အခန်း ၁၆၇၂
Vol. 112 Ch. 1672
အပိုင်း ( 1672 ) တစ်သုတ်ကို အရင်သတ်မယ်။
"သခင်လေးရှင့်... ဒီလို နတ်သားရဲအလောင်းကို ဈေးဖြတ်ဖို့က ကျွန်မအတွက် ခက်ခဲပါတယ်။ အဲဒါကြောင့် သင်းထောက်ကို ခေါ်ရမှာဖြစ်လို့ ခဏလောက် စောင့်ပေးပါ"
မိန်းကလေးက ပြောလိုက်သည်။ ထို့နောက် အသံလွှင့်ကျောက်တစ်ခုကို ထုတ်ယူပြီး မက်ဆေ့ခ်ျပို့လိုက်၏။
ခဏကြာတော့ ဆံပင်ဖြူ အဘိုးကြီးတစ်ယောက် ကောင်တာဆီသို့ ရောက်လာခဲ့သည်။
အဘိုးအိုထံမှ သန့်စင်သော အငွေ့အသက်တို့ မသိမသာ ထွက်ပေါ်နေသည်။ လုမင်လည်း ထိုအဖိုးအိုက သူတော်စင်နယ်ပယ် အကျော်အမော်တစ်ဦး ဖြစ်ရမည်ဟု မှန်းဆလိုက်မိသည်။
အဖိုးအိုက လုမင်၏ သိုလှောင်လက်စွပ်ကို ကောက်ယူပြီး ဝိညာဉ်အသိဖြင့် ကြည့်လိုက်သည်။ သေသေချာချာ စစ်ဆေးကြည့်ပြီးနောက် သူ့အမူအရာ အနည်းငယ် ပြောင်းသွား၏။
ခဏကြာမှ အဖိုးအိုက လုမင်ကို အသံပို့လွှတ်ကာ ပြောလိုက်သည်။
"ညီငယ်လေး၊ ဒီနတ်သားရဲက သေဆုံးခဲ့တာ နှစ်ပေါင်းများစွာ ကြာမြင့်ပြီဖြစ်လို့ ဝိညာဉ်အနှစ်သာရ အများကြီးကုန်ဆုံးသွားပေမဲ့ သူတစ်ကောင်လုံးရဲ့ ဈေးနှုန်းကတော့ ကောင်းကင်ခွင်းလွန်းပျံတွေထက် အများကြီး ပိုမြင့်ပါသေးတယ်။ မင်း ဒါကို အမြန်နှုန်းငါးဆ ကောင်းကင်ခွင်းလွန်းပျံရယ်... အစစ်အမှန်နဂါးအရိုး တစ်ထောင့်ငါးရာ ကီလိုဂရမ်နဲ့ ရောင်းဝယ်လိုတာ သေချာပြီလား"
"ဟုတ်ပါတယ်"
လုမင် ခေါင်းညိတ်လိုက်၏။
လင်းယုန်ကြီး၏ အလောင်းက သူ့အတွက် အသုံးမဝင်သောကြောင့် အသုံးဝင်သော အရာတစ်ခုအဖြစ် လဲလှယ်လိုက်သည်မှာ ပိုကောင်းသည်။
"ကောင်းပြီလေ၊ ညီငယ်လေးကိုလည်း အရှုံးမပေါ်အောင် တောက်ပသော သူတော်စင် ပြီးပြည့်စုံခြင်းအဆင့် အစစ်အမှန်နဂါးရဲ့ သွေးအနှစ်သာရကိုးစက် ထပ်ထည့်ပေးလိုက်ပါ့မယ်"
အဘိုးအိုက ပြုံးပြီး အခြား သိုလှောင်လက်စွပ်တစ်ကွင်းကို လုမင်အား ပြန်ပေးလိုက်သည်။
