← Chapters

အခန်း ၄၇၇

Vol. 48 Ch. 477

အခန်း ၄၇၇

Vol. 48 Ch. 477

အခန်း(၄၇၇) ဒါကို အားကစားသိပ္ပံလို့ ခေါ်တယ်

ထိုအချိန်တွင် အခင်းအကျင်း၏ အပြင်ဘက်ရှိ တိုက်ပွဲသည်လည်း ပြီးဆုံးသွားပြီ ဖြစ်သည်။

ခွန်းလွန်အင်မော်တယ်နန်းတော်နှင့် မဟာမိုးကြိုးကျောင်းတော်တို့မှ စေလွှတ်လိုက်သော အခြေတည်ဝိညာဉ်အဆင့်နှင့် ပေါင်းစည်းခြင်းအဆင့် ကျွမ်းကျင်သူများ မြေပြင်ပေါ်တွင် ပြန့်ကျဲနေကြသည်။

အချို့က လိမ်ကောက်နေသော လက်မောင်းများကိုကိုင်ကာ ညည်းတွားနေကြသည်။ အချို့က ကောင်းကင်ကို မှင်တက်စွာ စိုက်ကြည့်နေကြပြီး အခြားသူများမှာမူ ရင်ဘတ်များ ချိုင့်ဝင်ကာ ဒွါရခုနစ်ပေါက်မှ သွေးများထွက်ကာ သတိလစ်သွားကြပြီ ဖြစ်သည်။

ကမ္ဘာမြေပေါ်တွင်မူ သူတို့က ကျင့်ကြံခြင်း၌ ဆရာတစ်ဆူများ ဖြစ်သည်မှာ အသေအချာပင်။

သူတို့က နှစ်ထောင်ပေါင်းများစွာ အလုံပိတ်ခံထားရပြီး စိတ်ဝိညာဉ်ချီစွမ်းအင်များ ပြန်လည် နိုးထလာချိန်မှသာ ပြန်လည်နိုးထလာသော အန္တိမရှေးဟောင်းဘီလူးကြီးများ ဖြစ်သည်။

သို့သော် ယခုအချိန်တွင်မူ ထိုအဘိုးကြီးများထဲမှ မည်သူမျှ မတ်တတ်မရပ်နိုင်ကြပေ။

တိုက်ပွဲ၏အလယ်တွင် ကျန်းယိပိုင်က ကောင်းကင်အနှစ်သာရ ကျောက်စိမ်းခြင်ဆီကို လက်တစ်ဖက်ဖြင့် ကိုင်ထားပြီး နောက်လက်တစ်ဖက်က ဆံပင်ပုံစံကို ပြင်နေသ၏။

သူ၏တာအိုဝတ်ရုံမှာ အပိုင်းပိုင်း စုတ်ပြဲနေပြီး လီကျုံးစီထက် ဆယ်ဆခန့် ပိုမိုကြီးမားပုံရသော ကြွက်သားများကို ပြသနေသည်။ ရင်ဘတ်ကြွက်သားများမှာ တောင်ငယ်လေး နှစ်လုံးကဲ့သို့ ဖောင်းကားနေပြီး ဝမ်းဗိုက်ကြွက်သားများမှာ ရှစ်ခုသာမကဘဲ ဆယ်ခု ရှိနေကာ၊ ကောင်းကင်အနှစ်သာရကျောက်စိမ်းခြင်ဆီမှ ထွက်ပေါ်နေသော စိမ်းပြာရောင်အလင်းတန်းတွင် သတ္တုအရောင်ကဲ့သို့ တောက်ပနေသည်။

