← Chapters

အခန်း ၄၇၄

Vol. 48 Ch. 474

အခန်း ၄၇၄

Vol. 48 Ch. 474

အခန်း(၄၇၄) ငါနဲ့အတူတိုက်ခိုက်

မဟာမိုးကြိုးကျောင်းတော်မှ ဘုန်းတော်ကြီးများ ရောက်ရှိလာသည်နှင့်တစ်ပြိုင်နက် အရှေ့ဘက် ကောင်းကင်ယံတွင် ခရမ်းရောင်အလင်းတန်း သဲ့သဲ့လေးတစ်ခု ပေါ်ထွက်လာသည်။

ထိုခရမ်းရောင် အလင်းတန်းသည် ပိုးကြိုးမျှင်များကဲ့သို့ဖြစ်ပြီး မိုးကုပ်စက်ဝိုင်းမှ ပြန့်ကျက်လာသော ခရမ်းရောင် တိမ်တိုက်တစ်ခုနှင့် တူနေ၏။

ရွှေရောင်သန်းနေသော ခရမ်းရောင်က ပန်းနုရောင်အလင်းတန်းများဖြင့် တောက်ပနေပြီး ရှေးဟောင်း အင်မော်တယ်ဂိုဏ်းတစ်ခု၏ မြင့်မြတ်သော အရှိန်အဝါကို ပုံဖော်ထားသည်။ လူတိုင်းက အံ့အားသင့်စွာ မော့ကြည့်လိုက်ချိန်တွင် ခွန်းလွန်အင်မော်တယ်နန်းတော်၏ တက်လှမ်းခြင်းအခင်းအကျင်းက တိမ်တိုက်များထဲ ပြီးပြည့်စုံစွာ စီတန်းလျက် ကြီးကျယ်ခမ်းနားစွာ စုဝေးနေပြီ ဖြစ်သည်။

သူတော်စင်ဟွာကျင်းက အခင်းအကျင်း၏ အလယ်ဗဟိုရှိ ကျောက်စိမ်းဖြင့် ထွင်းထုထားသော ဖန်သားကဲ့သို့ ရထားလုံးပေါ်တွင် ထည်ဝါစွာ ထိုင်နေပြီး တစ်ကိုယ်လုံးမှ ဝိညာဉ်အလင်းတန်းများ ဖြာထွက်နေ၏။ သူ၏ဝတ်ရုံသည် ဖုန်မှုန့်ကင်းစင်စွာ ညင်သာစွာ လွင့်ခေါက်နေပြီး ကောင်းကင်လို အလှတရားက မြင်တွေ့ရသူ အားလုံးကို ဆွဲဆောင်ဖမ်းစားထားသည်။ လမင်းကဲ့သို့ ဖြူဝေးသော တိမ်တိုက်များက ရထားလုံးကို ဝိုင်းရံထားပြီး သွေးရောင်ကျောက်စိမ်းပန်းပွားများ တွဲလောင်းကျနေကာ လေပြေထဲတွင် ညင်သာစွာ ယိမ်းနွဲ့နေသည်။

အခင်းအကျင်း ဖြတ်သန်းသွားရာ နေရာတိုင်း ပဲ့တင်ထပ်နေသောအသံမှာ ကောင်းကင်ဘုံ ဂီတသံကဲ့သို့ ဖြစ်နေပြီး လေထုမှာ မင်္ဂလာရှိသော တိမ်တိုက်များကဲ့သို့ ဖြစ်နေ၏။

ဝိညာဉ်ငှက်များနှင့် ဒဏ္ဍာရီလာသားရဲများက လမ်းပြကာ ကြိုးကြာငှက်များက တောင်ပံခတ်၍ အော်ဟစ်နေကြပြီး သမင်ဖြူများက ခေါင်းငုံ့ကာ နာခံနေကြသည်။

အရာအားလုံး အရောင်အသွေး မတောက်ပလွန်းဘဲ ကြော့ရှင်းနေပြီး စိတ်ဝိညာဉ်မှာ မြင့်မားစွာ ပျံသန်းနေသည်။

