← Chapters

အခန်း ၄၇၅

Vol. 48 Ch. 475

အခန်း ၄၇၅

Vol. 48 Ch. 475

အခန်း(၄၇၅) စိတ်ထင်တာလား

တိုက်ပွဲအခင်းအကျင်းထဲမှ ချန်ဟွိုက်အန်နှင့် ဝမ်ရှိုယီတို့ ပျံသန်းထွက်ခွာသွားသည်ကို ကြည့်ရင်း ရထားလုံးပေါ်ရှိ ဟွာကျင်းက တိတ်တဆိတ် ခေါင်းညိတ်လိုက်သည်။

ချန်ဟွိုက်အန် မဆိုးဘူးပဲ။

ခိုင်မာတဲ့ တရားမျှတမှုစိတ်ဓာတ် ရှိတယ်။

တစ်ဖက်လူက ပျင်းရိခြင်းကို ကျင့်သားရနေပြီး ကန့်သတ်ခံရခြင်းကို မကြိုက်၍ အင်မော်တယ်နန်းတော်၌ ပုံမှန်မနေချင်ကြောင်း သူ ထင်ခဲ့သည်။

ယခုကြည့်ရသည်မှာ ချန်ဟွိုက်အန်က စစ်သွေးကြွတစ်ယောက် သက်သက်ပင်။ သူက အင်မော်တယ် နန်းတော်တွင် မနေချင်ရခြင်းမှာ တိုက်ခိုက်စရာ နေရာမရှိမည်ကို စိုးရိမ်၍ ဖြစ်ရပေမည်။

တိုက်ခိုက်သည်မှာ ကောင်းသည်။ ပြဿနာရှာတတ်သူများကို သူ သဘောကျ၏။

ဝမ်ရှိုယီတွင်လည်း ထိုသို့ကိုယ်ရည်ကိုယ်သွေးမျိုး ရှိသည်။ သူက သဘောမတူလျှင် တိုက်ခိုက်တတ်သည်။ ထို့ကြောင့်လည်း သူက ဝမ်ရှိုယီကို အမြဲ မြေတောင်မြှောက်ပေးနေခြင်း ဖြစ်သည်။

...

ကောင်းကင်အနှစ်သာရကျောက်စိမ်းခြင်ဆီ ဖွဲ့စည်းပြီးနောက် ၎င်းက တစ်နေရာတည်း ရပ်မနေခဲ့ပေ။

ထိုအစား ၎င်းတို့ အရပ်သုံးမျက်နှာသို့ ဖြာထွက် ပျံသန်းသွားကြသည်။

၎င်းတို့ထဲမှ တစ်ခုသည် မဟာဆင့်ကဲပြောင်းလဲခြင်းကောင်းကင်လျှို့ဝှက်ချက် အခင်းအကျင်းထဲမှ ပျံထွက်သွားပြီး မည်သူမျှ မတားဆီးဘဲ အလွန်ဝေးကွာသော နေရာသို့ ရောက်သွားသည်။ ၎င်း မျက်စိအောက်မှ ပျောက်ကွယ်သွားမှသာ ခွန်းလွန်အင်မော်တယ်နန်းတော်နှင့် မဟာမိုးကြိုးကျောင်းတော်မှ အရှိန်အဝါကို ဖုံးကွယ်ထားသော အဘိုးကြီးအနည်းငယ်က လှုပ်ရှားလိုက်ကြပြီး လက်တစ်ဖျပ်အတွင်း အမှောင်ထုထဲသို့ ပျောက်ကွယ်သွားကြသည်။

မကြာမီမှာပင် မိုးကုပ်စက်ဝိုင်းမှ ပြင်းထန်သော တိုက်ခိုက်သံများကို ကြားလိုက်ရသည်။

လေဝိညာဉ်ဂိုဏ်း အဖွဲ့ထဲတွင် ကျန်းယိပိုင်က အကြီးအကဲများ ထွက်ခွာသွားသော ဦးတည်ချက်ကို ကြည့်ရင်း မျက်လုံးများကို ကျဉ်းလိုက်သည်။

ဂိုဏ်းချုပ်၏အမူအရာကို မြင်လိုက်ရသောအခါ သူ၏ဘေးတွင် ရပ်နေသော လီကျုံးစီ၏ ရင်ထဲတွင် မကောင်းသောနိမိတ်တစ်ခု ချက်ချင်း ပေါ်လာသည်။

