← Chapters

အခန်း ၁၆၆၉

Vol. 112 Ch. 1669

အခန်း ၁၆၆၉

Vol. 112 Ch. 1669

အပိုင်း ( 1669 ) ဒူးထောက်။

"လုမင်၊ တင်းပေါင်ညီလာခံမှာ မင်းရဲ့ ပါဝင်မှုက အသုံးမဝင်ဘူး။ ငါတို့ကို အခြား ဂိုဏ်းသုံးဂိုဏ်းက ပစ်မှတ်ထားခံရတာပဲရှိမယ်။ မင်းနေရာမှာ ငါသာဆိုရင် တိုက်ပွဲစင်မြင့်ပေါ်ကိုတောင် တက်လာမှာမဟုတ်ဘူး"

ရင်ကျစ်စုန့်က လုမင်ကို ပစ်မှတ်ထားပြီး ဆက်ပြောလိုက်သည်။

သူက လုမင်ကို တင်းပေါင်ညီလာခံသို့ မပါဝင်စေဘဲ နတ်ဘုရားသားတော်၏ သတ်ဖြတ်ခြင်းကို ခံရစေလိုသည်။

ထို့ပြင်၊ သူက လုမင်ကို ဖိနှိပ်ပြီး သူ၏ဂုဏ်သိက္ခာကိုလည်း မြှင့်တင်နိုင်ဦးမည်။

ရင်ကျစ်စုန့်က အသစ်တက်လာသော ပါရမီရှင်တစ်ဦးဖြစ်သည်။ လွန်ခဲ့သည့် သုံးနှစ်က သူ၏ ကျင့်ကြံခြင်းအခြေခံမှာ နဝမအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ် အထွတ်အထိပ်တွင်သာ ရှိသေးသည်။ သူက ထိပ်တန်း ပါရမီရှင်များနှင့် မယှဉ်နိုင်ခဲ့ပါ။

သို့သော်လည်း ယခုအခါ သူ၏ ကျင့်ကြံခြင်းအဆင့်က သူတော်စင်တစ်ပိုင်း ဒုတိယအဆင့်သို့ ရောက်ရှိခဲ့ပြီး နိယာမကို နားလည်နေပြီ ဖြစ်သည်။

ထို့ပြင်၊ သူ့တွင် မြေကမ္ဘာ အဆင့်မြင့် ဝိညာဥ်ခန္ဓာလည်း ရှိ၏။ သူ၏ တိုက်ခိုက်နိုင်စွမ်းက နဂါးနတ်ဘုရားတောင်ကြားတွင် ထွတ်မြတ် ပါရမီရှင်ဆယ်ဦးအနက်မှ တစ်ဦးဖြစ်သည့် ကျစ်ဖုန်းပြီးလျှင် ဒုတိယ ဖြစ်သည်။

သူက ရည်မှန်းချက်ကြီးမား၏။ ကျစ်ဖုန်းကိုပင် ကျော်လွန်ပြီး ထွတ်မြတ်ပါရမီရှင် ဆယ်ဦးအနက်မှ တစ်ဦးဖြစ်လာရန် ရည်မှန်းထားသည်။ ထိုမတိုင်ခင်မှာတော့ သူ့အာဏာကို တည်ဆောက်ရဦးမည်။ ဤတွင် နာမည်ကျော်ကြားနေသော လုမင်က အလွန်ကောင်းမွန်သော ရွေးချယ်မှုဖြစ်သည်မှာ သေချာသည်။

"ဒါဆိုရင် တင်းပေါင်ညီလာခံမှာ မင်းရဲ့ပါဝင်မှုက အရမ်းအသုံးဝင်တယ်လို့ ပြောချင်တာလား"

လုမင်က တည်ငြိမ်စွာ မေးလိုက်သည်။

"တော်စမ်း၊ နဂါးနတ်ဘုရားတောင်ကြားမှာ ငါ့ရဲ့ တိုက်ခိုက်နိုင်စွမ်းကို မသိလို့လဲ။ တင်းပေါင်ညီလာခံမှာ ငါက နဂါးနတ်ဘုရားတောင်ကြားအတွက် ကြီးကျယ်တဲ့ အောင်ပွဲတွေကို သေချာပေါက် ဆောင်ကျဉ်းပေးနိုင်တယ်"

ရင်ကျစ်စုန့်က ဂုဏ်ယူဝံ့ကြွားစွာ ပြောလိုက်သည်။

"မင်းလား... မင်းလိုအမှိုက်ကလား။ ကိုယ့်ကိုယ်ကိုယ် ဘယ်လို ပါးပြောင်အောင် လုပ်ရမယ်ဆိုတာကိုတော့ တကယ်သိတယ်"

