← Chapters

အခန်း ၂၂၈

Vol. 16 Ch. 228

အခန်း ၂၂၈

Vol. 16 Ch. 228

အပိုင်း(၂၂၈) ပညာရှိက ရေရှည်ကို ထည့်သွင်းစဉ်းစားတတ်တယ်

လန်မြဲ့ချန်က ဖောင်းအစ်ပြီး စပ်ဖျဉ်းဖျဉ်းဖြစ်နေသော သူ၏ပါးပြင်ကို အုပ်ထားကာ ပုံမှန် နူးညံ့သိမ်မွေ့ပြီး နွေးထွေးသောအမူအရာမှ အေးစက်ပြီး စိမ်းသက်သော အမူအရာသို့ ပြောင်းလဲသွားသည့် လန်ရှင်းစုကို ငေးမောစွာ ကြည့်နေမိသည်။

မြင့်မြတ်အပျိုစင်အနေဖြင့် ကျွန်တစ်ယောက်ဖြစ်ရမည့် အခြေအနေကိုပင် ဂရုမစိုက်ဘဲ မဟာကျင်းနှင့် မဟာမိတ်ဖွဲ့ရန် အဘယ်ကြောင့် ဤမျှလောက် အတင်းအကျပ် လုပ်နေရကြောင်းကို သူ နားမလည်နိုင်ပေ။

"ကျွန်တော့်အပေါ်ကို ဒီလို လှည့်ကွက်တွေ လာမသုံးပါနဲ့။ လန်မြဲ့ချန်က မဟာကျင်းစစ်သည်တွေကို စော်ကားပြီး မဟာကျင်းနန်းရင်းဝန်ကို အရှက်ခွဲခဲ့တယ်။ အမှားဆိုတာ အမှားပဲ။ ခွင့်လွှတ်လို့ မရဘူး။"

"ငါတို့ ပြန်ကြစို့။"

မုန့်ချင်ကျိုးက ကျန်းစန်းဟိုင် ပြန်လည်ပြောပြသော ယခင်က ဖြစ်ပျက်ခဲ့သည့်အရာများကို ကြားသိခဲ့ပြီး ဖြစ်သည်။

လမင်းမျိုးနွယ်စုတွင် အဖွဲ့ခွဲသုံးခုရှိပြီး မြင့်မြတ်အပျိုစင်နှင့် မျိုးနွယ်စုခေါင်းဆောင်တို့က အမြင့်ဆုံး ခေါင်းဆောင်များအဖြစ် တာဝန်ထမ်းဆောင်ကြကာ ၎င်းတို့သည် လူမျိုးစုတစ်စု၏ လူမျိုးစုခေါင်းဆောင်နှင့် လက်ထောက် လူမျိုးစုခေါင်းဆောင်တို့နှင့် ညီမျှသည်။

လန်ရှင်းစုက လမင်းမျိုးနွယ်စု၏ အဖွဲ့ခွဲသုံးခုမှ လမင်းအစေခံလူမျိုးစုမှ ဆင်းသက်လာပြီး ရာထူးကြီးမားကာ နံနက်ခင်းအလင်းနယ်ပယ် အစောပိုင်းအဆင့် ကျင့်ကြံမှုရှိသူ ဖြစ်သည်။

လန်မြဲ့ချန်မှာမူ ကောင်းကင်မြစ်လူမျိုးစု၏ သခင်လေးဖြစ်ပြီး၊ အဆင့်အတန်းသည် မြင့်မြတ်အပျိုစင်၊ လူမျိုးစုခေါင်းဆောင်နှင့် လူမျိုးစုခေါင်းဆောင်သုံးဦးတို့၏ အောက်တွင်သာ ရှိသည်။ ထို့အပြင် သူသည် နံနက်ခင်းအလင်းနယ်ပယ် အစောပိုင်းအဆင့် ကျင့်ကြံမှုလည်း ရှိသည်။