"ဂိုဏ်းချုပ်၊ ဟိုဘက်ကို ဘာလှမ်းကြည့်နေတာလဲ။ အဲဒီမဟာအခင်းအကျင်းရဲ့ အပြင်ဘက်က ကောင်းကင်အနှစ်သာရကျောက်စိမ်းခြင်ဆီကို သွားလုဖို့ စဉ်းစားနေတာတော့ မဟုတ်ဘူးမလား။"

ကျန်းယိပိုင် ခဏတာ တိတ်ဆိတ်နေပြီးနောက် လီကျုံးစီကို ငုံ့ကြည့်ကာ ပြောလိုက်သည်။ "အေး…စဉ်းစားနေတာ။"

"ဂိုဏ်းချုပ်၊ အဲဒီလို မလုပ်ပါနဲ့။ အဲဒီအဘိုးကြီးတွေက ရန်စလို့ကောင်းမယ့် ပုံစံမျိုး မရှိဘူး။ ကျွန်တော်တို့ သွားရင် သေမှာပဲ။"

လီကျုံးစီက စေတနာဖြင့် အကြံဉာဏ် ပေးလိုက်သည်။

သူက ကောင်းမွန်သော ကျင့်စဉ်၊ ကောင်းမွန်သော ကျင့်ကြံခြင်း ပတ်ဝန်းကျင်နှင့် ကောင်းမွန်သော ဆရာတစ်ယောက်ကို နောက်ဆုံးတွင် ရှာတွေ့ထားပြီဖြစ်ရာ ၎င်းတို့ကို အလွယ်တကူ အဆုံးရှုံးမခံနိုင်ပေ။

"စိတ်မပူပါနဲ့။ ငါ မသေပါဘူး။" ကျန်းယိပိုင်က ပြုံးလျက် ခေါင်းခါလိုက်ပြီး၊ သံမဏိဖြင့် သွန်းလုပ်ထားသကဲ့သို့ ဖြစ်နေသော ကြွက်သားများကိုပြသရန် အနောက်တိုင်းဝတ်စုံ ကုတ်အင်္ကျီကို ဆွဲဖြဲလိုက်သည်။ "မင်းကို တာဝန်တစ်ခု ပေးမယ်။ အလယ်အလတ်အဆင့် ကောင်းကင်အနှစ်သာရ ကျောက်စိမ်းခြင်ဆီ တစ်ခုကို ပြန်လုလာခဲ့။ ပြီးတော့ လေဝိညာဉ်ဂိုဏ်းကို အရှက်မကွဲစေနဲ့။"

"မလုပ်ပါနဲ့။ ဂိုဏ်းချုပ်..."

လီကျုံးစီက တစ်ခုခု ဆက်ပြောချင်သေးသည်။

ဝုန်း…

သူ့ရှေ့တွင် ကျန်ရစ်ခဲ့သည်မှာ ကျန်းယိပိုင် ခြေဆောင့်နင်းသွားသော ချိုင့်ခွက်ကြီးသာ။

ကျန်းယိပိုင်က အမြောက်ဆန်တစ်ခုကဲ့သို့ ပစ်ထွက်သွားပြီး ခြေရာလက်ရာမကျန် ပျောက်ကွယ်သွားပြီ ဖြစ်သည်။

"ဒုက္ခပဲ။ အားလုံးသွားပြီ။ ဂိုဏ်းချုပ်က ဘာလို့ အကြံပေးတာကို နားမထောင်ရတာလဲ။" လီကျုံးစီက ချိုင့်ခွက်ကို စိုးရိမ်တကြီး ကြည့်လိုက်သည်။

ကျန်းယိပိုင်၏ ပုံမှန်စွမ်းအား ပြသမှုများအရ သူသည် အလွန်ဆုံး အခြေတည်ဝိညာဉ်အဆင့် ကျင့်ကြံသူ တစ်ယောက်သာ ဖြစ်သည်။

ထွက်ပျံသွားသော ထိုအဘိုးကြီးများက သေချာပေါက် အခြေတည်ဝိညာဉ်အဆင့် ကျင့်ကြံသူများသာ မဟုတ်ပေ။ သူတို့အထဲတွင် နတ်အသွင်ပြောင်းအဆင့် ကျင့်ကြံသူအနည်းငယ်မပါဟု သူ မယုံကြည်ပေ။

