← Chapters

အခန်း ၁၆၇၀

Vol. 112 Ch. 1670

အခန်း ၁၆၇၀

Vol. 112 Ch. 1670

အပိုင်း ( 1670 ) တောခွေးဆိုတာ ဒီလိုလား။

ငွေနဂါး တောင်ကြားသခင် ထွက်သွားပြီးနောက် စိန်ခေါ်မှုများ ဆက်လက်ဖြစ်ပွားခဲ့သည်။ ရင်ကျစ်စုန့်က စိန်ခေါ်သူဖြစ်သောကြောင့် တိုက်ပွဲကွင်းပြင်တွင် နေခဲ့ရ၏။

ရင်ကျစ်စုန့်မှာ ရှက်ရွံ့နေသော်လည်း ခေါင်းကြီးငုံ့ကာ တိုက်ပွဲကွင်းပြင်တွင် ဆက်နေခဲ့ရလေသည်။

နောက်ပိုင်းတွင် စိန်ခေါ်မှုများ ဆက်လက်ဖြစ်ပွားနေသော်လည်း လုမင်၏ တိုက်ခိုက်ရေးအင်အားကြောင့် မည်သူမျှ မစိန်ခေါ်ဝံ့တော့ပေ။

အမှန်တော့ ထိပ်တန်း ပါဝင်သူများကို မည်သူမျှ စိန်ခေါ်ဝံ့ခြင်း မရှိခဲ့ပါ။ နောက်ပိုင်းမှာ စိန်ခေါ်မှုတချို့ရှိသော်လည်း အားလုံး ကျရှုံးခဲ့ရသည်။

နေ့ဝက်ကြာပြီးနောက် စိန်ခေါ်မှုများ ပြီးဆုံးသွားပြီး မျိုးစေ့နှစ်ဆယ်ကို ဆုံးဖြတ်ခဲ့ပေသည်။

တိမ်နဂါးတောင်ကြားရှိ ဂူအိမ်တော် တစ်ခုတွင်...

လုံယွမ်ရှန်၊ လုမင်၊ ထျန်းချွေးနှင့် ရွယ်နင်ရှင်းတို့က စားပွဲတစ်ခုတွင် ဝိုင်းထိုင်ကာ ပျော်ရွှင်စွာ စားသောက်နေကြသည်။

"ဟားဟားဟား၊ ဒီနေ့ ငွေတောင်ကြားသခင်ရဲ့ မျက်နှာအမူအရာကို မြင်ရတာ အရမ်းကောင်းတာပဲ"

ထျန်းချွေးက အရက်အနည်းငယ်သောက်ပြီး ရယ်မောလိုက်သည်။

လုံယွမ်ရှန်နှင့် ရွယ်နင်ရှင်းတို့လည်း ငွေနဂါး တောင်ကြားသခင်၏ အဖြစ်သနစ်များကို တွေးတောရင်း ပြုံးလိုက်ကြလေသည်။

"နဝမမြောက် ဆရာတူညီလေး... အခု မင်းရဲ့ ကျင့်ကြံခြင်းအဆင့်က ဘယ်လိုလဲ"

လုံယွမ်ရှန်က မေးလိုက်သည်။

ထျန်းချွေးနှင့် ရွယ်နင်ရှင်းတို့လည်း သိလိုစိတ်ဖြင့် ကြည့်လိုက်၏။

လုမင်က ဘာမျှ မဖုံးကွယ်ထားပေ။ သူတော်စင်တစ်ပိုင်း ဒုတိယအဆင့်၏ အငွေ့အသက်များ ထွက်ပေါ်လာသည်။

"နိယာမ... ဒါက သူတော်စင်တစ်ပိုင်း ဒုတိယအဆင့်ပဲ။ အံ့ဩစရာကောင်းလိုက်တာ"

ထျန်းချွေးက မျက်လုံးကြီးပြူးကာ ပြောလိုက်လေသည်။

"နဝမမြောက် ဆရာတူမောင်လေးရဲ့ အရည်အချင်းက တကယ်ကို ထူးထူးခြားခြားပါပဲ။ မင်းရဲ့ ဆရာတူအစ်မတစ်ယောက်အနေနဲ့ ငါ နောက်ကျနေပြီ"

ရွယ်နင်ရှင်းက ပြုံးပြီး ပြောလိုက်သည်။

လုမင်ကို စတွေ့ကတည်းက လုမင်၏ ကျင့်ကြံမှုအဆင့်ဟာ သူတို့ထက်မနိမ့်ကျမှန်း သိသည်။ ယခုတော့ လုမင်က သူတို့ထက်ပင် ကျော်လွန်သွားပြီ။ သူ၏ အရည်အချင်းက တကယ်ကို ထူးကဲသည်။

