← Chapters

အခန်း ၁၆၅၂

Vol. 111 Ch. 1652

အခန်း ၁၆၅၂

Vol. 111 Ch. 1652

အပိုင်း ( 1652 ) အစီရင် နိယာမ။

'ဒီလူကြီးက ငါတို့ ပြန်မလာနိုင်အောင် အခြားသူတော်စင်နယ်ပယ် ပညာရှင်တွေနဲ့အတူ ဥမင်အဝကနေ ပိတ်ဆို့ထားမှာ သေချာတယ်'

လုမင်က တစ်ဖက်လူ ထွက်သွားတာကိုကြည့်ရင်း သူ့စိတ်ထဲမှ တွေးလိုက်သည်။

မတတ်နိုင်တော့၊ ယခုအချိန်မှာတော့ ဤနေရာတွင် ခဏလောက် နေရတော့မည်။

လုမင်က သင်္ချိုင်းတွင်းသို့ ပိုမိုနက်ရှိုင်းစွာ ဝင်ရောက်ခဲ့ပြီး မကြာမီ လမ်းမတစ်ခုသို့ ရောက်လာသည်။

လမ်း၏ တစ်ဖက်တစ်ချက်စီတွင် သင်္ချိုင်းနှစ်ခုရှိ၏။ သင်္ချိုင်းများပေါ်မှာတော့ အစစ်အမှန်နဂါးနှင့် ဖီးနစ် တစ်ကောင်စီ ရှိနေသည်။

သူတို့နှစ်ကောင်စလုံးက အလွန်အစွမ်းထက်သော်လည်း လုမင်၏ လက်ရှိတိုက်ခိုက်နိုင်စွမ်းဖြင့်၊ ပူဖောင်းလေး၏ အကူအညီကို ယူလိုက်သောအခါ အလွယ်တကူ ဖြတ်ကျော်ပြီး မျှော်လင့်ချက်မဲ့တံတားသို့ ရောက်ရှိခဲ့ပေသည်။

လုမင်က တောင်နှင့်မြစ်ပန်းချီကားကို ထုတ်ယူလိုက်သည်။ ဟွမ်လင်၊ ယဲ့တုန်ဖန့်နှင့် အခြား လုမင်တို့၏ ကယ်တင်ခံရသူများက တောင်နှင့်မြစ်ပန်းချီကားအတွင်းမှ ထွက်လာကြ၏။

"ဒါက ... ဆမ်ဆာရာဧကရာဇ်ရဲ့ သင်္ချိုင်းလား"

ဟွမ်လင်၊ ယဲ့တုန်ဖန့်နှင့် တခြားသူများက အပြင်ကိုရောက်လာသည်နှင့် ဤနေရာကို မှတ်မိကြသည်။

မရောက်ဖူးသူများကတော့ ပတ်ဝန်းကျင်ကို တအံ့တဩဖြင့် ကြည့်ကြ၏။ ဟွမ်ချွမ်မြစ်ကို မြင်လိုက်ရသောအခါ သူတို့ မျက်နှာပျက်ကုန်ကြတော့သည်။

"မှန်ပါတယ်၊ ဒါက ဆမ်ဆာရာဧကရာဇ်ရဲ့ သင်္ချိုင်းပဲ"

လုမင်၏ မျက်နှာမှာ လေးနက်နေပြီး အားလုံးကို တစ်ချက်ဝေ့ကြည့်ကာ ပြောလိုက်သည်။

"ငါတို့ ဒီမှာ ခဏလောက်နေရလိမ့်မယ်။ ရန်သူတွေက သန်မာလွန်းတယ်။ ငါ့ရဲ့ ကျင့်ကြံခြင်းအခြေခံနဲ့ သူတို့ကို မရင်ဆိုင်နိုင်တာကြောင့် လောလောဆယ်တော့ ဒီမှာ ပုန်းနေဖို့ပဲ ရှိတယ်"

"ဒီကို ရောက်နေတာကလည်း ကောင်းပါတယ်၊ နောက်ပြီးတော့ နင် ဘာဆက်လုပ်ဖို့ စီစဉ်ထားလဲ"

ဟွမ်လင်က လုမင်ကို ကြည့်လိုက်သည်။ လုမင်သည် တိုက်ခိုက်နိုင်စွမ်း မြင့်မားသည့်အပြင် ဉာဏ်ရည်ထက်မြက်ပြီး စေ့စပ်သေချာသူ ဖြစ်၏။ ယင်းက ဟွမ်လင်အား သူ့အပေါ်တွင် အထင်မြင်ကောင်းများ ဖြစ်ပေါ်စေခဲ့သည်။