အခြေတည်ဝိညာဉ်အဆင့် ကျင့်ကြံသူတစ်ယောက်က နတ်အသွင်ပြောင်းအဆင့် ကျင့်ကြံသူနှင့် တိုက်ခိုက်မည်ဆိုလျှင် လက်ဝါးတစ်ချက်တည်းနှင့် အမဲသားပြားတစ်ချပ်လို ဖိချေခံရမည် မဟုတ်ပါလား။

"ထားလိုက်ပါတော့။ အခု အရေးအကြီးဆုံးက ဆုံးရှုံးမှုတွေကို တတ်နိုင်သမျှ လျှော့ချဖို့ပဲ။"

လီကျုံးစီက လေဝိညာဉ်ဂိုဏ်းမှ တပည့်များဘက်သို့ လှည့်ကာ ပြောလိုက်သည်။ "တပည့်တွေအားလုံး ငါ့အမိန့်ကို နားထောင်။ လက်နက်တွေ ကိုင်ထားကြ။"

ရွှီး…

တပြိုင်နက်တည်း ထွက်ပေါ်လာသော သတ္တုသံများနှင့်အတူ ခိုင်မာသော မျက်နှာထားများနှင့် အရပ် (၂)မီတာခန့်စီရှိသည့် တောင့်တင်းသော အမျိုးသားတစ်စုက ချင်းယွန်ဘုံM4များကို ရင်ဘတ်တွင် ကိုင်ဆောင်၍ ထားလိုက်ကြသည်။

"ပစ်မှတ်က ကောင်းကင်အနှစ်သာရ ကျောက်စိမ်းခြင်ဆီပဲ။" လီကျုံးစီက ဦးတည်ချက် တစ်ခုသို့ လက်ညှိုးထိုးကာ ဟိန်းဟောက်လိုက်သည်၊ "တိုက်ခိုက်ကြ။"

...

ကျန်ရှိနေသော ကောင်းကင်အနှစ်သာရကျောက်စိမ်းခြင်ဆီ နှစ်ခုသည် မဟာအခင်းအကျင်း၏ အတွင်းတွင် ရှိနေသည်။

၎င်းတို့အနက် တစ်ခုကို ခွန်းလွန်အင်မော်တယ်နန်းတော်မှ တပည့်တစ်ဦးက ရရှိသွားပြီး နောက်တစ်ခုကိုမူ မဟာမိုးကြိုးကျောင်းတော်မှ ဗုဒ္ဓဘာသာ ကျင့်ကြံသူများက ပစ်မှတ်ထားနေကြသည်။

၎င်းတို့အထဲတွင် ဂိုဏ်းအသီးသီးမှ တက်လှမ်းသူများကလည်း လုယူလိုကြသော်လည်း ပညာပေးသည့် အနေဖြင့် အကြိမ်အနည်းငယ် တိုက်ခိုက်ခံရပြီးနောက်တွင် စိတ်ဝင်စားမှု လျော့ကျသွားကာ ဘေးမှနေ၍ မျှော်လင့်တကြီးဖြင့်သာ ကြည့်နေနိုင်တော့သည်။

စီနီယာ ဘယ်ရောက်သွားတာလဲ။

ဝမ်ရှိုယီက ချန်ဟွိုက်အန်ကို နေရာအနှံ့ ရှာဖွေနေဆဲ ဖြစ်သည်။

မျက်မိတစ်မှိတ်အတွင်းမှာပင် ချန်ဟွိုက်အန် ပျောက်ကွယ်သွားခဲ့သည်။

ချန်ဟွိုက်အန်က ကောင်းကင်အနှစ်သာရကျောက်စိမ်းခြင်ဆီကို လုယူရန် မဟာမိုးကြိုးကျောင်းတော်သို့ သွားခဲ့ခြင်းလည်း မဟုတ်ပေ။ လေထဲတွင် ခြေရာလက်ရာမကျန် ပျောက်ကွယ်သွားသလိုပင်။