အနည်းဆုံးတော့ သာမန်လူများ၏ အမြင်ထဲတွင်ပင်။

သို့သော် အခင်းအကျင်းထဲရှိ ချန်ဟွိုက်အန်နှင့် ဝမ်ရှိုယီတို့ကတော့ ၎င်းတို့ထဲမှ အများစုမှာ ကြည့်ကောင်းရုံ ပြသထားသော အထူးပြုလုပ်ချက်များသက်သက်ဖြစ်ကြောင်း သိထားကြသည်။

ဥပမာအားဖြင့် အခင်းအကျင်းနှင့် ရထားလုံးများ ပတ်လည်တွင် ပျံသန်းနေသော ဝိညာဉ်ငှက်များနှင့် ကြိုးကြာငှက်များသည် အတုများသာ ဖြစ်ပြီး လုံးဝအတုများ ဖြစ်သည်။ အောက်မှလူများမြင်ရအောင် စိတ်ဝိညာဉ်ချီစွမ်းအင်များနှင့် ဖန်တီးထားခြင်း သက်သက်သာ။ အခင်းအကျင်းအရှေ့ရှိ တိမ်များကို ဆွဲသွားသော သမင်ဖြူကလည်း အတူတူပင်။

ခွန်းလွန်အင်မော်တယ်နန်းတော်ရော မဟာမိုးကြိုးကျောင်းတော်ပါ ထိုကဲ့သို့ ပြုလုပ်ရသည်ကို သဘောကျကြ၏။

အကြောင်းမှာ သာမန်လူများနှင့် နိုးထလာသူများက မြင်ရသည်ကို သဘောကျကြောင်း သိထား၍ပင်။

ခွန်းလွန်အင်မော်တယ်နန်းတော်မှ တက်လှမ်းသူများကို မြင်သောအခါ မဟာမိုးကြိုးကျောင်းတော်မှ ကျင့်ကြံသူများ၏မျက်နှာများ မှောင်မိုက်သွားသည်။

လူအုပ်ကြီး၏ ဝိုင်းရံမှုကို ခံထားရသော ဗုဒ္ဓဘာသာတပည့်ကြီးမှာမူ သိပ်ပြီး တုံ့ပြန်မှု မပြပေ။ ထိုအစား ပြုံးပင် ပြုံးနေသေးသည်။

"အော်မီတော်ဖော်၊ အရှင်မ ဟွာကျင်းနဲ့ မတွေ့ရတာ အတော်ကြာပြီပဲ။ အရှင်မက အရင်ကလို ရွှေရောင် ခန္ဓာကိုယ်နဲ့ အံ့ဖွယ်အသွင်အပြင်ကို ပိုင်ဆိုင်ထားတုန်းပဲကိုး။ အရှင်မရဲ့အလှက ပြိုင်စံရှားနေတုန်းပါပဲ။ အရှင်မလို အံ့ဖွယ်ကောင်းတဲ့ လူတစ်ယောက်က ငါတို့ မဟာမိုးကြိုးကျောင်းတော်မှာ ရွှေရောင်ခန္ဓာကိုယ်တစ်ခု ဖန်တီးဖို့အတွက် ပြီးပြည့်စုံတယ်။ နောက်ဘဝမှာ အရှင်မ သေချာပေါက် အံ့ဖွယ်ကောင်းတဲ့ အကျိုးကျေးဇူးတွေ ရိတ်သိမ်းရမှာပါ။"

ခွန်းလွန်အင်မော်တယ်နန်းတော်၏ ရထားလုံးထဲမှ ရယ်သံတိုးတိုးလေး တစ်ခု ထွက်ပေါ်လာသော်လည်း ထိုရယ်မောသံတွင် သရော်မှုများ ပါဝင်နေသည်။

"ဆရာတော်ဖာမင်။ ရှင်က နည်းနည်းလေးတောင် မပြောင်းလဲသေးဘူးပဲ။ အရင်လို အပြောကောင်း နေတုန်းပဲ။ ခွန်းလွန်အင်မော်တယ်နန်းတော်မှာ ကျွန်မရဲ့ အစေခံလေးအဖြစ် လာလုပ်ပါလား။ ကျွန်မက သစ်သီးတွေကို ခဏခဏ စားတတ်တယ်လေ။ အဲဒါကြောင့် ရှင်က သစ်သီးတွေကို ဆေးကြောပြီး ကျွန်မဆီ ယူလာပေးရတဲ့ တာဝန်ကို ယူရမှာပေါ့။"