လုမင်က လျစ်လျူရှုစွာ ပြောလိုက်၏။

"မင်း ဘာစကားပြောတာလဲ"

ရင်ကျစ်စုန့်၏ မျက်နှာက မည်းမှောင်သွားသည်။ သူက ဒေါသတကြီးဖြင့် ပြောလိုက်၏။

"လုမင်၊ ငါ အခု မင်းကိုစိန်ခေါ်တယ်။ မင်း ငါ့လက်ထဲမှာ တိုက်ကွက် ဆယ်ကွက် ခံနိုင်ရည်ရှိတယ်ဆိုရင် မင်းကို တင်းပေါင်ညီလာခံမှာ ပါဝင်ဖို့ လုံလောက်နေပြီလို့ ငါဝန်ခံမယ်။ ဘယ်လိုလဲ"

"ဆယ်ကွက်လား"

လုမင်၏ နှုတ်ခမ်းများက တွန့်ကွေးသွားသည်။

"ဘာလဲ၊ မင်းလက်မဝံ့ဘူးလား"

ရင်ကျစ်စုန့်က လှောင်ပြောင်လိုက်ပြီး တာဝန်ခံ အကြီးအကဲဘက်ကို လက်ယှက်ပြကာ ပြောလိုက်သည်။

"အကြီးအကဲ၊ ဒီတိုက်ပွဲကို ခွင့်ပြုနိုင်မယ် မဟုတ်လား"

"လုမင်က သဘောတူရင် ရတယ်"

တာဝန်ခံ အကြီးအကဲက ပြော၏။

အားလုံး၏ မျက်လုံးအကြည့်များက လုမင်ဘက်သို့ လှည့်သွားကြသည်။

ရင်ကျစ်စုန့်ကတော့ လုမင်ကို စိန်ခေါ်နေပြီ။ လုမင်က တိုက်ခိုက်ဝံ့မည်လော။

လက်ရှိတွင် ရင်ကျစ်စုန့်က နဂါးဘုရားတောင်ကြား၏ လူငယ်မျိုးဆက်တွင် ကျစ်ဖုန်းပြီးပါက ဒုတိယ ဖြစ်သည်။

သူတော်စင်တော်စင်တစ်ပိုင်း ဒုတိယအဆင့် ကျင့်ကြံခြင်းအခြေခံမရှိဘဲ ရင်ကျစ်စုန့်ထံမှ တိုက်ခိုက်မှုဆယ်ခုကို မည်သည့် လွယ်ကူစွာ ခုခံနိုင်မည်နည်း။

"ကောင်းပြီ၊ မင်း ငါသဘောတူတယ်"

လုမင် ပြောလိုက်သည်။ သူ့အမူအရာက အေးဆေးတည်ငြိမ်လွန်းပြီး သူဘာတွေတွေးနေလဲဆိုတာ ဘယ်သူမှ မခန့်မှန်းနိုင်ပေ။

ထိုင်ခုံနေရာမှာတော့ ငွေနဂါးတောင်ကြားသခင်မှာ ဝမ်းသာသွားသည်။ သူက ရင်ကျစ်စုန့်ကို အသံပို့လွဖျတ်ပြီး ပြောလိုက်၏။

'ကျစ်စုန့်၊ ဒါက အခွင့်အရေးတစ်ခုပဲ။ ဒါကို ဆုပ်ကိုင်ပြီး လုမင်ကို ဖျက်ဆီးလိုက်ပါ'

ရင်ကျစ်စုန့်က နားလည်ဟန်ဖြင့် ခေါင်းညိတ်ပြလိုက်သည်။ စူးရှသော အလင်းတန်းတစ်ခုကလည်း သူ့မျက်လုံးထဲတွင် တောက်ပလာတော့သည်။

'ဆရာတူမောင်လေး... နင် သတိထားပါ။ ရင်ကျစ်စုန့်ရဲ့ ကျင့်ကြံမှုက သူတော်စင်တစ်ပိုင်း ဒုတိယအဆင့်ကို ရောက်နေပြီ။ နောက်ပြီး သူ့ရဲ့ ဝိညာဉ်ခန္ဓာက မြေကမ္ဘာ အဆင့်မြင့် ဝိညာဉ်ခန္ဓာတစ်ခုပဲ'