"အားလုံးကို စိတ်ပျက်စေမိတဲ့အတွက် တောင်းပန်ပါတယ်။" ကျန်းယိပိုင်က ခြိမ်းခြောက်သည့်ပုံစံဖြင့် ပြုံးလိုက်ပြီး လှိုင်းလုံးများကဲ့သို့ လှုပ်ခတ်နေသော ကျောဘက်ကြွက်သားများဖြင့် ပခုံးများကို ခါယမ်းလိုက်သည်။ "ငါ့ရဲ့ ဒီအိုမင်းနေတဲ့ခန္ဓာကိုယ်က လေဝိညာဉ် လျှို့ဝှက််သိုင်းကို ကျင့်ကြံခဲ့တာ နှစ်တစ်ထောင် ရှိပြီ။ တစ်နေ့ကို ပျမ်းမျှအားဖြင့် အလေးမ အကြိမ်တစ်သိန်းနဲ့ ထိုင်ထ အကြိမ်နှစ်သိန်း လုပ်တယ်။ သာမန် အခြေတည်ဝိညာဉ် အဆင့် ကျင့်ကြံသူတစ်ယောက်က ဘယ်လိုလုပ် ငါနဲ့ယှဉ်နိုင်မှာလဲ။"

သူက အာဏာရှင်လက်သီးကို မလေ့ကျင့်ခဲ့သော်လည်း ဂိုဏ်းချုပ်တစ်ယောက်အနေဖြင့် တပည့်များ၏ စတိုင်နှင့် တစ်သားတည်းဖြစ်နေစေရန် သဘာဝကျကျ ထိန်းသိမ်းထားရမည် ဖြစ်သည်။

ကျောက်တုံးတစ်တုံးကို မှီနေသော ခွန်းလွန်အင်မော်တယ်နန်းတော်မှ အကြီးအကဲတစ်ဦးက ရုတ်တရက် သွေးအန်လိုက်ပြီး အားယူကာ ပြောလိုက်သည်။

"မင်း... ဒါက ဘယ်လို မှော်ပညာမျိုးလဲ။ ငါ့ရဲ့ဓားစွမ်းအင်က မင်းရဲ့ င်ဘတ်ကြွက်သားတွေဆီကနေ တကယ်ပဲ နောက်ပြန်ဟပ်သွားတယ်။"

ကျန်းယိပိုင် ကျယ်လောင်စွာ ရယ်မောလိုက်သည်။ "ဒါ မှော်ပညာ မဟုတ်ဘူး၊ အားကစားသိပ္ပံကွ။"

ကျန်းယိပိုင် ထိုစကားများကို ပြောလိုက်စဉ် သူ၏တည်ငြိမ်မှုကိုဆုံးရှုံးလုနီးပါး ဖြစ်သွားခဲ့သည်။

သို့သော် သူက ဆက်လက် လှည့်စားကာ ပြောသည်။ "ကြွက်သားသိပ်သည်းဆက အဆင့်တစ်ခုကို ရောက်သွားရင် စိတ်ဝိညာဉ်ချီစွမ်းအင်တိုက်ခိုက်မှုတွေကို တန်ပြန်ဟပ်နိုင်စွမ်း ရှိလာလိမ့်မယ်။"

"မင်းတို့ အားလုံးက တစ်နေကုန် ဆေးလုံးတွေ၊ ဆေးပြားတွေပဲ စားနေပြီးတော့ အခြေခံ ရုပ်ပိုင်းဆိုင်ရာ လေ့ကျင့်မှုတွေကို လျစ်လျူရှုထားတာလေ။ မင်းတို့က ငါ့ကို ဘယ်လိုလုပ် အနိုင်ယူနိုင်မှာလဲ။။"

မဟာမိုးကြိုးကျောင်းတော်မှ ဆရာတော် ကျင်းခုန်းက အားယူ၍ထိုင်လိုက်ကာ သူ၏မျက်နှာတွင် မယုံကြည်နိုင်မှုများ ပြည့်နှက်နေသည်။

"ဒီဘုန်းကြီးအိုက စိန်သားကျမ်းကို ကျင့်ကြံခဲ့တာ နှစ်ပေါင်း(၈၀၀) ရှိနေပြီ။ ဒါပေမဲ့ မင်းရဲ့ ရင်ဘတ်ကြွက်သားတစ်ချက် လှုပ်လိုက်ရုံနဲ့ ငါ့ရဲ့ အကာအကွယ်ရွှေရောင်အရှိန်အဝါက ကွဲကြေသွားတယ်..."

