← Chapters

အခန်း ၁၃၀

Vol. 13 Ch. 130

အခန်း ၁၃၀

Vol. 13 Ch. 130

အခန်း (၁၃၀) နေ့တိုင်း အိပ်ရာထတာနဲ့ကမ္ဘာသစ်ကို ရင်ဆိုင်နေရတဲ့ ကုသခင်လေး

ကုသခင်လေးလဲ သန့်စင်တဲ့ လူပျိုလေး ဆိုပေမဲ့ ဒီဘဝမှာ လိင်မှုကိစ္စကို တစ်ခါမှ မကြုံဖူးသေးပေမဲ့ တချို့ ကိစ္စတွေက ယောက်ျားလေးတွေ အနေနဲ့ မွေးရာပါ နားလည်ပြီးသား၊ ဆရာ မရှိဘဲ တတ်တဲ့ ကိစ္စတွေလေ။ ယွီးရှောင်ရှောင်ရဲ့ 'လုပ်ရအောင်' ဆိုတာ ဘာအဓိပ္ပာယ်လဲ ဆိုတာ ကုရှင်းလန် ချက်ချင်း နားလည်သွားတယ်။ မျက်စိတစ်မှိတ် အတွင်းမှာပဲ ကုသခင်လေး တစ်ကိုယ်လုံး ပူထူလာပြီး ရှက်လို့ မဟုတ်ဘဲ စိတ်လှုပ်ရှားလို့ ဖြစ်သွားတာ။

ယွီးရှောင်ရှောင်က ကုရှင်းလန်ရဲ့ နှုတ်ခမ်းကို ပြွတ်ခနဲ နမ်းလိုက်ပြီး ပြောတယ်။

"ရှင် အခု လှုပ်လို့ မရသေးဘူး ဆိုတော့။ ကျွန်မပဲ အပေါ်က နေမယ်လေ"

'လှုပ်လို့ မရဘူး' ဆိုတာ ဘာလဲ၊ 'အပေါ်က နေမယ်' ဆိုတာ ဘာလဲ ဆိုတာ ကုရှင်းလန် လုံးဝ နားမလည်ဘူး။ ကုသခင်လေးက အသံတုန်တုန်နဲ့ သူ့ဇနီးလေးကို မေးလိုက်တယ်။

"ဘယ်… ဘယ်လို လုပ်ရမှာလဲ"

ယွီးရှောင်ရှောင်က ထိုင်လိုက်ပြီး ကုရှင်းလန်ရဲ့ ဗိုက်ပေါ်ကနေ အောက်ကို ဆင်းဖို့ လုပ်လိုက်တယ်။

ကုရှင်းလန်ရဲ့ မျက်လုံးတွေက ပြောင်းလဲသွားပြီး ယွီးရှောင်ရှောင်ရဲ့ ခါးကို လက်နဲ့ လှမ်းဖက်လိုက်ကာ အာခြောက်သွေ့စွာနဲ့ နောက်ဆုံး အကြိမ် ရုန်းကန် ကြည့်လိုက်တယ်။

"မင်းသမီး။ အခုက နေ့ခင်းဘက်ကြီးလေ"

နေ့ခင်းကြောင်တောင်ကြီး ဒီလို ကိစ္စမျိုး လုပ်တာက ငယ်ငယ်ကတည်းက စည်းကမ်းတကျ ကြီးပြင်းလာတဲ့ ကုသခင်လေး အတွက် တကယ်ကို ဖိအား ဖြစ်စေတယ်။ ပြီးတော့ အမိန့်တော် ခံယူဖို့ သူ သွားရဦးမယ်လေ။ သူ အမိန့်တော်ကို မခံယူဘဲ မင်းသမီး နဲ့ အတူတူ ဒီလို ကိစ္စမျိုး လုပ်နေတာကို ယောက္ခထီး သိသွားရင်။ ဘုရင်ကြီးက မင်းသမီးကိုတော့ ဘာမှ မလုပ်လောက်ပေမဲ့ သူ့ကိုတော့ သေချာပေါက် သတ်ပစ်မှာပဲ။

