← Chapters

အခန်း ၁၆၅၃

Vol. 111 Ch. 1653

အခန်း ၁၆၅၃

Vol. 111 Ch. 1653

အပိုင်း ( 1653 ) ကစဉ့်ကလျား နိယာမ။

နိယာမများသည် မျက်စိဖြင့် မမြင်နိုင်၊ မထိတွေ့နိုင်သော်လည်း အမှန်တကယ် တည်ရှိနေသော အရာ ဖြစ်သည်။

ကျင့်ကြံသူတစ်ဦးသည် နိယာမကို နားလည်ပြီးနောက်၊ သူတို့၏ လှုပ်ရှားမှုတိုင်း၌ နိယာမစွမ်းအင်များ ပါ၀င်လာပြီး သူတို့၏စွမ်းအားက အံ့မခန်း ဖြစ်လိမ့်မည်။

ကမ္ပည်းတာအို ဒုတိယခန္ဓာက သူတော်စင်တစ်ပိုင်း ဒုတိယအဆင့်သို့ ရောက်သွားပြီ ဖြစ်သည်။ နောက်တစ်ဆင့်ကတော့ သူတော်စင် နိယာမပညာရှင်ဖြစ်သည့် သူတော်စင်တစ်ပိုင်း တတိယအဆင့်သို့ ရောက်ရှိရန်ပင်။ ထိုအချိန်တွင် သူက သူတော်စင်နယ်ပယ်သို့ စတင်ဝင်ရောက်လာပြီ ဖြစ်သည်။

ဒုတိယခန္ဓာ အဆင့်တက်ခြင်းက လုမင်၏ တိုက်ခိုက်ရေးအင်အားကို သိသိသာသာ တိုးတက်စေခဲ့သည်မှာ သေချာသော်လည်း မလုံလောက်သေးပါ။ မူလခန္ဓာက အဆင့်မတက်သေးပေ။

ထို့နောက်တွင် ဒုတိယခန္ဓာလုမင်က အစီရင်နိယာမကို အသုံးပြုခြင်းနှင့် ပတ်သက်ပြီး ကျွမ်းကျင်မှုရှိစေရန် ဆက်လက် လေ့ကျင့်‌နေလိုက်သည်။

အချိန်များ ကုန်လွန်လာပြီး နေ့ရက်များလည်း မြန်စွာ ကုန်ဆုံးသွားပြီ။

ဤကာလအတွင်း၌ လူများစွာက အောင်မြင်မှုများ ရရှိခဲ့ကြသည်။

မြေကမ္ဘာအဆင့်မြင့် ဝိညာဉ်ခန္ဓာနှင့် ပါရမီရှင်အများစုသည် ယခင်က သူတော်စင်တစ်ပိုင်း ပထမအဆင့်တွင် ရှိကြသော်လည်း၊ ယခုအခါ အဆင့်တက်ပြီး သူတော်စင်တစ်ပိုင်း တတိယအဆင့်သို့ ရောက်လာကြသည်။ သူတော်စင်တစ်ပိုင်း ဒုတိယအဆင့်တွင် ရှိနေကြသူများကတော့ သူတော်စင်တစ်ပိုင်း တတိယအဆင့်သို့ ရောက်လာကြ၏။

အရေးအကြီးဆုံးမှာ ကောင်းကင်ဝိညာဉ်ခန္ဓာပိုင်ရှင်များဖြစ်သော ရှတင်းနှင့် အခြားသူများက ဒုတိယအဆင့် သူတော်စင်တစ်ပိုင်းသာ ဖြစ်သေးသော်လည်း ယခု‌အခါ သူတော်စင်တစ်ပိုင်း တတိယအဆင့်သို့ ရောက်လာကြခြင်း ဖြစ်သည်။

ဤနည်းအားဖြင့်၊ သူတို့၏ တိုက်ခိုက်ရေးစွမ်းအားက အလွန်တိုးတက်လာပြီး ဟွမ်လင်၊ ယဲ့တုန်ဖန့်နှင့် အခြားသူများထက် အားနည်းသည်မဟုတ်ကြတော့ပေ။