"ဘာလို့လဲဆိုတော့ ခင်းတို့က နားမလည်လို့ပဲ။" ကျန်းယိပိုင်က ကြောက်မက်ဖွယ် ကျောပြင်နှင့် မာနထောင်လွှားသောပုံစံဖြင့် လူတိုင်းကို ကျောခိုင်းလိုက်ကာ လက်များကို နောက်တွင် ပိုက်ထားလိုက်သည်။ "ကျင့်ကြံခြင်းရဲ့ စစ်မှန်တဲ့အနှစ်သာရက ဆေးတွေစားတာ ဒါမှမဟုတ် တရားထိုင်တာ မဟုတ်ဘူး။ သိပ္ပံနည်းကျ လေ့ကျင့်မှု၊ ကျိုးကြောင်းဆီလျော်တဲ့ အစားအသောက်နဲ့ မှန်မှန်အနားယူတာမှာ ရှိတာ။ ငါ့ရဲ့လေဝိညာဉ်ဂိုဏ်းက တပည့်တိုင်းဟာ နေ့တိုင်း ပရိုတိန်း (၅)ကီလိုဂရမ် စားသုံးရတယ်။ ပြီးတော့ လေ့ကျင့်ရေး အစီအစဉ်က ကြွက်သားတိုင်းရဲ့ ထောင့်ပေါင်းစုံအထိ တိကျတယ်။"

သူ စကားပြောနေစဉ် ပေါ့ပေါ့ပါးပါး လက်ဝှေ့ယမ်းလိုက်ရာ ထူထဲသော မှတ်စုစာအုပ် ဆယ်အုပ်ကျော် မြေပြင်ပေါ်သို့ ကျလာသည်။ "ဒါက ငါ တစ်ဘဝလုံး သုတေသန လုပ်ခဲ့တဲ့ လေဝိညာဉ်ဂိုဏ်း ခန္ဓာကိုယ်သန်မာစေခြင်းလက်စွဲစာအုပ်ပဲ။ အဲဒီထဲမှာ ရင်ဘတ်ကြွက်သား လေ့ကျင့်နည်း (၁၀၈)မျိုး၊ ကျောပြင် ပုံဖော်နည်း (၇၂)မျိုးနဲ့ ခြေထောက်သန်မာစေတဲ့သိုင်းကွက် (၃၆၅)မျိုးပါတယ်။ သင်ချင်လား။ ငါ သင်ပေးမယ်။"

အဘိုးကြီးများက မြေပြင်ပေါ်ရှိ လျှို့ဝှက်လက်စွဲစာအုပ်ကို မျှော်လင့်တကြီး စိုက်ကြည့်နေကြပြီး ကောက်ယူချင်သော်လည်း ယူရန် ရှက်နေကြသည်။

ထိုအချိန်တွင် ခွန်းလွန်အင်မော်တယ်နန်းတော်မှ အကြီးအကဲတစ်ဦးက မနေနိုင်ဘဲ မေးလိုက်သည်၊ "ဒါဆို မင်းရဲ့ အတွင်းအားကျင့်စဉ်ကကော ဘယ်လိုလဲ။"

ကျန်းယိပိုင်က သူ၏ဗိုက်ကြွက်သားများကို ပုတ်ကာ အထင်သေးစွာဖြင့် ပြောသည်။ "တရားထိုင်တာ တစ်ခုတည်းကပဲ အတွင်းစွမ်းအင်ကို စုဆောင်းနိုင်တယ်လို့ ဘယ်သူပြောလဲ။"

"ငါတို့ လေဝိညာဉ်ဂိုဏ်းက တခြားချဉ်းကပ်နည်းတစ်ခုကို ယူထားတယ်။ အပြင်းအထန် လေ့ကျင့်မှုတွေ ကနေတစ်ဆင့် ကြွက်သားမျှင်တွေထဲ စိတ်ဝိညာဉ်ချီစွမ်းအင်တွေ သိုလှောင်ထားနိုင်အောင် ငါတို့ လုပ်နိုင်တယ်။ သေချာကြည့်ထား။"

