← Chapters

အခန်း ၄၇၈

Vol. 48 Ch. 478

အခန်း ၄၇၈

Vol. 48 Ch. 478

အခန်း(၄၇၈) ရယ်သာရယ်နေလိုက်

ဂိုဏ်းဆင့်ခေါ်မိန့်တွင် အဓိကလုပ်ဆောင်ချက် နှစ်ရပ် ရှိသည်။

ပထမတစ်ခု - ချက်ချင်း ဆင့်ခေါ်ခြင်း။

ဒုတိယတစ်ခု - ချက်ချင်း ပြန်ခေါ်ခြင်း။

ဤလုပ်ဆောင်ချက်နှစ်ရပ်ဖြင့် သူက တက်လှမ်းသူများအကြားတွင် လွတ်လပ်စွာ အလွယ်တကူ သွားလာနိုင်ပြီး "သူခိုး သူခိုး" ဟု အော်ဟစ်နေသော သူခိုးအဖြစ် သရုပ်ဆောင်ကာ တစ်ချိန်တည်းတွင် သူတို့ကို လျှို့ဝှက်စွာ သစ္စာဖောက်နိုင်သည်။ သူ သတိထားရမည့် တစ်ခုတည်းသော အရာမှာ ပြန်ခေါ်ခြင်းကို လျင်မြန်စွာ လုပ်ဆောင်ရမည် ဖြစ်သည်။ သူ၏လုပ်ရပ်များကြောင့် လရိပ်ဂိုဏ်းမှ မည်သည့် တပည့်မျှ ဒဏ်ရာရမည်ကို သူ မလိုလားပေ။

"စီနီယာ၊ ဘာတွေ လုပ်နေတာလဲ။"

ချန်ဟွိုက်အန်၏နောက်မှ အသံတစ်ခု ထွက်ပေါ်လာပြီး သူ့ကို ထိတ်လန့်သွားစေသည်။

"စီနီယာ လက်ထဲမှာ ဘာကိုင်ထားတာလဲ။ အဲဒါက မှော်လက်နက် တစ်မျိုးလား။"

ဝမ်ရှိုယီက ချန်ဟွိုက်အန်၏ရှေ့သို့ လျှောက်လာပြီး ဂိုဏ်းဆင့်ခေါ်မိန့်ကို စူးစူးရဲရဲ ကြည့်ကာ သူ၏ မျက်လုံးများတွင် သိချင်စိတ်နှင့် စိတ်ဝင်စားမှုများ ပြည့်နှက်နေသည်။

"ဒါက... အဟမ်း အဟမ်း။" ချန်ဟွိုက်အန်က ရုတ်တရက် စိတ်ကူးတစ်ခု ရသွားသည်။ "ဒါက ခြေရာခံ ကိရိယာ တစ်ခုပဲ။"

"ခြေရာခံ ကိရိယာ ဟုတ်လား။"

"မှန်တယ်။" ချန်ဟွိုက်အန်က လေးနက်စွာ ခေါင်းညိတ်လိုက်သည်။ "ဒီပစ္စည်းက အန္တရာယ်ကို ကြိုတင် သိမြင်နိုင်တယ်။ ငါတို့အဖွဲ့ကို ချိန်ရွယ်နေတဲ့ အန္တရာယ်ကို အာရုံခံဖို့အတွက် ဒီပစ္စည်းကို သုံးခဲ့တာ။ ဒါကြောင့် ငါက အဖွဲ့အပြင်ဘက်မှာ နေပြီးတော့ သူတို့နောက်ကို လိုက်နေတာ။ အန္တရာယ် ဖြစ်လာတာနဲ့ ငါ ချက်ချင်း လှုပ်ရှားလို့ ရတယ်လေ။"

ဝမ်ရှိုယီ၏ မျက်လုံးထဲတွင်တော့ ဂိုဏ်းဆင့်ခေါ်မိန့်က စာသားတစ်လုံးမျှ မပါသော ကျောက်စိမ်းပြား တစ်ခုမျှသာ ဖြစ်သည်။