ယဲ့တုန်ဖန့်နှင့် အခြားသူများမှာတော့ မူလကတည်းက သူတော်စင်တစ်ပိုင်း တတိယအဆင့်တွင် ရှိကြသည်။ ဤကာလအတွင်း၌ သူတို့က ပို၍ တိုးတက်လာပြီး သူတော်စင်တစ်ပိုင်းအဆင့်၏ အကန့်အသတ်သို့ ရောက်နေပြီ။ မျိုးနွယ်စုတစ်ရာ စစ်မြေပြင်မှ နိယာမများကြောင့်သာ မဟုတ်ပါက၊ သူတော်စင်နယ်ပယ်သို့ အဆင့်တက်နိုင်နေပြီ ဖြစ်သည်။

မည်သို့ပင်ဆိုစေ၊ သူတို့၏ ခွန်အားက အလွန်တိုးတက်လာတော့သည်။

ယခုအခါ လုမင် တိတ်တဆိတ်လေ့ကျင့်ခြင်းမှ ထွက်လာမည့်အချိန်ကို စောင့်မျှော်ရုံသာ ရှိသည်။ လုမင်၏ လေ့ကျင့်မှု ပြီးသွားသည်နှင့် သူတို့ အင်အားများကိုစုပြီး ထိုးဖောက်ထွက်နိုင်ပြီ။

ဒုတိယခန္ဓာ အဆင့်တက်သွားပြီး တစ်လကျော်အကြာတွင် ပူဖောင်းလေးလည်း အဆင့်တက်ခဲ့သည်။ အချိန်ဟင်းလင်းပြင် တာအိုနယ်မြေက အချိန်ဟင်းလင်းပြင် နိယာမအဖြစ် ပြောင်းလဲသွားပြီ။

ယခင်က လုမင်သည် ဟွမ်လင်နှင့် အခြားသူများကို ကမ္ဘာပေါ်တွင် အသန်မာဆုံးသော နိယာမဆယ်ခုအကြောင်း မေးမြန်းခဲ့ဖူးသည်။

ကစဉ့်ကလျား နိယာမက နိယာမအားလုံး၏ ဧကရာဇ်အဖြစ် လူသိများသည်။ အသန်မာဆုံး နိယာမဆယ်ခုအနက်မှ တစ်ခုလည်း ဖြစ်၏။

ပြန်လည်ဝင်စားခြင်း နိယာမကလည်း အသန်မာဆုံးသော နိယာမ ဆယ်ခုအနက်မှ တစ်ခု ဖြစ်ချေသည်။

အချိန်ဟင်းလင်းပြင် နိယာမက အချိန်နှင့် ဟင်းလင်းပြင်ကို ထိန်းချုပ်ထားသည်။ ၎င်းကလည်း အသန်မာဆုံး နိယာမဆယ်ပါးထဲမှ တစ်ခုဖြစ်၏။

ထို့ကြောင့် အချိန်ဟင်းလင်းပြင် နိယာမက လေ့ကျင့်ရန် အလွန်ခက်ခဲသည်။ သဘာဝအရ အချိန်နှင့်ဟင်းလင်းပြင် ထိန်းချုပ်နိုင်စွမ်းကို ပိုင်ဆိုင်ထားပြီး တိုက်တန် ဦးချိုရှည် ကောင်းကင်နွားချေးပိုးကောင် ပေးအပ်လိုက်သော အချိန်ဟင်းလင်းပြင်ကျောက်ရှိနေသည့် ပူဖောင်းလေးပင်လျှင်ပင်၊ အချိန်ဟင်းလင်းပြင် နိယာမကို နားလည်သဘောပေါက်ပြီး သူတော်စင်တစ်ပိုင်း ဒုတိယအဆင့်သို့ ရောက်ရှိရန် အချိန်အတော်ကြာခဲ့သေးသည်။