ရွယ်နင်ရှင်းက လုမင်ကို သတိထားစေရန် လျှို့ဝှက်စွာ အသံပို့လွှတ်ပြီး ပြောလိုက်သည်။

လုမင်က ထျန်းချွေးနှင့် ရွယ်နင်ရှင်းအား စိတ်ချလက်ချနေရန် ပြုံးပြလိုက်၏။

"ဟမ့်၊ ဒီကောင်စုတ်က ဆရာ့ကို စိန်ခေါ်ချင်နေတာပဲ။ သူက ဆရာ့ရဲ့ ရိုက်နှက်ခြင်းကို သေချာပေါက် ခံရလိမ့်မယ်။ ဆရာက အစွမ်းထက်ဆုံးပဲ"

တစ်ဖက်တွင် လုရှန်းရှန်းက အသံစာစာလေးဖြင့် အော်ပြောလိုက်သည်။

"ဝုန်း"

ရင်ကျစ်စုန့်က တိုက်ပွဲကွင်းပြင်အလယ်သို့ ဝင်ရောက်လာသည်။ သူတော်စင်တစ်ပိုင်း ဒုတိယအဆင့် သူ၏ ကျင့်ကြံမှုကို အပြည့်အဝ ထုတ်ဖော်လိုက်၏။ သူ့ခန္ဓာကိုယ်ကို နိယာမက ဝန်းရံထားကာ အားကောင်းသော အရှိန်အဝါများ ထွက်ပေါ်နေတော့သည်။

"လုမင်၊ မင်းက ကိုယ့်အစွမ်းအစကို တကယ်မသိဘူး။ လွန်ခဲ့တဲ့သုံးနှစ်က မင်းရဲ့ ကျင့်ကြံမှုဟာ စတုတ္ထအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ်မှာပဲ ရှိသေးတာ။ ဒီနှစ်တွေအတွင်းမှာ မင်းဘယ်လောက်မြန်မြန် တိုးတက်နေပါစေ... အခု ဘယ်အဆင့်ကို ရောက်နိုင်ဦးမှာလဲ။ ငါ့ရှေ့မှာ ဒူးထောက်လိုက်စမ်း"

ရင်ကျစ်စုန့်က လှောင်ပြောင်လိုက်သည်။ သူက ရှေ့သို့ ခြေတစ်လှမ်းတိုးပြီး လုမင်ကို လက်သီးဖြင့် ထိုးနှက်လိုက်၏။

"ဒူးထောက်"

လုမင်က ရုတ်တရက် အော်လိုက်သည်။ သူ့မျက်လုံးများမှ မမြင်နိုင်သော ဓားအလင်းနှစ်ခု ထွက်ပေါ်လာပြီး ရင်ကျစ်စုန့်၏ ခန္ဓာကိုယ်ထဲသို့ ထိုးဖောက်ဝင်ရောက်သွားသည်။

"အား..."

ရင်ကျစ်စုန့်က နာကျင်စွာ အော်ဟစ်လိုက်၏။ သူ့မျက်လုံးများ ပြူးထွက်လာပြီး ကြီးစွာသော နာကျင်မှုကြောင့် သူ့မျက်နှာမှာ ရှုံ့မဲ့သွားတော့သည်။

သူ၏ ဝိညာဉ်က ကွက်ထွက်တော့မလို ခံစားလိုက်ရသည်။

"ဒူးထောက်"

လုမင်က ခြေတစ်လှမ်းတိုးပြီး ထပ်မံငေါက်လိုက်သည်။

"ဝုန်း"

လုမင်ထံမှ သူတော်စင်နယ်ပယ် စိတ်ဝိညာဉ်စွမ်းအားက ပေါက်ကွဲထွက်လာပြီး ရင်ကျစ်စုန့်ကို ဖိနှိပ်လိုက်၏။

ဤအခိုက်တွင်၊ လုမင်က ရင်ကျစ်စုန့်၏ မျက်လုံးထဲမှာ နတ်ဘုရားအဖြစ်သို့ ပြောင်းလဲသွားပုံရသည်။ မီတာတစ်သောင်း မြင့်မားသော အရပ်ဖြင် လုမင်က မိုးနှင့်မြေကြားတွင် ရပ်နေ၏။ သူ၏ အတွေးတစ်ခုဖြင့် မိုးနှင့်မြေက ပြိုကျပြီး သန်းနှင့်ချီသော သက်ရှိများ သေဆုံးရလိမ့်မည်။

ထိုအချိန်တွင် ရင်ကျစ်စုန့် လုံးဝကို သွေးပျက်ခြောက်ခြားသွားသည်။ သူ့ကိုယ်သူ မထိန်းနိုင်ဘဲ ချက်ချင်း ဒူးထောက်ချလိုက်တော့သည်။