"ဒါဆိုရင်... ကျွန်မတို့က ပူးပေါင်းဆောင်ရွက်ဖို့ ဒါမှမဟုတ် မဟာမိတ်ဖွဲ့ဖို့ မတောင်းဆိုတော့ပါဘူး။ အဲဒီအစား ကျွန်မတို့ရဲ့ ကိုယ်ပိုင်လမ်းကြောင်းကို ဘေးဖယ်ထားပြီးတော့ မျိုးနွယ်စုရဲ့ မျှော်လင့်ချက်တွေနဲ့အတူ ပုလဲပျောက်နယ်မြေကနေ ထွက်ခွာလာခဲ့တာပါ။ ကျွန်မတို့ မျိုးနွယ်စုအတွက် ထွက်ပေါက်တစ်ခု ရှာဖွေနေတာပါ။ သေရမယ် ဒါမှမဟုတ် အောင်ပွဲခံပြီး ပြန်လာရမယ်။ အခြားလမ်း မရှိတော့ပါဘူး။"

"ကျွန်မ တောင်းဆိုချင်တာက... မဟာကျင်းစစ်သည်တွေနဲ့အတူ တိုက်ပွဲဝင်ဖို့ ရိုးရိုးရှင်းရှင်းပဲ လိုက်ပါခွင့်ပြုပါ။ ပြီးတဲ့နောက်မှာလည်း ကျွန်မတို့ကို ဘာဆုလာဘ်မှ ပေးစရာမလိုသလို၊ ဝိညာဉ်ကျောက်တုံးတွေ၊ ထောက်ပံ့ရေးပစ္စည်းတွေနဲ့ ထောက်ပံ့ကြေးပေးဖို့လည်း မလိုပါဘူး။"

"ဒါက လမ်းတစ်လမ်းတည်းကို အတူတူသွားနေရုံ သက်သက်ပဲလေ... အဲဒါကော အဆင်ပြေမလား။" လန်ရှင်းစုက ပြောလိုက်သည်။

မုန့်ချင်ကျိုးက မျက်မှောင်ကြုတ်လိုက်ပြီး၊ အမျိုးသမီးသုံးဦးဘက်သို့ လှည့်ကာ မေးလိုက်သည်။ "မင်းတို့ ဘယ်လိုထင်လဲ။"

"မရဘူး။" ဝူတျဲက အဆိုပါအကြံအစည်ကို ပြတ်ပြတ်သားသား ငြင်းပယ်လိုက်သည်။

"သေချာတာပေါ့ မရဘူးပေါ့။" စုချင်ချိုးက ဧကရီနှင့် တစ်ဖက်တည်း အခိုင်အမာ ရပ်တည်ခဲ့ပြီး သံသယဖြစ်ဖွယ် မြေခွေးမများ အားလုံးကို ဖယ်ရှားပစ်ရန်နှင့် ပြဿနာတစ်စုံတစ်ရာ မဖြစ်ပေါ်စေအောင် တားဆီးရန် ဆုံးဖြတ်ထားသည်။

တုန်းဖန်လျူလီက တစ်ခဏမျှ စဉ်းစားလိုက်ပြီးနောက် ခေါင်းညိတ်ကာ ပြောလိုက်သည်။ "ရတယ်လို့ ကျွန်မ ထင်တယ်။ ငါတို့က ဒီအထိ ရောက်နေပြီပဲ။ သူတို့ကို ပြန်လွှတ်ဖို့ မလိုတော့ပါဘူး။"

"ဗုဒ္ဓတိုင်းပြည်နဲ့ယှဉ်ရင် မဟာကျင်းက အားနည်းချက်ရှိနေတယ်။ မကြာသေးခင်က တောရိုင်းမြေထဲက အဓိကအင်အားစုတွေ ဘက်ရွေးချယ်နေကြပြီး ၇၀%က ဗုဒ္ဓတိုင်းပြည်ဘက်ကို ရွေးချယ်ကြပြီးတော့ မဟာကျင်းနောက်ကို လိုက်တဲ့သူက အတော်လေး ည်းပါးတယ်။"

"ရန်သူတစ်ယောက် ပိုများလာတာထက် မိတ်ဆွေတစ်ယောက် ပိုများလာတာက ပိုကောင်းပါတယ်။"

ငါးပိကောင်က စိတ်ပြောင်းပြီး မြေခွေးတစ်ယောက်၏ သွေးဆောင်ဖြားယောင်းခြင်းကို ခံရနိုင်မနိုင် ကိစ္စနှင့် ပတ်သက်၍..