အဓိကအင်အားစုကြီးနှစ်ခု၏ ထိပ်တန်း ခေါင်းဆောင်များ တွေ့ဆုံသည့် အခိုက်အတန့်တွင် လေထုမှာ တင်းမာပြီး ရန်လိုမှုများ ပြည့်နှက်နေပြီ ဖြစ်သည်။

၎င်းသည် ခွန်းလွန်အင်မော်တယ်နန်းတော်၏ တပည့်များနှင့် မဟာမိုးကြိုးကျောင်းတော်၏ ဗုဒ္ဓဘာသာ ကျင့်ကြံသူများကြားတွင်လည်း တင်းမာသော ထိပ်တိုက်ရင်ဆိုင်မှုကို ဖြစ်ပေါ်စေခဲ့သည်။

ခဏတာ တိတ်ဆိတ်သွားပြီးနောက် ကျောင်းထိုင်ဘုန်းကြီးဖာမင်က လက်အုပ်ချီကာ ပြုံးလိုက်သည်။ "ဒီနေ့ ငါတို့က ရန်ဖြစ်ဖို့ ရောက်လာတာ မဟုတ်ဘူး။ ကောင်းကင်အနှစ်သာရကျောက်စိမ်းခြင်ဆီက မကြာခင် ပေါ်ထွက်လာတော့မယ်။ ဒါက ကောင်းကင်နဲ့မြေကြီးရဲ့ အမြင့်မြတ်ဆုံး ရတနာတစ်ခု ဖြစ်ပြီးတော့ အရည်အချင်း ရှိတဲ့သူတွေအတွက် အမြဲတမ်း သီးသန့် ဖယ်ချန်ထားလေ့ရှိတယ်။ ဒီမှာ ဂိုဏ်းပေါင်းများစွာ ရှိနေတယ်။ ကောင်းကင်အနှစ်သာရကျောက်စိမ်းခြင်ဆီကို ရနိုင်မရနိုင်ဆိုတာ သူတို့ရဲ့ ကိုယ်ပိုင်စွမ်းရည်ပေါ်မှာပဲ မူတည်တယ်။"

"ငါတို့ မဟာမိုးကြိုးကျောင်းတော်က ဒီနေရာမှာ တပ်စွဲထားတယ်ဆိုတာက ပဋိပက္ခရဲ့ အတိုင်းအတာကို ကန့်သတ်ဖို့နဲ့ စွမ်းအားကြီးတဲ့ ကျင့်ကြံသူတွေက ပျက်စီးမှုတွေ ကြီးကြီးမားမား မဖြစ်အောင် တားဆီးဖို့ သက်သက်ပဲ။ အားလုံး ဘယ်လိုထင်လဲ။ ခွန်းလွန်အင်မော်တယ်နန်းတော်က လူတွေနဲ့ သူတော်စင် ဟွာကျင်းကော ဘယ်လိုထင်လဲ။

သူ၏အသံသည် အရပ်မျက်နှာအားလုံးသို့ ပျံ့နှံ့သွားပြီး လူတိုင်း ကြားလိုက်ရသည်။ ၎င်းက သူတော်စင် ဟွာကျင်း တစ်ယောက်တည်းကိုသာ ကြားစေရန် ရည်ရွယ်ထားခြင်း မဟုတ်ကြောင်း သိသာထင်ရှားသည်။

"ဒီဆရာတော်ဖာမင်က တကယ်ကို ဆရာတစ်ဆူရဲ့ အမူအရာ ရှိတာပဲ။ ဒီလှုပ်ရှားမှုကိုသာ ကန့်သတ်မထားဘူးဆိုရင် သူတို့တွေ သေချာပေါက် သွေးသံတရဲရဲနဲ့ အဆုံးသတ်သွားမှာ။"

လူအုပ်ထဲရှိလူအချို့က အချင်းချင်း တီးတိုးပြောကာ မဟာမိုးကြိုးကျောင်းတော်ကို ချီးကျူးနေကြသည်။