"လေ့ကျင့်ပြီးတော့ ကိုယ့်ကိုယ်ကိုယ် တိုးတက်အောင် လုပ်ကြတာပေါ့။ ငါတို့ လုံလုံလောက်လောက် သန်မာလာတဲ့အခါ တရှိန်ထိုး ပြေးထွက်ကြမယ်"

လုမင် ပြောလိုက်သည်။

ဤတစ်ကြိမ်တွင် လုမင်က လူ ငါးရာနီးပါးကို ကယ်တင်ခဲ့သည်။

သူတို့ထဲတွင် အများစုက အဆင့်မြင့် မြေကမ္ဘာ ဝိညာဉ်ခန္ဓာပိုင်ရှင်များ ဖြစ်၏။ ကောင်းကင်ဝိညာဉ်ခန္ဓာ ပိုင်ရှင်များလည်း ပါဝင်သည်။ သူတို့၏ အင်အားများ တိုးတက်လာပါက၊ ပူးပေါင်းခြင်းဖြင့် တရှိန်ထိုး ဖောက်ထွက်နိုင်လိမ့်မည်။

"မင်းတို့အားလုံး ဒီမှာ စိတ်အေးလက်အေး ‌လေ့ကျင့်နိုင်ပါတယ်။ အဲဒီ သူတော်စင်တွေက ဒီနေရာကို ဝင်လာလို့မရဘူး"

လုမင်က သင်္ချိုင်းတွင်းမှ အပြောင်းအလဲများအကြောင်းကို ပြောပြလိုက်သည်။ ထိုမှသာ လူတိုင်း စိတ်သက်သာရာ ရသွားကြလေသည်။

"လုမင်၊ ဘာပဲဖြစ်ဖြစ် ဒီတစ်ခါတော့ ငါတို့ နင့်ကို ကျေးဇူးတင်ရတော့မှာပဲ။ နင့်ကြောင့်သာမဟုတ်ရင် ငါတို့ သူတို့ကို ကယ်တင်နိုင်မှာ မဟုတ်ဘူး"

ဟွမ်လင်က ရိုးရိုးသားသား ပြောလိုက်သည်။

"ဟုတ်ပါတယ်၊ ဒီတစ်ခါတော့ လုမင်ကို ကျေးဇူးတင်ရမယ်။ ငါတို့ အောင်အောင်မြင်မြင် လွတ်မြောက်နိုင်သည်ဖြစ်စေ... မလွတ်သည်ဖြစ်စေ၊ ငါ ယဲ့တုန်ဖန့်... ဒီကျေးဇူးကို အမြဲ အမှတ်ရနေမှာပါ"

ယဲ့တုန်ဖန့်ကလည်း ပြောလိုက်၏။

"လုမင်၊ ငါတို့ မင်းကို တိုက်ခိုက်ခဲ့မိတာ တောင်းပန်ပါတယ်။ ငါတို့ကို ခွင့်လွှတ်ပေးမယ်လို့လည်း မျှော်လင့်ပါတယ်"

ရှတင်းနှင့် အခြားသုံးယောက်ကလည်း ရှေ့သို့ တိုးလာကာ လုမင်အား ကျေးဇူးတင်စကား ဆိုကြလေသည်။

"ကိစ္စမရှိပါဘူး၊ ဖီးနစ်နန်းတော်က လူတွေကို ကယ်တင်ပေးဖို့ ဟွမ်လင်ကို ကတိပေးထားတယ်။ မင်းတို့ကို ကယ်တင်ပေးတာက အထူး မပင်ပန်းလှပါဘူး"

လုမင် ပြုံးလိုက်သည်။

‌ထို့နောက်မှာတော့ လူတိုင်းက လူစုခွဲကာ လေ့ကျင့်ရန် ပြင်ဆင်လိုက်ကြသည်။

လုမင်က မျှော်လင့်ချက်တံတားသို့ ပြန်သွားသော်လည်း အဖွားမုံ့ကိုမူ မည်သည့်နေရာတွင်မှ မတွေ့ရတော့ပေ။ လုမင်က ရေဝဲကြီးကို ကြည့်လိုက်သည်။ သို့သော်လည်း အဆုံးမှာတော့ သူ ခုန်မချခဲ့ပါ။ သူက တံတားထိပ်တွင် တင်ပျဉ်ခွေထိုင်ကာ ကျောက်ကြမ်းများကို ဝါးမျိုပြီး စွမ်းအင်ပြန်လည်ဖြည့်တင်းလိုက်သည်။