တုန်းဖန်လျူလီတွင် ယုံကြည်မှု ရှိနေဆဲဖြစ်သည်။

သူတို့က အချင်းချင်း၏ အချစ်ဦးများ ဖြစ်သလို၊ အုပ်စိုးရှင်နဲ့ လက်အောက်ခံ၊ စစ်မြေပြင်မှ ရဲဘော်ရဲဘက်တွေလည်း ဖြစ်ကြပါတယ်။ ထို့အပြင် တစ်ယောက်အတွက် တစ်ယောက် စံပြအမျိုးသမီး အမျိုးသားတွေ ဖြစ်ကြပြီး တစ်ယောက်နှင့်တစ်ယောက်၏ နှလုံးသားထဲတွင် အရေးအကြီးဆုံးလူများ ဖြစ်လာသည်မှာ ကြာခဲ့လေပြီ။

"ကောင်းပြီလေ။" မုန့်ချင်ကျိုးက ခေါင်းညိတ်ကာ ပြောလိုက်သည်။ "လန်ရှင်းစု ဟုတ်တယ်မလား။"

လန်ရှင်းစုက ချက်ချင်း တက်ကြွသွားပြီး ရှေ့မှလူကို မျှော်လင့်တကြီး ကြည့်လိုက်သည်။ "ဟုတ်ကဲ့။"

"မင်းပြောသလို အတူတူစား၊ အတူတူနေပြီး စစ်မြေပြင် တစ်ခုတည်းမှာ တိုက်ခိုက်ရုံဆိုရင်တော့... ကောင်းပြီလေ။" မုန့်ချင်ကျိုးက ပြောလိုက်သည်။

လန်ရှင်းစု အလွန်ပင် ဝမ်းသာသွားပြီး ကျေးဇူးတင်စကားဆိုရန် အမြန် အရိုအသေပေးလိုက်သည်။ "ကျေးဇူးအများကြီးတင်ပါတယ်။ ဓားသူတော်စင်အရှင်…"

"ဒီလောက် ယဉ်ကျေးနေစရာ မလိုပါဘူး။"

မုန့်ချင်ကျိုးက လက်ကို ဝှေ့ယမ်းလိုက်သည်။

ဘယ်လိုပဲဖြစ်ဖြစ် မဟာကျင်းကို နောက်မဆွဲသရွေ့တော့ အတူတူစား အတူတူနေရုံပဲလေ။ ပြီးတော့ အခမဲ့အကူအညီပေးမယ့်သူတောင် ရလိုက်သေးတာဆိုတော့ ဘာလို့ လက်မခံရမှာလဲ။

ငါ့ဇနီးကလည်း ဒီအချက်ကို ထည့်သွင်းစဉ်းစားနေမယ်လို့ ထင်တယ်။

စုချင်ချိုး - …

ဝူတျဲ - …

အမျိုးသမီးနှစ်ဦး တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ စကားမပြောနိုင်အောင် ဖြစ်သွားကြသည်။

ဒါဆို ငါတို့ရဲ့ထင်မြင်ချက်တွေက ဘာမှ အရေးမပါဘူးပေါ့။ အားလုံးက ကူရှီးယွဲ့ တစ်ယောက်တည်း အပေါ်မှာပဲ မူတည်နေတာလား။

ဒါက မလိုအပ်တဲ့ ရွေးချယ်မှုတစ်ခုပဲ။

"မြင့်မြတ်အပျိုစင်..." လန်မြဲ့ချန်၏ဒေါသများ မပြေသေးဘဲ အကြံဉာဏ်အချို့ ပေးချင်နေဆဲ ဖြစ်သည်။

"ပါးစပ်ပိတ်ထား။" လန်ရှင်းစုက မျက်မှောင်ကြုတ်ကာ တိုးညင်းသောအသံဖြင့် ပြောလိုက်သည်။ "ကျန်တဲ့လူတွေအားလုံး ဒီကို လာခဲ့ကြ။"

မဟာကျင်းဘက်ခြမ်းတွင်မူ လူတစ်စုက လမင်းမျိုးနွယ်စုအဖွဲ့ ထောင့်တစ်နေရာသို့ ခိုးကြောင်ခိုးဝှက် ထွက်သွားသည်ကိုကြည့်ကာ တစ်ပြိုင်နက်တည်း ရယ်မောလိုက်ကြသည်။

ကျန်းစန်းဟိုင်လည်း ခံစားချက်များ ပြည့်နှက်နေသည်။

တစ်ချိန်တုန်းက လရောင်ထွန်းလင်းနယ်ပယ် ကျင့်ကြံသူ အနည်းငယ်မျှဖြင့် မဟာကျင်းကို လွှမ်းမိုးနိုင်ခဲ့သည့် အချိန်တစ်ခု ရှိခဲ့ဖူးသည်။