ယခုတော့ ပူဖောင်းလေး၏ တိုက်ခိုက်နိုင်စွမ်းမှာ ကြောက်ခမန်းလိလိ တိုးတက်လာခဲ့ပြီ ဖြစ်သည်။

ရှေးဟောင်းဉာဏ်အလင်းသစ်ပင်အောက်တွင် လုမင်က လေ့ကျင့်နေဆဲပင်။

ကစဉ့်ကလျား တာအိုနယ်မြေမှ ကစဉ့်ကလျားနိယာမသို့ ဖြတ်ကျော်ရန်မှာ အလွန်ခက်ခဲသည်။

ထိုစဉ်က ဆမ်ဆာရာဧကရာဇ်သည် လုမင်ကို စစ်မှန်သော ကစဉ့်ကလျားချီကြိုးမျှင်တစ်ခု ပေးခဲ့သည်။ ၎င်းကို သန့်စင်ပြီးနောက် လုမင်၏ ဝိညာဉ်ခန္ဓာက ပို၍ အားကောင်းလာသည့်အပြင်၊ ကစဉ့်ကလျားနိယာမကို နားလည်ဆင်ခြင်ရာမှာလည်း များစွာ အထောက်အကူ ဖြစ်စေခဲ့၏။

သို့ပေသော်ငြား၊ အချိန်အတော်ကြာပြီးသည့်တိုင် လုမင် အဆင့်မတက်နိုင်သေးပါ။

ပူဖောင်းလေး အဆင့်တက်သွားပြီး နောက်တစ်လအကြာတွင် သူတို့လူစုက ဆမ်ဆာရာဧကရာဇ်၏သင်္ချိုင်းသို့ ဝင်ရောက်ခဲ့သည်မှာ နှစ်ဝက်ကြာသွားပြီ ဖြစ်သည်။

"ဝမ်"

နောက်ဆုံးတော့ သူ့ပတ်ဝန်းကျင်မှ ကစဉ့်ကလျား တာအိုနယ်မြေက ပြောင်းလဲလာသည်။

သိပ်သည်းသော ကစဉ့်ကလျားတာအိုနယ်မြေက သဲလွန်စမရှိဘဲ ပျောက်ကွယ်သွား၏။

လုမင်လည်း မျက်လုံးများကို ဖွင့်လိုက်ပြီးနောက် အားရကျေနပ်စွာ ပြုံးလိုက်တော့သည်။

အတွေးတစ်ခုဖြင့် ကောင်းကင်နှင့်မြေပြင်ကြားတွင် မမြင်နိုင်သောလှိုင်းလုံးများ ပျံ့နှံ့သွားသည်။ ထို့နောက်တွင် ကစဉ့်ကလျားစွမ်းအင် ကြိုးမျှင်တစ်ခုက လုမင်၏ လက်ချောင်းတစ်ဝိုက်တွင် လှည့်ပတ်လာ၏။

"ကစဉ့်ကလျားနိယာမ"

လုမင်၏ မျက်လုံးများက အရောင်လက်သွားသည်။

နှစ်ဝက်ခန့် ခါးသီးစွာ လေ့ကျင့်ပြီးနောက်၊ နောက်ဆုံးတွင် ကစဉ့်ကလျားနိယာမကို နားလည်ပြီး သူတော်စင်တစ်ပိုင်း ဒုတိယအဆင့်သို့ တက်လှမ်းနိုင်ခဲ့ပြီ။ သူ၏ ခွန်အားများကလည်း တဟုန်ထိုး တိုးတက်လာသည်။

ကစဉ့်ကလျား နိယာမဖြင့် သူ့အင်အားက မည်မျှ တိုးတက်လာသလဲဆိုတာကို သူကိုယ်တိုင်ပင် မသိပေ။

"အပြင်ထွက်ဖို့ အချိန်တန်ပြီ"