ဘယ်ခေတ်မှာပဲ ဖြစ်ဖြစ် အိပ်ရာဝတ်စုံက ချောင်ချောင်ချိချိ ပဲလေ။ ယွီးရှောင်ရှောင်က ကုရှင်းလန်ရဲ့ ဘောင်းဘီကို ဆွဲချွတ်လိုက်ပြီး မေးလိုက်တယ်။

"နေ့ခင်းဘက်ဆိုတော့ ဘာဖြစ်လဲ"

မင်းသမီးလေး အတွက်တော့ ဒီကိစ္စမှာ နေ့နဲ့ ည ဆိုတာ ဘာမှ မကွာခြားဘူး။

သူမရဲ့ အင်္ကျီကလည်း တစ်ဝက်လောက် ကျွတ်နေပြီ ဆိုတော့ ကုသခင်လေးက ဘာကိုမှ ဆက်မတွေးတော့ဘူး။ ပညာရှိကြီးတွေ သေချင်လည်း သေပါစေတော့။ ဘယ်သူကမှ သူ့ကို ကိုယ့်ဇနီးနဲ့ အတူ မအိပ်ရဘူးလို့ မတားနိုင်ဘူး။

ယွီးရှောင်ရှောင်လည်း နည်းနည်း စိတ်လှုပ်ရှားနေတယ်။ တစ်ကိုယ်တည်းသမား ဘဝကနေ နောက်ဆုံးတော့ သူမ လွတ်မြောက်တော့မယ်လေ။

ဒီလို အချိန်မျိုး… နည်းပြယွီးရဲ့ ဘဝမှာ တစ်သက်လုံး လိုချင်ခဲ့တဲ့ အချိန်လေး ရောက်လာပြီး။ ကုသခင်လေးလဲ ယောကျ်ားကောင်း တစ်ယောက် ဖြစ်လာမဲ့ အချိန်မှာပဲ အိပ်ခန်း တံခါး အပြင်ဘက်ကနေ ဝမ်မောမောရဲ့ အသံကျယ်ကြီး ထွက်လာတယ်။

"အရှင်မင်းကြီး"

"မင်းတို့ နှစ်ယောက် အခန်းထဲမှာ ဘာလုပ်နေကြတာလဲ"

ဘုရင်ကြီးရဲ့ ဒေါသတကြီး အော်သံက ချက်ချင်းပဲ အိပ်ခန်းထဲကို ဝင်လာတယ်။

ကုရှင်းလန်က ဘုရင်ကြီးရဲ့ အော်သံကို ကြားတော့ အပေါက်ဝ ရောက်နေပြီ ဖြစ်တဲ့ ရှောင်ကုလေးက ချက်ချင်းပဲ တုန်သွားတယ်။

ယွီးရှောင်ရှောင်က ကုရှင်းလန်နဲ့ မျက်လုံးချင်း ဆုံပြီး အောက်ကို တစ်ချက် စမ်းကြည့်လိုက်တော့ စိုစိစိ ဖြစ်နေတာ တွေ့လိုက်ရတယ်။ ဒါ။ ဒါ… မင်းသမီးလေးက အရမ်း အံ့သြသွားတယ်။

"ထွက်လာခဲ့စမ်း"

ဘုရင်ကြီးက အပြင်ကနေ ဆက်အော်နေတယ်။ လူတွေ ရောက်လာပြီ ဖြစ်ပေမဲ့ ဒီနှစ်ယောက်က အိပ်ရာထဲမှာ အိပ်နေတုန်းပဲလား။ သူတို့က သူ့ကို တိုင်းပြည်ရဲ့ ဘုရင် တစ်ပါး အနေနဲ့ လေးစားမှု ရှိသေးရဲ့လား။

"ဟုတ်ကဲ့။ အရှင်မင်းကြီး" လို့ ကုရှင်းလန်က ယွီးရှောင်ရှောင်ကို ပြောလိုက်တယ်။

ဒါက လန့်သွားတာပဲ။ ယွီးရှောင်ရှောင်က လက်ကို ခါလိုက်ပြီး သိပ္ပံနည်းကျ ရောဂါရှာဖွေမှု တစ်ခု လုပ်လိုက်တယ်။