ဧကရီနှင့် ဧကရာဇ်တို့ လက်ထပ်ပြီးကတည်းက တစ်နှစ်အတွင်းမှာပင် တိုင်းပြည်၏အင်အားက ပိုပိုပြီး ကြီးမားလာခဲ့သည်။

မျက်တောင်တစ်ခတ်အတွင်းမှာပင်။

နှစ်ထောင်ပေါင်းများစွာ တောရိုင်းမြေမှာ ရပ်တည်လာခဲ့သော ရှေးဟောင်းလူမျိုးစုတစ်ခုက သူတို့ဆီတွင် အညံ့ခံနိုင်သောအနေအထားအထိ ရောက်လာခဲ့လေပြီ။ အကြိမ်ကြိမ် လှောင်ပြောင်ခံရည့်တိုင် လမင်းမျိုးနွယ်စု နံနက်ခင်းအလင်းနယ်ပယ် ကျင့်ကြံသူများက စကားတစ်ခွန်းပင် မဟရဲကြဘဲ မြင့်မြတ်အပျိုစင် ကိုယ်တိုင် ဒူးထောက်ပြီး တောင်းပန်ရသည်အထိ ဖြစ်လာခဲ့သည်။

…

"မြင့်မြတ်အပျိုစင်... ဘာလို့ ဒီလောက်တောင် အောက်ကျခံနေရတာလဲ။"

"ဓားသူတော်စင်ဆိုတဲ့လူက နံနက်ခင်းအလင်းနယ်ပယ်ရဲ့ အထွတ်အထိပ်မှာပဲ ရှိနေပြီးတော့ သူ့ကို မဟာကျင်းမှာ အင်အားအကြီးဆုံးလို့ ချီးကျူးခံနေရတယ်လို့ထင်တယ်။ နှိုင်းယှဉ်ကြည့်ရင် မဟာကျင်းက ကျွန်တော်တို့ လမင်းမျိုးနွယ်စုထက် အများကြီး အောက်ကျနေတာပဲ။"

"ရယ်စရာကောင်းလိုက်တာ။ ဗုဒ္ဓတိုင်းပြည်ကို ခုခံမယ်လို့ ပြောနေတာက လုံးဝကို ရယ်စရာကြီးပဲ။ အတ္တကင်းမဲ့ဗုဒ္ဓက ကောင်းကင်ထောက်တိုင်နယ်ပယ်ကို ရောက်သွားပြီဆိုတော့ အချိန်-နေရာလွတ် ဓားသူတော်စင်က သူ့အဆင့်ထက် ကျော်လွန်ပြီး မတိုက်ခိုက်နိုင်ဘူးဆိုရင် သူ့ရဲ့ နံနက်ခင်းအလင်း ခန္ဓာကိုယ်နဲ့ ကောင်းကင်ထောက်တိုင်နယ်ပယ်ကို ယှဉ်နိုင်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။"

"ဟီးဟီး... အဲဒီလို စွမ်းဆောင်နိုင်ဖို့ဆိုတာ အဲဒီအချိန်-နေရာလွတ် ဓားသူတော်စင်ကို ထားလိုက်ပါဦး။ ပထမဆုံး လူသားဧကရာဇ် ပြန်လည်ရှင်သန်လာရင်တောင် လုပ်နိုင်မှာ မဟုတ်ဘူး။"

လန်မြဲ့ချန်က မကျေမချမ်း ဖြစ်နေသည်။ သူက ခါးမှဝိုင်ဘူးကိုဖြုတ်ကာ အများကြီး သောက်ပြီးနောက် မြက်ခင်းပေါ်တွင် အရက်မူးပြီး လဲကျသွားလေသည်။

အခြားသော လမင်းမျိုးနွယ်စုမှ အမျိုးသားနှင့် အမျိုးသမီး တစ်ဒါဇန်ခန့်မှာလည်း နားမလည်နိုင်အောင် ဖြစ်နေကြသည်။

လန်မြဲ့ချန်က စိတ်လိုက်မာန်ပါ လုပ်တတ်သော်လည်း လမင်းမျိုးနွယ်စုအတွက် မျှော်လင့်ချက်ကို ရှာဖွေရန် ဆုံးဖြတ်ချက်မှာမူ လုံးဝမေးခွန်းထုတ်စရာ မလိုပေ။

