← Chapters

အခန်း ၁၆၅၉

Vol. 111 Ch. 1659

အခန်း ၁၆၅၉

Vol. 111 Ch. 1659

အပိုင်း ( 1659 ) ကုစူးမြို့တော်မှ မိသားစုကြီး လေးခု။

‌ဤဒေသအနီးတဝိုက်တွင် ကုစူးမြို့တော်ဟု ခေါ်သော မြို့ကြီးတစ်မြို့ ရှိသည်။

ကုစူးမြို့တော်တွင် အဓိက မိသားစုကြီး လေးခု ရှိ၏။ ဆုလဲ့၏ ဆုမိသားစုက အဓိက မိသားစုကြီး လေးခုထဲမှ တစ်ခု ဖြစ်သည်။

အမှန်တော့ ဤမိသားစုကြီးလေးခုသည် ရှေးယခင်က တူညီသော မိသားစုကြီးတစ်ခု ဖြစ်ခဲ့သည်။ သို့သော်လည်း အကြောင်းတစ်ခုခုကြောင့် အဓိကမိသားစုကြီး လေးခုအဖြစ် ကွဲသွားကြ၏။ ‌ ကွဲသွားသော မိသားစုများက ၎င်းတို့၏ မျိုးရိုးအမည်များကို ပြောင်းလဲကာ ယနေ့ခေတ် အဓိက မိသားစုလေးခုကို တည်ထောင်ခဲ့ပေသည်။

အဓိက မိသားစုလေးခုတွင် ဘုံ ဘွားဘွားမြေတစ်ခု ရှိသည်။ ရံဖန်ရံခါ၊ မိသားစုကြီးလေးခုက အချင်းချင်း ပြိုင်ဆိုင်ရန် မျိုးဆက်သစ်များကို စေလွှတ်တတ်သည်။ အနိုင်ရသော မိသားစုက အခွင့်အလမ်းများရရှိရန် ဘိုးဘွားမြေသို့ လူများကို စေလွှတ်နိုင်လိမ့်မည်။

ထို့ပြင်၊ တိုက်ပွဲမှာ ပြင်ပအကူအညီကိုလည်း တောင်းခံနိုင်သည်။

မည်သည့် မိသားစုပင်ဖြစ်စေ၊ မျိုးဆက်သစ်လူငယ်များကို ဖိတ်ခေါ်နိုင်သရွေ့ သူတို့မိသားစုကို ကိုယ်စားပြုပြီး ပါဝင်ယှဉ်ပြိုင်နိုင်ပေသည်။

ပေါင်းသင်းဆက်ဆံရေးနှင့် အဆက်အသွယ်များကလည်း တစ်ခါတလေ ခွန်အားကို ကိုယ်စားပြုသည်။

ယခုအခါကား ဘိုးဘွားမြေသို့ ဝင်ရောက်ရန်အတွက် အဓိက မိသားစုလေးစု ယှဉ်ပြိုင်ရမည့် အချိန်ပင်။

ယခုတစ်ကြိမ်တွင် ဆုမိသားစုက ကောင်းကင်နတ်ဘုရားဂိုဏ်းမှ ထိပ်တန်း ပါရမီရှင်အချို့ကို ပြိုင်ပွဲတွင်ပါဝင်ရန် ဖိတ်ကြားခဲ့သည်။ ကောင်းကင်နတ်ဘုရားဂိုဏ်းမှ ပါရမီရှင်များ ပါဝင်ခြင်းဖြင့် ဆုမိသားစုက ကျိန်းသေပေါက် အနိုင်ရလိမ့်မည်။

သို့သော်လည်း ကောင်းကင်နတ်ဘုရားဂိုဏ်း၏ ပါရမီရှင်များတွင် တောင်းဆိုမှုတစ်ခု ရှိနေသည်။

အကြောင်းမူ၊ ကောင်းကင်နတ်ဘုရားဂိုဏ်း၏ ပါရမီရှင်များထဲမှ တစ်ဦးမှာ မီးကြာပန်း၏ အဆိပ်မိခဲ့သောကြောင့်ပင်။ ဆုလဲ့မှာလည်း လျှို့ဝှက်ဆန်းကြယ်သော ယင်နဂါးခန္ဓာ ရှိသည်။ ကောင်းကင်နတ်ဘုရားဂိုဏ်း၏ ပါရမီရှင်များက ဆုလဲ့အား မီးကြာပန်း အဆိပ်မိထားသော ပါရမီရှင်နှင့် ဆုလဲ့အား ပေါင်းသင်းဆက်ဆံစေလိုသည်။ ဤနည်းအားဖြင့်၊ လျှို့ဝှက်ဆန်းကျယ်သော ယင်နဂါးခန္ဓာက မီးကြာပန်းအဆိပ်ကို ချေဖျက်ပေးလိမ့်မည်။