လုမင်က လက်ခံယူပြီး ဝိညာဉ်အသိဖြင့် စစ်ဆေးကြည့်လိုက်သည်။ သိုလှောင်လက်စွပ်အတွင်း၌ ကောင်းကင်ခွင်းလွန်းပျံတစ်ခု ရှိနေပြီဖြစ်ကြောင်း တွေ့လိုက်ရ၏။ ထို့ပြင်၊ အစစ်အမှန်နဂါးအရိုး အပုံတစ်ပုံကို ထည့်ထားသော ကျောက်စိမ်းသေတ္တာကြီး တစ်လုံးနှင့် ကျောက်စိမ်းပုလင်းတစ်လုံးကိုလည်း တွေ့ရသေးသည်။ ၎င်းကတော့ တောက်ပသော သူတော်စင်နယ်ပယ် ပြီးပြည့်စုံခြင်းအဆင့် အစစ်အမှန်နဂါး၏ သွေးအနှစ်သာရ ကိုးစက်ဖြစ်ရမည်။
လုမင်လည်း သိမ်းဆည်းလိုက်ပြီးနောက် လက်ယှက်ကာ ပြောလိုက်သည်။
"ကျေးဇူးတင်ပါတယ် အကြီးအကဲ"
"ယဉ်ကျေးနေစရာ မလိုပါဘူး။ ဒါပေမဲ့ ညီငယ်လေး သတိတော့ထားသင့်တယ်။ တစ်စုံတစ်ယောက်က မင်းကို ပစ်မှတ်ထားလာမှာ ကြောက်ရတယ်"
အဘိုးအိုက သတိပေးလိုက်သည်။
လုမင်က ပြုံးပြီး ပတ်ဝန်းကျင်ကို တစ်ချက်ဝေ့ကြည့်လိုက်၏။ ဤအခိုက်တွင် သူ့ကိုကြည့်နေသော မျက်လုံးအစုံများစွာကို တွေ့လိုက်ရသည်။
လုမင်တို့က အသံပို့လွှတ်ပြီး ပြောဆိုနေခြင်းဖြစ်သောကြောင့် အခြားသူများမှာ သူတို့ပြောဆိုနေသည်များကို မကြားနိုင်ပေ။ သို့သော်လည်း လုမင်က အမြန်နှုန်းငါးဆ ကောင်းကင်ခွင်းလွန်းပျံကို ဝယ်ယူလိုကြောင်း ပြောခဲ့သည်။
သူတော်စင်နယ်ပယ် အကျော်အမော်တစ်ဦးပင်လျှင် ဤကဲ့သို့သော ရတနာမျိုးအတွက် မနာလိုဖြစ်ရမည်။
ထို့ပြင်၊ အဓိပတိရတနာခန်းမ၏ သင်းထောက်တစ်ဦးလည်း နောက်ပိုင်းတွင် ရောက်လာသည်။ သို့ဆိုလျှင် လုမင်က ဘယ်လိုရတနာကို ထုတ်ပေးလိုက်သနည်း။ ရတနာခန်းမ၏ သင်းထောက်ကိုယ်တိုင် ကိုင်တွယ်ရန် အဘယ်ကြောင့် လိုအပ်သနည်း။
လုမင်၏ ခန္ဓာကိုယ်ပေါ်တွင် ရတနာကြီးတစ်ခု ရှိနေမည်မှာ သေချာသည်။
ထိုသို့တွေးမိသောအခါ လူအများ၏ မျက်လုံးများက တောက်ပလာတော့သည်။
"ဆရာတူညီလေးရေ... ငါတို့ကတော့ ထပ်ပြီး ပစ်မှတ်ထားခံရပြီထင်တယ်"
ထျန်းချွေးက စူးရှသော မျက်လုံးများဖြင့် ဝေ့ကြည့်ရင်း ပြောလိုက်သည်။
"ဒါဆို ပိုမကောင်းဘူးလား။ တင်းပေါင်ညီလာခံ မတိုင်ခင်မှာ တစ်သုတ်ကို သတ်ပစ်လိုက်ရင် အချိန်တန်တဲ့အခါ ပိုလွယ်သွားတာပေါ့"
