← Chapters

အခန်း ၁၆၆၁

Vol. 111 Ch. 1661

အခန်း ၁၆၆၁

Vol. 111 Ch. 1661

အပိုင်း ( 1661 ) တစ်ချက်ငေါက်ပြီး သွေးအန်စေသည်။

"အတင့်ရဲလိုက်တာ၊ ကောင်းကင်နတ်ဘုရားဂိုဏ်းရဲ့ ပါရမီရှင်တွေကို သတ်ဝံ့တယ်၊ ကောင်းကင်နတ်ဘုရားဂိုဏ်းက မင်းကို အလွတ်ပေးမှာ မဟုတ်ဘူး"

ဆုမိသားစုခေါင်းဆောင်က ဒေါသတကြီး အော်ဟစ်လိုက်သည်။ သူ့ထံမှ သူတော်စင်တစ်ပိုင်း တတိယအဆင့် ဖိအားများ ထွက်ပေါ်လာပြီး လုမင်ကို ဖိအားပေးလိုက်၏။

သို့သော်လည်း လုမင်က နေရာတွင် ငြိမ်သက်စွာ ရပ်နေပြီး သူ့အဝတ်အစားများတောင် မလှုပ်ရှားပေ။

"ကောင်စုတ်၊ ကောင်းကင်နတ်ဘုရားဂိုဏ်းရဲ့ ဂိုဏ်းတူအစ်ကိုတွေကို ဘယ်လိုတောင် သတ်ဝံ့တာလဲ"

ဆုချင်ကလည်း ရူးသွပ်သူတစ်ယောက်ပမာ အော်ဟစ်လိုက်သည်။ သူ ကြံစည်ထားခဲ့သည့် တိုးတက်ရေး အစီအစဉ်က ယခုတော့ လုံးဝ ပျက်စီးသွားပြီ။

"ကောင်းကင်နတ်ဘုရားဂိုဏ်းရဲ့ ပါရမီရှင်က ဆုမိသားစုမှာ သေဆုံးသွားတာကို မမေ့ပါနဲ့ဦးလေ။ ကောင်းကင်နတ်ဘုရားဂိုဏ်းရဲ့လူတွေသာ ဒီအကြောင်းကိုသိရင် သူတို့ ဘယ်လိုတွေးမယ်ဆိုတာ ဘယ်သူသိမှာလဲ"

လုမင်က တည်ငြိမ်စွာ ပြောလိုက်သည်။

ဆုချင်၊ ဆုမိသားစု ခေါင်းဆောင်နှင့် ဆုမိသားစုမှ အခြားသူများ ဒေါသတကြီး ဖြစ်သွားကြ၏။

မမှားပေ၊ ကောင်းကင်နတ်ဘုရားဂိုဏ်း၏ ပါရမီရှင်က ဆုမိသားစုတွင် သေဆုံးသွားခဲ့သည်။ ကောင်းကင်နတ်ဘုရားဂိုဏ်းက ဤအကြောင်းကို သိလျှင် ဆုမိသားစုလည်း ငြိစွန်းပေလိမ့်မည်။ ကောင်းကင်နတ်ဘုရားဂိုဏ်း ဒေါသဖြစ်ပါက ဆုမိသားစုတစ်ခုလုံး ပျက်သုဉ်းသွားနိုင်သည်။

"ချီးပဲ"

ဆုမိသားစုခေါင်းဆောင်၊ ဆုချင်နှင့် အခြားသူများမှာ ဒေါသထွက်လွန်းသဖြင့် သွေးအန်လုနီး ဖြစ်နေကြတော့သည်။

သူတို့က ဤအကြောင်းကို မည်သူ့ကိုမျှ မပြောနိုင်သည့်အပြင်၊ လုမင်အတွက်လည်း ကူညီပြီး ဖုံးကွယ်ပေးထားရတော့မည် ဖြစ်သည်။

"ဒီအတွက် နင့်အသက်နဲ့ ပေးဆပ်ရမယ်။ နင်တို့အားလုံး သေကြရမယ်"