ကျင့်ကြံခြင်း‌အခြေခံ ပြန်လည်ကောင်းမွန်လာသောအခါ၊ လုမင်က တောင်နှင့်မြစ် ပန်းချီကားသို့ ဝင်ရောက်ပြီး ရှေးဟောင်းဉာဏ်အလင်းသစ်ပင်ဆီသို့ လျှောက်သွား၏။

ယခင်က လုမင်သည်၊ ဟွမ်လင်နှင့် အခြားလူများကို တောင်နှင့်မြစ် ပန်းချီကားထဲသို့ မထည့်မီတွင် ဒုတိယခန္ဓာအား ရှေးဟောင်းဉာဏ်အလင်းသစ်ပင်ကို ဝှက်ထားစေခဲ့သည်။ ထို့ကြောင့် ဟွမ်လင်နှင့် အခြားသူများက ရှေးဟောင်း ဉဏ်အလင်းသစ်ပင်ကို မတွေ့ခဲ့ကြပေ။

နောက်ဆုံးတွင်၊ ရှေးဟောင်း ဉာဏ်အလင်းသစ်ပင်က အဖိုးတန်လွန်းသည်။ အခြားသူများ တွေ့မြင်ပါက မလိုလားအပ်သော ပြဿနာများ ရှိလာပေလိမ့်မည်။

တောင်နှင့်မြစ်ပန်းချီကားကတော့ အဖိုးတန်သော်လည်း၊ ဤနေရာကို ရောက်လာသူတိုင်းက ဧကရာဇ်အဆင့် အင်အားစုများ၏ ပါရမီရှင်များဖြစ်ကြသည်။ သဘာဝအတိုင်း၊ သူတို့သည် ယခင်က အလားတူ ရတနာများကို မြင်ဖူးကြသောကြောင့် မအံ့သြကြပေ။

လုမင်က ရှေးဟောင်း ဉာဏ်အလင်း သစ်ပင်အောက်တွင် တင်ပျဉ်ခွေထိုင်ကာ ကစဉ့်ကလျား တာအိုနယ်မြေကို တိတ်တဆိတ် နားလည်ဆင်ခြင်လိုက်သည်။ သူက အန္တိမ ကစဉ့်ကလျားတာအိုနယ်မြေကို ကစဉ့်ကလျားနိယာမအဖြစ် တတ်နိုင်သမျှ အမြန်ဆုံး လေ့ကျင့်နိုင်ရန် မျှော်လင့်ထား၏။

ကစဉ့်ကလျားနိယာမကို နားလည်ပြီး ဒုတိယအဆင့် သူတော်စင်တစ်ပိုင်းအဆင့်သို့ ရောက်ရှိသည်နှင့်၊ လုမင်၏ အင်အားက တဟုန်ထိုး တက်လာပေလိမ့်မည်။ ထိုအချိန်တွင်၊ သူက တောက်ပသော သူတော်စင်နယ်ပယ် အဆင့်မြင့်အဆင့်မှ ပညာရှင်ကို ကြောက်ရတော့မည် မဟုတ်ပါ။ တောက်ပသော သူတော်စင်နယ်ပယ် အထွတ်အထိပ်မှ ပညာရှင်နှင့်ပင် တိုက်ကွက်အနည်းငယ် ရင်ဆိုင်နိုင်မည်ဟု ယုံကြည်မှုရှိသည်။

ထိုအချိန်တွင် သူ၏ လွတ်မြောက်ရန် အခွင့်အလမ်းက အလွန် တိုးတက်လာပေလိမ့်မည်။

တစ်ချိန်တည်းမှာပင် ဒုတိယခန္ဓာ လုမင်သည်လည်း လေ့ကျင့်နေသည်။

ဒုတိယခန္ဓာလုမင်က ဝိညာဉ်မီးခွက်ဆယ်ခုကို လောင်ကျွမ်းစေခဲ့ပြီး ဖြစ်သည်။ ထို့နောက်တွင်က သူက ကမ္ပည်းစာလုံးများနှင့် နိယာမကို ဆက်သွယ်ပြီး သူတော်စင်တစ်ပိုင်း ဒုတိယအဆင့်သို့ တက်လှမ်းနိုင်လိမ့်မည်။

ပူဖောင်းလေးမှာလည်း လေ့ကျင့်နေခဲ့သည်။

တခြားသူများလည်း ထို့အတူပင် ဖြစ်၏။ ဤနယ်မြေက အနှောင့်အယှက်မရှိဘဲ အေးချမ်းလွန်းလှသည်။ လူတိုင်းက သူတို့၏ ခွန်အားကို တတ်နိုင်သမျှ မြှင့်တင်ရန် ကြိုးစားအားထုတ်နေကြတော့သည်။