လုမင်က နှုတ်ခမ်းတွန့်ရုံ ပြုံးလိုက်၏။
ဟုတ်သည်၊ သူတို့က အသံပို့လွှတ်ပြီး ပြောဆိုနေခြင်း ဖြစ်ချေသည်။
ထျန်းချွေးနှင့် ရွယ်နင်ရှင်းတို့၏ မျက်လုံးများက ရက်စက်မှုတို့ ပေါ်လာခဲ့သည်။
"အပြင်ထွက်ပြီး စောင့်ဖမ်းကြရအောင်"
"ကောင်းတယ်၊ လုမင်မှာ အဖိုးတန် ရတနာတွေ ရှိနေမှာသေချာတယ်။ အဲဒါတွေက ငါတို့ဟာပဲ"
လုမင်တို့သုံးယောက်က အသံပို့လွှတ်ပြီး စကားပြောနေကြစဉ် အခြားသူများကလည်း လျှို့ဝှက်ဆက်သွယ်နေကြသည်။
ထို့နောက် လူတစ်စုက ရတနာခန်းမမှ တိတ်တဆိတ်ထွက်သွား၏။ သူတို့က လုမင်နှင့် အခြားသူများ ဖြတ်သန်းရမည့်လမ်းမှ စောင့်ဆိုင်းနေခဲ့ကြလေသည်။
လုမင်တို့ သုံးယောက်ကတောပ အေးအေးလူလူရှိနေဆဲ ဖြစ်သည်။
ထျန်းချွေးနှင့် ရွယ်နင်ရှင်းလည်း ပစ္စည်းအချို့ကို အသီးသီးဝယ်ယူလိုက်၏။
သူတို့ သုံးယောက်စလုံး ကိုယ်စီ လိုအပ်သောအရာများကို ရရှိကြသောကြောင့် ကျေနပ်သွားကြသည်။ ထို့နောက်တော့ သူတို့က ရတနာခန်းမမှ ထွက်ခွာကာ နဂါးနတ်ဘုရားတောင်ကြားသို့ ဦးတည်လိုက်တော့သည်။
သူတို့သုံးယောက်က ရတနာခန်းမမှ ထွက်လာသည်နှင့် တပြိုင်နက် လူတစ်စုက နောက်ကနေ တိတ်တဆိတ် လိုက်သွားကြသည်။
"သူတို့က ငါတို့နောက်ကို တကယ်လိုက်နေတာပဲ"
ရွယ်နင်ရှင်းက လှောင်ပြောင်လိုက်သည်။
"သူတို့ထဲမှာ ကောင်းကင်နတ်ဘုရားဂိုဏ်းကလည်း လာရောက်မယ်လို့ တကယ် မျှော်လင့်မိပါတယ်"
လုမင်က ပြုံးပြီး ပြောလိုက်၏။
ကောင်းကင်နတ်ဘုရားဂိုဏ်းမှ လူများပါဝင်ပါက သူဟာ ၎င်းတို့ကို ပွင့်ပွင့်လင်းလင်း သတ်နိုင်မည် ဖြစ်သည်။
မည်သို့ပင်ဆိုစေ၊ သူနှင့် ကောင်းကင်နတ်ဘုရားဂိုဏ်းက အတူတူ မရပ်တည်နိုင်သော ရန်သူများ ဖြစ်နေပြီ။ အကယ်၍၊ သူတို့ထဲမှ လူတချို့ကို နောက်ထပ် သတ်နိုင်လျှင် အဘယ်ကြောင့် မလုပ်ရမည်နည်း။
နောက်မှ လိုက်လာသူများကတော့ ချက်ချင်း မတိုက်ခိုက်သေးပါ။ သူတို့က ရတနာခန်းမနှင့် အဝေးကိုရောက်သည်အထိ စောင့်ဆိုင်းနေလိုကြောင်း ထင်ရှားသည်။