ဆုချင်က ဒေါသတကြီးဖြင့် အော်ဟစ်လိုက်သည်။

ကောင်းကင်နတ်ဘုရားဂိုဏ်းမှ ပါရမီရှင် သုံးဦး၏ အကူအညီကို ရယူရန် သူသည် ကြီးမားသော အဖိုးအခကို ပေးခဲ့ရသည်။ သူ၏ ရည်မှန်းချက်က ဆုမိသားစု အနိုင်ရရှိပြီး ဘိုးဘွားမြေသို့ ဝင်ရောက်၍ အခွင့်အလမ်းကို ရယူနိုင်ရန် ဖြစ်၏။

သို့သော်လည်း ယခုအချိန်မှာတော့ လုမင်က သူ့အကြံအစည်အားလုံးကို ဖျက်ဆီးပစ်လိုက်ပြီ။

သူ မုန်းသည်။ နာခံမှုမရှိဘဲ သဘောမတူခဲ့သော ဆုလဲ့ကို မုန်းသည်။ အပြင်လူဖြစ်ပြီး ဝင်ရောက်စွတ်ဖက်ခဲ့သော လုမင်ကို မုန်း၏။

"သတ်၊ အားလုံးကိုသတ်ကြ"

ဆုချင်က ဒေါသတကြီးဖြင့် အမိန့်ပေးလိုက်သည်။

"သတ်"

"သတ်"

ခြံဝန်းပတ်လည်ရှိ ဆုမိသားစုမှ ကျွမ်းကျင်သူများလည်း လုမင်၊ ဆုလဲ့နှင့် အခြားသူများကို တိုက်ခိုက်လိုက်တော့သည်။

ဆုမိသားစု၏ ကျွမ်းကျင်သူများအားလုံးက အဆင့်မြင့် သိုင်းအုပ်ချုပ်သူများ ဖြစ်သည်။ တချို့က သူတော်စင်တစ်ပိုင်းအဆင့်သို့ ရောက်နေပြီ။

"ထွက်သွား"

လုမင်၏ မျက်လုံးများက စူးရှသော အလင်းများ လင်းလက်လာသည်။

ဤငေါက်ငမ်းသံတွင် လုမင်က နတ်ဘုရားဓားကျင့်စဉ်ကို အသုံးပြုထား၏။ သူ၏ အသံလှိုင်းမှာလည်း အစွမ်းထက် ယွမ်ချီစွမ်းအင်များ ပါဝင်နေသေးသည်။

လုမင်တို့ထံသို့ ခုန်ဝင်လာသော ဆုမိသားစု၏ ကျွမ်းကျင်သူများမှာ နာကျင်စွာ အော်ဟစ်လိုက်ကြသည်။ ထို့နောက် သူတို့ ခန္ဓာကိုယ်များက နံရံကြီးတစ်ခုကို ဝင်ဆောင့်လိုက်မိပုံ ရ၏။ သူတို့က ခုန်ဝင်လာသည့် အမြန်နှုန်းထက် ပိုမြန်သောနှုန်းဖြင့် ပြန်လွင့်သွားကာ သွေးများ အန်နေကြတော့သည်။

"ဒါက ဘယ်လိုဖြစ်ရတာလဲ"

ဆုချင်နှင့် အခြားသူများအားလုံး မယုံကြည်နိုင်စွာဖြင့် မျက်လုံးများ ပြူးကျယ်သွားကြသည်။

လုမင်သည် အလွန်ကြောက်စရာကောင်း၏။ ငေါက်ငမ်းသံတစ်ချက်ဖြင့်၊ သူတော်စင်တစ်ပိုင်း ကျွမ်းကျင်သူအနည်းငယ် အပါအဝင် ဆုမိသားစုမှ ကျွမ်းကျင်သူ ဒါဇင်ပေါင်းများစွာကို သွေးအန်ပြီး ဆုတ်ခွာသွားစေခဲ့သည်။ ယင်းက မည်သို့သော တိုက်ခိုက်နိုင်စွမ်း ဖြစ်သနည်း။

ဆုလဲ့၊ ဆုချာနှင့် ဆုလဲ့၏မိခင်လည်း အံ့အားသင့်သွားသည်။

"ဂိုဏ်းတူအစ်ကို လုမင်က ပိုပြီး သန်မာလာပုံရတယ်"

ဆုလဲ့က ခပ်တိုးတိုး ရေရွတ်လိုက်လေသည်။

လွန်ခဲ့သော တစ်နှစ်ကျော်က လုမင်မှာ အားကောင်းသော်လည်း ဤမျှမဟုတ်သေးပါ။ ယခုမူကား၊ နားမလည်နိုင်လောက်အောင် ဖြစ်သည်။