သူ အသက်ပြင်းပြင်း ရှူသွင်းလိုက်ရာ ကြွက်သားများ အားလုံး တစ်ပြိုင်နက်တည်း ကျုံ့သွားပြီး ဂွက်ခနဲ ထူးဆန်းသော အသံတစ်ခု ထွက်ပေါ်လာသည်။

ထို့နောက် ဘုန်းခနဲ ပေါက်ကွဲသံတစ်ခုနှင့်အတူ ကြောက်မက်ဖွယ်ကောင်းသော စိတ်ဝိညာဉ်ချီစွမ်းအင် လှိုင်းလုံးကြီးတစ်ခုက ရေလှိုင်းများကဲ့သို့ပင် ဧရိယာတစ်ခုလုံးကို လွှမ်းခြုံသွားသည်။

အဘိုးကြီးများအဖွဲ့မှာ ကျန်းယိပိုင်၏ ဖိနှိပ်မှုအောက်တွင် လှုပ်မရဘဲ အသက်ရှူကျပ်သွား၏။

"ဒီကောင်းကင်အနှစ်သာရကျောက်စိမ်းခြင်ဆီက ငါ့ဟာပဲ။ ငါ နည်းနည်း လန်သွားတယ်။ ဒါကြောင့် တောင်းပန်ပါတယ်။ လျော်ကြေးအနေနဲ့ ငါကိုယ်တိုင် ကူးရေးထားတဲ့ ဒီလက်စွဲစာအုပ်တွေကို ယူလိုက်ပါ။"

ကျန်းယိပိုင်က ကောင်းကင်အနှစ်သာရကျောက်စိမ်းခြင်ဆီကို သိုလှောင်လက်စွပ်ထဲသို့ ထည့်ကာ လက်ခုပ်တီးပြီး ပြောလိုက်သည်။ "သွားပြီ…။"

ဝုန်း…

သူ လေထဲသို့ ခုန်တက်သွားရာ မြေပြင်ပေါ်တွင် နောက်ထပ် ချိုင့်ခွက်ကြီးတစ်ခု ကျန်ရစ်ခဲ့သည်။

အဘိုးကြီးများအဖွဲ့က နက်ရှိုင်းသောကျင်းကြီးကို အချိန်အတော်ကြာ တိတ်ဆိတ်စွာ စိုက်ကြည့်နေ၏။

"လေဝိညာဉ်ဂိုဏ်း။ ဒီလိုအင်အားစုမျိုးကို ငါ အရင်က တစ်ခါမှ မကြားဖူးဘူး..."

"သံသရာလည်ခြင်း တစ်ခုစီတိုင်းမှာ ကွဲပြားတဲ့ဂိုဏ်းတွေနဲ့ အင်အားစုအနည်းငယ် ရှိတာက သိပ်ပြီး ကြီးကျယ်တဲ့ ကိစ္စတော့ မဟုတ်ပါဘူး။ အတိတ်က အဲဒီဂိုဏ်းတွေ အားလုံးက မထင်မရှား ဖြစ်သွားခဲ့လို့ ငါတို့ သိပ်အာရုံမစိုက်ခဲ့တာ။ ဒါပေမဲ့ လေဝိညာဉ်ဂိုဏ်းကတော့ ထူးခြားတယ်။" ခွန်းလွန်အင်မော်တယ်နန်းတော်မှ အကြီးအကဲက လက်စွဲစာအုပ်တစ်အုပ်ဆီသို့ တွားသွားကာ စာအုပ်များထဲမှ တစ်အုပ်ကို ကောက်ယူလိုက်သည်။ "အခုခေတ်မှာ အင်အားစုအသီးသီးရဲ့ သိုင်းပညာအမွေအနှစ်တွေက သံသရာတစ်ခုစီတိုင်းရဲ့ စုဆောင်းမှုတွေနဲ့ မခွဲခြားနိုင်ဘူး။ ဒီလေဝိညာဉ်ဂိုဏ်းရဲ့ ခန္ဓာကိုယ်ကျင့်ကြံခြင်း လက်စွဲစာအုပ်က တန်ဖိုးရှိကောင်းရှိနိုင်တယ်။"