လုမင်က ထရပ်လိုက်ပြီး ရှေ့သို့ ခြေတစ်လှမ်း လှမ်းကာ တောင်နှင့်မြစ် ပန်းချီကား အပြင်ဘက်တွင် ပေါ်လာသည်။

ထို့နောက်တွင် သူက မျှော်လင့်ချက်မဲ့ တံတားပေါ်သို့ တက်သွား၏။ ထိုအခါ လူများစွာက စက်ဝိုင်းသဏ္ဍာန် စုရုံးနေပြီး တစ်စုံတစ်ခုကို အာရုံစိုက်နေပုံရကြောင်း တွေ့လိုက်ရသည်။

လုမင်လည်း လျှောက်လှမ်းသွားပြီး ယဲ့တုန်ဖန့်၏ နံဘေးသို့ ရောက်လာသည်။

"ညီနောင်လု၊ မင်း အဆင့်တက်သွားပြီလား"

လုမင်၏ အငွေ့အသက်ကို ခံစားမိသောအခါ ယဲ့တုန်ဖန့်၏ မျက်လုံးများ တောက်ပလာသည်။

ယခင်ကတည်းက လုမင်၏ တိုက်ခိုက်နိုင်စွမ်းမှာ အလွန်အားကောင်းသည်။ အဆင့်တက်သွားပြီးနောက် သူက ပို၍ ကြောက်စရာကောင်းလာပေမည်။ ထိုအခါ သူတို့ ဖောက်ထွက်ရန် အခွင့်အလမ်း ပိုများလာမည် ဖြစ်သည်။

"ဟုတ်​တယ်​"

လုမင် ခေါင်းညိတ်လိုက်သည်။

"ဂီး..."

ဖီးနစ်၏ အော်ဟစ်သံ ထွက်ပေါ်လာသည်။

"ဟွမ်လင်"

လုမင်၏ မျက်လုံးများက အရောင်လက်သွား၏။

လူတိုင်းကြည့်နေသော နေရာမှာ မီးတောက်တစ်ခု တောက်လောင်နေမှန်း ယခုမှ သူ သတိပြုလိုက်မိသည်။ ဖီးနစ်ငှက်တစ်ကောင်က မီးတောက်ထဲတွင် ပျံသန်းနေသော်လည်း ဟွမ်လင်၏ ရုပ်သွင်ကိုတော့ မည်သည့်နေရာတွင်မှ မတွေ့ရတော့ပေ။

"ဟွမ်လင်က ဖီးနစ်နိဗ္ဗာန်ကို ခံယူတော့မယ့်ပုံပဲ။ သူအောင်မြင်ပြီးတာနဲ့ ငါတောင်မှ သူ့ရဲ့ပြိုင်ဘက် မဖြစ်တော့မှာကို ကြောက်ရတယ်"

ယဲ့တုန်ဖန့်က သက်ပြင်းချလိုက်သည်။

"ဖီးနစ် နိဗ္ဗာန်လား"

လုမင်က ရေရွတ်လိုက်၏။

"ဟုတ်တယ်၊ အရင်က ဟွမ်လင် နိုးထလာတဲ့ သွေးမျိုးဆက်ဟာ ထိပ်တန်း စစ်သားရဲ ဆယ်ကောင်ထဲက တစ်ကောင်ဖြစ်တဲ့ အင်မော်တယ် ကောင်းကင်ဖီးနစ်ပဲလေ။ ဒါက အသေးအမွှား မဟုတ်ဘူး။ နောက်ပိုင်း ဝိညာဉ်ခန္ဓာအထြစ် ပြောင်းလဲလိုက်တော့ မြေကမ္ဘာအဆင့်နိမ့် ဝိညာဉ်ခန္ဓာအဆင့်ပဲ ရှိတာ... ဒါပေမဲ့ အင်မော်တယ် ကောင်းကင်ဖီးနစ် ဝိညာဉ်ခန္ဓာက ဖီးနစ်နိဗ္ဗာနကို အဆက်မပြတ် ခံယူပြီး ပြန်လည် မွေးဖွားခြင်းဆိုတဲ့ အထူးလက္ခဏာ တစ်ရပ်မှာ နိဗ္ဗာန တစ်ကြိမ်ဝင်ရောက်တိုင်း သူ့ရဲ့ ဝိညာဉ်ခန္ဓာကလည်း အံ့ဖွယ်ကောင်းအောင် တိုးတက်လာခဲ့တယ်။ အဆင့်နိမ့်ကနေ အလယ်လတ်အဆင့် မြေကမ္ဘာ ဝိညာဉ်ခန္ဓာ ဖြစ်လာတာမျိုးပေါ့"

