← Chapters

အခန်း ၁၆၆၆

Vol. 112 Ch. 1666

အခန်း ၁၆၆၆

Vol. 112 Ch. 1666

အပိုင်း ( 1666 ) နဂါးနတ်ဘုရားတောင်ကြားသို့ ပြန်သွားရန်။

သူတော်စင်တစ်ပိုင်း ဒုတိယအဆင့်။

လူတိုင်း၏ နှလုံးသားများ ခုန်ပေါက်သွားကြသည်။

သူတော်စင်တစ်ပိုင်း ဒုတိယအဆင့်ဖြင့် လုမင်သည် သူတော်စင်တစ်ပါးကို အလွယ်တကူ သတ်နိုင်သည်။ ထိုတိုက်ခိုက်နိုင်စွမ်းက ကြောက်စရာကောင်းလွန်းလှပေသည်။

"သွားကြစို့"

ခဏကြာတော့ ကျန်လူများက သတိပြန်ဝင်လာသည်။ သူတို့က အော်ဟစ်ပြီး ဤနေရာမှ ထွက်ပြေးရန် ကြိုးစားလိုက်၏။

"မထွက်သွားရင် သေရမယ်လို့ ငါပြောထားပြီးသား... အခုမှ ထွက်သွားချင်ရင် သိပ်နောက်ကျသွားပြီ"

လုမင်က အေးစက်စက် ပြောလိုက်သည်။ သူ့ခန္ဓာကိုယ်တွင် အလင်းစက်များ ပေါ်လာပြီး သူတော်စင်လက်နက် သုံးဆယ့်ခြောက်ခု ပေါ်လာ၏။ သူတော်စင်လက်နက် စွမ်းအင်များက စုစည်းပြီးနောက် စွမ်းအားမှာ ကြောက်မက်ဖွယ်အဆင့်သို့ ရောက်ရှိသွားတော့သည်။

"ဝှစ်"

လုမင်က နဂါးနက်လှံကို ပြန်ဆွဲယူပြီး နောက်တစ်ဖန် ပစ်လွှတ်လိုက်ပြန်သည်။ လှံရှည်က မိသားစုတစ်စု၏ ခေါင်းဆောင်ကို မြေပြင်ပေါ်သို့ ထိုးစိုက်ချလိုက်သည်။

လုမင်က ဓားတစ်လက်ကိုကိုင်ပြီး သူတော်စင်နယ်ပယ် ဘိုးဘေးကို ထိုးခုတ်လိုက်၏။

"သေ"

လုမင်က နတ်ဘုရားဓားကျင့်စဉ်ကို အသက်သွင်းပြီး အော်ဟစ်လိုက်သည်။ သူတော်စင်နယ်ပယ် ဘိုးဘေး၏ ခန္ဓာကိုယ်က တုန်လှုပ်သွားသည်။ တစ်ချိန်တည်းမှာပင် လုမင်၏ ဓားချက်က ကျရောက်လာတော့သည်။

"ရွှပ်"

သူတော်စင်နယ်ပယ် ဘိုးဘေးကြီးလည်း လုမင်၏ ဓားချက်အောက်တွင် အသက်ပျောက်သွားသည်။

နောက်ထပ် သူတော်စင်နယ်ပယ် အကျော်အမော်တစ်ဦး ကျဆုံးသွားပြီ။

ချန်မိသားစု၏ ဘိုးဘေးနှင့် ခေါင်းဆောင်တို့ နှစ်ဦးသာ ကျန်သည်။ သို့ရာတွင် သူတို့က ဆုမိသားစု ဘိုးဘေး၊ ခေါင်းဆောင်တို့နှင့် တိုက်ခိုက်နေရသောကြောင့် ပြေးချိန်မရပေ။

"ငါ့ကို ချမ်းသာပေးပါ"

လုမင်က သူတို့ထံသို့ လျှောက်လာနေကြောင်း မြင်ရသောအခါ ချန်မိသားစု၏ သူတော်စင်နယ်ပယ် ဘိုးဘေးကြီး တုန်လှုပ်သွားသည်။ သူက ချက်ချင်း အော်ဟစ်တောင်းပန်လိုက်၏။

"သေ"

လုမင်၏ မျက်လုံးများက အေးစက်နေဆဲပင်။ သူက နတ်ဘုရားဓားကျင့်စဉ်ဖြင့် ထပ်မံ ငေါက်လိုက်သည်။