ထိုမြင်ကွင်းကြောင့် လူအုက်ကြီးမှာ ဟာခနဲ ဖြစ်ကုန်သည်။ သူတို့်မျက်စိကိုပင် မယုံနိုင်သလို ပြူးပြဲပြီး ကြည့်လိုက်ကြ၏။

ရင်ကျစ်စုန့်က လုမင်၏ရှေ့တွင် အမှန်တကယ် ဒူးထောက်နေသည်။

ထို့ပြင် ၎င်းတို့နှစ်ဦးကို တိုက်ခိုက်ခြင်းပင် မပြုခဲ့ရပေ။ ဆန်းကျယ်သော တိုက်ခိုက်မှု မြင်ကွင်းမျိုး မရှိခဲ့ပါ။ လုမင်က 'ဒူးထောက်'ဟု နှစ်ကြိမ်သာ အော်ပြောလိုက်ပြီး ရင်ကျစ်စုန့် ဒူးထောက်သွားခြင်း ဖြစ်သည်။

ဘာများဖြစ်နေပါသနည်း။

ယခင်က ရင်ကျစ်စုန့်သည် အလွန်မောက်မာပြီး လုမင်ကို မျက်စိထဲပင် မထည့်ပေ။ သူ့ထံမှ တိုက်ကွက်ဆယ်ခုကို ခံနိုင်ရည်ရှိပါက လုမင်တွင် တင်းပေါင်ညီလာခံမှာ ပါဝင်ရန် အရည်အချင်းရှိကြောင်း ဝန်ခံမည်ဟုလည်း ဆိုခဲ့သည်။

ယခုမူကား...

အမှန်တကယ်ပင် မတိုက်ခိုက်ရဘဲ သူက လုမင်၏ရှေ့မှာ ဒူးထောက်နေပြီ။ ယင်းက မည်သို့သော အဓိပ္ပာယ်ဖြစ်သနည်း။

"လုမင်၊ မင်းက ဘယ်လို မိစ္ဆာပညာရပ်ကို သုံးလိုက်တာလဲ"

ငွေနဂါးတောင်ကြားသခင်က မယုံကြည်နိုင်စွာ အော်ဟစ်လိုက်သည်။

ရင်ကျစ်စုန့်သည် ငွေနဂါးတောင်ကြား၏ အပြောင်မြောက်ဆုံး ပါရမီရှင်ဖြစ်သော်လည်း လုမင်၏ ငေါက်ငမ်းသံကြောင့် အမှန်တကယ် ဒူးထောက်နေပြီ။

"မိစ္ဆာပညာရပ်လား...၊ ဟာသပဲ။ ခင်ဗျားက တောင်ကြားသခင်ဖြစ်ပြီး သူတော်စင်နယ်ပယ် အကျော်အမော်တစ်ဦးဖြစ်ပါလျက်နဲ့ ဒါကို မိစ္ဆာပညာရပ်လို့ ဘယ်လိုပြောနိုင်တာလဲ"

လုမင်က လှောင်ပြောင်ပြောဆိုလိုက်သည်။

လောကတွင် သိုင်းပညာပေါင်း ထောင်သောင်းချီပြီး လျှို့ဝှက်ပညာရပ် အမျိုးမျိုးကလည်း အဆုံးမရှိပေ။ သို့တိုင်၊ ငွေနဂါးတောင်ကြားသခင်က သူသာမန်လူတစ်ယောက်ကဲ့သို့ မိစ္ဆာပညာရပ်ဟု ပြောဆိုနေသည်။ မည်မျှ ရယ်စရာကောင်းလိုက်ပါသနည်း။

ငွေနဂါးတောင်ကြားသခင်မှာ ဒေါသကြောင့် မျက်လုံးများပင် ပြူးကျယ်သွားသော်လည်း ပြန်လည် မချေပနိုင်တော့ပေ။

"ဒါက သူ့ရဲ့ ဝိညာဉ်စွမ်းအားဆိုတာကိုတောင် ခင်ဗျား မမြင်နိုင်ဘူးလား"

လုံယွမ်ရှန်က တည်ငြိမ်စွာ မေးလိုက်သည်။

"ဒီ တောင်ကြားသခင်က သေချာပေါက် မြင်တာပေါ့ကွ။ မင်း ပြောနေစရာ မလိုဘူး"

ငွေနဂါးတောင်ကြားသခင်က အေးစက်စက် ပြောလိုက်သည်။

လုမင်က စိတ်ဝိညာဉ်စွမ်းအားကို အသုံးပြုခဲ့ခြင်းဖြစ်ကြောင်း သဘာဝအတိုင်း သူ မြင်နိုင်သည်။ သူက ဒေါသအလွန်ထွက်နေသောကြောင့်သာ ပါးစပ်မှ လွှတ်ခနဲ ပြောလိုက်မိခြင်းပင်။