"ဝမ်"

လုမင်၏ အကြည့်က လျှပ်စီးများ လက်နေသကဲ့သို့ပင်။ သူက ဆုချင်ကိုကြည့်ပြီး လေထဲသို့ ဖမ်းဆုပ်ဟန်ပြုလိုက်သည်။ အော်ရင်းဟစ်ရင်းမှ ဆုမင်၏ ခန္ဓာကိုယ်သည် လုမင်ထံသို့ လွင့်မျောသွား၏။ လုမင်က ဆုချင်၏ လည်ပင်းကိုဆုပ်ကိုင်ပြီး လေထဲသို့ မြှောက်ထားလိုက်တော့သည်။

"အဖေ... အဖေရေ ကယ်ပါဦး"

ဆုချင်က ကြောက်ရွံ့တုန်လှုပ်စွာ အော်ဟစ်လိုက်သည်။

"သူ့ကိုလွှတ်လိုက်စမ်း"

ဆုမိသားစု ခေါင်းဆောင်က ဟိန်းဟောက်ပြီး သူ၏ ကျင့်ကြံခြင်းကို အပြည့်အဝ ထုတ်ဖော်လိုက်သည်။ လေ နိယာမက စုစည်းပြီး လုမင်ကို ဖုံးအုပ်သွား၏။

"ခင်ဗျား စဉ်းစားပြီးပြီလား။ ခင်ဗျား ကျုပ်ကို တကယ်တိုက်ခိုက်ချင်တာလား"

လုမင်က ဆုမိသားစုခေါင်းဆောင်ကို အေးစက်စက် ကြည့်လိုက်သည်။

"ဝုန်း"

ထို့နောက် လုမင်၏ ခန္ဓာကိုယ်မှ ကြောက်မက်ဖွယ်ကောင်းသော ရောင်ဝါတစ်ခု ထွက်ပေါ်လာသည်။ ကြောက်မက်ဖွယ်ကောင်းသော ကစဉ့်ကလျားနိယာမက ပြန့်နှံ့သွားပြီး ဆုမိသားစု ခေါင်းဆောင်ဆီသို့ တိုးဝင်လာ၏။

ဆုမိသားစု ခေါင်းဆောင်၏ ခန္ဓာကိုယ်က တုန်ခါသွားသည်။ သူက ဒယီးဒယိုင်ဖြင့် ဆုတ်သွားရပြီး သွေးအန်လုနီး ဖြစ်သွားပေသည်။

သူတို့ကြားမှ ကွာဟချက်က ကြီးမားလွန်းလှသည်။ ဆုမိသားစုခေါင်းဆောင်၏ မျက်လုံးထဲတွင် လုမင်က တားဆီး၍မရသော ရှေးဦးသားရဲတစ်ကောင်ကဲ့သို့ပင်။

ဆုမိသားစု၏ ခေါင်းဆောင်မှာ တုန်လှုပ်ချောက်ချားသွားသည်။ သူ့စိတ်ထဲမှ လျင်မြန်စွာ တွေးတောပြီးနောက် သူ့အရှိန်အဝါများကို ရုတ်တရက် ရုတ်သိမ်းလိုက်၏။ သူက လုမင်ဆီသို့ လက်ယှက်ပြကာ ပြောလိုက်သည်။

"ဒီသခင်လေးက တကယ်ကို ထူးချွန်ထက်မြက်တာပဲ။ ဒီဆုက မျက်လုံးရှိပေမဲ့ မမြင်နိုင်ခဲ့တာ ခွင့်လွှတ်ပါ"

ဤလုပ်ရပ်ကြောင့် လုမင်သည်ပင် အံ့အားသင့်သွားသည်။

ဆုမိသားစု၏ ခေါင်းဆောင်က အမှန်တကယ်ပင် မိသားစုတစ်ခု၏ ခေါင်းဆောင်ဖြစ်ထိုက်သည်။ သူက အခြေအနေကိုလိုက်ပြီး မည်သို့မည်ပုံ စီရင်ရမည်မှန်း ကောင်းစွာသိပေသည်။