ပထမလူ ကောက်ယူလိုက်သည်နှင့် ဒုတိယလူကလည်း ကောက်ယူပေလိမ့်မည်။

သို့သော် လျှို့ဝှက်လက်စွဲစာအုပ် နည်းပါးပြီး လူများပြားသောကြောင့် ခဏအကြာတွင် ထိုပြင်းထန်စွာ ဒဏ်ရာရနေသော အဘိုးကြီးများက လက်စွဲစာအုပ်များအတွက် အချင်းချင်း တိုက်ခိုက်နေကြတော့သည်။

ပြဿနာဖန်တီးသူ ကျန်းယိပိုင်က အောင်မြင်စွာ ဆုတ်ခွာသွားပြီး လေဝိညာဉ်ဂိုဏ်း၏ နယ်မြေသို့ ပြန်လည်ရောက်ရှိနေပြီ ဖြစ်သည်။

"ဂိုဏ်းချုပ် အဆင်ပြေရဲ့လား။ တော်သေးတာပေါ့။"

"ငါ ဘာဖြစ်သွားနိုင်လို့လဲ။" ကျန်းယိပိုင်က လီကျုံးစီကို တစ်ချက် ကြည့်လိုက်သည်။

ဒီကောင်လေးက ငါ့ကို တစ်ခုခု ဆိုးဆိုးရွားရွား ဖြစ်ပါစေလို့ မျှော်လင့်နေသလိုပဲ မဟုတ်ဘူးလား။

"ဘယ်လိုလုပ် ဖြစ်နိုင်မလဲ။" လီကျုံးစီက သူ စကားမှားသွားကြောင်း သိလိုက်ပြီး စကားစကို ပြောင်းရန် ကောင်းကင်အနှစ်သာရကျောက်စိမ်းခြင်ဆီကို အမြန် ထုတ်ပြလိုက်သည်။

"ကြည့်ပါဦး။ ဒါ အလယ်အလတ်အဆင့် ကောင်းကင်အနှစ်သာရကျောက်စိမ်းခြင်ဆီပဲ။ မဟာမိုးကြိုးကျောင်းတော်ဆီကနေ ကျွန်တော်တို့ ခိုးလာတာ။"

"ကောင်းတယ်။" ကျန်းယိပိုင်က အနည်းငယ် ခေါင်းညိတ်လိုက်သော်လည်း သူ၏စိတ်ထဲတွင် အခြားအရာများကို တွေးနေသည်။

ဒီလောက်နဲ့တော်တာပေါ့။ အလယ်အလတ်အဆင့် ကောင်းကင်အနှစ်သာရကျောက်စိမ်းခြင်ဆီ နှစ်ခုက ခွန်းလွန်အင်မော်တယ်နန်းတော်နဲ့ မဟာမိုးကြိုးကျောင်းတော်တို့ သည်းခံနိုင်တဲ့ အဆုံးစွန်အမှတ် ဖြစ်နိုင်တယ်။

တကယ်လို့ ငါတို့က တခြားကောင်းကင်အနှစ်သာရကျောက်စိမ်းခြင်ဆီတွေကိုပါ လုယူဖို့ ကြိုးစားရင် ခွန်းလွန်အင်မော်တယ်နန်းတော်နဲ့ မဟာမိုးကြိုးကျောင်းတော်တို့က လက်ပိုက်ကြည့်နေမှာ မဟုတ်တဲ့အပြင်ကို တခြားဂိုဏ်းတွေနဲ့ အင်အားစုတွေရဲ့ဒေါသကိုပါ ဆွဲဆောင်မိသွားလိမ့်မယ်။