ကုရှင်းလန်ကတော့ သူ့ဇနီးကို တောင် မကြည့်ရဲတော့ဘူး။ ယွီးရှောင်ရှောင်ကို တောင်းပန်ချင်ပေမဲ့ ယောက်ျား တစ်ယောက်က ဇနီးသည်ကို ဒီလို ကိစ္စမျိုး မှာ တောင်းပန်လေ့ရှိလားဆိုတာ သူ မသိဘူး။

"ကျွန်တော်...” ကုသခင်လေးက အချိန်အတော်ကြာ စဉ်းစားပြီးမှ ဘာပြောရမှန်း မသိ ဖြစ်နေတယ်။

ယွီးရှောင်ရှောင်က ကုရှင်းလန်ကို ပြန်နမ်းလိုက်ပြီး ပြောတယ်။

"ကိစ္စ မရှိဘူး။ နောက်တစ်ခါ ကြိုးစားတာပေါ့"

ဇွန်ဘီခေတ်မှာ ဒုက္ခခံနေရသေးတဲ့ သူမရဲ့ လုပ်ဖော်ကိုင်ဖက်တွေ ပြောဖူးတယ်။ ဒီလို ကိစ္စမျိုးမှာ ယောကျ်ားတွေကို ဖိအား မပေးရဘူးတဲ့။ ယောကျ်ား တော်တော်များများက ပထမဆုံး အကြိမ်မှာ မအောင်မြင်တတ်ဘူး တဲ့။ ဒါက ဇွန်ဘီတွေကို သတ်သလိုပဲ။ အကြိမ်ကြိမ် လုပ်မှ ကျွမ်းကျင်လာမှာလေ။

ကုရှင်းလန် မျက်နှာတွေ နီရဲသွားတယ်။ ကုသခင်လေးရဲ့ မျက်တောင်တွေက ရှည်တယ်လေ။ ပုံမှန် အချိန်မှာ သူက တည်ငြိမ်ပြီး စကားနည်းတော့ သိပ်မသိသာပေမဲ့ အခု မျက်လွှာချထားတဲ့ အချိန်မှာတော့ နည်းနည်း ကော့နေတဲ့ မျက်တောင်လေးတွေက မျက်လုံးအောက်မှာ အရိပ်လေးတွေ ထင်နေတယ်။ အဲဒါနဲ့ နီရဲနေတဲ့ မျက်နှာလေးကို ပေါင်းစပ်လိုက်တော့ ယွီးရှောင်ရှောင်ကို လိင်ပြောင်းသွားသလို ခံစားရစေတယ်။ သူမက ဒီလူငယ်လေးကို အနိုင်ကျင့်လိုက်သလိုများ ဖြစ်သွားလား။

"လင်းလုံ။ ကုရှင်းလန်"

ဘုရင်ကြီးက အပြင်မှာ ဒေါသပေါက်ကွဲနေပြီ။ ဒီနှစ်ယောက်က သူ့ကို အိပ်ခန်းထဲ ဝင်လာအောင် လုပ်နေတာလား။

ကုရှင်းလန်ရဲ့ ခန္ဓာကိုယ်က ထပ်တုန်သွားပြန်တယ်။ မင်းသမီးလေးရဲ့ မသိနားမလည်မှုတွေနဲ့ ယှဉ်ရင် ကုသခင်လေးက ဘုရင် ဆိုတဲ့ သတ္တဝါကို ကြောက်ရွံ့လေးစားတဲ့ စိတ် ရှိတယ်လေ။

ယွီးရှောင်ရှောင်က ပြောတယ်။

"မကြောက်ပါနဲ့။ သူက ကျွန်မကို မနိုင်ဘူး။ အဲ ရှင်နဲ့လည်း မနိုင်ဘူး"

ကုရှင်းလန်က ပါးစပ်ဟသွားပေမဲ့ ဘာမှ မပြောနိုင်ဘူး။ အသက်ရှင်ဖို့ ငြီးငွေ့နေတဲ့ သူကလွဲပြီး ဘယ်သူက ဘုရင်ကို သွားရိုက်မှာလဲ။