အချို့လူများကမူ သူ့ကို သရော်မှု၊ အထင်သေးမှုများဖြင့် ကြည့်ကာ ပြောသည်။ "ဒါတွေအားလုံးက သူတို့ရဲ့ ကိုယ်ပိုင်အကျိုးအမြတ်အတွက် မဟုတ်ဘူးလား။ ဆရာတော် ဖာမင်နဲ့ ဟွာကျင်းတို့က စည်းမျဉ်းတွေ သတ်မှတ်လိုက်ရင် လူစုလူဝေးတိုက်ပွဲကြီးကို ထိန်းချုပ်နိုင်သွားပြီးတော့ သူတို့အတွက် အကောင်းဆုံး ကောင်းကင်အနှစ်သာရကျောက်စိမ်းခြင်ဆီကို ရဖို့ပိုလွယ်သွားတာပေါ့။"

"ကျွန်မကတော့ ဘာကန့်ကွက်စရာမှ မရှိပါဘူး။" ဟွာကျင်းက နူးညံ့သောအသံဖြင့် ပြုံးကာ ပြောလိုက်သည်။

၎င်းကို ကောင်းကင်အနှစ်သာရကျောက်စိမ်းခြင်ဆီ တွက် ယှဉ်ပြိုင်သည့် အစောပိုင်း အဆင့်များတွင် အသံတိတ် စည်းမျဉ်းတစ်ခုအဖြစ် ယူဆထားကြ၏။

မည်သို့ဆိုစေ အောင်နိုင်ရန် မိစ္ဆာချိတ်ပိတ်မျှော်စင် (၈)ခု ကျန်နေသေးသည်။ အရင်းအမြစ်များအတွက် ယှဉ်ပြိုင်ရာတွင် အားကြီးသူနိုင်စတမ်းကို ချိုးဖောက်၍မရသော်လည်း လူအင်အား အလွန်အကျွံ ဖြုန်းတီးခြင်းကို ရှောင်ရှားရန်နှင့် မိစ္ဆာချိတ်ပိတ်မျှော်စင်များကို အောင်နိုင်မည့်အရှိန် နှေးကွေးမသွားစေရန် အငြင်းပွားမှုများကို အတိုင်းအတာတစ်ခုအထိ ကန့်သတ်ထားရပေမည်။

"ဒါဆိုရင် ငါတို့ ပူးပေါင်းပြီး အခင်းအကျင်းတစ်ခု တည်ဆောက်ကြတာပေါ့။"

"ရတာပေါ့။"

ဆရာတော် ဖာမင်နှင့် အရှင်မ ဟွာကျင်းတို့ အချင်းချင်း ကြည့်လိုက်ကြပြီး မှော်လက်နက်များကို ထုတ်ယူလိုက်ကြသည်။

ဆရာတော် ဖာမင်၏ လက်ထဲရှိ စိပ်ပုတီးများ တောက်ပသွားပြီး အရပ်မျက်နှာ အားလုံးသို့ လွင့်မျောသွားသော ရွှေရောင် ဗုဒ္ဓမီးတောက်လေးများအဖြစ် ပြောင်းလဲသွားသည်။ ဟွာကျင်းက လက်ကို ညင်သာစွာ မြှောက်လိုက်ရာ လက်ဖဝါးထဲတွင် စိမ်းပြာရောင် အလင်းတန်းများ စီးဆင်းနေသော ကျောက်စိမ်း အင်မော်တယ်တံဆိပ်တုံးတစ်ခု ပေါ်လာသည်။ နှစ်ဦးစလုံး တစ်ပြိုင်နက်တည်း လေထဲသို့ ပျံတက်သွားကြပြီး မှော်စွမ်းအားနှင့် စစ်မှန်သော အနှစ်သာရများက ကောင်းကင်ယံတွင် လှိမ့်တက်နေသော လှိုင်းလုံးများကဲ့သို့ စီးဆင်းသွားကာ လျှို့ဝှက်ဆန်းကြယ်သော မှော်စာများဖြင့် ဖုံးလွှမ်းနေသည့် အမိုးခုံးပုံစံ အကာအကွယ် တစ်ခုအဖြစ် တဖြည်းဖြည်း ပြောင်းလဲသွားသည်။

ဖာမင်က သက္ကတ အက္ခရာများကို ရွတ်ဆိုလိုက်ရာ ထိုအက္ခရာများသည် နှေးကွေးပြီး နက်ရှိုင်းကာ ဗုဒ္ဓထောင်ပေါင်းများစွာနှင့် ပဲ့တင်ထပ်နေသကဲ့သို့ ဖြစ်နေသည်။