"မဟုတ်ဘူး။ စီနီယာရဲ့ ဉာဏ်ပညာနဲ့လိမ္မာပါးနပ်မှုတွေအရဆိုရင် ခင်ဗျားက မဟာမိုးကြိုးကျောင်းတော် အဖွဲ့ထဲက နေရာတစ်နေရာမှာ ပုန်းအောင်းနေပြီး တိုက်ခိုက်ဖို့ အချိန်ကောင်းကို စောင့်နေတာ သေချာတယ်။" ဝမ်ရှိုယီ မျက်လုံးများကို ကျဉ်းလိုက်ပြီး နှုတ်ခမ်းကို တွန့်ကွေးလိုက်သည်။ "အဲဒီလိုဆိုရင် စီနီယာကို ရှာတွေ့ဖို့ လုပ်ရမှာက မဟာမိုးကြိုးကျောင်းတော်ရဲ့ အဖွဲ့နောက်ကို လိုက်သွားဖို့ပဲ။ ပြီးရင် စီနယာနဲ့ ပူးပေါင်းပြီးတော့ မဟာမိုးကြိုးကျောင်းတော်ဆီက အလယ်အလတ်အဆင့် ကောင်းကင်အနှစ်သာရကျောက်စိမ်းခြင်ဆီကို တစ်ချက်တည်းနဲ့ လုယူလို့ရပြီ။"

ထိုအတွေးဖြင့် ဝမ်ရှိုယီက ထိုဗုဒ္ဓဘာသာ ဘုန်းတော်ကြီးများကို ချက်ချင်းရှာတွေ့သွားပြီး သူတို့နှင့် ကော်လိုကပ်နေတော့သည်။

သူက စတင်တိုက်ခိုက်ခြင်း မပြုပေ။ အနောက်မှသာ လိုက်နေသည်။ ဗုဒ္ဓဘာသာ ကျင့်ကြံသူများက လှုပ်ရှားရန် ကြိုးစားပါက သူ ထွက်ပြေးမည်။ သူတို့က မလှုပ်ရှားပါက သူ စိတ်အားထက်သန်စွာဖြင့် ပြန်လာမည်။ ဤသို့ဖြင့် အရှေ့အနောက် သွားလာနေခြင်းက ကောင်းကင်အနှစ်သာရကျောက်စိမ်းခြင်ဆီကို ကာကွယ်နေသော ဗုဒ္ဓဘာသာ ကျင့်ကြံသူများကို လည်ချောင်းထဲ အရိုးစူးနေသလို၊ ယင်ကောင်သေကို မျိုချလိုက်ရသလို အလွန် အနေရခက်စေသည်။

"ကောင်းပြီ၊ သူ့ကို လိုက်လာခွင့်ပေးလိုက်တော့။"

အဖွဲ့ကို ဦးဆောင်နေသော ဆရာတော်က မျက်မှောင်ကြုတ်ကာ ချောကျိကျိနိုင်သော ဝမ်ရှိုယီကို စူးစူးရဲရဲ ကြည့်ပြီး သက်ပြင်းချလိုက်သည်။

"သူက ခွန်းလွန်အင်မော်တယ်နန်းတော်က ဝမ်ရှိုယီပဲ။ ငါ အရင်က သူနဲ့ တစ်ခါတိုက်ခိုက်ဖူးတယ်၊ ခွန်းလွန်အင်မော်တယ်နန်းတော်ရဲ့ မျိုးဆက်သစ်တွေထဲမှာ အစွမ်းအထက်ဆုံးလို့ ခေါ်ဖို့ တကယ်ကို ထိုက်တန်တယ်။ သူ့ကို ဖမ်းချင်ရင် ငါတို့ရဲ့စွမ်းအား အနည်းဆုံး တစ်ဝက်လောက်ကို ထုတ်သုံးရလိမ့်မယ်။ ဒါပေမဲ့ အဲဒီလိုလုပ်ရင် ကောင်းကင်အနှစ်သာရကျောက်စိမ်းခြင်ဆီ အခိုးခံရနိုင်တယ်။"

"ဒါပေမဲ့..." အခြားဆရာတော်တစ်ပါးက မကျေနပ်ဟန်ဖြင့်ကြည့်ကာ ဝမ်ရှိုယီကို အလွယ်တကူ လွှတ်ပေးရန် ရည်ရွယ်ထားပုံ မပေါ်ပေ။

"ဒါပေမဲ့ ညာပေမဲ့ မရှိဘူး။ ကောင်းကင်အနှစ်သာရကျောက်စိမ်းခြင်ဆီကို ငါတို့ဘက် အရောက် သယ်ဆောင်သွားနိုင်သရွေ့ ငါတို့ လုံခြုံပြီ။ သူတစ်ယောက်တည်းနဲ့ ငါတို့ဆီကနေ ဘယ်လိုလုပ် လုယူနိုင်မှာလဲ။"