ဆုလဲ့က ထိုအကြောင်းကို သိသောအခါ ထွက်ပြေးခဲ့သည်။ ထို့ကြောင့် ဆုမိသားစုမှ လူထွားကြီးများက သူမကို လိုက်လံဖမ်း‌ဆီးကြခြင်းပင်။

သို့သော်လည်း ဆုလဲ့၏မိခင်ဖြင့် ခြိမ်းခြောက်သည်အထိ စက်ဆုပ်ဖွယ်ကောင်းမည်ဟု သူတို့ မမျှော်လင့်ခဲ့ပေ။

"ငါ သဘောပေါက်ပြီ"

လုမင်၏ စူးရှသော မျက်လုံးများက ပို၍ပင် အေးစက်လာသည်။

လူများရှိသောနေရာတွင် ပြဿနာများ ရှိမည်။

ကျင့်ကြံသူများကလည်း အကျိုးအမြတ်အတွက် အဆက်မပြတ် ပြိုင်ဆိုင်နေလိမ့်မည်။ ကျယ်ပြောလှသော ယွမ်လုတွင် ဤအဖြစ်မျိုးက နေ့စဥ်နှင့်အမျှ ဖြစ်ပျက်နေခဲ့သည်။

ခွန်အားမရှိပါက ကိုယ့်ကံကြမ္မာကိုတောင် ဆုံးဖြတ်နိုင်မည် မဟုတ်ပေ။

လုမင်က အခြားသူများ၏ အရေးကိစ္စများကို ဂရုစိုက်တတ်သူ မဟုတ်ပါ။

သို့သော်လည်း ယခု ဤကိစ္စနှင့် ကြုံတွေ့နေရသူမှာ ယခင်က သူ့ကို ကူညီခဲ့ဖူးသော ဆုလဲ့ ဖြစ်သည်။ ထို့ကြောင့် သူ လျစ်လျူမရှုနိုင်တော့ပေ။

"ဂိုဏ်းတူညီမလေး ဆုလဲ့... သွားရအောင်။ ဆုမိသားစုဆီကို သွားကြမယ်"

လုမင် ပြောလိုက်သည်။

ဆုလဲ့က ခေါင်းကိုခါယမ်းလိုက်၏။

"ဂိုဏ်းတူအစ်ကို လုမင်၊ ဒါက ကျွန်မရဲ့ ပြဿနာပါ... ရှင့်ကို မထိခိုက်စေချင်ဘူး။ ကျွန်မ ပြန်သွားပြီးတော့ အမေ့ကို ပြန်သွားကယ်မယ်"

"မင်းရဲ့ အင်အားနဲ့... မင်းကိုယ်တိုင် ပြန်သွားပြီး သူတို့ရဲ့ အခြေအနေတွေကို သဘောတူလိုက်မှာလား"

လုမင် ပြောလိုက်၏။

ဆုလဲ့ ငြိမ်ကျသွားသည်။ သူမ၏ မျက်ဝန်းမှ မျက်ရည်များ စီးကျလာပြန်တော့သည်။ ဤအခိုက်တွင် သူမက အထီးကျန်ဆန်ပြီး အားကိုးရာမဲ့နေပုံရသည်။

သူမ၏ ကျင့်ကြံခြင်းဖြင့် ပြန်သွားလျှင် ဘာလုပ်နိုင်မည်နည်း။ တစ်ဖက်လူ၏ အခြေအနေများကို သဘောတူမှသာလျှင် သူ့အမေကို ကယ်တင်နိုင်မည် ဖြစ်သည်။

"သွားကြစို့၊ ဆုမိသားစုကို သွားကြမယ်။ ဆုချာ... မင်းက လမ်းပြ"

လုမင်က တိုက်ရိုက် ပြောလိုက်သည်။ သူက ဆုလဲ့၏ လက်ကလေးတစ်ဖက်ကိုဆွဲကာ လေထဲမှ လျှောက်လှမ်းသွားတော့သည်။

"ကောင်းပြီ"

ဆုချာလည်း ခေါင်းညိတ်ပြပြီး ရှေ့မှ ပျံသန်းသွားသည်။

ယခုတော့ သူမ ကြိုးစားရုံသာ ရှိတော့မည်။

လုမင်က ဆုလဲ့ကို ဂိုဏ်းတူညီမလေးဟု ခေါ်သည်။ သူက နဂါးနတ်ဘုရားတောင်ကြား၏ တပည့်တစ်ဦး ဖြစ်လိမ့်မည်။ ထို့ပြင် လုမင်က အလွန် အစွမ်းထက်သူ ဖြစ်နိုင်သည်။