ထို့နောက် ဟွာကျင်းက လက်ဖြင့် မုဒြာလက်ဟန်တစ်ခု ဖော်လိုက်ရာ အလင်းတန်း ကိုးခုသည် လေဟာနယ်ထဲတွင် ပျံသန်းနေသော နဂါးများကဲ့သို့ ပျံထွက်သွားသည်။

ရွှေရောင်နှင့်စိမ်းပြာရောင် အလင်းတန်းများ ရောယှက်သွားပြီး လူတိုင်း၏ခေါင်းပေါ်တွင် အခင်းအကျင်း တစ်ခုကို ပုံဖော်လိုက်သည်။

"မဟာဆင့်ကဲပြောင်းလဲခြင်း ကောင်းကင်လျှို့ဝှက်ချက်အခင်းအကျင်း ပြီးပြည့်စုံပြီ။" သူတို့နှစ်ဦးက တပြိုင်နက်တည်း အော်ဟစ်လိုက်ရာ ကျောက်စိမ်းတံဆိပ်တုံးနှင့် ဗုဒ္ဓဘာသာစိပ်ပုတီးတို့ လေထဲ တိုက်မိသွားပြီး၊ မျက်စိကျိန်းမတတ် တောက်ပသော အလင်းတန်းများ ထွက်ပေါ်လာ၏။

ဆရာတော် ဖာမင်က လက်ဝါးတစ်ဖက်ကို ရင်ဘတ်ရှေ့တွင်ထားကာ အခင်းအကျင်း၏ စည်းမျဉ်းများကို ကြေညာလိုက်သည်။ "မဟာဆင့်ကဲပြောင်းလဲခြင်း ကောင်းကင်လျှို့ဝှက်ချက်အခင်းအကျင်းထဲကို အဝင်အထွက် လုပ်လို့ရတယ်။ ဒါပေမဲ့ အခင်းအကျင်းအတွင်းမှာ အခြေတည်ဝိညာဉ်အဆင့်အထက်မှာရှိတဲ့ တက်လှမ်းသူတွေ လှုပ်ရှားလို့မရဘူး။"

"ကောင်းကင်အနှစ်သာရကျောက်စိမ်းခြင်ဆီ လောကထဲကို ပေါ်ထွက်လာတော့မယ်။" အရှင်မ ဟွာကျင်းက မုဒြာလက်ဟန်တစ်ခု ဖော်လိုက်ပြီး နူးညံ့စွာ ပြောလိုက်သည်။ "အားလုံးပဲ ပြင်ဆင်ထားကြပါ။"

"စီနီယာ၊ ကျွန်တော်တို့ ဘယ်တော့မှများ ဒီလိုကောင်းကင်နဲ့မြေကြီးရဲ့ စွမ်းအားမျိုးကို ပိုင်ဆိုင်နိုင်မှာလဲ။" ဝမ်ရှိုယ်က သူ၏ခေါင်းပေါ်ရှိ အခင်းအကျင်းကို အံ့အားသင့်မှုများနှင့် ထို့ထက်ပို၍ စိတ်လှုပ်ရှားမှုများဖြင့် မော့ကြည့်ကာ ပြောသည်။ "အရှင်မဆိုတဲ့အတိုင်းပဲ၊ သူ ပေါ့ပေါ့ပါးပါး တည်ဆောက်လိုက်တဲ့ အခင်းအကျင်း တစ်ခုက အခြေတည်ဝိညာဉ်အဆင့် အထက်မှာရှိတဲ့သူတွေ အားလုံးကို ကန့်သတ်ထားနိုင်တယ်။ တကယ်ကို အံ့ဩစရာကောင်းပြီး လွှမ်းမိုးနိုင်စွမ်းရှိတာပဲ။"

ချန်ဟွိုက်အန် တိတ်ဆိတ်နေလိုက်သည်။

ဒီကောင်လေးရဲ့ နှလုံးသားနဲ့စိတ်ထဲမှာ အရှင်မပဲ ရှိနေတာလား။

သူလည်း ထိုမဟာဆင့်ကဲပြောင်းလဲခြင်းကောင်းကင်လျှို့ဝှက်ချက် အခင်းအကျင်း ဆိုသည်ကို လေ့လာကြည့်လိုက်သည်။ ပွင့်ပွင့်လင်းလင်း ပြောရလျှင် ထိုနာမည်က အတော်လေး ကြက်သီးထစရာ ကောင်းသည်။