ကောင်းကင်အနှစ်သာရကျောက်စိမ်းခြင်ဆီသည် ကြီးမားပုံ မပေါ်သော်လည်း တကယ်တမ်းတွင် အလွန် လေးလံသည်။

ထိုကြောက်မက်ဖွယ်အလေးချိန်က တောင်တစ်တောင်ကဲ့သို့ ဖြစ်သော်လည်း တက်လှမ်းသူများ အတွက်မူ တောင်များကို ရွှေ့ပြောင်းခြင်းမှာ ခက်ခဲသော အလုပ်တစ်ခု မဟုတ်ပေ။

သို့သော် ရွှေရောင်အနှစ်သာရအဆင့်နှင့်အောက် ကျင့်ကြံသူများအတွက်မူ အလွန်ပင် ခက်ခဲသည်။ သူတို့သည် ကောင်းကင်အနှစ်သာရကျောက်စိမ်းခြင်ဆီကို စခန်းသို့ ပြန်လည် သယ်ဆောင်ရန် အတူတကွ ပူးပေါင်းလုပ်ဆောင်ရန် လိုအပ်သည်။

...

ဝမ်ရှိုယီ မှားသွား၏။

ချန်ဟွိုက်အန်က ဗုဒ္ဓဘာသာကျင့်ကြံသူများ၏ အဖွဲ့နောက်သို့ မလိုက်ဘဲ ပုန်းအောင်းရန်အတွက် ထောင့်တစ်နေရာကို ရှာတွေ့သွားပြီး ပုံရိပ်ယောင်ကောင်မလေးဂိမ်းကို ဖွင့်လိုက်သည်။

ဖုန်းဘက်ထရီ ကုန်သွား၍ ထိုက်ရှန်းတောင်ကိုတက်ပြီး အောက်ပြန်ဆင်းလာသော အချိန်တုန်းက လီချင်းရန်ကို ကယ်တင်ရန် အခွင့်အရေးကို လွတ်လုနီးပါး ဖြစ်သွားခဲ့ဖူးသည်။

သူက ထိုအမှားမျိုးကို နောက်တစ်ကြိမ် ထပ်မလုပ်တော့ပေ။

ချင်းရန်က သူ့ကိုလွမ်း၍ စာပို့ထားသည်ဟု သူ ထင်ခဲ့လျှင်ပင် ၎င်းကို အတည်ပြုချင်သေးသည်။

အတည်မပြုမချင်း သိနိုင်မည် မဟုတ်ပေ။ သို့သော် အတည်ပြုပြီးနောက်တွင် သူက လုံးဝကို မှင်တက်သွားခဲ့သည်။

"တောင်တန်းတစ်သောင်းက မိစ္ဆာတွေ အကုန်လုံး ချင်းယွန်ဘုံကို တိုက်ခိုက်ဖို့ ထွက်လာကြတယ်။ ပြီးတော့ အဲဒါက လရိပ်ဂိုဏ်းကိုလည်း ထိခိုက်လိမ့်မယ်။ လရိပ်ဂိုဏ်းထဲမှာ မိစ္ဆာတွေနဲ့ ပူးပေါင်းနေတဲ့ သစ္စာဖောက်တစ်ယောက် ရှိနေတယ်။"

"ငါ ချင်းယွန်ဘုံကနေ တစ်ရက်လေး ထွက်လာတာနဲ့ လောကကြီး ဘယ်လိုပြောင်းလဲသွားရတာလဲ..."

ချန်ဟွိုက်အန် လုံးဝ အံ့အားသင့်သွား၏။

အခြေအနေက အလွန်ပြင်းထန်နေကြာင်းမှာ သံသယဖြစ်စရာ မလိုပေ။

သို့သော် ဂိုဏ်းထဲတွင် သစ္စာဖောက်တစ်ယောက် ရှိနေရန်မှာ မဖြစ်နိုင်ဟု သူ ခံစားမိသည်။ ဆို

လရိပ်ဂိုဏ်းမှာ ဘယ်လိုလုပ် သစ္စာဖောက် တစ်ယောက် ရှိနိုင်မှာလဲ…

"ပြဿနာမရှိဘူး။ တွက်ချက်ကြည့်တာပေါ့။"