"ဂိုဏ်းတူအစ်ကို လုမင်၊ ဆု... ဆုမိသားစုမှာ သူတော်စင်ရှိတယ်"

လုမင်က သူ့လက်ကို ဆုပ်ကိုင်ထားသောကြောင့် ဆုလဲ့မှာ ရှက်ရွံ့နေသည်။ သို့သော်လည်း သူက စိုးရိမ်ပူပန်စွာ သတိပေးနေသေးသည်။

နှစ်အနည်းငယ်ကြာပြီးနောက် လုမင်က မည်မျှ သန်မာလာပြီမှန်း သူမ မသိပါ။ သို့သော်လည်း သူတော်စင် သို့မဟုတ် သူတော်စင်တစ်ပိုင်းကိုပင် ယှဉ်နိုင်မည်ဟု သူ မထင်ပေ။

"ဟားဟားဟား၊ သူတော်စင်တွေရှိရင်တောင် ဘာဖြစ်လဲ။ ငါ သူတို့ကို သေအောင်ရိုက်နိုင်သေးတယ်။ ဂိုဏ်းတူညီမလေး ဆုလဲ့... အရင်က မင်း ငါ့ကို ကူညီပေးခဲ့ပေမဲ့ ဒီကျေးဇူးကိုတောင် ပြန်မဆပ်ရသေးဘူး။ ဒီအခွင့်အရေးကို လက်လွှတ်လိုက်ရရင် နောင်အနာဂတ်မှာ ဘယ်လိုပြန်ဆပ်ရမှာလဲ။ ငါ့ခန္ဓာကိုယ်နဲ့ မင်းကို ကျေးဇူးဆပ်ရမှာလား၊ ဟားဟားဟား"

လုမင်က အားပါးတရ ရယ်မောလိုက်သည်။ ဆုလဲ့၏ မျက်နှာလေးမှာတော့ ရှက်ရွံ့မှုကြောင့် ပန်းသီးတစ်လုံးပမာ ရဲနေလေတော့သည်။

သို့သော်လည်း လုမင်၏ စနောက်မှုကြောင့် ဆုလဲ့၏ ခံစားချက်များမှာ ပိုကောင်းလာသည်။ လုမင်က သူမကို ဆွဲခေါ်ပြီး ကုစူးမြို့တော်သို့ ဆက်လက်ပျံသန်းသွားလေသည်။

ကုစူးမြို့တော်က အလွန်ကြီးမားသည်။ ၎င်းက စန်းပြည်နယ်တွင် ကျော်ကြားသော မြို့တစ်မြို့လည်း ဖြစ်၏။

ထိုမြို့တွင် မိသားစုကြီးလေးခု ရှိသည်။ သူတို့မှာ သူတော်စင်များ အသီးသီး ရှိ၏။ အနီးနားပတ်ဝန်းကျင်မှာ သူတို့က အလွန်တန်ခိုးထွားသည်ဟု ဆိုနိုင်သည်။

ထို့ပြင် အဓိကမိသားစုကြီးလေးခုက စန်းပြည်နယ်ရှိ ထိပ်တန်း အင်အားစုများနှင့် ရောယှက်နေသည်။ ပါရမီရှင်တစ်ယောက် မွေးဖွားလာတိုင်း သူတို့ကို ပြုစုပျိုးထောင်ဖို့ ထိပ်တန်း အင်အားစုကြီး ဆယ့်သုံးခုဆီ စေလွှတ်လိမ့်မည်။

ဆုလဲ့ကိုလည်း လေ့ကျင့်ရန်အတွက် နဂါးနတ်ဘုရားတောင်ကြားသို့ စေလွှတ်ထားခဲ့ပေသည်။

မိသားစုကြီး လေးစုကြားမှ ပြိုင်ဆိုင်မှု နီးလာသောကြောင့် ဆုမိသားစုသို့ ပြန်လာခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း ဤဖြစ်ရပ်မျိုး ဖြစ်လာမည်ဟု မမျှော်လင့်ထားခဲ့ပေ။

မကြာမီ၊ ကုစူးမြို့တော်သို့ ရောက်လာခဲ့သည်။ သူတို့ သုံးယောက်က ကြီးမားသော နန်းတော်တစ်ခုဆီသို့ တိုက်ရိုက် ရောက်လာကြ၏။

ဤသည်က ဆုမိသားစု ဖြစ်တော့သည်။

"ဆုလဲ့ ပြန်လာပြီ"