၎င်းကို ခြေရာခံကိရိယာဟု ခေါ်ခြင်းက မမှားနိုင်ပေ။ သူသည် ဂိုဏ်းဆင့်ခေါ်မိန့်ကို လူလုပ် မှော်လက်နက်များ ဖြစ်သည့် ခြေရာခံအခင်းအကျင်းများကို အသုံးပြုထားသော သံလိုက်အိမ်မြှောင်များကဲ့သို့ အရာများနှင့် ချိတ်ဆက်ထားပြီး ဖြစ်သည်။

"ဪ၊ စီနီယာက တကယ်ကို ဖြောင့်မတ်တာပဲ။"

ဝမ်ရှိုယီက ရိုသေစွာ ဦးညွှတ်လိုက်သည်။

ကောင်းကင်အနှစ်သာရကျောက်စိမ်းခြင်ဆီအတွက် ယှဉ်ပြိုင်မှုသည် ဂိုဏ်းများကြား ပြိုင်ဆိုင်မှုသာမက အတိုင်းအတာ ပိုငယ်သော ဂိုဏ်းတစ်ခုအတွင်းရှိ ပါရမီအရှိဆုံး တပည့်များကြား ပြိုင်ဆိုင်မှုလည်း ဖြစ်သည်။

ခွန်းလွန်အင်မော်တယ်နန်းတော်မှ တပည့်အချို့က စီနီယာများအပေါ် မလေးမစား ပြောဆိုခဲ့ဖူးသည်။

ယခုအချိန်တွင် စီနီယာ လုပ်ဖော်ကိုင်ဖက်သည် အတိတ်က မကျေနပ်မှုများကို လျစ်လျူရှုကာ ပိုမိုကြီးမားသော အခြေအနေကို စဉ်းစားပေးနေဆဲ ဖြစ်သည်...

ဒါက ငါတို့ရဲ့ ရှေ့ဆောင်တွေ အောင်မြင်ခဲ့ရတဲ့ အကြောင်းရင်း ဖြစ်နိုင်တယ်။

ဝမ်ရှိုယီ၏ မျက်လုံးများတွင် မျက်ရည်များ ဝဲလာ၏။

တောက်။ ငါ တကယ်ကို စီနီယာလိုမျိုး ဖြစ်ချင်တယ်။

ဒါပေမဲ့ ငါက အရမ်းကို တစ်ကိုယ်ကောင်းဆန်လွန်းတယ်။ လက်စားချေတတ်လွန်းတယ်။ ပြီးတော့ အသေးအဖွဲ မတရားမှုလေးကိုတောင် သည်းမခံနိုင်သေးဘူး။

"ဘာခြေရာခံ ကိရိယာလဲ။ ဟာသပဲ။ ငါတို့ အကြီးအကဲချန်ရဲ့ အကူအညီကို မလိုဘူး။"

သူတို့နှစ်ဦး စကားပြောနေစဉ် အသံကို နှိမ့်မထားခဲ့ပေ။

ထိုစကားများကို ခွန်းလွန်အင်မော်တယ်နန်းတော်မှ တပည့်အချို့ ကြားသွားခဲ့သည်။

ဝူဝမ်ပင်းက အေးစက်စက် နှာမှုတ်လိုက်ပြီး လှောင်ပြောင်သည်။ "ဂျူနီယာညီလေးဝမ်၊ အကြီးအကဲချန်၊ ခင်ဗျားတို့ နှစ်ယောက်က နောက်ထပ် ပေါ်လာမယ့် တခြား ကောင်းကင်အနှစ်သာရကျောက်စိမ်းခြင်ဆီကို ဘယ်လို လုယူရမလဲ ဆိုတာကို တွေးနေသင့်တယ်။ အရှင်မဆီကို လက်ဗလာနဲ့ ပြန်မလာခဲ့နဲ့။ ပြီးတော့လည်း "အို၊ ကျွန်တော်တို့ ဘာမှ မရခဲ့ပေမယ့်၊ ကာကွယ်ပေးတဲ့ တာဝန်ကိုတော့ ကျေပွန်အောင် ထမ်းဆောင်ခဲ့ပါတယ်..." လို့လည်း မပြောနဲ့။ ငါ အရင်ဆုံး သတိပေးလိုက်မယ်။ အရှင်မက အဲဒီလို ယုတ္တိမရှိတဲ့ စကားတွေကို ယုံမှာ မဟုတ်ဘူး။"