လုမင်တို့ သုံးဦးလည်း အေးဆေးဆေးဆေး ပျံသန်းသွားကြလေသည်။ မကြာမီ၊ ဝတ်စုံနက်ဝတ် လူတစ်စုက သူတို့ရှေ့မှ လမ်းပိတ်ထားကြောင်း တွေ့လိုက်ရသည်။
လုမင်တို့ သုံးယောက်လည်း ရပ်လိုက်ကြလေသည်။
ထိုအချိန်တွင် သူတို့နောက်မှ လိုက်လာသူများလည်း ကိုယ်ထင်ပြကာ ဝိုင်းလိုက်ကြသည်။
"နောက်ဆုံးတော့ မင်းဒီကို ရောက်လာပြီပေါ့။ လုမင်... မင်းရဲ့ သိုလှောင်လက်စွပ်ကို လွှဲပေးလိုက်ပါ"
ရှေ့ဆုံးမှ လူတစ်ယောက်က အေးစက်စက် ပြောလိုက်သည်။
"နောက်တစ်ခါ ဓားပြတိုက်ခံရပြန်ပြီပေါ့။ လွန်ခဲ့တဲ့ သုံးနှစ်လောက်က ဒီလိုဖြစ်ခဲ့ပြီး အခုလည်း ထပ်လုပ်နေပြနိပြီ။ သူတို့က တကယ် မပြောင်းလဲသေးဘူး"
လုမင် ပြုံးလိုက်သည်။
"မင်းတို့ လိုချင်ရင် ကိုယ်တိုင်လာယူပေါ့"
လုမင်က ဂရုမစိုက်သလို ပြောလိုက်သည်။
"ဟမ့်၊ လုမင်... မင်းက သေချင်နေမှတော့ မင်းရဲ့ဆန္ဒကို ငါဖြည့်ဆည်းပေးမယ်။ နတ်ဘုရားသားတော်နဲ့ တိုက်ခိုက်နေစရာတောင် မလိုတော့ပါဘူး။ မင်းကို အခုပဲသတ်မှာဖြစ်လို့"
ထိုလူက အေးစက်စက် ပြောလိုက်၏။ ထို့နောက် လူအနည်းငယ် ထွက်လာပြီး လုမင်ကို ရင်ဆိုင်လိုက်တော့သည်။
"လုမင်က ငါတို့အတွက်ပဲ"
နောက်ဘက်မှ လူများကလည်း ပြောလိုက်ကြသည်။
"ဆရာတူညီလေး လုမင်က ခဏနေပါဦး။ ငါ အရင်ဆုံး ပျော်လိုက်ဦးမယ်"
ထျန်းချွေး၏ မျက်လုံးများက ရက်စက်ကြမ်းကြုတ်မှုတို့ပေါ်လာသည်။
"ထျန်းချွေး၊ ရှင်က အရှေ့ဘက်ကိုကြည့်ပါ။ အနောက်ဘက်ကိုတော့ ကျွန်မအတွက် ထားလိုက်"
ရွယ်နင်ရှင်းက ပြောလိုက်သည်။ သူ့ခန္ဓာကိုယ်ပေါ်တွင် နဂါးကြေးခွံအလွှာတစ်ခု ပေါ်လာ၏။ သူမက ခြေတစ်လှမ်းဆုတ်ပြီး နောက်ဘက်သို့ ပြေးထွက်သွားတော့သည်။
"ဂါး"
နဂါး ဟိန်းဟောက်သံကို ကြားလိုက်ရသည်။ ရွယ်နင်ရှင်းက နှင်းနဂါးအသွင် ပြောင်းလဲလိုက်၏။ သူ့ခန္ဓာကိုယ်က ဖြူဆွတ်နေပြီး အားကောင်းသော အအေးလှိုင်းတို့ ဖြာထွက်နေက လက်သည်းကုပ်ချက် ထုတ်ဖော်လိုက်တော့သည်။
"ဝုန်း"