တံခါးစောင့် လူထွားကြီးတချို့က ဆုလဲ့ကို မြင်သောအခါ မျက်လုံးများ တောက်ပလာကြသည်။အစောင့်တချို့က အချင်းချင်း မျက်ရိပ်ပြပြီး သူတို့ သုံးယောက် လွတ်မြောက်သွားမှာကို ကြောက်ရွံ့နေသလို ချက်ချင်း လမ်းပိတ်လိုက်ကြ၏။

သူတို့ထဲမှ တစ်ယောက်ကတော့ နန်းတော်ထဲကို ပြေးဝင်သွားကာ သတင်းပို့လေတော့သည်။

"သွားကြရအောင်"

လုမင်က ဆုလဲ့၏လက်ကို လွှတ်ပေးလိုက်ပြီး ဆုမိသားစုထဲသို့ ဦးဆောင်လှမ်းဝင်သွားသည်။ ဆုလဲ့နှင့် ဆုချာတို့က နောက်မှ လိုက်သွားကြလေသည်။

တံခါးအတွင်းမှ ရှည်လျားသော စင်္ကြံလမ်းကို ဖြတ်လာပြီးနောက် ခြံဝင်းကျယ်ကြီးတစ်ခုသို့ ရောက်ရှိလာကြသည်။

ခြံဝင်းထဲကို ခြေချလိုက်သည်နှင့် အဝတ်အစား လေတိုးသံများကို ကြားလိုက်ရသည်။ ဆုမိသားစု၏ နန်းတော်အတွင်းမှ ပုံရိပ်များစွာက ခြံဝင်းဆီသို့ ပျံသန်းလာနေကြ၏။

ဆုလဲ့နှင့် ဆုချာ၏ မျက်နှာလေးများက ဖြူဖပ်ဖြူရော် ဖြစ်သွားကြလေသည်။

လုမင်က လက်နှစ်ဖက်ကို နောက်ပစ်ပြီး ရပ်နေသည်။ သူ၏ မျက်နှာအမူအရာကလည်း တည်ငြိမ်နေဆဲပင်။

"ဆုလဲ့... နင်ပြန်လာမယ်ဆိုတာ ငါသိတယ်"

စူးရှသောအသံကို ကြားလိုက်ရသည်။

ထို့နောက်တွင်၊ ခြံဝင်းထဲသို့ လူရိပ်တချို့ ရောက်လာကြလေသည်။

အရှေဆုံးမှ ဦးဆောင်လာသူမှာ အစိမ်းရောင် ဝတ်စုံဝတ် သက်လတ်ပိုင်း အမျိုးသားတစ်ဦး ဖြစ်သည်။ သူက လက်နှစ်ဖက်ကို နောက်ပစ်ကာ ရပ်နေပြီး အားကောင်းသော အရှိန်အဝါများလည်း ထွက်ပေါ်နေ၏။

အစိမ်းရောင် ဝတ်စုံဝတ် သက်လတ်ပိုင်းအရွယ် အမျိုးသား၏ဘေးမှာလည်း ချောမောလှပသော မိန်းကလေးတစ်ယောက် ရပ်နေသည်။ ဤအခိုက်အတန့်တွင် သူမက အောင်နိုင်သူ မျက်နှာထားဖြင့် ဆုလဲ့ကို ကြည့်နေ၏။ ယခုလေးတင် စကားပြောလိုက်သူမှာ သူ ဖြစ်သည်။

"အဲဒါက ဆုမိသားစုရဲ့ ခေါင်းဆောင်ပဲ။ အဲဒီမိန်းကလေးကတော့ ဆုမိသားစု ခေါင်းဆောင်ရဲ့ သမီး ဆုချင်တဲ့။ သူကပဲ ကောင်းကင်နတ်ဘုရားဂိုဏ်းရဲ့ ပါရမီရှင်တွေကို ခေါ်ဆောင်လာခဲ့တာ"

ဆုချာက လုမင်အား အသံပို့လွှတ်ကာ ပြောလိုက်သည်။

လုမင် ခေါင်းညိတ်လိုက်သည်။ ဆုမိသားစု ခေါင်းဆောင်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် သူ့မျက်လုံးများ အရောင်လက်သွား၏။

"သူတော်စင်တစ်ပိုင်း တတိယအဆင့် နိယာမ ပညာရှင်လား"

လုမင်က နှုတ်ခမ်းတွန့်ရုံ ပြုံးလိုက်သည်။

တစ်ချက်ကြည့်ရုံဖြင့် ဆုမိသားစုခေါင်းဆောင်၏ ကျင့်ကြံခြင်းက သူတော်စင်တစ်ပိုင်း တတိယ အဆင့်ဖြစ်ကြောင်း သူ သိလိုက်သည်။