"ပါးစပ်ပိတ်ထား။ မင်း ဘယ်လိုများ ဒီလို ပြောရဲတာလဲ။"

ဝမ်ရှိုယီ၏မျက်နှာ မှောင်မိုက်သွားပြီး ဝူဝမ်ပင်းကို စူးစူးရဲရဲ ကြည့်လိုက်ကာ ချန်ဟွိုက်အန်အား ရှင်းပြသည်။ "စီနီယာ။ သူတို့က မယုံကြည်နိုင်ရုံ သက်သက်ပါ။ ခွန်းလွန်အင်မော်တယ်နန်းတော်ထဲ ဝင်လာပြီး သိပ်မကြာခင်မှာ စီနီယာက ဂုဏ်ထူးဆောင် အကြီးအကဲအဖြစ် ရာထူးတိုးခံရတာ အရမ်းလွယ်လွန်းတယ်လို့ သူတို့ ထင်နေကြတာ။ စီနီယာက ပါရမီကို အားကိုးခဲ့တယ်ဆိုတာကို သူတို့ မသိကြဘူးလေ။"

"ကိစ္စမရှိပါဘူး။"

ချန်ဟွိုက်အန် ပြုံးလိုက်သည်။

သေမယ့်သူတွေရဲ့ လှောင်ပြောင်မှုကို ဘယ်သူကများ ဂရုစိုက်မှာလဲ။

ကျောပိုးအိတ်ထဲသို့ ထည့်ထားပြီးသားဖြစ်သော ဂိုဏ်းဆင့်ခေါ်မိန့်က သဲ့သဲ့လေး တောက်ပလာသည်။

ခေါင်းပေါ်တွင် သိမ်မွေ့သော နေရာလွတ်မတည်ငြိမ်မှုတစ်ခု ပေါ်လာသည်။

ဓားတစ်လက်၏ အသံက တုံ့ပြန်လာ၏။

ချလွမ်…

၎င်းက တောင်ထိပ်ပေါ်တွင် မိုးကြိုး ပေါက်ကွဲသွားသကဲ့သို့ နက်ရှိုင်းပြီး မိုးခြိမ်းသံကဲ့သို့သော ဓားမြည်သံ တစ်ခု ဖြစ်ပြီး လေဟာနယ်ကိုပင် တုန်ခါသွားစေကာ အက်ကွဲကြောင်း သေးသေးလေးများကို ဖြစ်ပေါ်စေသည်။

နောက်စက္ကန့်တွင် အဖြူရောင်ဝတ်စုံနှင့် လူတစ်ယောက်က ဟင်းလင်းပြင်ထဲမှ ထွက်လာပြီး ကြယ်ပျံတစ်စင်းကဲ့သို့ ကောင်းကင်မှ ဆင်းသက်လာသည်။

သူ၏ လက်ထဲရှိ ရွှမ်ဝူဓားမကြီးသည် အေးစက်စွာ တောက်ပနေပြီး ၎င်း၏ ထက်မြက်မှုမှာ အပြည့်အဝ ပေါ်လွင်နေသည်။ သူ၏ဆံပင်ဖြူများက ရေတံခွန်ကဲ့သို့ ရူးသွပ်စွာ ကခုန်နေပြီး မျက်လုံးများတွင် ရေခဲကန် တစ်ခုကဲ့သို့ အေးစက်သော လူသတ်လိုသည့် ရည်ရွယ်ချက်များ တောက်ပနေ၏။

စုချီနျန်ပေါ်လာသည့် အခိုက်အတန့်တွင် သူ၏နတ်ဘုရားအာရုံ ပြန့်ကျဲသွားပြီး စစ်မြေပြင်တစ်ခုလုံးကို လွှမ်းခြုံကာ ဘိုးဘေးကြီး ချန်ဟွိုက်အန်၏ တည်နေရာကို ချက်ချင်း ရှာတွေ့သွားသည်။

သူ အသံမဆူညံခဲ့ပေ။ မည်သို့ဆိုစေ ဘိုးဘေးကြီးက လျှို့ဝှက်တာဝန်များအတွက် လူများကို အမြဲပင် ဆင့်ခေါ်လေ့ရှိသည် မဟုတ်ပါလား။ ထို့ပြင် ယခုစစ်မြေပြင်ကလည်း ဖရိုဖရဲ စ်နေပြီး အခြေအနေက မရှင်းမလင်း ဖြစ်နေ၏။