သူတို့အားလုံး လုမင်အတွက် ပျော်ရွှင်ခဲ့ကြလေသည်။

သို့သော်လည်း လုံယွမ်ရှန်၏ အမူအရာက လေးနက်လာကာ မေးလိုက်သည်။

"နဝမမြောက် ဆရာတူညီလေး၊ မင်း နတ်ဘုရားသားတော်ကို အနိုင်ယူဖို့ ယုံကြည်မှုရှိလား"

ထိုစကားကိုကြားတော့ ထျန်းချွေးနှင့် ရွယ်နင်ရှင်းတို့၏ မျက်နှာများလည်း တည်သွားကြသည်။ စိုးရိမ်ပူပန်မှု အရိပ်အယောင်များ ပေါ်လာ၏။

လုမင်က သန်မာသော်လည်း သူတော်စင်တစ်ပိုင်း ဒုတိယအဆင့်ကိုသာ ရောက်သေးသည်။ တစ်ဖက်တွင်၊ နတ်ဘုရားသားတော်က လွန်ခဲ့သော တစ်နှစ်ခွဲခန့်ကပင် သူတော်စင်နယ်ပယ်သို့ ရောက်ရှိခဲ့သည်။

သူတော်စင်နယ်ပယ်တွင် သူတော်စင်နှလုံးသားကို ဖွဲ့စည်းနိုင်သည်။ ယွမ်ချီစွမ်းအင်ကလည်း သူတော်စင်စွမ်းအင်အဖြစ်သို့ ပြောင်းလဲသွား၏။ နိယာမကိုပင် ထိန်းချုပ်နိုင်သေးသည်။ သူတော်စင်များက သူတော်စင်တစ်ပိုင်းထက် များစွာပို၍ အားကောင်းသည်။

သူတော်စင်တစ်ပိုင်း ဒုတိယအဆင့်တွင် သူတော်စင်တစ်ဦးကို တိုက်ခိုက်ရန်မှာ ခက်ခဲလွန်းပေသည်။ ထို့ပြင်၊ နတ်ဘုရားသားတော်က သာမန်သူတော်စင်မဟုတ်ဘဲ စန်းပြည်နယ်၏ ထိပ်သီး ပါရမီရှင် ဖြစ်သည်။

"နတ်ဘုရားသားတော်ရဲ့ ကျင့်ကြံမှုက သူတော်စင်နယ်ပယ် အစောပိုင်းအဆင့်မှာ ရှိနေဦးမယ်ဆိုရင် သူ့ကိုသတ်ဖို့ ငါးဆယ်ရာခိုင်နှုန်း အခွင့်အလမ်းရှိပါတယ်"

လုမင်က ခဏစဉ်းစားနေပြီး ပြောလိုက်သည်။

"ဘာ၊ သူ့ကိုသတ်ဖို့ အခွင့်အလမ်း ငါးဆယ်ရာခိုင်နှုန်း ရှိတာလား"

လုံယွမ်ရှန်၊ ထျန်းချွေးနှင့် ရွယ်နင်ရှင်းတို့ အံ့ဩသွား၏။

လုမင်ကို ယုံကြည်မှုရှိမည်ဟု သူတို့ မျှော်လင့်ထားသော်လည်း၊ နတ်ဘုရားသားတော်ကို သတ်ရန် ငါးဆယ်ရာခိုင်နှုန်း အခွင့်အလမ်းရှိသည်ဟု အမှန်တကယ် ပြောလိမ့်မည်ဟု စိတ်ကူးတောင်မှမယဉ်ဖူးပေ။

အနိုင်ယူခြင်းနှင့် သတ်ဖြတ်ခြင်းက မတူညီသော အယူအဆနှစ်ခု ဖြစ်သည်။

တစ်ယောက်ကို သတ်ရန်က အနိုင်ယူရန်ထက် များစွာ ပိုခက်ခဲပေသည်။

လုမင်က နတ်ဘုရားသားတော်ကိုသတ်ရန် အခွင့်အလမ်း ငါးဆယ်ရာခိုင်နှုန်း အမှန်တကယ် ရှိနေသည်။

လုံယွမ်ရှန်၊ ထျန်းချွေးနှင့် ရွယ်နင်ရှင်းတို့လည်း တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ သူတို့က သူတို့၏ ဆရာတူညီ/မောင်ကို လျှော့တွက်ထားပုံပင်။