အပြင်ဘက်တွင်၊ မျိုးနွယ်စုအသီးသီးမှ ဒေသခံ သူတော်စင်နယ်ပယ် ကျွမ်းကျင်သူများ ရှိနေသည်။ ထို့ကြောင့် လူတိုင်းက ကြီးမားသော ဖိအားအောက်တွင် ရှိနေကြ၏။ ဖိအားက ကြီးလွန်းသောအခါ လေ့ကျင့်ရန် ခွန်အားအဖြစ်သို့ ပြောင်းလဲလာတော့သည်။

တစ်နေ့ပြီးတစ်နေ့ အချိန်များ လျင်စွာကုန်လွန်သွားသည်။

မျက်စိတစ်မှိတ်အတွင်း တစ်လကျော် ကြာသွားပြီ။

ဒုတိယခန္ဓာလုမင်က အကန့်အသတ်သို့ ရောက်နေပြီ ဖြစ်သည်။ သူက နိယာမနှင့် အချိန်မရွေး ဆက်သွယ်ပြီး သူတော်စင်တစ်ပိုင်း ဒုတိယအဆင့်သို့ ‌ဝင်ရောက်တော့မည်။

သို့သော်လည်း ယခုအချိန်တွင် လုမင်က ဒုတိယခန္ဓာအား မည်သည့်နိယာမကို လေ့ကျင့်စေရမည်မှန်းမသိဘဲ ဝေခွဲမရ ဖြစ်နေသည်။

ယေဘူယျအားဖြင့် သူတော်စင်နယ်ပယ်တွင် လူတစ်ဦးက နိယာမတစ်ခုကိုသာ ထိန်းချုပ်နိုင်သည်။ သူတော်စင်နယ်ပယ်သို့ ဖြတ်ကျော်သောအခါ၊ သူတော်စင်နှလုံးသားကို ဖွဲ့စည်းရန် အခြေခံအုတ်မြစ်အဖြစ် ထိုနိယာမကို အသုံးပြုလိမ့်မည်။

ကမ္ပည်းလမ်းစဥ်တွင် မိုးနှင့်မြေကြားရှိ စွမ်းအင်အမျိုးမျိုးကို ဆွဲယူအသုံးပြုရန် ကမ္ပည်းစာလုံးများကို အသုံးပြုနိုင်သည်။ နိယာမများကို နားလည်ရန်လည်း အသုံးပြုနိုင်သေးသည်။

သို့သော်လည်း နိယာမအများစုက သတ္တု၊ သစ်သား၊ ရေ၊ မီးကဲ့သို့သော သာမန်နိယာမများဖြစ်သည်။

သို့ရာတွင်၊ ကမ္ပည်းလမ်းစဥ်တွင် အလွန်အစွမ်းထက်သော နိယာမသုံးခု ရှိသည်။

၎င်းတို့က အစီရင် တာအိုနိယာမ၊ ပန်းပဲတာအိုနိယာမနှင့် ဆေးဝါး တာအိုနိယာမတို့ ဖြစ်သည်။

ဤနိယာမသုံးခုသည် အလွန်အစွမ်းထက်၏။ ထိုအထဲတွင် တစ်ခုချင်းစီက နားလည်ရန် ခက်ခဲလွန်းလှသည်။ ၎င်းက ကမ္ပည်းလမ်းစဉ် လျှောက်လှမ်းသူများ၏ နှလုံးသားထဲမှ အမြင့်မြတ်ဆုံး နိယာမများဆိုလျှင်လည်း မမှားပေ။

၎င်းတို့က ကစဉ့်ကလျား နိယာမနှင့် မယှဉ်နိုင်သော်လည်း၊ ကစဉ့်ကလျား နိယာမနီးနီး အားကောင်းသည့် နိယာမများ ဖြစ်ကြသည်။

လုမင်၏ ရည်မှန်းချက်က ထိုအထဲမှ တစ်ခုကို နားလည်ရန်ပင်။

ဘယ်တစ်ခုကို သူ နားလည်ရမည်နည်း။

အစီရင်နိယာမ။

အဆုံးမှာတော့ လုမင် ဆုံးဖြတ်ချက်ချလိုက်သည်။

အစီရင်နိယာမတွင် အဆုံးမရှိသော ထိုးစစ်နှင့် ခံစစ် အစီရင်များကို အသုံးပြုနိုင်သည်။ အမျိုးမျိုးသော အပြောင်းအလဲများနှင့် အဆုံးမဲ့ ဖြစ်၏။