ထို့ကြောင့် သူက အသံလှိုင်းလွှင့်ပြီး မေးလိုက်သည်။၊ "ဘိုးဘေးကြီး။ ဘာအမိန့်များ ရှိပါသလဲ။"

"ငါ့အနားမှာရှိတဲ့ အပြာရောင်ဝတ်ရုံဝတ်ထားတဲ့ ဒီတပည့် နည်းနည်းကို အခုချက်ချင်း သတ်ပစ်လိုက်။"

ချန်ဟွိုက်အန်က စိတ်ချင်းဆက်သွယ်၍ ပြန်လည် အမိန့်ပေးလိုက်သည်။

"ဟုတ်ကဲ့…"

စုချီနျန်က ဝူဝမ်ပင်းနှင့် အခြားသူများကို အကြည့်ဖြင့် သေချာ မှတ်သားလိုက်ပြီး ပေါင်းစည်းခြင်းအဆင့် တစ်ပိုင်းသို့ ရောက်ရှိနေသည့် သူ၏အရှိန်အဝါသည် ဒေါသတကြီး တိုက်ခတ်နေသော မုန်တိုင်းတစ်ခုကဲ့သို့ ဖိချလာသည်။

မည်သူမျှ မတုံ့ပြန်နိုင်မီမှာပင် သူက ရွှမ်ဝူဓားမကြီးကို ကျောပေါ်တွင်ထမ်းကာ ဝူဝမ်ပင်း၏ဘေးသို့ လေဆင်နှာမောင်း တစ်ခုကဲ့သို့ ပြေးသွားပြီးဖြစ်သည်။

"ဘယ်သူလဲ…"

ဝူဝမ်ပင်း၏ အာမေဍိတ်သံမှာ လည်ချောင်းထဲတွင် တစ်ဆို့သွားပြီး သူ၏လက်မောင်းကို တစ်ဝက်သာ မြှောက်ရန် အချိန်ရလိုက်သည်။

စုချီနျန်က ဓားကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ကာ စစ်မြေပြင်ကို ဖြတ်၍ ဝှေ့ယမ်းလိုက်ရာ ဓားမကြီးသည် ကြီးမားလှသော အင်အားဖြင့် ကျဆင်းလာသည်။

ဓားက စူးရှသော လေချွန်သံနှင့်အတူ လေကို ဆုတ်ဖြဲသွားပြီး ဝူဝမ်ပင်း၏ လည်ပင်းကို ပြင်းထန်သော အင်အားဖြင့် ခုတ်ပိုင်းလိုက်သည်။

ရွှမ်ဝူဓားမကြီးကို ကာကွယ်ထားသော လက်နက်က ချက်ချင်း အက်ကွဲသွား၏။

ကန်သင်းကျိုးသွားသော ရေစီးကြောင်းတစ်ခုကဲ့သို့ သွေးတစ်ကြောင်း ပန်းထွက်လာတော့သည်။

ဝူဝမ်ပင်း၏ မျက်လုံးသူငယ်အိမ်များ အပြင်းအထန် ကျုံ့သွားသည်။ သူက မတ်တတ်ရပ်နေဆဲ ဖြစ်သော်လည်း လည်ပင်းမှစ၍ သူ၏ခန္ဓာကိုယ် ကြီးမားသောအစိတ်အပိုင်းတစ်ခု ပျောက်ဆုံးနေပြီ ဖြစ်သည်။

သူ၏လက်ချောင်းများ အနည်းငယ် တုန်ယင်နေပြီး ပြန်လည်တိုက်ခိုက်ရန် လက်ဖြင့် မုဒြာဟန်တစ်ခု ဖော်ချင်သည့်အလား ဖြစ်နေသော်လည်း အခြေအနေကို ပြောင်းလဲရန် သူ အင်အား မရှိတော့ပေ။

"စီနီယာအစ်ကိုဝူ…" အနီးအနားတွင် ရပ်နေသော ခွန်းလွန်တပည့်တစ်ဦးမှာ ဒေါသထွက်သွားပြီး စုချီနျန်ကိုခုတ်ရန် မှော်ဓားကို ဆွဲထုတ်လိုက်သည်။