"ဟားဟားဟား၊ ကောင်းတယ်။ ဒီလိုဆိုမှတော့ တင်းပေါင်ညီလာခံမှာ မင်းရဲ့ ပြိုင်ဘက်ကင်းတဲ့ စွမ်းရည်တွေ ပြသပြီး နတ်ဘုရားသားတော်ကို ချေမှုန်းမဲ့ မြင်ကွင်းကို ငါတို့စောင့်နေမယ်"

ထျန်းချွေးက အားပါးတရ ရယ်မောပြီး အရက်အိုးကို ကောက်ယူမော့လိုက်သည်။

သူတို့အချင်းချင်း မတွေ့ရသည်မှာ တစ်နှစ်ကျော်သွားပြီမို့ သဘာဝအတိုင်း စကားတွေအများကြီး ပြောဖြစ်ကြပေသည်။ ညနက်သည်အထိ သောက်ရင်း စကားစမြည်ပြောပြီးမှ နောက်ဆုံးတွင် ထွက်သွားကြတယ်။

နောက်ရက်များတွင် လုမင်က တိတ်တဆိတ် လေ့ကျင့်ရန် အခန်းအောင်းသွားလေသည်။

နတ်ဘုရားသားတော်သည် လွန်ခဲ့သော တစ်နှစ်ခွဲခန့်ကပင် သူတော်စင်နယ်ပယ်သို့ ဖြတ်သွားခဲ့သည်။ သို့သော်လည်း၊ သူတော်စင်နယ်ပယ်သို့ ရောက်ပြီးနောက် အဆင့်တက်ရန် အလွန်ခက်ခဲပြီး လိုအပ်သော အရင်းအမြစ်များနှင့် အချိန်များသည် သိုင်းအုပ်ချုပ်သူနယ်ပယ်နှင့် နှိုင်းယှဉ်၍မရပေ။

သို့ရာတွင်၊ နတ်ဘုရားသားတော်က အလွန်ထူးချွန်ပြီး ကောင်းကင်နတ်ဘုရားဂိုဏ်း၏ ထောက်ခံမှုကို အပြည့်အဝ ရရှိထားသူ ဖြစ်သည်။ နတ်ဘုရားသားတော်သည် ဤတစ်နှစ်ခွဲအတွင်း မည်မျှ တိုးတက်လာမလဲဆိုတာ မည်သူသိမည်နည်း။

နတ်ဘုရားသားတော်သာ ထပ်မံ အဆင့်တက်သွားပါက သူ့ကို အနိုင်ယူရန် ခက်ခဲပေလိမ့်မည်။

ထို့ကြောင့် တစ်ခုတည်းသောနည်းလမ်းမှာ သူ၏ ကိုယ်ပိုင်ခွန်အားကို စဉ်ဆက်မပြတ် မြှင့်တင်ရန် ဖြစ်သည်။

နောက်ရက်များတွင် လုမင်က ကစဉ့်ကလျားနိယာမကို နားလည်ဆင်ခြင်ရင်း ကစဉ့်ကလျား ကောင်းကင်မှောက်လှန် တံဆိပ်တော်ကိုလည်း လေ့ကျင့်‌ခဲ့သည်။

ကစဉ့်ကလျား ကောင်းကင်မှောက်လှန် တံဆိပ်တော်က ပဉ္စမအဆင့်၏ အထွတ်အထိပ်သို့ ရောက်ရှိနေပြီ။ အကယ်၍ ဆဌမအဆင့်သို့ ဖြတ်ကျော်နိုင်ခဲ့ပါက လုမင်၏ တိုက်ခိုက်နိုင်စွမ်းမှာ တစ်ဖန် တိုးလာမည်ဖြစ်သည်။

မျက်စိတစ်မှိတ်အတွင်း တစ်လကျော် ကြာသွားပြီ။

တင်းပေါင်ညီလာခံ မစတင်မီ တစ်လခန့်သာ လိုတော့သဖြင့် စန်းတောင်သို့ ထွက်ခွာရန် အချိန်ကျပြီ ဖြစ်သည်။

ထျန်းချွေး၊ ရွယ်နင်ရှင်း၊ လုမင်နှင့် လုရှန်းရှန်းတို့က အတူတကွ ထွက်ခွာမည် ဖြစ်၏။ လုရှန်းရှန်းကလည်း လိုက်ချင်သောကြောင့် ခေါ်ခဲ့ရခြင်း ဖြစ်ချေသည်။