သို့သော်လည်း ဆုမိသားစုခေါင်းဆောင်၏ ဝိညာဉ်ခန္ဓာက မြေကမ္ဘာ အဆင့်နိမ့် ဖြစ်၏။ သူက နိယာမပညာရှင်ဖြစ်သော်လည်း လုမင်၏ မျက်လုံးထဲမှာတော့ ဖော်ပြရန်ပင် မထိုက်တန်‌သေးပေ။

ဆုချင်အတွက်တော့... သူမ၏ ကျင့်ကြံခြင်းက ပို၍ ဆိုးရွားသည်။ သူမက ဆဋ္ဌမအလွှာ သိုင်းအုပ်ချုပ်သူနယ်ပယ်တွင်သာ ရှိသေးသည်။

ဆုမိသားစုခေါင်းဆောင်က လုမင်ကိုကြည့်ကာ အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။

အကြောင်းမှာ၊ လုမင်၏ ကျင့်ကြံခြင်းအဆင့်ကို သူ မမြင်နိုင်သောကြောင့်ပင်။

သို့သော်လည်း မကြာမီမှာပင် မျက်မှောင်ကြုတ်ခြင်းမှ ဖြေလျှော့လိုက်သည်။

လုမင်က ဖုံးကွယ်ရေး လျှို့ဝှက်ကျင့်စဉ်တစ်မျိုးကို လေ့ကျင့်ထားခြင်း ဖြစ်လိမ့်မည်။ ဆုလဲ့နှင့်အတူ ရှိနေသောကြောင့် သူ၏ ထူးထူးခြားခြား မဖြစ်နိုင်ဘဲ စိုးရိမ်စရာ မလိုပါ။

"ခေါင်းဆောင်... ကျွန်မ... ကျွန်မရဲ့ အမေ ဘယ်မှာလဲ။ အမေ့ကို ချက်ချင်း လွှတ်လိုက်ပါ... ဒါက သူနဲ့ ဘာမှမဆိုင်ပါဘူး"

သူတို့ရောက်လာပြီမို့ ဆုလဲ့လည်း ‌ရှေ့ဆက်တိုးရန် ဆုံးဖြတ်လိုက်သည်။ သူမက ရှေ့သို့တိုးလာပြီး ဆုမိသားစုခေါင်းဆောင်နှင့် ရင်ဆိုင်လိုက်၏။

"ဆုလဲ့၊ ဘာအလျင်လိုနေတာလဲ။ ကျန်းဖေးရဲ့ အဆိပ်ကို ကုသပြီးတာနဲ့ နင့်အမေကို သဘာဝအတိုင်း လွှတ်ပေးမယ်"

ဆုချင်က လှောင်ပြောင်ပြောဆိုလိုက်သည်။

"မဟုတ်ဘူး၊ ငါ အမေ့ကို အရင်တွေ့ချင်တယ်"

ဆုလဲ့က အံကိုတင်းတင်းကြိတ်ပြီး ပြောသည်။

"ဆုလဲ့၊ အခုအခြေအနေတွေအကြောင်းပြောဖို့ နင့်မှာ အရည်အချင်းမပြည့်မီသေးဘူး။ နောက်ပြီးတော့ ကောင်းကင်နတ်ဘုရားဂိုဏ်းရဲ့ ပါရမီရှင်တွေနဲ့ အိပ်ရတာက နင့်အတွက် ဂုဏ်ယူစရာပဲ။ ဒါက နင် စိတ်ကူးမရနိုင်တဲ့ အဆင့်အတန်းကိုတောင် ရနိုင်တယ်။ အဲဒီအခါကျရင် နင်လည်း ပိုပြီး တိုးတက်လာမှာပေါ့"

ဆုချင်က ပြောလိုက်၏။

"ဟင့်အင်း၊ ငါ အမေ့ကို အရင်တွေ့ချင်တယ်"

စကားအဆုံးတွင် ဆုလဲ့၏လက်ထဲမှာ ဓားမြှောင်တစ်ချောင်း ပေါ်လာသည်။ သူမက သူ့နှလုံးသားတည့်တည့်ကို ဓားမြှောင်နှင့် ရွယ်လိုက်သည်။

"ဒီနေ့ အမေ့ကို မတွေ့ရဘူးဆိုရင် ငါ့ကိုယ်ငါ သတ်သေလိုက်မယ်။ နင့်ရည်ရွယ်ချက်တွေ ပြီးမြောက်ဖို့ အိပ်မက် မမက်တော့နဲ့"

All Chapters