ယဲ့တုန်ဖန့်က မနာလို အားကျစွာဖြင့် ရှင်းပြလိုက်လေသည်။

'ဒါက ငါ့ရဲ့ နဝမနဂါး သွေးမျိုးဆက်နဲ့ အတော်ဆင်တူတာပဲ'

လုမင်က သူ့စိတ်ထဲမှ တွေးလိုက်မိသည်။

နဝမသွေးမျိုးဆက်ကို ဝိညာဉ်ခန္ဓာအဖြစ် ပထမဆုံး ပေါင်းစည်းလိုက်သောအခါ မြေကမ္ဘာအဆင့်နိမ့် ဝိညာဉ်ခန္ဓာသာ ဖြစ်ခဲ့သည်။ သို့သော်လည်း အစစ်အမှန်နဂါး၏ ဝိညာဉ်အနှစ်သာရများကို သန့်စင်ခြင်းမှ အဆင့်တက်နိုင်သည်။

အင်မော်တယ် ကောင်းကင်ဖီးနစ် ဝိညာဉ်ခန္ဓာမူကား နဗ္ဗာန်ဝင်ပြီး မွေးဖွားခြင်းမှတဆင့် ဆင့်ကဲဖြစ်စဉ်ကို ရရှိနိုင်ပေသည်။

ထိပ်တန်းစစ်သားရဲဆယ်ကောင်၏ သွေးမျိုးဆက်ကို နိုးထစေနိုင်သူတိုင်းက တကယ်ကို မရိုးရှင်းပေ။

ထို့ပြင်၊ ကမ္ဘာပေါ်တွင် မရေမတွက်နိုင်သော နှစ်များတစ်လျှောက် ထိပ်တန်း စစ်သားရဲ ဆယ်ကောင်နှင့်အတူ ပခုံးချင်းယှဉ် ရပ်တည်နိုင်သူများ သို့မဟုတ် ၎င်းတို့ကိုပင် ကျော်လွန်နိုင်သူများ ရှိခဲ့သည်။ ထိုသို့သော အကျော်အမော်များ၏ သွေးမျိုးဆက်များ နိုးထလာသောအခါ အလွန် ကြောက်စရာကောင်းပေလိမ့်မည်။

ဆိုရလျှင်၊ နဂါးနတ်ဘုရား တိုက်ခိုက်ရေးခန္ဓာကဲ့သို့ အဆက်မပြတ် ပြောင်းလဲနိုင်သော ဝိညာဉ်ခန္ဓာများလည်း ကမ္ဘာပေါ်တွင် ရှိနေပုံရသည်။

နောက်ဆုံးတွင် ဝိညာဉ်ခန္ဓာများက သွေးမျိုးဆက်နှင့် မတူပါ။

သွေးမျိုးဆက်များက မွေးရာပါ ဖြစ်သည်။ နိုးထပြီးသည်နှင့် နိဗ္ဗာနဆေးလုံးဖြင့်သာ မြှင့်တင်နိုင်ပေသည်။