သို့သော် အခင်းအကျင်း၏ လုပ်ဆောင်ချက်နှင့် ဖွဲ့စည်းပုံက အတော်လေး ရိုးရှင်းပေသည်။ ၎င်းက အစစ်အမှန်နတ်ဘုရား နှစ်ပါး၏ မှော်လက်နက်များကို အခင်းအကျင်း၏ အဓိကအချက်အချာအနေနှင့် သုံးထားပြီး တခြားတက်လှမ်းသူများကိုသာ ပစ်မှတ်ထားသည့် ဖိနှိပ်သောစွမ်းအားအဖြစ် အစစ်အမှန် အနှစ်သာရကို ပြောင်းလဲထားရုံ သက်သက်သာ ဖြစ်သည်။ ပွင့်ပွင့်လင်းလင်း ပြောရလျှင် ထိုအခင်းအကျင်းက ပညာပိုင်းဆိုင်ရာ ဆန်းပြားမှု လုံးဝမရှိပေ။ အခင်းအကျင်းအကြောင်း နည်းနည်းပါးပါး နားလည်သော ချင်းယွန်ဘုံမှ အခြေတည်ဝိညာဉ်အဆင့်အထက် မည်သည့်ကျင့်ကြံသူမဆို ၎င်းကို အလွယ်တကူ ချိုးဖျက်နိုင်၏။

သို့သော် သူ ဘာမှ မပြောခဲ့ပေ။

သူလျှိုတစ်ယောက်အနေဖြင့် စည်းမျဉ်များကို လိုက်နာသင့်ပေသည်။

မည်သို့ဆိုစေ သူက အခြေတည်ဝိညာဉ်အဆင့် ကျင့်ကြံသူ မဟုတ်သည့်အတွက် ထိုစည်းမျဉ်းများက သူ့ကို ကန့်သတ်မထားသည့်အပြင် တစ်နည်းအားဖြင့် သူ့အတွက် အကာအကွယ်တစ်ခုပင် ဖြစ်နေသေးသည်။

သူ ပတ်ဝန်းကျင်ကို ကြည့်လိုက်၏။

ပတ်ဝန်းကျင်ရှိ တက်လှမ်းသူ လူအုပ်ကြီးထဲမှ ကျန်းယိပိုင်နှင့် လေဝိညာဉ်ဂိုဏ်း၏ တပည့်များကို အလွယ်တကူ မြင်တွေ့လိုက်ရသည်။

ထိုအဘိုးကြီးသည် အသိအမှတ်ပြု မခံရစေရန် ကြိုးစားနေပုံရကာ အနောက်တိုင်းဝတ်စုံကို ဝတ်ထားပြီး နေကာမျက်မှန် တပ်ထားသည်။

ထိုသို့ ထူးခြားသောအသွင်အပြင်က သူကို လူအုပ်ကြီးထဲတွင် ထင်ရှားပေါ်လွင်စေပြီး အမှန်တကယ် မျက်စိကျစရာ ဖြစ်နေစေကြောင်းကို သတိမထားမိပေ။

သူတို့ မျက်လုံးချင်း ဆုံသွားကြပြီး နှုတ်ခမ်းထောင့်များ အနည်းငယ် တွန့်ကွေးသွားကာ၊စကားတစ်ခွန်းမှ မပြောဘဲ အရာအားလုံးကို နားလည်သွားကြသည်။