ဝိညာဉ်စုံနက်ဝတ် နဝမအဆင့် သိုင်းအုပ်ချုပ်သူတစ်ဦးမှာ ရွယ်နင်ရှင်း၏ လက်သည်းကုပ်ချက်ဖြင့် ချက်ချင်း သေဆုံးသွားသည်။
"သတ်"
ထျန်းချွေးက ဟိန်းဟောက်လိုက်သည်။ သူ့လက်ထဲတွင် တူကြီးတစ်လက် ပေါ်လာသည်။ သူက နဝမအဆင့် သိုင်းအုပ်ချုပ်သူတစ်ဦးကို ထုနှက်လိုက်ရာ အသားပြားကဲ့သို့ ပြာကပ်သွား၏။
"သူတော်စင်တစ်ပိုင်း... သူတို့က သူတော်စင်တစ်ပိုင်း ပညာရှင်တွေပဲ"
တစ်ယောက်ယောက်က အော်လိုက်သည်။
"သတ်"
"သတ်"
ထျန်းချွေးနှင့် ရွယ်နင်ရှင်းက ဟိန်းဟောက်လိုက်သည်။ သူတို့၏ သတ်ဖြတ်ချင်စိတ်က ပို၍ အားကောင်းလာပြီး ဝတ်စုံနက်ဝတ် ကျင့်ကြံသူများကို မုန်တိုင်းတိုက်ခတ်သလို တိုက်ခိုက်ကြတော့သည်။
အော်ဟစ်သံများကို ကြားရပြီး နောက်ထပ် လူအနည်းငယ် အသတ်ခံလိုက်ရသည်။
"သူတော်စင်တစ်ပိုင်းဆိုရင်တောင် ဘာဖြစ်လဲ။ သတ်ကြ"
နောက်ထပ် ဝတ်စုံနက်ဝတ် လူများ ရှေ့သို့ ထွက်လာသည်။ သူတို့ထံမှ အားကောင်းသော အရှိန်အဝါများ ပေါက်ကွဲထွက်လာ၏။
သူတော်စင်တစ်ပိုင်း... သူတို့အားလုံးက သူတော်စင်တစ်ပိုင်း ပညာရှင်များ ဖြစ်ကြသည်။
"ဝှစ်..."
အနောက်ဘက်မှ လူများက ပြင်းထန်သော အဆိပ်များကို ထုတ်လွှတ်ရင်း ရွယ်နင်ရှင်းကို ပြင်းပြင်းထန်ထန် တိုက်ခိုက်လိုက်တော့သည်။
အရှေ့ဘက်မှ ပညာရှင်များကတော့ သန့်စင်သော အလင်းများ ဖြာထွက်လာကြသည်။ သူတို့ကလည်း သတ်ဖြတ်ချင်စိတ်များဖြင့် အလွန်အေးစက်ကြ၏။
"ကောင်းကင်နတ်ဘုရားဂိုဏ်းနဲ့ ကောင်းကင်အဆိပ်ဂိုဏ်း... တကယ်ကို မင်းတို့ပဲ"
ထျန်းချွေးနှင့် ရွယ်နင်ရှင်းက အော်လိုက်သည်။
"ဝုန်း... ဝုန်း"
ပြင်းထန်သော ပေါက်ကွဲသံများကို ကြားလိုက်ရသည်။ ထျန်းချွေးနှင့် ရွယ်နင်ရှင်းက အလွန် အစွမ်းထက်ကြ၏။ သူတို့၏ တိုက်ခိုက်မှုတွေက ကြမ်းတမ်းပြီး သူတို့၏ရန်သူများတွေကို ပြန်ဆုတ်သွားစေခဲ့သည်။
သို့သော်၊ မကြာမီ လူများက ပိုများလာသည်။
ယခုတစ်ကြိမ်တွင် သူတို့၏ပတ်ဝန်းကျင်မှာ အနည်းဆုံး လူတစ်ရာကျော်ရှိပြီး၊ ယခုထိ မလှုပ်ရှားရသေးသူများလည်း ရှိနေသေးသည်။