ချန်ဟွိုက်အန်က ကောင်းကင်နက္ခတ်တွက်ချက်ခြင်းကို ချက်ချင်း စတင်လိုက်သည်။

"လရိပ်ဂိုဏ်းထဲက မိစ္ဆာမျိုးနွယ်နဲ့ ပူးပေါင်းနေတဲ့သူက ဘယ်သူလဲ။။"

ကောင်းကင်အနှစ်သာရကျောက်စိမ်းခြင်ဆီအတွက် အလောတကြီး လုပ်စရာ မလိုသေးပေ။

လရိပ်ဂိုဏ်း၏ လျှို့ဝှက်န္တရာယ်များကို အရင် ဖြေရှင်းရပေမည်။

[ ဒါက သင့်အတွက် ဒီနေ့ရဲ့ ပထမဆုံး တွက်ချက်ခြင်းပါ။ အခမဲ့ ဖြစ်ပါတယ် ]

ချင်းယွန်ဘုံ၏ အထက်ကောင်းကင်ယံရှိ ရာသီဥတု ရုတ်တရက် ပြောင်းလဲသွား၏။

အဓိကခန်းမထဲတွင် ကျင့်ကြံနေသော လီချင်းရန်က ကောင်းကင်သို့ မော့ကြည့်ကာ တစ်ခုခုကို စိတ်ကူးရသွားသည့်အလား အနည်းငယ် ပြုံးလိုက်သည်။

တောင်တန်းတစ်သောင်း၏ အပြင်ဘက်တွင် တူရှန်ယွဲ့က ဝဲကတော့ပုံစံ မိုးကြိုးတိမ်တိုက်အတွင်းရှိ ရွှေရောင်မိုးကြိုးမျက်လုံးကို လေးနက်စွာ စိုက်ကြည့်နေသည်။

"ချင်းယွန်ဘုံမှာ ဒီလောက် နက်ရှိုင်းတဲ့ကျင့်ကြံမှုရှိတဲ့ ကျင့်ကြံသူတွေ တကယ် ရှိနေတာလား။ သူတို့က ကောင်းကင်ရဲ့လျှို့ဝှက်ချက်တွေကို ချောင်းကြည့်ဖို့ ကောင်းကင်တာအိုစွမ်းအားကိုတောင် ဆွဲယူသုံးစွဲနိုင်တယ်..."

ထိုရွှေရောင် ဒေါင်လိုက်မျက်လုံးသူငယ်အိမ်များ ချောင်းကြည့်နေမှုကို သူ ဝိုးတဝါး ခံစားလိုက်ရ၏။

ထို့ပြင် ထိုခံစားချက်က အတော်လေး ရင်းနှီးနေသည်...

ဆရာတော်တစ်ပါးနှင့် ပတ်သက်ပြီး သူက အလားတူ အတွေ့အကြုံမျိုး ရှိခဲ့ဖူးပုံရသည်။

စိတ်ထင်တာများလား။

တုရှန်ယွဲ့ သူ့ဘာသာ တီးတိုးရေရွတ်လိုက်သည်။

မိစ္ဆာမျိုးနွယ်သည် တောင်တန်းတစ်သောင်းမှ ထွက်ခွာပြီး မကြာမီမှာပင် ဤကဲ့သို့သော ထူးဆန်းသည့် အခြေအနေမျိုးနှင့် ကြုံတွေ့ရခြင်းက ကောင်းသောနိမိတ်လက္ခဏာတစ်ခုတော့ မဟုတ်ပေ။

...

[ ကောင်းကင်နက္ခတ်တွက်ချက်ခြင်း ပြီးဆုံးပါပြီ ]

ထောင့်တစ်နေရာတွင် ကွေးကွေးလေး ထိုင်နေသော ချန်ဟွိုက်အန်၏ မျက်လုံးများ ရုတ်တရက် စူးရှသွားသည်။

"ငါ့လရိပ်ဂိုဏ်းထဲက သစ္စာဖောက်က ဘယ်သူလဲဆိုတာ ကြည့်လိုက်ရအောင်။"

[ သစ္စာဖောက် - ချန်ဟွိုက်အန် ]

ချန်ဟွိုက်အန် - "(°Д°) ဟမ်….”

All Chapters