ထိုသူက အမျိုးသမီး ကျင့်ကြံသူတစ်ဦး ဖြစ်သည်။ သူ၏ နာကြည်းနေသောအမူအရာအရ အကဲဖြတ်ရလျှင် ဝူဝမ်ပင်းနှင့် ဆက်ဆံရေးကောင်းမွန်ရမည် ဖြစ်သည်။

ကံမကောင်းစွာဖြင့် စုချီနျန်တွင် သဘောကျနေသော ကောင်မလေး ရာနှင့်ချီ ရှိနေသည်။ ထို့ကြောင့် အမျိုးသမီးများနှင့် ပတ်သက်လာလျှင် သူ နောက်တွန့်နေမည် မဟုတ်ပေ။

"သေချင်နေတာလာ။။" ရှောင်တိမ်းခြင်းမရှိဘဲ သူက ရွှမ်ဝူဓားမကြီးကို မြေကြီးထဲမှ ထွက်ပေါ်လာသော ကြမ်းတမ်းသည့် နဂါးတစ်ကောင်ကဲ့သို့ ရုတ်တရက် အထက်သို့ထိုးသွင်းလိုက်ရာ မှော်ဓားသည် ထိုမိန်းကလေး၏ လက်ထဲမှ လွတ်ကျသွားသည်။ အရှိန်အဟုန်ကို အခွင့်ကောင်းယူ၍ သူ လှည့်လိုက်ရာ ဓားမကြီးသည် လေချွန်သံတစ်ခုနှင့်အတူ ပါလာပြီး တံစဉ်တစ်ခုကဲ့သို့ သွေးရောင်လွှမ်းသော လခြမ်းပုံစံ ခုတ်ပိုင်းလိုက်ကာ အမျိုးသမီးကျင့်ကြံသူကို ခါးမှနေ၍ နှစ်ပိုင်း ပြတ်သွားစေသည်။

ထိုသို့ချို့ယွင်းနေသော ရွှေရောင်အနှစ်သာရအဆင့်ကို ကိုင်တွယ်ရန်အတွက် ဓားသိုင်းနည်းများ လုံးဝ မလိုအပ်ပေ။

အသန့်စင်ဆုံးနှင့် ထိရောက်မှုအရှိဆုံး အခြေခံတိုက်ခိုက်မှုသာ လိုအပ်သည်။

အခြေအနေ ဆိုးရွားနေသည်ကို မြင်သောအခါ တစ်စုံတစ်ယောက်က ပြေးရန် လှည့်လိုက်သော်လည်း အမြင်အာရုံကို မှုန်ဝါးသွားစေသော ကျယ်လောင်သည့် ဟစ်အော်သံကြောင့် လန့်သွားသည်။ သူ၏နောက်တွင် ဓားမကြီးတစ်လက် မြင့်မားစွာ မြှောက်တက်လာပြီး ကောင်းကင်မှ ခုတ်ချလိုက်သည်။ ဓားမရောက်လာမီမှာပင် ဓားစွမ်းအင်သည် ပြိုကျလာသော တောင်တစ်တောင်ကဲ့သို့ ကျဆင်းလာပြီး ခွန်းလွန်တပည့်နှင့် သူ၏ ခြေအောက်ရှိ မြေကြီးကို ရိုက်ချိုးကာ နက်ရှိုင်းသော အက်ကွဲကြောင်း တစ်ခုကို ဖန်တီးလိုက်သည်။

အက်ကွဲကြောင်းထဲရှိ အသားနှင့်သွေးများမှာ ဓားတစ်ချက်တည်းဖြင့် ဖုန်မှုန့်များအဖြစ် ခုတ်ပိုင်းခံလိုက် ရသည့်အလား စုတ်ပြတ်သတ်နေသည်။

ရန်သူက သရဲတစ္ဆေကဲ့သို့ မြန်ဆန်စွာ လှုပ်ရှားနေသည်ကို မြင်သောအခါ အချို့လူများက ထွက်ပြေးရန် လက်လျှော့လိုက်ပြီး ခုခံရေးအခင်းအကျင်းတစ်ခု တည်ဆောက်ရန် ပူးပေါင်းလိုက်ကြသည်။

