← Chapters

အခန်း ၂၃၂

Vol. 16 Ch. 232

အခန်း ၂၃၂

Vol. 16 Ch. 232

အပိုင်း(၂၃၂) လောကကြီး၏အာရုံစိုက်မှု - ကောင်းကင်ယံတိုက်ပွဲ

ကျယ်ပြောလှသော သဲကန္တာရကြီးတစ်ခွင်တွင် အနုမြူဗုံး ရာနှင့်ချီ၊ ထောင်နှင့်ချီ ပေါက်ကွဲသွားသကဲ့သို့ အဆုံးမဲ့ မုန်တိုင်းတစ်ခုက တိုက်ခတ်သွားပြီး လူသူကင်းမဲ့သော လွင်ပြင်တစ်ခုလုံးကို ပေါက်ကွဲသွားစေသည်။

အနောက်ဘက်မှလာသော နောက်ဆက်တွဲ ဂယက်ရိုက်ခတ်မှုများက တောရိုင်းမြေတစ်ခုလုံးကို ပျံ့နှံ့၍ ဖုံးလွှမ်းသွားသည်။

သာမန်လူများပင် ကောင်းကင်ကြီး ပြိုကျတော့မည့်အလား၊ လောကကြီး အဆုံးသတ်တော့မည့်အလား အသက်ရှူကျပ်လုမတတ် ဖိနှိပ်မှုကို ခံစားလိုက်ကြရသည်။

အဓိကအင်အားစုအသီးသီးမှ အင်အားကြီးမားသော ပုဂ္ဂိုလ်ကြီးများက ထိတ်လန့်သွားကြပြီး သူတို့၏ တံခါးပိတ်ကျင့်ကြံမှုများမှ ထွက်ပေါ်လာကြသည်။ အခြေအနေကို စုံစမ်းစစ်ဆေးရန်အတွက် အနောက်ဘက်သို့ စူးစိုက်ကြည့်လိုက်ကြသော်လည်း သူတို့၏မျက်လုံးများသည် မဟာတာအို၏ ပြင်းထန်ပြီး ဖရိုဖရဲဖြစ်နေသော လှိုင်းလုံးများကြောင့် ထိုးဖောက်ခံလိုက်ရကာ သွေးမျက်ရည်များ ကျဆင်းလာကြသည်။

ရေတွက်၍မရသော လူများစွာ ထိတ်လန့်သွားကြ၏။

"ဘာတွေဖြစ်နေတာလဲ။ အချိန်-နေရာလွတ် ဓားသူတော်စင်နဲ့ အတ္တကင်းမဲ့ဗုဒ္ဓတို့ တိုက်ခိုက်နေကြတာ များလား။ အချိန်-နေရာလွတ် ဓားအသိရဲ့ လှိုင်းလုံးတွေအပြင် ဇန်ဗုဒ္ဓဘာသာရဲ့ အမြင့်ဆုံးစွမ်းအားကိုပါ ငါ ခံစားနေရတယ်။"

"နောက်ဆုံးတိုက်ပွဲက အချိန်မတိုင်ခင် စတင်နေပြီလား။"

"အား.. ငါ့မျက်လုံးတွေ။"

...

တစ်ခဏချင်းမှာပင် တောရိုင်းမြေ ကသောင်းကနင်း ဖြစ်သွားလေသည်။ ပိရမစ်၏ထိပ်ဆုံးတွင်ရှိသော အင်အားကြီးမားသည့် ပုဂ္ဂိုလ်များပင်လျှင် နံနက်ခင်းအလင်းနယ်ပယ်အောက် ရှိနေသူများက အနောက်ဘက်သို့ တစ်ချက်လေးမျှပင် လှမ်းမကြည့်နိုင်ကြပေ။

အင်အားစုအသီးသီး၏ အထက်လူကြီးများ၏ စီစဉ်ညွှန်ကြားမှုအောက်တွင် အလယ်အလတ်နှင့် အဆင့်နိမ့် ကျင့်ကြံသူများ ဒီရေလှိုင်းများကဲ့သို့ ထွက်ပေါ်လာကြပြီး အပြစ်ကင်းသော သာမန်ပြည်သူများကို မလိုလားအပ်သော ဘေးအန္တရာယ်များမှ ကာကွယ်ရန် အကာအကွယ် အခင်းအကျင်းများကို အသက်သွင်း လိုက်ကြသည်။