သူတို့မသွားခင်မှာ လုမင်က ဆုလဲ့ဆီသို့ သတင်းပို့လိုက်သည်။ လုမင်က စန်းတောင်သို့ သွားသောအခါ ဆုလဲ့ကို ခေါ်သွားမည်ဟု ကတိပေးထားသည် မဟုတ်လော။

"ဒီတစ်ခါတော့ ငါ့ရဲ့ ကောင်းကင်ခွင်းလွန်းပျံနဲ့ သွားကြတာပေါ့"

ရွယ်နင်ရှင်းက ပြုံးပြီး သူမ၏ ကောင်းကင်ခွင်းလွန်းပျံကို ထုတ်ယူလိုက်သည်။ ကောင်းကင်ခွင်းလွန်းပျံက ငွေရောင်အလင်းတန်းများဖြင့် လင်းလက်တောက်ပနေပြီး အလွန်လှပ၏။

ရွယ်နင်ရှင်း၏ ကောင်းကင်ခွင်းလွန်းပျံက သာမန်မဟုတ်ကြောင်း တစ်ချက်ကြည့်ရုံဖြင့် လုမင် ခန့်မှန်းလိုက်မိသည်။

သူတို့ငါးယောက်က ကောင်းကင်ခွင်းလွန်းပျံထဲကို ဝင်ရောက်သွားကြသည်။ ထို့နောက် ကောင်းကင်ခွင်းလွန်းပျံက ငွေရောင်အလင်းတန်းကဲ့သို့ ကောင်းကင်ကို ဖြတ်သန်းသွား၏။ ၎င်း၏ အမြန်နှုန်းက သာမန် ကောင်းကင်ခွင်းလွန်းပျံထက် နှစ်ဆခန့် မြန်သည်။

နဂါးနတ်ဘုရားတောင်ကြားမှ စန်းတောင်အနီးသို့ ရောက်ရန် ခုနစ်ရက်သာ ကြာမြင့်ခဲ့ပေသည်။

စန်းတောင်အနီးသို့ ရောက်သောအခါ လွန်းပျံယဉ်ကိုသိမ်းပြီး ဤအတိုင်း ပျံသန်းသွားကြသည်။

"ဝုန်း... ဝုန်း"

စန်းတောင်သို့ ရောက်သောအခါ သူတို့ရှေ့မှ ကျယ်လောင်သော ပေါက်ကွဲသံကို ကြားလိုက်ရသည်။ တောက်ပသော အလင်းတန်းများကလည်း ကောင်းကင်သို့ လွင့်ပျံလာ၏။ ထိုနေရာတွင် တိုက်ပွဲဖြစ်နေပြီ။

လူတချို့က ကောင်းကင်မှရပ်ကာ ကြည့်နေကြသည်။

သူတို့ငါးယောက် ချဉ်းကပ်လာသောအခါ၊ တိုက်ခိုက်နေသော လူနှစ်ဦးစလုံးက မတူညီသော ဂိုဏ်းနှစ်ခုမှ ဆဋ္ဌမအလွှာ သိုင်းအုပ်ချုပ်သူနယ်ပယ် ကျင့်ကြံသူများဖြစ်ကြောင်း သိလိုက်ရသည်။

တင်းပေါင်ညီလာခံကြီး မစတင်မီအချိန်မှာ ဆဋ္ဌမအလွှာ သိုင်းအုပ်ချုပ်သူနယ်ပယ် ကျင့်ကြံသူများ၏ စင်မြင့် ဖြစ်သည်။ ဆဋ္ဌမအလွှာ သိုင်းအုပ်ချုပ်သူနယ်ပယ်အောက်ရှိ ကျင့်ကြံသူများက အချင်းချင်း တိုက်ခိုက်ကြသည်မှာ ပုံမှန် ဖြစ်ချေသည်။

လုမင်တို့ငါးဦး ရောက်ရှိလာခြင်းက လူအများ၏ အာရုံကို ဖမ်းစားနိုင်ခဲ့သည်။ လူအများက လုမင်တို့လူစုကို ကြည့်လိုက်ကြ၏။

"ဟင်... အဲဒါက လုမင် မဟုတ်လား"

"တကယ်ကို သူပဲ၊ နောက်ဆုံးတော့ သူပေါ်လာပြီ။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်က သူ့ကို မြင်ရခဲတယ်။ လွန်ခဲ့တဲ့ တစ်နှစ်ကျော်ကပဲ ထျန်းဖုန်းလွင်ပြင်မှာ တစ်ကြိမ် ပေါ်လာတာ။ အဲဒီနောက်မှာတော့ အရိပ်အယောင်တောင်မှ မတွေ့ရအောင် ပျောက်ကွယ်သွားတော့တာပဲ"