"ဒီနေ့ကိစ္စကို ဘယ်တုန်းကမှ မကြုံဖူးသလိုပဲ သဘောထားရအောင်ပါ။ ကောင်းကင်နတ်ဂိုဏ်းရဲ့ ဒီသုံးယောက်ကို ဆုမိသားစုမှာ တစ်ခါမှ မတွေ့ဖူးပါဘူး။ ဆူမိသားစုမှာ ဆုလဲ့ရဲ့ အနေအထားကလည်း အနာဂတ်မှာ ချင်အာနဲ့ အတူတူဖြစ်ပါလိမ့်မယ်"

ဆုမိသားစု၏ ခေါင်းဆောင်က လုမင်၊ ဆုလဲ့တို့နှင့် ဆက်ဆံရေးကို ပြေလျော့စေရန် အတတ်နိုင်ဆုံး ကြိုးစား၍ စကားဆက်လိုက်လေသည်။

"ဟားဟားဟား၊ မင်းက သဘောထားပြောင်းတာ တော်တော်မြန်တာပဲ... ထွက်သွား"

လုမင်က ဆုချင်၏ ပါးကိုရိုက်ပြီး လွင့်စဉ်သွားစေလိုက်သည်။

"အား၊ နင် ငါ့ကို ရိုက်ဝံ့တယ်။ အဖေ...၊ သူတို့ကိုသတ်... သတ်ပစ်"

ဆုချင်က ဒေါသတကြီးဖြင့် အော်ဟစ်လိုက်သည်။

"ပါးစပ်ပိတ်ထားစမ်း"

ဆုမိသားစုခေါင်းဆောင်က ဆူပူကြိမ်းမောင်းလိုက်၏။

လုမင်က နှုတ်ခမ်းတွန့်ရုံ ပြုံးလိုက်သည်။ သူတို့သာ အခြားနေရာတွေဖြစ်ပါက ဆုချင်ကို ချက်ချင်း သတ်လိုက်ပြီ။

သို့သော် ဤသည်မှာ ဆုလဲ့၏ မိသားစု ဖြစ်သည်။ သူက သိပ်ပြီး လွန်လွန်ကျူးကျူး မလုပ်နိုင်ပေ။ သူ့အာဏာ တည်မြဲရန်သာ လိုအပ်သည်။

"သခင်လေးကို ဘယ်လိုခေါ်ရမလဲ"

ဆုမိသားစု ခေါင်းဆောင်က ပြုံးပြီး ယဉ်ယဉ်ကျေးကျေး လက်ယှက်ကာ ပြောလေသည်။

လုမင်က ဆုမိသားစု ခေါင်းဆောင်ကိုကြည့်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်။

"လုမင်"

"အိုး၊ ညီလေးလုပဲ...ပဲ၊ ဟင်... နေပါဦး။ မင်း... မင်းက လုမင်လား။ နဂါးနတ်ဘုရားတောင်ကြားက လုမင်လား"

ဆုမိသားစု ခေါင်းဆောင်က ထိတ်လန့်တကြား ထအော်လိုက်သည်။

လုမင်နှင့် နတ်ဘုရားသားတော်ကြားမှ သုံးနှစ် တိုက်ပွဲချိန်းဆိုမှုဟာ စန်းပြည်နယ်အနှံ့ ပျံ့နှံ့နေခဲ့သည်။ အင်အားကြီးသူတိုင်း လုမင်၏အမည်ကို ကြားဖူးကြပေသည်။

ဆုချင်နှင့် ဆုမိသားစုမှ အခြားကျွမ်းကျင်သူများသည်လည်း ထိတ်လန့်တကြားဖြင့် မျက်လုံးမျက်ဆံ ပြူးကျယ်သွားကြသည်။

ယခုမှ ဤလူငယ်ကို လုမင်ဖြစ်မှန်း သိရသည်။ လုမင်က တကယ်ပဲ ဒီလောက်တောင် အစွမ်းထက်နေပြီလား။

"နဂါးနတ်ဘုရားတောင်ကြားမှာ ဒုတိယလုမင် မရှိရင် ကျုပ်ပဲ"

လုမင် ခေါင်းညိတ်လိုက်၏။

"အိုး၊ အဲဒါက ညီငယ် လုမင်ပဲ။ ငါက တကယ်ကို မျက်စိကန်းနေခဲ့တယ်။ အစစ်အမှန်နဂါးက မျက်စိရှေ့မှာ ရှိနေတာတောင် အသိအမှတ်မပြုမိဘူး။ ညီငယ်လုမင်... အတင့်ရဲပြီး ငါ တစ်ခုလောက် တောင်းဆိုလို့ရမလား"