ထို့နောက် ကျယ်ပြောလှသော တောရိုင်းမြေတွင် ထူးဆန်းသော မြင်ကွင်းတစ်ခု ပေါ်ထွက်လာ၏။

အကာအကွယ် အခင်းအကျင်းများက မြေကြီးပေါ်မှ ပူဖောင်းများ တက်လာသကဲ့သို့ တစ်ခုပြီးတစ်ခု ပျက်စီးပြိုကျသွားကြသည်။

မဟာကျင်း၌။

ဤအချိန်တွင် တောရိုင်းမြေ၏ ကံကြမ္မာ သုံးပုံလေးပုံ၏ အာဟာရဖြည့်တင်းမှုနှင့် ဂိုဏ်းပေါင်းစုံ မဟာမိတ်အဖွဲ့မှ စုဆောင်းရရှိထားသော အရင်းအမြစ်များကြောင့် နံနက်ခင်းအလင်းနယ်ပယ်ရှိ လူ(၂၀)ကျော် မွေးဖွားလာခဲ့ပြီ ဖြစ်သည်။

ထို့အပြင် တိုင်းပြည် အစောင့်အရှောက်သားရဲဖြစ်သော နေမင်းအရှင်သခင်သည်လည်း ကောင်းကင်ထောက်တိုင်တစ်ပိုင်း အဆင့်သို့ ပြန်လည်ရောက်ရှိလာခဲ့ပြီဖြစ်သည်။ သို့သော် ၎င်း၏ တာဝန်မှာ မဟာကျင်းကို ကာကွယ်ရန်ဖြစ်ပြီး လုံးဝမလိုအပ်ဘဲ အလျင်စလို လှုပ်ရှား၍မရပေ။

နံနက်ခင်းအလင်းနယ်ပယ် (၂၀)ကျော်နှင့် နေမင်းအရှင်သခင်တို့အားလုံးသည် သူတို့၏ အကြည့်များကို အနောက်ဘက်သို့ လှည့်လိုက်ကြသည်။ သူတို့က မဟာတာအို၏ ဖရိုဖရဲဖြစ်နေသော လှိုင်းလုံးများကို ဖောက်ထွင်းမြင်နိုင်ရန် အစွမ်းကုန်ကြိုးစားခဲ့ပြီး နောက်ဆုံးတွင် ကမ္ဘာမြေသို့ ဆင်းသက်လာသော ဓားဧကရာဇ် တစ်ပါးကဲ့သို့ ဖြစ်နေသည့် မုန့်ချင်ကျိုးနှင့် ကောင်းကင်ကို ထောက်ခံနိုင်စွမ်းရှိသော အရဟတ္တသုံးပါးကို မြင်တွေ့လိုက်ရသည်။ နှစ်ဖက်စလုံးက တစ်ဦးနှင့်တစ်ဦး ဖြည်းညှင်းစွာ ချဉ်းကပ်လာကြပြီး ခြေလှမ်းတစ်လှမ်း လှမ်းလိုက်တိုင်း သူတို့၏ အရှိန်အဝါများက တိုးမြင့်လာသည်။

"ကောင်းကင်ထောက်တိုင်နယ်ပယ် သုံးယောက်။ အဲဒါက ဘယ်လိုဖြစ်နိုင်မှာလဲ။ ဒီတစ်ခါ ငါတို့တွေ ဘယ်လိုလုပ် တိုက်ရမှာလဲ။။"

"ဧကရာဇ်... မြန်မြန် ထွက်သွားပါ။။ နံနက်ခင်းအလင်းနယ်ပယ်ရဲ့ အထွတ်အထိပ်မှာရှိတဲ့ ကျင့်ကြံသူ တစ်ယောက်က ကောင်းကင်ထောက်တိုင်ကျွမ်းကျင်သူ သုံးယောက်ကို ဘယ်လိုလုပ် ယှဉ်နိုင်မှာလဲ။"

"မယုံနိုင်စရာပဲ။ ဗုဒ္ဓတိုင်းပြည်မှာ ဒီလောက် အခြေခံအုတ်မြစ်ရှိနေတာ။ ဘာလို့ တောရိုင်းမြေကို တိုက်ရိုက် မပေါင်းစည်းလိုက်တာလဲ။ ကောင်းကင်ပြည်နယ်ရဲ့ အရှင်သခင်ကိုယ်တိုင် ဆင်းသက်လာရင်တောင် တန်းတူရပ်တည်နိုင်ဖို့ သူတို့မှာ ယုံကြည်မှုရှိလောက်တယ်။"