ချန်မိသားစု ဘိုးဘေးကြီး၏ ခန္ဓာကိုယ်က တုန်ယင်သွား၏။ ထို့နောက် လုမင်၏ဓားက သူ၏ ဦးခေါင်းကို ဖြတ်ချလိုက်ပြန်တော့သည်။

ချန်မိသားစု၏ ဘိုးဘေးကြီးမှာ ဒေါသလည်းထွက် သွေးလည်းပျက်နေသော်လည်း ဓားတစ်ချက်ဖြင့် အသတ်ခံခဲ့ရသည်။ ထို့နောက် ဓားအလင်းတစ်ခု တောက်ပလာပြီး ချန်မိသားစု၏ ခေါင်းဆောင်ကိုလည်း သတ်ပစ်လိုက်လေသည်။

ယခင်က ချန်မိသားစုဟာ အမောက်မာဆုံး ဖြစ်ခဲ့သည်။ ယခုအချိန်မှ သူတို့ကို မည်ကဲ့သို့ ခွင့်လွှတ်ရမည်နည်း။

ထိုအချိန်တွင် အခြားမိသားစုသုံးစု၏ ဘိုးဘေးများနှင့် ခေါင်းဆောင်များအားလုံး ကျဆုံးသွားခဲ့သည်။

ဆုမိသားစု၏ ဘိုးဘေးနှင့် ခေါင်းဆောင်တို့နှစ်ဦးက လုမင်အား မျက်လုံးပြူးကာ ကြည့်နေကြ၏။ သူတို့မှာ ယခုထိ သတိမဝင်နိုင်ဘဲ ကြက်သေသေနေကြသေးသည်။

သေပြီ၊ အခြားသော မိသားစု သုံးခုမှ သူတော်စင်နယ်ပယ် ဘိုးဘေးများနှင့် ခေါင်းဆောင်များ အားလုံး သေဆုံးခဲ့ကြသည်။

လုမင်က စတင်တိုက်ခိုက်ချိန်မှစ၍ တစ်မိနစ် မပြည့်မီပင် အားလုံး သေသွားကြ၏။

ထိုကဲ့သို့ အံ့ဖွယ်သရဲ တိုက်ခိုက်နိုင်စွမ်းမျိုးမှာ သူတို့၏ စိတ်ကူးထက် ကျော်လွန်နေပြီ ဖြစ်သည်။

'မကောင်းဆိုးရွား၊ ဘီလူး၊ အနှိုင်းမဲ့ ပါရမီရှင်... သူက နတ်ဘုရားသားတော်ကို စိန်ခေါ်ဝံ့တာ အံ့ဩစရာမရှိတော့ပါဘူး။ အရင်က စန်းပြည်နယ်တစ်ခုလုံးက လုမင်ကို သေချာပေါက် ရှုံးနိမ့်ပြီး နတ်ဘုရားသားတော်ရဲ့ သတ်ဖြတ်ခြင်းကို ခံရမယ်လို့ ထင်ခဲ့ကြတယ်။ အခုတော့ စန်းပြည်နယ်တစ်ခုလုံးက လုမင်ကို လျှော့တွက်ထားခဲ့ကြပုံပဲ'

ဆုမိသားစု၏ ဘိုးဘေးနှင့် ခေါင်းဆောင်၏ စိတ်ထဲတွင် အတွေးများစွာ လွင့်ပျံ့နေခဲ့သည်။

ထို့နောက်တွင် နှစ်ယောက်လုံး ဝမ်းသာအား ဖြစ်သွားကြ၏။

အခြားသော မိသားစုကြီး သုံးခု၏ အသန်မာဆုံး အကျော်အမော်များ အားလုံး သေဆုံးသွားပြီ ဖြစ်သည်။ ယခုအချိန်မှစပြီး ကုစူးမြို့တွင် ဆုမိသားစုကို မည်သူက ယှဉ်နိုင်တော့မည်နည်း။ ဆုမိသားစုက ကုစူးမြို့တော်ကို လွှမ်းမိုးသွားတော့မည် ဖြစ်သည်။

ဤအရာအားလုံးက လုမင်ကြောင့် ဖြစ်၏။

ထိုသို့တွေးမိသောအခါ ဆုမိသားစု ခေါင်းဆောင်၏ ရင်ထဲတွင် ကြောက်ရွံ့မှုတို့ ပေါ်လာသည်။

ကံကောင်းထောက်မစွာဖြင့် သူ စိတ်ပြောင်းသွားပြီး လုမင်နှင့် ဆက်ဆံရေးကို ပြောင်းလဲနိုင်ခဲ့သည်။ မဟုတ်ပါက၊ ဆုမိသားစု ပျက်စီးသွားလိမ့်မည်။