စစ်ရေးဝန်ကြီး လျန်ချွီက လမ်းတစ်လျှောက်လုံး အချိန်-နေရာလွတ် ဓားသူတော်စင်နှင့် မဟာကျင်း၏ ဧကရီတို့အကြောင်း ချီးမွမ်းခန်းဖွင့်လာခဲ့ပြီး "အချိန်-နေရာလွတ် ဓားသူတော်စင် ပြန်လာရင် ဒီအဓိပ္ပာယ်မရှိတဲ့ အတ္တကင်းမဲ့ဗုဒ္ဓကို ဖမ်းဆီးပြီး ချက်ချင်းကို သန့်စင်ပစ်လိမ့်မယ်" ဟူ၍ပင် ပြောလုမတတ် ဖြစ်ခဲ့သည်။

ထိုအရာက လမင်းမျိုးနွယ်စုကို အလွန်ဝမ်းသာသွားစေခဲ့ပြီး ကံကြမ္မာကို အံတုရန် ရွှေရောင်အခွင့်အရေး တစ်ခုနှင့် ကြုံတွေ့နေရပြီဟု ထင်မှတ်ကာ အချိန်အတော်ကြာအောင် စိတ်ကူးယဉ် မျှော်လင့်နေခဲ့ကြသည်။

တကယ်တမ်း တွေ့ဆုံလိုက်ရချိန်တွင်တော့...

အိုမင်း၊ အားနည်း၊ ဖျားနာပြီး မသန်မစွမ်းဖြစ်နေသော စစ်သည်များက ငတ်မွတ်မှုကြောင့် ပိန်ချုံးနေပြီး အသက်အန္တရာယ်ရှိနေသော နန်းရင်းဝန်က တောင်ရွှေ့နယ်ပယ် ကျင့်ကြံမှုလောက်နှင့် စစ်ပွဲကို ကွပ်ကဲနေ၏။

အချိန်-နေရာလွတ် ဓားသူတော်စင်ဆိုသည်က ပို၍တောင် ရယ်စရာကောင်းနေသေးသည်။ သူ့ကို ကောင်းကင်ထောက်တိုင် ကျင့်ကြံသူတစ်ယောက်ဟု ထင်ထားခဲ့သော်လည်း နံနက်ခင်းအလင်းနယ်ပယ် အထွတ်အထိပ်တွင်သာ ရှိနေလိမ့်မည်ဟု လုံးဝ မမျှော်လင့်ထားခဲ့ပေ။

သူတို့၏ စိတ်ကူးယဉ်မှုများ ပျက်စီးသွားသောအခါ လမင်းမျိုးနွယ်စုအနေဖြင့် လှည့်စားခံလိုက်ရသည်ဟု ခံစားရသည်မှာ သဘာဝပင်ဖြစ်ပြီး မည်သူက ဒေါသမထွက်ဘဲ နေမည်နည်း။

ထိုကိစ္စနှင့် ပတ်သက်၍ လန်မြဲ့ချန် ဒေါသထွက်နေခြင်းမှာ လုံးဝပုံမှန်သာ ဖြစ်သည်။

လန်ရှင်းစု၏ နူးညံ့ပြီးအားနည်းပုံရသော အမူအရာ ပျောက်ကွယ်သွားပြီး အကြည့်က အေးစက်သွားကာ တည်ငြိမ်စွာ ပြောလိုက်သည်-

"ငါ အချက်သုံးချက်ပဲ ပြောမယ်။"

"ပထမအချက်၊ စိတ်အနှစ်သာရ နတ်ဘုရားစွမ်းအားက အချိန်-နေရာလွတ် ဓားသူတော်စင် အပေါ်မှာ အကျိုးသက်ရောက်မှု မရှိခဲ့ဘူး။ ပြီးတော့ သူ့ဘေးက မျက်နှာဖုံးတပ်ထားတဲ့ အစေခံမလေး အပေါ်မှာလည်း အတူတူပဲ။"