သူ၏ဗျူဟာက အကောင်အထည် ပေါ်နေပြီ ဖြစ်သည်။

ပစ်ချခဲ့သော လက်စွဲစာအုပ် (၁၀)အုပ်ကျော်အနက် ကောင်းကင်မိစ္ဆာအတတ်၏ အကြမ်းဖျဉ်း အစီအစဉ်အတွက် ကျင့်ကြံခြင်း အညွှန်းတစ်ခုလည်း ပါဝင်သည်။

ထိုအဘိုးကြီးများကသာ ကျင့်ကြံရဲလျှင် တဖြည်းဖြည်း လမ်းမှားရောက်သွားပြီး မကောင်းဆိုးဝါး နတ်ဆိုးများ၏ ဖမ်းစားခြင်းကို ခံရပေလိမ့်မည်။

ထို့နောက် ၎င်းက စွဲလမ်းမှုတစ်ခုလို ဖြစ်သွားပြီး ၎င်းကို ဖိနှိပ်ထားရန် ကောင်းကင်မိစ္ဆာအတတ်၏ ကျန်သောအစိတ်အပိုင်းများကို ဆက်ကျင့်ကြံရန် လိုအပ်လာလိမ့်မည် ဖြစ်သည်။

ကျန်ရှိနေသော ကောင်းကင်မိစ္ဆာအတတ်ကို ကျင့်ကြံနိုင်သည့် တစ်ခုတည်းသောနည်းလမ်းမှာ သူနှင့် ချန်ဟွိုက်အန်ကြားရှိ လျှို့ဝှက်သဘောတူညီချက်တစ်ခုမှ တစ်ဆင့်သာ ဖြစ်သည်။

ထို့အပြင် သူတို့ ကောင်းကင်မိစ္ဆာအတတ်ထဲသို့ ပိုမို၍ နက်နက်ရှိုင်းရှိုင်း ဝင်ရောက်လာသည်နှင့်အမျှ ကောင်းကင်မိစ္ဆာအတတ်၏ ဖန်တီးရှင်ဖြစ်သော ချန်ဟွိုက်အန်အပေါ် တဖြည်းဖြည်းနှင့် လေးစားမှုတစ်ခု ဖြစ်ပေါ်လာကြမည် ဖြစ်သည်။

၎င်းက တက်လှမ်းသူများကြားထဲမှ အဆင့်မြင့်အင်အားစုများကို အလွယ်တကူ သိမ်းသွင်းနိုင်လိမ့်မည်။

ဟွာကျင်း၊ ဆရာတော် ဖာမင် သို့မဟုတ် ထိုထက် ပိုမိုစွမ်းအားကြီးသော တည်ရှိမှုတစ်ခုခု၏ သတိပြုမိခြင်းကို မခံရသရွေ့ ဤထိုးဖောက်ဝင်ရောက်မှုအစီအစဉ်ကို အကန့်အသတ်မရှိ ဆက်လက်၍ လုပ်ဆောင်နိုင်မည် ဖြစ်သည်။

"အရာအားလုံး အဆင်ပြေပြေ ချောမွေ့ပါစေလို့ မျှော်လင့်ပါတယ်..."

သူ အခင်းအကျင်းကို ကြည့်လိုက်ပြီး ခွန်းလွန်အင်မော်တယ်နန်းတော် အဖွဲ့နောက်သို့ လိုက်နေသော ချန်ဟွိုက်အန်ကို အမြန် ရှာတွေ့သွားသည်။

"ဒီကောင်လေး ဘာတွေ ကြံစည်နေတာလဲ။"

ကျန်းယိပိုင်က အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။

သူက ခွန်းလွန်အင်မော်တယ်နန်းတော်ဆီကနေ ကောင်းကင်အနှစ်သာရကျောက်စိမ်းခြင်ဆီကို လုယူဖို့ စီစဉ်နေတာများလား။

...