စုချီနျန်က ခြေဖြင့် မြေကြီးကို ဆောင့်နင်းလိုက်ပြီး အမြောက်ဆန်တစ်ခုကဲ့သို့ ပစ်ထွက်သွားရာ သူ၏ ရွှမ်ဝူဓားမကြီးက ရှေ့တည့်တည့်သို့ ချိန်ရွယ်ထားပြီး ဓားသွားက လေကို ဖောက်ထွင်းသွားသည်။ ဓားမကြီးသည် မှော်အကာအကွယ်ကို ဝင်တိုက်မိကာ နားကွဲမတတ် ပေါက်ကွဲသံကြီး ထွက်ပေါ်လာသည်။ မှော်အကာအကွယ် ချက်ချင်း အက်ကွဲသွားသော်လည်း ဓား၏အရှိန်အဟုန်မှာ လျော့ကျမသွားဘဲ အခင်းအကျင်းကို တည်ဆောက်ထားသော ခွန်းလွန်တပည့်များကို တုတ်ထိုးသကြားလုံးကဲ့သို့ တန်းစီပြီး ထိုးဖောက်သွား၏။

သူက ခဏရပ်တန့်လိုက်ပြီး ရွှမ်ဝူဓားကို နောက်တစ်ကြိမ် ဝှေ့ယမ်းလိုက်ရာ ကောင်းကင်မှ သွေးမိုးများ ရွာကျလာသည်။

သူ ပေါ်လာချိန်မှစ၍ ခွန်းလွန် တပည့်(၅)ဦး အသတ်ခံရသည်အထိ အသက် သုံးလေးရှိုက်ခန့်သာ ကြာမြင့်ခဲ့သည်။

"အရမ်း... အရမ်း ကြမ်းတာပဲ..."

စုချီနျန်၏ သွေးစွန်းနေသော ကျောပြင်ကို ကြည့်ရင်း ကိုယ့်ကိုယ်ကိုယ် ပါရမီရှင်ဟုခေါ်သော ဝမ်ရှိုယီပင် ကြောက်ရွံ့မှုကြောင့် မတုန်ယင်ဘဲ မနေနိုင်ခဲ့ပေ။

"ဟုတ်တယ်။ အဲဒါက မယုံနိုင်စရာပဲ။"

ချန်ဟွိုက်အန်က သဘောတူသည့်အနေဖြင့် ခေါင်းညိတ်ပြီး ကြောက်ရွံ့နေဟန် ဟန်ဆောင်လိုက်သည်။

စုချီနျန်က ထွက်ပြေးနေသော ခွန်းလွန်တပည့်များကို လိုက်လံဖမ်းဆီးရန် ဓားကို မြှောက်လိုက်သည်။

သို့သော် ရုတ်တရက် သူ၏နားထဲတွင် ဘိုးဘေးကြီး၏အသံကို ကြားလိုက်ရ၏။

"စုချီနျန်၊ မင်းဆီမှာ ချစ်ရတဲ့ကောင်မလေး (၁၀၀)ကျော် ရှိတယ်လို့ ကြားတယ်။ ဟုတ်လား။"

စုချီနျန် အနည်းငယ် ရပ်တန့်သွားသည်။ "ဘိုးဘေးကြီးက အတော်လေးကို ထိုးထွင်းသိမြင်နိုင်စွမ်း ရှိပါတယ်။ ဒါပေမဲ့ အခုဆိုရင် (၂၀၀)လောက်တော့ ကျန်ဦးမယ် ထင်တယ်။"

"မင်းဆီမှာ မိန်းမလှလေးတွေ အများကြီး ရှိပြီးတော့ သူတို့ကို ဒီလောက် ကိုင်တွယ်နိုင်တယ်ဆိုမှတော့ မင်းက တကယ့်သရုပ်ဆောင်တစ်ယောက် ဖြစ်ရမယ်။ ဒီနေ့ ငါ့အတွက် သရုပ်ဆောင် တစ်ကွက်လောက် လုပ်ပြ။"

"ဘိုးဘေးကြီးက ဘာကို သရုပ်ဆောင်စေချင်တာလဲ။"

"ငါ့ကိုတိုက်။"

"ကောင်းပြီလေ။"