ဆုမိသားစု၏ ကံကြမ္မာက တခဏအတွင်း လုံးဝပြောင်းလဲသွားခဲ့သည်။ ဆုမိသားစု၏ ဘိုးဘေးတို့လည်း အလွန်ရှုပ်ထွေးသည်ဟု ခံစားနေခဲ့ရလေသည်။

တစ်ချိန်တည်းမှာပင် လုမင်နှင့် ဆက်ဆံရေးကောင်း တည်ဆောက်ပြီး ဆုလဲ့ကိုလည်း အနာဂတ်တွင် ကောင်းမွန်စွာ ဆက်ဆံမည်ဟု တိတ်တဆိတ် သန္နိဋ္ဌာန်ချလိုက်ကြသည်။

လုမင်၏ အမူအရာကတော့ မပြောင်းလဲပါ။ သူက သေဆုံးသွားသူများ၏ သိုလှောင်လက်စွပ်များကို သိမ်းယူလိုက်သည်။ သူတော်စင်နယ်ပယ် ပညာရှင်သုံးဦး၏ သူတော်စင်နှလုံးသားများကလည်း သိမ်းယူခဲ့လေသည်။

ထို့နောက် ဆက်လက်၍ စောင့်ဆိုင်းခဲ့သည်။

များမကြာမီ ဆုလဲ့၏ ခန္ဓာကိုယ်မှ ပြင်းထန်သော ရောင်ဝါတစ်ခု ထွက်လာသည်။ ထို့နောက် အရှိန်အဝါများက လျင်မြန်စွာ ပျောက်ကွယ်သွားပြီး ဆုလဲ့က သူ့မျက်လုံးများကို ဖွင့်လိုက်လေသည်။

"ဘိုး... ဘိုးဘေး၊ ခေါင်းဆောင်

ဆုလဲ့က ဆုမိသားစု၏ ဘိုးဘေးနှင့် ခေါင်းဆောင်တို့ကို မြင်သောအခါ အမြန်ထပြီး ဦးညွတ်လိုက်သည်။

"ဒီလောက် ယဉ်ကျေးနေစရာ မလိုပါဘူး၊ ယဉ်ကျေးမနေပါနဲ့"

ဆုမိသားစု၏ ဘိုးဘေးကလည်း ဆုလဲ့ကို အမြန်ဖေးမလိုက်လေသည်။

ဆုလဲ့က လုမင်နှင့် အလွန်ရင်းနှီးသည်။ သူတို့နှစ်ဦးတွင် အထူးဆက်ဆံရေးတစ်ခု ရှိနိုင်သည်ဟုပင် သူထင်ထား၏။ ဆုလဲ့ကို ထိုကဲ့သို့ ဦးညွတ်စေရန် သူ မည်ကဲ့သို့ ဝံ့ရဲပါမည်နည်း။

ဆုလဲ့မှာလည်း အခြား မိသားစုကြီးသုံးခုမှ ကျွမ်းကျင်သူများ၏ အလောင်းများကို မြင်သောအခါ ပို၍ပင် တုန်လှုပ်သွားမိသည်။

"သွားကြရအောင်"

လုမင် ပြောလိုက်သည်။

သူတို့လေးယောက်က ထွက်ပေါက်ဆီသို့ လျှောက်သွားကြ၏။ နောက်အခိုက်အတန့်မှာတော့ ဘိုးဘွားမြေအပြင်ဘက်တွင် ပေါ်လာတော့သည်။

ဘိုးဘွားမြေအပြင်ဘက်တွင် လူအများအပြား စောင့်ဆိုင်းနေကြသည်။ ထိုစဉ်၊ လုမင်နှင့် အခြားလူများ ထွက်လာသည်ကို မြင်သောအခါ အားလုံးက သူတို့ဘက်သို့ လှမ်းကြည့်ကြ၏။

"ဆုမိသားစုကို ပြန်ကြစို့"

ဆုမိသားစု၏ ‌ဘိုးဘေးက အမိန့်ပေးလိုက်သည်။

လုမင်နှင့် အခြားသူများလည်း ဆုမိသားစု၏ တပည့်များနှင့်အတူ ဆုမိသားစုသို့ ပြန်သွားကြလေသည်။