ဆုမိသားစုခေါင်းဆောင်က ပြုံးပြုံးကြီးဖြင့် လုမင်ကိုပင် ညီငယ်လေးဟု ခေါ်လိုက်သည်။ မသိပါက၊ ယခုလေးတင် လုမင်နှင့် ပြဿနာမဖြစ်ခဲ့သလိုပင်။

"ဘာကိစ္စလဲ"

လုမင် မေးလိုက်သည်။

"ဆုမိသားစုကို ကိုယ်စားပြုပြီး မိသားစုလေးခုကြား ပြိုင်ဆိုင်မှုမှာ ပါဝင်ဖို့ ညီငယ်လုမင်ကို ဖိတ်ခေါ်ချင်တာပါ။ ညီငယ်လုမင်သာ သဘောတူမယ်ဆိုရင် အလြေအနေတွေကို ညှိနှိုင်းလို့ရပါတယ်"

ဆုမိသားစု ခေါင်းဆောင်က ပြောလိုက်သည်။

လုမင် အံ့သြသွား၏။ ဆုမိသားစုခေါင်းဆောင်က သူ့ကို ဆုမိသားစုအတွက် တိုက်ပွဲဝင်ရန် ဖိတ်ကြားမည်ဟု မမျှော်လင့်ထားပေ။ ဤသည်က လုမင်၏ မျှော်လင့်ချက်မဟုတ်ပါ။

ဆုချင်၏ မျက်လုံးများလည်း တောက်ပလာသည်။ လုမင်သာ လက်ခံလိုက်လျှင် ဆုမိသားစုက သေချာပေါက် အောင်နိုင်လိမ့်မည်။

"တိုက်ခိုက်ဖို့ဆိုတာက မဖြစ်နိုင် မဟုတ်ပါဘူး၊ ဒါပေမဲ့ ငါ့မှာ အခြေအနေ နှစ်ခုရှိတယ်"

လုမင် ပြောလိုက်သည်။

"ညီငယ်လုမင်... ပြောမှာသာ ပြောပါ"

ဆုမိသားစု ခေါင်းဆောင်က အလွန်ဝမ်းသာသွားပြီး အလျင်အမြန် ပြောလိုက်၏။

"ပထမအနေနဲ့ အနာဂတ်မှာ ဆုလဲ့နဲ့ သူ့မိသားစုကို ဘယ်သူမှ အရှက်ရစေတာ မကြားချင်ဘူး"

လုမင်က ပြောသည်။

"ဒီအတွက် စိတ်မပူပါနဲ့။ နောင်မှာ ဆုလဲ့နဲ့ သူ့မိသားစုကို ဘယ်သူကမှ အနိုင်ကျင့်ဖို့ မစဉ်းစားနဲ့။ မဟုတ်ရင် ဘယ်သူပဲဖြစ်ဖြစ် လွယ်လွယ်နဲ့ အလွတ်ပေးမှာ မဟုတ်ဘူး"

ဆုမိသားစုခေါင်းဆောင်က မဆိုင်းမတွ သဘောတူလိုက်သည်။

"ဒုတိယအနေနဲ့က ဆုမိသားစုကို ပထမနေရာကိုရအောင် ကူညီပေးမယ်။ ဒါပေမဲ့ ဘိုးဘွားမြေထဲကို ဝင်တဲ့သူက ဆုလဲ့ ဖြစ်ရမယ်"

လုမင် ပြောလိုက်၏။

"မဖြစ်နိုင်ဘူး၊ ဒါက မဖြစ်နိုင်ဘူး"

ဆုချင်က ချက်ချင်း အော်လိုက်သည်။

ဆုလဲ့က ဘိုးဘွားမြေသို့ ဝင်ရောက်မည်ဆိုလျှင် သူ ဘာမျှရတော့မည် မဟုတ်ပါ။ သဘာဝအတိုင်း သူမက သဘောမတူနိုင်ပေ။

ဆုမိသားစု ခေါင်းဆောင်လည်း မျက်မှောင်ကြုတ်သွားသည်။ သူက လုမင်ကို အကူအညီတောင်းလိုက်သော်လည်း ဆုချင်အတွက်ပင် မဟုတ်လော။

All Chapters