စုချီနျန် သဘောတူလိုက်သည်နှင့်တစ်ပြိုင်နက် ချန်ဟွိုက်အန်က သူ၏ရှေ့သို့ ရုတ်တရက် ရောက်လာပြီး လမ်းကိုပိတ်ရပ်လိုက်သည်။

"စီနီယာ၊ မလုပ်ပါနဲ့။" ဝမ်ရှိုယ်က သူမြင်လိုက်ရသည့် မြင်ကွင်းကြောင့် အလွန်ပင် ထိတ်လန့်သွားကာ ခြေထောက်များ ပျော့ခွေသွားပြီး ကူညီရန် အပြေးသွားတော့မလို ဖြစ်သွားသည်။

အဲဒီဓားသမားက လူတွေကို ဖရဲသီးတွေ၊ ဟင်းသီးဟင်းရွက်တွေခုတ်သလို လွယ်လွယ်လေး သတ်သွားတာလေ။ စီနီယာက အရမ်းသန်မာပေမယ့် ဒီလူနဲ့ ယှဉ်နိုင်မှာ မဟုတ်ဘူး။

"ငါ့ရဲ့ ခွန်းလွန်အင်မော်တယ်နန်းတော်က တပည့်တွေကို နောက်တစ်ကြိမ် ထပ်ထိခိုက်အောင် လုပ်ဖို့ စဉ်းစားတောင် မစဉ်းစားနဲ့။" ချန်ဟွိုက်အန်က ဓားကို မဆွဲထုတ်ဘဲ သိုလှောင်လက်စွပ်ထဲမှ လှံတစ်လက်ကို ထုတ်ယူကာ လှံသွားကို မြေပြင်သို့ စောင်း၍ ချိန်ထားလိုက်ပြီး အမူအရာမှာ အေးစက်ကာ ကြမ်းတမ်းနေသည်။ "မင်း ထပ်ပြီး ရှေ့တိုးလာချင်တယ်ဆိုရင် ငါ့ရဲ့အလောင်းကို ကျော်သွားမှ ရမယ်။"

ဤနေရာမှ ဖရိုဖရဲအခြေအနေက ဟွာကျင်းနှင့် ဆရာတော် ဖာမင်တို့၏ အာရုံစိုက်မှုကို ဆွဲဆောင်မိနေပြီ ဖြစ်သည်။

သူနှင့် စုချီနျန်တို့ ဇာတ်တိုက်လေ့ကျင့်ရန် အချိန်သိပ်မကျန်တော့ပေ။

သူတို့နှစ်ဦး မျက်လုံးချင်း ဆုံသွားကြပြီး လေထုက ခဏတာ တိတ်ဆိတ်သွား၏။

[ ဘိုးဘေးကြီး၊ ကျွန်တော် အခု ဘာပြောရမလဲ ]

ချန်ဟွိုက်အန်၏ မျက်ခွံများ တွန့်သွားသည်။ "မင်း သရုပ်ဆောင်အရမ်းကောင်းတယ် မဟုတ်ဘူးလား။"

[ ဒါပေမဲ့ ကျွန်တော်က ဗီလိန်အနေနဲ့ တစ်ခါမှ မသရုပ်ဆောင်ဖူးဘူးလေ… ]

"မင်း ဘာမှပြောစရာ မလိုဘူး။ "ဟီးဟီးဟီး"လို့ပဲ ရယ်နေလိုက်။ ဒါမှမဟုတ် ကြုံရာစကား တစ်ခွန်း နှစ်ခွန်းလောက် ထပ်ဖြည့်လိုက်။ ပြီးရင် မင်း လှုပ်ရှားလို့ ရပြီ။"

[ ကောင်းပါပြီ ]

စုချီနျန် ခဏတာ စဉ်းစားလိုက်သည်။

သူ၏ချစ်သူကို သူ မည်သို့ ပရောပရည်လုပ်ခဲ့ကြောင်း ပြန်လည်အမှတ်ရလိုက်ရာ သူ၏မျက်နှာပေါ်တွင် အချိန်ကိုက် ယုတ်မာသောအပြုံးတစ်ခု ပေါ်လာ၏။

"ဟီးဟီးဟီး။ သေဖို့သာ ပြင်ထားလိုက်တော့။ ဟီးဟီးဟီးဟီး။"

...

All Chapters