"ငါတို့ရဲ့မဟာကျင်းက ဒီအဆင့်ထိ ရောက်ဖို့အတွက် ရေတွက်လို့မရတဲ့ အခက်အခဲတွေကို ကျော်ဖြတ်ပြီး တိုက်ခိုက်လာခဲ့ရတာ၊ အခုတော့ ဗုဒ္ဓတိုင်းပြည်က တောရိုင်းမြေကို ပေါင်းစည်းဖို့ ခြေနင်းတုံးလေးတစ်ခု ဖြစ်လာရတော့မှာလား။ ငါ လက်မခံနိုင်ဘူး။"

"ဓားသူတော်စင်ကို ချက်ချင်း ကူညီပေးဖို့ ကျွန်တော်တို့ တောင်းဆိုပါတယ်။ သေရမယ်ဆိုရင်တောင် အတူတူ သေကြမယ်။"

နေမင်းအရှင်သခင်က မျက်ခွံကို အနည်းငယ် ဖွင့်လိုက်ပြီး ဗုဒ္ဓတိုင်းပြည်ဘက်သို့ တစ်ချက်ကြည့်ကာ ၎င်း၏ ခြေသည်းများဖြင့် မြေကြီးပေါ်တွင် ရေးလိုက်သည်။

"မလောပါနဲ့။ စောင့်ကြည့်ကြတာပေါ့။"

"ငါ နားမလည်ပေမယ့် မျက်မမြင်ကောင်မှာ အနိုင်ရဖို့ အခွင့်အရေးရှိတယ်လို့ မထင်ဘူး။ ဒါပေမယ့် သူ အန္တရာယ်ကင်းကင်းနဲ့ လွတ်မြောက်နိုင်စွမ်းရှိတယ်လို့တော့ ငါ ယုံကြည်တယ်။"

"ဘာဖြစ်လို့လဲဆိုတော့ ဧကရီက မျက်မမြင်ကောင်ရဲ့ အနောက်မှာ ရှိနေလို့ပဲ။ ဘယ်လိုပဲဖြစ်ဖြစ် မျက်မမြင်ကောင်က ဧကရီကို ကာကွယ်ပေးလိမ့်မယ်။ တကယ်လို့ သူက လှုပ်ရှားရဲတယ်ဆိုရင် ဧကရီကို ကာကွယ်ပြီး ဒီနေရာကနေ ခေါ်ထုတ်သွားနိုင်တယ်ဆိုတဲ့ ယုံကြည်ချက်လုံးဝရှိလို့ပဲ။"

"အဲဒီလိုမှ မဟုတ်ရင် သူ့လိုကောက်ကျစ်တဲ့လူက ဒီလောက် မဆင်မခြင် လုပ်ပါ့မလား။ ငါတော့ မယုံဘူး။"

နံနက်ခင်းအလင်းနယ်ပယ်မှ အင်အားကြီးပုဂ္ဂိုလ်များအဖွဲ့က ဤအရာကို မြင်သောအခါ အားလုံး အံ့အားသင့်သွားကြပြီး တစ်ယောက်ကိုတစ်ယောက် သံသယဖြစ်ဖွယ် အကြည့်ချင်း ဖလှယ်လိုက်ကြသည်။

သူတို့က ဧကရာဇ်ကို မယုံကြည်၍ မဟုတ်ပေ။ ရန်သူက အရမ်းကို ကြောက်စရာကောင်းလွန်းနေ၍သာ။

ကောင်းကင်ထောက်တိုင်နယ်ပယ် ပုဂ္ဂိုလ်သုံးယောက် ပူးပေါင်းထားတာလေ... ဧကရာဇ်က ကောင်းကင်ထောက်တိုင်အဆင့်ကို တကယ်ပဲ ရောက်နိုင်ခဲ့ရင်တောင်မှ အကြီးအကျယ် ချေမှုန်းခံရနိုင်ခြေ များတယ်။ ပြီးတော့ ကျဆုံးချိန်လေးမှာပဲလေ...

...