ဝိညာဉ်ခန္ဓာအတွက်မူ ၎င်းတို့က မွေးရာပါမဟုတ်ဘဲ အသွေးအသားမှ တည်ဆောက်ရခြင်း ဖြစ်သည်။ ၎င်းတို့အတွက် ကန့်သတ်ချက်များက ကြီးကြီးမားမားမဟုတ်သောကြောင့် တိုးတက်ပြောင်းလဲလာနိုင်သည်မှာ ပုံမှန် ဖြစ်ချေသည်။

မီးတောက်က ပို၍ ပြင်းထန်လာသည်။ ဖီးနစ်ငှက်က ရှည်လျားစွာ အော်ဟစ်ရင်း ပျံသန်းနေ၏။ တစ်ရက်အကြာမှာတော့ ပြင်းထန်သော မီးလျှံများက ကန့်သတ်ချက်အထိ လောင်ကျွမ်းသွားပုံရပြီး လျင်မြန်စွာ ပေါင်းစပ်ကာ ဟွမ်လင်၏ရုပ်သွင် ပေါ်လွင်လာတော့သည်။

ထိုအချိန်တွင်၊ ဟွမ်လင်၏ ကျင့်ကြံခြင်းအဆင့်က သူတော်စင်တစ်ပိုင်း တတိယအဆင့်တွင် ရှိနေဆဲဖြစ်သော်လည်း ထုတ်လွှတ်လိုက်သော ဖိအားက ယခင်ကထက် ပိုပြင်းထန်လာသည်။

လုမင်ပင်လျှင် ဖိအားကို ခံစားရပေသည်။ ဟွမ်လင်၏ ဝိညာဉ်ခန္ဓာက တိုးတက်လာပြီး အလယ်အလတ် ကောင်းကင်ဝိညာဉ်ခန္ဓာအဆင့်သို့ ရောက်ရှိသွားပြီ ဖြစ်သည်။

"ဝမ်"

မီးလျှံများ ပျောက်ကွယ်သွားပြီးနောက် ဟွမ်လင်က မတ်တပ်ရပ်လိုက်သည်။

"ဂုဏ်ယူပါတယ် ဟွမ်လင်"

"ဂုဏ်ယူပါတယ်"

ယဲ့တုန်ဖန့်၊ ရှတင်းနှင့် အခြားသူများက ဟွမ်လင်အား ဂုဏ်ပြုစကား ပြောဆိုလိုက်ကြသည်။

သူတို့၏ မျက်လုံးထဲမှာ မနာလိုမှုတို့ ရှိနေသော်လည်း စိတ်ဓာတ်တော့မကျပေ။

ဝိညာဉ်ခန္ဓာက အဆင့်မြင့်လေ၊ အရည်အချင်း မြင့်မားလာပြီး အဆင့်တူတွင် တိုက်ခိုက်နိုင်စွမ်း သန်မာလေ ဖြစ်သည်။ သို့‌ရာတွင်၊ သူတို့၏ အနာဂတ် အောင်မြင်မှုများက အတိအကျ ပိုမြင့်မားလာမည်ဟု မဆိုလိုပေ။

သူတို့အားလုံးက ဧကရာဇ်နယ်ပယ်သို့ တက်လှမ်းရန် အလားအလာရှိသည့် ကောင်းကင်ဝိညာဉ်ခန္ဓာပိုင်ရှင်များ ဖြစ်ကြသည်။ အနာဂတ်တွင်၊ သိုင်းဧကရာဇ်များ ဖြစ်လာသောအခါ မည်သူ၏ အောင်မြင်မှုက ပိုမြင့်မားမလဲဆိုတာ အတိအကျ ပြောရန်မလွယ်ပေ။

ဝိညာဉ်ခန္ဓာအဆင့်က အရည်အချင်းကို ကိုယ်စားပြုသော်လည်း၊ သမိုင်းတွင်... အဆင့်နိမ့် ကောင်းကင်ဝိညာဉ်ခန္ဓာဖြင့် အထွတ်အထိပ်သို့ရောက်ရှိသွားသူများလည်း ရှိသည်။

All Chapters