နောက်ပိုင်းတွင် တိုက်ခိုက်လာသူများက ပို၍ အစွမ်းထက်ကြသည်။ လူတချို့ဆိုပါက နိယာမများပင် စီးဆင်းနေကြောင်း လုမင် မြင်တွေ့ရပေသည်။
သူတို့သည် ဒုတိယအဆင့် သူတော်စင်တစ်ပိုင်းများ ဖြစ်ကြသည်။
ယခုအချိန်တွင် ထျန်းချွေးနှင့် ရွယ်နင်ရှင်းတို့ကို ကျွမ်းကျင်သူ ခြောက်ဦး၊ ခုနစ်ဦးခန့်က ဝန်းရံထားသည်။ သူတို့အားလုံးက သူတော်စင်တစ်ပိုင်း ပညာရှင်များဖြစ်၏။ တချို့က သူတော်စင်တစ်ပိုင်း ဒုတိယအဆင့်သို့ ရောက်နေပြီ ဖြစ်သည်။ နောက်ဆုံးတွင် ထျန်းချွေးနှင့် ရွယ်နင်ရှင်းတို့က တိုက်ခိုက်မှုများကို ရပ်လိုက်ကြသည်။
"ကောင်းကင်နတ်ဘုရားဂိုဏ်းနဲ့ ကောင်းကင်အဆိပ်ဂိုဏ်း... မင်းတို့က ရောက်လာပြီးမှတော့ ဘာလို့ ပုန်းနေသေးတာလဲ။ ကိုယ်ထင်ပြလိုက်စမ်းပါ"
လုမင်က လေထဲတွင် ရပ်နေပြီး ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။ သူ့အသံက နေရာအနှံ့သို့ ပျံ့နှံ့သွား၏။
"ဟမ့်၊ ငါတို့ကိုယ်ကို ထုတ်ဖော်လိုက်ရင်တောင် ဘာဖြစ်လဲ"
လူတစ်ယောက်က အေးစက်စက် ပြောလိုက်သည်။ ထို့နောက် သူက အနက်ရောင်ဝတ်ရုံကို ဖယ်ရှားလိုက်ကြ၏။
အခြားသူများကလည်း သူတို့၏ အနက်ရောင်ဝတ်ရုံများကို ဖယ်ရှားလိုက်ကြသည်။
လုမင်က သူတို့ကို ဝေ့ကြည့်လိုက်သည်။ တော်တော်များများက အသက်ကြီး၏။ အများစုက လူလတ်ပိုင်းများဖြစ်ပြီး သူတို့ထဲမှ အနည်းငယ်သာ လူငယ်မျိုးဆက်မှ ဖြစ်သည်။
သူတို့၏ အဝတ်အစားများအရ သူတို့အားလုံးမှာ ကောင်းကင်အဆိပ်ဂိုဏ်းနှင့် ကောင်းကင်နတ်ဘုရားဂိုဏ်းမှဖြစ်ကြောင်း ထင်ရှားသည်။
"လုမင်၊ မင်းရဲ့ သိုလှောင်လက်စွပ်ကို လွှဲပေးမယ်ဆိုရင် မင်းကို နောက်ထပ် ရက်နည်းနည်းလောက် အသက်ရှင်ခွင့် ပေးလိုက်မယ်"
ကောင်းကင်နတ်ဘုရားဂိုဏ်းဘက်မှ သက်လတ်ပိုင်းအရွယ် လူတချို့က ရှေ့သို့တိုးလာကြသည်။ သူတို့ထံမှ အားကောင်းသော အရှိန်အဝါများလည်း ထွက်ပေါ်နေတော့သည်။