ဝုန်း…

ကောင်းကင်ကြီး ရုတ်တရက် မှောင်မိုက်သွားပြီး လူတိုင်း မော့ကြည့်လိုက်ကြသည်။

တစ်ချိန်က ကြည်လင်နေသော ကောင်းကင်ကြီးက မင်ရည်ကဲ့သို့ မည်းနက်သွားပြီး လျှပ်စီးလက်ခြင်း၊ မိုးခြိမ်းခြင်းများနှင့်အတူ စိမ်းပြာရောင် အလင်းတန်း သဲ့သဲ့လေးတစ်ခု ကောင်းကင်၏ အနက်ရှိုင်းဆုံးနေရာမှ ဖြည်းညှင်းစွာ ထွက်ပေါ်လာသည်။ ထိုစိမ်းပြာရောင် အလင်းတန်းက အသက်ဝင်နေသကဲ့သို့ပင် လေထဲတွင် ရွေ့လျားနေပြီး တဖြည်းဖြည်း ကြီးမားလာကာ သုံးပိုင်း ကွဲထွက်သွားပြီးနောက် တစ်ခုစီမှ ကြွယ်ဝသော စွမ်းအင် အရှိန်အဝါများ ဖြာထွက်နေသည့် လေထဲတွင် တွဲလောင်းဖြစ်နေသော ကြည်လင်သော ကျောက်စိမ်းတုံး သုံးခုအဖြစ် ပြောင်းလဲသွား၏။

"ဟုတ်ပြီ။ ကောင်းကင်အနှစ်သာရကျောက်စိမ်းခြင်ဆီ လောကထဲ ပေါ်ထွက်လာပြီ။"

လူအုပ်ကြီးထံမှ နားကွဲမတတ် အသံကြီး ထွက်ပေါ်လာသည်။

ဂိုဏ်းအသီးသီးမှ တက်လှမ်းသူများ၏ မျက်လုံးများတွင် လောဘများ တောက်ပလာပြီး သူတို့၏ လက်နက်များကို တိုက်ခိုက်ရန် အသင့်ပြင်ထားလိုက်ကြသည်။

တိုက်ပွဲအတွေ့အကြုံ အနည်းငယ် ရှိသော ဝါရင့်နိုးထသူများသည် အဖွဲ့ငယ်လေးများ တိတ်တဆိတ် ဖွဲ့စည်းထားပြီး အဖွဲ့တိုင်းသည် အားသာချက်ရှိသော နေရာများကို ရှာဖွေနေကြသည်။ သို့သော် ပိုမိုငယ်ရွယ်ပြီး စိတ်မြန်သော တပည့်များမှာမူ မထိန်းချုပ်နိုင်တော့ဘဲ ကောင်းကင်အနှစ်သာရကျောက်စိမ်းခြင်ဆီဆီသို့ ပျံသန်းသွားကြသည်။ တင်းမာသော လေထုကြီး လွှမ်းမိုးနေပြီး လူတိုင်းက ကောင်းကင်အနှစ်သာရ ကျောက်စိမ်းခြင်ဆီ အပြည့်အဝ ပေါ်ထွက်လာမည့် အချိန်ကို စောင့်ဆိုင်းနေကြသည်။

"ဒါတွေက အလယ်အလတ်အဆင့် ကောင်းကင်အနှစ်သာရကျောက်စိမ်းခြင်ဆီ သုံးခုပဲ။"

ရထားလုံးပေါ်တွင် ဟွာကျင်းက မျက်လုံးများကို ကျဉ်းလိုက်သည်။

လွန်ခဲ့သော သံသရာတုန်းကနှင့်မတူဘဲ၊ ယခုတစ်ခါ အလယ်အလတ်အဆင့် ကောင်းကင်အနှစ်သာရ ကျောက်စိမ်းခြင်ဆီ သုံးခုနဲ့ စတင်ခဲ့ရသည်မှာ အတော်လေး မျှော်လင့်မထားသော ကိစ္စပင်။

အနိမ့်ဆုံးအရည်အသွေးဆိုလှင် လျစ်လျူရှုထား၍ ရပေသည်။

သို့သော် အလယ်အလတ်အဆင့်များကတော့ တိုက်ခိုက်လုယူရန် တန်နေလေပြီ။

"အရှင်မ။ ခွန်းလွန်အင်မော်တယ်နန်းတော်အတွက် ကျွန်တော်တို့ တိုက်ခိုက်ဖို့ ဆန္ဒရှိပါတယ်။"

ဝူဝမ်ပင်းက ပထမဆုံး ရှေ့သို့ထွက်လာခဲ့ပြီး ခွန်းလွန်အင်မော်တယ်နန်းတော်၏ အခြားတပည့်များလည်း သူ့နောက်သို့ လိုက်ပါလာကြသည်။

"သိပ်ကောင်းတယ်။ ငါ့ရဲ့ ခွန်းလွန်အင်မော်တယ်နန်းတော်က တပည့်တွေနဲ့ ထိုက်တန်ပါပေတယ်။"