ယွီးရှောင်ရှောင်က ခုတင်ပေါ်က ဆင်းပြီး အဝတ်အစားတွေကို သေသပ်အောင် ပြင်ဝတ်လိုက်တယ်။ သူမရဲ့ အရူးဘုရင် အဖေကို သွားပြီး နှုတ်ဆက်မလို့။ ဒုက္ခပေးတတ်တဲ့ အဖေပဲ။ ဒီလို အချိန်မျိုးမှာ လာနှောင့်ယှက်တာက ရှောင်ကုလေး လန့်ပြီး ဒုက္ခိတ ဖြစ်သွားရင် သူမရဲ့ ပျော်ရွှင်မှုတွေ ဘယ်လို လုပ်မလဲ။

ကုရှင်းလန်က ယွီးရှောင်ရှောင် ထွက်သွားတော့မဲ့ ပုံစံကို မြင်တော့ အမြန် ခေါ်လိုက်တယ်။

"ရှောင်ရှောင်။ အဝတ်အစား လဲသွားဦးလေ"

ယွီးရှောင်ရှောင်က ပြောတယ်။

"မလိုဘူး"

အရူးဘုရင်နဲ့ တွေ့ဖို့ အလှပြင်နေစရာ လိုလို့လား။ ဝမ်မောမောလည်း မရှိတော့ မင်းသမီးလေးက အလှလည်း မပြင်တတ်ဘူးလေ။

ကုရှင်းလန်က တကယ် လန့်သွားပြီး ပြောတယ်။

"အဝတ်အစားတွေ ပေနေတယ်လေ"

ယွီးရှောင်ရှောင်က အဲဒီတော့မှ ကိုယ့်ကိုယ်ကိုယ် ငုံ့ကြည့်လိုက်တယ်။ သူမရဲ့ စကတ်ပေါ်မှာ…။

ကုသခင်လေးက စိတ်လှုပ်ရှားစွာနဲ့ အသံ နည်းနည်း ကျယ်သွားလို့ အခန်းပြင်က လူတွေ အကုန်လုံး ရုတ်တရက် တိတ်ဆိတ်သွားကြတယ်။

ဘုရင်ကြီးက ဒေါသ မထွက်တော့ဘဲ အော်လည်း မအော်တော့ဘူး။ ချက်ချင်းပဲ ဝမ်မောမောကို လှည့်ကြည့်ပြီး မေးလိုက်တယ်။

"ငါကိုယ်တော် ကြားတာ မမှားဘူး မဟုတ်လား။ ကုရှင်းလန်က မင်းသမီးကို အဝတ်အစား လဲခိုင်းနေတာလား"

ဝမ်မောမောက သေချင်ယောင် ဆောင်ချင်ပေမဲ့ ဘုရင်ကြီး ရှေ့မှာ သေချင်ယောင် ဆောင်ရင် တကယ် သေသွားမှာကို ကြောက်လို့ ခြင်အသံလေးနဲ့ ပြန်ဖြေလိုက်တယ်။

"ဟုတ်ပါတယ်"

"သူတို့ အခန်းထဲမှာ ဘာလုပ်နေကြတာလဲ" လို့ ဘုရင်ကြီးက ဝမ်မောမောကို မေးတယ်။

ဝမ်မောမောက ခေါင်းခါပြီး အရမ်း ခိုင်မာတဲ့ လေသံနဲ့ ဖြေလိုက်တယ်။

"ကျွန်တော်မျိုးမ မသိဘူး"

ဘုရင်ကြီးက အပြင်ဘက် စင်္ကြံလမ်းမှာ ရပ်နေပြီး မလှုပ်မယှက် ဖြစ်နေတယ်။ အခု သူက ကုချန်းနဲ့ အရင် လက်ဖက်ရည် သောက်ပြီးမှ လာသင့်တယ်လို့ တွေးနေမိတယ်။

အားလုံးက ဒူးထောက်နေသူတွေက ဒူးထောက်၊ မတ်တတ်ရပ်နေသူတွေက မတ်တတ်ရပ်ပြီး ဘယ်သူမှ စကားမပြောကြဘူး။ တစ်ခါတလေ အမှန်တရား ဆိုတာကို သူတို့ လုံးဝ မသိချင်ကြဘူးလေ။ လုံးဝ မသိချင်တာပါ။

