်းစု။

ဝူတျဲ၏ စိတ်နေစိတ်ထားသည် ပြိုလဲလုနီးပါး အခြေအနေသို့ ရောက်နေပြီဖြစ်သည်။

မုန့်ချင်ကျိုး၏ မက်ခုံးများက ပြင်းထန်စွာ တဆတ်ဆတ် လှုပ်ခတ်သွားသည်။

တောက်... ငါ့မိန်းမက သိမ်းငှက်တစ်ကောင်လို ငါ့ကို စောင့်ကြည့်နေတုန်းပဲ။ ကောင်မလေး... မင်း ဘာတွေလုပ်နေတာလဲ။

"မြင့်မြတ်အပျိုစင်။ သူတို့ ဒီလောက်တောင် ပြောပြီးပြီပဲ။ ဘာလို့ ဒီအရှက်ကွဲမှုကို သည်းခံနေရမှာလဲ။" လန်မြဲ့ချန်င အလွန်စိုးရိမ်သွားပြီး လန်ရှင်းစု ဒူးမထောက်နိုင်စေရန်နှင့် အရိုအသေမပေးနိုင်စေရန် အမြန် တွဲထူလိုက်သည်။

"ငါက အစေခံ ဒါမှမဟုတ် ကျွန်တစ်ယောက် ဖြစ်တာကို ဂရုမစိုက်ပါဘူး။ ငါ့မှာ မိသားစု ရှိပြီးသားပါ။ ပြီးတော့ ပူးပေါင်းဆောင်ရွက်ဖို့ကိစ္စကို ထပ်ပြောနေဖို့ မလိုတော့ဘူး။" မုန့်ချင်ကျိုးက အဆိုပါ အကြံအစည်ကို တိုက်ရိုက် ငြင်းပယ်လိုက်သည်။

လန်ရှင်းစုက လက်သီးကိုဆုပ်လိုက်ပြီး လန်မြဲ့ချန်ကို ဘေးသို့တွန်းဖယ်ကာ သူ၏မျက်နှာကို ဖြတ်ရိုက်လိုက်သည်။

ဖြန်း…

ပြတ်သားသော အသံတစ်သံနှင့်အတူ လန်မြဲ့ချန်က မျက်နှာကိုအုပ်ကာ လန်ရှင်းစုကို မယုံကြည်နိုင်စွာ စိုက်ကြည့်နေမိသည်။ "မြင့်မြတ်အပျိုစင်... ခင်ဗျား...”

…

All Chapters