ဟွာကျင်းက ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်၊ "သွားကြ။ ဒါပေမဲ့ မဟာမိုးကြိုးကျောင်းတော်က ဗုဒ္ဓဘာသာ ကျင့်ကြံသူတွေကိုတော့ သတိထားကြ။ သူတို့ရဲ့ စွမ်းအားက မင်းတို့ထက် မနိမ့်ကျဘူး။ ပြီးတော့ အဲဒီဂိုဏ်းက တပည့်တွေကိုလည်း အထင်မသေးနဲ့။ သူတို့ရဲ့ ပါရမီရှင်တချို့က မင်းတို့ထက် လုံးဝ မနိမ့်ကျဘူး။"

"ဟုတ်ကဲ့ပါ။"

ဟွာကျင်း ဤသို့ ပြောသည်ကို ကြားသောအခါ ဝူဝမ်ပင်းနှင့် သူ၏ ရင်းနှီးသောတပည့်များ အတော်လေး မကျေမနပ် ဖြစ်သွားကြသည်။

သို့သော် အရှင်မရှေတွင် သူက မည်သည့်အရာကိုမျှ မချေပရဲသောကြောင့် တိုက်ပွဲဝင်မည့် အခင်းအကျင်းမှ ထွက်သွားပြီး ကောင်းကင်အနှစ်သာရကျောက်စိမ်းခြင်ဆီသို့ ပျံသန်းသွားတော့သည်။

"စီနီယာ၊ နောက်လှိုင်းကို စောင့်ပြီးတော့ သူတို့ကို အရင်တိုက်ခိုက်ခိုင်းလိုက်ကြရအောင်။"

ဝမ်ရှိုယီက စီနီယာအစ်ကိုများနှင့် စီနီယာအစ်မများ အချင်းချင်း သေသည်အထိ တိုက်ခိုက်ပြီးနောက်မှ သူနှင့်သူ၏စီနီယာ စွမ်းဆောင်ရည် ပြသမည်ဟု တွေးထားခဲ့သည်။

ထိုသို့အခြေအနေကို အခွင့်ကောင်းယူပြီး ရန်သူများ ပင်ပန်းနွမ်းနယ်သွားသည်အထိ စောင့်နေလျှင် အရင်းအမြစ် အများအပြား ပိုရနိုင်၏။

ထိုကဲ့သို့ တည်ငြိမ်သောတွေးခေါ်ပုံက ချန်ဟွိုက်အန်၏ ပုံမှန်ကိစ္စများကို ကိုင်တွယ်ဖြေရှင်းသော စတိုင်နှင့် ကိုက်ညီပေသည်။

သို့သော် ယနေ့ ချန်ဟွိုက်အန် စိတ်ပြောင်းသွားခဲ့သည်။

"ဘာကို စောင့်ရမှာလဲ။" ချန်ဟွိုက်အန်က လှောင်ပြောင်လိုက်ပြီး အထင်သေးစွာ ပြောသည်၊ "ငါတို့ တက်လှမ်းသူတွေက လူတွေနဲ့ တိုက်ခိုက်တယ်။ မြေကြီးနဲ့ တိုက်ခိုက်တယ်။ ပြီးတော့ ကောင်းကင်နဲ့ တိုက်ခိုက်တယ်။ ကောင်းကင်ရဲ့လျှို့ဝှက်ချက်တွေနဲ့ အရင်းအမြစ်တွေအတွက် တိုက်ခိုက်တယ်။ တခြားသူတွေ အရင်ရောက်သွားဖို့ စောင့်နေရမယ်ဆိုတဲ့ စကားကို ဘယ်လိုများ ပြောထွက်ရတာလဲ။"

ဝမ်ရှိုယီ မှင်တက်သွား၏။ "စီနီယာ၊ ခင်ဗျား..."

"အဓိပ္ပာယ်မရှိတာတွေ ပြောမနေနဲ့တော့။" ချန်ဟွိုက်အန်က အင်္ကျီလက်ကို ဝှေ့ယမ်းလိုက်သည်။ "ဝမ်ရှိုယီ။ ငါနဲ့အတူ တိုက်ပွဲထဲကို လိုက်လာခဲ့။"

...

All Chapters