ဗုဒ္ဓကန္တာရ။

စစ်သည်တစ်သန်းပါဝင်သော စစ်တပ်ကြီးက လိပ်နက် ဧကရာဇ်အခင်းအကျင်းကို ထိန်းသိမ်းရန်နှင့် နောက်ဆက်တွဲ ဂယက်ရိုက်ခတ်မှုများကိုခုခံရန် ရုန်းကန်နေရသည်။ စစ်သည်တစ်သန်းဖြင့် ဖွဲ့စည်းထားသော ဧကရာဇ်အဆင့် လိပ်နက်အခင်းအကျင်းသည် နံနက်ခင်းအလင်းနယ်ပယ် ကျွမ်းကျင်သူတစ်ဦး၏ တိုက်ခိုက်မှုကို တစ်လက်မမျှမရွေ့ဘဲ ခံနိုင်ရည်ရှိသည်။ သို့သော်လည်း လက်ရှိအခြေအနေများအောက် အသက်သုံးလေးရှိုက် အချိန်အတွင်းမှာပင် လိပ်နက် ဧကရာဇ်အခင်းအကျင်းက အက်ကွဲကြောင်းများ အထပ်ထပ် ဖုံးလွှမ်းသွားသည်။

တုန်းဖန်လျူလီက အကူအညီပေးရန် အကြိမ်ကြိမ် အလျင်စလို သွားချင်ခဲ့သော်လည်း အကယ်၍ သူ ကူညီရန် သွားမည်ဆိုလျှင် အသုံးမဝင်ရုံသာမက အဟန့်အတားတစ်ခုလည်း ဖြစ်သွားနိုင်ပြီး မုန့်ချင်ကျိုးကို အာရုံလွှဲစေနိုင်ကြောင်း တွေးမိသည်။ ထို့ကြောင့် သူက စိတ်ရှည်သည်းခံကာ လိပ်နက် အခင်းအကျင်းကို ကာကွယ်ရန် ကူညီဖို့ ရွေးချယ်လိုက်သည်။

"လမင်းမျိုးနွယ်စုက မိတ်ဆွေတွေ... ငါတို့တွေအားလုံး လိပ်နက် ဧကရာဇ်အခင်းအကျင်းကို ကာကွယ်ကြမယ်။ မဟုတ်ရင် အခင်းအကျင်း ပျက်စီးသွားတာနဲ့ ငါတို့အားလုံး ချက်ချင်း သေဆုံးသွားလိမ့်မယ်။" ဝူတျဲက အော်ပြောလိုက်သည်။

လမင်းမျိုးနွယ်စုဝင်များက ဝူတျဲ၏အော်သံကို ကြားရချိန် အလွန်ထိတ်လန့်နေဆဲဖြစ်ပြီး သတိပြန်မဝင် နိုင်သေးပေ။ ထို့နောက် သူတို့က တုံ့ပြန်လိုက်ပြီး လိပ်နက် ဧကရာဇ်အခင်းအကျင်းရှိ နေရာအသီးသီးကို အလျင်စလို နေရာယူလိုက်ကြသည်။

လမင်းမျိုးနွယ်စုမှ နံနက်ခင်းအလင်းနယ်ပယ် (၄)ဦးနှင့် တုန်းဖန်လျူလီတို့၏ ကောင်းချီးပေးမှုဖြင့်၊ နံနက်ခင်းအလင်းနယ်ပယ် (၅)ဦး ပါဝင်သော လိပ်နက် ဧကရာဇ်မဟာအခင်းအကျင်းသည် တိုက်ခိုက်မှုကို ခံနိုင်ရည်ရှိလုနီးပါး ဖြစ်သွားသော်လည်း အလွန်ပင် ခက်ခဲနေသေးသည်။ အလွန်ဆုံး အမွှေးတိုင်တစ်တိုင် လောင်ကျွမ်းသည့်အချိန်လောက်သာ ကြာမြင့်မည်ဖြစ်ပြီး ထိုအချိန်တွင် နောက်ဆက်တွဲ ဂယက်ရိုက်ခတ်မှုများက သူတို့ကို လွှမ်းမိုးသွားပေလိမ့်မည်။

လန်မြဲ့ချန်၏မျက်လုံးများက ပြူးကျယ်နေပြီး မယုံနိုင်လောက်အောင် ရှေ့သို့ စိုက်ကြည့်နေစဉ် သူ၏ မျက်တောင်အိမ်များက အပြင်သို့ထွက်ကျလာမတတ် ဖြစ်နေကာ သွေးမျက်ရည်များ စီးကျနေလေသည်။