သို့သော်လည်း လုမင်၏ ဝိညာဉ်စွမ်းအားက သန်မာလွန်းသဖြင့် သူတို့ကိုပင် အမှန်တကယ် ထိတ်လန့်စေခဲ့သည်။

'ဒီကောင်လေးရဲ့ ဝိညာဉ်စွမ်းအားက ဘယ်လိုလုပ်ပြီး ဒီအဆင့်အထိ ရောက်နိုင်တာလဲ။ ဒါက သူတော်စင်တစ်ပါးနဲ့တောင် နှိုင်းယှဉ်လို့ရနေပြီ'

ငွေနဂါးတောင်ကြားသခင်က သူ့နှလုံးသားထဲမှ အော်ဟစ်လိုက်သည်။

လုမင်ကို သူ အလွန်မုန်းတီး၏။ လုမင်ကို ရင်ဆိုင်ရတိုင်း သူ့စိတ်ထဲမှ ဒေါသများကို ထိန်းချုပ်မရအောင် ဖြစ်တတ်သည်။ ထိုသို့မဟုတ်ပါက တောင်ကြားသခင်တစ်ဦးအနေဖြင့် ထိုသို့ သရုပ်ပျက်ရမည် မဟုတ်ပေ။

"ဝုန်း"

တိုက်ပွဲကွင်းပြင်တွင်၊ လုမင်က သူ၏ ဝိညာဉ်စွမ်းအားကို ရုပ်သိမ်းလိုက်သည်။ ထိုတော့မှ၊ ရင်ကျစ်စုန့်လည်း သူ၏စိတ်ဝိညာဉ်က ပြန်လည် ပေါ့ပါးလာသည်ကို ခံစားလိုက်ရလေသည်။

ထို့နောက် လုမင်၏ ရှေ့မှာ ဒူးထောက်နေမိကြောင်း သူ သတိပြုမိသွားသည်။ လူတိုင်း၏ မျက်လုံးများကလည်း သူ့ကို စိုက်ကြည့်နေကြ၏။

သူတို့၏ အကြည့်များက အထင်မြင်သေးမှု၊ လှောင်ပြောင်သရော်မှုတို့ ပြည့်နေသည်။

"မဟုတ်ဘူး၊ ဘယ်လိုလုပ်ပြီး ဒီလိုဖြစ်ရတာလဲ"

သူ့နှလုံးသားထဲမှ အော်ဟစ်ရင်း ရင်ကျစ်စုန့်၏ မျက်လုံးများ နီရဲလာသည်။ သူက လုမင်၏ ရှေ့တွင် ဒူးထောက်နေ၏။ သူ့စိတ်ဝိညာဉ် ကွဲအက်သွားသလို ခံစားခဲ့ရပြီးနောက် သူဘာတွေ လုပ်ခဲ့မိမှန်း မသိတော့ပါ။

"မင်းက တကယ်ကို အမှိုက်ပဲ"

လုမင်က လျစ်လျူရှုစွာ ပြောလိုက်သည်။

"လုမင်... မင်း..."

ရင်ကျစ်စုန့် အော်ဟစ်လိုက်၏။ ဒေါသထွက်လွန်းသဖြင့် ပါးစပ်ထဲမှ သွေးများ အန်ထွက်လာတော့သည်။

"ဝိုး... ဝိုး၊ မင်းက အစွမ်းထက်လိုက်တာ။ မင်းက ကိုယ်ဘာသာ‌နေရင်း သွေးတွေ အန်နေတယ်။ ငါ ဒီနေ့တော့ အမြင်ကျယ်ခဲ့ရပါပြီ"

ထျန်းချွေးက မျက်လုံးကြီးပြူးပြီး ပြောလိုက်သည်။ သူ့စကားကြောင့် ရင်ကျစ်စုန့်၏ ပါးစပ်ထဲမှ ‌နောက်တစ်ဖန် သွေးများအန်ထွက်လာပြန်တော့သည်။

"သွားမယ်"

ငွေနဂါးတောင်ကြားသခင်မှာလည်း ဆက်ပြီး မနေနိုင်တော့ပါ။ သူ့အင်္ကျီလက်ကို ခါယမ်းပြီး ထွက်သွားသည်။

ယနေ့တွင် သူ့မျက်နှာက လုံးဝ ပျက်သွားပြီ။ သူ ဆက်နေပါက ရင်ကျစ်စုန့်ကဲ့သို့ သွေးအန်ရမည်ကို သူကြောက်သည်။

All Chapters