အခြားသော မိသားစုကြီး သုံးခုမှ တပည့်များကတော့ ဘိုးဘွားမြေ အပြင်ဘက်တွင် အချိန်အတော်ကြာ စောင့်ဆိုင်းခဲ့ကြသည်။ သို့တိုင်၊ သူတို့၏ ဘိုးဘေးများ ထွက်လာသည်ကို မတွေ့မြင်ရသောအခါ စိုးရိမ်ပူပန်လာကြတော့သည်။

ထို့နောက် ဘိုးဘွားမြေသို့ လူများစေလွှတ်ကြည့်သောအခါ မိသားစုကြီးသုံးစု၏ ဘိုးဘေးများနှင့်‌ ခေါင်းဆောင်များအားလုံး သေဆုံးနေပြီဖြစ်ကြောင်း တွေ့ရှိခဲ့ရသည်။

ထိုသတင်းထွက်လာသောအခါ၊ ကုစူးမြို့တစ်ခုလုံး အကြီးအကျယ် ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့သည်။ လူတိုင်း အလွန်တုန်လှုပ်သွားကြ၏။

မိသားစုကြီး သုံးခု၏ ဘိုးဘေးများနှင့် ခေါင်းဆောင်များ အားလုံးမှာ ဘိုးဘွားမြေတွင် သေဆုံးသွားကြပြီ ဖြစ်သည်။ သို့သော်လည်း ဆုမိသားစုက ဘာမျှမဖြစ်ခဲ့ပေ။

ကုစူးမြို့၏ အင်အားစု တည်ရှိပုံ ပြောင်းလဲတော့မည်မှန်း လူတိုင်းသိကြသည်။

အခြား မိသားကြီးသုံးခုမှ လူများကတော့ ကြောက်ရွံ့နေကြတော့သည်။

ဆုမိသားစု၏ ဘိုးဘေးနှင့် ခေါင်းဆောင်ကြီးက ဆုမိသားစုသို့ ပြန်ရောက်သည်နှင့် တပြိုင်နက် အစီအစဉ်များ စတင်ပြုလုပ်လိုက်ကြသည်။ ယခုက စုကူးမြို့တော်ကို ပေါင်းစည်းရန်အတွက် အကောင်းဆုံး အချိန်ပင်။

သို့သော်လည်း ဤသည်က လုမင်နှင့် မသက်ဆိုင်တော့ပါ။

နောက်တစ်နေ့တွင် လုမင်က ဆုမိသားစု၏ ဘိုးဘေးနှင့် ခေါင်းဆောင်တို့ကို နှုတ်ဆက်ခဲ့သည်။ သူက နဂါးနတ်ဘုရားတောင်ကြားသို့ ပြန်တော့မည်။

"ဂိုဏ်းတူအစ်ကိုလုမင်၊ ကျွန်မလည်း ပြန်လိုက်ခဲ့ပါရစေ"

ဆုလဲ့က ပြောသည်။

ယခုတွင် မိသားစုအတွင်းရှိ သူ့မိခင်၏ အဆင့်အတန်းက မြင့်မားလာသောကြောင့် သဘာဝအတိုင်း သူ စိတ်ချနိုင်ခဲ့ပြီ။

"ကောင်းပြီ"

လုမင်က ခေါင်းညိတ်ပြပြီး ဆုလဲ့ကိုခေါ်ကာ စုကူးမြို့မှ ထွက်ခဲ့သည်။ ဆုမိသားစု၏ ဘိုးဘေးနှင့် အခြားသူများက မြို့တံခါးအထိ လိုက်ပို့ကြလေသည်။

"အားလုံးပဲ၊ နှုတ်ဆက်ပါတယ်"

လုမင်က ကောင်းကင်ခွင်း လွန်းပျံယဉ်ကို ထုတ်ယူကာ ဆုလဲ့နှင့်အတူ ဝင်လိုက်သည်။ ထို့နောက်တော့ ကောင်းကင်ခွင်းလွန်းပျံက လျှပ်စီးလက်သကဲ့သို့ ပျောက်ကွယ်သွားတော့သည်။

"ဆုချီ၊ လုမင်က သူတော်စင်ကို သတ်ခဲ့တဲ့ အကြောင်းတွေကို လုမင်နဲ့ နတ်ဘုရားသားတော်ကြား တိုက်ပွဲမပြီးခင်မှာ မပေါက်ကြားစေဖို့ ဂရုစိုက်ပါ"

ဆုမိသားစု၏ ဘိုးဘေးက မိသားစုခေါင်းဆောင်ကို အသံပို့လွှတ်ကာ ပြောလိုက်သည်။

"ကောင်းပါပြီ ဘိုးဘေး"