ဤမျှနီးကပ်နေရာ အင်အားကြီး နံနက်ခင်းအလင်းနယ်ပယ် ကျွမ်းကျင်သူကို အနည်းငယ် ကြည့်ရုံမျှဖြင့် ဝိညာဉ်အသိစိတ်ကို လွှမ်းမိုးသွားစေရန် လုံလောက်သည်။ ဤစွမ်းအားက တကယ့်ကို ကြီးမားလှ၏။

"အချိန်-နေရာလွတ် ဓားသူတော်စင်က နံနက်ခင်းအလင်းနယ်ပယ် အထွတ်အထိပ်မှာပဲ ရှိနေတာ မဟုတ်ဘူးလား။ သူက ဘာလို့ ဒီလောက် အင်အားကြီးနေရတာလဲ။ ဒါက အဓိပ္ပာယ်မရှိဘူး။"

"လျန်ချွီက ငါ့ကို မလိမ်ခဲ့ဘူးပဲ။"

"ဗုဒ္ဓတိုင်းပြည်က အချိန်-နေရာလွတ် ဓားသူတော်စင်ကို တကယ်ပဲ သတိထားနေတာ။ ခဏခဏ ခေါင်းငုံ့ပြီး သူ့နယ်မြေထဲမှာ လွတ်လွတ်လပ်လပ် သွားလာခွင့်ပေးဖို့တောင် ကတိပေးခဲ့တယ်... "

"သာမန် နံနက်ခင်းအလင်းနယ်ပယ်က ဒါကို ဘယ်လိုလုပ် စွမ်းဆောင်နိုင်မှာလဲ။ နံနက်ခင်းအလင်းက ကောင်းကင်ထောက်တိုင်နယ်ပယ် ခေါင်းဆောင် သုံးယောက်ကို အံတုနိုင်တယ်လား။"

လန်မြဲ့ချန်၏ လောကအမြင်က ပြိုလဲလုနီးပါး ဖြစ်နေသည်။

ပြင်ပလောကကို နောက်ဆုံးအကြိမ် စူးစမ်းလေ့လာခဲ့သည်မှာ သုံးနှစ်ပင် မပြည့်သေး။ လောကကြီးက ဤမျှလောက်မြန်မြန် ပြောင်းလဲသွားသည်လား။

သို့မဟုတ် အချိန်-နေရာလွတ် ဓားသူတော်စင် တစ်ယောက်တည်းကပင် ဤမျှလောက် ကြောက်စရာကောင်းနေသည်လား။

"ပထမဆုံး လူသားဧကရာဇ်နဲ့တောင် ယှဉ်နိုင်တယ်... မဟုတ်ဘူး။ ပထမဆုံး လူသားဧကရာဇ်က သူ့အသက်အရွယ်တုန်းက အများကြီး အောက်ကျသေးတယ်။" လမင်းမျိုးနွယ်စု၏ အကြီးအကဲ လန်ချိုးနန်က အလွန်အမင်း တုန်လှုပ်စွာဖြင့် သူ့ဘာသာ တိုးတိုးလေး ရေရွတ်လိုက်သည်။

"နံနက်ခင်းအလင်းနယ်ပယ် အယောက်(၁၀၀)ကို သတ်ဖြတ်ပြီးတော့ ဂီုဏ်းပေါင်းစုံ မဟာမိတ်အဖွဲ့ကို ချေမှုန်းနိုင်ခဲ့တယ်ဆိုတာ... တကယ်ကြီး ဖြစ်နေတာပဲ။"

"ဂိုဏ်းပေါင်းစုံ မဟာမိတ်အဖွဲ့က လူသားဧကရာဇ် ခေတ်ကတည်းက တည်ရှိခဲ့တဲ့ နှစ်ထောင်ပေါင်းများစွာ သမိုင်းကြောင်းရှိပေမယ့် အချိန်-နေရာလွတ် ဓားသူတော်စင်ရဲ့ ဖျက်ဆီးတာကို ခံလိုက်ရတယ်... "

လမင်းမျိုးနွယ်စုဝင်များ၏ လောကအမြင် ပြောင်းပြန်ဖြစ်သွားပြီး လောကကြီးအပေါ် သူတို့၏ နားလည်မှုများ ပြိုလဲသွားလေသည်။

ကောင်းကင်ထောက်တိုင်နယ်ပယ် သုံးယောက်က သာမန်နံနက်ခင်းအလင်းနယ်ပယ် တစ်ယောက်ကို တိုက်ခိုက်ဖို့ ပူးပေါင်းခဲ့တာတောင် ဆရာကြီးတစ်ယောက်ကို တိုက်ခိုက်နေရသလိုပဲ။ သူတို့က ကြင်နာတဲ့ စကားတွေနဲ့ အကြံဉာဏ်ပေးပြီး ပူးပေါင်းတိုက်ခိုက်မှု စတင်ခဲ့ကြတယ်။

ဒါက...