"ဒီတင်း‌ပေါင်ညီလာခံကို သူ မလာတော့ဘူးလို့ ထင်နေတာ။ တကယ်ကြီး သူ ရောက်လာမယ်လို့ မမျှော်လင့်ထားဘူး။ စိတ်ဝင်စားစရာတော့ကောင်းလာပြီ"

လုမင်၏ အသွင်အပြင်က လူအုပ်ကြားတွင် ဆွေးနွေးမှုလှိုင်းများ ဖြစ်ပေါ်လာစေခဲ့သည်။

"ဟားဟားဟား... လုမင်၊ မင်း တကယ်ကို သတ္တိကောင်းတာပဲ။ မင်းကို လိပ်တစ်ကောင်လို ခေါင်းကိုဝှက်ပြီး ပုန်းနေမယ်လို့ ငါထင်ထားတာ"

လှောင်ပြောင်ရယ်မောသံတစ်ခုက လူအုပ်ကြားမှ ထွက်ပေါ်လာသည်။

လူရိပ်တချို့က လေထဲမှ ပျံသန်းပြီး လုမင်တို့ရှေ့ကို ရောက်လာကြ၏။ သူတို့က လုမင်အား လှောင်ပြောင်သရော်ဟန်ဖြင့် ကြည့်နေကြသည်။

"ရှစ်ကွမ်း"

လုမင်၏ မျက်လုံးများက အရောင်လက်သွားသည်။

စကားပြောလိုက်သူမှာ ကောင်းကင်နတ်ဘုရားဂိုဏ်းမှ ရှစ်ကွမ်း ဖြစ်၏။ နောက်ဆုံးတစ်ခေါက်က တင်းပေါင်ညီလာခံအတွက် စန်းတောင်သို့ ရောက်လာသောအခါ၊ လုမင်နှင့် အခြားသူများသည် ရှစ်ကွမ်း၏ လိုက်လံဖမ်းဆီးခြင်းကို ခံခဲ့ရသည်။

ဤသုံးနှစ်အတွင်းမှာ ရှစ်ကွမ်းက ပို၍ အားကောင်းလာပုံရ၏။ သူ့ထံမှ သန့်စင်သော အလင်းများ ဖြာထွက်နေပြီး နိယာမစွမ်းအင်က လှည့်ပတ်စီးဆင်းနေသည်။

ရှစ်ကွမ်း၏ ကျင့်ကြံမှုက သူတော်စင်တစ်ပိုင်း ဒုတိယအဆင့်သို့ ရောက်နေပြီ။

သို့သော်လည်း ရှစ်ကွမ်း၏ ဝိညာဉ်ခန္ဓာက မြေကမ္ဘာအလယ်လတ်အဆင့်သာ ဖြစ်သည်။ ယခုအချိန်မှာတော့ လုမင်က သူ့ကို တစ်ချက်တည်းဖြင့် ရိုက်သတ်နိုင်နေပြီ။

"ကံဆိုးလိုက်တာကွာ၊ စန်းတောင်ကို ရောက်ခါစပဲရှိသေးပေမဲ့ တောခွေးဟောင်သံကို ကြားလိုက်ရတယ်"

ထျန်းချွေးက ခေါင်းကိုခါယမ်းပြီး ပြောလိုက်သည်။

"ဆရာတူအစ်ကိုပြောတာ မှန်တယ်၊ တောခွေးတောင်မှ တောခွေးရုပ်ဆိုးကြီး"

ရွယ်နင်ရှင်းကလည်း ပြောသည်။

ထျန်းချွေးနှင့် ရွယ်နင်ရှင်း၏ စကားကိုကြားတော့ လုရှန်းရှန်းက တခစ်ခစ် ရယ်မော၏။ သူမက မျက်တောင်တဖျတ်ဖျတ်ခတ်ကာ ပြောလိုက်သည်။

"ဆရာဦးလေးနဲ့ ဆရာဒေါ်လေး... အဲဒါက တောခွေးတစ်ကောင်လားဟင်။ ဒီလိုခွေးမျိုးကို ပထမဆုံး မြင်ဖူးတာပဲ"

လုရှန်းရှန်း၏ ပုံစံလေးက အလွန်တရာ အပြစ်ကင်းစင်ပြီး မသိနားလည်သော ကလေးတစ်ယောက်လိုပင်။ သို့သော်လည်း သူ့အမူအရာနှင့် စကားများကို ကြားသောအခါ ပတ်ဝန်းကျင်မှ လူများလည်း မနေနိုင်ဘဲ ရယ်မောလိုက်ကြသည်။

All Chapters