ဆုမိသားစုခေါင်းဆောင်က ခေါင်းညိတ်လိုက်၏။

ယခုအချိန်အထိ ဤကိစ္စကို သူတို့နှစ်ယောက်သာ သိသည်။ ဤအကြောင်းကို သိတဲ့လူနည်းလေလေ ပိုကောင်းလေလေမှန်း သူတို့ နားလည်ကြ၏။ ကောင်းကင်နတ်ဘုရားဂိုဏ်းက ထိုအကြောင်းကိုသိလျှင် လုမင်အတွက် တစ်ကွက်ညံ့နေတော့မည် ဖြစ်သည်။

ယခုအခါ သူတို့က လုမင် အနိုင်ရရှိမည်ဟု သဘာဝအတိုင်း မျှော်လင့်နေကြပြီ။ လုမင်က ဆုလဲ့နှင့် လွန်စွာ ရင်းနှီးသည်။ လုမင်က အားကောင်းလေလေ၊ ဆုမိသားစုက အနာဂတ်တွင် အကျိုးကျေးဇူးများ ပိုမိုရရှိလာလေပင်။

မျက်စိတစ်မှိတ်အတွင်းမှာပင် နောက်ထပ် ခုနှစ်ရက် ကြာသွားသည်။ လုမင်တို့လည်း နောက်ဆုံးတွင် နဂါးနတ်ဘုရားတောင်ကြားသို့ ပြန်ရောက်လာကြပြီ။

"ဂိုဏ်းတူအစ်ကိုလုမင်၊ ရှင်... ရှင် ဘယ်တော့လောက် တင်းပေါင်ညီလာခံကို သွားမှာလဲ။ ကျွန်မလည်း လိုက်ခဲ့ချင်လို့ပါ"

ဆုလဲ့က မဝံ့မရဲဖြင့် ကြည့်ပြီး ပြောလိုက်သည်။ လုမင် ငြင်းပယ်မှာကို စိုးရွံ့ဟန်ဖြင့် သူ့လေသံက အနည်းငယ် တုန်နေလေ၏။

"ကောင်းပြီ၊ ငါ တင်းပေါင်ညီလာခံကို သွားတဲ့အခါ မင်းကို အသိပေးမယ်"

လုမင် ပြုံးပြီး ပြောလိုက်သည်။

"ဟုတ်...ဟုတ်"

ဆုလဲ့၏ မျက်နှာက နီမြန်းသွားကာ အကြိမ်ကြိမ် ခေါင်းညိတ်ပြလိုက်လေသည်။

ထို့နောက်တွင် လုမင်က ဆုလဲ့နှင့် လမ်းခွဲပြီး တိမ်နဂါးတောင်ကြားသို့ ပြန်သွားခဲ့သည်။

"ဆရာ"

တိမ်နဂါးတောင်ကြားထဲသို့ သူဝင်လိုက်သည်နှင့် တပြိုင်နက် ကြည်လင်သော အသံစာစာလေးကိုကြားလိုက်ရသည်။ သေးငယ်သော ပုံရိပ်လေးတစ်ခုက လုမင်ဆီသို့ ပြေးလာ၏။

"ရှန်းရှန်း"

လုမင် ပြုံးလိုက်သည်။

ဤရုပ်သွင်သေးသေးလေးက သူ့တပည်မလေး ရှန်းရှန်းပင်။

"ဆရာတူညီလေး... နောက်ဆုံးတော့ မင်းပြန်လာပြီ။ ဒီကာလအတွင်းမှာ ရှန်းရှန်းက မင်းကို သိပ်သတိရနေတာလေ။ သူက ဆရာ ဘယ်တော့ပြန်လာမှာလဲလို့ နေ့တိုင်း မေးနေတာ"

ထိုစဉ် တည်ငြိမ်သော စကားသံနှင့်အတူ လုံယွမ်ရှန် ပေါ်လာခဲ့သည်။

"ဒုတိယ ဆရာတူအစ်ကို"

လုမင်က လက်ယှက်ပြလိုက်၏။

သူဟာ လုံယွမ်ရှန်ကို ကြိုတင်ကာ သတင်းပို့ထားပြီး ဖြစ်သည်။ မဟုတ်ပါက သူပြန်‌ရောက်သည်နှင့် တပြိုင်နက်၊ လုံယွမ်ရှန်နှင့် ရှန်းရှန်းကို တိုက်ရိုက်တွေ့ရမှာ မဟုတ်ပေ။

All Chapters