လန်ရှင်းစုသည် အသက်ပြင်းပြင်းတစ်ချက် ရှူလိုက်ပြီး နောက်ဆက်တွဲ ဂယက်ရိုက်ခတ်မှုများ၏ သက်ရောက်မှုကို ခံစားနေရစဉ် လိပ်နက် ဧကရာဇ်အခင်းအကျင်းကို ထိန်းသိမ်းရန် ရုန်းကန်နေရသည်။

လိပ်နက် ဧကရာဇ်အခင်းအကျင်း၏ နောက်ဆက်တွဲ ဂယက်ရိုက်ခတ်မှု ၉၀%မှာ ပြယ်လွင့်သွားပြီး အကာအကွယ်ဒိုင်းဆီသို့ ကူးစက်သွားသည့် အကြွင်းအကျန် အနည်းငယ်မျှသာ ကျန်ရှိတော့သော်လည်း ၎င်းက သူ့ကို သေစေလောက်သော ဖိနှိပ်မှုတစ်ခုဟု ခံစားရစေဆဲဖြစ်သည်။

ဒါဆိုရင် တိုက်ပွဲရဲ့ အလယ်ဗဟိုမှာ ရှိနေတာက ဘယ်လောက်တောင် ကြောက်စရာကောင်းလိုက်မလဲ။ သာမန် နံနက်ခင်းအလင်းနယ်ပယ် ကျင့်ကြံသူတစ်ယောက်ဆိုရင် အဲဒီထဲကို ဝင်သွားတာနဲ့ တစ်စစီ ဆုတ်ဖြဲခံရမှာ မဟုတ်ဘူးလား။

မဟုတ်ဘူး။ တကယ်လို့ ငါတို့ ဒီထက်ပိုပြီး နီးကပ်သွားရင် တစ်စစီ ဆုတ်ဖြဲခံရမယ်လို့ ငါ ထင်တယ်။

လန်ရှင်းစုက ကြိုတင်ပြီး မုန့်ချင်ကျိုးကို အထင်ကြီးထားခဲ့သော်လည်း အကြောင်းရင်းအားလုံးကို ထည့်သွင်းစဉ်းစားကာ တတ်နိုင်သမျှ အထင်ကြီးထားခဲ့သော်လည်း ပြန်လည်စဉ်းစားကြည့်ရာတွင် သူက မုန့်ချင်ကျိုးကို အလွန်အမင်း အထင်သေးခဲ့ကြောင်း တွေ့ရှိလိုက်ရသည်။

"လမင်းမျိုးနွယ်စုရဲ့မျှော်လင့်ချက်က အချိန်-နေရာလွတ် ဓားသူတော်စင်ပဲ။ အဲဒါ မဟာကျင်းပဲ။ လုံးဝ မမှားနိုင်ဘူး။" လန်ရှင်းစု၏ မျက်လုံးများက ရုတ်တရက် တောက်ပလာပြီး လမင်းမျိုးနွယ်စုဝင်များထံ လှည့်ကာ အော်ပြောလိုက်သည်။

"လိပ်နက် ဧကရာဇ်အခင်းအကျင်းကို အစွမ်းကုန် ကာကွယ်ကြ။ မဟာကျင်းစစ်သည်တွေကြားမှာ သေဆုံးသူတွေ မရှိအောင် တတ်နိုင်သမျှ အရာအားလုံးကို လုပ်ကြ။"

…

ထို့နောက် တိုက်ပွဲအလယ်ဗဟိုတွင်။

မုန့်ချင်ကျိုးက အလွန်အမင်း ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားဖြင့်၏ ဓားအသိအပြည့်အဝကို ထုတ်လွှတ်လိုက်ပြီး အရဟတ္တသုံးပါးထံသို့ အနီးကပ် ချဉ်းကပ်သွားလေသည်။

"အတုအယောင် ကောင်းကင်ထောက်တိုင်နယ်ပယ်တွေ။"

"ငါတို့ အိမ်ပြန်တာကို တားဆီးရဲတဲ့သူတိုင်း သေရမယ်။ အဲဒီလူက ငါဖြစ်နေရင်တောင်မှပဲ။"

…

All Chapters