ကျန်းယိပိုင်က ချန်ဟွိုက်အန်၏ဓားဝိညာဉ်ဟူသော ဂုဏ်သတင်းနှင့် တကယ်ကို ထိုက်တန်ပေသည်။

သူတို့က စိတ်တူကိုယ်တူများ ဖြစ်ကြသည်။

ချန်ဟွိုက်အန်သည် မူလက ကောင်းကင်အနှစ်သာရကျောက်စိမ်းခြင်ဆီကို သိမ်းပိုက်လိုခဲ့သည်။

သို့သော် ယခုတွင် သူ အနည်းငယ် တွန့်ဆုတ်နေသည်။

အခုမှ ဝင်တိုက်မယ်ဆိုရင် ခွန်းလွန်အင်မော်တယ်နန်းတော်ကို သေချာပေါက် စိုးရိမ်လာစေလိမ့်မယ်။ ဘေးကင်းအောင်နေပြီးတော့ ဟွာကျင်းနဲ့ ငါ့ရဲ့ဆက်ဆံရေးကို တိုးတက်စေဖို့အတွက် ကောင်းကင်အနှစ်သာရ ကျောက်စိမ်းခြင်ဆီကို အသုံးချတာက အကောင်းဆုံးပဲ။

"ညီလေး။ သတိထား။"

ချန်ဟွိုက်အန်၏ စိတ်ထဲတွင် အသံတစ်ခု ပဲ့တင်ထပ်လာ၏။ ၎င်းမှာ ကျန်းယိပိုင်၏ အသံပင်။

"ညီလေး၊ ဟွာကျင်းနဲ့ ဆရာတော် ဖာမင်တို့ တည်ဆောက်ထားတဲ့ အခင်းအကျင်းက ရိုးရှင်းတဲ့ အရာတစ်ခု မဟုတ်ဘူး။ အဲဒါက ကျင့်ကြံမှုကို ရိုးရိုးရှင်းရှင်းဖိနှိပ်တာသက်သက် မဟုတ်ဘူး။ ဖုံးကွယ်ထားတဲ့ ထောင်ချောက် အခင်းအကျင်းတစ်ခုပဲ။ ဒီကောင်းကင်အနှစ်သာရကျောက်စိမ်းခြင်ဆီက ငါးစာပဲ။ သူတို့တွေက တစ်ယောက်ယောက်ကို မျှားခေါ်ဖို့ ထောင်ချောက်ဆင်နေတာ။"

ထိုအချက်ကိုရောက်သောအခါ ကျန်းယိပိုင်က သူ၏အမြင်ကို အတော်လေး ရှင်းရှင်းလင်းလင်း ပြောပြီးသွားပြီ ဖြစ်သည်။

ထိုငါးစာက သူတို့ကို မျှားခေါ်ရန် ရည်ရွယ်ခြင်း ဖြစ်နိုင်သည်။

ချန်ဟွိုက်အန်၏နှုတ်ခမ်းများ အနည်းငယ် တွန့်ကွေးသွား၏။

သူတို့ကိုယ်သူတို့ ဖော်ပြမိမည် မဟုတ်ပေ။

အကြောင်းမှာ ဟွာကျင်းနှင့် ဆရာတော် ဖာမင်တို့ကို သူ မြင်စေချင်သည့်အရာကိုသာ မြင်ခွင့်ပေးမည် ဖြစ်၍ပင်။

ယနေ့တွင်... သူက ထိပ်တန်းအဆင့်ကောင်းကင်အနှစ်သာရကျောက်စိမ်းခြင်ဆီကို လုယူပေတော့မည်။

စွန့်စားကြည့်လိုက်စမ်းပါ။ ကြီးကျယ်တဲ့အောင်မြင်မှုတစ်ခု ဖြစ်လာနိုင်တယ်။

အရိပ်ကျနေသော ထောင့်တစ်နေရာတွင် ချန်ဟွိုက်အန်က ယုတ်မာသော အပြုံးတစ်ခု ပြသလိုက်သည်။

ထို့နောက် သူက လျို့ဝှက်ပစ္စည်းကို တိတ်တဆိတ် ထုတ်ယူလိုက်၏။

ဂိုဏ်းဆင့်ခေါ်မိန့်ပင်။

...

All Chapters