"ဒုတိယအချက်... အဲဒီစစ်သည်တွေရဲ့ မျက်နှာပေါ်က အမူအရာတွေကို နင်တို့ မမြင်ဘူးလား။ ဒီလောက် စည်းလုံးညီညွတ်နေကြတာ။ အတ္တကင်းမဲ့ဗုဒ္ဓက ကောင်းကင်ထောက်တိုင်နယ်ပယ်ကို ရောက်သွားပြီဆိုတာကို သူတို့ မသိကြဘူးလား။ ဘာလို့ သူတို့မှာ ဒီလောက် ပြင်းပြတဲ့ ယုံကြည်ချက်တွေ ရှိနေရသေးတာလဲ။"

"တတိယအချက်... နင်တို့ ပြောနေတဲ့ အိုမင်း၊ အားနည်း၊ ဖျားနာပြီး မသန်မစွမ်းဖြစ်နေတဲ့သူတွေ ဆိုတာက တောင်ရွှေ့နယ်ပယ် သာမန်အဘိုးအိုတစ်ယောက်က ဗုဒ္ဓတိုင်းပြည်ရဲ့ ဝိုင်းရံပိတ်ဆို့မှုအောက်မှာ လပေါင်းများစွာ တောင့်ခံထားနိုင်ခဲ့တယ်။ လမင်းမျိုးနွယ်စုဆိုရင်ကော အဲဒီလိုမျိုး လုပ်နိုင်ပါ့မလား။"

ထိုစကားကို ကြားသောအခါ၊ လမင်းမျိုးနွယ်စုဝင် တစ်ဒါဇန်ခန့် ချက်ချင်းပင် အံ့သြမှင်သက်သွားသည်။

လန်မြဲ့ချန်က ဝိုင်ဘူးကိုချလိုက်ပြီး အတွေးနက်ထဲသို့ နစ်ဝင်သွားကာ မျက်လုံးများထဲတွင် စူးရှသော အလင်းရောင်များ တောက်ပလာသည်။ အချိန်အတော်ကြာပြီးနောက် သူက ခေါင်းကို ဖြည်းညှင်းစွာ မော့လိုက်ပြီး အံ့သြမှု၊ မသေချာမှုတို့ဖြင့် မေးလိုက်သည်။ "မြင့်မြတ်အပျိုစင်... ခင်ဗျား ဆိုလိုတာက…"

လန်ရှင်းစုက တည်ငြိမ်စွာ ပြောလိုက်သည်။

"စကားကို လျှော့ပြော။၊ ပိုပြီးတော့ စောင့်ကြည့်လေ့လာ။ ပြီးတော့ ပိုပြီးတွေးတော။"

"မလုပ်ခင်မှာ ကြိုတင်စီစဉ်။ ပြီးတော့ ရေရှည်ကို ထည့်သွင်းစဉ်းစား။ အဲဒီလိုမှပဲ အစစ်အမှန် ရလဒ်တွေကို မြင်နိုင်လိမ့်မယ်။"

"အချိန်-နေရာလွတ် ဓားသူတော်စင်ဆိုတဲ့ ဘွဲ့နာမည်က ချဲ့ကားပြောဆိုထားတာ ဖြစ်နိုင်တယ်။ ပြီးတော့ မဟာကျင်းရဲ့ အုတ်မြစ်က ငါတို့ စိတ်ကူးထားသလောက် အင်အားကြီးချင်မှ ကြီးလိမ့်မယ်။"

"ဒါပေမယ့် ဗုဒ္ဓတိုင်းပြည်ရဲ့ သဘောထားကို ကြည့်ရရင် မဟာကျင်းက သေချာပေါက် ရိုးရှင်းတဲ့သူတွေ မဟုတ်ဘူး။ ဗုဒ္ဓတိုင်းပြည်က သတိထားနေရတဲ့ အရာတစ်ခုခု သေချာပေါက် ရှိရမယ်။ အဲဒီလိုမှ မဟုတ်ရင်... အဲဒီရက်စက်ပြီး တစ်ကိုယ်ကောင်းဆန်တဲ့ လာမာဘုန်းကြီးတွေက ဘယ်လိုလုပ်ပြီး ဒီလောက် ကြင်နာနိုင်မှာလဲ။"

ဤအခိုက်အတန့်တွင် လန်ရှင်းစုက ယခင်ကဲ့သို့ အားနည်းပြီး အကူအညီမဲ့နေသော ကောင်မလေး တစ်ယောက် မဟုတ်တော့ပေ။ သူက ဗျူဟာများ ပြည့်ဝပြီး ခမ်းနားထည်ဝါသော ပညာရှိတစ်ဦးနှင့် တူနေ၏။

…

All Chapters