ဒဏ္ဍာရီအရ အစီရင်တာအိုကို နက်နဲစွာ နားလည်ပြီးနောက်၊ အစီရင်နိယာမကို အသုံးပြုပြီး ဖျက်ဆီးခြင်းနိယာမ... စသည်တို့ကို ထုတ်ဖော်အသုံးပြုနိုင်သည်။ ၎င်းတို့အားလုံးတွင် ကြောက်စရာကောင်းသော စွမ်းအားများရှိပြီး မိုးနှင့်မြေကို ဖျက်ဆီးပစ်နိုင်ပေသည်။

ထို့ပြင်၊ အစီရင်နိယာမက နားလည်ဆင်ခြင်ရန် အလွန်ခက်ခဲသော်လည်း လုမင်တွင် ထိုက်ကျိအစီရင်ဓာတ်ပြား ရှိသည်။ ထိုက်ကျိအစီရင်ဓာတ်ပြားတွင် အစီရင်နိယာမ ပါဝင်ပုံရ၏။

ဆုံးဖြတ်ချက်ချပြီးနောက်၊ ဒုတိယခန္ဓာ လုမင်လည်း တစ်ဖန် လေ့ကျင့်တော့သည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် နောက်ထပ် သုံးလ ကုန်ဆုံးသွားသည်။

ဆမ်ဆာရာဧကရာဇ်၏ သင်္ချိုင်းသို့ သူတို ဝင်ရောက်လာသည်မှာ လေးလရှိပြီ။

ထိုအချိန်တွင် ဒုတိယခန္ဓာလုမင်၏ လေ့ကျင့်မှုက အရေးကြီးသော အခိုက်အတန့်သို့ ရောက်လာသည်။

တောင်နှင့်မြစ်ပန်းချီကားတွင်...

ဒုတိယခန္ဓာလုမင်၏ ဦးခေါင်းထက်တွင် ရွှေရောင် ဝိညာဉ်မီးခွက် ဆယ်ခု ပေါ်လာသည်။ နောက်ဆုံးတွင် ၎င်းတို့က အစီရင်နိယာမနှင့် ဆက်သွယ်ရန် ရွှေရောင်အလင်းတန်းတစ်ခုအဖြစ် ကောင်းကင်သို့ ထိုးတက်သွား၏။

ထိုက်ကျိအစီရင်ဓာတ်ပြားကလည်း လေထဲတွင် လွင့်မျောပြီး ထူးဆန်းသောအလင်းရောင်တစ်ခုကို ထုတ်လွှတ်ကာ ဒုတိယခန္ဓာလုမင်အား လွှမ်းခြုံလိုက်တော့သည်။

"ဝမ်"

ထိုအချိန်တွင် ကောင်းကင်ယံမှ ထူးဆန်းသော စွမ်းအားတစ်ခုတစ်ခုက ဒုတိယခန္ဓာ လုမင်အပေါ်သို့ ကျရောက်လာသည်။ ထိုအချိန်၊ ဒုတိယခန္ဓာပေါ်တွင် ထူထပ်သော ရွန်းစာလုံးများ ပေါ်လာ၏။

ဤရွန်းများက ကမ္ပည်းများနှင့် ဆင်တူသော်လည်း အဆများစွာ ပိုအဆင့်မြင့်သည်။

ဤသည်ကား အစီရင်နိယာမ၏ သင်္ကေတပင်။ ဒုတိယခန္ဓာ လုမင်က အစီရင်နိယာမကို နားလည်သွားပြီ ဖြစ်သည်။

"ဝုန်း"

လုမင်က ရုတ်တရက် ထရပ်ပြီး လက်ဝါးဖြင့် ရိုက်လိုက်သည်။ သူ့လက်ဝါးပေါ်တွင် ထူထပ်သော ရွန်းများပေါ်လာပြီး ဓားတစ်လက်ကို ဖွဲ့စည်းလိုက်၏။ သူက ရှေ့ကို ခုတ်လိုက်သောအခါ ဓားအလင်းက တောင်ကုန်းငယ်တစ်ခုကို ထက်ခြမ်း ခွဲချလိုက်တော့သည်။

ထို့နောက် သူက ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်သောအခါ အစစ်အမှန်နဂါးကြီးတစ်ကောင်အဖြစ် ဖွဲ့စည်းပြီး ထပ်မံ ပြေးထွက်လာသည်။

"အံ့သြစရာကောင်းလိုက်တာ၊ ဒါက အစီရင်နိယာမလား"

လုမင်၏ မျက်လုံးများက အံ့အားသင့်မှုဖြင့် တောက်ပလာတော့သည်။

All Chapters