ယွီးရှောင်ရှောင်က စကတ် လဲလိုက်ပြီး ကုရှင်းလန်ကိုလည်း အဝတ်အစား လဲပေးလိုက်တယ်။ နူးညံ့နေသေးတဲ့ ရှောင်ကုလေးကို ကြည့်ပြီး မင်းသမီးလေးက တော်တော်လေး စိတ်ပူသွားကာ ကုရှင်းလန်ကို မေးလိုက်တယ်။

"ဘာမှ မဖြစ်ဘူးနော်။ ရှင် ကျွန်မကို ကြည့်ပါအုံး၊ အဲဒါက ရ…"

"ရှောင်ရှောင်"

ကုရှင်းလန်က ယွီးရှောင်ရှောင်ရဲ့ ပါးစပ်ကို အမြန် ပိတ်လိုက်ပြီး စိုးရိမ်တကြီး ပြောလိုက်တယ်။

"ကျွန်တော် ဘာမှ မဖြစ်ဘူး။ တကယ်ပါ"

ယွီးရှောင်ရှောင်က စိတ်မချသလို ကြည့်နေတယ်။

ကုရှင်းလန်က အသက် မြန်မြန် ရှူပြီး ပြောတယ်။

"ဘာကိစ္စ ရှိရှိ ညကျမှ ပြောကြတာပေါ့။ ရှောင်ရှောင် ကျွန်တော့် ဘောင်းဘီကို ဝတ်ပေးလို့ ရမလား"

ယွီးရှောင်ရှောင်က ကုရှင်းလန်ကို ဘောင်းဘီ ဝတ်ပေးရင်း တိုးတိုးလေး ပြောလိုက်တယ်။

"ကျွန်မ အဖေက မနက်အစောကြီး ဘာကိစ္စ လာတာလဲ မသိဘူး။ မနက်စာ လာစားတာများလား"

ကုရှင်းလန်က ခေါင်းခါပြလိုက်တယ်။ သူ ဘာမှန်း မသိဘူး။

ယွီးရှောင်ရှောင်က ပြောတယ်။

"ကျွန်မ တစ်ညလုံး မအိပ်ရသေးဘူး။ ရှောင်ကု… ကျွန်မ သူ့ကို သွားမတွေ့ချင်ဘူး"

"ခဏနေဦး"

ကုရှင်းလန်က ဘောင်းဘီ ဆွဲတင်နေတဲ့ လက်ကို ရပ်လိုက်ပြီး မေးလိုက်တယ်။

"မင်း တစ်ညလုံး မအိပ်ရသေးဘူးလား"

"အင်း" လို့ ယွီးရှောင်ရှောင်က ပြောတယ်။

"ကျွန်မ ဟူကော် ကျောင်းတော်ကို သွားပြီးမင်းဆရာကို သွားကြည့်တာ။ ရှောင်ကု။ ကျွန်မ ရှင့်ကို ပြောမယ်။ အဲဒီ ဝမ်ဖုန်းလင်က လူယုတ်မာပဲ။ သူက အကြံဆိုးတွေ ကြံနေတာ။ သူနဲ့ သွားမပေါင်းရဘူးနော်။ ကျွန်မ မနေ့ညက သူ့ကို သတ်မလို့ လုပ်တာ။ မင်းဆရာက အတင်း တားနေလို့။ ဟွန့်။ နောက်ကျရင် အခွင့်အရေး ရအောင် ထပ်ရှာရဦးမယ်"

ကုရှင်းလန်က ပါးစပ်အဟောင်းသား နဲ့ သူ့ဇနီးကို ကြည့်ပြီး ကြောင်သွားတယ်။

ဘုရင်ကြီးက နေ့တိုင်း အိပ်ရာထတာနဲ့ ထူးဆန်းတာတွေ ကြုံနေရသလို ကုသခင်လေးလည်း အခု နေ့တိုင်း အိပ်ရာထတာနဲ့ ကမ္ဘာသစ်ကို ရင်ဆိုင်နေရသလို ခံစားနေရပြီ။

…

All Chapters